ရှောင်လွှဲ၍ မရပါ။
Vol. 54 Ch. 750
“ တောင်တုန် မိစ္ဆာ မျောက်ဝံ ... ။ ”
လွန်ခဲ့သည့် ရက် အနည်းငယ်က မင်ရေ မြို့တွင်၊ ဤနတ်ဆိုး သားရဲနှင့် လင်းယွန်က ရင်ဆိုင် ဖူးချေ သည်။
အချိန် အတော်ကြာ ထိန်းထား နိုင်ခဲ့ သော်လည်း၊ လူ အများအပြား သေဆုံးကုန် ရသည်။
ထိုသားရဲမှာ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင် သူများ ကြားမှ ကျော်ဖြတ်လာ နိုင်ခဲ့ သောကြောင့်၊ အံ့သြ မိ၏။
ဝူရှောင်ရှင်းနှင့် ကျန်လူ များမှာ၊ ကောင်းကင်ကို အံတု နိုင်သော ပါရမီရှင်များ ဖြစ်သော်လည်း၊ ၎င်းတို့၏ မျက်ကွယ် အရပ်အား ကောင်းစွာ ရှာဖွေ နိုင်ခဲ့ပုံ ရသည်။
ထို့ပြင် ရှေ့တန်း တိုက်ပွဲ မြေပြင်ရှိ၊ နတ်ဆိုး သားရဲ များထံ ကြည့်ပြီး၊ လင်းယွန် မျက်နှာပျက် သွားသည်။ သားရဲ အရေ အတွက်မှာ နည်းပါး လာသော်လည်း၊ ပို၍ သန်မာ လာကြ ပေ၏။
အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ များ ထပ်မံ ရောက်ရှိလာ ခြင်းသည်၊ လူသား ကျင့်ကြံ သူများနှင့် သားရဲ များကြား ဟန်ချက် ပျက်သွား စေ၏။
ဝူရှောင်ရှင်း ပင်လျှင်၊ ပေါ့ပေါ့ တန်တန် သဘော မထားနိုင် တော့ချေ။ ကိုင်တွယ်ရန် ခက်ခဲ လာပြီး၊ အနည်းဆုံး နှစ်ကောင်ခန့် လူတိုင်း ရင်ဆိုင် နေရသည်။
ထို့ကြောင့် တောင်တုန် မိစ္ဆာ မျောက်ဝံမှာ၊ အရှိန်အဝါ အချို့အား ဖျောက်လျက် ဝင်ရောက် လာနိုင်ခြင်း ဖြစ်၏။
“ ဂါး ... ။ ”
တောင်တုန် မိစ္ဆာ မျောက်ဝံက၊ အနက်ရောင် မီးတောက်များ နှင့်အတူ၊ ရင်ဘတ်အား ထုပြီး၊ ခေါင်းမော့ အော်ဟစ် လိုက်လေသည်။
ကြောက်စရာ ကောင်းသော အအေးဓာတ် ထွက်ပေါ် လာပြီး၊ လေထုထဲ ခေါင်းမော့ ရှူရှိုက် လိုက်ကာ၊ တိုက်ခိုက်မှုအား ရုတ်တရက် ရပ်တန့် လိုက်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
အားလုံးက ကြောက်လန့် တကြား ပြေးလွှား ကုန်ကြစဉ်၊ ဦးတည်ရာ တစ်ရပ်ထံ မျက်ဝန်းများ မှေးစင်းလျက် မျှော်ကြည့် လိုက်သည်။
“ ဘယ်လောက်တောင် စိတ်ဒုက္ခပေး လိုက်လဲ။ ”
တောင်တုန် မိစ္ဆာ မျောက်ဝံ ကြီးထံ၊ လှမ်းကြည့် နေသော လင်းယွန်၏ မျက်ဝန်းများ မှေးကျဉ်း သွား၏။
ယခင် တွေ့ဆုံမှုတွင်၊ ထိုသားရဲကို နောက်ပြန် ဆုတ်ရုံသာ စွမ်းဆောင် နိုင်ခဲ့သည်။ ယခု အချိန်၌ အောင်မြင်မှု အချို့ ရရှိထား သော်လည်း၊ ရင်မဆိုင်ချင် သေးချေ။
ဝှက်ဖဲ များကို ထုတ်ပြရန် စော နေပေ၏။ သို့သော် တောင်တုန် မိစ္ဆာ မျောက်ဝံက သူ့အား မြင်ပြီးနောက်၊ လွှားခနဲ ခုန်ဝင် လာတော့သည်။
ဤအခိုက် အတန့်တွင် အဆိုပါ မိစ္ဆာ မျောက်ဝံ၏၊ တိုက်ခိုက်ချင်း ခံရ ပါက၊ သူတို့ သေရ မည်ဟု၊ လူတိုင်း နားလည် လိုက်၏။
တောင်တုန် မိစ္ဆာ မျောက်ဝံက ကျောက်စာတိုင်ကို ထုတ်ဖော်ပြီး၊ အနားရှိ လူတိုင်းထံ လွှဲရိုက် သတ်တော့သည်။
လင်းယွန်က လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို၊ ကန့်သတ် ချက်သို့ တွန်းထုတ်ပြီး၊ ပုံရိပ်များ ချန်ထားခဲ့ လေသည်။
“ ဗုန်း ... ။ ”
ကျောက်စာတိုင်က မြေပြင်ပေါ်၊ ပြုတ်ကျ သွားပြီး၊ အနက်ရောင် လှိုင်းများ လေထဲ ပျံ့နှံ့ လာကာ၊ နတ်ဆိုး သားရဲ များစွာကို ‘အမှုန်’ အဖြစ်၊ ပြောင်းလဲ ပစ်လိုက်၏။
တစ်ချိန်တည်း မှာပင်၊ ဒါဇင်ပေါင်း များစွာသော လင်းယွန်၏ နောက်ဆက်တွဲ ပုံရိပ်များ၊ ဖျက်ဆီးခံ လိုက်ရသည်။
ထို့နောက် တုန်လှုပ်ဖွယ် လှိုင်းများ၊ ဝင်ရောက် လာသဖြင့်၊ ပန်းသင်္ချိုင်း ဓားကို မြှောက်ကာ၊ ဖြိုခွဲ ပစ်လိုက်၏။
“ ဒီကောင်က ပိုပြီး သန်မာလာ တာလား။ ”
ခွန်အားများ တိုးပွားလာ သော်လည်း၊ ပထမဆုံး အကြိမ် တွေ့ဆုံမှု ကဲ့သို့၊ နိမ့်ကျသော အခြေ အနေဖြင့်၊ ရင်ဆိုင် နေရဆဲ ဖြစ်ရာ၊ တုန်လှုပ် သွားတော့သည်။
“ မကောင်း တော့ဘူး၊ ဒီတောင်တုန် မိစ္ဆာ မျောက်ဝံက၊ ဓားသမား နောက်ကို လိုက်နေ တာပဲ။ ”
“ ဘယ်သူက သူ့ကို ခြိမ်းခြောက် နိုင်တယ် ဆိုတာ သိပုံ ထောက်ရင်၊ ဒီနတ်ဆိုး သားရဲက၊ ဉာဏ်ရည် ထက်တာ သေချာတယ်။ ”
အခြား သူများက လင်းယွန်နှင့် မျောက်ဝံ ကြားရှိ၊ ရန်ငြိုးကို မသိ ကြဘဲ၊ ပြောဆို ဝေဖန် နေကြ လေသည်။
တောင်တုန် မိစ္ဆာ မျောက်ဝံ၏၊ တိုက်ခိုက်မှုမှာ၊ မုန်တိုင်း တစ်စင်း ကဲ့သို့ လင်းယွန်ထံ တိုးဝင် လာ၏။
“ ဗုန်း ... ။ ”
ရိုက်ချက် များက မြေပြင်ပေါ်၊ ထိမှန် သော်လည်း၊ ထိခိုက်မှု အနည်းငယ်သာ ဖြစ်ပေါ် လာခဲ့သည်။
ဆိုလို သည်မှာ ၎င်း ခွန်အား အပေါ်၊ ကောင်းစွာ ထိန်းချုပ် လာနိုင် ပြီဟု အဓိပ္ပါယ် ရချေ၏။
ထိုတိုက်ခိုက်မှုများ အောက်တွင်၊ လင်းယွန် တစ်ယောက်၊ လျင်မြန်စွာ ရှောင်တိမ်း နေရပြီး၊ ကာကွယ် ရန်သာ ခေါင်းထဲ ရှိပေ၏။
တစ်ခါ တစ်ရံ ဓားရောင်ခြည် များဖြင့်၊ ပြန်လှန် ပစ်ခတ် မိသော်လည်း၊ မျောက်ဝံအား အပေါ်ယံ ဒဏ်ရာ များသာ ရရှိ စေသည်။
“ သူ့ရဲ့ ခံစစ် အလွှာက ပိုအားကောင်း လာတယ်။ ”
မျက်မှောင် ကြုတ်လျက်၊ တီးတိုး ဆိုလိုက်သည်။ တစ်ပိုင်း ဝိညာဉ်ရေး ဓားအား အသုံး မပြု ပါက၊ ခက်ခဲလာ မည်ကို သူသိ၏။
“ သမုဒ္ဒရာ အတွင်း သက်ဆင်းသော ဓား ... ။ ”
ထိုအချိန်တွင် တောင်တုန် မိစ္ဆာ မျောက်ဝံ ထံသို့၊ ပုံရိပ် တစ်ရိပ် ကောင်းကင်မှ ဆင်းသက် တိုက်ခိုက် လာသည်။
ဓား ရောင်ခြည်မှာ၊ ကြောက်မက်ဖွယ် ကောင်းသော ရေဝဲ အသွင်၊ နတ်ဆိုး သားရဲ အပေါ် ဖုံးအုပ် သွား၏။
ယင်းကြောင့် မိစ္ဆာ မျောက်ဝံက၊ ခြေလှမ်း အနည်းငယ် နောက်ဆုတ်ပြီး၊ အမွေး အမှင်များ သုံးကာ၊ တိုက်ခိုက်လာ ဓားအား ဖြိုခွဲ ပစ်လိုက်၏။
“ လင်းယွန် ... ၊ ဒီတောင်တုန် မိစ္ဆာ မျောက်ဝံနဲ့၊ ငါတို့ရဲ့ ပြိုင်ဆိုင်မှုကို ဆက်ရ အောင်၊ အရင်သတ် နိုင်တဲ့ လူက အနိုင်။ ”
အသစ် ဝင်ရောက်လာ သူမှာ ဂျီဝူယီ ဖြစ်ပြီး၊ ရလဒ်ကောင်း တစ်ခုဖြင့် အဆုံး သတ်ရန် ထပ်မံ ယှဉ်ပြိုင် လိုပေသည်။
မိစ္ဆာ မျောက်ဝံက ကျောက်စာတိုင်ကို ဆင့်ခေါ် လိုက်သဖြင့်၊ မြေပြင် တုန်လှုပ်လျက်၊ အနက်ရောင် အခိုး အငွေ့များ ရစ်သိုင်းလာ တော့၏။
ဖုံးလွှမ်း လာသော မိစ္ဆာ အရှိန် အဝါကို၊ ကာကွယ်ရန် အတွက် လင်းယွန်နှင့် ဂျီဝူယီက၊ မူလ စွမ်းအင်အား ချက်ချင်း ဖြန့်ကျက် လိုက်ရသည်။
လင်းယွန်၏ ဓားရည်ရွယ်ချက် ပင်လျှင်၊ အနည်းငယ် တုန်ယင် လာပေ၏။ မိစ္ဆာ အရှိန် အဝါကို ချေမှုန်းခြင်းမှာ၊ လွယ်ကူသည် မဟုတ်ချေ။
“ မကောင်း တော့ဘူး။ ”
အနက်ရောင် အခိုး အငွေ့များ မည်မျှ ကြောက်စရာ ကောင်းသည်ကို လင်းယွန် သိသည်။
အချိန်ကြာလာ သည်နှင့် အမျှ၊ မူလ စွမ်းအင် ဖြန့်ကျက်မှု အပေါ် နှေးကွေး စေပြီး၊ လှုပ်ရှားမှု များကို ကန့်သတ် လာမည် ဖြစ်၏။
ထို့ပြင် ကျောက်စာတိုင်ဖြင့် ရိုက်မိ ပါက၊ မည်မျှ သန်မာ နေကာမူ၊ ချက်ချင်း သေဆုံးမည် ဖြစ်သည်။
ဤသည်မှာ အုပ်စိုးရှင် အဆင့်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နတ်ဆိုး သားရဲ ဖြစ်ပေ၏။
ရုတ်တရက် လင်းယွန် ခန္ဓာ ကိုယ်မှ နဂါးဟောက် သံများ ထွက်ပေါ် လာပြီး၊ ရူရ် များ တဖျပ်ဖျပ် လင်းလက် လာသည်။
မျက်စိ တစ်မှိတ် အတွင်း၊ လျှပ်စီး စပါးအုံး မြွေ (၁၆) ကောင်က၊ သူ့ခန္ဓာ ကိုယ်ပေါ် ရစ်ပတ် လာတော့၏။
ထို့ကြောင့် အနက်ရောင် အခိုး အငွေ့များ ဆုတ်ခွာ ကုန်ကာ၊ လင်းယွန်အား ထင်ရှား ပြတ်ထင် လာပေသည်။
တစ်ဖက်တွင် ဂျီဝူယီက၊ ဓားအလင်း များဖြင့်၊ အနက်ရောင် အခိုးအငွေ့ များကို ဖြိုခွဲ လိုက်သော်လည်း၊ ရလဒ်မှာ မကောင်း ခဲ့ပေ။
တောင်တုန် မိစ္ဆာ မျောက်ဝံ လက်ထဲရှိ၊ ကျောက်စာတိုင် ထိပ်ဖျား၌၊ ရစ်ခွေ နေသော နဂါး တစ်ကောင် ထွက်ပေါ် လာသည်။
ဓားရောင်ခြည်နှင့် မိစ္ဆာ ရောင်ဝါများ၊ တစ်ချိန်တည်း ကွဲအက်သွား သဖြင့်၊ ဂျီဝူယီ မျက်နှာမှာ ပျက်ယွင်း သွားသည်။
မအောင် မြင်သော တိုက်ခိုက်မှု အပြီးတွင်၊ အနက်ရောင် အခိုးအငွေ့များ ရန်မှ လွတ်အောင် အလျင် အမြန် ရှောင်တိမ်း လိုက်ရသည်။
သို့သော် သူတို့ နှစ်ဦးမှာ၊ တောင်တုန် မိစ္ဆာ မျောက်ဝံအား ချန်ရစ်ပြီး၊ ထွက်ပြေးရန် ရည်ရွယ်ချက် မရှိ ခဲ့ချေ။
“ ဘယ်လိုတောင် သတ္တိရှိ လိုက်လဲ၊ သူတို့ နှစ်ယောက်က တောင်တုန် မိစ္ဆာ မျောက်ဝံကို ရင်ဆိုင်ဖို့ စဉ်စား နေကြတယ်။ ”
“ ဝူရှောင်ရှင်းလို ပါရမီရှင် တစ်ယောက် မလာ မချင်း လွယ်မှာ မဟုတ်ဘူး၊ မျောက်ဝံက ကြောက်စရာ ကောင်းလွန်းတယ်။ ”
“ မှန်တယ်၊ ဒါတောင်မှ ဝူရှောင်ရှင်းက သတ်နိုင်မယ် မထင်ဘူး။ ”
ထိုသို့ ဝေဖန် နေကြစဉ်၊ ကောင်းကင်မှ ကြက်သွေးရောင် လက်သီး တစ်လုံး ကျဆင်း လာပြီး၊ တောင်တုန် မိစ္ဆာ မျောက်ဝံကို ထိမှန် သွား၏။
“ ဘန်း ... ။ ”
လက်သီး နောက်ကွယ်ရှိ စွမ်းအားမှာ၊ အနက်ရောင် အခိုးအငွေ့ များ၏ စုပ်ယူခြင်း ခံရပြီး၊ မျောက်ဝံအား အနည်းငယ်သာ နောက်တွန်းပို့ နိုင်လိုက်၏။
သို့သော် အချို့သော အမွေး အမှင်များ မီးစွဲလောင် နေသဖြင့်၊ လူ အချို့မှာ စိတ်လှုပ်ရှား လာတော့သည်။
“ အစွမ်းထက် လိုက်တဲ့ ... ၊ မီး ရည်ရွယ်ချက် ... ။ ”
ဤသည်မှာ အစွမ်း ထက်သော သိုင်း ရည်ရွယ်ချက် ဖြစ်ပြီး၊ လူအချို့ကို တုန်လှုပ်သွား စေ၏။ သို့မဟုတ် ပါက သည်မျောက်ဝံကို ဒဏ်ရာရန်၊ လွယ်မည် မဟုတ်ချေ။
“ ဒါက ယန်နန်းတော်ရဲ့ ... ချင်းယန်ပဲ။ ”
“ ဟုတ်တယ် သူ့ ခွန်အား နဲ့သာ ဒီမျောက်ဝံကို ရင်ဆိုင်နိုင် လိမ့်မယ်၊ မဟုတ်ရင် အားလုံး အသတ်ခံ ရမှာ သေချာတယ်။ ”
ချင်းယန်ကို မြင်မှသာ လူတိုင်း စိတ်သက် သာရာ ရသွား၏။
“ ဂျီဝူယီ ... ၊ မင်းအစ်ကိုက ငါနဲ့၊ မေးခိုင်း လိုက်တယ်၊ မင်း သေချင် နေလား တဲ့။ ”
မီးလျှံများ လွှမ်းခြုံ နေသော ချင်းယန်၏ အသွင်မှာ၊ အကန့် အသတ် မရှိသော သမုဒ္ဒရာ တစ်စင်း ကဲ့သို့၊ တည်ငြိမ် နေပေသည်။
ဆိုလို သည်မှာ ကျင့်ကြံမှု နည်းစနစ်ကို မြင့်မားစွာ ဆုပ်ကိုင်ထား နိုင်ပြီဟု အဓိပ္ပါယ် ရပေ၏။
တောင်တုန် မိစ္ဆာ မျောက်ဝံကို ကြည့်နေသော၊ ချင်းယန်၏ မျက်လုံး များတွင် မီးလျှံများ တောက်လောင် လာသည်။
တောင်တုန် မိစ္ဆာ မျောက်ဝံမှာ၊ အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲများ ကြားတွင်ပင်၊ ဘုရင် တစ်ပါး ဖြစ်ပေ၏။
ထို့ကြောင့် ၎င်းကို သတ်နိုင် ပါက၊ ရိတ်သိမ်း နိုင်မည့် အကျိုး အမြတ်မှာ၊ စိတ်ကူး မယဉ်နိုင် သဖြင့်၊ ဂျီဝူယီအား ကယ်တင် ပေးရန်၊ ကမ်းလှမ်း ခဲ့ခြင်း ဖြစ်သည်။
ဤနေရာ၌ သူနှင့် ယှဉ်နိုင်သော ပြိုင်ဘက် မရှိချေ။ ဂျီဝူယီက တုံ့ဆိုင်း စွာဖြင့် နှုတ်ခမ်းမှ သွေး များကို သုတ်လိုက်၏။
ချင်းယန် အမှန် အတိုင်း ပြောနေမှန်း သူ သိသည်။ ကြောက်စရာ ကောင်းသော အရှိန် အဝါကြောင့်၊ မျောက်ဝံ အာရုံမှာ၊ လင်းယွင်မှ ချင်းယန်သို့ ပြောင်းသွား၏။
ထို့နောက် မီးတောက်များ လှုပ်ရှား လာပြီး တိုက်ပွဲ စတင် တော့သည်။ အစွမ်း ထက်သော ရွေ့လျားမှု နည်းစနစ်နှင့် အတူ၊ လက်ဝါး ရိုက်ချက်များ ထုတ်ဖော် လာ၏။
“ မြင့်မြတ်သော ယန် လက်ဝါး။ ”
အဆုံးမဲ့ မီးလျှံ များက၊ နေမင်းကြီး တစ်စင်း ကဲ့သို့၊ ပူလောင် ပြင်းပျ စွာဖြင့်၊ လက်ဖဝါးထက် လာရောက် စုစည်း လေသည်။
လေထုထဲ ဖြတ်သန်း နေစဉ်၊ မီး ရည်ရွယ်ချက်ဖြင့်၊ ထပ်မံ အားဖြည့် လိုက်သည်။ ယင်းကြောင့် မိစ္ဆာ မျောက်ဝံအား ထိမှန် ချိန်၌၊ မီးလောင် ဒဏ်ရာများ ဖြစ်ပေါ် လာစေ၏။
“ ဂါး ... ။ ”
ထို့နောက်တွင် လူတိုင်း နားစည်မှ သွေးများစီး ကျလာသည် အထိ၊ အော်ဟစ် သံကြီး ထွက်ပေါ်လာ တော့၏။
“ ဘယ်လိုတောင် ကြောက်စရာ ကောင်း လိုက်တဲ့ မီး ရည်ရွယ်ချက်လဲ။ ”
ချင်းယန်က ဤအခွင့် အရေးကို လက်လွှတ် မခံဘဲ၊ မီးကျည် တစ်စ ကဲ့သို့ ကောင်းကင်ပေါ် ပျံတက် သွားသည်။
“ မြင့်မြတ်သော ယန် နည်းစနစ်လား။ ”
လင်းယွန်က မျက်ခုံး ပင့်လျက်၊ တစ်ဖက် လူ၏ နည်းစနစ် အပေါ်၊ အသိ အမှတ်ပြု လိုက် မိသည်။
ယန် နန်းတော်နှင့် ပတ်သတ်ပြီး၊ သူ့၌ ကောင်းမွန်သော အမြင် မရှိ သဖြင့်၊ တိုက်ပွဲတွင် ဝင်ရောက် မစွက်ဖက်ရန်၊ ဆုံးဖြတ် လိုက်၏။
ထိုအချိန် မှာပင်၊ တောင်တုန် မိစ္ဆာ မျောက်ဝံ၏ ကျောပေါ်ရှိ အသားများ ပွင့်ထွက် လာပြီး၊ အတောင်ပံ တစ်စုံ ပေါ်ထွက် လာသည်။
“ ဝှီး ... ဝုန်း ဝုန်း ။ ”
သည့်နောက် တောင်ပံများ ခတ်ပြီး၊ ပတ်ဝန်းကျင်ရှိ မီးတောက် များကို ငြိမ်းသတ် လိုက်သည်။
တောင်ပံ များက မိစ္ဆာ မျောက်ဝံ၏ ခန္ဓာ ကိုယ်အား၊ မသယ်ဆောင် နိုင်သော်လည်း၊ မီးလျှံ လက်ဝါး ကိုမူ ကောင်းစွာ တုန့်ပြန်နိုင် ခဲ့သည်။
ယင်းကို မမျှော်လင့် ထားသော ချင်းယန် တစ်ယောက် လေထဲ လွင့်စဉ် သွားပြီး၊ သွေးအန် လိုက်ရ၏။
မြေပြင်ပေါ် ဆင်းသက် လိုက်ချိန်၌၊ ပတ်ဝန်းကျင်ရှိ နတ်ဆိုး သားရဲများ အားလုံး သေဆုံး သွားသည်ကို၊ တွေ့မြင် လိုက်ရသည်။
သည့်နောက် မိစ္ဆာ မျောက်ဝံက၊ မှင်တက် နေသော လင်းယွန်ထံ အေးစက်စွာ လှည့်ကြည့် လာ၏။ ထိုအကြည့် မှတဆင့်၊ ‘ငါနဲ့ တိုက်ပါ’ ဟု ပြောနေ သယောင် ပေပင်။
၎င်း အသွင်နှင့် ထပ်တိုး လာသော အတောင်ပံ များကြောင့်၊ ယခင် ကထက် ပို၍ ကြောက်စရာ ကောင်းနေ လေသည်။
***