← Chapters

မြေကမ္ဘာ ပျက်စီးခြင်း။

Vol. 54 Ch. 751

မြေကမ္ဘာ ပျက်စီးခြင်း။

Vol. 54 Ch. 751

မီး ရည်ရွယ်ချက်ကြောင့်၊ ဒဏ်ရာ ရရှိ ထားသော တောင်တုန် မိစ္ဆာ မျောက်ဝံမှ၊ ကစား ပွဲကို လှည့်နိုင်လိမ့် မည်ဟု၊ မထင်ထား မိချေ။

အနက်ရောင် တောင်ပံ တစ်စုံအား၊ တဖျပ်ဖျပ် ခတ်လျက်၊ ရင်ဘတ်ရှိ သွေးများ စီးကျ နေသော မီးလောင် ဒဏ်ရာထံ၊ ကုစားရန် ပြင်လိုက်သည်။

“ မကောင်း တော့ဘူး၊ တောင်တုန် မိစ္ဆာ မျောက်ဝံရဲ့ မျိုးဆက်သွေးက၊ ပြောင်းလဲ လာပြီ၊ မြန်မြန် သတ်ပစ်မှ ရမယ်၊ မဟုတ်ရင် ကောင်းကင် ဝိညာဉ် နယ်ပယ်ကို ရောက်သွား လိမ့်မယ် … ။ ”

တစ်စုံ တစ်ယောက်က၊ တောင်တုန် မိစ္ဆာ မျောက်ဝံ၏ ပြောင်းလဲမှု အပေါ်၊ သတိထား မိ သဖြင့်၊ ထိတ်လန့် သွားသည်။

ဒဏ်ရာ များမှ ပြန်လည် ကောင်းမွန်လာ သည်နှင့် တပြိုင်နက်၊ အောင်မြင်မှု တစ်ခု ရရှိ သွားမည် ဖြစ်သည်။

၎င်းအား မရပ်တန့် နိုင်ပါက၊ အုပ်စိုးရှင် အဆင့် ကောင်းကင် ဝိညာဉ် နယ်ပယ် နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်လာတော့ ပေမည်။

တစ်ချိန်တည်း မှာပင် တောင်တုန် မိစ္ဆာ မျောက်ဝံက၊ လင်းယွန်ထံ ကြည့်ပြီး အသက် ပြင်းပြင်း ရှူ လိုက်၏။

ရင်ဘတ်တွင် အနက်ရောင် အခိုး အငွေ့ များကို ပြန်လည် စုဆောင်းကာ၊ တိုက်ခိုက်ရန် အတွက် ပြင်ဆင် လာသည်။

အထွတ် အထိပ်သို့ ရောက်ချိန်၌၊ ကြောက်မက်ဖွယ် ကောင်းသော အသံ လှိုင်းကို ထုတ်လွှတ် လိုက်၏။

ချက်ချင်းပင် အသံလှိုင်း များက တဝုန်းဝုန်းဖြင့်၊ လင်းယွန်ထံ ရိုက်ခတ် လာ၏။

ပြင်းစွာသော လှိုင်းတို များကြောင့်၊ မြေပြင် တုန်ခါ လာပြီး၊ နေရာ အနှံ့ နတ်ဆိုး သားရဲများ ပေါက်ကွဲ ထွက်ကုန်သည်။

ကံကောင်းသော လူသား ကျင့်ကြံသူ အချို့သာ့၊ ပျံသန်း လွတ်မြောက် သွားခဲ့ ကြ သည်။ လင်းယွန် သည်လည်း စောလျင်စွာ ရှောင်တိမ်း နိုင်ခဲ့၏။

မရေ မတွက် နိုင်သော ရွှေရောင် နောက်ဆက်တွဲ ပုံရိပ်များ နှင့်အတူ၊ သူ၏ အရှိန်မှာ ပို၍ မြန်ဆန် လာသည်။

သို့သော် အသံ လှိုင်းက နောက်ဆက်တွဲ ပုံရိပ် တိုင်းကို ဖျက်ဆီး ပစ် သဖြင့်၊ နှလုံးသား တစ်ခုလုံး တဆတ်ဆတ် ခုန်လာ စေ၏။

သက်ရောက်မှုမှာ အရိုးများ အက်ကွဲ သွားစေ လောက်အောင် ပြင်းထန် လှချေပြီ။

လင်းယွန်၏ နှုတ်ခမ်း များမှ၊ သွေးများ စီးကျ လာသည်။ ဆယ်မိုင် အတွင်း၊ အသက်ရှင် နေသူ (၁၀)ဦး ခန့်သာ ရှိပေ တော့၏။

ဒုတိယတန်း စစ်မြေပြင်တွင်၊ ကျင့်ကြံသူ တစ်ထောင်ခန့် ရှိခဲ့ သဖြင့်၊ ဤရလဒ်မှာ လက် မခံ နိုင်စရာ ပေပင်။

ကျန်ရစ် ခဲ့သော သူများမှာ၊ အလွန် သန်မာသည့် ပါရမီ ရှင်များ၊ အကြီး အကဲ များနှင့်၊ လမ်းလွဲ ကျင့်ကြံသူများ ဖြစ်သည်။

သို့သော် လင်းယွန်မှာ မတ်တတ်ရပ် နေနိုင်ဆဲ ဖြစ်၏။

“ ဒီမိစ္ဆာ မျောက်ဝံက၊ အုပ်စိုးရှင် အဆင့် မှာတောင်၊ ဘုရင် အဆင့် သားရဲ ပါလား။ ”

ချင်းယန်က မကျေနပ်သော မျက်ဝန်း များဖြင့်၊ သွေး တစ်လုတ် ထွေးထုတ်လျက် ညည်းတွား လိုက်သည်။

မျက်နှာ တပြင်လုံး ဖြူဖျော့ နေပြီး၊ မည်မျှပင် ကြိုးစား စေကာမူ၊ မတ်တပ် မရပ်နိုင် တော့ချေ။

လောင်ဟွာ၊ ဂျီဝူယီနှင့် ကျန်သူ များမှာ၊ အရိုးတစ်ဝက်ခန့် ကျိုးသွား ကုန်၏။ ထို့ကြောင့် လှုပ်ရှား နိုင်ခြင်း မရှိ တော့ဘဲ၊ ကူကယ်ရာ မဲ့စွာဖြင့်၊ လှမ်းကြည့် လာကြသည်။

“ ချင်းယန်တောင် မခံနိုင် မှတော့ ... ၊ ငါတို့ သေပြီ ။ ”

“ တောင်တုန် မိစ္ဆာ မျောက်ဝံက အစွမ်းထက် လွန်းတယ်၊ ဒီလို ဒဏ်ရာတွေ ရနေတာ တောင်မှ သူ့မှာ၊ ကြောက်စရာ ကောင်းတဲ့ တိုက်ပွဲဝင် ဆန္ဒတွေ ရှိတယ်။ ”

“ နေဦး၊ ဟိုမှာ လူ တစ်ယောက် ရပ်နေ သေးတယ် မဟုတ်လား။ ”

“ အဲဒီ ဓားသမား ... ။ ”

တိုက်ပွဲ မြေပြင်မှ စောလျင်စွာ ဆုတ်ခွာ လာခဲ့သည့် လူအုပ်ကြီးမှာ၊ မြို့ရိုးပေါ် ခုန်တက် လိုက်ပြီး၊ မတ်တပ် ရပ်နေသည့် ဓားသမားကို သတိ ထားမိ သွားသည်။

ချင်းယန်ပင် မတ်တပ် မရပ် နိုင်သော အခါတွင်၊ အခြားလူ တစ်ယောက် မတ်တပ် ရပ်နိုင် ဦးမည်ဟု မည်သူမျှ မထင် မိချေ။

ဤဓားသမားမှာ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်မှ၊ သားရဲ ဆယ်ကောင်ကို သတ်ခဲ့သူ ဖြစ်ကြောင်း၊ ချက်ချင်း မှတ်မိ လာသည်။

“ ငါ တစ်ယောက် ထဲပဲ ... ၊ ကျန်တော့ တာလား။ ”

တောင်တုန် မိစ္ဆာ မျောက်ဝံကို ကြည့်ပြီး၊ လင်းယွန်က ရေရွတ် လိုက်သည်။ ဤသည်မှာ ရှောင်လွှဲ မရသော ကံကြမ္မာ ဖြစ်ပုံ ရ၏။

အသံ လှိုင်းဖြင့် တိုက်ခိုက် ပြီးနောက်၊ တောင်တုန် မိစ္ဆာ မျောက်ဝံက အသက်ရှူ မဝ သကဲ့သို့၊ မောဟိုက် သွားသော်လည်း၊ ပတ်ဝန်း ကျင်ထံ အေးစက်စွာ ဝေ့ကြည့် လာသည်။

ထို့နောက် မတ်တပ် ရပ်နေသော လင်းယွန်အား မြင်သည်နှင့်၊ သတ်ဖြတ် လိုသော ဆန္ဒကို ထုတ်လွှတ် လာတော့သည်။

“ သခင့်ဓား— မိုးကြိုး ။ ”

ကောင်းကင် ယံ၌ မိုးကြိုး ဆယ့်ရှစ်စင်း လင်းလက် လာချိန်တွင်၊ လင်းယွန်က ဓားကို လွှဲလိုက်၏။

ဓား စွမ်းအားမှာ မပေါက် ကွဲဘဲ၊ လေထုဖြင့် ပေါင်းစပ် သွားသည်။ ယင်းကြောင့် တောင်တုန် မိစ္ဆာ မျောက်ဝံက၊ စိမ့်မြေ အတွင်း ကျဆင်းသွား သကဲ့သို့ နှေးကွေး လာသည်။

ထို့နောက် လက်ဖဝါးဖြင့်၊ မရိုက် နိုင်ခင် လင်းယွန်မှ ညင်သာစွာ ခုန်လွှား ရှောင်တိမ်း လိုက်သည်။

“ ဖောက် ... ။ ”

လေထဲ ပျံထွက် နေစဉ်၊ လက်ချောင်းများ တောက်ထုတ်လျက်၊ မိစ္ဆာ မျောက်ဝံ လိုက်မလာ စေရန်၊ ဟန့်တား ပစ်လိုက်သည်။

“ သခင်ဓား— အလင်းခွဲ ဖြတ်ခြင်း။ ”

တောင်တုန် မိစ္ဆာ မျောက်ဝံမှာ၊ သူ့အား နောက်တစ်ကြိမ် ကြိမ်းမောင်းလျက်၊ ပြေးဝင် လာသဖြင့်၊ ဓားကို ပင့်တင် ပစ်သည်။

ဓားရေးနှင့် အရှိန်အဝါ ပေါင်းစပ်ထား သောကြောင့်၊ ဓား ရောင်ခြည် များက အဘက် ဘက်မှ၊ သက်ဆင်း လာခဲ့သည်။

ဤအရာက မိစ္ဆာ မျောက်ဝံကို ပို၍ပင် ဒေါသထွက် လာစေ၏။ ထို့ကြောင့် ဟောက်သံ နှင့်အတူ၊ နောက်ထပ် အသံလှိုင်း တစ်ခုကို ထုတ်လွှတ် လာသည်။

“ ဂါး ... ။ ”

အသံလှိုင်း စွမ်းအားမှာ ယခင်ထက် အနည်းငယ် အားနည်း သော်လည်း၊ ၎င်းသည် သေစေ နိုင်ဆဲ ဖြစ်၏။

အရေပြား ပေါ်တွင် သွေးများ ထွက်လာပြီး၊ လင်းယွန် ဓားအရှိန် အဝါမှာ ပြိုကျလု နီးပါး တုန်ခါ သွားသည်။

ထို့ကြောင့် သူ့ ရင်ဘတ် ပေါ်ရှိ၊ နဂါး အမှတ် အသား ပွင့်လာပြီး၊ နှလုံးခုန် နှုန်းများ မြင့်တက် သွား၏။

“ သခင့်ဓား — မဟာ ပေါက်ပွဲမှု။ ”

အံကို တင်းတင်း ကြိတ်လျက်၊ ဓား အရှိန်အဝါ ပြိုလဲ မသွားအောင်၊ နောက်ထပ် ဓားချက်ကို ထုတ်ဖော် လိုက်ရသည်။

တောင်တုန် မိစ္ဆာ မျောက်ဝံနှင့် သူ၏ တိုက်ပွဲသည်၊ ကောင်းကင်ကို တုန်ခါ စေလျက်၊ ကြောက်မက်ဖွယ် လှိုင်းများ ဖြစ်ပေါ် လာ၏။

တစ်ချိန်တည်း မှာပင် လင်းယွန်၏ ထူးဆန်းသော ဓားရေး အောက်၌၊ မိစ္ဆာ မျောက်ဝံက၊ အားနည်း လာ၏။ အတိ အကျ ဆိုရ ပါမူ၊ ပို၍ နှေးကွေး လာခြင်း ဖြစ်သည်။

ထို့နောက် ထက်သန်သော အမြင် အာရုံက၊ တောင်တုန် မိစ္ဆာ မျောက်ဝံ၏ အားနည်းချက် အပေါ်၊ လှမ်းမြင် လိုက်သည်။

“ သခင့်ဓား—အရုဏ်ဦး ။ ”

မဆိုင်း မတွဘဲ၊ ထိုအားနည်းချက်ထံ၊ သခင့်ဓားမှ သိပ်သည်း ထားသော ဓားစွမ်းအင် များကို၊ ပေးပို့ ပစ်လိုက်၏။

ဓားသွားရာ လမ်းတလျှောက်၊ အရှိန် အဝါများ တောက်ပ လာပြီး၊ မီးတောက်များ ကောင်းကင်ပေါ် ပျံတက် သွားသည်။

တောင်တုန် မိစ္ဆာ မျောက်ဝံမှာ ၎င်းကို မြင်သဖြင့်၊ လှုပ်ရှားရန် ကြံရွယ်စဉ်၊ ပန်းသင်္ချိုင်း ဓားနှင့်၊ အထိုးခံ လိုက်ရပြီ ဖြစ်သည်။

ဓားက ခန္ဓာကိုယ် အတွင်း ဝင်ရောက် သွားသည်နှင့်၊ ရွှေရောင် မီးလျှံများ နေရာ အနှံ့ အပြား၌၊ တောက်လောင် လာသည်။

ဤဖြစ်စဉ်သည် ချင်းယန်၏ မီး ရည်ရွယ်ချက် ထက်ပင်၊ ပြင်းထန် လှပေ၏။ ထို့နောက် အကန့် အသတ် မရှိသော ဓား ရည်ရွယ်ချက်က၊ မိစ္ဆာ မျောက်ဝံ ခန္ဓာကိုယ် ထဲသို့၊ စီးဝင်လာ တော့သည်။

ပေါက်ကွဲ သံနှင့် အတူ၊ တောင်တုန် မိစ္ဆာ မျောက်ဝံ ကောင်မှာ၊ မီတာ များစွာ လွင့်စင် သွားရ၏။

လင်းယွန်က ချင်းယန် ကဲ့သို့၊ တွေဝေခြင်း မရှိဘဲ၊ ထပ်မံ တိုက်ခိုက်ရန် ရှေ့သို့ လျင်မြန်စွာ ပြေးတက် သွားသည်။

“ ဝှစ် ... ။ ”

တုန်ခါ နေသော လှိုင်းများ ငြိမ်သက် သွားသော အခါ၊ တောင်တုန် မိစ္ဆာ မျောက်ဝံကို အပိုင်းပိုင်း ခုတ်ထစ် ထားမှန်း မြင်လိုက် ရ၏။

“ ဒီတိုက်ခိုက်မှုက ပိုပိုပြီး၊ ချောမွေ့ လာတယ်၊ ဒါကို ‘မြေကမ္ဘာ ပျက်စီးခြင်း’ လို့ ခေါ်ရမယ်။ ”

လင်းယွန်က ပင်ပန်း နွမ်းနယ် စွာဖြင့် မြေပြင်ပေါ် ပြန်လည် ဆင်းသက် ခဲ့သော်လည်း၊ တိုက်ပွဲဝင် ဆန္ဒ များမှာ ကျဆင်း သွားခြင်း မရှိပေ။

ဆည်းဆာ အလင်းဓား ထံမှ၊ အသစ် သစ်သော အမြင် များကို တူးဖော်ရန်၊ အလား အလာ ပိုရှိ လာပြီ ဖြစ်သည်။

“ သေ သွား ပြီ လား။ ”

ချင်းယန်ပင် အစွမ်းဆောင် နိုင်သော၊ နတ်ဆိုး သားရဲကို သတ်နိုင် ခဲ့သည့် အတွက်၊ မြို့ရိုး ပေါ်ရှိ လူတိုင်း အံ့ဩ သွားသည်။

“ ဒါက ဒီဓားချက် ပဲလား … ။ ”

မုရုံချင်း၏ မျက်ဝန်း များတွင်၊ ထိတ်လန့်မှု များနှင့် ပြည့်နှက် သွားသည်။ တောင်တုန် မိစ္ဆာ မျောက်ဝံကို သတ်ခဲ့သော ဓားမှာ၊ သူ့အား ပေးခဲ့ သည်ထက်၊ နှစ်ဆ ပိုပြင်းထန် ချေ၏။

( သူ ... ငါ့ကို အသက် ရှင်ခွင့် ပေးခဲ့ တာလား။ )

“ မင်း ...၊ သူ့ကို မနှောင့် ယှက်တာ ပိုကောင်းမယ်၊ သွေးစွန်းသော ဧည့်ခံပွဲမှာ၊ သူက သေချာပေါက် တောက်ပ လာမယ့်၊ ဘီလူး တစ်ကောင် ပဲ ... ။ ”

လောင်ဟွာက လေးနက်သော အမူ အရာဖြင့် ပြောကြား လိုက်သည်။

လင်းယွန်အား စိန်ခေါ်သော သူ့ လုပ်ရပ်မှာ၊ ဟာသ တစ်ပုဒ် မျှသာ ဖြစ်ကြောင်း၊ ခံစားလာ မိ သဖြင့်၊ ဂျီဝူယီ တစ်ယောက် အဆင်မပြေ နိုင် တော့ချေ။

“ ငါ ... ၊ နည်းနည်းတော့ တိုးတက် လာ ပုံပဲ။ ”

လင်းယွန်က တီးတိုး ရေရွတ် လိုက်သည်။ တောင်တုန် မိစ္ဆာ မျောက်ဝံကို ဦးစွာ တိုက်ခိုက် ခဲ့သည့် အချိန်နှင့် နှိုင်းယှဉ် ပါက၊ နှစ်ဆခန့် ပို၍ သန်မာ လာခဲ့သည်။

တစ်ပိုင်း ဝိညာဉ်ရေး ဓားကို ထုတ်သုံး ရန်ပင် မလိုအပ် ခဲ့ချေ။ သားရဲ ဒီရေမှာ သူ့အတွက် မယုံ နိုင်ဖွယ် အခွင့် အရေး တစ်ရပ် ဖြစ်ကြောင်း၊ ဝန်ခံရ ပေမည်။

ပုံမှန် အချိန် များ၌ ဓား နည်းစနစ်များ အပေါ်၊ ထိုမျှ အထိ တိုးတက် ကောင်းမွန်လာ စေရန် နည်းလမ်း မရှိပေ။

ဖြည်းညှင်းစွာ လျှောက်လှမ်း သွားပြီး၊ တောင်တုန် မိစ္ဆာ မျောက်ဝံ ထံမှ သားရဲ အမြုတေကို ထုတ်ယူ လိုက်၏။

သားရဲ အမြုတေ တစ်ခုလုံး၊ အနက်ရောင် လျှပ်စီး များဖြင့် ဖုံးလွှမ်း နေကာ၊ ပြင်းထန်သော ရောင်ဝါကို ထုတ်လွှတ် လာသည်။

ဆုပ်ကိုင် လိုက် ချိန်၌၊ လေးလံကြောင်း သတိထား မိလာသည်။ တစ်ချိန်တည်း မှာပင်၊ သားရဲ ဒီရေ သည်လည်း၊ ပြန်လည် ဆုတ်ခွာ သွားခဲ့၏။

တောင်တုန် မိစ္ဆာ မျောက်ဝံ သေဆုံးခြင်း ကြောင့်လား မသိ သော်လည်း၊ ယင်းမှာ ဝမ်းသာ စရာ အခြေအနေ ပေပင်။

ခါးသီးသော တိုက်ပွဲ များကို၊ ဆက်တိုက် ဆင်နွှဲထား ရသဖြင့်၊ ကျန်ခဲ့သူတိုင်း ပွဲပန်း နေပြီ ဖြစ်သည်။

သွေးအေး လာသည်နှင့် အမျှ၊ ပင်ပန်း နွမ်းနယ် မှုများ လွှမ်းမိုး လာသည်။ သို့သော် အသက်ရှင် ကျန်ရစ်သူ တိုင်းမှာ၊ ပို၍ သန်မာ လာမည်ကို၊ သံသယ ဖြစ်စရာ မလိုချေ။

***

All Chapters