← Chapters

ခွန်အား စမ်းသပ်ခြင်း။

Vol. 54 Ch. 752

ခွန်အား စမ်းသပ်ခြင်း။

Vol. 54 Ch. 752

တောင်တုန် မိစ္ဆာ မျောက်ဝံ အသတ်ခံရ ပြီးနောက် သားရဲ ဒီရေမှာ ပြန်လည် ဆုတ်ခွာ သွား လေသည်။

အားနည်းသော ရူးကြောင်ကြောင် နတ်ဆိုးသားရဲ အချို့သာ၊ တစ်ခါ တစ်ရံ ကျွံဝင် တိုက်ခိုက်လာ တက်ပေ၏။

မုန်တိုင်း မတိုက်ခင် ငြိမ်သက်ခြင်း မျိုးကဲ့သို့၊ လူတိုင်း လေးနက် လာသည်။ အဆုံးတွင် ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ များ၊ ထွက်ပေါ် လာခြင်း မရှိ သေးချေ။

ထို့ကြောင့် သားရဲ ဒီရေမှာ၊ အချိန်တို အတွင်း လာဦးမည် မဟုတ်ဘဲ၊ ရက် အနည်းငယ် ကြာ နိုင်သည်။

သည်ရက်ပိုင်း အတွင်း၊ လူတိုင်းက ဝူရှောင်ရှင်းနှင့် လင်းယွန် ကိုသာ၊ စိတ်ဝင်စား နေကြ၏။

အထူး သဖြင့် ကောင်းကင် ဝိညာဉ် နတ်ဆိုး သားရဲ တစ်ကောင်ကို၊ ပြင်းထန်စွာ ဒဏ်ရာရစေ ခဲ့သော ဝူရှောင်ရှင်း၏ ခွန်အား ဖြစ်သည်။

ထိုတိုက်ခိုက်မှုက အနက်ရောင် တိမ်တိုက် များကိုပင် ဖြိုခွဲနိုင် ခဲ့ပြီး၊ လူတိုင်း၏ အထင်ကြီး မှုအား ရယူနိုင် ခဲ့သည်။

ဇောင်ဖန်၊ ချင်းယန်နှင့် ရှီယု တို့ထက်၊ အဆပေါင်း များစွာ အားကောင်းကြောင်း၊ လူတိုင်း သတိပြု လာမိ၏။

လင်းယွန် အတွက်မူ တောက်ပ လာလိမ့် မည်ဟု ထင်ထား မိသဖြင့်၊ အံ့ဩမှုမှာ အတိုင်း အဆ မရှိ ခဲ့ချေ။

သူ့ဓား မည်မျှ ထက်ကြောင်း သိရှိ လာပြီးနောက်၊ လူတိုင်းက လင်းယွန် ဟူသော အမည်အား၊ စူးစမ်း လာကုန် ကြသည်။

ချင်းယန်ပင် မတတ် နိုင်သော၊ မိစ္ဆာ မျောက်ဝံကို သတ်လိုက် သည်မှာ၊ ကိတ်မုန့် လှီးလိုက် သကဲ့သို့၊ လွယ်ကူ လေသည်။

ဓားတာအို၌ ကောင်းကင် ဘုံကို အံတုနိုင်သော စွမ်းရည်မျိုး ရှိပြီး၊ အလွန် ကြောက်မက်ဖွယ် ဓားသမား ပေပင်။

သို့သော် ဝူရှောင်ရှင်းနှင့် နှိုင်းယှဉ် ပါက၊ ထိုလင်းယွန်၏ စွမ်း ဆောင်ရည်မှာ၊ အငြင်းပွား စရာများ ရှိနေဆဲ ဖြစ်သည်။

ချင်းယန် သည်သာ တောင်တုန် မိစ္ဆာ မျောက်ဝံကို ဒဏ်ရာ မရ စေခဲ့ ပါက၊ သတ်နိုင် ဖွယ်ရာ နည်းလမ်း မရှိဟု၊ အများစုမှ ယူဆ ပြောဆို လာကြ၏။

ထို့ကြောင့် မိစ္ဆာ မျောက်ဝံ၏ သားရဲ အမြုတေကို ထက်ဝက် ပိုင်ဆိုင် သင့်ကြောင်း၊ ဆိုလာ ကြရာ၊ ချင်းယန် တစ်ယောက် စိတ်မချမ်း မသာ ဖြစ်လာ တော့သည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ၎င်း၏ အသက် အရွယ် အရ၊ လင်းယွန် ဟူသည် ပေါက်မြောက် လာမည့်၊ တက်သစ်စ ကြယ်ပွင့် တစ်ပွင့် အဖြစ် သတ်မှတ် လိုက် ကြ၏။

သွေးစွန်းသော ဧည့်ခံ ပွဲတွင်၊ မည်မျှ လျှောက်လှမ်း နိုင်မည်ကို၊ လူတိုင်း စောင့်မျှော် ကြည့်လို နေကြ ပေသည်။

သို့သော် လင်းယွန်က၊ ထို ဝေဖန်သံများ အပေါ် ဂရု မစိုက်ဘဲ၊ ဓားနက်မြို့ အတွင်းသို့ ပြန်ဝင် လာခဲ့သည်။

ခုနစ်ရက်ကြာ ပြီးနောက်၊ အရုဏ်ဦး အလင်းရောင် အချို့က၊ အနက်ရောင် တိမ်တိုက် များကို ဖြတ်၍ ဓားနက်မြို့ အတွင်း၊ သက်ဆင်း လာ၏။

ရှေးဟောင်း အရှိန်အဝါများ၊ ထွက်ပေါ် နေသည့် ပန်း တစ်ပွင့် ထက်မှ နေ၍၊ လင်းယွန် မျက်ဝန်းများ ဖြည်းညှင်းစွာ ပွင့်လာသည်။

ထို့နောက် ပန်းပွင့် ကြီးမှာ၊ တဖြည်းဖြည်း ကွယ်ပျောက် သွား၏၊ တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို ကိုယ်စား ပြုသည့် ပိုးစုန်းကြူး များမှာလည်း၊ မှိန်ဖျော့ လာလေသည်။

မြို့တော်ထံ လှမ်းကြည့်လိုက် ချိန်၌၊ ဓားတစ်လက် ကဲ့သို့ မိုးထိုး နေသော နန်းတော် ကြီးကို တွေ့လိုက် ရသည်။

ထိုနန်းတော် ကြီးတွင်၊ ထက်ရှသော ဓားတစ်လက်၏ အရှိန်အဝါအား ပေါင်းစပ် သန့်စင်ပေး ထားလေသည်။

ယင့်ကြောင့် ဓားနက်မြို့အား ဓားသမားများ အတွက် သန့်ရှင်းသော မြေ အဖြစ်၊ ဂုဏ်ယူဖွယ် တင်စား ခေါ်ဆို ကြပေ၏။

ခုနစ်ရက် အတွင်း၊ မြေကမ္ဘာ ပျက်စီး ခြင်းနှင့်၊ မဟာ ကြီးစိုးမှု (ကြီးစိုးခြင်း အဓိပတိ) ကို ကျွမ်းကျင် လာခဲ့သည်။ တစ်ပိုင်း ဝိညာဉ်ရေး ဓားမှာမူ၊ တိုးတက်မှု မရှိ တော့ချေ။ ”

လင်းယွန်က မတ်တပ် ထရပ်ပြီး၊ ပြတင်းပေါက် ဆီသို့ လျှောက်လှမ်း လာခဲ့သည်။

ယခု ချိန်၌ မိုးပြာ နဂါး မူလ ပုံစံနှင့်၊ ကျင့်ကြံမှုတွင် အောင်မြင်မှု အချို့ ရယူ ထားနိုင် ခဲ့သည်။

ဤသားရဲ ဒီရေတွင် သူ့ ခွန်အားမှာ၊ ဓားရည်ရွယ်ချက်မှ လွဲ၍ အဘက် ဘက်က၊ တိုးတက် လာသည်ဟု ဆိုနိုင်၏။

ဓား ရည်ရွယ်ချက် အတွက်မူ၊ သတ်ဖြတ် ခြင်းသည် အသုံး မဝင် တော့ကြောင်း၊ ခံစားမိ လာရာ၊ နောက်ဆုံး တိုက်ပွဲ မစမီ၊ ထွက်ခွာရန် ဆုံးဖြတ် လိုက်သည်။

အရာ အားလုံး အထွတ် အထိပ်သို့၊ ဆောင်ကြဉ်း နိုင်ပြီးနောက်၊ ဤနေရာ၌ ဆက်နေရန် မလို အပ်တော့ချေ။

ဝိညာဉ်ရေး ဓား ရရှိရန်၊ အခြားသော လမ်းကြောင်း တစ်ခုကို ရှာဖွေရ ပေမည်။ ဤအခိုက် အတန့်တွင်၊ လွန်ခဲ့သော တစ်ပတ်က တိုက်ပွဲထက်၊ ပို၍ ကြောက်စရာ ကောင်းသည့်၊ သားရဲ ဟောက်သံများ ထွက်ပေါ် လာ၏။

ပဲ့တင် ထပ်နေသော သားရဲ ဟောက်သံ များနှင့် အတူ၊ ဓားနက်မြို့၏ ကောင်းကင် ယံ၌၊ အမှောင်ထုများ ချက်ချင်း ဖုံးလွှမ်း သွားသည်။

“ နောက်ဆုံး ဒီရေ လား။ ”

ပြတင်းပေါက်မှ ခုန်ထွက်ကာ၊ အနားရှိ အမြင့်ဆုံး အဆောက် အအုံ ပေါ်သို့ ပျံတက် လိုက်၏။

နတ်ဆိုး သားရဲများ ထံမှ ပေါင်းစပ် ထားသော၊ အနက်ရောင် အလင်း တိုင်များ ကောင်းကင် ယံသို့၊ တလူလူ ပျံတက် လာသည်။

များ မကြာမီ မြို့ရိုး ပေါ်၌၊ အရှိန် အဝါများ ကိုယ်စီ ထုတ်လွှတ် ထားသော ကျင့်ကြံသူ များ နှင့်၊ ပြည့်နှက် သွား၏။

“ သားရဲ ဘုရင်က၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲတွေနဲ့ အတူ၊ ထွက်လာ လိမ့်မယ်။ ”

လင်းယွန်က တီးတိုး ရေရွတ် လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော အတက် အကျ လှိုင်းများ အရ၊ ဤတိုက်ပွဲတွင် မိုးကြိုး စီရင်စုရှိ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင် သူများ ပါဝင်လာ တော့မည်ဟု၊ ပြောနိုင်သည်။

ဤသို့သော စစ်မြေ ပြင်၌၊ သူ့ ခွန်အားမှာ၊ များစွာ အသုံးဝင် တော့မည် မဟုတ်ချေ။

“ သွားဖို့ အချိန် တန်ပြီ။ ”

ပါရမီရှင် များစွာ အတွက်၊ နောက်ဆုံး တိုက်ပွဲသည် ဆွဲဆောင်မှု ရှိပေ၏။ သားရဲ ဘုရင်နှင့် တိုက်ခိုက်ကာ၊ အောင်မြင်မှု ရယူရန် အခွင့် အရေး ရှိပေသည်။

သို့သော် ၎င်းသည် လင်းယွန် အပေါ် သက်ရောက်ခြင်း မရှိချေ။ ထွက်ခွာ တော့မည့် အချိန်၌၊ ကြက်သွေးရောင် အကြည့် နှစ်စုံက၊ သူ့ အပေါ် ကျရောက် လာပြီး၊ ပုံရိပ် နှစ်ရိပ် ဆင်းသက် လာသည်။

ထိုပုံရိပ် များမှာ ဝူရှောင်ရှင်းနှင့် ဂျီဝူယီ ဖြစ်ကာ၊ နှစ်ယောက် လုံးက ပြုံးလျက်၊ သူ့ထံ လျှောက်လှမ်း လာ၏။ ဂျီဝူယီ အပြုံးတွင် ရှုပ်ထွေးမှု အချို့ ရှိနေ ခဲ့လေသည်။

ထိုနှစ်ယောက် ရောက်ရှိ လာရသည့် အကြောင်း ရင်းကို မသိ သဖြင့်၊ လင်းယွန်က သတိ ကြီးစွာ၊ စိုက်ကြည့် လိုက်သည်။

“ လင်းယွန်၊ ငါ တို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိ ပါဘူး၊ ငါ့စီနီယာ အစ်ကိုက၊ မင်းနဲ့ တွေ့ချင် ရုံပါ။ ”

ဂျီဝူယီက လျင်မြန်စွာ ရှင်းပြ လိုက်သည်။ သူ့ စကားကြောင့် ဝူရှောင်ရှင်းက ပြုံးလိုက်ပြီး၊

“ ကောင်လေး၊ လူတိုင်း မြို့ရိုးကို သွားနေ ကြပေမယ့် မင်း စိတ်မဝင် စားဘူး၊ ထွက်ပြေးဖို့ ကြိုးစားနေ တာလား။ ”

ထိုမေးခွန်းကို ပြန်ဖြေခြင်း မပြုဘဲ၊ ပါးစပ်ပိတ် ထားလိုက်သည်။ နတ်ဆိုး သားရဲ များ သတ်ပြီး၊ သာမာန်လူ များကို ကယ်တင် ရာ၌၊ ဝူရှောင်ရှင်းပင် သူ့ထက် ပို၍ စွမ်းဆောင် နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ဝူရေှာင်ရှင်းမှ သူ့အား ဤစကားမျိုး ပြောရန်၊ အရည် အချင်း မရှိချေ။ သို့သော်၊ ၎င်းနှင့် ငြင်းခုံကာ အချိန် မဖြုန်း လိုသဖြင့်၊ ပါးစပ်ပိတ် ထားခြင်း ဖြစ်သည်။

“ တကယ် ထွက်သွား မိုးကိုး ... ။ ”

ဝူရေှာင်ရှင်းက သူ့မျက်နှာ ပေါ်ရှိ အပြုံးကို ပြန်ရုတ် သိမ်းပြီး၊

“ သနား စရာပဲ၊ မိုးကြိုး စီရင်စုမှာ ရှိတဲ့၊ ပါရမီရှင်တွေ အားလုံး ဒီနေ့ လာကြမယ်၊ ဘုရင် သုံးပါးနဲ့ အထက် တန်းစား ခုနစ်ပါး ထဲက၊ တစ်စုံ တစ်ယောက်တောင် ရောက်လာ မယ်လို့ ငါကြားတယ်၊ ... ”

“ ... ပြီးတော့ အလင်း အမှောင် လမင်း ကမ္ဘာက၊ ဘီလူး အချို့လည်း လာလိမ့်မယ်၊ မင်း သူတို့ကို မကြည့်ချင် ဖူးလား။ ”

“ ဘုရင် သုံးပါးနဲ့ အထက်တန်းစား ခုနစ်ပါး ကိုပဲ၊ ငါ ... စိတ်ဝင် စားတယ်၊ ဒါပေမယ့် အခု အရေး မကြီး တော့ပါဘူး။ ”

လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေ၏။ ဘုရင်သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါးမှ၊ တစ်စုံ တစ်ယောက်အား သေချာပေါက် အကဲခတ် လိုခဲ့သည်။

“ ငါ့ ကိုတောင် ... လား ။ ”

ဝူရှောင်ရှင်းက လင်းယွန်အား အပျော် သဘောနှင့် စူးရှစွာ ကြည့်ပြီး ဆို၏။ သို့သော် ထိုအကြည့်တွင်၊ အရာ အားလုံး လောင်ကျွမ်း ပစ်လိုသော၊ အရှိန် အဝါများ ပါဝင် လေသည်။

လင်းယွန်အား သတ်ဖြတ်မည် မဟုတ်ကြောင်း၊ ကတိပေး ထားသော်လည်း၊ သူ့ အစ်ကို၏ အပြု အမူကြောင့်၊ ဂျီဝူယီမှာ ထိတ်လန့် သွားသည်။

( မီး ရည်ရွယ်ချက်။ )

ဝူရှောင်ရှင်း တစ်ယောက် အဘယ်ကြောင့် ဤမျှ ယုံကြည်ချက် ပြင်းထန် နေရ သည်ကို၊ လင်းယွန် နားလည် လိုက်သည်။

တစ်ဖက် လူတွင် ချင်းယန်ထက် ပို၍ ပြင်းထန်သော မီး ရည်ရွယ်ချက် ရှိလေသည်။

“ ဒါက သဘာဝ မကျဖူး ဆိုပေမယ့်၊ မင်းကို ငါ မြင်ပြီးပြီ။ ”

လင်းယွန်က တုန်လှုပ်ခြင်း မရှိဘဲ၊ တည်ငြိမ် စွာဖြင့် ပြန်ဖြေ လိုက်၏။

“ ဟား ဟား ဟား ... ၊ ကောင်းတယ် အနည်း ဆုံးတော့ မင်းက ရိုးသားတယ်။ ”

ဝူရှောင်ရှင်းက သိုင်း ရည်ရွယ်ချက်ကို၊ ပြန်လည် ရုတ်သိမ်းကာ ပြုံး လိုက်သည်။ ပုံမှန် မဟုတ်သော သူ့ အစ်ကို၏ ဒေါသ အပေါ်၊ နားလည် ထားသည့် ဂျီဝူယီမှာ၊ စိတ်သက် သာရာ ရသွား ခဲ့သည်။

“ မင်း ... စိတ်ကို ပြင်ဆင် ပြီးပြီလား၊ ဘိုင်လိရွှမ်က မင်းနဲ့ တစ်ဂိုဏ်း တည်းလို့၊ ငါ ကြားတယ်၊ သူလည်း ဒီကို လာလိမ့်မယ်။ သူနဲ့ မတွေ့ချင် ဖူးလား။ ”

ဝူရှောင်ရှင်းက လင်းယွန်ကို ဆွဲဆောင်ရန် ကြိုးစား လိုက်သည်။

“ သူနဲ့ တွေ့ပြီးပြီ။ ”

စိတ် မဝင်စား ဟန်ဖြင့်၊ လင်းယွန်က ဆို၏။ ဘိုင်လိရွှမ်တွင် သူတော်စင် ခန္ဓာကိုယ် ရှိကာ၊ အင်ပါ ရီယန် သင်္ချိုင်း ဂူမှ၊ ‘မိုးပြာ နဂါး ဓားသုတ္တန်’ ကို ရရှိခဲ့ကြောင်း သူ သိသည်။

“ မင်းက ထွက်သွားဖို့၊ ဆုံးဖြတ် ထားပြီး ဆိုမှတော့၊ ငါ့နဲ့ ဘာလို့ အရင် ‘စမ်း’ မကြည့်ရ တာလဲ။ ”

နောက်ဆုံးတွင် သူ လာရသည့် အကြောင်းရင်းကို၊ ဝူရှောင်ရှင်းက ထုတ်ဖော် လိုက်တော့သည်။

တိုက်ခိုက်ခြင်း အပေါ် ဝါသနာ ထုံ သဖြင့်၊ ဂျီဝူယီ ထံမှ လင်းယွန် အကြောင်း ကြားသော အခါတွင်၊ စိတ်မဝင် စားဘဲ၊ မနေ နိုင်ခဲ့ချေ။

ထို့ကြောင့် ကျင့်ကြံနေသော လင်းယွန်ကို ရက် အနည်းငယ် ကြာသည့်တိုင်၊ စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။

“ လာ ... ၊ မင်းရဲ့ ဓားရည်ရွယ်ချက်က၊ ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲ ဆိုတာကို၊ ခံစားကြည့် ရအောင်။ ”

ဝူရှောင်ရှင်း၏ မျက်လုံး များတွင်၊ စိတ်လှုပ်ရှား မှုကြောင့်၊ တဖျပ်ဖျပ် တောက်ပ လာ၏။

“ စီနီယာ အစ်ကို။ ”

ဂျီဝူယီက ချက်ချင်း အော်ဟစ် လာသည်။

“ မစိုးရိမ်နဲ့ ... ၊ ဒါက ခွန်အားကို စမ်းသပ် ရုံပါ၊ ဒါကြောင့် ငါ့ရဲ့ ကျင့်ကြံမှုကို ဖိနှိမ် ထားပေး မယ်၊ ပန်းသင်္ချိုင်း ... မင်း ငါ့နဲ့ တိုက်ခိုက်ဖို့ သတ္တိ ရှိလား။ ”

ဘွဲ့နာမည် တပ်ကာ၊ ဝူရှောင်ရှင်းက အလေး အနက် စိန်ခေါ် လာ၏။

“ ငါ လက်ခံတယ်။ ”

လင်းယွန်က ခေါင်းညိတ်ကာ ပြန်ဖြေ၏။ သူ့အား အလေးထား ဆက်ဆံ ပါက၊ ရိုင်းပျမည် မဟုတ် ချေ။

ဤသည်မှာ နှလုံးသားမှ စောင့်ထိန်းရန် ခိုင်းစေ ထားသော ကျင့်ဝတ် တစ်ခု အဖြစ်၊ အမြဲ အလေးထား ခဲ့သည်။ ထို့ပြင် သူ သည်လည်း၊ တစ်စုံ တစ်ဦးနှင့်၊ လက်ရည် စမ်းကြည့် လိုသော ဆန္ဒ ရှိနေ လေသည်။

***

All Chapters