ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်။
Vol. 54 Ch. 754
နဂါးပျောက် တောင်စောင်းရှိ ထာဝရ တည်နေသော ဓားရည်ရွယ်ချက်မှာ၊ အခွင့်ရေး တစ်ရပ် ဖြစ်ကြောင်း၊ ဝန်ခံ ရပေမည်။
လူတိုင်း အတွက် အခွင့် အလမ်းများ ပြင်ဆင် ပေးထား သော်လည်း၊ လင်းယွန်သာ ရိတ်သိမ်း နိုင်ခဲ့သည်။
မုရုံချင်း မှာမူ၊ ဓား ဧကရာဇ် ဆေးပင် စိုက်ပျိုးရန် အတွက်သာ၊ ဤနေရာကို အသုံးချ နိုင်သည်။
ကံမကောင်း စွာဖြင့် လင်းယွန်မှ ဖျက်ဆီး မိသွားသည်။ ထို့ပြင် မုရုံချင်းနှင့် မုရင်ဖေးတို့ နှစ်ဦး လုံးမှာ၊ အသွင် ပြောင်းလဲ နိုင်သော ဓား ရည်ရွယ်ချက်ကို၊ ရှာဖွေ နိုင်ခြင်း မရှိ ခဲ့ချေ။
ယင်းမှာ ညံ့ဖျင်းခြင်း မဟုတ်ဘဲ၊ နိမ့်ပါး လွန်းသော ဓား ရည်ရွယ်ချက် ကြောင့်ဟု၊ ယူဆ လိုက်မိသည်။
ဆိုလို သည်မှာ တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် မရှိသော်၊ ယင်းအား မြင်နိုင်မည် မဟုတ်ချေ။
ခွန်အား မလုံလောက် ပါက၊ ထိုစီနီယာမှ မည်သည့် အရာ ကိုမျှ ပြသ လာမည် မဟုတ်ဟု ထင်သည်။
ဥပမာ အားဖြင့်၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို မြင်နိုင် သော်လည်း၊ ၎င်းထက် ကျော်လွန် ကြည့်လို ပါက၊ မျက်လုံး များမှ သွေးထွက် လာခြင်းမျိုး ဖြစ်သည်။
ငါးရက် အကြာတွင် ပိုးစုန်းကြူး ပေါင်းများစွာကို၊ သူ့ ဓား၌ နှစ်ရက် ကြာအောင် ပေါင်းစပ်ထား နိုင်ခဲ့သည်။
သာမန် ပါရမီရှင် များသည် ၎င်းတို့၏ ဓားရည်ရွယ်ချက်အား နာရီဝက် ခန့်သာ ထားရှိ နိုင်သဖြင့်၊ ဤရလာဒ်မှာ ကြောက်စရာ ကောင်းနေ၏။
ဘိုင်လိရွှမ်နှင့် နန်းဂွန်း ဝမ်းယူ ကဲ့သို့သော၊ ထူးချွန် သူများ အတွက်ပင်၊ နေ့တစ်ဝက် မျှသာ ထုတ်ဖော် ထားနိုင်မည်။
ထို့ကြောင့် ပြိုင်ဘက် ခန္ဓာကိုယ် ထဲသို့၊ ဝိညာဉ်ရေး ဓားကို ချန်ထားပြီး၊ နှစ်ရက် ကြာအောင် အဆက် မပြတ် တိုက်စား နိုင်မည် ဖြစ်သည်။
ဖယ်ရှား ချင်ပါက၊ မူလ စွမ်းအင်နှင့် အချိန် များစွာ သုံးစွဲ ရပေမည်။ သို့သော် ယင်းသည် ပြိုင်ဘက် ခန္ဓာကိုယ် အတွင်းရှိ ဓားပေါ်၊ မူတည် နေသေးသည်။
“ နည်းနည်းတော့ လိုဦးမယ်။ ”
တောင်ပေါ်ရှိ ဓားထံ စိုက်ကြည့်ပြီး၊ တစ်ကိုယ်တည်း တီးတိုး ရေရွတ် လိုက်သည်။ တစ်ချိန်က မည်မျှပင် ကြိုးစား စေကာမူ၊ သူ့၌ တိုးတက်မှု မရှိ ခဲ့ချေ။
သို့သော် နဂါးပျောက် တောင်စောင်း၏ ဓားရည်ရွယ်ချက်ကို သတိပြု မိပြီး နောက်တွင် တိုးတက်မှုမှာ ရပ်တန့် နိုင်ခြင်း မရှိ တော့ချေ။
“ ဒါက ဆန်းကြယ် လိုက်တာ၊ လဝက်အတွင်း ဝိညာဉ်ရေး ဓားကို ထိုးဖောက် ဝင်ရောက် နိုင်မယ် ထင်တယ်။”
ဤလမ်းမှာ ချောမွေ့ လာပြီ ဖြစ်ပြီး၊ ဝိညာဉ်ရေး ဓားရည်ရွယ်ချက်သည် မကြာမီ ထွက်ပေါ် လာတော့ မည်ဟု ခံစား မိ၏။
ဝိညာဉ်ရေး ဓားကို နားလည်မှု ရယူ နေချိန်တွင်၊ လူတိုင်းက အခွင့်အရေး ဆုပ်ကိုင် ဖို့ရာ၊ ဓားနက်မြို့သို့ တိုက်ပွဲ ဝင်ရန် ရောက်ရှိ လာကုန်သည်။
ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါးတို့ သည်ပင်၊ အဝေးမှ ပြေးအလွှား ရောက်ရှိ လာ၏။
သွေးစွန်းသော ဧည့်ခံပွဲ နီးကပ် လာပြီ ဖြစ်သဖြင့်၊ ပို၍ သန်မာ အားကောင်း လာစေရန် လူတိုင်း အစွမ်းကုန် ကြိုးစား နေကြသည်။
ခွေးဆိုးများ မည်မျှ ပေါ်လာ မည်ကို၊ တပ်အပ် မပြော နိုင်ကြချေ။ ခေတ်သစ်ရောက် လာချိန်တွင်၊ သားရဲ ဒီရေ ထွက်ပေါ် ခြင်းသည်၊ ရှေ့ပြေး လက္ခဏာ အဖြစ် ခံစား ခဲ့ကြ ရ၏။
ယင်းမှာ လူတိုင်း သေချာခြင်း မရှိတော့ သဖြင့်၊ နောင်တ မရစေရန် အစွမ်းကုန် ပြင်ဆင် လာကြ လေသည်။
ဆယ်ရက် အကြာတွင် ကြောက်မက်ဖွယ် ကောင်းသော ဓားတစ်လက် ကောင်းကင်ပေါ် ထိုးတက် လာ၏။
ယင်းကြောင့် ကြယ် တစ်ရာမှာ လင်းယွန် ပေါ်သို့ ကျရောက် လာခဲ့သည်။ ထိုစက္ကန့်ပိုင်း အတွင်း မှာပင် လင်းယွန် ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်လာ၏။
ဖြစ်စဉ်သည် စက္ကန့်ပိုင်း အတွင်း၊ မျှသာ ထွက်ပေါ် လာပြီး၊ ကောင်းကင်ကို ပုံမှန် အတိုင်း ချက်ချင်း ပြန်ဖြစ် လာစေသည်။
“ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်။ ”
လင်းယွန်၏ စိတ်နေ စိတ်ထား ပြောင်းလဲ သွားကာ၊ ကောင်းကင်ကို ထိုးဖောက် မတက်၊ စူးရှသော မျက်လုံးများ ပွင့်လာ ခဲ့သည်။
ယခု အချိန်၌ လက် လှုပ်စရာ အလိုဘဲ၊ အကြည့် တစ်ချက် ဖြင့်ပင်၊ တစ်စုံ တစ်ဦး၏ နှလုံးသားကို ဖျက်ဆီး နိုင်ပြီ ဖြစ်သည်။
ဝမ်းသာ အားရ ဖြစ်မိ သော်လည်း၊ ကောင်းစွာ ထိန်းသိမ်း နိုင်ခြင်း မရှိကြောင်း၊ သတိရ သွားကာ၊ ချက်ချင်း ငြိမ်သက် သွား၏။
ယင်းကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချ နိုင်ရန် အချိန် တစ်ခု စောင့်ရ ပေမည်။
ရုတ်တရက် ခန္ဓာကိုယ် အတွင်းမှ အက်ကွဲသံ တစ်သံ၊ ထွက်ပေါ် လာပြီး နှလုံးသား တစ်ခုလုံး တုန်ခါ သွားလေသည်။
“ ကမ္ဘာဦး ဖျက်ဆီးခြင်း သိုင်းဝိညာဉ် နိုးထ လာပြီလား။ ”
မျက်လုံး များကို အမြန်မှိတ် ချလိုက်ကာ၊ ဒါန်တမ် အတွင်း စစ်ဆေး မိ၏။ မျှော်လင့်ထား သလိုပင်၊ ချွမ်းချီ ကျားနှင့် အသူရာ နဂါးမှာ၊ အသစ် ထွက်ပေါ် လာမည့် အရာ အတွက်၊ အနည်းငယ် လမ်းဖွင့် ပေးနေ ခဲ့သည်။
တစ်ချိန်တည်း မှာပင် ဓားကျိုးမှ ငွေ အလင်းများ ဖြာထွက် လာပြီး၊ အနည်းငယ် လွတ်မြောက် လာ၏။
ထို့နောက် ကမ္ဘာဦး သားရဲ တစ်ကောင် ဖြစ်သော၊ ဒဏ္ဍာရီလာ မြွေပျံနှင့် တူသည့်၊ မြွေ တစ်ကောင် ထွက်ပေါ် လာတော့သည်။
၎င်းမှာ အနက်ရောင် အဆင်းနှင့်၊ ကြောက်မက်ဖွယ် အကြေးခွံများ ဖုံးလွှမ်းလျက်၊ အေးစက်သော မျက်ဝန်းများ ရှိချေသည်။
များမကြာခင် ဓားရောင်ခြည်နှင့် အတူ၊ မြွေပျံပါ ပျောက်ကွယ် သွားပြီး၊ သတိ မထား ခဲ့သော် မြင်မိ တော့မည် မဟုတ်ချေ။
ဒါန်တမ် အတွင်းမှ ရုန်းထွက်ကာ၊ လေးနက်သော အမူ အရာကို ထုတ်ဖော် လိုက်သည်။
ဓားရည်ရွယ်ချက် အပေါ်၊ အောင်မြင်မှု ရချိန်တိုင်း၊ ဓားကျိုး လွတ်မြောက် လာသည်မှာ၊ ထူးဆန်း နေလေ သည်။
သံကြိုး ကိုးချောင်းလုံး လွတ်မြောက် သွားပါက၊ ထိုဓားကျိုး ရှင်းလင်းစွာ ထွက်ပေါ် လာမည် ဖြစ်သည်။
ယခင် အချိန် များ၌ ဤဓားမှ၊ ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ် များကို၊ ချိတ်ပိတ်ထား သည်ဟု ယူဆ မိသည်။
သို့သော် ကြည့်ရ သည်မှာ၊ ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်များ ကသာ ထိုဓားကျိုး အပေါ်၊ ချိတ်ပိတ် ထားခဲ့ ပုံရ၏။
ကမ္ဘာဦး သိုင်း ဝိညာဉ်များ နိုးထ လာပြီး မှသာလျှင်၊ ထိုဓား မည်မျှ ထက်ရှ မည်ကို၊ သိရှိ နိုင်ပေမည်။
“ ဒီကမ္ဘာကို ရောက်လာတာ၊ မတော် တဆများ ဖြစ်နေ မလား။ ”
တွေးဆ ဆဖြင့်၊ ရေရွတ် လိုက်ပြီး၊
“ ဒီကောင်းကင် လမ်းက၊ ငါ့ကို အဖြေပေး လိမ့်မယ်၊ အခု အချိန် မှာတော့ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် ကိုပဲ၊ အာရုံစိုက်ဖို့ လိုတယ်။ ”
သူ၏ ဓားရေးကို အားကောင်း စေမည့် အသွင် ကူးပြောင်းမှု တစ်ခု ပြုလုပ် နိုင်ကြောင်း၊ ခံစား မိသည်။
ရှန်ရှင်း ဓား ရည်ရွယ်ချက်မှာ၊ မမြင် နိုင်သော သက်မဲ့ အရာ တစ်ခု ဖြစ်သည်။ ဝိညာဉ်ရေး ဓား ကမူ၊ ကွဲပြားပြီး အဆုံး မရှိချေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ အသက်ရှိ ပုံရ လေသည်။
၎င်းကို ‘တို့ထိ’လိုက် ချိန်၌၊ မွေးကင်းစ ကလေးငယ် တစ်ဦး ကဲ့သို့၊ နူးညံ့ ညင်သာသော တုန့်ပြန်မှု အချို့၊ ပေးစွမ်း လာ၏။
ထိုခံစားချက်ကို စကားလုံး များဖြင့်၊ မဖော်ပြနိုင် သော်လည်း၊ ရှင်းရှင်း လင်းလင်း သိမြင် နိုင်သည်။
“ ရှန်ရှင်း ဓားက အသက် မရှိဘူး၊ ဝိညာဉ်ရေး ဓား ကတော့ အသက် ရှိတယ်၊ ပိုပြီး ကျွမ်းကျင် လာတာနဲ့၊ စိတ်လှုပ်ရှား စရာ ကောင်း လာလိမ့်မယ်။ ”
လင်းယွန်၏ မျက်လုံးများ တောက်ပ လာသော်လည်း၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု ရရှိရန်၊ ဝေးနေ သေးကြောင်း သူ သိသည်။
“ အခုတော့ အလယ် အလတ် ကျွမ်းကျင်မှု အထိ၊ သွားဖို့ လိုသေးတယ်။ ”
ကောင်းကင်မှ ကြယ်ရောင်များ ကြွေကျနေ သော်လည်း၊ ယင်းမှာ ကြယ်တစ်ရာ မျှသာ ရှိပေ သေးသည်။
ပို၍ နက်ရှိုင်းစွာ ဆုပ်ကိုင် နိုင်သည်နှင့်၊ ကြယ် (၉၀၀၀)အား၊ ရေဝဲ အဖြစ် ဖွဲ့စည်း နိုင်မည် ဖြစ်သည်။
ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်မှာ၊ ဤမျှ အစွမ်းထက် မည်ဟု မမျှော်လင့်ထား မိသဖြင့်၊ တုန်လှုပ် သွားသည်။
နားလည် နိုင်စွမ်းက၊ မယုံနိုင် လောက်အောင် မြင့်မား လာပြီး၊ သခင့်ဓား၏ ပဉ္စမ ပုံစံနှင့်၊ ဆဋ္ဌမ ပုံစံကို၊ ချက်ချင်း ဆုပ်ကိုင် လာနိုင်၏။
၎င်းတို့ကို မဟာ ကြီးစိုးမှု အဖြစ် ပေါင်းစပ်ရန် ကြိုးစား ရာတွင် ပြဿနာ အချို့၊ ကြုံတွေ့ ခဲ့ရ သော်လည်း၊ ဝိညာဉ်ရေး ဓားကြောင့် အောင်မြင် လာသည်။
ဆည်းဆာ အလင်း ဓားကို၊ ခံစားချက် များဖြင့် ဖန်တီး ထားခြင်း ဖြစ်သောကြောင့်၊ မြေကမ္ဘာ ပျက်စီးခြင်း အဖြစ်၊ ပေါင်းစပ်ရန် လွယ်ကူခြင်း မရှိ ခဲ့ချေ။
သို့သော် ဝိညာဉ်ရေး ဓားကြောင့်၊ ခံစားချက်များ ပေါင်းထည့် နိုင်ခဲ့ကာ၊ ဖြစ်ရပ် ကိုးခုအား ဆောင်ကြဉ်းလာ နိုင်တော့သည်။
“ ဒီလှုပ်ရှားမှု အသစ်က ဆည်းဆာ အလင်းဓားနဲ့ လိုက်ဖက် ညီပြီး၊ အခုတော့ မြေကမ္ဘာ ပျက်စီးခြင်းလို့ ခေါ်နိုင် ပါပြီ။ ”
လင်းယွန်က ကျေနပ်သွား ဟန်ဖြင့်၊ ခေါင်းညိတ် လိုက်သည်။ သို့သော် ဤအခိုက် အတန့်တွင် ကြီးစိုးခြင်းနှင့် ဖျက်ဆီး ခြင်းများ ပြည့်နှက် နေသော၊ ဟောက်သံ တစ်သံ ထွက်ပေါ် လာသည်။
“ ဒါ ... မရဏ မိုးကြိုး နဂါး လင်းတပဲ။ ”
၎င်း၏ သွေး အနှစ် သာရကို ထုတ်ယူ သန့်စင်ထား သောကြောင့်၊ အဝေး မှပင် အငွေ့ အသက်အား၊ သိနိုင် ပေ၏။ ယင်းမှာ ဒေါသ တကြီး၊ နာကျင်စွာ အော်ဟစ် လိုက်ခြင်း ပေပင်။
မီးနဂါး တောင်ကုန်း တစ်ဝိုက်၌၊ ထိုအုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ အပေါ်၊ ဒဏ်ရာ ရအောင် မည်သူမှ စွမ်းဆောင် နိုင်ခဲ့ သည်ကို၊ ချက်ချင်း သိချင် လာတော့သည်။
***