အနှစ် သုံးထောင်၊ နဂါး မီးလျှံ အသီး။
Vol. 54 Ch. 755
မရဏ မိုးကြိုး နဂါး လင်းတသည် ကောင်းကင် ဝိညာဉ် နယ်မြေ၊ အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ ဖြစ်၏။
ပြင်းထန်စွာ ဒဏ်ရာရ နေသော်လည်း၊ ကောင်းကင် ဝိညာဉ် နယ်မြေ အဆင့်၊ နတ်ဆိုး သားရဲ များစွာ ကိုပင် သတ်နိုင် ခဲ့သည်။ ဤဟောက်သံ အရ၊ ထိုဒဏ်ရာ များထက် ပို၍ ပြင်းပုံ ရသည်။
“ သွား ကြည့် ရ အောင်။ ”
လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ထုတ်ဖော်ပြီး၊ ကောင်းကင်သို့ ပျံတက်ကာ ရွေ့လျား လိုက်သည်။
နက်နဲ အဆင့် နည်းစနစ် တစ်ခု မျှသာ ဖြစ်သော်လည်း၊ သရုပ်ဖော် အဆင့်သို့ ဆုပ်ကိုင် ထားနိုင် သဖြင့်၊ များစွာ လျင်မြန် ပေသည်။
မရဏ မိုးကြိုး နဂါး လင်းတ၏ ဟောက်သံမှာ၊ ပို၍ ကျယ်လောင် လာပြီး၊ လေထု ထဲတွင် မိစ္ဆာ အငွေ့အသက် များနှင့် သွေးရနံ့များ ပြည့်နှက် လာသည်။
“ အနံ့က ပြင်းလိုက်တာ၊ ကြည့်ရတာ နတ်ဆိုး သားရဲတွေ အများကြီး သတ်ပစ်ထား ပုံပဲ။ ”
ရနံ့ကို နှာခေါင်း တရှုပ်ရှုပ်ဖြင့်၊ အနံ့ခံလျက် အရှိန်အဝါကို ရုတ်သိမ်းကာ၊ မြေပြင်ပေါ် ဆင်းသက် လိုက်သည်။
မြေပြင် အနှံ့ ပျံ့ကျဲ နေသော မီးလောင် ချိုင့်ဝှမ်း များကို အချိန်ယူ ဖြတ်ကျော်ပြီး၊ တောင်ကုန်း တစ်ခု ပေါ်သို့ တက်ရောက် လိုက်သည်။
ပတ်ဝန်းကျင်တွင် ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ တို့၏ မပြည့် စုံသော အလောင်း များစွာ၊ ပြန့်ကျဲ နေသည်။
ယင်းသည်ပင် တိုက်ပွဲ မည်မျှ ကြောက်စရာ ကောင်းခဲ့ကြောင်း ပြောပြ နေ၏။ မဝေးကွာ လှသော အရပ်၌၊ ကောင်းကင် ဝိညာဉ် နယ်မြေ သားရဲ နှစ်ကောင်နှင့်၊ နဂါး လင်းတတို့ တိုက်ခိုက် နေသည်။
နဂါး လင်းတမှာ တောင်ပံ နှစ်ဖက်လုံး ကျိုးပြီး၊ ဒဏ်ရာ များဖြင့် ပြည့်နှက်လျက် အခြေ အနေ ကောင်းပုံ မရ တော့ချေ။
လည်ပင်း၌ ရှိသော ဒဏ်ရာမှာ၊ ပို၍ ပြင်းထန်ပြီး၊ သွေးများ စိမ့်ထွက်နေ သဖြင့်၊ တိုက်ပွဲ အတွင်း၊ သူ့အား အရေးနိမ့် လာစေသည်။
ရင်ဆိုင် နေရသော သားရဲ နှစ်ကောင်မှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကြက်သွေးရောင် ဝံပုလွေနှင့် အဝါရောင် စပါးအုံး မြွေ တို့ဖြစ်၏။
ရစ်ခွေ နေသော စပါးအုံး မြွေကြီး၏ ခန္ဓာကိုယ်သည်၊ တောင်ကုန်းငယ် အလား၊ သဏ္ဍာန် တူသည်။
“ ထူး ဆန်း တယ် ... ။ ”
သို့သော် ဤနတ်ဆိုး သားရဲ များမှာ၊ ကြောက်မက်ဖွယ် ကောင်းသည် မှန်သော်လည်း နဂါး လင်းတကို မတိုက်ခိုက် သင့်ချေ။
“ ဒါ ဘယ်သူ ပေးတဲ့ ဒဏ်ရာလဲ ... ။ ”
ဆိုလို သည်မှာ နဂါး လင်းတတွင်၊ သေစေ နိုင်သော ဒဏ်ရာ ရှိနေ ချေသည်။ ရုတ်တရက် ပြင်းထန်သည့် စွမ်းအင် အတက် အကျကြောင့်၊ မြေပြင် တစ်ခုလုံး တုန်လှုပ် လာ၏။
နတ်ဆိုး သားရဲ သုံးကောင်က၊ နောက်တစ်ကြိမ် ခိုက်ရန် ဖြစ်ပွား တော့သည်။ ၎င်းတို့၏ တိုက်ပွဲမှာ၊ လူသား ကျင့်ကြံ သူများ ကြားရှိ တိုက်ပွဲ များထက်၊ ပို၍ ရက်စက် လှလေသည်။
ခန္ဓာကိုယ် အစိတ် အပိုင်း တိုင်းကို လက်နက်များ အဖြစ် အသုံးပြုကာ၊ ထိပ်တိုက် ရင်ဆိုင် ကြပြီး၊ မြေပြင် တုန်လှုပ် စေသည် အထိ၊ ပြင်းထန်၏။
၎င်းတို့မှာ ကြီးမား သော်လည်း အလွန် မြန်သည်။ အမြန်နှုန်း အရ အဆင့်မြင့် ရွေ့လျားမှု နည်းစနစ် များထက်၊ သာလွန် ပေ၏။
များမကြာမီ ရလာဒ် ထွက်ပေါ် လာသည်။ အဝါရောင် စပါးအုံး မြွေက နဂါး လင်းတကို အကြေးခွံ များဖြင့် ပစ်လျက်၊ ကောင်းကင်မှ ဆင်းသက် လာခဲ့သည်။
ယင်းကို ကြက်သွေးရောင် ဝံပုလွေက၊ အခွင့်ကောင်း ယူပြီး မရဏ နဂါး လင်းတထံ၊ ဝင်ကိုက် သည်။
သို့သော် မရဏ မိုးကြိုး နဂါး လင်းတက၊ ကြက်သွေးရောင် ဝံပုလွေကို ဦးစွာ လက်သည်း များဖြင့် ကုပ်ချ လိုက်သည်။
အထွတ် အထိပ် အခြေ အနေ မျိုးတွင် ဆိုပါက၊ ဤလက်သည်းသည် ကြက်သွေးရောင် ဝံပုလွေကို သတ်ပစ် နိုင်မည် ဖြစ်သည်။
“ ဂီး ... ။ ”
ကံမကောင်း စွာဖြင့်၊ သူ သည်လည်း မြွေ အကြေးခွံများ ထိမှန်ကာ၊ မြေပြင်ပေါ် လဲကျ သွား၏။
ဒဏ်ရာမှ သွေးများ ပို၍ စီးကျ လာပြီး၊ နာကျင်စွာ လူးလိမ့် လိုက်မိ၏။ သတိကြီး ကြီးဖြင့် ချက်ချင်း ပြန်ထရန် ကြိုးစား လိုက်သော်လည်း၊ မအောင်မြင် ခဲ့ချေ။
နီးကပ် လာသော မြွေကြီးကို ကြည့်ကာ၊ စိုးရိမ်စိတ် ဝင်လာ ခဲ့သည်။ မည်မျှပင် ကြိုးစား နေစေ ကာမူ၊ ပြန်မထ နိုင်တော့ချေ။
နဂါး လင်းတနှင့် မီတာ တစ်ထောင် အကွာသို့ အရောက်တွင်၊ စပါးအုံး မြွေ နောက်ကျော၌၊ ကြက်သွေးရောင် မျက်ဝန်း တစ်စုံ ထွက်ပေါ် လာသည်။
ထိုမျက်ဝန်း တစ်စုံ နှင့်အတူ၊ စပါးအုံး မြွေ အရှိန်အဝါမှာ ပို၍ တိုးလာပြီး၊ ကောင်းကင်ကို အနီရောင် ပြောင်းသွား စေ၏။
သည့်နောက် နဂါး လင်းတ လည်ပင်းထံ ဦးတည်လျက် ကိုက်ရန်၊ ခုန်ချ လာတော့သည်။ ဤသည်မှာ သေစေသော တိုက်ခိုက်မှု တစ်ခု ဖြစ်၏။
သို့သော် ကောင်းကင်က ရုတ်တရက် မှောင်သွားပြီး၊ ဓားအလင်း တစ်လက် စပါးအုံး မြွေကို ထိမှန် လာသည်။
“ သခင့်ဓား— အလင်းခွဲ ဖြတ်ခြင်း။ ”
အလင်းများ ဖြာထွက် နေသော၊ ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင်လျက် လင်းယွန် တစ်ယောက်၊ ကောင်းကင်မှ ဆင်းသက် လာခဲ့သည်။
မြေပြင်ပေါ် ရောက်သည်နှင့်၊ နောက်တစ်ကြိမ် ဓားကို ထပ်မံ လွှဲခုတ် လိုက်သည်။
“ သခင့်ဓား— မဟာ ပေါက်ကွဲမှု။ ”
ထိုစက္ကန့်ပိုင်း အတွင်း မှာပင် အဝါရောင် စပါးအုံး မြွေကြီး ပေါ်သို့၊ အလင်း စက်လုံးကြီး ကျရောက် လာ၏။
ပေါက်ကွဲ မှုကြောင့် အကြေး ခွံများ၊ ဖွာလန်ကျဲ ကုန်ကာ၊ ကြီးမားသော မီးလောင်ရာ တစ်ခု၊ ဖြစ်ပေါ် လာသည်။
“ ဝှစ် ... ။ ”
ထိုချိန်တွင် လေပူများ တိုးဝင်လာ သည်ကို ခံစားမိ သဖြင့်၊ လင်းယွန်မှ ချက်ချင်း ရှောင်တိမ်း လိုက်ကာ၊ ခြေသည်းအား ဖမ်းဆုပ် ကိုင်ပေါက် လိုက်သည်။
ကိုင်ပေါက် ခံရသော ကြက်သွေးရောင် ဝံပုလွေက၊ လေထဲ ကျွမ်းပစ်ပြီး၊ ထပ်မံ ပြေးဝင် လာပြန်၏။
၎င်းဖြင့် ယှဉ်ပါက လင်းယွန်မှာ၊ သေးငယ် လွန်းသော်လည်း၊ သခင့်ဓား၏ အရှိန် အဝါ အရ၊ အားနည်းခြင်း မရှိချေ။
မျက်စိ တစ်မှိတ် အတွင်း လှုပ်ရှားမှုပေါင်း တစ်ရာ ကျော်ကို ဖလှယ် လိုက်ကြသည်။
သည်အခွင့် အရေးကို အသုံး ချကာ၊ အားနည်းချက် တစ်ခုအား၊ လင်းယွန်မှ ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော် ပြလိုက်၏။
ထို့နောက် ဝံပုလွေ ခြေသည်း များက၊ နောက်ဆက်တွဲ ပုံရိပ်များ ကိုသာ ဖျက်ဆီး နေသဖြင့်၊ လှောင်ပြုံး တစ်ပွင့်နှင့် အတူ၊ လျှပ်စီးကြောင်း (၁၈) ခုအား၊ ပိုက်ကွန် သဖွယ် ယှက်လုပ် လိုက်သည်။
“ သခင့်ဓား— မိုးကြိုး ။ ”
ဤတိုက်ခိုက်မှုကို ရှောင်လွှဲရန် ကြက်သွေးရောင် ဝံပုလွေ၌ နည်းလမ်း မရှိ တော့ပေ။ အရေပြားများ ကွဲအက် သွားကာ၊ နာကျင်စွာ အော်ဟစ် လာသည်။
မြေပြင်ပေါ် ဆင်းသက်လိုက် ပြီးနောက်၊ လင်းယွန်ထံ ကြည့်ကာ၊ ကျယ်လောင်သော ဟောက်သံကို ထုတ်လွှတ် လိုက်၏။
သူ့ ခန္ဓာကိုယ် တစ်ခုလုံး အရွယ် အစား နှစ်ဆတိုး လျက်၊ အမွေးများ ဖြန့်ကား ပစ်ကာ၊ မီးလျှံ အချို့ တောက်လောင် လာသည်။
“ သနားစရာ လှည့်ကွက် လေးတွေ ... ။ ”
ပန်းသင်္ချိုင်း ဓားကို မြှောက်လိုက်ပြီး၊ လင်းယွန်က ပြုံးသည်။ သူ့ နောက်ကျောမှ နေမင်းကြီး တစ်စင်း ကဲ့သို့ တောက်ပသော ဓားအလင်းများ ပျံတက် လာ၏။
ထိုဓား အလင်းမှာ၊ ကြက်သွေးရောင် ဝံပုလွေ ကြီး၏ မီးလျှံ များထက်၊ ပို၍ သန့်စင် ပေ၏။
“ သခင့်ဓား—အရုဏ်ဦး။ ”
ထိုနောက် ကောင်းကင်ကို အရောင် ပြောင်းလဲ စေသော ကြောက်မက်ဖွယ်ရာ မီးတောက် များနှင့်၊ ဓား အလင်းများ ထပ်မံ ထိပ်တိုက် တွေ့ခဲ့သည်။
ချက်ချင်းပင် ဝံပုလွေ အမွေးများ၊ မီးလောင်ကျွမ်း ကုန်သဖြင့်၊ အမြီး ကုပ်ကာ ထွက်ပြေး လေသည်။
၎င်းနှင့် အတူ အဝါရောင် စပါးအုံး မြွေကြီး သည်လည်း၊ အရှက်မဲ့စွာ လိုက်ပါ ပြေးလွှားသွား တော့၏။
၎င်းတို့ နောက်သို့ မလိုက်ရန် ဆုံးဖြတ် လိုက်သည်။ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ နတ်ဆိုး သားရဲများ ဖြစ်သဖြင့်၊ အဖော်များ ထပ်မံ ခေါ်ဆောင် လာပါက၊ ဒုက္ခ ဖြစ်ပေ လိမ့်မည်။
တစ်ဖက်တွင် မရဏ မိုးကြိုး နဂါး လင်းတကို ပြန်လှည့် ကြည့်လိုက်ရာ၊ အသက် ဓာတ်များ တရွေ့ရွေ့ ပျောက်ကွယ် နေကြောင်း၊ သတိပြု မိလိုက် သည်။
သို့သော် သူ့ မျက်လုံး များက လင်းယွန်ကို စိုက်ကြည့် နေဆဲ ဖြစ်သည်။ တစ်ဖက် လူ ထံမှ သွေးအနှစ် သာရကို ကောင်းစွာ ခံစား နိုင်၏။
ဒဏ်ရာ ပြင်းထန် နေစဉ်၊ သွေး အဆီ အနှစ်ကို ခိုးယူ ခဲ့သော ဤစက်ဆုပ်ဖွယ် လူသားကြောင့်၊ အချိန် အတော်ကြာ အားနည်း နေဖူး လေသည်။
“ မင်း ... ငါ့ကို မှတ်မိ သေးလား။ ”
လင်းယွန်က အဆင် မပြေသည့် အမူ အရာဖြင့် ပြုံးကာ ဆိုလိုက်သည်။ အဆုံးတွင် သွေး အဆီအနှစ် ခိုးယူခြင်းမှာ၊ ရှက်စရာ ဖြစ်ပေ၏။
တရား မျှတ စွာဖြင့်၊ မျက်နှာ ချင်းဆိုင် အနိုင်ယူ သင့်ချေသည်။ ယင်းကြောင့် နဂါး လင်းတကို ကယ်တင် ရခြင်းလည်း ဖြစ်၏။
ထို့ပြင် သူ၏ ခွန်အားကို ဤသားရဲ များနှင့်၊ စမ်းသပ်ချင် ခဲ့သော်လည်း၊ ဝိညာဉ်ရေး ဓားအား ထုတ်ဖော် စရာပင် မလို ခဲ့ချေ။
“ မင်းကို ... ငါ ဘယ်လို ကယ်ရ မလဲ။ ”
နဂါး လင်းတကို ကယ်တင် ရမည့် ကိစ္စမှာ၊ ခေါင်းကိုက် စရာပင်။ သူ့တွင် မှော်ဆေးလုံးများ ရှိသော်လည်း၊ နတ်ဆိုး သားရဲများ အတွက် အသုံး မဝင် နိုင်ချေ။ အကြောင်း မသင့် ပါက အဆိပ်ပင် ဖြစ်စေ နိုင်သည်။
“ အိုး ... နေဦး။ ”
တောင်တုန် မိစ္ဆာ မျောက်ဝံ၏ သားရဲ အမြုတေကို အမြန်ထုတ် ယူကာ၊ နဂါး လင်းတ ရှေ့ ပစ်ချ လိုက်၏။
နဂါး လင်းတက သားရဲ အမြုတေကို တစ်ချက် ကြည့်ကာ တုံ့ဆိုင်း သွားပြီးနောက်၊ ချက်ချင်း မြိုချ လိုက်သည်။
ထို့နောက် ခရမ်းရောင် လျှပ်စီးများ သူ့ခန္ဓာကိုယ် အနှံ့၊ ထွက်ပေါ် လာ၏။ သွေးများ ပွက်ပွက်ဆူ လာပြီး၊ အုပ်စိုးရှင် အဆင့် ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အရှိန် အဝါများ ပြန်လည် ထုတ်လွှတ် နိုင်ခဲ့သည်။
ဆယ့်ငါး မိနစ်ကြာ ပြီးနောက်၊ မရဏ မိုးကြိုး နဂါး လင်းတ ထရပ် လာကာ၊ အုပ်စိုးရှင် တစ်ပါး၏ အရှိန်အဝါ နှင့်အတူ၊ ဟိန်းဟောက် သံကို ပြုလိုက် တော့သည်။
“ ဂီး ... ။ ”
၎င်း ရောင်ဝါမှာ၊ တဖြည်းဖြည်း ပိုမို အားကောင်း လာပြီး၊ မြင်သာသော အရှိန်ဖြင့် ပြန်လည် ကောင်းမွန် လာခဲ့၏။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်လဲ။ ”
လင်းယွန် တစ်ယောက် ထိတ်လန့် သွားသည်။ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို နားလည် ပြီးနောက်၊ ဤနဂါး လင်းတ မည်မျှ အစွမ်း ထက်ကြောင်း၊ ရှင်းလင်းစွာ မြင်နိုင်၏။
ကြောက်မက်ဖွယ် ကောင်းသော ဖိအား များက၊ သူ၏ စိတ်ဝိညာဉ် သို့တိုင်၊ ထိုးဖောက် ဝင်ရောက် လာသည်။
အခြားသော ဒဏ်ရာ များက စိုးရိမ်ဖွယ် မလိုတော့ သော်လည်း၊ လည်ပင်း အောက်ရှိ ဒဏ်ရာမှာ၊ မသက်သာ လှသေးချေ။
ထို့နောက် အကြေး ခွံများ ပြန့်ကျဲ လာပြီး ဒဏ်ရာအား ဖုံးအုပ် လိုက်သည်။ ထိုဒဏ်ရာကို ကြည့်ကာ၊ လင်းယွန် အတွေးနက် သွား၏။
၎င်းဒဏ်ရာမှာ လည်ပင်းရှိ၊ ဒဏ်ရာများ ထက်ပင် ပို၍ သေစေ နိုင်သောကြောင့်၊ သဘာဝ အရ ကာကွယ်ရန် အကြေးခွံ များကို၊ ဖန်တီး ပေးထားသည်။
“ ဓားသမား ... ငါ့ အသက်ကို ကယ်ပေးလို့ ကျေးဇူး တင်ပါတယ်။ ”
နဂါး လင်းတမှာ လူ စကား ပြောလာ ခဲ့ သော်လည်း၊ မချောမွေ့ ချေ။ ယင်းကို အံ့သြခြင်း မရှိဘဲ၊ လင်းယွန်က ခေါင်းညိတ် လိုက်သည်။
အစွမ်းထက်သော နတ်ဆိုး သားရဲ များမှာ၊ လူသားနှင့် ယှဉ်နိုင်သည့် ဉာဏ်ရည် ဉာဏ်သွေး မျိုးရှိပြီး၊ ကောင်းကင် ဝိညာဉ် နယ်မြေ သို့ ရောက်ရှိ ပါက၊ ယင်းကို စွမ်းဆောင် နိုင်မည် ဖြစ်သည်။
“ မင်းကို ဘယ်သူက ဒဏ်ရာ ရအောင် လုပ်ခဲ့ တာလဲ။ ”
ထိုမေးခွန်းကြောင့်၊ မရဏ မိုးကြိုး နဂါး လင်းတက၊ လင်းယွန်ထံ တစ်ချက် စစ်ဆေး ကြည့်ကာ၊
“ မင်းက သူ့ ပြိုင်ဘက် မဟုတ်ဘူး၊ ငါမင်းကို ပြောပြခဲ့ ရင်တောင် အသုံး မဝင်တာ သေချာတယ်၊ ... ”
“ ... သူက နဂါး မီးလျှံ သစ်သီးရဲ့ တည်နေရာကို သိချင် နေတာ၊ ငါက မပြောလို့၊ တိုက်ပွဲ ဖြစ်ခဲ့ တာပဲ၊ သူလည်း အခုထိ အသက်ရှင် နေသေးလား၊ ဆိုတာတော့ ငါ မသိဘူး။ ”
နဂါး လင်းတမှာ တည်ငြိမ်စွာ ဆိုနေ သော်လည်း၊ ကမ္ဘာပျက် မတက် ကြောက်စရာ ကောင်းသော တိုက်ပွဲ ဖြစ်မည်မှန်း၊ ခန့်မှန်း နိုင်သည်။
“ နဂါး မီးလျှံ သစ်သီးလား၊ ဒါက ... ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူရဲ့ အာရုံစိုက် မှုနဲ့၊ မထိုက်တန် ဖူးလို့ ငါ ထင်တယ် … ။ ”
လင်းယွန်က ရှုပ်ထွေး ဟန်ဖြင့် ရေရွတ် လိုက်သည်။ ခရမ်းရောင် နန်းတော် မတိုင်မီ ထိုရတနာအား သန့်စင်ခဲ့ ဖူးပေသည်။ ရှားပါး ရတနာ ဖြစ်သော်လည်း၊ ယခု အချိန်၌ စိတ်ဝင်စား တော့မည် မဟုတ်ချေ။
“ ဒါက နှစ်ပေါင်း (၃၀၀၀) ရှိပြီ၊ မီးနဂါးရဲ့ သွေးအဆီ အနှစ်နဲ့ စိုက်ပျိုးထား တာပါ။ ”
“ နှစ် (၃၀၀၀) ... ဟုတ်လား။ ”
ရုတ်တရက် အံ့သြ သွားသော လင်းယွန်၏ အမူ အရာကြောင့်၊
“ မင်း ... စိတ်ဝင် စားလား၊ ငါ မင်းကို ခေါ်သွား ပေးနိုင်တယ်၊ ဒါပေမယ့် မျှော်လင့်ချက် ကြီးကြီး မားမား မထားတာ ပိုကောင်းမယ်။ ”
ထို့နောက် လင်းယွန်အား ကျောပေါ် တက်ရန်၊ မရဏ မိုးကြိုး နဂါး လင်းတမှ အချက် ပြလာ တော့သည်။
***