အောင်မြင်မှု။
Vol. 55 Ch. 757
( ယူလို့ ... မရ ဖူးလား။ )
ခံစစ်ကို ဖျက်ဆီးပြီး နောက်တွင်ပင်၊ ၎င်းအား အရ မယူနိုင် သေးဘဲ၊ အပူလှိုင်း များနှင့် အတူ နဂါး ခေါင်းကြီး ရုတ်တရက် ထွက်ပေါ် လာသည်။
ယင်းကြောင့် သစ်သီးကို လွှတ်ကာ၊ လက်သီး သုံးချက်အား ထုတ်ဖော်လျက် ပြန်လည် ခုခံ လိုက်သည်။
အပူလှိုင်းကို မီတာ တစ်ရာ ထိတိုင်၊ ဆုတ်ခွာ ရှောင်တိမ်း လိုက်သော်လည်း၊ ခန္ဓာကိုယ် ထဲရှိ ဓားအရှိန် အဝါက၊ တုန်လှုပ် နေမြဲ ဖြစ်၏။
“ ပြီးပြီလား ... ၊ မင်းကို ငါ ဘာမှ မလုပ်နိုင် ဖူးလို့၊ တကယ် ထင်နေ တာလား။ ”
နဂါး မီးလျှံ သစ်သီးတွင်၊ စစ်မှန်သော ဉာဏ်ရည် ညာဏ်သွေးမျိုး ပိုင်ဆိုင် ထားပြီး၊ မီးနဂါး၏ ကြမ်းရှသော ဗီဇကို၊ အမွေ ဆက်ခံ ထားသည်။
ဒေါသကြောင့် မျက်ဝန်းများ စူးရှ လာပြီး၊ လက်နှစ်ဘက်နှင့် တံဆိပ် များကို ဖန်တီးကာ၊ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက် လိုက်သည်။
ဤတစ်ကြိမ်တွင် ဝိညာဉ်ရေး ဓားကို အထိန်း အကွပ်မဲ့စွာ ထုတ်လွှတ် လိုက်သဖြင့်၊ လုပ်ဆောင်မှုတိုင်း နှေးကွေး သွားခဲ့၏။
ခြေလှမ်း တိုင်းတွင်၊ မိုးကုပ် စက်ဝိုင်းကို ဖြတ်သော ဓား အလင်းများ ဖြာထွက် လာကာ၊ ပတ်ဝန်းကျင်အား တောက်ပ သွားစေသည်။
ဆယ်လှမ်း လှမ်းပြီးနောက်၊ ဓားအရှိန် အဝါမှာ သူ့ခန္ဓာ ကိုယ်မှ ကိုင်တွယ် နိုင်သည့်၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွားသည်။
နဂါး မီးလျှံ သစ်သီးမှာ၊ ခြိမ်းခြောက် မှုကို ခံစားလာ ရသဖြင့်၊ ရွှေရောင် နဂါး တစ်ကောင် အဖြစ်၊ မီးတောက် များကို ပြောင်းလဲ ပစ်သည်။
ဝိညာဉ်ရေး ဓားအား၊ ကန့်သတ် ချက်သို့ တွန်းထုတ် နေချိန်တွင်၊ မီးနဂါး ဝင်လာ သည်ကို မြင်လိုက်ရ သောကြောင့်၊ မြေပြင်ထံ လက်ဝါး တစ်ချက် ရိုက်ချ လိုက်၏။
“ ဟိတ် ... ။ ”
ပိုးစုန်းကြူး တစ်ကောင်သည်၊ နေနှင့် လအား ယှဉ်ချင် နေပေသည်။ အလင်းမှုန် များက၊ လင်းယွန် တစ်ဝိုက် စတင် စုစည်း လာ၏။
လက်ဖဝါး ချက်ကြောင့် ကြောက်စရာ ကောင်းသော လျှိုမြောင်ကြီး ဖြစ်ပေါ် လာကာ၊ ဖုန်မှုန့်များ ထောင်းထောင်းထ သွားသည်။
ထိုနောက် မီးနဂါး ကြီးထံ အရှိန်ဖြင့်၊ ပျံတက်သွားပြီး၊ အပိုင်းပိုင်း ခွဲပစ် လိုက်သည်။ ၎င်းကို မြင်ချိန်၌၊ နဂါး မီးလျှံ သစ်သီးက ထွက်ပြေးရန် ကြိုးစား တော့၏။
“ မင်း ထွက်သွား ချင်လား၊ နောက်ကျ သွားပြီ။ ”
နဂါး မီးလျှံ သစ်သီးကို အေးစက်သော အပြုံးဖြင့်၊ လှမ်းကိုင် လိုက်သည်။
ရွှေရောင် အလင်းတန်းကို ဖမ်းဆုပ် လိုက်သော အခါတွင်၊ ကြမ်းကြုတ်သည့် နဂါး တစ်ကောင် ဖမ်းမိထား သကဲ့သို့၊ ခံစား လိုက်ရ၏။
သက်ရှိ တစ်ကောင် အသွင်၊ ရုန်းကန်နေ သော်လည်း၊ ဝိညာဉ်ရေး ဓားရည်ရွယ်ချက်က၊ လုံးလုံး လျားလျား ဖိနှိပ် နိုင်ခဲ့သည်။
ဆယ့်ငါးမိနစ် အကြာ၌၊ ရွှေရောင် အလင်းများ ပျောက်ကွယ် သွားပြီး၊ သစ်သီး တစ်လုံး ထွက်ပေါ် လာ၏။
သစ်သီး၏ မျက်နှာပြင် ပေါ်တွင် ပန်းချီဆွဲ ထား သကဲ့သို့ မီးနဂါးကြီး တစ်ကောင် အသွင်၊ ကွက်ကွက် ကွင်းကွင်း ဖြစ်ပေါ် နေသည်။
“ တကယ် ... အောင်မြင် ခဲ့တာပဲ။ ”
နဂါး လင်းတက လင်းယွန် အနား ဆင်းလာပြီး၊ မယုံကြည် နိုင်စွာဖြင့်၊ ရေရွတ် လိုက်သည်။
“ တစ်ဝက်ကို မင်း ... ပိုင်တယ်။ ”
အနား ရောက်လာသော နဂါး လင်းတထံ ပြန်လှည့်ပြီး၊ လင်းယွန်က ပြုံးကာ ဆိုသည်။
“ မဟုတ်ဘူး ... ၊ ငါ မလိုဘူး၊ ငါ့ အသက်ကို မင်း ... ကယ်ခဲ့တယ်၊ ပြီးတော့ သွေးစွန်းသော ဧည်ခံပွဲ၊ မကြာမီ စတင် တော့မယ်၊ ... ”
“ ... ဒါကို သန့်စင် သင့်တယ်၊ ငါ့မှာ နဂါး မျိုးဆက် သွေးနဲ့ ရှည်လျားတဲ့ သက်တမ်းလည်း ရှိတယ်၊ ရတနာတွေ အများကြီး မလိုဘူး။ ”
နဂါး လင်းတက ငြင်းပယ် ခဲ့သည်။
“ သွေးစွန်းသော ဧည့်ခံပွဲကို မင်းရော သိတယ်လား။ ”
“ ဘယ်လို ထင်လဲ ... ၊ ငါ့ အသက်က နှစ်ပေါင်း ရာနဲ့ချီ ရှိနေပြီ၊ ပြီးတော့ ကောင်းကင် မိစ္ဆာ ခန်းမက၊ ငါ့ကို ဖိတ်ခေါ် ခဲ့ဖူးတယ်၊ ဒါပေမယ့် ငြင်းပယ် လိုက်တယ်။ ”
နဂါး လင်းတက ပြန်ဖြေသည်။
“ ဘာ လို့ လဲ။ ”
ကောင်းကင် မိစ္ဆာ ခန်းမ၏ ကမ်းလှမ်းချက်ကို အဘယ်ကြောင့် ငြင်းဆိုခဲ့ သည်ကို လင်းယွန် နားမလည် နိုင်ခေျ။
ကောင်းကင် မိစ္ဆာ ခန်းမ ဟူသည်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ အုပ်စိုးရှင် အင်အားစု တစ်စု ဖြစ်သဖြင့်၊ နတ်ဆိုး သားရဲ များ အတွက်၊ ကျင့်ကြံမှု နည်းစနစ်များ ရှိမည်မှာ သေချာသည်။
နဂါး လင်းတက လင်းယွန်ကို တစ်ချက် ကြည့်လိုက်ပြီး၊
“ နတ်ဆိုးနဲ့ ... ၊ နတ်ဆိုး သားရဲ တွေက မတူဘူး၊ နတ်ဆိုး သားရဲ တွေက မြင့်မားတဲ့ နယ်ပယ် ရောက်ရင်၊ သားရဲ ဗီဇကို ဖယ်ရှား နိုင်တယ်၊ ... ”
“ ... ပြီး၊ မိစ္ဆာ အမြင်ကို ထိန်းသိမ်း ထားနိုင်တယ်၊ လူသား တွေလို မဟုတ်ဘူး၊ ဒါကြောင့် နတ်ဆိုး သားရဲကြီး တွေရဲ့၊ သားမြေး တွေမှာ သားရဲ ဗီဇ မရှိ တော့ဘူး၊ ... ”
“ ... အဲဒီလို မြင့်မြတ်တဲ့ မျိုးဆက် သွေးကို ဆက်ခံ နိုင်တဲ့ သားရဲမျိုး၊ ဒီပယင်း ကမ္ဘာကြီးမှာ မရှိ အောင်ကို ရှားတယ်၊ ... ”
“ ... ငါက ငါ့ရဲ့ သားရဲ ဗီဇကို ထိန်းပြီး၊ ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ အဖြစ်၊ တက်လှမ်း ဖို့ ဆန္ဒ ရှိတယ်၊ ... ”
“ ... ပြီးရင် သူတော်စင် သားရဲ၊ ကောင်းကင်ဘုံ သားရဲ တစ်ကောင် အဖြစ်၊ ရပ်တည် ချင်တယ်၊ ဒါကြောင့် သူတို့ကို ငါ ငြင်းခဲ့ တာပဲ။ ”
ဤသို့သော လျှို့ဝှက်ချက် များကို၊ ပထမဆုံး အကြိမ် ကြားသိ ရခြင်း ဖြစ်သည်။ ယင်းမှာ ကွဲပြားသော လမ်း နှစ်သွယ် ဖြစ်ပြီး၊ မည်သည့် လမ်းမှ ပိုကောင်း နိုင်မည်ကို၊ မပြော နိုင်ချေ။
“ နှစ်ပေါင်း သုံးထောင်ကျော် သက်တမ်း ရှိတဲ့၊ ဒီနဂါး မီးလျှံ သစ်သီးကို သန့်စင်ဖို့ မလွယ် ဘူး၊ ဖြည်းဖြည်းချင်း ကြိုးစားဖို့ အကြံပြု ချင်ပါတယ်၊ မင်းကို ကာကွယ်ဖို့၊ ငါ ဒီမှာ နေပေး နိုင်တယ်။ ”
နဂါး လင်းတက လိုလို ချင်ချင် ပြောလာ ခဲ့သည်။
“ ဒါဆို ... ၊ ကျေးဇူးတင် ပါတယ်။ ”
နဂါး လင်းတမှာ သူ့အား၊ ကာကွယ်လို စိတ်ရှိ သောကြောင့်၊ သဘာဝ အတိုင်း ငြင်းစရာ အကြောင်း မရှိပေ။
နဂါး မီးလျှံ အသီးတွင် ပါရှိသော စွမ်းအင်မှာ၊ များပြား လွန်းသည့် အတွက်၊ သန့်စင်ရန် အထူး အာရုံ စိုက်ရ ပေမည်။
“ နဂါး ခြေသည်းနဲ့ ... ၊ အရင် စမယ်။ ”
သစ်သီး ထံမှ နဂါး ခြေသည်းကို ဖဲ့ယူကာ မျိုချ လိုက်၏။ ပါးစပ်ထဲ ဝင်သွား သည်နှင့်၊ ချက်ချင်း အရည်ပျော် သွားပြီး၊ စွမ်းအင် တစ်ခု တောက်လောင် လာသည်။
မျက်နှာ အနှံ့ နီရဲ လာကာ၊ အခိုး အငွေ့များ ခေါင်းမှ ထောင်းထောင်းထ လာ၏။ အာနိသင် မှာ ကြောက်စရာ ကောင်းလွန်း ပေသည်။
မိုးပြာ နဂါး မူလ ပုံစံကို၊ ဖြန့်ကျက်လိုက် သည်နှင့်၊ ထို အာနိသင်အား လောဘ ကြီးစွာ ချက်ချင်း ဝါးမျို သွား၏။
နဂါး တစ်ကောင်၏ စွမ်းအင်များ၊ သူ့ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့ လာသည်။ ရင်ဘတ် ပေါ်ရှိ နဂါး အမှတ် အသား ပွင့်လာပြီး၊ နှလုံးသားမှာ စွမ်းအား အပြည့်ဖြင့် တဆတ်ဆတ် တုန်သွား၏။
နှလုံး တစ်ချက်ခုန် လိုက်တိုင်း၊ လေထု အတွင်း၊ ကြမ်းတမ်းသော စွမ်းအင် တစ်ခု သက်ရောက် လာသည်။
လင်းယွန် ထံမှ ထွက်လာသော အငွေ့ အသက် များကို ကြည့်ပြီး၊ နဂါး လင်းတမှာ၊ မျက်လုံးများ တောက်ပ သွား၏။
များ မကြာမီ မိုးပြာ နဂါး မူလ ပုံစံက၊ လျင်မြန်စွာ တိုးတက် လာကာ၊ မျက်စိ တစ်မှိတ် အတွင်း အောင်မြင်မှု တစ်ခုအား၊ ရယူ ခဲ့သည်။
လင်းယွန်၏ ထိန်းချုပ်မှု အောက်တွင်၊ နဂါး စွမ်းအင်က ခန္ဓာကိုယ် တစ်လျှောက် ဖြတ်သန်း သွားပြီး၊ အရှိန်အဝါ များနှင့် ပေါင်းစပ် နေခဲ့ သည်။
လက်သီး တစ်ချက်ဖြင့်၊ သာမန် အဆင့် တော်ဝင် လက်နက် များကို၊ အလွယ်တကူ ဖြိုခွဲ နိုင်ပြီ ဖြစ်သည်။
မိုးပြာ နဂါး မူလ ပုံစံတွင်၊ နောက်ထပ် အောင်မြင်မှု တစ်ခုကို ပြုလုပ် ခဲ့ပြီး၊ မျက်စိ တစ်မှိတ် အတွင်း ဆယ်ရက် ကုန်သွား၏။
သူ့ ခန္ဓာကိုယ် ပေါ်ရှိ နဂါး ရူရ် များက၊ (၂၁)လုံး အထိ တိုးလာကာ အိုး တန်ဘိုးဖြင့် တွက်ပါက၊ (၂၁၀) သော ဆေးကြိုအိုး ခွန်အားနှင့် ညီမျှ၏။
မျက်ဝန်းများ ပြန်ဖွင့် လာပြီး၊ နဂါး လင်းတကို ပြုံးလျက်၊ “လာ ... ၊ ” -ဟု ဖိတ်ခေါ် လိုက်သည်။
ထို့နောက် မြေပြင်ကို ခြေဖြင့် ပုတ်လျက်၊ နဂါး လင်းတထံ ဦးတည် ပြေးဝင် လိုက်၏။ နဂါး လင်းတက လက်သည်းကို ဖွင့်ကာ၊ ကုပ်ဆွဲ လိုက်သည်။
“ ဝှစ် ... ။ ”
လျင်မြန် လွန်းသဖြင့်၊ မရှောင်တိမ်း နိုင်ခဲ့ဘဲ၊ နှုတ်ခမ်းမှ သွေးများ စီးကျကာ၊ မြေပြင် ပေါ်သို့ ပြန်လည် ပြုတ်ကျ သွားတော့၏။
“ မင်းက အရမ်း အားနည်း သေးတယ်၊ ဒါက ငါ့ ခွန်အားရဲ့ (၃၀%) ပဲ။ ”
အပျက်အစီး ချိုင်းဝှမ်း အတွင်း နစ်မြုပ် နေသော လင်းယွန်ထံ လှမ်း ကြည့်ကာ၊ နဂါး လင်းတမှ ပြောကြား လိုက်၏။
“ အား ... အရမ်း နာတယ် ။ ”
အရိုးများ ကွဲအက် သွားသည်။ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ တစ်ကောင်အား၊ ရုပ်ခွန်အား သက်သက်ဖြင့် ရင်ဆိုင်သော လုပ်ရပ်မှာ၊ ရူးမိုက်လွန်း ပေသည်။
ဤမြင်ကွင်းကို အခြားသော လူ တစ်ဦး တစ်ယောက်သာ၊ မြင်လိုက် ရပါက၊ ထိတ်လန့် သွားမည် ဖြစ်သည်။
“ ငါ ... အလျင် မလို ပါဘူး။ ”
လင်းယွန်က ပြုံးပြီး၊ သစ်သီး၏ နဂါး အမြီးကို ဖဲ့ယူ မျိုချ လိုက်သည်။ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ တစ်ကောင်အား တိုက်ခိုက်ရန် အတွက်၊ မိုးပြာ နဂါး မူလ ပုံစံမှာ၊ မြင့်မားသော အဆင့်သို့ ရောက်ရှိ နေရန်၊ လိုအပ်ကြောင်း သူ သိသည်။
နဂါး လင်းတမှာ သာမန် အုပ်စိုးရှင် သားရဲမျိုး မဟုတ်ဘဲ၊ နဂါး မျိုးဆက် သွေးကို ရရှိ ထားသော ဘုရင် အဆင့် သားရဲ ဖြစ်လေ သည်။
ခြောက်ရက် အကြာတွင်၊ အသွင် ကူးပြောင်း လာပြီး၊ ရှေးဟောင်း သားရဲကြီး တစ်ကောင် ကဲ့သို့၊ အသက် စွမ်းအင်များ ပြည့်နှက် သွား၏။
ယင်းမှာ မိုးပြာ နဂါး မူလ ပုံစံ၏ ပဉ္စမ အဆင့်ကို၊ ရောက်ရှိ သွားသော လက္ခဏာ တစ်ရပ် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ပေါ် ပျံတက် လိုက်ပြီး၊ နဂါး လင်းတအား တိုက်ခိုက် ခဲ့ သော်လည်း၊ ပြန်လည် လွင့်စဉ် ရပြန်သည်။
ယခု တစ်ကြိမ်တွင် ညာဘက် လက်မောင်းရိုး ကျိုးသွားပြီး ဖြစ်ရာ၊ နာကျင်မှုမှာ ပို၍ ဆိုးရွာ သွား၏။
လင်းယွန်ကို ကြည့်ပြီး၊ နဂါး လင်းတက ခွန်အား (၅၀%) ကို၊ မတော်တဆ အသုံးပြု မိခဲ့ ခြင်းကြောင့် ဖြစ်သည်။
သို့သော် ထိုဒဏ်ရာ များမှ၊ ပြန်လည် ကောင်းမွန် လာရန်၊ အချိန် သုံးရက်သာ လိုပေ ၏။ ဤမျှ ပြန်လည် ကောင်းမွန်လာ နိုင်နှုန်းမှာ၊ အံ့ဩဖွယ် ပေပင်။
လဝက်ခန့် ထပ်မံ ကုန်ဆုံး ပြီးနောက်၊ မိုးပြာနဂါး မူလ ပုံစံကို၊ ဆဠမ ပုံစံသို့ တိုးမြှင့် ဆုပ်ကိုင် နိုင် ခဲ့သည်။
ထို့နောက် နဂါး လင်းတနှင့်၊ တတိယ အကြိမ် တိုက်ခိုက် မိပြန်၏။ သူ့ ခန္ဓာကိုယ် ပေါ်ရှိ နဂါး ရူရ် များမှ၊ ကြောက်မက်ဖွယ် အရှိန် အဝါများ ထွက်ပေါ် လာသည်။
ရူရ် ပေါင်း (၅၄) လုံး အထိ၊ လင်းလက် သွားသဖြင့်၊ နောက်ပြန် ဆုတ်စရာ မလိုဘဲ၊ တည်ငြိမ်အောင် ထိန်းထား နိုင်ခဲ့သည်။
မရဏ မိုးကြိုး နဂါး လင်းတ မှာမူ၊ မူလ နေရာမှ (၁) လက်မ ပင် မရွေ့ ခဲ့ချေ။
“ ခရမ်းလေး ... ၊ မင်းက အုပ်စိုးရှင် အဆင့် အရှိန်အဝါ ကိုတောင် မသုံးခဲ့ ဖူးကိုး။ ”
လင်းယွန်၏ အမည်ပြောင် ကြောင့်၊ နဂါး လင်းတမှာ လေးနက် သွားသည်။
“ ငါ့ကို နောက်ကြိမ် ခေါ်ကြည့်စမ်း ... ၊ အုပ်စိုးရှင် တစ်ပါးရဲ့ ဖိအားက ဘာလဲ ဆိုတာ၊ မင်းကို ခံစားခွင့် ပေးမယ်။ ”
“ အိုကေ အိုကေ၊ ငါ နားလည်ပြီ ... ခ ရမ်း လေး ။ ”
“ ဖ ရူး ... ။ ”
နဂါး လင်းတက အတောင်ပံ များကို ခတ်လိုက်ပြီး၊ ဟောက်သံ နှင့်အတူ၊ အသံ လှိုင်းများ ထုတ်လွှတ် လိုက်၏။
ယင်းကြောင့် ကိုးရိုး ကားရားဖြင့်၊ လင်းယွန် တစ်ယောက် ဘေးသို့ အမြန် ရှောင်ထွက် လိုက် ရသည်။
ထိုအချိန် မှာပင် ကြမ်းကြုတ်သော ရောင်ဝါ အချို့၊ ရုတ်တရက် ထွက်ပေါ် လာ၏။
လင်းယွန်က ချက်ချင်းပင် ခေါင်းမော့ ကြည့်လိုက်ရာ၊ တိမ်ယံ ထက်မှ ဖြတ်သန်း သွားသော၊ ရွှေရောင် အလင်း တန်းအား၊ လှမ်းမြင် လိုက်ရသည်။
ထိုအလင်းတန်းကြောင့် တိမ်တိုက်များ အားလုံး၊ အရည်ပျော် လာကာ၊ မိုး အဖြစ်သို့ ပြောင်းလဲ ရွာကျ ကုန်၏။
ကျင့်ကြံသူ တစ်ဦးမှ ဆင့်ခေါ် ခံလိုက် ရသော ဤမိုးရေ စွမ်းအား ဖြင့်ပင်၊ လင်းယွန် နှလုံးသား တုန်လှုပ် သွားသည်။
“ လွန်ခဲ့တဲ့ တစ်လ တုန်းက၊ ငါ့ကို တိုက်ခိုက် ခဲ့တာ ဒီလူပဲ၊ ဒဏ်ရာတွေ ပျောက်ကင်း ကုန်တဲ့ အပြင်၊ သူ ပိုပြီး သန်မာ လာတယ်၊ ... ”
“ ... ငါသာ မမှားရင်၊ သူက ဘုရင် သုံးပါး ထဲက တစ်ပါး ဖြစ်တဲ့ ရန်လောင်ဇီပဲ။ ”
နဂါး လင်းတက လင်းယွန်ထံ တစ်ချက် ပြန်လှည့် ကြည့်ပြီး၊
“ မင်း ... ၊ ဒီထက် ပိုပြီး အားစိုက် ရမယ် ကောင်လေး။ ” -ဟု ဆိုလိုက်၏။
လင်းယွန်က ရွှေရောင် အလင်းတန်းကို ကြည့်ကာ၊ အံ့ဩ မှင်တက် သွားသည်။
ဘုရင် သုံးပါး၏ ခွန်အားမှာ၊ နဂါး လင်းတ အပေါ်၊ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဒဏ်ရာမျိုး၊ ပေးစွမ်း နိုင်သည် အထိ၊ သန်မာ နေလိမ့် မည်ဟု၊ မထင်ထား မိချေ။
***