ဂိုဏ်းသို့ ပြန်ခြင်း။
Vol. 55 Ch. 758
ကြည့်ရ သည်မှာ ဒဏ်ရာမှ ပြန်လည် သက်သာလာ ပြီးနောက်၊ နဂါး မီးလျှံ သစ်သီးကို ရှာမတွေ့ သဖြင့်၊ ထွက်ခွာ သွားခြင်း ဖြစ်ပေ မည်။
“ ရန်လောင်ဇီ ... ၊ သူက ဘယ်ဂိုဏ်း ကလဲ၊ ခရမ်းလေး ... မင်း သူ့အကြောင်း တစ်ခုခု သိ သေးလား။ ”
“ သိတယ် ... ၊ သူက ကောင်းကင် မိစ္ဆာ ခန်းမ ကပဲ၊ သူ့မှာ ကြမ်းကြုတ်တဲ့ ဗီဇ ရှိတယ်၊ သူ့နာမည် အတိုင်းပဲ၊ ရန်လောင်ဇီ ထံမှာ နဂါး မျိုးဆက်သွေး၊ အချို့ကို ခံစားမိတယ်။ ”
နဂါး လင်းတက ပေါ့ပေါ့ ပါးပါးပင်၊ ပြန်ပြော ပြလိုက်၏။
( Yan Long’ ဟူ သည်မှာ၊ တရုတ် ယဉ်ကျေးမှုတွင်၊ နဂါး များကို ရည်ညွှန်း ချေသည်။
ထို့ကြောင့် ၎င်း အမည်ကို မြန်မာမှု ပြုရာ၌၊ ရန်လောင်ဟု သုံးနှုန်း ထားပါသည်။ )
“ သူ ... တကယ် သန်မာတယ်။ ”
လင်းယွန်က ဝန်ခံ လိုက်သည်။ ထိုရန်လောင်ဇီ ထွက်ခွာ သွားပြီးနောက်၊ သဘာဝ ဖြစ်စဉ်မှာ၊ ပျောက်ကွယ် သွား၏။
၎င်းဦးတည်ရာ အရပ်သည် သားရဲ ဒီရေ ရှိရာ၊ ဓားနက်မြို့ ဖြစ်ပြီး၊ ဖြစ်ပေါ် လာမည့် လှိုင်း များကို စိတ်ကူး မယဉ် နိုင်ပေ။
“ ငါ ... ဆက်လုပ် ရမယ် ။ ”
ထိုလူ ထံမှ လာသော ဖိအားမှာ၊ ကြီးမား လှသဖြင့်၊ နဂါး မီးလျှံ သစ်သီး တစ်ဝက်ကို မျိုချ လိုက်သည်။
ခန္ဓာ ကိုယ်ထဲ ရောက်သည်နှင့်၊ မီးများ တောက်လောင် လာကာ၊ အဝတ် အစားများ ချက်ချင်း လောင်ကျွမ်း သွား၏။
မျက်ဝန်း များ၌၊ ရွှေရောင် မီးလျှံများ တောက်လောင် လာပြီး၊ သွေးများ ပွက်ပွက်ဆူ လာကြသည်။
နဂါး ဟောက်သံ နှင့်အတူ၊ နဂါး ရူရ် (၅၄)လုံး အသက်ဝင် လာပြီး၊ အာနိသင် များကို၊ လျှပ်စီး စွမ်းအင် အဖြစ်၊ ချက်ချင်း သန့်စင် နေပေ၏။
လေပြင်းများ တိုက်ခတ် လာစဉ်၊ ခန္ဓာကိုယ် အနှံ့ လျှပ်စီး ကြောင်းများ ထွက်ပေါ် လာတော့ သည်။
“ လေနှင့် လျှပ်စီး ... ၊ ဒါ မိုးပြာ နဂါးရဲ့ မြင့်မြတ်သော စွမ်းရည်ပဲ။ ”
လင်းယွန်ကြောင့် ဖြစ်ပေါ် လာသော ဖြစ်စဉ်ကို ကြည့်လိုက်ပြီး၊ နဂါး လင်းတ တုန်လှုပ် သွားသည်။
ဤလူငယ်ကို မမြင်နိုင် တော့ သဖြင့်၊ မရဏ မိုးကြိုး နဂါး လင်းတက ရှုပ်ထွေးစွာ လှမ်းကြည့် လိုက်မိသည်။
ထိုစဉ်က သူ့အား သတ်ရန်၊ အခွင့် အရေး ရှိချေပြီ။ နဂါး မျိုးဆက်သွေး ပါရှိသော အုပ်စိုးရှင် အဆင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ တစ်ကောင်၏၊ သားရဲ အမြုတေမှာ၊ နှစ် (၃၀၀၀) နဂါး မီးလျှံ သစ်သီးထက်၊ များစွာ တန်ဖိုး ရှိချေ၏။
သို့သော် လင်းယွန်က မသတ် ခဲ့ချေ။ ဤသည်မှာ သူ၏ သွေးအဆီ အနှစ်ကို ခိုးယူ ထားမိခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။
တစ်ဖက် လူ၏ အတွေးကို မမြင်နိုင် သောကြောင့်၊ နားမလည် နိုင်ခဲ့ချေ။ အဆုံးတွင် မျက်လုံး မှိတ်လျက်၊ သက်တောင့် သက်သာ အနေ အထားဖြင့်၊ အနားယူ လိုက်တော့သည်။
နဂါး မီးလျှံ သစ်သီး၏ များပြားသော ပမာဏကို စားသုံး ခြင်းဖြင့်၊ ဤလူငယ်မှာ ရူးသွပ် နေကြောင်း၊ ဝန်ခံ ရပေမည်။
ခုနစ်ရက် ကုန်လွန် ပြီးနောက်၊ ထို့ထက် ပို၍ ရူးသွပ်ဖွယ် ကောင်းသော အရာကို ထပ်မံ လုပ်ဆောင် ခဲ့ပြန်သည်။
ယင်းမှာ ကျန်သော အစိတ် အပိုင်းများ အားလုံး၊ မျိုချ လိုက်ခြင်း ဖြစ်၏။ ၎င်းတွင် စွမ်းအင် အများစုကို၊ သိုလှောင် ထားသည့် နဂါး နှလုံးသား ပါဝင် လေသည်။
ရွှေ မီးတောက်များ ကောင်းကင်ပေါ်၊ ပျံတက် လာကာ၊ မိုးကြိုး တိမ်တိုက် များကို ချက်ချင်း ဝါးမျို သွားခဲ့၏။
ကောင်းကင်ကြီး တစ်ခုလုံး မီးတောက် များဖြင့် ပြည့်နှက်လာ သောကြောင့်၊ မီးနဂါး တောင်ကုန်းရှိ နတ်ဆိုး သားရဲများ ထိတ်လန့် သွားသည်။
“ မိုးပြာ နဂါး မူလ ပုံစံ၊ ... ချိုး ဖြတ် စမ်း ။ ”
ဆံပင်များ လေထဲ ဝဲပျံ နေစဉ်၊ လင်းယွန် ခန္ဓာကိုယ် အနှံ့ လျှပ်စီးများ လက်လာ၏။ နဂါး မီးလျှံ သစ်သီးကို သန့်စင် ခြင်းဖြင့်၊ သတ္ထမ ပုံစံသို့၊ ရောက်ရှိ လာပြီ ဖြစ်သည်။
ဤသည်မှာ လွန်ခဲ့သော နှစ် (၃၀၀၀)မှ၊ ဘိုဘေး ဂျင်ဝူမင် ချန်ထား ခဲ့သည့် အခွင့် အရေး တစ်ရပ် ဖြစ်ပေ၏။
ဓားနန်းတော်၏ တပည့် တစ်ဦး အနေဖြင့်၊ လင်းယွန်က ရိတ်သိမ်း နိုင်ခဲ့သည်။
ဤတစ်ကြိမ် သွေးစွန်းသော ဧည့်ခံပွဲတွင်၊ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါးကို ရင်ဆိုင်ကာ၊ ပန်းသင်္ချိုင်း ဓားအား တောက်ပ စေလို၏။။
ဆယ်ရက် တိုင်တိုင် ထပ်မံ ကုန်ဆုံး ပြီးနောက်၊ လင်းယွန် မျက်လုံးများ ပွင့်လာကာ၊ ကောင်းကင်ရှိ မီးတောက်များ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။
မီးတောက်များ ပျောက်ကွယ် သွားသည်နှင့်၊ တောက်ပသော နေရောင်ခြည်များ ဆင်းသက် လာသည်။
သက်ပြင်း တစ်ချက် ချကာ၊ ထိုနေ ရောင်ခြည်ကို၊ လက်ဆန့် ခံလိုက်ပြီး၊ အိပ်ပေျာ် နေသော နဂါး လင်းတထံ ပြန်ကြည့် မိသည်။
သူ၏ ရုပ်ခန္ဓာမှာ အခြား သူများ ကဲ့သို့၊ ကြံ့ခိုင်သော ကြွက်သားများ မရှိ သော်လည်း၊ အစိတ်အပိုင်း တိုင်းတွင်၊ ပေါက်ကွဲ စွမ်းအား များဖြင့်၊ ပြည့်နှက် နေေပသည်။
မိုးပြာ နဂါး မူလ ပုံစံမှာ၊ သတ္ထမ အဆင့် ရောက်ရှိ ပြီးနောက်၊ နဂါး ရူရ် (၇၂) လုံး အထိ၊ ကြီးထွား လာခဲ့သည်။
ထို ရူရ် များမှ ရှေးဟောင်း သားရဲကြီး တစ်ကောင် ကဲ့သို့ ကြမ်းကြုတ်သော အရှိန်အဝါ များ ပေးစွမ်း ပေ၏။
ခန္ဓာကိုယ် အတွင်း အကန့် အသတ် မရှိသော နဂါး စွမ်းအင်များ စီးဆင်း လာပြီး၊ သူ့သွေးများ ပွက်ပွက်ဆူ လာသည်။
ချွေးပေါက်များ ပွင့်ကာ၊ ခရမ်းရောင် အခိုး အငွေ့များ တိုးထွက် လာ၏။ ဤဖြစ်စဉ် မျိုးမှာ၊ တစ်ကြိမ် ဖြစ်ပွားခဲ့ ဖူးသော်လည်း၊ ယခု ကဲ့သို့ ချောမွေ့ခြင်း မရှိချေ။
ဖြည်းညှင်းစွာ ထရပ် လိုက်ချိန်၌၊ စွမ်းအား အပြည့် တောက်လောင် နေသော ခရမ်းရောင် နေမင်းကြီး နှင့်တူ၏။
“ ခရမ်းလေး ... ၊ ငါနဲ့ ခဏလောက် အချိန် ဖြုန်းပေးပါ။ ”
နဂါး လင်းတ၊ မျက်လုံးများ ပွင့်လာပြီး၊ လင်းယွန် အပေါ် အကြည့်များ ကျဆင်း သွားသည်။ ဤတစ်ကြိမ်တွင် အနည်းငယ် လေးနက် လာပေ၏။
အုပ်စိုးရှင် အဆင့် ကောင်းကင် ဝိညာဉ် နယ်မြေ အရှိန်အဝါ ဖိအားကို၊ လင်းယွန် အပေါ်၊ သက်ရောက် စေလိုက်သည်။
“ နောက်ဆုံးတော့ မင်း လေးနက် လာပြီ။ ”
စိတ်လှုပ်ရှား နေသော်လည်း၊ လင်းယွန်က ဓားကို မထုတ် ခဲ့ပေ။ မိုးပြာ နဂါး မူလ ပုံစံနှင့် အတူ၊ ဖြည်းညှင်းစွာ လျှောက်လှမ်း မိသည်။
ထို့နောက်တွင် နဂါး ရူရ် (၇၂)လုံး တောက်ပ လာပြီး၊ နဂါး လင်းတနှင့် ထိပ်တိုက် တွေ့ သွားသည်။
ဤအခိုက် အတန့်တွင် နဂါး အမှတ် အသား ပွင့်လျက်၊ စစ်မှန်သော မိုးပြာ နဂါး တစ်ကောင် ကဲ့သို့၊ နဂါး လင်းတကို တွန်းထုတ် နိုင်ခဲ့၏။
“ ဘယ်လိုလဲ ... ၊ ဒါဆို ရန်လောင်ဇီနဲ့ ယှဉ်နိုင် ပြီလား။ "
လင်းယွန်က ပြုံးကာ မေး လိုက်သည်။ နဂါး လင်းတက သူ၏ ကြီးမားသော ခန္ဓာ ကိုယ်ကို တောင်ပံ များဖြင့် ထိန်ညှိပြီး၊
“ ပြောရ ခက်တယ်၊ သူနဲ့ ငါက သေခြင်း အတွက် ရုန်းကန် ခဲ့ရတယ်၊ မင်းရဲ့ အုတ်မြစ်က အားနည်း နေသေး ပေမယ့်၊ သူ့ကို တိုက်ဖို့ အရည် အချင်း ရှိပါတယ်။ ”
ရန်လောင်ဇီမှာ လွန်ခဲ့သော လေးနှစ်က၊ ဘုရင် သုံးပါး ထဲမှ တစ်ပါး ဖြစ်သဖြင့်၊ အခြေခံ အုတ်မြစ် အရ၊ လင်းယွန် တစ်ယောက် ယှဉ်နိုင် စရာ၊ အကြောင်း မရှိပေ။
လေးနှစ် ကုန်လွန် ပြီးနောက်၊ ပို၍ သန်မာလာ မည်မှာ၊ သေချာသည်။ ထို့ကြောင့် ၎င်းနှင့် နှိုင်းယှဉ် ရပါက၊ လင်းယွန် အားနည်း နေသေးကြောင်း၊ ထင်ရှား ပေ၏။
သို့သော်၊ ဓားသုတ္တန်မှာ ဓား သူတော်စင်မှ ဆင်းသက် လာသောကြောင့်၊ ဓားတာအို၌ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရှိ၊ ပါရမီ ရှင်များ အားလုံးကို၊ ကျော်လွန် နိုင်ချေသည်။
ဓားသမား တစ်ယောက် အနေဖြင့်၊ အလွယ်တကူ အရှုံး ပေးမည် မဟုတ်ချေ။ အနိုင် ယူ နိုင်သော်မှ၊ တန်းဖိုး တစ်ခု ရန်လောင်ဇီမှ ပေးချေရ ပေလိမ့်မည်။
“ မင်းရဲ့ ကျင့်ကြံမှု နည်းစနစ်ကို၊ ငါ လေ့ကျင့် နိုင်တယ် … ။ ”
နဂါး လင်းတက ဆိုင်းငံ့ နေသည့်၊ မျက်ဝန်း များဖြင့် ပြောလိုက်သည်။
“ အိုး ... ။ ”
လင်းယွန်မှာ အံ့အားသင့် သွားသည်။ နတ်ဆိုး သားရဲ များသည် လူသား တို့၏ ကျင့်ကြံမှု နည်းစနစ်ကို လေ့ကျင့် နိုင်မှန်း သူ မသိချေ။
သို့သော် ချက်ချင်း ဆို သလိုပင်၊ ဖြစ်နိုင် စရာ အချက် အလက် အချို့အား၊ ကောက်ယူ မိသည်။
မိုးပြာ နဂါး မူလ ပုံစံသည် မိုးပြာ နဂါးမှ ဆင်းသက် လာပြီး၊ ၎င်းကို ကျင့်ကြံရန် လိုအပ် ချက်မှာ၊ မိုးပြာ နဂါး သွေး ဖြစ်၏။
ထို့ကြောင့် နဂါး လင်းတ သည်သာ၊ ကျင့်ကြံနိုင် ပါက၊ ကျား တစ်ကောင်အား၊ အတောင် တပ်ပေး ခြင်းနှင့် တူပေမည်။
နဂါး မျိုးဆက် သွေးပါသော၊ သားရဲ တစ်ကောင် ဖြစ်သဖြင့်၊ ‘သွေး’ အတွက် စိတ် ပူစရာ မလို တော့ချေ။ ၎င်းကို လျှပ်စီး မှော်သားရဲ ဟုလည်း၊ သတ်မှတ်ကြ ခေါ်ဝေါ် ကြပေသည်။
“ မင်းကို ... ၊ ငါ သင်ပေး နိုင်ပါတယ်။ ”
နဂါး လင်းတ၏ မျှော်လင့် ချက်ကို ကျော်လွန် စေသော အဖြေ တစ်ခုအား၊ လင်းယွန်မှ ပြန်ပေး လိုက်သည်။
“ မင်း တကယ်ပြော နေတာလား။ ”
“ ဘာလဲ ... ငါ့ကို တွန့်တို တက်တယ်လို့၊ ထင်နေ တာလား။ ”
လင်းယွန်က ပြုံးပြီး ဆိုလိုက်သည်။ ဆုံးဖြတ်လိုက် ပြီးနောက်၊ သဘာဝ အတိုင်း တွန့်တို နေမည် မဟုတ်ချေ။
သို့သော် ထိုဆုံးဖြတ် ချက်ကို သုံးရက် အတွင်း နောင်တရ လာ၏။ သုံးရက် ကုန်လွန် ပြီးနောက် နဂါး လင်းတမှာ၊ စတုတ္ထ အဆင့်သို့ ရောက်ရှိ သွားသည့် အတွက် ဖြစ်လေသည်။
ယင်းကြောင့် သူ့၌ ရှိသော အားသာ ချက်များ ဆုံးရှုံး သွားပြီ ဖြစ်ကြောင်း၊ သိရှိလာ မိသည်။ နောက်တစ်ကြိမ် တိုက်ခိုက် ပါက၊ သူ တကယ် ကြေမွသွား ပေလိမ့်မည်။
ပန်းသင်္ချိုင်း ဓားကို ဆွဲလျှင်ပင်၊ မနည်း ခုခံရ နိုင်သည်။ ဝိညာဉ်ရေး ဓားကို မိုးပြာ နဂါး မူလ ပုံစံနှင့် ပေါင်းစပ် ပြီးမှသာ၊ ဖြေရှင်း နိုင်မည် ဖြစ်၏။
တစ်ရက် ထပ်မံ ကုန်လွန် ပြီးနောက်၊ မျက်ဝန်းများ ပြန်ဖွင့်ကာ အနား ယူလိုက်သည်။
“ ..... ။ ”
ရုတ်တရက် ဝေဟင်မှ နတ်ဆိုး သားရဲ များစွာက၊ ၎င်းတို့၏ စီးနင်း သူများ နှင့်အတူ၊ ပျံသန်း လာကြ၏။
ယင်းသည် ဓားနက်မြို့မှ သက်ဆိုင်ရာ အင်အားစု အသီးသီးသို့၊ ပြန်နေ ကြသော ပါရမီ ရှင်များ ဖြစ်ချေပြီ။
“ ဒါက ... ဘယ်နှစ်ကြိမ် ရှိပြီလဲ။ ”
“ မပြော တက်ဘူး၊ အကြိမ်ရေ တော်တော် များနေပြီ၊ သားရဲ ဒီရေက အဆုံး သတ်ဖို့ အချိန်တန် နေတာတော့ အမှန်ပဲ။ ”
နဂါး လင်းတက ပြန်ဖြေသည်။
သားရဲ ဒီရေ ပြီးဆုံး သွားသဖြင့်၊ လင်းယွန် တစ်ယောက် အနည်းငယ် စိတ်ပျက် သွားသည်။ နောက်ဆုံး တိုက်ပွဲတွင် ပါဝင်ခွင့် မရှိ တော့ပေ။
တိုက်ပွဲ ပြီးနောက်၊ လူတိုင်း အောင်မြင်မှု တစ်ခုကို ပြုလုပ် နိုင်ပေမည်။ လွတ်သွား သည်မှာ နှမျော စရာ ပေပင်။
နောက်ဆုံး တိုက်ပွဲတွင်၊ ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆို သားရဲ (၁၀) ကောင်ကို သတ်ပစ် ခဲ့သော၊ ဓားသမားအား လူတိုင်းက မေ့သွား ပေလိမ့်မည်။
“ ခရမ်းလေး၊ ငါ ... အခု သွားရ တော့မယ်။ ”
လင်းယွန်က သူ့အဝတ် အစား များကို သပ်ရပ်အောင် လက်ဖြင့် ပြင်ယူပြီး၊ နှုတ်ဆက် လိုက်သည်။
“ မင်းကို ငါ ... လိုက်ပို့ ပေးမယ်။ ”
နဂါး လင်းတက ကောင်းကင် ပေါ်ရှိ ဝေဟင် သားရဲ များထံ မော့ကြည့်ပြီး ဆိုသည်။
“ နည်းနည်းတော့ မသင့် တော်ဖူး မဟုတ်လား။ ”
လင်းယွန်က ကိုးရိုး ကားရား နိုင်စွာဖြင့် ပြုံးလိုက်သည်။ အုပ်စိုးရှင် အဆင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲကို စီးပြီး ပြန်သွား ပါလျှင်၊ လူ မည်မျှ သေမတက် ကြောက်ရွံ့ ကြမည်ကို တွေးမရချေ။
ယခု အချိန်၌ နဂါး လင်းတ၏ ခွန်အားမှာ၊ ဘုရင် အဆင့် သားရဲ တစ်ကောင်နှင့် ယှဉ်နိုင်ပြီ ဖြစ်သည်။
သတိ မထားမိ ပါက၊ အင်ပါရီယန် နယ်ပယ်ရောက်၊ နတ်ဆိုး သားရဲ တစ်ကောင် အဖြစ်၊ ထင်ကောင်း ထင်နိုင်၏။
“ အဲဒါနဲ့ ပတ်သက်ပြီး၊ ဘာများ အဆင် မပြေ စရာ ရှိလို့လဲ၊ ဒီလူတွေက သူတို့ အနိုင်ယူ ခဲ့တဲ့၊ ဝေဟင် သားရဲ တွေကို စီးနေ ကြတာ၊ မင်းလည်း သဘာဝ အတိုင်း သူတို့ကို အရှုံးပေး စရာ မလို ပါဘူး။ ”
မရဏ မိုးကြိုး နဂါး လင်းတက၊ သူ့ ဦးခေါင်းကို မြေပြင်ပေါ် ဆန့်ထုတ်လျက် ပြောကြား လာခဲ့သည်။
“ ကောင်းပြီ ... ၊ ဒါဆိုလည်း မဟာချင် အင်ပါယာရဲ့၊ ဓားနန်းတော်ကို သွား ရ အောင် ... ၊ ဟား ဟား ဟား။ ”
နဂါး လင်းတ၏ အပြု အမူကြောင့်၊ လင်းယွန် တစ်ယောက် ခဏတာ အံ့အားသင့် သွားကာ၊ ကျေနပ်စွာ ရယ်မော လိုက်တော့၏။
***