← Chapters

ဘယ်လို ငရဲလဲ။

Vol. 55 Ch. 759

ဘယ်လို ငရဲလဲ။

Vol. 55 Ch. 759

သားရဲ ဒီရေ အဆုံးသတ် သွားသည်နှင့်၊ အသက်ရှင် လွတ်မြောက် လာသော ထူးချွန်သူ များမှာ၊ ကောင်းစွာ ရိတ်သိမ်း နိုင်ခဲ့သည်။

၎င်းတို့ အနက် အသန်မာ ဆုံးသော ကျွမ်းကျင်သူ များက၊ ဝေဟင် သားရဲ များကို ဖမ်းယူ ထားလိုက် ကြသည်။

အဆုံးတွင် ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ များပင်၊ ကိုယ်တိုင် ခရီး သွားလာ ရခြင်းဖြင့်၊ မူလ စွမ်းအင်များ ကုန်ဆုံးမည် ဖြစ်သည်။

ကောင်းကင် ဝိညာဉ် နယ်မြေအောက်၊ ကျင့်ကြံသူ များ အတွက်မူ၊ ပြောစရာ လိုတော့ မည် မဟုတ်ချေ။

ဝေဟင် သားရဲ တစ်ကောင်ကို စီးနင်း ခြင်းဖြင့်၊ အရာ များစွာ အဆင်ပြေ လာမည် ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ခွန်အား တစ်စိတ် တပိုင်းကို ကိုယ်စားပြု ချေ၏။

ဝေဟင် သားရဲ တစ်ကောင် ရရှိ ရန်မှာ၊ လွယ်ကူသော အရာ မဟုတ်ချေ။ ခွန်အား လို အပ် ချေပြီ။ သို့မဟုတ် ပါက သေသည့် တိုင်အောင်၊ မပြီးမြောက် နိုင်သော အလုပ် ဖြစ်လာ ပေမည်။

သားရဲ ဒီရေ ပြီးဆုံး သွားသဖြင့်၊ ပါရမီရှင် တိုင်းက မိုးကြိုး စီရင်စုမှ၊ အလျိုလျို ထွက်ခွာ သွားကုန်သည်။ ဤသည်မှာ မိုးကြိုး စီရှင်စု အတွက်၊ ဖြစ်ရိုး ဖြစ်စဉ် မျှသာ ဖြစ်သည်။

ဝေဟင်မှ သားရဲများ ပျံသန်း လာနေ သောကြောင့်၊ ကောင်းကင် တောင်ကုန်း မြို့၏ လေထုကို၊ ကောင်းစွာ လှုပ်ခါ သွားစေသည်။

ဤရက်များ အတွင်း၊ ဒါဇင်ပေါင်း များစွာသော ဝေဟင် သားရဲများ၊ အုပ်စုလိုက် တစ်သုတ်ခြင်း၊ ဖြတ်ကျော် ပျံသန်း နေကြသည်။

“ ဘယ်လောက်တောင် စိတ်လှုပ်ရှား စရာ ကောင်းလိုက်လဲ၊ အဲဒါတွေ အားလုံးက တကယ့် ယင်-ယန် အဆင့်၊ ဝေဟင် သားရဲ တွေ ... ။ ”

“ သားရဲ ဒီရေသာ မရှိရင်၊ ဝေဟင် သားရဲ တစ်ကောင် ရဖို့ ဆိုတာ မလွယ်ဘူး၊ ဒီကောင် တွေက လျင်မြန်လွန်း တာကြောင့်၊ ဖမ်းဖို့ ဆိုတာ မဖြစ်နိုင် သလောက် ပါပဲ။ ”

“ ငါတို့ မြို့ရဲ့ ပါရမီရှင် တွေကို၊ အဲ့ဒီ လင်းယွန် သတ်လိုက်တာ နှမျော စရာပဲ၊ မဟုတ်ရင် သားရဲ ဒီရေမှာ၊ သူတို့ တောက်ပ နေကြ လိမ့်မယ်။ ”

“ အမှန်ပဲ ... ၊ ချန်စီယုနဲ့ ချူးမူဟန်က၊ ဝေဟင် သားရဲ ကိုတောင် ဖမ်းယူ နိုင်မယ်လို့၊ ငါ ထင်တယ်။ ”

မြို့တော် အတွင်းရှိ လူတိုင်းက၊ ဝေဟင် သားရဲ များကို မနာလို စိတ်ဖြင့် မော့ကြည့်ကာ၊ ဆွေးနွေး လာကြသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ယင်-ယန် အဆင့် ဝေဟင် သားရဲ တစ်ကောင် ရရှိ ခြင်းသည် အတောင်ပံ တစ်စုံ ရရှိ ခြင်းနှင့်၊ တူ ပေ၏။

ဝေဟင် သားရဲများ ပေါ်ရှိ၊ လူငယ် များက၊ မော့ကြည့် လာသော၊ ကောင်းကင် တောင်ကုန်း မြို့သား များထံ၊ ဝင့်ကြွား စွာဖြင့် ငုံ့ကြည့် လိုက်သည်။

သူတို့ကို ပို၍ မနာလို ဖြစ်လာ စေရန်၊ စီးနင်း နေသော သားရဲ များကို အရှိန် လျော့ချ ခဲ့သည်။

ဤအချိန်၌ မော်ကြွားခြင်း မရှိ ပါက၊ နှမျောစရာ ကောင်းပေမည်။ ထို့ကြောင့် အခွင့် အရေးကို မည်သူမှ လက်လွှတ် မခံချင် ကြချေ။

မြို့တစ်မြို့ကို ဖြတ်ကျော် ချိန်တိုင်း၊ ၎င်းတို့၏ အောင်မြင်မှု များကို မြင်သာအောင် ထုတ်ဖော် ပြသခဲ့ ကြသည်။

“ ကောင်းကင် တောင်ကုန်း မြို့က၊ ပါရမီရှင် တွေကို၊ ဓားသမား တစ်ဦးက သတ်သွား တယ်လို့ ငါ ကြားတယ်။ ”

သံချိုငှက် တစ်ကောင်ကို စီးနင်း ထားသော၊ ခရမ်းရောင်ဝတ် လူငယ် တစ်ဦးက၊ ကောင်းကင် တောင်ကုန်း မြို့ကို ငုံ့ကြည့်ပြီး၊ စကား ဆိုသည်။

ထိုလူငယ်မှာ မှော်မိုးကြိုး ဂိုဏ်းမှ မုဟန် မည်သော ပါရမီရှင် တစ်ဦး ဖြစ်၏။ နောက်ဆုံး တိုက်ပွဲတွင် ထင်ရှားစွာ တောက်ပပြီး၊ အကျိုး အမြတ်များ ရိတ်သိမ်း နိုင်ခဲ့သည်။

သူ့ ခွန်အားဖြင့် ယင်-ယန် အဆင့်၊ ဝေဟင် သားရဲ တစ်ကောင်ကို အနိုင်ယူကာ၊ ဂိုဏ်းသို့ ပြန် နေခြင်း ဖြစ်သည်။

“ အမှန်ပဲ ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ ပါရမီရှင် တွေကို၊ ပန်းသင်္ချိုင်း ဆိုတဲ့ ဓားသမား တစ်ယောက်က သတ်ခဲ့ တာပါ။ ”

“ သူ့ နာမည်က လင်းယွန်၊ တကယ် ကြမ်းကြုတ်တဲ့ လူ၊ ငါတို့ မရောက်ခင် တုန်းက၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ (၁၀) ကောင်ကို၊ ဓားတစ်ချက် တည်းနဲ့ သတ်ခဲ့ တယ်လို့ ကြားတယ်။ ”

“ ဒါတင် မကဘူး၊ အုပ်စိုးရှင် အဆင့်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေက၊ တောင်တုန် မိစ္ဆာ မျောက်ဝံ ကိုလည်း သတ်ခဲ့တယ်။ ”

မုဟန်နှင့် အတူ၊ ခရီးနှင် လာသည့်၊ လူငယ်များက၊ ယဉ်ကျေးသော အမူ အရာဖြင့် သတင်း အချို့ကို မျှဝေလာ ကြသည်။

မုဟန် ဟူသည် အုပ်စိုးရှင် အင်အားစု တစ်ခုမှ၊ အမာခံ တပည့် တစ်ဦး ဖြစ်သဖြင့်၊ သူနှင့် သူငယ်ချင်း ဖြစ်ခွင့် ရခြင်း အပေါ်၊ အရှုံး မရှိ နိုင်ချေ။

“ တောင်တုန် မိစ္ဆာ မျောက်ဝံကို သတ်လိုက် တာလား၊ ဒါက မဖြစ်နိုင် ပါဘူး၊ ချဲကား နေကြ တာပါ၊ ... ”

“ ကောလ ဟလ တွေကို ... ၊ မင်း ကိုယ်တိုင်မြင် မှသာ ဆုံးဖြတ်ပါ၊ ကောင်းကင် တောင်ကုန်း မြို့ရဲ့၊ ပါရမီရှင်တွေ ကတော့ သူတို့ကိုယ် သူတို့၊ အထင်ကြီး နေကြတဲ့၊ ရေတွင်း ထဲက ဖားငယ်လေး တွေပဲ။ ”

“ ဒါတော့ အမှန်ပဲ ... ၊ ယန် နန်းတော်ရဲ့ ချင်းယန်က အဲဒီ သားရဲကို ဦးဆုံး ဒဏ်ရာ ရစေ ခဲ့လို့၊ သတ်နိုင် ခဲ့တာလို့ ငါ ကြားတယ်။ ”

“ ဟုတ်တယ် ငါလည်း အဲ့ဒီလို ကြားတယ်၊ မဟုတ်ရင် သူ စွမ်းဆောင် နိုင်စရာ အကြောင်း မရှိဘူး။ ”

အားလုံးက မုဟန် နှင့်အတူ၊ လိုက်ပါ ရယ်မော ကုန်ကြသည်။ လင်းယွန်၏ အရည် အချင်းကို ကိုယ်တိုင် မြင်ခဲ့ ရသည့်၊ သတင်း မျှဝေသော လူငယ်က၊ စကားဆက် မဆို တော့ချေ။ ပြုံးရုံသာ ပြုံးလိုက် တော့သည်။

ဤအခိုက် အတန့်တွင် သူတို့ စီးနင်း ထားသော၊ ဝေဟင် သားရဲ များက၊ တစ်စုံ တစ်ရာကို ကြောက်ရွံ့ လာသကဲ့သို့၊ ထိတ်လန့် တုန်ယင် ကုန်သဖြင့်၊ ထိန်းချုပ်ရန် ခက်ခဲ သွား၏။

မည်မျှပင် ကြိုးစား ထိန်းချုပ် လိုက်သော်လည်း၊ ငြိမ်သက်အောင် မလုပ်နိုင် ကြချေ။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

“ ဒီအကောင်တွေ ... လုံးဝ နားမထောင် တော့ဘူး။ ”

“ အိုး ... ၊ အဲ့ဒါ ဘာကြီးလဲ ကြည့်စမ်း ။ ”

ထိုအချိန်တွင် တစ်စုံ တစ်ယောက်က၊ ခေါင်းမော့ကာ မိုးကုပ် စက်ဝိုင်းထံ လှမ်းကြည့် လိုက်သည်။

အားလုံး လှမ်းကြည့် နေစဉ် မှာပင်၊ မိုးကုပ်စက်ဝိုင်း ထံမှ မိုးတိမ်များ ထူထပ်စွာ လှိမ့်တက် လာ၏။

“ သားရဲ ဒီရေက မပြီးသေး ဖူးလား။ ”

ဤသည်မှာ သတင်းကောင်း တစ်ပုဒ်၊ မဟုတ် သောကြောင့်၊ လူငယ်များ အားလုံး မသက်မသာ ဖြစ်ကုန် ကြသည်။

သားရဲ ဒီရေမှ အကျိုးကျေးဇူး များစွာ ရရှိခဲ့ သော်လည်း၊ အသက်ရှင် ကျန်ရစ်ရန် ကံတရား အပေါ်၊ အားကိုး ခဲ့ရသည်။ ထို့ကြောင့် ၎င်းအား မခံစားချင် တော့ချေ။

“ တစ်ခု ခုတော့ ... ၊ မှားနေပြီ။ ”

မုဟန်က မျက်မှောင်ကြုတ် လိုက်ပြီး၊

“ ဒါတွေက မိုးကြိုး တိမ်တွေ၊ မိစ္ဆာ တိမ်တွေ မဟုတ်ဘူး။ ”

သူ့ စကားဆုံး သည်နှင့် တပြိုင်နက်၊ ကြီးမြတ်သော အရှိန်အဝါ တစ်ခု၊ စတင် လွင့်ပျံ လာသည်။

ထို အရှိန်အဝါကြောင့် ဝေဟင် သားရဲများ ကြောက်လန့် သွားကာ၊ ကောင်းကင်မှ ပြုတ်ကျ ထိုးဆင်း ကုန်တော့ သည်။

ဤအမြင့်မှ ပြုတ်ကျ ပါက၊ ဒဏ်ရာ ကြီးကြီးမားမား ရနိုင် သောကြောင့်၊ သူတို့ အားလုံး မျက်နှာများ ဖြူဖျော့ သွားသည်။

ထိုအရှိန်အဝါ နောက်တွင်၊ ခရမ်းရောင် မြူများဖြင့်၊ မျက်နှာ ပြင်ကို ဖုံးအုပ် ထားသော ပုဂ္ဂိုလ် တစ်ဦးက၊ လျှပ်စီး မှော်သားရဲ ကြီးအား စီးနင်းလျက်၊ ထွက်ပေါ် လာခဲ့သည်။

ထိုလူက၊ ဝေဟင် သားရဲ များထံ၊ တစ်ချက်သာ လှမ်းကြည့် လိုက်ပြီး၊ ငြိမ်သက် သွားစေကာ၊ ပြုတ်ကျမည့် အရေးမှ လူတိုင်းကို ကယ်တင် ပေးလိုက်သည်။

သို့သော် ဝေဟင် သားရဲ များနှင့်၊ စီးနင်း နေသူ များမှာ ကြောက်ရွံ့မှုများ ဆက်လက် ရှိနေမြဲ ဖြစ်သည်။

“ ဒါ ... အုပ်စိုးရှင် အဆင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲပဲ။ ”

တစ်စုံ တစ်ဦးက ထိတ်လန့် တကြား အော်ဟစ် လိုက်သည်။ ထိုအဆင့် သားရဲ တစ်ကောင်ကို၊ တစ်စုံ တစ်ယောက်မှ စီးနင်း နိုင်လိမ့် မည်ဟု၊ မထင်ထား မိချေ။

“ အဲဒီ စီနီယာက ... ၊ ဘယ်သူလဲ။ ”

ပါရမီရှင်များ အားလုံး ကြောက်လန့်ပြီး၊ မလှုပ်ရဲ ကြတော့ချေ။ ဤအခိုက် အတန့်တွင် အစွမ်းထက်သော အရှိန် အဝါများ နှင့်အတူ၊ လူ ငါးယောက် လေထု အလယ် ထွက်ပေါ် လာ၏။

၎င်းတို့ ငါးဦးမှာ ကောင်းကင် တောင်ကုန်း မြို့၏၊ အသန်မာဆုံး ကျွမ်းကျင် သူများ ဖြစ်ပြီး၊ သာမန် ကောင်းကင် ဝိညာဉ် နယ်မြေ ကျင့်ကြံ သူများထက်၊ ပိုမို အားကောင်း လေသည်။

သူတို့၏ အရှိန်အဝါက စုဖွဲ့ လာသော၊ မိုးကြိုး တိမ်များ ကိုပင် ပြန်လည် တွန်းထုတ် နိုင်ခဲ့သည်။

၎င်းတို့မှာ မျိုးနွယ်စု လေးခု၏၊ ဘိုးဘေး များနှင့်၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းမှ ဂိုဏ်းချုပ် ဖြစ်လေသည်။

ကောင်းကင် တောင်ကုန်း မြို့တွင်၊ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်သော်လည်း၊ နဂါး လင်းတကို ယှဉ်နိုင်စရာ မရှိချေ။

ထို့အပြင် နဂါး လင်းတမှာ၊ မိုးပြာ နဂါး မူလ ပုံစံကို ကျင့်ကြံ ပြီးနောက်၊ ဘုရင် အဆင့် သားရဲ ထက်ပင်၊ ပို၍ အားကောင်း လာသည်။

၎င်း အရှိန် အဝါ ဖိအား များက၊ ကောင်းကင် တောင်ကုန်း မြို့ကို လုံးလုံး လျားလျား လွှမ်းခြုံ သွား၏။

ကောင်းကင် တောင်ကုန်း မြို့၏ အုပ်စိုးရှင်များ အနေဖြင့်၊ ချဉ်းကပ် လာသော စွမ်းအား ရှင်မှာ၊ မိတ်ဆွေ- ရန်သူ ခွဲခြားရန် သေချာပေါက် ထွက်လာ ရမည် ဖြစ်သည်။

သို့သော် လင်းတ ကြီးကို ကြည့်ပြီး၊ မီးနဂါး တောင်ကုန်း၏ အုပ်စိုးရှင် သားရဲ ဖြစ်ကြောင်း၊ ချက်ချင်း မှတ်မိ သွားကြသည်။

၎င်း၏ အရှိန် အဝါမှာ၊ ယခင် ကထက် ပို၍ အားကောင်း လာပြီး၊ တစ်စုံ တစ်ရာ ထူးခြား လာသည်ကို၊ ထပ်မံ သတိပြု မိ၏။

၎င်း အထက်တွင် ခရမ်းရောင် မြူ များဖြင့်၊ ဖုံးလွှမ်း နေသော ပုံရိပ် တစ်ရိပ် လက်နောက် ပစ်ကာ ရပ်နေ ခဲ့သည်။

( မရဏ မိုးကြိုး နဂါး လင်းတ ကျောပေါ်မှာ၊ တစ်ယောက်ယောက် ရှိနေ တာလား။ )

အဘိုးအို ငါးဦး၏ နှလုံးသားများ နစ်မွန်း သွားသည်။ ထို့နောက် ကောင်းကင် တိမ်လွှာ ဂိုဏ်းချုပ်က၊

“ မင်း ဘယ်သူလဲ ဆိုတာ၊ ငါတို့ သိခွင့် ရှိမလား၊ ဒီနတ်ဆိုး သားရဲကို စီးပြီး၊ ငါတို့ မြို့ကို လာရအောင် ဘာကိစ္စများ ရှိလို့လဲ။ ”

နဂါး လင်းတကို တစ်စုံ တစ်ဦးမှ၊ စီးနင်းလျက် ကောင်းကင် တောင်ကုန်း မြို့သို့၊ လာလိမ့် မည်ဟု မမျှော်လင့် ထားမိ သဖြင့်၊ မျက်နှာများ ပျက်ယွင်း နေခဲ့သည်။

ဤသည်မှာ နဂါး လင်းတမှန်း ကြိုသိထား ပါက၊ ကောင်းကင်ပေါ် တက်ကာ၊ လူစွာ လုပ်ရဲ ဦးမည် မဟုတ်ချေ။

နောက်ဆုံးတွင် နဂါး လင်းတကို၊ နှိမ်နင်း နိုင်သည့် ကျွမ်းကျင် ပညာရှင် တစ်ဦး ဟူသော ဖြစ်တည်မှု မျိုးမှာ၊ သူတို့၏ ဦးရေပြား များအား ထုံကျင် လာစေသည်။

ထိုပုဂ္ဂိုလ် သည်သာ ကောင်းကင် တောင်ကုန်း မြို့နှင့်၊ ရန်ငြိုး ရှိပါလျှင် ကပ်ဘေး တစ်ခု၊ ဖြစ်လာပေ တော့မည်။

ဖြတ်သွား ဖြတ်လာ ခရီးသွား တစ်ဦး ဖြစ်ရန်သာ မျှော်လင့်မိ ချေပြီ။ ချက်ချင်းပင် လေထုမှာ တင်းမာ လာသည်။

ကောင်းကင် ပေါ်ရှိ လျှပ်စီး မှော်သားရဲ ကြီးမှာ၊ မရဏ မိုးကြိုး နဂါး လင်းတ ဖြစ်မှန်း သိလာ သဖြင့်၊ တစ်မြို့လုံး ထိတ်လန့် တုန်လှုပ် သွားကြသည်။

ကောင်းကင် တိမ်လွှာ ဂိုဏ်းချုပ် စကားကြောင့်၊ နဂါး လင်းတ ပေါ်ရှိ၊ ထိုတစ်စုံ တစ်ယောက်အား စူးစမ်းရန် သတိရ လာ၏။

“ စိတ်ဝင်စား စရာပဲ ... ၊ မင်းတို့က ငါ့ကို တကယ် မမှတ် မိတော့ ဖူးလား။ ”

စကားဆုံး သည်နှင့်၊ ခရမ်းရောင် အခိုး အငွေ့များ ပါးလျ ပျောက်ကွယ် သွားပြီး၊ နဂါး လင်းတကို စီးနင်း နေသော ထိုပုဂ္ဂိုလ်၏ ရုပ်သွင်မှာ၊ တဖြည်းဖြည်း ထွက်ပေါ် လာတော့ သည်။

မိုးပြာရောင် အဝတ်အစား များနှင့်၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော ဓားသမား လူငယ် တစ်ဦး ဖြစ်၏။

“ မင်း ... လင်း ယွန် ပဲ ။ ”

လင်းယွန် အသံမှာ၊ ကျယ်လောင်ခြင်း မရှိသော်လည်း၊ လူတိုင်း ကြားရန် လုံလောက် ချေပြီ။

လင်းယွန် ဟူသော အမည်ကြောင့်၊ မုဟန် တစ်ယောက် ဝေဟင် သားရဲ ပေါ်မှ ပြုတ်ကျလု နီးပါး၊ ထိတ်လန့် သွားသည်။

ကောင်းကင် တိမ်လွှာ ဂိုဏ်းချုပ်က ဤမြင်ကွင်းကြောင့် မှင်တက် သွား၏။ ကျန် အဖိုးအိုများ မှာလည်း၊ နဂါး လင်းတ ပေါ်တွင် ရှိနေသော၊ လူငယ်ကို ကြည့်ပြီး၊ မျက်နှာများ ပြောင်းလဲ ကုန်ကြသည်။

မိုးရေ အင်ပါရီယန်က၊ တောင်တန်းကြီး တစ်နေရာမှ နေ၍၊ နဂါး လင်းတထံ မက်မောစွာ လှမ်းကြည့် လာသည်။

ဤသားရဲမှာ မြင့်မြတ်သော နဂါး မျိုးဆက် သွေးကို၊ ပိုင်ဆိုင် ထားသည့် သားရဲ တစ်ကောင် ဖြစ်၏။

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ ထိပ်တန်း စာရင်း ဝင်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း များစွာက တောင်တန်း ကြီးကို ကာကွယ် ခိုင်းစေရန်၊ ဤနတ်ဆိုး သားရဲကို အလို ရှိခဲ့ ဖူးသည်။

သို့သော် နဂါး လင်းတက၊ ပါးနပ် လိမ္မာ လွန်းချေ၏။ သူ့အငွေ့ အသက်ကို ခံစား မိတိုင်း၊ အနက်ရှိုင်းဆုံး နေရာသို့၊ တိုးဝင် သွားတက် သည်။

အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း၊ အောင်မြင်မှု မရှိ သဖြင့်၊ စွန့်လွှတ်လိုက် ရတော့ သည်။

သည့်ထက် ပို၍ အတင်း အကြပ် လုပ်ဆောင် ပါက၊ သူ့ ခွန်အား ဖြင့်ပင်၊ အနိုင် ယူရန်၊ တန်ဖိုး တစ်ခု ပေးချေ ရနိုင်၏။

ထို့ကြောင့် ဤသားရဲကို မြင်ချိန်၌ စိတ်လှုပ်ရှား မိခြင်း ဖြစ်လေသည်။ သည့်အပြင် ၎င်းက ဘုရင် အဆင့်သို့၊ ဆင့်ကဲ ပြောင်းလဲ နေသည်ကို၊ သတိထား မိလိုက်သည်။

တော်ဝင် ဧကရာဇ် နန်းတော်၏ မြင့်မြတ်သော သမီးပျိုကို ဖျားယောင် ခဲ့သည့် လင်းယွန် အပေါ်၊ တစ်ချိန်က အမြင် မကြည် ခဲ့ချေ။

ယခုမူ ဘုရင် အဆင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ တစ်ကောင်ကို အမှန် တကယ် စီးနင်းလာ နိုင်သဖြင့်၊ ပြုံးလျက် ခေါင်းညိတ် မိတော့သည်။

***

All Chapters