မင်းရဲ့ ဂိုဏ်းကို ငါ ဖျက်ဆီး ပစ်မယ်။
Vol. 55 Ch. 760
ဤအခိုက်တွင် လင်းယွန် ရှေ့၌ ပိတ်ဆို့ နေသော အဘိုးအို ငါးဦး၏၊ မျက်နှာများ အဆင် မပြေ ဖြစ်လာသည်။
သည်မျှ အကျဉ်းအကျပ် အနေအထား မျိုးဖြင့်၊ ကြုံရလိမ့် မည်ဟု မမျှော်လင့် ထားမိ သည်မှာ၊ အမှန် ပေပင်။
နဂါး လင်းတကို စီးနင်းလာ သူသည်၊ လင်းယွန် ဖြစ်နေ သောကြောင့်၊ ကောင်းကင် တိမ်လွှာ ဂိုဏ်းချုပ်က၊ မျက်နှာ ပျက်ယွင်း သွားသည်။
“ ဒေါသ ထွက် စရာပဲ၊ မင်း ဘာလို့ ကောင်းကင် တောင်ကုန်း မြို့ကို လာတာလဲ၊ ငါတို့ကို အရှက် ခွဲလို့ မဝသေး ဖူးလား။ ”
“ မဟာချင် အင်ပါယာကို ပြန်ဖို့ အတွက်၊ ကောင်းကင် တောင်ကုန်း မြို့ကို ဖြတ်လာ တာပဲ၊ ဘာလို့လဲ ... ဖြတ်သွား လို့တောင် မရ ဖူးလား။ ”
လင်းယွန်က အဖိုးအို ငါးဦးကို လှောင်ပြောင်ကာ၊ ပြန်ဖြေ လိုက်သည်။
“ ဓားကျွန်၊ မင်းက သေချင် နေတာပဲ၊ ငါ့ သားကို သတ်ပြီး တာတောင်၊ ငါ့ကို အရှက် ခွဲဖို့ ကြိုးစား နေတာလား၊ နဂါး လင်းတကြောင့်၊ မင်းကို ကြောက်လိမ့်မယ် မထင်နဲ့ ... ဟမ့်။ ”
ချန်စီယု အသတ်ခံ လိုက်ရ သည်ကို၊ ရုတ်တရက် သတိရ လာသဖြင့်၊ ချန်ဘိုးဘေး မျက်နှာ၊ မည်းမှောင် သွားသည်။
ထိုနေ့ ပြီးနောက် လင်းယွန်အား၊ ထပ်မံ တွေ့ဆုံရ ဦးမည်ဟု မထင်ထား သည်မှာ၊ အမှန် ပေပင်။
ယင်းကြောင့် သူတို့ အပေါ်၊ အရှက် ခွဲရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာ သည်ဟု၊ ယူဆ မိခြင်း ဖြစ်သည်။
“ ငါက မင်းတို့ကို မေ့နေပြီ၊ ဒါပေမယ့် မင်းတို့က ငါ့ကို ဟန့်တား နေမှတော့၊ ကိစ္စ မရှိတော့ ပါဘူး၊ နဂါး လင်းတ မရှိ ရင်တောင် မင်းက အမှိုက် တစ်စ ပါပဲ။ ”
လင်းယွန်က သတ်ဖြတ် လိုသော ရည်ရွယ်ချက်ဖြင့်၊ လှမ်းပြော လိုက်သည်။ ချန်စီယုတို့ ခုနစ်ဦးကို သတ်ပြီးနောက်၊ ကောင်းကင် တောင်ကုန်း မြို့နှင့် သင်ပုန်းချေ လိုက်ပြီ ဖြစ်သည်။
သို့သော် တစ်စုံ တစ်ယောက်မှ၊ ဓားကျွန်ဟု ခေါ်ဝံ့သည့် အတွက်၊ အကျိုးဆက်ကို မဖြစ်မနေ ပေးဆပ် ခိုင်းရ ပေဦးမည်။
ဓားကျွန် အဖြစ် ရှက်ရွံ့ခြင်း မရှိ သော်လည်း၊ လူတိုင်း ထိုသို့ ခေါ်ဆို နိုင်သည်ဟု မဆို လိုခေျ။
လင်းယွန် ထံမှ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် များကို အာရုံခံ လိုက်မိသော နဂါး လင်းတက၊ ဖိအားများ ထုတ်ဖော် လိုက်သည်။
ခန္ဓာကိုယ် အနှံ့ လျှပ်စီးများ တောက်ပ လာပြီး၊ ကောင်းကင် တစ်ခွင်လုံး မိုးတိမ်များ ဖုံးလွှမ်း သွား၏။
နဂါး လင်းတ၏ ခရမ်းရောင် နဂါး ရူရ် များထံမှ၊ ဘုရင် အဆင့် သားရဲ အရှိန် အဝါများ ပျံ့လွင့် လာသည်။
ကြောက်မက်ဖွယ် ကောင်းသော ထိုရောင်ဝါက၊ အဘိုးအို ငါးဦး အရှိန် အဝါကို ချက်ချင်း ချိုးဖျက် ပစ်လိုက်၏။
ဒေါသ ထွက်နေသော အမူအရာ များ၌၊ ကြောက်ရွံ့မှုများ အစားဝင် လာသည်။ ထို့ကြောင့် ကောင်းကင် တိမ်လွှာ ဂိုဏ်းချုပ်က၊
“ သခင်လေး လင်း၊ အလျင် မလို ပါနဲ့ စိတ်အေးအေး ထားပါ၊ မင်းက ဖြတ်သွား ရုံပဲ မဟုတ်လား၊ ငါတို့ လမ်းဖယ် ပေး ပါ့မယ်။ ”
“ သိပ် နောက်ကျ သွားပြီ၊ ခရမ်းလေး ... သူ့ကို အသေသတ် ပစ်လိုက် ... ။ ”
လင်းယွန်က အေးစက်သော မျက်ဝန်း များဖြင့်၊ ချန် မိသားစု ဘိုးဘေးထံ လှမ်းကြည့် လိုက်သည်။
နဂါး လင်းတ၏ နဂါး ရူရ် သုံးဆယ်မှာ၊ ခြေသည်း အတွင်း စုဖွဲ့ လာပြီး၊ ချောက်ချားဖွယ် အရှိန်ဖြင့်၊ ပေါက်ကွဲ သွားသည်။
ကောင်းကင် တောင်ကုန်း မြို့၏ ကောင်းကင်ယံ ထက်၌၊ ကြယ်တံခွန် ကဲ့သို့ တောက်ပ သွားကာ၊ လျှပ်စီးများ ကျဆင်း လာသည်။
“ မ ကောင်း တော့ ဘူး ... ။ ”
ချန်မိသားစု ဘိုးဘေးမှာ၊ ပြန်လှည့်ပြေး သွားသည်။ သို့သော် ဘုရင် အဆင့် အရှိန် အဝါ အောက်တွင်၊ လေဟာနယ် ကန့်သတ် ခံလိုက် ရသဖြင့်၊ လှုပ်ရှားမှုများ လေးလံ လာ၏။
“ သေ စမ်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ၊ လေထု အတွင်း ပဲ့တင်ထပ် လာပြီး၊ ချန်ဘိုးဘေး တစ်ယောက် မြေပြင် ပေါ်သို့၊ အရုပ် ကြိုးပြတ် ပြုတ်ကျ သွား၏။
ခရမ်းရောင် လျှပ်စီး ကြောင်းက၊ ပတ်ဝန်းကျင် အနှံ့ ဆက်လက် ပြန့်ကား လာကာ၊ အဖိုးအို လေးဦးကို သွေးအန် သွား စေသည်။
ချန် မိသားစု ဘိုးဘေး မှာမူ၊ ပြုတ်ကျ လာသည့် အရှိန်ကြောင့်၊ ဆယ်မိုင် အတွင်း အဆောက် အဦးများ၊ အားလုံး ပျက်စီး ကုန်၏။
“ ဒါက ... မဖြစ်နိုင် တာ ... ။ ”
“ သူ ... သေသွား ပြီလား။ ”
“ လင်းယွန် ရောက်လာ တာပဲ။ ”
“ မ ဟုတ် ဘူး၊ ဒီနတ်ဆိုးကို ... ဘာလို့ ရန်သွား ‘စ’ ရတာလဲ။ ”
ကောင်းကင် ယံရှိ ထိတ်လန့် တုန်လှုပ် ဖွယ်ရာ မြင်ကွင်းအား၊ တစ်မြို့လုံး မြင်လိုက် ရ သဖြင့်၊ လူတိုင်း ရင်ထဲ၌ သက်ပြင်းချ လိုက် မိသည်။
ကောင်းကင် တောင်ကုန်းမြို့ အပေါ်၊ သွေးလွှမ်းသော သတ်ဖြတ်မှု စတင်လာ မည်ကို စိုးထိတ် ကုန်သည်။
မူလက လင်းယွန်နှင့်၊ ရန်ငြိုး မရှိချေ။ ချန်စီယုမှ လင်းယွန်ကို သတ်ပစ် လိုက်ပြီ ဟူသော၊ မဟုတ် မမှန် ကောလဟာလများ ဖြန့်ချိန်၌၊ တစ်မြို့လုံး ဂုဏ်ယူ မဆုံး တပြုံးပြုံး ဖြစ်ခဲ့ ဖူးသည်။
သို့သော် မကြာခင် ထိုပေျာ်ရွှင်မှု အစား၊ အကြောက် တရားများ ဝင်ရောက် လာခဲ့၏။ ဤသည်မှာ သူတို့၏ ဟီရိ သြတ္တပ္ပ တရား ကြောင့် ဖြစ်သည်။
နဂါး လင်းတ ပေါ်တွင် ရပ်နေသော လင်းယွန်က၊ အဖိုးအို လေးယောက်ထံ စူးစူး စိုက်စိုက် လှမ်းကြည့် လိုက်သည်။
၎င်းတို့ လေးဦးမှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သော်လည်း၊ သူ့ အကြည့်အား ရင်မဆိုင် ရဲသဖြင့်၊ ခေါင်းငုံ့ သွား၏။
မာနက လက်မခံ လိုသော်လည်း၊ နှလုံးသားက ဦးညွှတ် နေသည်။ သည်တစ်ကြိမ် ခေါင်းငုံ့ ခြင်းသည် ဘဝ အတွက် ဖြစ်၏။
နောက်ဆုံးတွင် ချန် ဘိုးဘေး ကဲ့သို့၊ အဓိပ္ပါယ် မဲ့စွာ မည်သူမျှ မသေချင် ကြသဖြင့်၊ တစ်မြို့လုံး ခေါင်းငုံ့ လိုက်မိသည်။
ဤအဖြစ် အပျက်သည် ကောင်းကင် တောင်ကုန်း မြို့အား၊ နောင် နှစ်ပေါင်း များစွာ တိုင်တိုင်၊ အရှက်ရ စေတော့ မည်မှာ သေချာ၏။
လူတိုင်းက သူတို့အား၊ ငုံ့ကြည့် လာတော့ မည်မှာ၊ သေချာသည်။
လင်းယွန်က ထိုအချင်း အရာ များကို၊ လျစ်လျူရှု လိုက်ပြီး၊ အကြည့်အား ပြန်ဆုတ် မိ၏။
လင်းယွန်မှာ သားသတ် သမား တစ်ဦး မဟုတ်ချေ။ ထို့ကြောင့် ဟီရိ ဩတ္တပ တရားကို နား မလည်သော လူအချို့ အပေါ်သာ၊ သင်ခန်းစာ ပေးလိုခြင်း ဖြစ်သည်။
သို့သော် တစ်မြို့ လုံးမှ စိတ်လို လက်ရ ဦးညွှတ် လာပြီးနောက်၊ ထပ်မံ နင်းချေ နေစရာ အကြောင်း မရှိ တော့ပေ။
“ ဖ ရူး ..... ။ ”
နဂါး လင်းတက မီတာ တစ်ရာ နီးပါး ရှည်သော အတောင်ပံ များကို ရုတ်ခနဲ ဖြန့် ထုတ်လိုက်သည်။
ထိုအတောင်ပံများ ထက်၌၊ နဂါး ရူရ် များ တောက်ပ လာပြီး၊ လေနှင့် လျှပ်စီး စွမ်းအင်များ တဟုန်းဟုန်း တောက်လောင် လာ၏။
“ သွား ရ အောင် ... ။ ”
“ ဂီး ... ။ ”
နဂါး လင်းတ၏ ကျယ်လောင်သော ဟောက်သံနှင့် အတူ၊ လေပြင်းများ တိုက်ခတ် လာပြီး၊ ကောင်းကင် တောင်ကုန်းမြို့ အပေါ် ဖိအား တစ်ခု၊ ကျဆင်း လာ၏။
ပြင်းထန်သော လေပြင်း အချို့ကြောင့်၊ လူတိုင်း လွင့်ပါလု နီးပါး ဖြစ်လာ ကုန်သဖြင့်၊ မျက်လုံးများ မှိတ်လျက် တောင့်ခံ လိုက်ကြသည်။
အဘိုးအို (၄) ဦးက လေထု အလယ်၊ တည်ငြိမ်အောင် ထိန်းညှိ နေစဉ်၊ မိုးကုပ် စက်ဝိုင်းကို နောက်ခံပြု ထားသော အလင်းစက် ကလေး တစ်စက် အဖြစ်၊ လင်းယွန်မှာ ပြောင်းလဲ နေပြီ ဖြစ်သည်။
လင်းယွန် ထွက်သွား သည်ကို မြင်မှ သာလျှင်၊ စိတ်သက်သာရာ ရသွား ကြ၏။
မုဟန်က သူ့ သံချိုငှက်ကို ငုံ့ကြည့်ပြီး၊ လင်းယွန် ထွက်သွား ရာထံ ပြန်မျှော် ကြည့် မိသည်။ (သံချိုငှက်= သိမ်းငှက် မျိုးနွယ်)
တစ်ဖက် လူမှ နဂါး စီးနေစဉ်၊ သူက ကြက်ပေါက် တစ်ကောင်ကို စီးနင်း လာခြင်းနှင့် တူနေ၏။ အခြေခံ အားဖြင့် ယှဉ်နိုင်စရာ မရှိ ခဲ့ချေ။
“ ကွာခြား ချက်က အရမ်း ကြီးတယ် … ။ ”
မုဟန်က ပျက်ယွင်းသော အမူ အရာဖြင့်၊ ညည်းတွား လိုက်သည်။
“ ငါတို့ သူ့ကို လွှတ်ပေး မှာလား။ ”
ဘိုးဘေး သုံးဦးက လင်းယွန်ကို မကျေ မနပ်ဖြင့်၊ မျှော်ကြည့် မိသည်။
“ ... ဘာများ လုပ်နိုင် ဦးမှာလဲ။ ”
ကောင်းကင် တိမ်လွှာ ဂိုဏ်းချုပ်က၊ ၎င်းတို့ သုံးဦးထံ တစ်ချက် ကြည့်ပြီး၊
“ ဒီ နဂါး လင်းတက ဘုရင် အဆင့် ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်နေပြီ၊ ... ”
“ ... လူအိုကြီး ချန်ရဲ့ ရလဒ် ကိုပဲ ကြည့် ... ၊ သူ ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲ မြင်တယ် မဟုတ်လား။ ”
“ လူအိုကြီးချန် သေပြီလား။ ”
နောက်ဆုံးတွင် ချန်မိသားစု ဘိုးဘေးကို ရုတ်တရက် သတိရ လာကုန် ကြသည်။
“ သူ ... မသေ ရင်တောင်၊ ဒီကိစ္စကို လက်လျှိုဖို့ မစဉ်းစားနဲ့၊ လင်းယွန်က အာဃာတ ထားတတ် သူမို့၊ သေချာပေါက် အဆုံးထိ သွားလိမ့်မယ်။ ”
ကောင်းကင် တိမ်လွှာ ဂိုဏ်းချုပ်က၊ သူ့လက်ကို ဝှေ့ယမ်းပြီး၊ မည်းမှောင်သော မျက်နှာဖြင့် လှည့်ထွက် သွားတော့သည်။
ဘိုးဘေး သုံးဦး သည်လည်း၊ ခေါင်းယမ်းလျက်၊ သူ့နောက် လိုက်ပါ သွားတော့၏။
နောက်ဆုံး၌ မသေခဲ့ လျှင်ပင်၊ ဒုက္ခိတ တစ်ဦး ဖြစ်သွားသော ချန် မိသားစု ဘိုးဘေး၏၊ သေခြင်းကို မည်သူ ကမျှ၊ စစ်ဆေးရန် ဆန္ဒ မရှိ တော့ချေ။
သွေးစွန်းသော ဧည့်ခံပွဲ နီးကပ် လာသဖြင့်၊ ပါရမီရှင်များ အားလုံး နေရပ် အသီးသီး ဆီသို့ ပြန်လာ ခဲ့ ကြသည်။
“ အခု ... ၊ သူတို့ ဘာတွေများ လုပ်နေလဲ သိချင်သား ... ။ ”
လင်းယွန် စိတ် နှလုံးမှာ၊ ဓားနန်းတော် ဆီသို့ ရောက်ရှိ သွားသဖြင့် ပြုံးရယ် လာမိ သည်။ ဂိုဏ်းတူ ညီအစ်ကို များနှင့်၊ ကာကွယ်သူ မက်မွန်ကို ပို၍ တွေ့ချင် လာ၏။
“ ခရမ်းလေး ... ကျေးဇူး ပြုပြီး၊ နည်းနည်း မြန်မြန်လေး ... ။ ”
“ ဂီး ... ။ ”
နဂါး လင်းတ ခန္ဓာ ကိုယ်တွင်၊ လျှပ်စီးများ တဖျပ်ဖျပ် လက်လာပြီး၊ တောင်ပံ တစ်စုံအား ပို၍ မြန်မြန် ခတ်လိုက် တော့၏။
လဝက်ခန့် အကြာတွင်။ ဓားနန်းတော် တည်ရှိရာ၊ အရပ် ဒေသရှိ လေထုမှာ၊ တင်းမာ နေခဲ့သည်။
လက်ရှိ အချိန်၌ ရှေးဟောင်း တာအို ဂိုဏ်း၏၊ ဂိုဏ်းချုပ်မှာ၊ ဝမ်ရန်းဘို ဖြစ်သည်။ ထို့ကြောင့် မည်းမှောင် နေသော မျက်နှာဖြင့်၊ ဓားနန်းတော် ရှေ့သို့ ရောက်ရှိ နေခြင်း ဖြစ်၏။
၎င်းနှင့် အတူ လျိုဖန်း သည်လည်း တင်းမာသော အသွင်ကို ထုတ်ဖော်၊ ထားသည်။
တစ်ဖက် လူမှာ လွန်ခဲ့သော (၆) လက၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့၊ ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။
ယင်းကို မည်သို့ လုပ်ဆောင် ခဲ့မှန်း မသိသော်လည်း၊ ခွန်အား အရ မဟာချင် အင်ပါ ယာတွင်၊ အလေးထား စရာ ဖြစ်လာ ခဲ့သည်။
ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ သည်နှင့်၊ ရှေးဟောင်း တာအို ဂိုဏ်းကို အတင်း အဓမ္မ သိမ်းပိုက်ပြီး၊ ဂိုဏ်းချုပ် ရာထူးကို လုယူထား ခဲ့သည်။
ထို့ကြောင့် ဤခြောက်လသည်၊ ဓားနန်းတော် အတွက်၊ ညတာ ရှည်သော နေ့ရက်များ ဖြစ်လာ တော့၏။
ကာကွယ်သူ မက်မွန်အား တံခါးပိတ် ကျင့်ကြံရန် အထိ၊ တွန်ပို့နိုင် ခဲ့သည်။ လျိုဖန်းက ဓားနန်းတော်ကို ယာယီ ဦးဆောင် နေချိန်မှ စကာ၊ ဓားနန်းတော်၏ နယ်မြေ အချို့၊ ကျူးကေျာ်ခံ လာရ တော့သည်။
ဇိုယန် တစ်ယောက် ဓားနန်းတော် ရောက်နေ သည်ကို ကြားချိန်၌၊ အခြေ အနေမှာ၊ ပို၍ ဆိုးရွား လာပြီး၊ သူတို့ လက်သို့ အပ်ရန်၊ တောင်းဆို လာခြင်း ဖြစ်သည်။
“ လျိုဖန်း ... ၊ ဇိုယန်ကို လက်လွှဲ ပေးပါ၊ မင်းရဲ့ ဓားနန်းတော်က ငါ့ ဂိုဏ်းရဲ့ သစ္စာဖောက် တစ်ယောက်ကို လက်ခံဖို့၊ တကယ် ရဲရင့် တယ်လား၊ အသက်ရှင် ရတာ ပင်ပန်း နေပြီ ထင်တယ်။ ”
ဝမ်ရန်းဘိုက အေးစက်စွာ မေးသည်။ ဤသည်မှာ ဇိုယန်အား သုံးကြိမ်မြောက် လာရောက် တောင်းဆိုခြင်း၊ ဖြစ်သည်။
“ ဇိုယန်ကို လင်းယွန်က ဖိတ်ကြား ထားတာပဲ၊ ငါတို့ သူ့ကို မင်းဆီ လွှဲပေး လိမ့်မယ် ဆိုတဲ့၊ အိပ်မက်ကို ရပ်လိုက်ပါ။ ”
“ လင်းယွန် လား၊ ဟား ဟား ဟား ... ၊ သူ ပြန်လာ ရဲရင် ငါ့ ရှေ့မှာ ဒူးထောက် ခိုင်းမယ်။ ”
လင်းယွန် ဟူသော နာမည်ကြောင့်၊ ဝမ်ရန်းဘိုမှ လှောင်ပြောင် ရယ်မော လေသည်။ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ ၎င်းအား ဂရုမစိုက် နေစရာ မလို တော့ချေ။
“ ဒီလူယုတ်မာ လေးက၊ သွေးစွန်းသော ဧည့်ခံပွဲမှာ ပါဝင်ချင် တာလား၊ ငါ သူ့ကို လက်တစ်ဖက် တည်းနဲ့ သတ်နိုင်တယ်။ ”
ရှေးဟောင်း တာအို ဂိုဏ်း အတွက်၊ လင်းယွန်မှာ ကပ်ဘေး တစ်ခု ဖြစ်သည်။ သူ၏ အချစ်ဆုံး တပည့်၊ အကြင်နာ ခေျာက် ကမ်းပါးကို၊ ရက်ရက် စက်စက် သတ်ပစ် ခဲ့သည်။
“ ဒါဆို လုံလောက် ပါပြီ၊ ငါ မင်းတို့နဲ့ လိုက်ခဲ့မယ်။ ”
ဇိုယန်က လျိုဖန်း ရှေ့သို့ လှမ်းတက် လိုက်သည်။ ဓားနန်းတော်အား ဤမျှ ဒုက္ခများ ပေးဆောင်မိ လိမ့် မည်ဟု၊ မထင်ထား ခဲ့ခေျ။
“ မ လို ဘူး။ ”
လျိုဖန်းက ဇိုယန် ရှေ့၊ လှမ်းတက်ကာ ခန္ဓာ ကိုယ်ဖြင့် ကွယ်လိုက်သည်။
“ မလိုဖူး ဟုတ်လား၊ အဖိုးကြီး လျို ... ၊ မင်းက ကိုယ်ကိုယ်ကို လွန်လွန် ကဲကဲ တွက်ဆ နေတာပဲ။ ”
ဝမ်ရန်းဘိုက အထင် အမြင် သေးစွာဖြင့် လှမ်းပြော လိုက်သည်။ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦး၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ ဤအမှိုက် မသိ သေးချေ။
လက်ဖဝါးကို ရှေ့သို့ တွန်းထုတ် လိုက်သည်နှင့်၊ လျိုဖန်း တစ်ယောက် နံရိုးများ ကျိုးသွားကာ၊ သွေးများ အန်ထွက် လာ၏။
“ ဝေါ့ ... ။ ”
“ မင်းက ... ငါ့ လက်ဖဝါး တစ်ချက်တောင် မခံ နိုင်ဘဲ၊ ငါ့ ရှေ့မှာ ရပ်ရဲလား ဟမ့် ... ။ ”
ဝမ်ရန်းဘိုက ကောင်ကင် ဝိညာဉ် အရှိန်အဝါကို လွှတ်ချ လိုက်ပြီး၊ အေးစက်စက် ပြောလာ သဖြင့်၊ ဓားန်းတော် တပည့် များနှင့် အကြီးများ တုန်လှုပ် ကုန်ကြသည်။
လက်ရှိ အချိန်၌ သူတို့အား ခုခံနိုင်သော ကျွမ်းကျင်သူ တစ်ဦးမှ၊ ဓားနန်းတော်တွင် မရှိ တော့ချေ။
ထို့ကြောင့် ရေှးဟောင်း တာအို ဂိုဏ်း၏ အဖွဲ့ဝင် များက၊ မောက်မာစွာ ပြုံးရယ် လာ တော့သည်။
“ သစ္စာဖောက်၊ ဒီကိုလာ ... ။ ”
ဝမ်ရန်းဘိုက ဟောက်ပြီး၊ ဇိုယန်ထံ ဦးတည်ကာ၊ ကြောက်စရာ ကောင်းသော စုပ်ဝဲ ကြီးကို ထုတ်လွှတ် လိုက်သည်။
“ မင်းကို ဒူးထောက်ချင် လာအောင်၊ ငါ့ အင်အား နည်းနည်းလောက် ပြပါ ရစေ။ ”
ဇိုယန်၏ ဒူးဆစ် ရိုးကို ချိုးတော့မည့် အချိန်တွင်၊ ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံနှင့် အတူ၊ ကောင်းကင်ကြီး ပြိုကျလာ သကဲ့သို့၊ တုန်ခါ လာ၏။
ခရမ်းရောင် မြူများ ဖုံးလွှမ်း နေသည့်၊ အပြာရောင် ဓားသမား တစ်ဦး ကောင်းကင်မှ ခုန်ချလာ ခဲ့သည်။
“ အဖိုးကြီး ... ၊ မင်း သူ့ရဲ့ ဆံချည် တစ်မျှဉ်ကို ထိတာ နဲ့တင်၊ ရှေးဟောင်း တာအို ဂိုဏ်း တစ်ဂိုဏ်း လုံးကို၊ ငါ ဖျက်ဆီး ပစ်မယ်။ ”
“ ဂျူနီယာ ညီလေးလင်း ... ။ ”
ဓားနန်းတော် တပည့် များမှာ၊ ဝမ်းသာ အားရ အော်ဟစ် လိုက်ကြ၏။ ဓားနန်းတော်မှ ဒဏ္ဍာရီ တစ်ပုဒ် ကဲ့သို့၊ ကျော်ကြားသော ပုဂိ္ဂုလ် တစ်ဦး၊ ပြန်ရောက် လာသည့် အတွက်၊ သူတို့ သွေးများ ပွက်ပွက်ဆူ လာတော့သည်။
***