← Chapters

လက်သီး တစ်ချက်။

Vol. 55 Ch. 761

လက်သီး တစ်ချက်။

Vol. 55 Ch. 761

ဤမျှ အရေးကြီးသော အခိုက်တွင်၊ လင်းယွန် ပြန်လာ လိမ့်မည်ကို မည်သူမျှ မထင် ထားမိချေ။

မောက်မာ ရင့်သီး လွန်းသော ထိုစကား များကြောင့်၊ လေထုမှာ တက်ကြွ လာခဲ့သည်။

ရုတ်တရက် လင်းယွန်အား မြင်လိုက် သဖြင့်၊ ဝမ်ရန်းဘို တစ်ယောက် အံ့အားသင့် သွားပြီး၊

“ မင်း အချိန်မီ ပြန်လာ တာပဲ၊ မင်းကို ဘယ်လိုက်ရှာ ရမလဲ ဆိုပြီး၊ တွေးပူ နေခဲ့တာ၊ လာ ... ၊ ငါ မင်းကို သင်ပေး ပါရစေ။ ”

“ ဂိုဏ်းချုပ်၊ တစ်ခု ခုတော့ မှားနေပြီ။ ”

ရှေးဟောင်း တာအို ဂိုဏ်း၏ အကြီးအကဲ များက၊ လင်းယွန်ကို မျက်မှောင် ကြုတ်လျက် ကြည့်လိုက် ကြသည်။

“ ဘာတွေ စိုးရိမ် နေရ တာလဲ၊ ဒီမှာ ငါ တစ်ယောက်လုံး ရှိတယ်လေ။ ”

ဝမ်ရန်းဘိုက ဇိုယန်ကို လျစ်လျူရှုပြီး၊ လင်းယွန်ထံ အေးစက်စွာ လှမ်းကြည့်သည်။

“ မင်းက ငါ့ကို သတ်ချင် လို့လား၊ စိတ်မကောင်း စရာပဲ မင်းမှာ ဒီလို လုပ်ဖို့ အရည် အချင်း မရှိဘူး။ ”

လင်းယွန်က လှောင်ပြောင် လိုက်သည်။ ထိုတုန့်ပြန်မှုကြောင့် ဝမ်ရန်းဘို တစ်ယောက် ဒေါသ ထွက်ကာ၊ တိုက်ခိုက် တော့မည့် အချိန်တွင်၊ ထူးခြားမှု တစ်ခုအား၊ သတိ ပြုမိ လာသည်။

မိုးကုပ် စက်ဝိုင်းကို နောက်ခံ ပြုလျက်၊ လျှပ်စီးမှော် သားရဲကြီး တစ်ကောင် လင်းယွန် ဦးခေါင်းထက် ကောင်းကင်၌ ထွက်ပေါ် လာခဲ့သည်။

ဤသည်မှာ မီတာ သုံးရာကျော် ကြီးမားသော နဂါး လင်းတ တစ်ကောင် ဖြစ်ပြီး၊ သူ့အား ဦးညွှတ်ရန် ဖိအား ပေးလာ တော့သည်။

“ ဂီး ... ။ ”

ရောက်ရောက်ချင်း အသံ လှိုင်းဖြင့်၊ တိုက်ခိုက်လာ သောကြောင့်၊ ရှေးဟောင်း တာအို အဖွဲ့ သားများ သွေးအန်ကာ၊ လွင့်စင် ကုန်သည်။

ပတ်ဝန်းကျင်ရှိ ကျောက်တုံး များနှင့်၊ ရိုက်မိကုန် သဖြင့်၊ အရိုးများ ကွဲလု နီးပါး ဒဏ်ရာ ရသွား လေသည်။

“ ဒါ က … ။ ”

“ ဒါ .. ဒါ ... ၊ ဂျူနီယာ ညီလေး လင်း၊ အနိုင်ယူ ခဲ့တဲ့ သားရဲလား၊ ကြောက်စရာ ကောင်း လိုက်တာ။ ”

ဓားနန်းတော် တပည့် များက ဤမြင်ကွင်းကို မယုံကြည် နိုင်စွာ ကြည့်လာ ကြသည်။

နတ်ဆိုး သားရဲက အသံလှိုင်း ဖြင့်ပင်၊ ဝမ်ရန်းဘို အဖွဲ့အား အမှန် တကယ် ဖျက်ဆီး နိုင်နေသည်။

အစစ်အမှန် ခွန်အားမှာ၊ မည်မျှ ကြောက်စရာ ကောင်း မည်ကို၊ တွေး မကြည့် နိုင်တော့ချေ။

လျိုဖန်းက ရှေ့တစ်လှမ်း လှမ်းတက်ပြီး၊ ထိတ်လန့် တကြားနှင့် နတ်ဆိုး သားရဲကို မော့ ကြည့်လိုက်၏။ ဤသားရဲ၏ ကျင့်ကြံမှုနှင့် ခွန်အားကို၊ သူ မမြင် နိုင်ချေ။

“ မရဏ မိုးကြိုး နဂါး လင်းတ။ ”

ဇိုယန် တစ်ယောက် မျက်လုံးပြူး သွားသည်။ ထိတ်လန့်မှုအား စကားလုံး များဖြင့် ဖော်ပြ နိုင်ခြင်း မရှိ တော့ချေ။

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ထိုနာမည်ကျော် နတ်ဆိုး သားရဲမှာ၊ လင်းယွန် နောက်သို့၊ အဘယ်ကြောင့် လိုက်နေရ သည်ကို သိချင် လာသည်။

“ ခရမ်းလေး သူတို့ကို မခြောက် ပါနဲ့။ ”

လင်းယွန်က တုန်လှုပ် နေသော ဝမ်ရန်းဘိုကို ကြည့်ကာ ပြုံးပြ လိုက်သည်။ အချိန် အနည်းငယ် ကြာပြီးနောက် ဝမ်ရန်းဘို တစ်ယောက် သတိ ပြန်ဝင် လာခဲ့သည်။

မြေပြင်ပေါ် ပြိုလဲ နေသော၊ ရှေးဟောင်း တာအို ဂိုဏ်းသား များကို ကြည့်ကာ၊ မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွားတော့၏။

ခေါ်ဆောင် လာသော အကြီးအကဲ အချို့၊ ဒုက္ခိတ ဖြစ်ကုန်ပြီး၊ တပည့် အားလုံး အသတ်ခံ လိုက်ရပြီ ဖြစ်သည်။

“ လင်း ယွန် ... ၊ မင်းက ... သေမင်းကို ဖိတ်ခေါ် မိပြီ။ ”

သေဆုံး သွားသော တပည့် များမှာ၊ ရှေေးဟောင်း တာအို ဂိုဏ်း၏ အထက် တန်းစား တပည့်များ ဖြစ်၏။

ထို့ကြောင့် ကျိုးကြောင်း ဆီလျော် မှုများ ဆုံးရှုံး သွားကာ၊ လင်းယွန်ထံ ဒေါသဖြင့်၊ ခုန်ဝင် တိုက်ခိုက် လိုက်သည်။

မူလ စွမ်းအင်နှင့် ပေါင်းစပ် ထားသော ကောင်းကင် ဝိညာဉ် နယ်မြေ၊ အရှိန် အဝါကို ထုတ်လွှတ် လိုက်သော အခါတွင်၊ ရှေးဟောင်း သားရဲ တစ်ကောင် ကဲ့သို့၊ ကြောက်မက်ဖွယ် ကောင်းလာ ခဲ့၏။

ထို့ပြင်၊ သူ့ နောက်ကျော၌ ရိုင်းစိုင်းသော ကမ္ဘာဦး သားရဲကြီး တစ်ကောင် ထွက်ပေါ် လာသည်။

“ ဂျူနီယာ အစ်ကို လင်း၊ သတိထား ... ။ ”

ဓားနန်းတော်ရှိ လူတိုင်းက စိုးရိမ်စိတ်များ ဝင်ရောက် လာလေသည်။ မည်သို့ပင် ဆိုစေ ကာမူ တစ်ဖက် လူမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး၊ နေဆဲ ပေပင်။

သတိ မမူ မိပါက ဤတိုက်ခိုက် မှုကြောင့်၊ သေဆုံး သွားနိုင်၏။

“ ဘယ်သူက သေမင်းကို ဖိတ်ခေါ် မိတာလဲ။ ”

လင်းယွန်က ရယ်မော လိုက်၏။ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိရန်၊ ဝမ်ရန်းဘို တစ်ယောက် မည်သို့ လုပ်ဆောင်ခဲ့ သည်ကို၊ သူ မသိ သော်လည်း၊ အခြေခံ အုတ်မြစ်မှာ စိတ်ပျက် စရာ ပေပင်။

ဝမ်းရန်းဘို ကဲ့သို့ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ သည်သာ၊ သားရဲ ဒီရေ အတွင်း တိုက်ခိုက် ခဲ့ပါက၊ အထွတ် အထိပ် ယင်-ယန် အဆင့်ရှိ သားရဲ တစ်ကောင်မှ၊ အလွယ် တကူ သတ်ပစ် နိုင်မည် ဖြစ်သည်။

“ မိုးပြာ နဂါး မူလ ပုံစံ။ ”

အနားရောက် လာသော ဝမ်ရန်းဘိုကို ကြည့်ပြီး၊ နဂါး ရူရ် သုံးဆယ် မျှသာ အသုံးပြု ထားသော လက်သီးဖြင့်၊ ပြန်လည် ထိုးချ လိုက်သည်။

ထိပ်တိုက် တွေ့ဆုံ သွား ပြီးနောက်၊ ဝမ်ရန်းဘို တစ်ယောက် မြေပြင်ပေါ် လွင့်စင် သွားကာ၊ ခြေလှမ်း များစွာ ဆုတ်ခွာလျက်၊ ဟန်ချက် ထိန်းညှိ လိုက်ရသည်။

သူ့မျက်လုံး များတွင်၊ မယုံကြည် နိုင်သော အမူ အရာများ ပြည့်နှက် လာ၏။

“ ဒါက ... ၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ကောင်းကင် ဝိညာဉ် အဆင့် ခွန်အားဖြင့်၊ အလယ် အလတ် ယင်-ယန် အဆင့်တွင် ရှိသော လင်းယွန် အပေါ် ရှုံးနိမ့်ခဲ့ သည်အား၊ နားမလည် နိုင်တော့ချေ။

မူလ စွမ်းအင် သုံးပုံ တစ်ပုံ မျှသာ၊ အသုံး ပြုခဲ့ သော်လည်း၊ ယင်းမှာ ကောင်းကင် ဝိညာဉ် နယ်ပယ်၏၊ ခွန်အား ဖြစ်ပေသည်။

ထို့ကြောင့် တစ်ဖက် လူ အနေဖြင့်၊ လက်သီး တစ်ချက် တည်းနှင့်၊ အနိုင်ရရှိ စရာ အကြောင်း မရှိချေ။

တစ်နှစ် အတွင်း သန်မာ လာသော လင်းယွန်ကြောင့်၊ ဓားနန်းတော် တပည့် များမှာ၊ ထိတ်လန့် သွားခဲ့သည်။

“ ငါ ... မင်းကို မသတ်နိုင် ဖူး ဆိုတာ မယုံဘူး။ ”

ဝမ်ရန်းဘို မျက်နှာမှာ၊ မည်းမှောင် သွား၏။ မူလ စွမ်းအင်နှင့် ကြမ်းရှသော စွမ်းအင်ကို ပေါင်းစပ်လျက် ထပ်မံ တိုက်ခိုက် လိုက်သည်။

ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ယောက် အနေဖြင့်၊ သူ့ မာနက ဦးညွှတ်ရန် ခွင့် မပြုချေ။

သို့သော် လင်းယွန် အနား ရောက်ခါ နီးတွင်၊ ဦးခေါင်းကြီး တစ်ခု ကြားဝင် လာသောကြောင့် အသက်ရှူ ရပ်သွားသည်။

သူ ပြန် မဆုတ်နိုင် ခင်မှာပင်၊ နဂါး လင်းတက ပါးစပ်ကို ဖွင့်ပြီး၊ လေဖြင့် မှုတ်ထုတ် လာ၏။

“ ခရမ်းလေး ... ၊ ဒီလောက်ထိ ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံဖို့ မလို ပါဘူး။ ”

လင်းယွန်က အပေျာ် သဘောဖြင့်၊ လှောင်ပြောင် ဟန့်တား လိုက်သည်။ သူ့ အပြုံးက လူတိုင်း၏ ကျောရိုးကို၊ စိမ့်တက် လာစေ၏။

မြေပြင်မှ ကုန်းရုန်း ထရပ် လိုက်ပြီး၊ ကြောက်လန့် တကြားဖြင့်၊ နဂါး လင်းတထံ၊ ပြန်ကြည့် လိုက်သည်။

“ လင်းယွန် ... ၊ မင်း သတ္တိ ရှိရင်၊ ဒီသားရဲကို မစွက်ဖက် စေနဲ့၊ ယောကျ်ား ပီပီ မျှမျှ တတ တိုက် ... ။ ”

စကား မဆုံးခင်၊ ‘သားရဲ’ ဟု နာမ်စား အသုံးခံ လိုက်ရသော၊ နဂါး လင်းတက လျှပ်စီး စွမ်းအင် များကို၊ ပါးစပ်မှ တဆင့် မှုတ်ထုတ် တော့သည်။

ဤအရာက ဝမ်ရန်းဘိုကို ကောင်းကင်ပေါ် သွေးအန်လျက် ပျံတက် သွားစေ၏။ ဒဏ်ရာမှာ ပြင်းထန် လှသဖြင့်၊ ပြန်ကျလာ ချိန်တွင် မြေပြင်၌ ဒူးထောက် လိုက်ရသည်။

“ ခရမ်းလေး ... မင်းက အရမ်း စနောက်တက် တာပဲ၊ ကြည့်စမ်း ... ၊ စီနီယာ ဝမ်က မင်းကို ဒူးထောက် နေပြီ။ ”

လင်းယွန် မျက်နှာက၊ ပြောင်းလဲခြင်း မရှိ သော်လည်း၊ နှုတ်ခမ်း ပေါ်ရှိ အပြုံးမှာ ပို၍ အေးစက် လာတော့ သည်။

“ ဂိုဏ်းချုပ်၊ ဒီကောင်က ဂိုဏ်းချုပ်ကို အရှက်ခွဲ နေတာပဲ။ ”

ကျန်ရှိ နေသော အကြီးအကဲ များက၊ ဒေါသဖြင့် ပြောဆို လာကြသည်။ ထို့ကြောင့် ဝမ်ရန်းဘို တစ်ယောက် အံကြိတ် လိုက်မိ၏။

အခြေ အနေကို နားလည် လိုက်ပြီး ဖြစ်သည်။ လင်းယွန် ဟန့်တား နေခြင်းမှာ၊ သားရဲ ကောင်အား တိုက်ခိုက်ရန် ခိုင်းစေ နေခြင်း ဖြစ်၏။

“ လင်းယွန် ... ၊ ငါ ဒီကိစ္စကို ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ဓားနန်းတော်က အနှေးနဲ့ အမြန် ဖြေရှင်းချက် ပေးရမယ်။ ”

မျက်နှာ ပြောင်းလဲ သွားပြီး၊ ထွက်ခွာရန် ဆုံးဖြတ် လိုက်သည်။ သို့သော် ခြေ တစ်လှမ်း လှမ်းလိုက်စဉ်၊ နဂါး လင်းတမှ လက်သည်းဖြင့်၊ မြေပြင်ကို နင်းချကာ၊ တုန်လှုပ် စေ၏။

ထွက်ပေါ် လာသော လှိုင်းများက ဝမ်ရန်းဘိုကို၊ သွေးများ အန်လျက် ထပ်မံ လွင့်စင်သွား စေ ပြန်သည်။

နဂါး လင်းတက ခေါင်းကို၊ ထပ်မံ ရှေ့တိုးလာ သဖြင့်၊ ထိတ်လန့် တကြား လေးဘက် သွား လိုက်မိသည်။

နဂါး လင်းတ ဦးခေါင်း၊ နောက်ပြန် ဆုတ်သွားမှ သာလျှင်၊ ဤသားရဲ လက်မှ လွတ်မြောက်ရန် မဖြစ် နိုင် သည်ကို သတိရ သွားပြီး၊ မျက်နှာ မည်းတက် သွား၏။

ဆိုလို သည်မှာ သူ့အား တမင်၊ လေဘက်တွား သွား စေရန် ခြောက်လှန့် နေခြင်း ပေပင်။

နောက်ဆုံးတွင် မဟာချင် အင်ပါယာ၌၊ ရက်စက် ကြမ်းကြုတ်သူ တစ်ဦး အဖြစ် သူ၏ ပုံရိပ်ကို၊ ထူထောင် ထားခဲ့သည်။

သို့သော် ယခု အချိန်၌ လင်းယွန်အား တုန်ယင် စွာဖြင့် တောင်းပန် လိုက်မိသည်။

“ လင်းယွန် ... ၊ ငါ့ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပါ၊ ဓားနန်းတော်နဲ့ ရှေးဟောင်း တာအို ဂိုဏ်းဆိုတာ နှစ်ပေါင်း များစွာ ထဲက၊ ပြိုင်ဆိုင် လာကြတဲ့ ဂိုဏ်းတွေပဲ၊ ဒီလောက်ထိ ရက်စက် စရာ မလိုဖူး မဟုတ်လား။ ”

၎င်းမြင်ကွင်းကြောင့် ဇိုယန် တစ်ယောက် စိတ်ပျက် သွား၏။ ဤလူအား တစ်ချိန်က ဆရာ အဖြစ်၊ သူ လေးစားခဲ့ ဖူးလေသည်။

ယခုမူ လုံးဝ ရွံရှာ သွားပြီး ဖြစ်သဖြင့်၊ မျက်နှာလွှဲ လိုက်ကာ၊ သူ့ တစ်သက် လုံးဝ မမြင်ချင် တော့ချေ။

“ ဒူး ထောက် နေ ... ။ ”

လင်းယွန်က ဝမ်းရန်ဘိုကို စိတ် မ၀င်စား တော့ဘဲ၊ လျိုဖန်းထံ လှည့်ကြည့် လိုက်သည်။

“ အကြီးအကဲ လျို ... အဆင်ပြေ ရဲ့လား။ ”

“ အဆင်ပြေ ပါတယ်၊ ငါ သေဦးမှာ မဟုတ်ဘူး။ ”

လျိုဖန်းက ကျေနပ် အားရစွာ ပြုံးပြ လိုက်သည်။

“ ဘာတွေ ဖြစ်နေ တာလဲ အကြီးအကဲ လျို။ ”

လင်းယွန်က ထပ်မေးသည်။ လွန်ခဲ့သော ခြောက်လက အဖြစ်အပျက် များကို ပြောပြပြီး၊ လျိုဖန်း တစ်ယောက် သက်ပြင်းချ လိုက်သည်။

ထိုကာလ အတွင်း၊ ဓားနန်းတော် အတွက် ခါးသီးသော နေ့ရက်များ ဖြစ်ခဲ့ ပေ၏။ ကာကွယ်သူ မက်မွန် သည်ပင်၊ အောင်မြင်မှု ရယူရန်၊ အလျင်လို ခဲ့ရသည်။

လင်းယွန် မျက်လုံးတွင်၊ အေးစက်သော အလင်း ရောင်များ တောက်ပ လာပြီး၊ ဝမ်ရန်းဘိုထံ ပြန်လှည့် ကြည့်သည်။

“ မင်းကို ငါ လွှတ်ပေးမယ်၊ ဒါပေမယ့် မင်းငါ့ရဲ့ လက်သီး သုံးချက် ကနေ၊ အသက်ရှင် နိုင်ဖို့တော့ လိုတယ်။ ”

“ မင်း တကယ် ပြောနေ တာလား။ ”

ဝမ်ရန်းဘို တစ်ယောက် စိတ်လှုပ်ရှား စွာဖြင့်၊ မတ်တပ် ထရပ် လိုက်သည်။

“ မင်း ... ဆန္ဒရှိ မှပါ ... ။ ”

လင်းယွန်က ဆိုသည်။

“ သခင်လေး လင်းက၊ တကယ့်ကို ထူးထူး ခြားခြား အရည် အချင်းရှိ သူ တစ်ဦးပါ၊ မင်းရဲ့ သဘောထား ကြီးမြတ်မှုကို ငါ ယုံတယ်၊ လာ ... ။ ”

ပါးစပ် ဖျားဖြင့် မြှောက်ပင့် စကား ဆို သော်လည်း၊ စိတ်ထဲမှ လှောင်ပြောင် ရယ်မော လိုက်၏။ လင်းယွန်အား ကြောက်လန့် နေစရာ အကြောင်း မရှိချေ။

တစ်ဖက်တွင် လင်းယွန်က အချိန် မဖြုန်း တော့ဘဲ၊ နဂါး ရူရ် (၃၀)ကို အသက်သွင်းကာ၊ လက်သီး နှစ်လုံး ပစ်ချ လိုက်သည်။

“ ဝေါ့ ... ။ ”

ထိုလက်သီး များက ပေါက်ကွဲသံ နှင့်အတူ၊ ဝမ်ရန်းဘို မျက်နှာအား ဖြူဖျော့ သွားစေသည်။ နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး၊ အတွင်းပိုင်း အင်္ဂါ အချို့ ကွဲထွက် ကုန်၏။

သူ့ သက်တမ်း တစ်ဝက် နီးပါးကို၊ ထိုလက်သီးက ထိုးသတ်သွား ခဲ့ခြင်း ဖြစ်သည်။ သို့သော် အသက်ရှင် နိုင်ဆဲ ဖြစ်သဖြင့်၊ ပြုံးရယ် လိုက်မိ၏။

“ နောက် တစ်ချက် ... ။ ”

ပြုံးနေ ခဲ့သော်လည်း၊ သူ့ မျက်ဝန်းများ အတွင်း၌၊ သတ်ပစ် လိုသော ရယ်ရွယ်ချက်များ ပြည့်နှက် နေခဲ့သည်။

၎င်းကို ကောင်းစွာ ဖုံးကွယ် ထားပြီး ဓားနန်းတော်ကို သွေးကွဲအောင် လုပ်ကာ၊ ဖြိုချ ပစ်မည်ဟု စိတ်ထဲမှ ကျိန်ဆို လိုက်၏။

အချိန် မည်မျှ ပေးဆပ် ရသည် ဖြစ်စေ အရေး မကြီးဘဲ၊ ခံစားခဲ့ ရသော အရှက်တရား အတွက်၊ အဆ တစ်ရာ ပြန်လည် ရယူမည် ဖြစ်သည်။

“ ဟမ့် ... ငါ ထွက်သွား ပြီးရင် ၊ ဓားနန်းတော်ကို လက်စား ချေဖို့၊ စိတ်ကူးနေ တာလား။ ”

လင်းယွန်က လှမ်းမေး လိုက်သည်။ ထိုမေးခွန်းကြောင့် ဝမ်ရန်းဘို နှလုံးသားများ၊ လေးလံ သွားပြီး၊

“ မင်း ... နောက်နေ တာပဲ ဖြစ်ရမယ်၊ ဒါပေမယ့် မင်းရဲ့ ကတိကို မဖောက်ဖျက် ဖူး မဟုတ်လား ။ ”

“ မဖောက်ဖျက် ပါဘူး။ ”

လင်းယွန်က ခေါင်းညိတ်ကာ၊ သူ့ စကားကို ဆက်လိုက်၏။

“ ငါ့ရဲ့ နောက်ဆုံး လက်သီးကို၊ မင်း ယူနိုင်မယ်လို့ ထင်နေလား။ ”

“ ငါက ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ယောက်ပဲ၊ မလုပ်နိုင် စရာ အကြောင်း မရှိဘူး၊ မင်း ငါ့ဆီ အချိန် မရွေး လာနိုင် ပါတယ်။ ”

“ ကောင်းကင် ဝိညာဉ် နယ်မြေ ဟုတ်လား၊ ဇိုယန် ... ၊ သူ တကယ်ပဲ အရည်အချင်း ပြည့်မီ တယ်လို့၊ မင်းရော ထင်လား။ ”

လင်းယွန်က ပြုံးလျက်၊ ဇိုယန်ကို လှည့်မေး လိုက်သည်။

“ ... အသုံး မဝင် သေးဘူး။ ”

ဇိုယန်မှ ခေါင်းယမ်းကာ ဆိုသည်။ ဝမ်ရန်းဘို သည်သာ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွင်းကျင်သူ တစ်ဦး ဆိုပါက၊ လူတိုင်း ရယ်မော ကြပေမည်။

ထိုစကား များကြောင့် ဝမ်ရန်းဘို တစ်ယောက်၊ ဒေါသထွက် လာပြီး၊

“ ဒီနေ့ ငါ ရှုံးနိမ့် တာကို ဝန်ခံ ပါတယ်၊ ဒါပေမယ့် မင်းက ဘာလို့ ငါ့ကို အရှက် ခွဲချင် နေရ တာလဲ၊ နောက်ဆုံး လက်သီး မြန်မြန် လာပါ။ ”

“ ကောင်းတယ် ... ၊ မင်းမှာ ဒေါသ ရှိတယ် ဆိုတာ မေ့တော့ မလို့၊ ငါသာ အချိန်မီ ပြန်မလာ နိုင်ရင်၊ ဓားနန်းတော် တစ်ခုလုံး အသတ် ခံရမှာ သေချာတယ်၊ ... ”

“ ... အရင်က ဘယ်လောက် အထိ၊ မောက်မာခဲ့တယ် ဆိုတာ မေ့သွား ပြီလား၊ မင်းကိုယ်မင်း ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူလို့ ... ”

“ ... ရည်ညွှန်း နေတာလား၊ ဘယ်လောက်တောင် သနားစရာ ကောင်းတဲ့၊ ကျွမ်းကျင် သူလည်း ဆိုတာ၊ ငါ ပြောပြ ပါရစေ။ ”

လင်းယွန် ခန္ဓာကိုယ် တစ်ဝိုက်တွင် အပြာရောင် လျှပ်စီး နဂါးကြီး တစ်ကောင် ဖြစ်တည် လာပြီး၊ နဂါး ရူရ် (၇၂)လုံး တောက်ပ လာခဲ့သည်။

ထို့နောက် လက်သီး ဆုပ်ကာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး အဖြစ် ဂုဏ်ယူ ဝင့်ကြွား နေသော၊ ဝမ်ရန်းဘိုထံ ထိုးချ လိုက်သည်။

ရူရ် များကြောင့် ညာလက် တစ်ဖက်လုံး ကြမ်းကြုတ်သော နဂါးကြီး အသွင် ပြောင်းလဲ သွားခဲ့သည်။

ထို့နောက် ခန္ဓာ ကိုယ်ကို လှည့်ပတ် ထားသော နဂါးကြီးက၊ အသက်ဝင် လာပြီး လေနှင့် လျှပ်စီး များကို ဆင့်ခေါ် တော့၏။

“ မ ဟုတ် ဘူး ... ။ ”

ဝမ်ရန်းဘို တစ်ယောက် လုံးဝ မှင်တက် သွားသည်။ သူ မတုံ့ပြန် နိုင်မီတွင် လင်းယွန်၏ လက်သီးက ရောက်ရှိ လာပြီ ဖြစ်၏။

ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး စွမ်းအင် များက ခန္ဓာကိုယ် ထဲသို့၊ ချော်ရည်များ အသွင်၊ စိမ့်ဝင် လာသည်။

စက္ကန့်ပိုင်း အတွင်း ရုပ်ခန္ဓာ တစ်ခုလုံး အနီရောင် ပြောင်းလဲ သွားပြီး၊ ဝမ်ရန်းဘို တစ်ယောက် အပိုင်းပိုင်း ကွဲထွက် လာကာ၊ ‘ပြာ’ မှုန်ပင် မကျန်ရစ် တော့ချေ။

“ ကောင်းကင် ဝိညာဉ် နယ်မြေ တဲ့လား ၊ ဟား ... ဟား ... ဟား။ ”

အထင်အမြင် သေးသော မျက်ဝန်း များဖြင့်၊ လင်းယွန်က ညာလက်ကို ပြန်လည် ဖြေလျှော့ လိုက်သည်။

လက်သီး တစ်ချက်ပင် မခံယူ နိုင်သော၊ အမှိုက် တစ်စသည် သူ့ကိုယ်သူ ကောင်းကင် ဝိညာဉ် နယ်မြေ ပညာရှင် အဖြစ်၊ ခေါ်ဝံ့ ချေ၏။

ဤဝမ်ရန်းဘိုမှာ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင် သူများ အတွက် အရှက် ရဖွယ် ပေပင်။

***

All Chapters