← Chapters

နှုတ်ဆက် သွားခြင်း။

Vol. 55 Ch. 762

နှုတ်ဆက် သွားခြင်း။

Vol. 55 Ch. 762

လက်သီး သုံးချက်ဖြင့် ဓားနန်းတော် အပေါ်၊ ကျရောက် နေသော မငြိမ်မသက်မှု များကို ဖြေရှင်း ပေးခဲ့သည်။

သူ လုပ်ခဲ့ သည်မှာ၊ နောက်ကွယ်က လက်သည်ကို၊ သတ်ပစ်ခြင်း ပေပင်။ ဤမျှ လွယ်ကူသော အရာ ဖြစ်သော်လည်း၊ လူတိုင်း ပြီးမြောက် နိုင်သည် မဟုတ်ချေ။

ဝမ်ရန်းဘို သေဆုံး ခြင်းသည် မဟာချင် အင်ပါယာ အပေါ်၊ လှိုင်းလုံး ကြီးများ ကျရောက် စေမည်မှာ သေချာသည်။

သို့သော် လင်းယွန် အမြင် အရ၊ ဝမ်ရန်းဘိုမှာ၊ တောင်တုန် မိစ္ဆာ မျောက်ဝံ မျှပင်၊ တန်ဖိုး မရှိ လှချေ။

အဆုံးတွင် မျောက်ဝံ ထံမှ သားရဲ အမြုတေကို ရရှိ နိုင်သည်။ ခရီးကြမ်း ထွက်ခြင်း ကြောင့်၊ အတွေ့ အကြုံ များစွာ ရရှိ လာကာ၊ သူ့ စိတ်အား တစ်စုံ တစ်ရာ တုန်လှုပ်အောင်၊ စွဲဆောင် နိုင်မည့် အရာ မရှိ တော့ချေ။

နက်ရှိုင်း လွန်းသော သမုဒ္ဒရာကြီး တစ်စင်း ကဲ့သို့၊ လူတိုင်း နားလည်ရ ခက်လာ စေခဲ့သည်။

“ သေ ပြီ ။ ”

လျိုဖန်းက ဤမြင်ကွင်းကို မယုံကြည် နိုင်စွာ ကြည့်နေ မိသည်။ သူ့ နောက်ရှိ တပည့် များမှာ၊ အသက်ရှူရန် မေ့ကုန် ကြ၏။

သူတို့၏ ဂျူနီယာ ညီလေး လင်းသည်၊ မည်သည့် အတွက်ကြောင့်၊ သည်မျှ သန်မာ လာရ သည်ကို၊ နား မလည်နိုင် သေးချေ။

လင်းယွန် ထွက်သွား သည်မှာ၊ တစ်နှစ် မျှသာ ရှိသေး သော်လည်း၊ ခွန်အားက သူတို့ စိတ်ကူး များထက် ကျော်လွန် နေပြီ ဖြစ်သည်။

ခရီး သွားခြင်းဖြင့်၊ အမြင်များ ကျယ်လာကြောင်း လူတိုင်း နားလည် ထားသည်။ အခွင့်အရေး တိုင်းမှာ အန္တရာယ်များ နှင့်အတူ၊ လိုက်ပါ လာတက် ကြသည်။

ဉပမာ အားဖြင့်၊ လျှို့ဝှက် နယ်မြေ တစ်ခု ဖွင့်လိုက်တိုင်း၊ လူပေါင်း များစွာ သေဆုံး ရလေ သည်။

အသက်ရှင် ကျန်ရစ်သူ များမှာ၊ လင်းယွန်နှင့် ဇိုယန် ကဲ့သို့ သန်မာ လာမည် ဖြစ်သည်။ သို့သော် လူတိုင်းတွင် အရည်အချင်း ရှိသည် မဟုတ်ချေ။

“ ပြန်သွားပြီး ... ၊ ဂိုဏ်းကို ဖျက်သိမ်းပါ၊ ဒီလိုမှ မဟုတ်ရင် ငါ ကိုယ်တိုင် ရှေးဟောင်း တာအို ဂိုဏ်းကို လာခဲ့မယ်။ ”

ကျန်ရှိ နေသော အကြီးအကဲ များကို ကြည့်ပြီး၊ လင်းယွန်က ဆိုသည်။ လက်သီး တစ်ချက် တည်းဖြင့်၊ ဝမ်ရန်းဘို အသတ်ခံ ရလိမ့် မည်ဟု၊ မည်သူမျှ မယုံနိုင် သေးချေ။

ထို့ကြောင့် အားလုံး မှင်တက် နေစဉ်၊ လင်းယွန် ပြောသော စကားကို မကြားလိုက် သူများ ရှိလာ ကြသည်။

“ သူ ဘာပြော တာလဲ။ ”

နှစ်ထောင်ပေါင်း များစွာ အခြေတည် ထားသော ဂိုဏ်းကြီး တစ်ဂိုဏ်းအား၊ ဖျက်သိမ်း ပစ်ရန်၊ ပေါ့ပေါ့ ပါးပါး ဆိုလာ၏။

“ ငါ ပြောတာ မရှင်းသေး ဖူးလား။ ”

လင်းယွန်က မျက်လုံးများ မှေးကျဉ်းလျက်၊ တည်ငြိမ်စွာ ပြန်မေး လိုက်သည်။ ဝမ်ရန်းဘို၏ လုပ်ရပ် များ အတွက်၊ အဖိုးအခကို ရယူပြီး ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ အပေါ် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်၏။

“ ဒါ ... ၊ ဒါ … က ။ ”

အကြီး အကဲများ အားလုံး၊ မျက်နှာ ဖြူဖျော့လာ ကုန်ပြီး၊ ကြောက်ရွံ့ တုန်လှုပ်သွား ကြသည်။

“ ဒီစကား တွေကို အကြီးအကဲ တွေဆီ ပြောလိုက် ပါမယ်၊ ငါတို့ကို အရင် သွားခွင့်ပြု ပေးပါ။ ”

လင်းယွန် လက်သီးဖြင့် ဝမ်ရန်းဘို သေဆုံး ပြီးနောက်၊ လူတိုင်း စိတ်ပျက် လက်ပျက် ဖြစ်ခဲ့ ရသည်။

ရှေးဟောင်း တာအို ဂိုဏ်းသည် တစ်ဖက်လူနှင့် တိုက်ခိုက်ရန် အရည်အချင်း မရှိ တော့ပေ။

ထိုထက် ပို၍ ကြောက်စရာ ကောင်းသော သားရဲ တစ်ကောင်ပါ ရှိနေ သဖြင့်၊ ခွန့်တုန့်ပြန် နိုင်စရာ စကား မရှိတော့ သည်မှာ၊ သဘာဝ ပေပင်။

၎င်းသားရဲ ဖြင့်ပင် ရှေးဟောင်း တာအို ဂိုဏ်းကို ချေမှုန်း ပစ်နိုင် လေသည်။

“ လင်းယွန်၊ မင်း တကယ် လုပ်မှာလား။ ”

အနည်းငယ် ရက်စက်လွန်း သည်ဟု မြင်မိသဖြင့်၊ လျိုဖန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ ကောင်းကင် ဝိညာဉ် နယ်မြေ ဆိုပြီး၊ ဝမ်ရန်းဘိုက မောက်မာ ခဲ့တယ်၊ ငါသာ သူ့လို မသန်မာ ဖူး ဆိုရင်၊ ဒီနေ့ ဓားနန်းတော် သွေးလွှမ်း ရလိမ့်မယ်၊ ... ”

“ ... ငါ့ လောက်တောင် မသန်မာတဲ့ လူ တစ်ယောက်က၊ ဒါကို လုပ်ဝံ့ မှတော့ ငါ မလုပ်ရဲ စရာ၊ အကြောင်း မရှိ ပါဘူး။ ”

လင်းယွန်က သူ့စကားကို ခေတ္တရပ် လိုက်ပြီး၊

“ ရှေးဟောင်း တာအို ဂိုဏ်းက၊ ငါ့ကို လုပ်ကြံဖို့ အတိတ်မှာ၊ အကြိမ်ကြိမ် ကြိုးစားခဲ့ ဖူးတယ်၊ ဒါကြောင့် သူတို့ မလာ ရင်တောင်၊ ငါ သွား ရလိမ့်မယ်။ ”

လျိုဖန်း တစ်ယောက် စကား တစ်ခွန်းမျှ ထပ်မဆို တော့ပေ။ ဓားနန်းတော် တပည့်များ မှာမူ၊ လျိုဖန်းနှင့် မတူဘဲ၊ ရှေးဟောင်း တာအို ဂိုဏ်း၏ အနိုင်ကျင့် ခံရခြင် အပေါ်၊ လက်စားချေ ခွင့်ရပြီ ဖြစ်သဖြင့်၊ ဝမ်းသာ အားရ အော်ဟစ် လိုက်ကြသည်။

ခြောက်လ တိုင်တိုင်၊ မက်ခဲ့ ရသော အိမ်မက်ဆိုး များကို၊ လင်းယွန်မှ ဖြေရှင်းပေး လာပြီး၊ ဓားနန်းတော်၏ ဂုဏ် သိက္ခာအား ထူထောင် ခဲ့လေပြီ။

ဤလုပ်ရပ်မှာ မဟာချင် ချင် အင်ပါယာ တစ်ခွင် လုံးသို့၊ တစ်ရက် အတွင်း ပြန့်ပွား သွား တော့၏။

သတင်းကို အတည် ပြုရန်၊ စူးစမ်း လာသူ များမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲ တစ်ကောင် ကိုပင်၊ အုပ်စိုး နိုင်ခဲ့ သည်ဟု ထပ်မံ သိရှိ လာသဖြင့်၊ လင်းယွန်မှာ ကောလာ ဟလ များထက် ပို၍ အားကောင်းကြောင်း၊ လက်ခံ လိုက်ကြသည်။ သူ အလို ရှိသော်၊ ရှေးဟောင်း တာအို ဂိုဏ်းကို၊ ချက်ချင်း ဖယ်ရှား နိုင်ပေ၏။

နောက်နှစ်ရက် အကြာတွင် မဟာချင် အင်ပါယာ၏ ဂိုဏ်းကြီး လေးဂိုဏ်း အနက်မှ၊ တစ်ခု ဖြစ်သော ရှေးဟောင်း တာဂိုဏ်းကို၊ ဖျက်သိမ်းကြောင်း ကြေညာ ခဲ့သည်။

ထို့ကြောင့် လင်းယွန်မှာ၊ မဟာချင် အင်ပါယာ၌ အာရုံ စူးစိုက်မှု ဗဟိုချက် ဖြစ်လာ တော့၏။

နဂါး တံခါး ချန်ပီယံ အဖြစ်၊ လူသိများ ထားသော်လည်း၊ တစ်နှစ် အကြာတွင် ဤကဲ့သို့ ကြောက်စရာ ကောင်းလာ လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားခဲ့ချေ။

ထိုအင်အား မျိုးမှာ၊ လူတိုင်း နားလည် နိုင်စွမ်းထက် ကျော်လွန် နေပေသည်။ မဟာချင် အင်ပါယာသည် ဤတစ်ကြိမ်၌၊ စစ်မှန်သော ဘီလူး တစ်ကောင်ကို မွေးဖွား နိုင်လိုက်ပြီ ဖြစ်သည်။

သွေးစွန်းသော ဧည့်ခံပွဲတွင်၊ လင်းယွန်နှင့် အတူ၊ မဟာချင် အင်ပါယာ အမည်အား၊ ရေးထိုး နိုင်တော့မည် ဖြစ်သည်။

မဟာချင် အင်ပါယာမှ လာသော ဓားတစ်လက်၊ မည်မျှ ထက်ရှ နိုင်မည်ကို မျှော်တွေးလျက် စိတ်လှုပ်ရှား လာကုန် တော့၏။

လင်းယွန်မှာ ၎င်းအား စိတ်မဝင်စား နိုင်ဘဲ၊ မဟာချင် အင်ပါယာ၏ ပထမ ဓားသမား ဘွဲ့ကို အရယူ မည်ဟု၊ ဆိုခဲ့သော လီဝူယုထံ ဦးတည် လိုက်မိသည်။

“ လူမိုက်လေး လီဝူယု။ ”

ရတနာ တောင်ကုန်း၏ တာဝန်ခံမှာ မိုချန် ဖြစ်နေပြီး၊ လီဝူယုမှ သူ့ အတွက် စာတစ်စောင် ချန်ထားခဲ့ သည်ဟု သတင်း ပေးလာသည်။

“ အစ်မရော ပြန်လာ ပြီလား။ ”

လင်းယွန် မေးခွန်းကြောင့်၊ မိုချန် မျက်လုံးများ မှိန်ကျ သွားကာ၊ သက်ပြင်း တစ်ချက် ချလိုက်ပြီး၊

“ စီနီယာ အစ်မ ရှင်းယန် အကြောင်း ဘာသတင်းမှ မရဘူး၊ မင်းနဲ့ ပတ်သက်တဲ့ သတင်း အချို့သာ၊ ငါတို့ ရယူ နိုင်တယ်။ ”

လင်းယွန် တစ်ယောက် အနည်းငယ်၊ အံ့အားသင့် သွားသည်။ ရှင်းယန်မှာ အဆင် ပြေပြေ ထွက်ခွာသွား နိုင်ပုံ ရ၏။

သူမ သိုင်းဝိညာဉ်သည်၊ မရိုးရှင်း လှချေ။ ထို့ကြောင့် အဆင်ပြေ မည်ဟု ယုံကြည်သည်။ ပြန်ဆုံရန် အခွင့် အရေး ရှိ-မရှိ ကိုမူ၊ မည်သူမျှ မပြော နိုင်ကြချေ။

အတွေး များကို ဖြတ်လိုက်ပြီး၊ လီဝူယုထံ စိတ်ရောက် သွားသည်။ စတွေ့သည့် အချိန် ကပင်၊ ၎င်း၏ အထိန်း အကွပ် မဲ့သော လုပ်ရပ် များကြောင့်၊ မှတ်မှတ် ထင်ထင် ရှိလာခဲ့သည်။

ထို့ပြင် လီဝူယု ကျင့်ကြံသော ကံကြမ္မာ ကြယ်တာရာ နည်းစနစ်မှာ၊ လင်းယွန် သည်ပင် မမြင်နိုင် လောက်အောင် နက်နဲ လှပေ၏။

ရှန်ရှင်း နယ်မြေ တစ်လျှောက်၊ မှော် ဆေးလုံးများ မသုံးဘဲ၊ ဖိနှိပ်ထား ခြင်းသည် လုံးဝ မရိုး ရှင်းကြောင်း၊ သိ စေသည်။

သို့သော် ရုတ်တရက် ဤသို့ ထွက်ခွာသွား လိမ့်မည်ဟု မထင် ထားမိ သည်မှာ၊ အမှန်ပင်။

ဓားဝိညာဉ် ခန်းမသည်၊ ဓားနန်းတော်ရှိ အထင်ကရ နယ်မြေကြီး ငါးခု အနက်မှ တစ်ခု ဖြစ်၏။

အသင်္ခေျိ ဓားရင်ပြင်နှင့်၊ ဓားသင်္ချိုင်း တောအုပ်သို့၊ အကြိမ် များစွာ သွားရောက်ဖူး သော်လည်း၊ ထိုနေရာသို့ မရောက်ခဲ့ ဖူးချေ။

၎င်းကိုလည်း တားမြစ် နယ်မြေ အဖြစ် သတ်မှတ်ထား ခဲ့သည်။ သို့သော် လင်းယွန် အဆင့် အတန်း အရ၊ အစစ် အဆေး မရှိ သွားလာ နိုင်ပေ၏။

ကာကွယ်သူ မက်မွန်မှာ၊ ကျင့်ကြံခြင်း မပြုမည်၊ ဓားနန်းတော်၌ လင်းယွန် အတွက် တံခါး မရှိ၊ ဓား မရှိ အလို ရှိရာ ဆောင်ကျည်းခွင့် ပြုရန်၊ ကြေငြာထား ခဲ့သည်။

သွေးစွန်းသော ဧည့်ခံ ပွဲတွင်၊ လင်းယွန်မှ ဓားနန်းတော်ကို ကိုယ်စား ပြုမည် ဖြစ်ကြောင်း၊ အကြီးအကဲ များထံ အသိပေး ထား၏။

ခရမ်းရောင် ဝတ်ရုံကို၊ ဆင်မြန်း ထားသော အဖိုးအို တစ်ဦးက၊ ဓားဝိညာဉ် ခန်းမအား စောင့်ကြပ် နေသည်။

သူ၏ ကျင့်ကြံမှုမှာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၌ ဖြစ်၏။ ယင်းမှာ လင်းယွန် အတွက် အလေးထားဖွယ် မဟုတ် သော်လည်း၊ ချင် အင်ပါယာတွင် အထွတ် အထိပ် တည်ရှိမှု တစ်ရပ် ဖြစ်နေဆဲ ပေပင်။

“ လီဝူယုရဲ့ ဘိုးဘေးက၊ ဓားနန်းတော် ဘိုးဘေး ဂျင်ဝူမင်နဲ့ သွေးသောက် သူငယ်ချင်း တွေပါ၊ ... ”

“ ... ဓားဝိညာဉ် ခန်းမမှာ၊ သူ့ရဲ့ မျိူးဆက်တွေ အတွက်၊ ရတနာ တစ်ခုကို ချန်ထား ခဲ့တယ်၊ အနာဂတ်မှာ ... ”

“ ... တစ်စုံ တစ်ယောက်က၊ ဒီရတနာ အတွက်၊ လာလိမ့် မယ်လို့၊ မှာကြား ခဲ့တယ်၊ ဒါကြောင့် လီဝူယုက ဓားနန်းတော်ကို လာရ တာပဲ၊ ... ”

“ ... စမ်းသပ်မှုကို ဖြတ်ကျော် နိုင်ရင်၊ သူ့ ဘိုးဘေး ထားခဲ့တဲ့ ရတနာကို ပေးဖို့၊ တောင်းဆို ခဲ့တယ်။ ”

ခရမ်းရောင်ဝတ် အဘိုးအိုက ရှည်လျားစွာ ရှင်းပြ လိုက်သည်။

“ အဲဒီ ရတနာက ဘာလဲ ... ။ ”

“ မီးငှက်ရဲ့ မြင့်မြတ်သော သွေး တစ်စက်နဲ့၊ ခွန်လွန် ကျောက်စိမ်းတုံး တစ်တုံးပဲ။ ”

ခရမ်းရောင် အဖိုးအို၏ အဖြေကြောင့် လင်းယွန် အံ့အားသင့် သွားသည်။ ယင်းမှာ မဟာချင် အင်ပါယာမှ၊ စောင့်ထိန်း နိုင်သော အရာ မဟုတ်ချေ။

သို့သော် ဓားနန်းတော်၌ အမှန် တကယ် ဝှက်ထား ခဲ့လေသည်။ တစ်စုံ တစ်ယောက်မှ မက်မော လာပါက၊ ဓားနန်းတော် အနေဖြင့်၊ ကာကွယ် နိုင်စရာ နည်းလမ်း မရှိချေ။

အခြား တစ်ဖက်တွင် ထိုကဲ့သို့ သတင်း ပျံ့နှံ့လာ ခဲ့သော်၊ မည်သူမျှ ယုံကြည် ကြမည် မဟုတ်ကြောင်း၊ သူ ပြောနိုင်သည်။

ထို့ကြောင့် ဓားနန်းတော် သည်သာ၊ အလုံခြုံဆုံး ဖြစ်နေ ပြန်၏။

“ ဒါက ... သူပေး ခဲ့တဲ့၊ မင်း အတွက် စာပဲ။ ”

အဘိုးအိုက စာတစ်စောင် ထုတ်ပြီး၊ လင်းယွန်ထံ လှမ်းပေး လိုက်သည်။

“ အစ်ကိုကြီး၊ မင်း ဒီစာကို ဖတ်နေတဲ့ အချိန်မှာ၊ ငါက တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး ကနေ ထွက်သွား ပါပြီ၊ ... ”

“ ... ငါက ပိုကြီးတဲ့ ကမ္ဘာ ကနေ လာပြီး၊ ရှုပ်ထွေး လွန်းတဲ့ အတွက်၊ စကားလုံး တွေနဲ့ ငါ့ နောက်ခံကို ရှင်းပြလို့ မရဘူး၊ ... ”

“ ... ဒီကို လာရတယ် ဆိုတာ ကလည်း၊ ငါ့ဘိုးဘေး ချန်ခဲ့တဲ့ သွေး တစ်စက်ကို ပြန်ယူဖို့ ပါပဲ၊ ... ”

“ ... ဓားနန်းတော်မှာ၊ မင်းနဲ့ ရင်းနှီးခွင့် ရတဲ့အတွက် ဝမ်းသာ ပါတယ်၊ မင်း ဘာတွေပဲ ဖြစ်နေ ပါစေ၊ အမြဲတမ်း ငါ့ အစ်ကို ပါပဲ၊ အတူတူ တွေ့ကြုံ ခဲ့ရတာ တွေကို မေ့သွားမှာ မဟုတ် ပါဘူး၊ ... ”

“ ... သွေးစွန်းသော ဧည့်ခံပွဲမှာ၊ တောက်ပ နေမဲ့ မင်းကို တကယ် မြင်ချင် ပါတယ်၊ ဒါပေမယ့် ငါ့မှာ အချိန်သိပ် မကျန် တော့ဘူး၊ ... ”

“ ... ငါက လီ မိသားစု တာဝန်ကို ထမ်း ရမှာမို့၊ ဒီနတ်ဘုရား သွေးကို ယူပြီး ပြန်ရ မှာပါ၊ အစ်ကိုကြီး ... ”

“ ... ခေတ်သစ် ရောက်လာပြီ ဖြစ်လို့၊ တစ်နေ့နေ့ ငါတို့ ပြန်ဆုံ နိုင်မယ်လို့၊ ယုံကြည် ပါတယ်၊ လူတိုင်းကို မင်းရဲ့ ဓားနဲ့ ခေါင်းဖြတ်ဖို့၊ အဲဒီ ကမ္ဘာမှာ ငါ စောင့်နေမယ် ... ၊ ငါ ... လီဝူယု ။ ”

လီဝူယု စာမှာ၊ ရှည်လျား ရှုပ်ပွ နေခဲ့ပြီး၊ ထွက်ခွာရန် အလျင်လို နေခဲ့ကြောင်း၊ လင်းယွန် ပြောနိုင်သည်။

“ လူမိုက်လေး … ။ ”

စာကို ဖတ်ပြီးနောက် ပြုံးလိုက်သည်။ လီဝူယုတွင် ကိုယ်ပိုင် လမ်းကြောင်း အတွက်၊ နတ်ဘုရား သားရဲ သွေးကို လာယူခြင်း ဖြစ်ပေမည်။

“ စိတ်မပူနဲ့ ... မင်း အစ်ကို ကြီးရဲ့ ဓားနဲ့၊ အဲ့ဒီ ကမ္ဘာကို လာခဲ့ ပါမယ်။ ”

ယုံကြည်မှု အပြည့်ဖြင့် စာကို သိမ်းဆည်းပြီး၊ ရေရွတ် လိုက်သည်။ ယင်းမှာ ယောက်ျား ကတိ ဖြစ်သည်။ ဆိုခဲ မြဲစေ၏။

ယခု အချိန်၌ ‘မြတ်မြတ်သော ကမ္ဘာကြီး’ အပေါ်၊ စူးစမ်းလို စိတ်များ ပို၍ ပြည့်နှက် လာခဲ့ တော့သည်။

ထိုကမ္ဘာ၌ စောင့်ကြို နေသော လူများ ရှိချေပြီ။ ၎င်းတို့ စိတ်မပျက် စေရန်၊ သူ သန်မာ ရမည် ဖြစ်သည်။

***

All Chapters