← Chapters

မဖိတ်ခေါ် ထားသော ဧည့်သည်များ။

Vol. 55 Ch. 763

မဖိတ်ခေါ် ထားသော ဧည့်သည်များ။

Vol. 55 Ch. 763

“ သိုင်း ခန်းမကို သွားရမယ့် အချိန် ကျပြီ။ ”

ဓားဝိညာဉ် ခန်းမမှ ထွက်ခွာပြီး၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းဖြင့်၊ သိုင်း ခန်းမ ထံသို့၊ ဦးတည် လိုက်၏။

သိုင်း ခန်းမမှာ ဂိုဏ်း၏၊ အရေး ပါသော နေရာ တစ်ခု ဖြစ်ပြီး၊ အခြေခံ အုတ်မြစ်လည်း ဖြစ်သည်။

စုစုပေါင်း ဘုံ ကိုးဆင့် ရှိကာ၊ သိုင်း နည်းစနစ် များကို လဲလှယ်ရန်၊ စွမ်းဆောင်ရည် ရမှတ်များ လိုပေ၏။

“ ဝှစ် ... ။ ”

သိုင်းခန်းမ ရှေ့ ဆင်းသက် လိုက်ပြီး၊ သိုလှောင်အိတ်ကို ပုတ်ကာ၊ ဓားနန်းတော် တံဆိပ်ပြားအား ထုတ်ယူ လိုက်သည်။

လက်ထဲရှိ တံဆိပ်ပြားအား၊ လှည့်ပတ် ကစား နေစဉ်၊ အတိတ်၏ နာကျင်ဖွယ် အဖြစ် အပျက် များကို၊ သတိရ လာမိသည်။

ထိုစဉ်က ခန်းမကို စောင့်ကြပ်သော အကြီးအကဲက သူ့အရိုးများ ကြေမွ လုနီးပါး ဖိအား ပေးခဲ့သည်။

နောက်ဆုံးတွင် သခင့်ဓားကို ရယူနိုင် သည်သာ မက၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်း၏၊ ခရမ်းရောင် နန်းတော် အဆင့်အား ပေးအပ် မည်ဟု၊ ကတိပြု လာတော့သည်။

သို့သော် ကာကွယ်သူ မက်မွန် ထံမှ သခင့်ဓားကို ရယူ ပြီးနောက်၊ အမြန် ထွက်ခွာ သွားမိသည်။

ထိုစဉ်က ခွန်အားဖြင့်၊ ၎င်းကို မလိုအပ် လေရာ၊ မေ့လျော့မိ ခြင်းလည်း ဖြစ်၏။

လက်ရှိ ခွန်အား အရ၊ လေးနက်သော ခြေလှမ်း ခုနစ်မှာ နိမ့်ကျ လာပြီး၊ သရုပ်ဖော် အဆင့်သို့၊ ယူဆောင်နိုင် ခြင်းသာ မရှိ ပါက၊ လုံးဝ အသုံးဝင် တော့မည် မဟုတ်ချေ။

ယင်းမှာ အားနည်းချက် တစ်ခု ဖြစ်လာ လေပြီ။ သာမာန် ပါရမီရှင် များကို ဆန့်ကျင်ရန်၊ ဓားကို အသုံးပြု နိုင်၏။

ပထမ တန်းစား ပါရမီရှင်များ မှာမူ၊ ၎င်းနည်းစနစ်၏ ချို့ယွင်းချက် များကို မြင်နိုင် ပေမည်။

အကယ်၍ တစ်ဖက် လူတွင် ဓား ရည်ရွယ်ချက် အပေါ်၊ ဖြေရှင်း နိုင်သော နည်းလမ်းများ ရှိပါက၊ တစ်ကြိမ် လှုပ်ရှားလိုက် သည်နှင့်၊ ဖိနှိမ် ခံရမည် ဖြစ်သည်။

သို့သော် သူ၏ ဓားရည်ရွယ် ချက်မှာ၊ လူတိုင်းကို ခြိမ်းခြောက် နိုင်သော၊ ဝိညာဉ်ရေး ဓား အဆင့်သို့၊ ရောက်ရှိ သွားပြီ ဖြစ်သည်။

လမ်းတစ်လျှောက် တပည့်ငယ် များက၊ သူ့အား မြင်သည်နှင့် ရပ်လျက်၊ ဦးညွှတ် လာကြ သည်။

လင်းယွန် ဟူသည်၊ ဓားနန်းတော်၏ ဒဏ္ဍာရီလာ ပုဂိ္ဂုလ် တစ်ဦး ဖြစ်သောကြောင့်၊ သူတို့တွင် လေးစားမှု အပြည့် ရှိနေ ကြပေသည်။

အထူး သဖြင့် ဝမ်ရန်းဘိုကို သတ်ပြီး၊ ရှေးဟောင်း တာအို ဂိုဏ်းအား ဖျက်သိမ်းရန် တွန်းအား ပေးခဲ့သည့် လုပ်ရပ်မှာ၊ သူတို့ တစ်သက် မေ့နိုင် တော့မည် မဟုတ်ချေ။

“ ဒါ ဒါ ... စီနီယာ အစ်ကို လင်းလား၊ ငါ့ထက်တောင် ငယ်သေး ပုံရတယ်၊ စိတ်ဝင်စား စရာပဲ။ ”

“ ဟုတ်တယ် ... သူက အရမ်းငယ် သေးတယ်၊ တစ်ချိန် တုန်းက သိုင်းခန်းမ ကနေ၊ နည်းစနစ် တစ်ခုကို ရဖို့၊ အရိုးကျိုး ခဲ့ဖူးတယ်။ ”

“ အဲ့ဒါက ဒီနေရာကို စောင့်တဲ့၊ အကြီးအကဲက စမ်းသပ် တာပါ၊ မင်း မသိဘဲ မပြော နဲ့ ။ ”

တပည့် အသစ် များက၊ မမြင်ဖူး ကြသဖြင့်၊ လင်းယွန်၏ နုပျို လွန်းသော အသွင်အား မြင်လိုက်ရ ချိန်တွင်၊ အံ့သြ မဆုံး ဖြစ်ခဲ့ ရသည်။

“ စီနီယာ ... ၊ မတွေ့တာ အတော်ကြာ ပြီနော်။ ”

သိုင်းခန်းမထဲ လှမ်းဝင် လိုက်သည်နှင့်၊ တစ်စုံ တစ်ရာထံ နစ်မျော နေသော အကြီးအကဲ တစ်ဦးကို၊ နှုတ်ဆက် လိုက်သည်။

ထိုအကြီး အကဲက လင်းယွန်ကို မြင်ချိန်၌ အပြုံးဖြင့် လက်ကို ဝှေ့ယမ်းကာ၊

“ မင်းရဲ့ နှုတ်ဆက် စကားကို ငါ မခံယူ ဝံ့ပါဘူး၊ မင်းက ငါ့ထက် အများကြီး သန်မာ နေပြီမို့၊ ငါ့ကို စီနီယာလို့ မခေါ်ပါ နဲ့တော့၊ ... ”

“ ... ဝမ်ရန်းဘိုကို လက်သီး တစ်ချက် တည်းနဲ့ ထိုးသတ် လိုက်တာ ငါကြားတယ်၊ အရမ်း ကောင်းတဲ့ လုပ်ရပ်ပဲ။ ”

နှစ်ယောက်သား စကား စမြည် ပြောဆို လိုက်ကြ ပြီးနောက်၊ လင်းယွန် ထံမှ တောင်းဆို မှုကို ကြား လိုက်ရသော အခါတွင်၊ အကြီး အကဲမှာ အံ့ဩသွား လေသည်။

“ ခရမ်းရောင် နန်းတော် အဆင့်လား၊ မင်းစိတ်မဝင် စားတော့ ဖူးလို့ ငါ ထင်နေတာ၊ မင်းရဲ့ လက်ရှိ အဆင့် အတန်းနဲ့ ပိုကောင်းတဲ့ နည်းစနစ် တစ်ခုခုကို မရခဲ့ ဖူးလား။ ”

လင်းယွန်မှာ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း ကိုသာ၊ ယခု အချိန် အထိ၊ အသုံးပြု နေကြောင်း၊ သိလိုက် ရသဖြင့်၊

“ ကောင်းပြီ၊ ဒါက လုံးဝ မကောင်း တာတော့ မဟုတ် ပါဘူး၊ လာ ... ၊ ငါ့ နောက်ကို လိုက်ခဲ့ ... ။ ”

-ဟု ဆိုကာ နှစ်ဦးသား အမြင့်ဆုံး အထပ် ဆီသို့ ဦးတည် သွားကြသည်။

သတ္တမ အဆင့်သို့ ရောက်သော အခါတွင်၊ တပည့်များ မရှိ တော့ဘဲ၊ သိုင်းနည်းစနစ် အရေ အတွက်မှာ လျော့နည်း လာ၏။

ထို့နောက် နဝမ အဆင့်သို့ လျင်မြန်စွာ ရောက်ရှိ လာပြီး၊ အကြီးအကဲက သက်ပြင်း တစ်ချက် ချကာ၊

“ ဒီကို ဘယ်တုန်းက နောက်ဆုံး ရောက်ဖူးခဲ့ တာလည်း၊ မမှတ်မိ တော့ ပါဘူး ... ။ ”

-ဟု ညည်းတွား လိုက်သည်။

အကြီးအကဲက တံခါး များကို တွန်းဖွင့် လိုက်သဖြင့်၊ အခန်း တစ်ခုလုံး ဗလာကျင်း နေသည်အား၊ လှမ်းမြင် လိုက်ရသည်။

အခန်း အလယ် ဗဟို၌ ဆန်းကြယ်သော ရှေးဟောင်း ကျောက်သေတ္တာ တစ်လုံး ရှိပြီး၊ ကျောက်စိမ်းတုံး သုံးတုံးကို ချိတ်ပိတ် ထားသည်။

“ ဒီမှာ ... ၊ နည်းစနစ် သုံးခုပဲ ရှိတယ်၊ သခင့်ဓား၊ ကောင်းကင် ဓား သုတ္တန်နှင့်၊ ခရမ်းရောင် နန်းတော် အဆင့်၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းပဲ။ ”

အကြီးအကဲက လင်းယွန်ကို လှည့်ကာ ရှင်းပြသည်။ ဤသည်မှာ ဓားနန်းတော်၏ အခြေခံ အုတ်မြစ် ပေပင်။

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ ၎င်းနှင့် ယှဉ်နိုင်သော နည်းစနစ် အများအပြား မရှိ သောကြောင့်၊ သခင့်ဓား မည်မျှ အစွမ်းထက် ကြောင်းကို၊ လင်းယွန် သိသည်။

ယင်းမှာ ဓားဂိုဏ်း၏ အမွေ ဖြစ်ပြီး၊ ဓားနန်းတော် ဘိုးဘေး ဂျင်ဝူမင်မှ ချန်ထား ခဲ့ခြင်း ဖြစ်လေသည်။

ဓားဂိုဏ်းသည် တစ်ချိန်က၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကို အုပ်စိုး ခဲ့ပြီး၊ အုပ်စိုးသူ ကိုးဦး ကိုပင်၊ ဖိနှိပ်ထား နိုင်သည်။

ကောင်းကင် ဓားသုတ္တန်နှင့်၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းမှာ၊ ဤအဆင့်သို့ ရောက်ရှိ နေသဖြင့်၊ ထူးခြားချက် တစ်စုံ တစ်ရာ ရှိရ ပေမည်။

“ သခင့်ဓားကို ဘယ် အဆင့်ထိ၊ ရောက်နေ ပြီလဲ။ ”

“ ဒီတပည့်က နည်းနည်း နုံ ပါတယ်၊ ဒါကြောင့် အခုထိ ပဉ္စမ ပုံစံ ကိုပဲ ရောက်အောင် လုပ်နိုင် ခဲ့တယ်။ ”

လင်းယွန်က သူ့ကိုယ်သူ မြင့်မြင့် မားမား မျှော်လင့် ထားသောကြောင့်၊ ရှက်ရွံ့စွာ ဆိုလာ ခဲ့သည်။

ဓားရည်ရွယ် ချက်အား၊ ဝိညာဉ်ရေး ဓားရည်ရွယ်ချက် အဆင့်သို့ မရောက်ရှိ ခဲ့ပါက၊ စတုတ္ထ ပုံစံ ၌သာ ရှိနေမည် ဖြစ်သည်။

“ နုံအ တယ် ဟုတ်လား၊ အဲ့ဒီ တုန်းက ဘိုးဘေး ဂျင်ဝူမင်တောင် ပဉ္စမ ပုံစံ ကိုသာ ဆုပ်ကိုင် နိုင်ခဲ့တယ်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ ... ”

“ ... ဒါကို ဘယ်သူမှ ပြီးမြောက်အောင် မစွမ်းဆောင် နိုင်ဘူး၊ နဝမမြောက် ပုံစံ ကိုသာ ဆုပ်ကိုင် နိုင်ရင်၊ ပယင်း ကမ္ဘာကြီး တစ်ခုလုံးကို အနိုင်ယူ နိုင်ပြီ၊ ... ”

“ ... မင်း အသက် အရွယ်နဲ့၊ သခင့်ဓားရဲ့ ပဉ္စမ ပုံစံကို ရောက်ရှိ နိုင်တာ ဘိုးဘေး ထက် မနိမ့် ကျ ပါဘူး။ ”

အကြီး အကဲက မုတ်ဆိတ်မွေး များကို ပွတ်သပ်ပြီး ပြုံးရယ် လိုက်၏။

ကာကွယ်သူ မက်မွန်မှာ၊ တံခါးပိတ် ကျင့်ကြံမှု မပြုခင်၊ သိုင်းခန်းမ အတွက် ဆုံးဖြတ် ချက်များ၊ ချမှတ် ပေးခဲ့သည်။

သွေးစွန်းသော ဧည့်ခံပွဲ မကြာမီ ရောက်ရှိလာ တော့မည် ဖြစ်သောကြောင့်၊ လင်းယွန် အတွက် စည်းမျဉ်း အချို့အား ဖယ်ရှား ပစ်၏။

ဓားသုတ္တန်မှာ ထူးခြားကြောင်း၊ သခင်(၁၃)နှင့်၊ နန်းတော် သခင် တို့က၊ မြင်နိုင် သဖြင့်၊ လင်းယွန် အတွက်၊ ကောင်းကင် ဓားသုတ္တန်ကို၊ မပေးခဲ့ ကြခြင်း ဖြစ်သည်။

“ အကြီး အကဲ ... ၊ သခင် (၁၃)နဲ့ နန်းတော်သခင် ဘယ်ကို သွားတယ် ဆိုတာ သိနိုင် မလား။ ”

“ သူတို့ နှစ်ယောက်က ဓားနန်းတော် အတွက်သာ မဟုတ်ရင်၊ ဟိုးအရင် ကတည်းက ထွက်သွား သင့်တဲ့ ပါရမီရှင် တွေပါ၊ ... ”

“ ... ဘာပဲ ဖြစ်ဖြစ် မင်းရောက် လာတဲ့ အတွက် ကံကောင်း သွားတယ်၊ မဟုတ်ရင် သူတို့ နှစ်ယောက် ဘယ်လောက် ကြာကြာ နေရ ဦးမယ် ဆိုတာ ဘယ်သူ သိနိုင် မလဲ။ ”

အကြီးအကဲက စကားဖြတ်ကာ၊ သက်ပြင်း တစ်ချက် ချ လိုက်ပြီး၊

“ ဘယ်ကို သွားတာလဲ ဆိုတာတော့ ဘယ်သူမှ မသိ နိုင်ဘူး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးက၊ ထွက်ခွာကုန် ကြတာလဲ ဖြစ်နိုင် ပါတယ်။ ”

စကား ပြောဆို နေလျက်ဖြင့်၊ အကြီး အကဲက ကျောက်သေတ္တာကို ဖွင့်ရန်၊ သွေးအဆီ အနှစ် တစ်စက်ဖြင့်၊ တံဆိပ် တစ်ခုအား ဖန်တီး လိုက်သည်။

“ ဒါက ... ၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းရဲ့၊ ခရမ်းရောင် အဆင့် နည်းစနစ်ပဲ၊ သူ့နာမည် အမှန်က ‘တိမ်ပေါ် တက်လှမ်းခြင်း’ ၊ ... ”

“ ... လေးနက်သော ခြေလှမ်း ခုနစ်လှမ်း ဆိုတာက၊ ငါ ပြောဖူး သလိုပဲ၊ ‘နေ နတ်သားကို ဖမ်းစီးခြင်း’ ကနေ၊ ဆင်းသက် လာတာကြောင့်၊ တခြား နည်းစနစ် တွေထက် နိမ့်ကျ မှာတော့ မဟုတ် ပါဘူး၊ ... ”

“ ... တိမ်ပေါ် တက်လှမ်းခြင်း ဆိုတာ၊ သူကနေ ဆင်းသက် လာတာပါ၊ အနာဂတ်မှာ ဒါကို အပြီးသတ် နိုင်ရင်၊ ရုပ်ခန္ဓာ သက်သက်နဲ့၊ နေမင်းကို ဖမ်းယူ နိုင်တယ်။ ”

ဤသည်မှာ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း၏၊ မူလ ဖြစ်သဖြင့်၊ လင်းယွန် တစ်ယောက် မျက်လုံးများ ပြူး သွားသည် ။

သူ၏ ရုပ်ခန္ဓာမှာ ထိပ်တန်း အဆင့် ရောက်ရှိ နေပြီ ဖြစ်သော်လည်း၊ ရွေ့လျားမှု နည်းစနစ်က၊ နိမ့်ကျ နေခဲ့ပြီ ဖြစ်သည်။

သို့သော် တိမ်ပေါ် တက်လှမ်း ခြင်းမှာ၊ ထိုချို့ယွင်း ချက်ကို ဖာထေး နိုင်၏။ သားရဲ ဒီရေ၌ ထိပ်တန်း အဆင့်၊ ရွေ့လျားမှု နည်းစနစ် များစွာကို မြင်တွေ့ ခဲ့ရသည်။

အထူးသဖြင့် အုပ်စိုးရှင် တပည့် များ၏၊ ရွေ့လျားမှု နည်းစနစ် များမှာ၊ သူ့ထက် များစွာ မြင့်မား လှသောကြောင့်၊ သေရှင် တိုက်ပွဲ ဆင်နွှဲ ရပါက၊ ရှုံးနိမ့် နိုင်မည် ဖြစ်သည်။

“ ဒီနည်းစနစ်က နည်းနည်းတော့ လေးနက်တယ်၊ ဒါကြောင့် ခရမ်းရောင် နန်းတော် နယ်မြေမှာ ဆိုရင်တောင်၊ ... ”

“ ... နားလည်ရ ခက်နေ လိမ့်မယ်၊ ဒါပေမယ့် လက်ရှိ မင်းရဲ့ အရည်အချင်း အရ၊ မကြာခင် အဆင်ပြေ သွားမှာပါ၊ ဆက်သွားပါ ... ။ ”

အကြီးအကဲက ပြုံးကာ ဆိုသည်။

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ ကျောက်စိမ်းတုံးကို လက်ခံ ယူကာ နဖူးပေါ် တင်လိုက်၏။

အဖြူဝတ် အဖိုးအို တစ်ဦးက၊ အော်ဟစ်လျက် ကောင်းကင်ပေါ် ခုန်တက် သွားသော မြင်ကွင်းများ ထွက်ပေါ် လာသည်။

သူ့ လှုပ်ရှားမှု မှာ လျင်မြန်လွန်း သဖြင့်၊ ချက်ချင်း မှုန်ဝါး သွား၏။ ရွှေရောင် အလင်းစ အဖြစ်သာ၊ မြင်လိုက် ရသည်။

“ ကျီး ..... ။ ”

ရွေ့လျား လိုက်သည့် အချိန်တိုင်း၊ ရွှေကျီးကန် တစ်ကောင်၏ အော်ဟစ် သံများ ပဲ့တင်ထပ် လာ ခဲ့၏။

အစ ပိုင်းတွင် ထိုအဖိုးအိုကို၊ လိုက်ကြည့် နိုင်ခဲ့သည်။ သို့သော် အချိန် ကြာလာ သည်နှင့် အမျှ၊ အဖိုးအိုနှင့် လိုက်လျော ညီထွေ ဖြစ်ရန် ခက်ခဲ လာသည်။

အဆုံးတွင် အဘိုးအိုက၊ ခြေ တစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်သို့ တက်သွားကာ၊ လင်းယွန် မြင်ကွင်းမှ၊ ပျောက်ကွယ် သွားခဲ့ သည်။

ထို့နောက် မြင်ကွင်းများ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး၊ လေးနာရီ အကြာတွင် တိမ်ပေါ် တက်လှမ်း ခြင်းကို၊ အနည်းငယ် နားလည် သဘောပေါက် လာ၏။

“ ကျေးဇူး တင်ပါတယ် စီနီယာ ... ။ ”

ဤနည်း စနစ်သည် အမှန်ပင်၊ လေးနက်လှ သောကြောင့်၊ လင်းယွန် တစ်ယောက် ရွှင်မြူး သွားသည်။ ယင်းကို မြင်ချိန်၌ အကြီးအကဲ သည်လည်း၊ ပြုံးနေ ခဲ့၏။

နောက်ဆုံးတွင် လင်းယွန်မှာ ဓားနန်းတော်ကို ကိုယ်စား ပြုမည် ဖြစ်ပြီး၊ ဓားနန်းတော် အနေဖြင့် သူနှင့် အတူ၊ တဖန် ထွန်းတောက် လာဦးမည် ဖြစ်သည်။

နောက်ထပ် ရက်အနည်းငယ် ကြာသည် အထိ၊ ၎င်းအား အာရုံစိုက် ထားသဖြင့်၊ တိမ်ပေါ် တက်လှမ်းခြင်း နည်းစနစ် အပေါ်၊ အနည်းငယ် နားလည် လာခဲ့သည်။

ခုနစ်ရက် အကြာတွင်၊ မဟာချင် အင်ပါယာ နယ်နိမိတ် ထဲသို့၊ မျက်နှာစိမ်း အဘိုးအို တစ်ဦး နှင့်၊ လူငယ် တစ်ဦး၊ ဝင်ရောက် လာသည်။

၎င်းတို့ နှစ်ဦးမှာ၊ ယန် နန်းတော် ဝတ်ရုံကို ဆင်မြန်း ထားပြီး၊ အဘိုးအို၏ ကျင့်ကြံမှု အဆင့် သည်၊ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိ၏။

သူ့ ထံမှ ဝမ်ရန်းဘိုထက် ပြင်းထန်သော ဖိအားကို ပေးစွမ်း နေချေသည်။ ထို့ကြောင့် ၎င်းတို့ နှစ်ဦးသာ တိုက်ခိုက် ရမည် ဆိုပါက၊ ဝမ်ရန်းဘိုအား ကလေးငယ် တစ်ယောက် သဖွယ်၊ ရိုက်နှက် နိုင်ပေမည်။

ထိုအဖိုးအို ဘေးရှိ လူငယ်မှာ ချင်းယန် ဖြစ်ပြီး၊ သူ့ထံမှ ဖိအား သည်လည်း၊ ထို့ထက် နိမ့်ကျခြင်း မရှိချေ။

လေထုထဲရှိ ပါးလျသော ဝိညာဉ် စွမ်းအင် များကြောင့်၊ ချင်းယန် တစ်ယောက် စိတ်မသက် မသာ လာဖြစ်ကာ၊ ရယ်မော လိုက်သည်။

“ ဟား ဟား ဟား ... ၊ ငါတို့ လာဖို့က တကယ် မလွယ် ပေမယ့်၊ နောက်ဆုံးတော့ ရောက်လာ နိုင်ပါပြီ။ ”

သူ့ စကားကို အဖိုးအိုက အပြုံး ဖြင့်သာ တုန့်ပြန် လိုက်သည်။ ထိုအချိန်တွင် မဟာချင် အင်ပါယာ ကောင်းကင်၌၊ ဓား အလင်း တစ်စ ရုတ်တရက် တောက်ပ လာ၏။

အဝေးမှပင် ထိုဓား အရှိန်အဝါ မည်မျှ ထိတ်လန့် စရာ ကောင်းသည်ကို သိမြင် နိုင်သည်။

“ တစ်ယောက် ယောက်က၊ ဒီလို နေရာမျိုးမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေကို ချိုးဖြတ် ခဲ့တာလား၊ ... ”

“ ... အရှိန်အဝါ အရ၊ ယန် နန်းတော်က မဟာ အကြီးအကဲ တွေထက်၊ အားနည်း နေမှာ မဟုတ်ဘူး၊ ကြည့်ရတာ ဓားနန်းတော် ဖြစ်မယ်။ ”

ချင်းယန် အမူအရာက အံဩသွား ပြီးနောက် ချက်ချင်း လေးနက် သွား၏။

“ ဒါက တံခါးပိတ် ကျင့်ကြံ နေတဲ့၊ နန်းတော် သခင် ဖြစ်မယ် ထင်တယ်။ ”

အဘိုးအိုက မျက်လုံးများ မှေးစင်းလျက် သုံးသပ် လိုက်သည်။ ဓားနန်းတော်ကို ဂျင်ဝူမင် ဟူသော ဓားသမား တစ်ဦးမှ၊ တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နှစ်ပေါင်း များစွာ ကြာမြင့် သည့်တိုင်၊ ဤမျှ အားကောင်းသော ပုဂ္ဂိုလ်များ ဆက်လက် မွေးထုတ်ပေး နေသည်ကို၊ မယုံချင် မိချေ။

“ ဒါပေမယ့် ... ၊ နေသာ စီရင်စုမှာ သူတို့ ဂရုစိုက် ရမဲ့ အရာတွေ ရှိနေပါ သေးတယ်။ ”

ဓားနန်းတော်သို့ သွားရန် အခြားသော အကြောင်း အရာ အချို့ ရှိနေ သဖြင့်၊ ချင်းယန် မျက်ဝန်း များတွင်၊ ပြတ်သားမှုများ ဖြစ်ပေါ် လာတော့သည်။

***

All Chapters