ဧည့်သည်ကောင်း မဟုတ်ဘူး။
Vol. 55 Ch. 764
ချင်းယန်၏ ခေါင်းမာ မှုကြောင့်၊ ကောင်းကင်ပေါ်ရှိ ဓား အရှိန်အဝါကို စိုက်ကြည့် နေမိသော အဖိုးအိုမှာ၊ ကူကယ်ရာ မဲ့လာ ခဲ့သည်။
ထိုရောင်ဝါ ပိုင်ရှင်သည် အားနည်းမည် မဟုတ်ကြောင်း သူ သိ၏။
“ သားရဲ အမြုတေ ရှိတာ သေချာ ရဲ့လား။ ”
အဘိုးအိုက သက်ပြင်းချကာ ပြန်လှည့် မေးလိုက်သည်။
“ အတိ အကျပဲ၊ ဘုရင် အဆင့် သားရဲ အမြုတေ ဖြစ်လို့၊ သူ့ရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့ ချက်ချင်း သန့်စင် နိုင်ဦးမှာ မဟုတ်ဘူး၊ ဒါကို လုပ်ဆောင်ဖို့ ဆိုရင်၊ အနည်းဆုံး အထွတ် အထိပ် ယင်-ယန် အဆင့်မှာ ရှိရမယ်။ ”
စကားပြော နေစဉ်၊ ချင်းယန် မျက်ဝန်း များ၌ အေးစက်သော အလင်းများ တောက်ပ လာပြီး၊
“ တောင်တုန် မိစ္ဆာ မျောက်ဝံ ဒဏ်ရာ အပြင်းအထန် ရသွား ချိန်မှာ၊ အဲဒီ အကြံ သမား လေးက၊ ခိုးယူ သွားခဲ့ တာပဲ၊ ... ”
“ ... ဒါကြောင့် သားရဲ ဒီရေမှာ၊ ဒီတပည့်က လက်ဗလာနဲ့ ပြန်လာ ရတဲ့၊ တစ်ဦး တည်းသော ပါရမီရှင် ဖြစ်လာတယ်၊ ဘာပဲ ဖြစ်ဖြစ် ဒါကို ပြန်ယူ ရမယ်။ ”
တောင်တုန် မိစ္ဆာ မျောက်ဝံမှာ၊ ဘုရင် အဆင့်သို့ မသေခင် တက်လှမ်း နိုင်ခဲ့သည်။ ထို့ကြောင့် သားရဲ အမြုတေ၏ တန်ဖိုးအား၊ တိုင်းတာ၍ မရ နိုင်ချေ။
ပါရမီရှင် များစွာ တို့သည် ဘုရင် အဆင့်၊ သားရဲကို သတ်ပြီး၊ သားရဲ အမြုတေကို ရယူလို သည်မှာ၊ သဘာဝ ပေပင်။
၎င်းကို သန့်စင် နိုင်ပါလျှင်၊ သိုင်း ရည်ရွယ်ချက်များ နိုးကြားပြီး၊ ခွန်အား၌ အသွင် ပြောင်းမှုများ၊ ကြုံလာ နိုင်မည် ဖြစ်သည်။
“ အဲဒီ တုန်းက မင်း ဘာလို့၊ သူ့နောက် မလိုက်ခဲ့ တာလဲ။ ”
အဘိုးအိုက မေး၏။ အကယ် ၍သာ ထိုစဉ် ကတည်းက လုပ်ဆောင် ခဲ့မည် ဆိုပါလျှင်၊ ယခု ကဲ့သို့ ဒုက္ခ များစွာ ကြုံတွေ့ ရတော့မည် မဟုတ်ချေ။
ချင်းယန်က ကူကယ်ရာ မဲ့စွာ ပြုံးလိုက်ပြီး၊
“ အကြီးအကဲ ... ၊ ချင်ရို့ယူကို ပါးရိုက်ပြီး မောင်းထုတ် ခဲ့တာကို ကြားတယ် မဟုတ်လား၊ ပြီးတော့ မိုးရေ အင်ပါရီယန်က ... ”
“ ... ဒီကောင်လေးနဲ့ တစ်ခုခု ပတ်သက် နေတယ် ဆိုတဲ့ ကောလ ဟာလတွေ ရှိတယ်၊ ဓားနက်မြို့ ဆိုတာ မိုးကြိုး စီရင်စုရဲ့ ပိုင်နက် ဖြစ်နေတာ မလို့၊ ... ”
“ ... ငါ မရဲ တာပါ၊ ဒါပေမယ့် မဟာချင် အင်ပါယာ ကိုတော့ ... ၊ ဒီမိုးရေ အင်ပါရီယန်က မလာနိုင် ပါဘူး၊ ... ”
“ ... ပြီးတော့ ၊ နေသာ စီရင်စုက ငါတို့ ပိုင်နက်ပါ၊ ဓားနန်းတော်က အစွမ်းထက် နေဦး နာခံ ရမှာ သဘာဝ လေ။ ”
ထို့နောက် နှစ်ဦးသား ရွေ့လျားမှု နည်းစနစ် များကို ထုတ်ဖော်ကာ၊ ဓားနန်းတော်ထံ ဦးတည် လိုက်သည်။
***
ဓားနန်းတော်၏ အနောက်ဘက် တောင်တန်း တစ်နေ ရာ၌၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော အပြာရောင်၊ ပုံရိပ် တစ်ရိပ်၊ တောင်တန်း များကို ဖြတ်၍ အပြန်ပြန် အလှန်လှန် ပြေးလွှား နေလေသည်။
“ ကျီး ... ။ ”
(အဝေးမှ ကျီးကန်း အော်မြည်သံ။)
ခြေလှမ်း တိုင်းတွင် ရွှေရောင် အလင်း များနှင့်အတူ၊ ရွှေကျီးကန်း အော်မြည် သံများ ထွက်ပေါ် လာ၏။
အမြန် နှုန်းမှာ တဖြေးဖြေး ပိုလာပြီး၊ အသက် တစ်ရှိုက်စာ အတွင်း၊ ပေ (၁၀၀၀) အကွာသို့ ရောက်ရှိ သွားသည်။
ဤသည်မှာ တိမ်ပေါ် တက်လှမ်းခြင်း နည်းစနစ်ကို၊ လေ့ကျင့် နေသော လင်းယွန် ဖြစ်၏။
ပတ်ဝန်းကျင် တစ်ခုလုံး၊ မှောင်ရိပ်သန်း လာသော အချိန်တွင်၊ လေထဲ ခြေလှမ်း သုံးလှမ်း တိတိ၊ လှမ်းတက် လိုက်၏။
ခြေလှမ်း တိုင်းတွင် ခြေဖဝါး အောက်၌၊ လှိုင်းတွန့်များ ဖြစ်ပေါ် လာပြီး၊ ခန္ဓာကိုယ်ကို ပင့်တင် ပေးလေသည်။
ခြေ သုံးလှမ်းဖြင့် မြင့်မား လှသော တောင်ထိပ်ကြီး တစ်လုံးပေါ်၊ လှမ်းတက် ရပ်နား လိုက်၏။
“ နေမင်းကို လိုက်ဖမ်းဖို့ ဆိုရင်၊ တိမ်တွေ စီးနင်းနိုင် ရမယ်၊ တိမ်ပေါ် တက်လှမ်းခြင်း၊ ပညာရပ်က တကယ့်ကို လေးနက် တာပဲ။ ”
တိမ်ပေါ် တက်လှမ်းခြင်း ပညာ ရပ်မှာ၊ တိမ်များကို စီးနင်းရန် မဖြစ်နိုင် သော်လည်း၊ ၎င်းအပေါ် အားပြုကာ လေထဲ ရွေ့လျားနိုင် ချေပြီ။
သို့သော် အဝေးမှ ကြည့်လျှင် တိမ်များ စီးနင်း နေသည်ဟု ထင်မှားမိ စေ၏။ အလေး အနက်ထား ကြည့် မှသာလျှင်၊ သတိပြု မိမည် ဖြစ်သည်။
အကယ် ၍သာ လူသားများ၊ လေထဲ၌ အမှန်တကယ် ပျံသန်းနိုင် ပါလျှင် တိမ်များကို စီးနင်း နေစရာ လိုမည် မဟုတ်ချေ။
“ အခုချိန် မှာတော့ ခြေသုံး လှမ်းပဲ၊ လှမ်း တတ်နိုင်တယ်၊ ကိုးလှမ်းသာ လှမ်းတက် နိုင်ရင်၊ ကောင်းကင်ဘုံ ကိုးလွှာကို ပျံသန်း နိုင်တဲ့၊ နဂါး တစ်ကောင် ဆင့်ခေါ်နိုင် လိမ့်မယ်။ ”
တစ်ဦးတည်း ရေရွတ် နေစဉ်၊ မြေပြင် တစ်ခုလုံး တုန်ခါ သွားပြီး၊ တောက်ပသော ဓား ရောင်ခြည်များ ကောင်းကင် ပေါ်သို့၊ ရုတ်တရက် ပျံတက် လာသည်။
“ ဝှစ် ... ။ ”
တိမ်တိုက်များ ထဲ၌၊ ကြီးမားသော အပေါက်ကြီး တစ်ပေါက် ထွက်ပေါ် လာ၏။ အနားရှိ တောင်တန်းများ ပင်လျှင်၊ ထိုကြောက် မက်ဖွယ် ရောင်ဝါကြောင့်၊ မီတာ တစ်ရာခန့် နိမ့်ဆင်း သွားသည်။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ အရှိန် အဝါ ဖိအား မျိုးလဲ။ ”
တောင်ပိုင်း ရှေးဟောင်း နယ်မြေတွင်၊ ဤမျှ အစွမ်း ထက်သော ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ များစွာ မရှိ သောကြောင့်၊ လန့်ဖျပ် သွားသည်။
၎င်းနှင့် ယှဉ်ပါလျှင် ဝမ်ရန်းဘိုမှာ၊ ပိုးမွှား တစ်ကောင် မျှသာ ရှိချေ၏။
“ ကာကွယ်သူ မက်မွန် ... ။ ”
ရုတ်တရက် သတိရ သွားပြီး၊ လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား လာတော့သည်။
“ ခရမ်းလေး ... ၊ ငါ့ကို ခေါ်သွားပေး ... ။ ”
နဂါး လင်းတကို လှမ်းခေါ် လိုက်သည်။ လင်းယွန်အား ပို့ဆောင် ပေးပြီးနောက်၊ ၎င်းက အလျင်စလို ထွက်ခွာခြင်း မရှိ ခဲ့ချေ။
မိုးပြာ နဂါး မူလ ပုံစံကို ရရှိ ထားပြီး ဖြစ်သဖြင့်၊ သွေးစွန်းသော ဧည့်ခံပွဲ မတိုင်မမီ၊ လင်းယွန် တစ်ယောက်အား ကာကွယ် ပေးရန်၊ ဓားနန်းတော်၌ ‘နေ’ နေခြင်း ဖြစ်သည်။
နောက်ကျောပေါ်၊ လင်းယွန် ခုန်တက် လာသည်နှင့်၊ နဂါး ရူရ်များ တောက်ပ သွားပြီး၊ အတောင်ပံ တစ်စုံအား ဆန့်ထုတ် လိုက်တော့ သည်။
တိမ်များကို ဖြတ်လျက် လင်းယွန်ကို သယ်ဆောင်ကာ၊ နန်းတော် သခင် နေထိုင်ရာ၊ တောင်ထိပ် တစ်ခုသို့ ဆင်းသက် လိုက်၏။
၎င်း အရှိန်မှာ လင်းယွန်၏ ရွေ့လျားမှု နည်းစနစ်ထက် အဆ တစ်ရာ ပိုမြန်သည်။
လျှပ်စီး မှော်သားရဲ ဟူသော၊ မျိုးခွဲ အတွင်း ပါဝင် သဖြင့်၊ အမြန် နှုန်းမှာ မရဏ မိုးကြိုး နဂါး လင်းတ၏၊ သဘာဝ စွမ်းရည် တစ်ရပ် ဖြစ်၏။
သည့်အပြင် လူသား များက၊ ၎င်းနတ်ဆိုး သားရဲ များကို ကြည့်ကာ၊ ရွေ့လျားမှု နည်းစနစ် များအား ဖန်တီး ထားခြင်း ဖြစ်သည်။
‘နေ နတ်သားအား ဖမ်းဆီးခြင်း’၊ နည်းစနစ်သည် ထိုသို့ ဖြစ်၏။ ယင်းကြောင့် လင်းယွန်မှာ၊ ယှဉ်နိုင်စရာ၊ နည်းလမ်း မရှိချေ။
လင်းယွန် ရောက်ရှိ သွားချိန်တွင်၊ တောင်ပေါ်၌ လူများဖြင့် ပြည့်နေပြီ ဖြစ်သည်။ အကြီးအကဲ များနှင့်၊ ကောင်းကင် တပည့်များ အားလုံးမှာ၊ စိတ်လှုပ်ရှား နေကြသည်။
ကာကွယ်သူ မက်မွန် အနေဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့၊ အောင်မြင်စွာ တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။
သခင် (၁၃)နှင့် နန်းတော် သခင်တို့ ထွက်ခွာသွား သည့်တိုင်၊ ဓားနန်းတော်မှာ နိမ့်ကျ သွားခြင်း မရှိ တော့ချေ။
ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ တစ်ဦး ဖြင့်ပင်၊ တည်ငြိမ် သွားပြီ ဖြစ်သည်။ ဓား အလင်းများ ပျောက်ကွယ်သွား ပြီးနောက်၊ လူရွယ် တစ်ဦး၊ တံခါး ဖွင့်ကာ ထွက်လာ၏။
သူ့ အသွင်မှာ ကြီးရင့် နေသော်လည်း၊ ကြည်ညိုဖွယ် ကောင်းလေသည်။ အကြည့် များက စူးရှပြီး၊ မျက်နှာမှာ ပန်းနုရောင် ပြေးနေ၏။
သက်တမ်းက သဘာဝ အတိုင်း တိုးလာ သဖြင့်၊ လင်းယွန်၏ သွေးကြောကို ပြုပြင်ရန်၊ သက်တမ်းအား ဖြုန်းတီးခဲ့ သော်လည်း၊ ယခု အချိန်တွင် အရေး မကြီး တော့ချေ။
“ ကောင်းကင် ဝိညာဉ် နယ်မြေကို၊ ရောက်ရှိ လာတဲ့ အတွက် ဂုဏ်ယူ ပါတယ်၊ နန်းတော် သခင်။ ”
ဓားထမ်း အကြီးအကဲ များနှင့် ကောင်းကင် တပည့် များက ဦးဆောင်ကာ၊ ကာကွယ်သူ မက်မွန်ကို နှုတ်ဆက်သည်။
“ အားလုံးပဲ ပင်ပန်း နေကြပြီ ... ။ ”
ကာကွယ်သူ မက်မွန်က၊ ပြန်လည် နှုတ်ဆက် စကား ပြောပြီးနောက်၊ လင်းယွန်ထံ လှည့်ကြည့် လာသည်။
ထို့ကြောင့် တိမ်ပေါ် တက်လှမ်း ခြင်းနှင့် အတူ၊ လင်းယွန်က ပြုံးရယ်လျက်၊ ကာကွယ်သူ မက်မွန်ထံ၊ ခြေသုံးလှမ်း လှမ်းတက် လိုက်သည်။
အနားရောက် သည်နှင့် ဒူး တစ်ဖက် ထောက်ပြီး၊ လက်ဝှေ့ယမ်း နှုတ်ဆက် လိုက်၏။
“ တပည့် လင်းယွန်၊ ကာကွယ်သူ မက် ... ၊ နန်းတော် သခင်ကို အရို အသေပြု ပါတယ်။ ”
“ ဟား ... ဟား ... ဟား ၊ မင်း ငါ့ကို ကြိုက်သလို ခေါ်လို့ရတယ်၊ လာ ... မတ်တပ်ရပ် ပါဦး၊ မင်းကို ကြည့်ပါ ရစေ။ ”
ကာကွယ်သူ မက်မွန်က လင်းယွန်အား၊ စတင် စစ်ဆေး လိုက်စဉ်၊ ကြောက်မက်ဖွယ် ကောင်းသော ဓား တစ်လက်ကို၊ မြင်လိုက်ရ သဖြင့်၊ ချက်ချင်း တုန်လှုပ်သွား တော့သည်။
လူငယ် လေး၏ ပတ်ဝန်းကျင်၌ မမြင် နိုင်သော အလင်းမှုန် များက၊ ကြယ် အလင်းများ ကဲ့သို့ တောက်ပ နေခေျ၏။
“ မင်းရဲ့ ... ဓားရည်ရွယ်ချက်လား။ ”
ကာကွယ်သူ သခင် မက်မွန်က၊ အံ့အားသင့် သွား ပြီးနောက်၊ ကျေနပ်စွာ အော်ဟစ် ရယ်မော လိုက် တော့သည်။
“ ဟား ဟား ဟား ... ၊ ကောင်းတယ် အရမ်း ကောင်းတယ်။ ”
ကျန်ရှိ နေသော သူများက၊ ကာကွယ်သူ မက်မွန်နှင့် လင်းယွန်တို့၊ မည်သည့် အတွက် ကြောင့်၊ ရယ်မော နေမှန်း မသိ ကြချေ။
ထို့နောက် ကာကွယ်သူ မက်မွန်က၊ လျိုဖန်းထံ လှည့်ကာ၊
“ ဝမ်ရန်းဘို တစ်ယောက်၊ ငါ ကျင့်ကြံ နေတုန်း လာသေးလား။ ” -ဟု မေးလိုက်သည်။
ဝမ်ရန်းဘိုကြောင့် ဓားနန်းတော်မှာ၊ မငြိမ်းချမ်း ခဲ့ချေ။ သူ ကိုယ်တိုင် တံခါးပိတ် ကျင့်ကြံ ရသည် အထိ၊ ဖိအားပေး ခံခဲ့ရသည်။ ယခု လက်တုန့် ပြန်ရန် အချိန် ကျပြီ ဖြစ်၏။
ချက်ချင်း အဖြေပြန် မပေး သေးဘဲ၊ လျိုဖန်းက ဓားထမ်း အကြီးအကဲ များနှင့်၊ အကြည့်ချင်း ဖလှယ် လိုက်ကာ၊
“ နန်းတော် သခင် ... ၊ လွန်ခဲ့တဲ့ ရက် အနည်းငယ် တုန်းက၊ ဝမ်ရန်းဘို လာခဲ့ ပါတယ်၊ ဒါပေမယ့် လင်းယွန်က လက်သီးနဲ့ ထိုးသတ်ပစ် လိုက်ပြီ၊ ရှေးဟောင်း တာအိုဂိုဏ်း ဆိုတာ မဟာချင် အင်ပါယာမှာ၊ မရှိတော့ ပါဘူး။ ”
“ ဘယ် လို ... ။ ”
ဤသတင်းကြောင့် ကာကွယ်သူ မက်မွန်မှာ၊ အံ့သြ တုန်လှုပ် သွားသည်။
ဝမ်ရန်းဘို အနေဖြင့်၊ လျှို့ဝှက် နည်းစနစ် တစ်ရပ်ကို အသုံး ပြုကာ၊ အောင်မြင်မှုအား ရယူ နိုင် ခဲ့သည် မှန်သော်လည်း၊ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေဆဲ ပေပင်။
“ ကောင်လေး ... မင်း ငါ့ကို အကြီး အကျယ် ထိတ်လန့် စေပြန်ပြီ။ ”
-ဟု ပြုံးလျက် လင်းယွန် ပုခုံးကို ပုတ်လိုက် ပြီးနောက်၊
“ ဘိုင်လိရွှမ်ရော ပြန်လာ ပြီလား ... ။ ”
-ဟု ထပ်မံ မေးမြန်း လိုက်လေသည်။
“ သူ … ။ ”
အကြီးအကဲ များက အဆင်မပြေသည့် အမူအရာ များဖြင့် တုန့်ဆိုင်း ကုန်၏။
ဘိုင်လိရွှမ် ဟူသည် ကာကွယ်သူ မက်မွန်၏၊ တိုက်ရိုက် တပည့် ဖြစ်ပြီး၊ လင်းယွန် မရောက်မီ၊ မျှော်လင့်ချက် များစွာ ထားခဲ့ မိသူ ဖြစ်သည်။
ရုတ်တရက် ပြောင်းလဲ သွားသော အခြေအနေကြောင့်၊ လင်းယွန်က အနည်းငယ် စဉ်းစား လိုက်ကာ၊
“ နန်းတော် သခင် ... ၊ သူက တိမ်ယံ သုံးဆင့်ကို ဝင်သွား ပါပြီ၊ မြောက်ပင်လယ်မှာ တုန်းက၊ ဒီတပည့်ကို ကူညီပေး ခဲ့ပါတယ်၊ ... ”
“ ... အခုတော့ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့၊ အတောက် အပဆုံး ပါရမီရှင် တစ်ယောက် ဖြစ်နေ ပါပြီ။ ”
လင်းယွန်၏ အဖြေကြား မှှသာ၊ ကာကွယ်သူ မက်မွန်က ကျေနပ် သွား၏။ အကြီးအကဲ များ သည်လည်း၊ သက်သာရာ ရကုန်သည်။
နောက်ဆုံးတွင် တိမ်ယံ သုံးဆင့် ဂိုဏ်း ဟူသည်၊ အုပ်စိုးရှင် ကိုးပါး အနက်မှ တစ်ပါးဖြစ် သဖြင့်၊ ၎င်းတို့ အတွက် ဂုဏ်ယူစရာ ပေပင်။
ဆိုလို သည်မှာ ဓားနန်းတော်နှင့်၊ တိမ်ယံ သုံးဆင့် ဂိုဏ်းကြား၊ ဆက်နွယ်မှု တစ်ခု ရှိလာပြီ ဖြစ်သည်။
သို့သော် လင်းယွန်က၊ ဓားနန်းတော်ကို စွန့်ခွာ သွားခြင်း မရှိ သောကြောင့်၊ အနည်းငယ် စိတ်ပျက် လာကြသည်။
“ နန်းတော် သခင် ၊ နန်းတော် သခင်ရဲ့ အောင်မြင်မှု အပေါ် ဂုဏ်ပြုဖို့ အတွက်၊ ယန် နန်းတော်က ဧည့်သည် နှစ်ယောက် ရောက်လာ ပါတယ်။ ”
ရုတ်တရက် သင်းထောက် တစ်ဦးက၊ ရှေ့လှမ်းတက် လာပြီး သတင်း ပို့လေသည်။ ယန် နန်းတော် ရောက်ရှိ လာခြင်းမှာ၊ မြန်လွန်း သဖြင့်၊ လူတိုင်း မျက်နှာများ ပြောင်းလဲ သွားကြသည်။
ထို့အပြင် ဤသို့ အုပ်စိုးရှင် တစ်ပါးမှ ကိုယ်တိုင် ကိုယ်ကျ လာရောက်၍ ဂုဏ်ပြုခြင်း မျိုးမှာ၊ အဓိပ္ပါယ် မရှိပေ။ ကာကွယ်သူ မက်မွန်က၊
“ သူတို့ကို ပင်မ ခန်းဆောင်ကို ခေါ်သွားပါ၊ ငါ လာခဲ့မယ်။ ”
သတင်းပို့ လာသော သင်းထောက်က လှည့်ထွက် တော့မည့် အချိန်တွင်၊ ခေတ္တရပ် လိုက်ပြီး၊
“ စီနီယာ အစ်ကို လင်းကို၊ သူတို့က လာစေချင် နေတယ်၊ ” -ဟု ဆက်ပြော လာ၏။
ကာကွယ်သူ မက်မွန်က အနည်းငယ် အံ့အားသင့် သွားပြီး၊ ချက်ချင်း လေးနက်လာ တော့သည်။
“ သူတို့က ဧည့်ကောင်း ဆောင်ကောင်းတွေ မဟုတ် လောက်ဘူး၊ ဓားထမ်း အကြီးအကဲတွေ ငါနဲ့ အတူ လိုက်ခဲ့ကြ ... ။ ”
“ ဒီတပည့်လည်း ... ၊ လိုက်ပါမယ်။ ”
ယန် နန်းတော်မှ၊ သူ့အား ရှာနေ ရသည့် အကြောင်းရင် အပေါ်၊ လင်းယွန် တစ်ယောက် သိချင် လာသည်။
ချင်းယန်မှ လွဲ၍ ၎င်းတို့နှင့် အခြားသော ပြဿနာ မရှိ ခဲ့ချေ။ သို့သော် ထိုသူ ဖြစ်လျှင်ပင်၊ လာရသည့် အကြောင်း အရင်းအား၊ တွေးဆ မရ သေးသည်မှာ အမှန် ပေပင်။
***