← Chapters

ဒါက ... လျှို့ဝှက်ချက် ပဲ။

Vol. 55 Ch. 765

ဒါက ... လျှို့ဝှက်ချက် ပဲ။

Vol. 55 Ch. 765

လင်းယွန် မျှော်လင့်ထား သလို ပေပင်။ ချင်းယန်နှင့် အဖိုးအို တစ်ဦးက၊ ခန်းဆောင် ထဲ၌၊ စောင့်နေ၏။

“ ဂုဏ်ယူ ပါတယ် နန်းတော် သခင်၊ မဟာချင် အင်ပါယာလို နေရာ မျိုးမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေကို ချိုးဖြတ် နိုင်ဖို့ ဆိုတာ၊ တကယ့်ကို မလွယ်လှ ပါဘူး။ ”

ချင်းယန် ဘေးရှိ အဖိုးအိုက၊ အပြုံး တစ်ပွင့်နှင့် အတူ၊ သူ့ စကားကို ဆက်ပြော လာသည်။

“ တောင်းပန် ပါတယ် ... ၊ ငါတို့က အလျင်လို လာတဲ့ အတွက်၊ ဘာ လက်ဆောင်မှ မပြင်ဆင် လာမိဘူး။ ”

ဤသည်မှာ ဂုဏ်ပြုရန် လာရောက်ခြင်း မဟုတ် သည်ကို ထုတ်ဖော်ရာ ရောက်ချေ၏။ လာရသည့် အကြောင်းရင်း တစ်စုံ တစ်ရာ၊ ရှိနေမှန်း သိသော်လည်း၊ နန်းတော် သခင်က အဘိုးအိုအား ယဉ်ယဉ် ကျေးကျေး တုံ့ပြန် နေဆဲ ပေပင်။

“ သခင်လေး လင်း၊ ငါတို့ နောက်ဆုံး တွေ့ခဲ့တာ ဓားနက်မြို့မှာ မဟုတ်လား၊ မင်း နေကောင်း ရဲ့လား။ ”

ချင်းယန်က ပြုံးကာ နှုတ်ဆက် လိုက်သည်။

“ ကောင်း တယ် ... ။ ”

လင်းယွန်က ပြန်ဖြေ၏။

“ ကောင်းတယ် ဟုတ်လား၊ အဲဒါက ငါ့ အတွက်တော့ မကောင်းဘူး။ ”

ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် များကို ထုတ်ဖော်လျက်၊ ချင်းယန်က ဆိုသည်။

ထိုအရှိန် အဝါက၊ လေဟာနယ် အတွင်း၊ လောင်ကျွမ်း ပူမြိုက် စေသဖြင့်၊ အကြီး အကဲ များက တွန်းလှန်ရန်၊ မူလ စွမ်းအင်ကို ထုတ်ဖော် လိုက်ရသည်။

သို့သော် ခန္ဓာကိုယ် အတွင်း စိမ့်ဝင် လာပြီး၊ မူလ စွမ်းအင် များကို တိုက်စား သွားခဲ့၏။

မူလ စွမ်းအင်ကို ဖြန့်ကျက် ထားသော်မှ၊ မျက်နှာများ နီရဲ လာကာ၊ ပူလောင်မှု ဝေဒနာ အား၊ ခံစား လာရသည်။

ယင်းသည် ချင်းယန်မှ သူ့ ပုံရိပ်ကို ထူထောင်ရန်၊ ကြိုးစား နေမှန်း၊ လူတိုင်း နားလည် လိုက်မိ ၏။

ကာကွယ်သူ မက်မွန်က၊ ထိုရောင်ဝါကို ဓားအလင်းဖြင့်၊ ထိုးခွဲ လိုက်မှ သာလျှင် အကြီး အကဲများ၊ စိတ်သက်သာရာ ရသွား သည်။

သို့သော် နဖူးမှ အေးစက်သော ချွေးများ စီးကျ နေဆဲ ဖြစ်၏။ နန်းတော် သခင်မှ သူ့အား မောင်းထုတ် တော့မည်ကို၊ နားလည် မိသော ချင်းယန်က ချက်ချင်း ပြုံးရယ် ပြကာ၊

“ စိတ်မပူ ပါနဲ့ ... ၊ ယန် နန်းတော်ရဲ့ အာဏာကို ထုတ်ပြဖို့ ရောက်လာတာ မဟုတ် ပါဘူး၊ ... ”

“ ... တိမ်နဂါး အဆင့်၊ ပါရမီရှင် တစ်ဦး ဖြစ်တဲ့ ငါ့ရဲ့ အဆင့် အတန်းကို ပြချင် ရုံပါ၊ ပြီးတော့ ဒီက ညီအစ်ကို လင်း ဆီကနေ ရစရာ ရှိလို့၊ ဒီမှာ ရှိနေ ရတာပဲ။ ”

“ မင်းနဲ့ ငါ ... ၊ ဘာ အကြွေးမှ မရှိဘူး။ ”

လင်းယွန်က ချင်းယန်ကို မကြောက် သောကြောင့်၊ ပေါ့ပေါ့ ပါးပါးပင် ပြန်ဖြေသည်။

“ မုသား တွေကို တိတ်စမ်း ... ၊ ငါ့ ကြောင့်သာ မဟုတ်ရင်၊ အဲ့ဒီ တောင်တုန် မိစ္ဆာ မျောက်ဝံကို၊ သတ်နိုင်လိမ့် မယ်လို့ မင်း ထင်နေလား။ ”

ချင်းယန်၏ မျက်လုံး များတွင်၊ ဒေါသ အမျက်များ တောက်ပ လာသည်။

“ သခင်လေး ချင်၊ ဒါက ဓားနန်းတော်ပါ၊ မင်းရဲ့ စကား အသုံးအနှုန်း တွေကို၊ ဒီထက် ပို ယဉ်ကျေးအောင် သုံးဖို့၊ ငါ အကြံပေး ပါရစေ။ ”

ကာကွယ်သူ မက်မွန်က တည်ငြိမ် စွာဖြင့်၊ ဆိုလိုက်သည်။

အုပ်စိုးရှင် တစ်ပါး ဖြစ်ရုံဖြင့်၊ ဓားနန်းတော် အပေါ်၊ မောက်မာ နိုင်မည်ဟု ယူဆ ထားပါက၊ အိပ်မက်သာ ဖြစ်ပေမည်။

ရုတ်တရက် လေထုမှာ တင်းမာ လာသဖြင့်၊ ချင်းယန် ဘေးရှိ အဘိုးအိုက ပြုံးပြီး၊

“ စိတ်လျှော့ပါ ... ၊ ချင်းယန်က နည်းနည်းလေး စိုးရိမ် နေလို့ပါ၊ ပြန်ရောက်ရင် သူ့ကို အပြစ်ပေး လိုက်ပါမယ်၊ ဒီအကြောင်းကို ပြောရရင် ... ”

“ ... မင်းရဲ့ တပည့်က၊ သားရဲ ဒီရေမှာ မထိုက်တန်တဲ့ အရာကို ရယူ သွားတယ်၊ ဒါကို ဓားနက်မြို့က ကျင့်ကြံသူ တော်တော် များများက သက်သေခံ နိုင်ပါတယ်၊ ... ”

“ ... ငါတို့ ယန် နန်းတော်က၊ အားနည်း နိမ့်ကျတဲ့ သူတွေကို အနိုင် ကျင့်မှာ မဟုတ် ပါဘူး၊ ... ”

“ ... ဒီလူငယ် လေးသာ သားရဲ အမြုတေကို ပြန်ပေးရင်၊ အဆင့်မြင့် မှော်ဆေးလုံး တွေနဲ့ လျော်ကြေး ပေးဖို့ ဆန္ဒ ရှိပါတယ်။ ”

ဤလူ များ၏ အရှက် မရှိသော လုပ်ရပ်ကြောင့်၊ လှောင်ပြုံး တစ်ပွင့်ကို လင်းယွန်မှ ထုတ်ဖော် လိုက်သည်။

တိုက်ပွဲ အတွင်း တောင်တုန် မိစ္ဆာ မျောက်ဝံကြောင့်၊ ချင်းယန်မှာ သတိလစ် မတက် ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။

သားရဲ အမြုတေကို၊ နှစ်ယောက် အတူ ပိုင်ဆိုင် သင့် သည်ဟု၊ လူတိုင်းပြော နေကြ သော်လည်း၊ ချင်းယန်မှ သူ့ထံ မလာခဲ့ သဖြင့်၊ စိတ် အနှောက် အယှက် မဖြစ် မိချေ။

သို့သော် သည်အထိ လိုက်လာကာ၊ အရှက်မဲ့ လိမ့်မည်ဟု၊ မထင်ထား သည်မှာ အမှန် ပေပင်။

“ ခရမ်းလေး ... ၊ ဒီမှာ တစ်ယောက် ယောက်က၊ တောင်တုန် မိစ္ဆာ မျောက်ဝံရဲ့ သားရဲ အမြုတေကို ယူဖို့၊ မင်းကို ရှာနေတယ်။ ”

လင်းယွန် အော်သံ ဆုံးသည်နှင့်၊ ကျယ်လောင်သော တုန့်ပြန်သံ တစ်သံ ထွက်ပေါ် လာသည်။

“ ကျီး ..... ။ ”

ရုတ်တရက် လူ အများစု အပေါ်၊ လေပြင်းများ ဖြတ်တိုက် သွားသဖြင့် တုန်လှုပ် သွားသည်။

ထိုလေထုထဲ၌ ဘုရင် အဆင့် အရှိန် အဝါများ ကပ်ပါ နေသောကြောင့်၊ ချင်းယန်နှင့် အဘိုးအို တို့ နှစ်ဦးမှာ၊ မျက်မှောင်ကြုတ် လိုက်မိ၏။

“ မင်း ... ၊ ဘာပြော တာလဲ ... ။ ”

ချင်းယန်က လင်းယွန်ကို အေးစက်စွာ လှမ်းကြည့်ပြီး၊ ပြန်မေးသည်။

“ အမှန် အတိုင်း ပြောရရင်၊ သားရဲ အမြုတေကို သူ သန့်စင် လိုက်ပြီ၊ ဒါပေမယ့် မင်း အတွက်၊ အကြံ တစ်ခုတော့ ရှိပါတယ်၊ ... ”

“ ... ဒီသားရဲကို သတ်နိုင်ရင်၊ တောင်တုန် မိစ္ဆာ မျောက်ဝံထက် အဆ တစ်ရာ၊ ပိုတန်ဖိုး ရှိပါ လိမ့်မယ်၊ ဟမ့် ... မင်း သတ္တိ မရှိမှာ ကိုပဲ၊ ငါ စိတ်ပူတယ်။ ”

လင်းယွန်က ပြုံးကာ ရှင်းပြ လိုက်သည်။

“ ငါ မဝံ့ဖူး ထင်နေ တာလား ... ၊ ဟား ဟား ဟား ။ ”

ချင်းယန်က အထိန်း အကွပ် မဲ့စွာ ရယ်မော လိုက်ပြီး၊

“ ဒါက ... ၊ ဓားနန်းတော်ရဲ့ သားရဲလေး တစ်ကောင်ပဲ၊ လင်းယွန် ... ထိပ်တန်း အဆင့် ပါရမီရှင် တစ်ယောက် ... ”

“ ... ဘယ်လောက် အထိ၊ ကြောက်စရာ ကောင်းတယ် ဆိုတာ မင်း မသိနိုင် ပါဘူး၊ ဘုရင် အဆင့် သားရဲ ဖြစ်တော့ရော ဘာဖြစ်လဲ၊ လွယ်လွယ်နဲ့ ငါ သတ်နိုင်တယ်။ ”

စကားဆုံး သည်နှင့်၊ ပင်မ ခန်းမ ထဲမှ ပြေးထွက် သွား တော့သည်။ ဓားနန်းတော်ကို စောင့်ကြပ် ပေးနေသော သားရဲမှာ၊ ဘုရင် အဆင့် ဖြစ်လျှင်ပင်၊ အသုံးဝင် နိုင်မည် မဟုတ်ချေ။

မဟာချင် အင်ပါယာ၏ ဝိညာဉ် စွမ်းအင်မှာ ပါးလွှာလွန်း သဖြင့်၊ အစွမ်းထက် သားရဲများ နေထိုင် နိုင်မည် မဟုတ်ကြောင်း သူ သိသည်။

အဘိုးအိုက စားပွဲ ပေါ်ရှိ လက်ဖက် ရည်ခွက်ကို ကောက်ယူပြီး၊ ပြုံး လိုက်သည်။ သူက ချင်းယန်ကို မတားချေ။

သို့သော် လက်ဖက်ရည် မြည်းကြည့် တော့မည့် အချိန် မှာပင်၊ မျက်နှာ ပျက်ယွင်း သွားရသည်။

ချင်းယန် တစ်ယောက် ထိတ်လန့် တုန်လှုပ်စွာဖြင့်၊ သူ့ နှုတ်ခမ်းရှိ သွေးစ များကို သုတ်ကာ၊ ပြန်ဝင် လာ၏။ သူက၊

“ မင်း ငါ့ကို လိမ်တယ်။ ”

-ဟု ဆိုကာ လမ်းယွန်ထံ ဒေါသတကြီး လှမ်းကြည့် လိုက်သည်။

“ ဘာဖြစ် တာလဲ ... ။ ”

အဘိုးအိုက စိုးရိမ်စွာ လှမ်းမေးသည်။

“ ဒါက မရဏ မိုးကြိုး နဂါး လင်းတပဲ။ ”

“ အဟွတ် ... ဟွတ် ။ ”

ချင်းယန် အဖြေကြောင့်၊ အဘိုးအို မျက်နှာမှာ၊ ပြောင်းလဲ သွား၏။ မိုးကြိုး စီရင်စုကို ရောက်ဖူး သူတိုင်း၊ ထိုသားရဲကို သိချေသည်။

၎င်းမှာ နဂါးမျိုး ဆက်သွေးကို ပိုင်ဆိုင်ထား သောကြောင့်၊ အုပ်စိုးရှင် ဂိုဏ်းများ မှပင် ရန်မစ ဝံ့ချေ။

အဘိုးအိုက အေးစက်သော အမူအရာကို ထုတ်ဖော် လိုက်ပြီး၊ ယန် နန်းတော် ပုံရိပ်အား အသုံး ချရန်၊ ပြင်လေသည်။

“ မင်းတို့ တကယ် လုပ်ဝံ့လား၊ နဂါး လင်းတကြောင့် ယန် နန်းတော်ကို လျစ်လျူရှု နိုင်ပြီလို့၊ ထင်နေ သလား ဟမ့်။ ”

သို့သော် ကာကွယ်သူ မက်မွန်က သူ့ လက်ကို ဝှေ့ယမ်းပြီး၊ ဓားဆွဲကာ မတ်တပ် ထရပ် လိုက်သည်။

“ ဓားနန်းတော်က ယန် နန်းတော်ကို ရန်မစ ဝံ့ပါဘူး၊ ဒါပေမယ့် မင်းတို့ တွေက ဒီနေရာနဲ့ မသင့် လျော်တဲ့ အတွက်၊ ... ”

“ ... ဆက်ရှိ နေဦးမယ် ဆိုရင်၊ ဓားနန်းတော်ရဲ့ အုတ်မြစ်ကို ပြရ လိမ့်မယ်၊ မင်းတို့ ကိုယ်တိုင် ပြန်မလား ၊ ဒါမှ မဟုတ် ငါ ... လိုက်ပို့ ပေးရ မလား။ ”

နန်းတော် သခင်မှာ၊ ဤမျှ မောက်မာ လိမ့်မည်ဟု မထင် သောကြောင့်၊ အဖိုးအို၏ နှုတ်ခမ်းများ လှုပ်ယမ်း သွားသည်။

အုပ်စိုးရှင် တစ်ပါးအား ဓားနန်းတော်မှ ဓားဆွဲကာ၊ နှင်ထုတ် လာလိမ့် မည်ဟု၊ မည်သူ မဆို ထင်ထား မိမည် မဟုတ်ချေ။

အချိန် အတော်ကြာ တိတ်ဆိတ် ငြိမ်သက် သွားပြီးနောက် အဘိုးအိုက၊ ‘သွားစို့’ဟု ဆိုလိုက် တော့ သည်။

ချင်းယန်က ထွက် မသွားခင် လင်းယွန်ထံ လှမ်းကြည့်ကာ၊

“ မင်း ... ၊ သွေးစွန်းသော ဧည့်ခံပွဲမှာ၊ ငါနဲ့ မတွေ့ဖို့၊ ဆုတောင်း ထားတာ ပိုကောင်း လိမ့်မယ်။ ”

“ စိတ်ဝင်စား စရာပဲ ... ။ ”

လင်းယွန်၏ အဖက် မလုပ်သော အသွင် မှသည်၊ စူးရှသည့် မျက်ဝန်း များဖြင့် ချက်ချင်း ပြန်လည် စိုက်ကြည့် လာသည်။

ယင်းကြောင့် ချင်းယန် တစ်ယောက် ရင်ဘတ်ကို ဓားဖြင့် ထိုးခံ လိုက်ရ သကဲ့သို့၊ တစ်ကိုယ်လုံး အေးစက် သွားတော့၏။

( ချေး ပဲ ... ။ )

လင်းယွန်အား တိုက်ရိုက် မကြည့် ‘ဝံ့’ တော့ဘဲ၊ လှည့်ထွက် မသွားခင်၊ စိတ်ထဲမှ ကျိန်ဆဲ လိုက်၏။

အဘိုးအိုနှင့် ချင်းယန် တို့မှာ၊ မကျေ မနပ်ဖြင့် ခန်းဆောင် အတွင်းမှ လှမ်းထွက် လိုက်သည်။ ဓားနန်းတော်၌ သေခြင်း တရားကို ကြောက်လန့်ခြင်း မရှိသော အရူး များသာ ရှိချေပြီ။

“ သွေးစွန်းသော ဧည့်ခံပွဲ မတိုင် မီမှာ၊ ဒီလိုမျိုး ပါရမီရှင် တစ်ယောက်ကို စော်ကား မိတာ မကောင်းဘူး။ ”

ကာကွယ်သူ မက်မွန်က စိတ်ပူသော လေသံနှင့်၊ လှမ်းပြော လိုက်သည်။

“ ငါ သူ့ကို မကြောက် ပါဘူး။ ”

လင်းယွန်မှ ပြန်ဖြေ၏။

“ မပေါ့ နဲ့ ... ၊ ယန် နန်းတော် ဆိုတာ အုပ်စိုးရှင် ကိုးပါး ထဲက တစ်ပါးပဲ၊ ပြိုင်ပွဲက တစ်လပဲ လိုတော့တယ်၊ ... ”

“ ... ချင်းယန် ကြည့်ရတာ အောင်မြင်မှု တစ်ခု ပြုလုပ်ဖို့ အရေး ကြီးတဲ့၊ အခြေ အနေကို ရောက်နေ ပုံပဲ၊ ... ”

“ ... သူ မင်းကို ထပ်ပြီး၊ လာရှာမှာ မဟုတ်တော့ဘူး၊ ဒါကို အခွင့်ကောင်း ယူပြီး ဓားနန်းတော်မှာ ကျင့်ကြံပါ။ ”

ပယင်း ကမ္ဘာ ကြီးတွင်၊ ရွှေခေတ် ကတည်းက၊ တည်ထား ခဲ့သော ရှေးဟောင်း မြို့တော် ကိုးမြို့ ရှိပေသည်။

တိမ်နဂါးမြို့ ဟူသည်၊ နဂါး ကြမ္မာကို ကိုယ်စား ပြုသော ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်ပြီး၊ သွေးစွန်းသော ဧည့်ခံပွဲ ကျင်းပရာ အရပ် ဖြစ်၏။

လင်းယွန် ထွက်သွား ပြီးနောက်၊ ကာကွယ်သူ မက်မွန်က၊ ဓားထမ်း အကြီးအကဲ များကို ကြည့်ကာ၊

“ မင်းတို့ လင်းယွန်ကို ဘယ်လို မြင်လဲ၊ သွေးစွန်းသော ဧည့်ခံ ပွဲမှာ သူ ဘယ်လောက် အထိ၊ သွားနိုင်မယ် ထင်လဲ။ ”

“ သူက သန်မာတယ်၊ မယုံနိုင် လောက်အောင် သန်မာတယ်။ ”

“ ကောင်လေးကို မမြင်နိုင် တော့ဘူး၊ ဒီအကြီး အကဲတောင် သူ့ကို အနိုင် ယူဖို့ မစွမ်းတာ သေချာ တယ်။ ”

“ ... ဒီနှစ် ပြိုင်ပွဲက ထောင်စုနှစ် အတွင်း၊ စိတ်လှုပ်ရှား စရာ အကောင်းဆုံး ဖြစ်မယ်လို့ ကြားသိ ထားတယ်၊ ပြီးခဲ့တဲ့ နှစ် အနည်းငယ် တည်းက ပါရမီ ရှင်တွေ ပိုများလာ ခဲ့တယ်။”

“ လင်းယွန်က ချင်းယန်ကို ရင်ဆိုင် နိုင်ပုံ ရတယ်၊ သူ မကြောက် ဖူးလို့ ပြောတဲ့ အချိန်က၊ တကယ် အလေး အနက် ဆိုခဲ့တာ ... ။ ”

“ ဒါက ထိပ်တန်း သုံးဆယ် ဝင်ဖို့၊ လင်းယွန်မှာ အရည် အချင်း ရှိတယ်လို့ ဆိုလို တာပဲ။ ”

လူတိုင်းက ၎င်းတို့၏ ထင်မြင် ယူဆချက် များကို ဆွေးနွေး လာကြပြီး၊ စိတ်လှုပ်ရှား လာ ကုန်သည်။

ဓားနန်းတော်မှ တစ်ဦး တစ်ယောက်မျှ တိမ်နဂါး အဆင့်သို့ မဝင်ခဲ့ သည်မှာ၊ ရာစုနှစ် များစွာ ကြာပြီ ဖြစ်၏။

ထိပ်တန်း အယောက် သုံးဆယ်တွင်၊ အုပ်စိုးရှင် အင်အားစု များ၏ အမာခံ တပည့် များသာ ကြီးစိုး နေချေသည်။

ထို့ကြောင့် ချင်းယန် မည်မျှ ကြောက်စရာ ကောင်း နိုင်မည်ကို၊ တွေးကြည့်ရန် မလွယ်ချေ။ နောက်ဆုံးတွင် ဓားထမ်း အကြီးအကဲများ ကိုပင်၊ စွဲထင် စေသော ဖိအားမျိုး ပေးစွမ်း နိုင်ခဲ့ သည်။

ကာကွယ်သူ မက်မွန်က ခေါင်းခါ လိုက်ပြီး၊

“ ကမ္ဘာ ကြီးက ... ပြောင်းလဲ နေတယ်၊ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါးက လွဲပြီး၊ ဘယ်သူမှ အသုံး မဝင်ဘူး၊ ချင်းယန်က ကြောက်စရာလို့ ထင်ရ ပေမယ့်၊ ... ”

“ ... သူလည်း ဖိအားတွေ အောက်မှာ ရုန်းကန် နေရတယ်၊ ဒါကြောင့် သားရဲ အမြုတေ အတွက်၊ သူ ရောက်လာ ခဲ့တာပဲ။ ”

တစ်ဖက် လူ နှလုံးသား ထဲတွင်၊ ဖုံးကွယ် ထားသော စိုးရိမ်မှု များကို ချက်ချင်း သတိထား မိချေသည်။

ကာကွယ်သူ မက်မွန်၏ အမြင်မှာ၊ ကြောက်စရာ ကောင်း လောက်အောင် ထက်ရှ နေပေ၏။

နောက်ဆုံးတွင် သားရဲ ဒီရေ အတွင်း၊ မျိုးဆက်သစ် ပါရမီရှင် အချို့ လက်၌ ရှုံးနိမ့် လိုက်ရ သဖြင့်၊ ဝူရှောင်ရှင်း၏ လှောင်ပြောင် မှုကို၊ ချင်းယန် တစ်ယောက် ခံစား ခဲ့ရသည်။

“ ချင်းယန်က ထိပ်တန်း အယောက် သုံးဆယ် အတွင်းကို ပြန်ဝင်ဖို့ ခက်လိမ့်မယ်၊ လင်းယွန် ကတော့ အထက် တန်းစား ခုနစ်ပါး ကိုတောင် ရင်ဆိုင် နိုင်မယ်။ ”

“ နန်းတော် သခင် ... ၊ တကယ် ပြောနေ တာလား။ ”

“ နန်းတော် သခင်၊ တစ်ခု ခုကို မြင်နိုင် နိုင်ပြီလား ... ။ ”

ကာကွယ်သူ မက်မွန်၏ စကား များကြောင့်၊ ဓားထမ်း အကြီးအကဲများက ထိတ်လန့်တကြား ထရပ် လိုက်ကြသည်။

“ ဒါက ... အချိန် ကျရင် သိလာ ပါလိမ့်မယ်။ ”

ကာကွယ်သူ မက်မွန်က၊ လျှို့ဝှက်စွာ ပြုံးရယ် လိုက်တော့သည်။

***

All Chapters