ဂယက် ရိုက်ခြင်း။
Vol. 55 Ch. 766
လင်းယွန်က မျက်လုံး များကို မှိတ်လျက်၊ ပန်းသင်္ချိုင်း ဓားကို ကိုင်ဆောင်ကာ တောင်ပေါ် ၌ တရားထိုင် နေသည်။
သွေးစွန်းသော ဧည့်ခံပွဲ၊ မကြာမီ စတင် တော့မည် ဖြစ်၏။ ထို့ကြောင့် နည်းစနစ် များကို တည်ငြိမ်အောင်၊ ကောင်းကင်၊ လနှင့် တိမ် တို့အား၊ လေ့လာ နေခြင်း ဖြစ်သည်။
မိုးပြာ နဂါး မူလ ပုံစံ၊ သေမင်း လက်သီး ခုနစ်ချက်နှင့်၊ တိမ်ပေါ် တက်လှမ်းခြင်း တို့တွင် မည်မျှ အစွမ်းထက် နေကာမူ၊ အဆုံး၌ သူက ဓားသမား တစ်ဦးသာ ဖြစ်နေ ပေ၏။
သွေးစွန်းသော ဧည့်ခံ ပွဲ၌၊ တောက်ပ လိုသော်၊ သူ့ဓား အပေါ် အားကိုး ရမည် ဖြစ်သည်။
ရန်လောင်ဇီ အစွမ်းကို မြင်ပြီးနောက်၊ ထိပ်တန်း ဆယ်ဦးနှင့် သူ့ ကြား ကွာဟချက် အကြောင်း၊ သဘောပေါက် လာ၏။
သူ၏ အသန်မာ ဆုံးသော ခွန်အားမှာ၊ ဝိညာဉ်ရေးဓား ရည်ရွယ်ချက် ဖြစ်သည်။ ၎င်းကို ပို၍ ကျွမ်းကျင် လာပါက၊ အနိုင်ရ နိုင်ခြေ မြင့်မား မည်မှာ သေချာသည်။
သမုဒ္ဒရာကြီး တစ်စင်း ကဲ့သို့ ထူထပ် နေသော တိမ် များကို ကြည့်ကာ၊ ခုန်တက် ပစ် လိုက်သည်။
တခဏ အတွင်း မှာပင်၊ တိမ် ပင်လယ်ပေါ် တည်ငြိမ်စွာ မတ်တပ်ရပ် နိုင်ခဲ့၏။
“ ဓား ... ။ ”
ဓား ရည်ရွယ်ချက်ကို၊ ပန်းသင်္ချိုင်းဓား အတွင်း၊ လောင်းထည့် လိုက်သဖြင့်၊ အရာရာ လောင်ကျွမ်း နိုင်သော အလင်းများ ထွက်ပေါ် လာသည်။
ထို့နောက် တိမ်ပင်လယ် အတွင်းသို့၊ ခုတ်ပိုင်းချ လိုက်ရာ၊ မီတာ (၃၀၀၀) ခန့် ရှိသော ပြတ်ရှ ရာကြီး ဖြစ်ပေါ် လာသည်။ သို့သော် စက္ကန့်ပိုင်း အတွင်း၊ ထိုအက်ကွဲ ကြောင်းမှာ၊ ပြန်ပိတ် သွား၏။
“ ဒါက မီတာ သုံးထောင်ပဲ ရှိသေးတယ် ... ၊ ကနဦး ကျွမ်းကျင်မှု ဆီကို ရောက်ဖို့က တကယ် ခက်တာပဲ။ ”
ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်းပြီး၊ ခေါင်းယမ်းလျက် သူ့ ရှေ့ရှိ ရှုခင်း များထံ၊ ငေးလိုက် မိသည်။
ဤသို့ဖြင့် မလှုပ် မယှက် ငါးရက်ကြာ ထိုင်နေ ခဲ့သည်။ ငါးရက် ကုန်ဆုံး ပြီးနောက်၊ တိမ်ပေါ် ပြန်လည် ခုန်တက် လိုက်၏။
ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်မှာ၊ နာမ်ဝိညာဉ် တစ်ခု ကဲ့သို့၊ မမြင် နိုင်ကြောင်း၊ ထိုးထွင်း သိမြင် လာခြင်း ဖြစ်၏။
“ သိ ပြီ၊ ... ငါ သိပြီ၊ အားလုံးက မှား နေတာပဲ၊ ရုပ်ဝတ္ထု တွေကို လှီးဖြတ် သလိုမျိုး၊ တိမ်တွေကို ဖြတ်လို့ မရဘူး … ။ ”
အပြုံး တစ်ပွင့်နှင့် အတူ၊ ပန်းသင်္ချိုင်း ဓားကို နောက်တစ်ကြိမ် ထပ်ဆွဲ လိုက်၏။
ယခု တစ်ကြိမ်တွင် မူလ စွမ်းအင်နှင့်၊ နဂါး စွမ်းအင်အား အသုံး မပြု ခဲ့ဘဲ၊ ဓား ဆန္ဒ ကိုသာ ထုတ်ဖော် လိုက်သည်။
ဤတိုက်ခိုက်မှုသည် သာမန် မျှသာ ဖြစ် သော်လည်း၊ ကြောက်မက်ဖွယ် ကောင်းသော ပျက်စီးမှုကို၊ ဖြစ်ပေါ် လာစေ၏။
နောက်ကွယ်မှ စွမ်းအားမှာ၊ စိတ်ကူး မယဉ်နိုင် လောက်အောင် ပြင်းထန် လှပြီး၊ ကြယ် အလင်းများ ပါဝင်သော၊ ကြယ် စုပ်ဝဲကြီး တစ်ခု ဖြစ်ပေါ် လာသည်။
ကြယ်စုပ်ဝဲ အတွင်း၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် ပျံ့နှံ့ နေကာ၊ မီတာ တစ်သောင်း ပတ်လည်မှ၊ တိမ်တိုက်များ အားလုံးကို ဝါးမြို ပစ်လိုက် တော့၏။
တိမ်တိုက်များ ပျောက်ကွယ် သွားသည်နှင့်၊ တောက်ပသော ရွှေရောင် အဆင်း သဏ္ဍာန်များ ဖြာကျ လာသည်။
ဤသည်မှာ ကြယ် တစ်ရာဖြင့် ဖွဲ့တည် ထားနိုင်သော ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် ဖြစ်ပြီး၊ ကနဦး ကျွမ်းကျင်မှု အဆင့်သို့၊ ဆောင်ယူ လာနိုင်ပြီ ဖြစ်သည်။
ဝိညာဉ်ရေးဓား ကနဦး ကျွမ်းကျင်မှုဖြင့် သခင့်ဓား၏ ပုံစံ ခြောက် မျိုးကို ဆက်တိုက် ထုတ်ဖော် လိုက် တော့သည်။
ကောင်းကင် တစ်ခွင်လုံး မှောင်မိုက်သွား ကာ၊ လျှပ်စီးများ တဟုန်းဟုန်း တောက်လောင် လျက်၊ လောင်မီးကျ (ပျက်စီးခြင်း) ကပ်ဘေး သင့်နေသော နယ်မြေကြီး ကဲ့သို့၊ ပြောင်းလဲ သွား၏။
ထို့နောက် ‘မဟာ ကြီးစိုးခြင်း’ကို၊ အသုံး ပြုရန်၊ ပုံစံ ခြောက်မျိုးအား ထပ်မံ ပေါင်းစည်း လိုက်သည်။
“ ကောင်းလိုက်တာ ... ။ ”
ပန်းသင်္ချိုင်း ဓား၌၊ လျှပ်စီးများ ကဲ့သို့ လက်လက်ထ လာပြီး၊ အနားရှိ တောင်တန်း ကြီးများကို၊ တုန်လှုပ် လာစေသည်။
ဝိညာဉ်ရေး ဓားနှင့် ပေါင်းစပ် ပြီးနောက်၊ မဟာ ကြီးစိုးမှုမှာ၊ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း၊ သူသာ သိသည်။
ဘိုးဘေး ဂျင်ဝူမင် ချန်ရစ် ခဲ့သော သခင့်ဓားနှင့်၊ ဆည်းဆာ အလင်းဓား ဖြင့်ပင်၊ တောင်းပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌ ဂုဏ်ယူစွာ ရပ်တည် နိုင်ပြီ ဖြစ်သည်။
ထိုနည်းစနစ် များမှ ပို၍ ပြင်းထန်သော တိုက်ခိုက်မှု နှစ်ခုကို ဖန်တီး နိုင်ခဲ့ပြီး ဖြစ်ရာ၊ သွေးစွန်းသော ဧည့်ခံပွဲ၌ တောက်ပ နေမည်မှာ အသေချာ ပေပင်။
လင်းယွန် ကဲ့သို့ပင် အခြား သူများ သည်လည်း၊ မျှော်လင့်ချက် ကြီးကြီးဖြင့်၊ ခါးသီးစွာ ကျင့်ကြံနေ ကြ၏။
***
ဓားနက်မြို့ အနီး၏ ခေါင်ဖျား လွန်းသော တောင်တန်း တစ်နေ ရာတွင်၊ ဝူရှောင်ရှင်း တစ်ယောက် ငြိမ်သက်စွာ ထိုင်နေ၏။
သူ့ ဝန်းကျင်၌ ကြက်သွေးရောင် မြူများ ရစ်သိုင်း နေပြီး၊ မိစ္ဆာ ဆန်သော အငွေ့ အသက် များကို၊ သန့်စင် နေသည်။
သားရဲ အမြုတေ နှစ်ခုကို သန့်စင် ပြီးနောက်၊ ပတ်ဝန်းကျင်ရှိ ကြက်သွေးရောင် အရှိန် အဝါတွင်၊ သွေးသား အစိုင် အခဲများ ဖွဲ့တည် လာ၏။
၎င်း သွေး အစိုင်အခဲများ လောင်ကျွမ်း လာကာ၊ အရည်နှင့် တူသော ကြက်သွေးရောင် ခေျာ်ရည်များ အဖြစ်သို့၊ ပြောင်းလဲ သွားသည်။
“ နောက်ဆုံးတော့ မိစ္ဆာ သွေးမီးလျှံ ကျင့်ကြံမှု နည်းစနစ်ရဲ့၊ အဆင့် (၁၂)ကို ငါ ရောက်ပြီ။ ”
မျက်လုံး များ၌ စိတ်လှုပ်ရှားမှု မရှိဘဲ၊ တည်ငြိမ်စွာဖြင့် အသက်ရှု ထုတ်လိုက်သည်။
ဘုရင် အဆင့် သားရဲ အမြုတေ နှစ်ခုကို ရိတ်သိမ်း ပြီးနောက်၊ သားရဲ ဒီရေ ပြီးဆုံးသွား ချိန်တွင်၊ ကောင်းကင် တောင်တန်းကြီး အတွင်း၊ ဝင်ရောက် ကျင့်ကြံ နေခြင်း ဖြစ်သည်။
နှစ်ပေါင်း များစွာ အတွင်း၊ မည်သူမျှ မိစ္ဆာ သွေးမီးလျှံ ကျင့်ကြံမှု နည်းစနစ်ကို အဆင့် (၁၂) အထိ၊ မရောက် ရှိခဲ့ချေ။
ဘိုးဘေး များမှ လွဲ၍၊ ဝူရှောင်ရှင်း သည်သာ တစ်ဦး တည်းသော တက်လှမ်း နိုင်သူ ဖြစ်လာ သည်။ အများ စုမှာ ဒဿမ အဆင့် ဖြင့်ပင်၊ ရူးသွပ် သွားကုန်၏။
ထို့ကြောင့် သွေးခန်းမ အကြီးအကဲများ ကြားသိ ရပါက၊ ဝမ်းသာ မဆုံး ဖြစ်ကြ ပေမည်။ ရုတ်တရတ် နောက်ဆုံး တိုက်ပွဲ မတိုင်မီ ထွက်ခွာ သွားသော လင်းယွန်ကို ပြန် သတိရ လာသည်။
သို့သော် ခဏ အကြာတွင်၊ ထိုအကြောင်း မတွေး တော့ဘဲ ရပ်ပစ် လိုက်သည်။ တစ်ဖက် လူမှာ ကျရှုံးမည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ သဖြင့်၊ ထည့်တွက် နေစရာ မလို တော့ချေ။
၎င်းထွက်သွား ပြီးနောက်၊ ကောင်းကင်ကို အံတု နိုင်သော မျိုးဆက်သစ် ပါရမီရှင် များစွာ ရောက်ရှိလာ သောကြောင့်၊ သူပင် ဖိအား များစွာ ခံစား ခဲ့ရသည်။
“ ဒီ တစ်ကြိမ် နဂါး တံခါး ပြိုင်ပွဲက၊ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်၊ ရှောင်းဇီယီ ငါ့ကို စိတ်မပျက် ပါစေနဲ့။ ”
ဝူရှောင်ရှင်း၏ အမူအရာမှာ၊ အေးစက် သွားပြီး၊ သူ့ နောက်ကျောမှ ကြက်သွေးရောင် မီးတောက်များ၊ တွန့်လိမ် ထွက်ပေါ် လာသည်။
ထို့နောက် လေထု ထဲ၌၊ ပေါက်ကွဲမှုများ ဖြစ်ပေါ် လာကာ၊ ဆယ်မိုင် ပတ်လည် အတွင်းရှိ၊ သစ်ပင် ကြီးငယ်များ အားလုံး၊ ‘ပြာ’ အဖြစ်သို့၊ ပြောင်းလဲ ကုန်တော့သည်။
***
တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ မြောက်ဘက် စွန်းတွင်၊ မြောက်ပိုင်း နှင်းစံအိမ် တည်ရှိသည်။
မြောက်ပိုင်း နှင်းစံအိမ်ကို ထိပ်တန်း အုပ်စိုးရှင် သုံးပါး အနက်မှ တစ်ပါး အဖြစ်၊ သတ်မှတ် ထားပြီး၊ ၎င်း တို့တွင် နက်ရှိုင်းသော အုတ်မြစ် ပိုင်ဆိုင် ထားချေသည်။
အလင်း အမှောင် လမင်း ကမ္ဘာထက်၊ နိမ့်ကျခြင်း မရှိ။ အပြာဝတ် သတ်လတ်ပိုင်း အရွယ်၊ အမျိုးသား တစ်ဦးက၊ ပလ္လင် တစ်လုံး ပေါ်တွင် ထိုင်နေ၏။
ဤလူသည် အိမ်တော် သခင် ဖြစ်ပြီး၊ သူ တက်ထိုင် ထားသော ပလ္လင် နောက်တွင်၊ အေးခဲ နေသော ဓားရှည် တစ်လက် ရှိ၏။
ပလ္လင်တော် ရှေ့တွင်၊ အသက် (၁၈) နှစ် အရွယ် လူငယ် တစ်ဦး၊ ဒူးထောက်လျက် ရှိနေ သည်။
ထိုလူငယ်၏ ကျင့်ကြံမှုမှာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၌ ဖြစ်ကာ၊ ဓား ရည်ရွယ်ချက်သည်၊ အကန့် အသတ် မရှိသော သမုဒ္ဒရာကြီး တစ်စင်း ကဲ့သို့၊ ကြောက်စရာ ကောင်းချေပြီ။
သူ့နောက်တွင် နှင်းမုန်တိုင်း ထဲ၌ ရပ်နေသော တပည့် များစွာ ရှိပြီး၊ ငြိမ်သက်စွာ ကြည့်နေ ကြသည်။
“ မူဟန်၊ ဓားတာအိုမှာ မင်းရဲ့ အရည် အချင်းက အသန်မာဆုံး ပါပဲ၊ မင်း ဓားကိုဆွဲ လိုက်တာနဲ့၊ ... ”
“ ... တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံးကို၊ တုန်လှုပ်သွား စေချင် တာကြောင့်၊ ငါ မင်းကို (၁၈)နှစ် တိုင်တိုင်၊ ပိတ်လှောင် ထားခဲ့ ရတာပဲ၊ ... ”
“ ... ဒီတစ်ကြိမ် သွေးစွန်းသော ဧည့်ခံပွဲက၊ ပြင်းထန် နိုင်တယ် ဆိုပေမယ့်၊ ထိပ်ဆုံး (၁၅)ဦး စာရင်းကို၊ ဝင်စေချင် ပါတယ်။ ”
“ အဆင့် (၁၅) အတွင်း ပဲလား၊ ... ဒီ တပည့်ရဲ့ ပန်းတိုင်က၊ ထိပ်ဆုံး ဆယ်ဦး စာရင်းပါ၊ မဟုတ်ရင် ... ဒါက အဓိပ္ပါယ်မဲ့ သွားပါ လိမ့်မယ်။ ”
မြေပြင် ပေါ်တွင် ဒူးထောက် နေသော မူဟန်က၊ ထိတ်လန့်ဖွယ် အေးစက်ခြင်း အငွေ့ အသက်ကို၊ ထုတ်လွှတ်လျက် ပြန်ဖြေသည်။
“ ဝှစ် ... ။ ”
ထိုအချိန် မှာပင်၊ ထက်ရှ လွန်းသော ဓားအလင်း တစ်စ၊ နှင်းမုန် တိုင်းကို ဖြတ်ပြီး၊ သူတို့ စုဝေး နေရာ အရပ် ဆီသို့၊ ဆင်းသက် လာသည်။
ထိုအလင်းတန်း ဖြတ်သန်း လာရာ လမ်းတစ်လျှောက်၊ အရာ အားလုံး အေးခဲ သွား၏။
“ စီနီယာ အစ်ကို ... ။ ”
“ အစ်ကိုကြီး ပြန်လာပြီ ... ။ ”
ဤဓား အလင်းကို မြင်ချိန်၌၊ တပည့်များ အားလုံး၊ စိတ်လှုပ်ရှား လာကုန်သည်။ မြေပြင် ပေါ်တွင် ဒူးထောက် နေသော မူဟန် ပင်လျှင်၊ လေးနက်သော အမူ အရာကို ထုတ်ဖော် လာ၏။
လူလတ်ပိုင်း အရွယ် အမျိုးသားက၊ အပြုံးမပျက် ဆီးကြို လိုက်သည်။ နှင်းစံအိမ်၌ ‘စီနီယာ အစ်ကို’ ဟု ခေါ်ထိုက်သည့် လူမှာ၊ တစ်ဦး တည်းသာ ရှိသည်။
( နန်းဂွန်း ဝမ်းယူ။ )
သွေးစွန်းသော ဧည့်ခံပွဲ နီးကပ် လာသည် နှင့်အမျှ၊ တိမ်နဂါး အဆင့်ရှိ၊ နာမည်ကြီး ပုဂ္ဂိုလ် များအားလုံး၊ ၎င်းတို့၏ ဂိုဏ်းထံသို့၊ ပြန်လည် ရောက်ရှိလာ ကြသည်။
ယင်းတို့ အနက်၊ နန်းဂွန်း ဝမ်းယူ သည်လည်း၊ အပါ အဝင် ဖြစ်၏။ သူ ပြန်လည် ရောက်ရှိလာ ခြင်းဖြင့်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီးအား၊ ‘ဂယက်ရိုက်’ လာပေ တော့မည်။
***