← Chapters

ပါရမီရှင်များ။

Vol. 55 Ch. 767

ပါရမီရှင်များ။

Vol. 55 Ch. 767

ဤတစ်ကြိမ် သွေးစွန်းသော ဧည့်ခံ ပွဲသည်၊ ခေတ်သစ် ရောက်ရှိ လာခြင်းနှင့် ကြုံကြိုက် နေ သဖြင့်၊ လေထုကို ပွက်ပွက်ဆူ လာစေ၏။

ခေတ်သစ် ရောက်လာ ချိန်တိုင်း၌၊ ကောင်းကင်လမ်း ပွင့်လာ မည်ကို အုပ်စိုးရှင် ကိုးပါးမှ၊ သိရှိ ထားလေသည်။

ထိုကြောင့် နှစ်တစ်ထောင် အတွင်း၊ အပြင်းထန် ဆုံးသော ပြိုင်ပွဲကြီး ဖြစ်လာ နိုင်သဖြင့်၊ လွဲချော် ခဲ့ပါက တစ်သက်လုံး နောင်တရ နေမည် ဖြစ်၏။

နောက်ဆုံးတွင် သွေးစွန်းသော ဧည့်ခံပွဲ ဟူသည်၊ နဂါး ကံကြမ္မာ အတွက် ပြိုင်ဆိုင်မှု တစ်ခုသာ မဟုတ် တော့ဘဲ၊ ကမ္ဘာ သစ်ကြီးသို့၊ ဝင်ခွင့် လက်မှတ် တစ်ဆောင်လည်း ဖြစ်လာ သည်။

တိမ်ယံ သုံးဆင့် ဂိုဏ်းကို၊ တိမ် စီရင်စု မြို့တော်၌ တည်ထား၏။ တိမ်တိုက် များဖြင့် ဝန်းရံထား သောကြောင့်၊ ၎င်း အမည် ‘တွင်’ ခဲ့ခြင်း ဖြစ်သည်။

ဤနေ့တွင် ဂိုဏ်းချုပ် ကြီးမှ ဦးဆောင်ကာ၊ အမာခံ တပည့် အားလုံးက၊ လေးနက်သော အမူ အရာ များဖြင့်၊ ဆုတောင်း နေကြသည်။

သွေးစွန်းသော ဧည့်ခံ ပွဲတွင်၊ ဘိုးဘေးများ ထံမှ ကောင်းချီး မင်္ဂလာ ရရှိရန်၊ အခမ်း အနား တစ်ခု ပြုလုပ် နေခြင်း ဖြစ်၏။

ဘိုင်လိရွှမ်မှာ အမာခံ တပည့်များ ကြားတွင် ရပ်နေပြီး၊ သူ့ထံမှ ထက်ရှသော ဓားရောင်ဝါများ ဖြာထွက် နေသည်။

အသက် အရွယ် အရ အငယ်ဆုံး ဖြစ်သော်လည်း၊ သူ့ အရှိန် အဝါက အခြားသော အမာခံ တပည့် များကို အဝေးသို့၊ တွန်းထုတ် ပစ်သည်။

သူတော်စင် ခန္ဓာ ကိုယ်ကြောင့်၊ အမှောင် ထဲတွင် လင်းလက် နေသော မီးအိမ် တစ်လုံးလို ထင်ပေါ် နေချေ၏။

ကျန် သူများက၊ မဟာချင် အင်ပါယာ ဟူသည့် အရပ် ဒေသမှ ဆင်းသက် လာသည်ကို၊ မယုံကြည် နိုင်သေး ချေ။

သားရဲ ဒီရေတွင် ဘိုင်လိရွှမ် တစ်ယောက် တောက်ပ ခဲ့ပြီး၊ ဘုရင် အဆင့် သားရဲ အမြုတေ အား၊ ရယူ နိုင်ခဲ့သည်။

“ အဖြူရောင် ... ၊ ဒီကို လာပြီး အမွှေး တိုင်တွေ ပူဇော်ပါ။ ”

ဂိုဏ်းချုပ်က လှည့်ကြည့်ကာ၊ နူးညံ့သော အပြုံးဖြင့်၊ ဘိုင်လိရွှမ်ကို လှမ်းခေါ် လိုက်၏။ ဤလူငယ် ပေါ်၌ မြင့်မားသော မျှော်လင့်ချက် ရှိချေသည်။

အမာခံ တပည့် များ၏ မနာ လိုသော အကြည့်များ အောက်တွင်၊ ဘိုင်လိရွှမ်က အမွှေးတိုင် သုံးတိုင်ကို လက်ခံ ပူဇော် လိုက်သည်။

ခေါင်းကို မော့ကြည့် လိုက်ချိန်၌ ထူးဆန်းသော ဖြစ်ရပ် တစ်ခု ထွက်ပေါ် လာသည်။

အောက်မေ့ဖွယ် ကဗ္မည်း ပြားများ အသက်ဝင် လျက်၊ သူ့ထံ စုရုံး ဝင်ရောက် လာသကဲ့သို့၊ ခံစား လိုက်ရ၏။

“ အဖြူရောင်၊ ခေတ်သစ် ရောက်လာပြီ၊ ကောင်းကင် လမ်းပွင့်မှာ မလို့၊ မင်းက ဂိုဏ်း အတွက်တင် မကဖူး၊ မင်း အတွက်ပါ တိုက်ပွဲဝင် ရလိမ့်မယ်။ ”

ဘိုင်လိရွှမ်ကို ကြည့်ပြီး ဂိုဏ်းချုပ်က တင်းမာသော လေသံဖြင့်၊ သတိပေး လိုက်သည်။

“ အဲဒါ ဘာကို ဆိုလို တာလဲ၊ ခင်ဗျ။ ”

ဘိုင်လိရွှမ် တစ်ယောက် စိတ်ဝင်စား သွားသည်။ ယခင်က ထိုဝေါဟာရကို ကြားခဲ့ဖူး သော်လည်း၊ အပြည့်အဝ နားမလည် ခဲ့ချေ။

“ ဒါက မြတ်မြတ်တဲ့ ကမ္ဘာကြီး ဆီကို သွားရမဲ့ လမ်းပဲ၊ အရင် ကတော့ ကောင်းကင်ကို အံတု နိုင်တဲ့၊ ပါရမီရှင် တွေသာ ပယင်း ကမ္ဘာကို စွန့်ခွာဖို့ အခွင့် အလမ်း ရှိတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ် မှာတော့ လူတိုင်းကို ဒီအခွင့် အရေး ပေးလိမ့်မယ်။ ”

ပယင်း ကမ္ဘာကြီး၏ အပြင် ဘက်တွင် မြတ်မြတ်သော ကမ္ဘာ တစ်ခု ရှိသည်လော။ ၎င်းကို စိတ်ကူး မယဉ်ခဲ့ ဖူး သောကြောင့်၊ ထိတ်လန့် သွားသည်။ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး ကပင်၊ သူ့အတွက် လုံလောက် နေပေပြီ။

“ ဆရာ ... ၊ တပည့် ပြန်လာပြီ။ ”

ဘိုင်လိရွှမ် အာရုံ ပျံ့လွင့် နေချိန်တွင် လှပသော အသွင်ဖြင့်၊ အမျိုးသမီး တစ်ဦး ကောင်းကင်မှ ဆင်းသက် လာသည်။

သူမ ထံမှ ထိတ်လန့်ဖွယ် ကောင်းသော ဖိအားကို ပေးစွမ်း နေချေသည်။ တစ်ချိန်တည်း မှာပင် နူးညံ့ သိမ်မွေ့သော အပြုံးကို ထုတ်ဖော်လျက် လျှောက်လှမ်း လာ၏။

“ ရှောင်း စီ ယီ ... ။ ”

ဝူရှောင်ရှင်းအား ဆယ်ကြိမ် အတွင်း၊ အနိုင်ယူ နိုင်ခဲ့သော အထက် တန်းစား ခုနစ်ပါး ထဲမှ တစ်ပါး ဖြစ်သည်။

လေးနှစ်ကြာ ပြီးနောက် သူမ၏ ရောင်ဝါမှာ၊ ပို၍ပင် နားမလည် နိုင်လောက်အောင် သိပ်သည်း နေချေ၏။

သူ့ ဓားရည်ရွယ်ချက် ကိုပင် တုန်လှုပ် စေသောကြောင့်၊ ဘိုင်လိရွှမ် တစ်ယောက် အံ့အားသင့် ခဲ့ရသည်။

ထို့နောက် လူတိုင်း မှင်တက် နေရာမှ၊

“ မင်္ဂလာပါ အစ်မကြီး ... ။ ” -ဟု နှုတ်ဆက်လိုက် ကြ၏။

“ စီယီ ... ၊ အချိန်မီ ပြန်လာ တာပဲ၊ ဒီမှာ အဖြူရောင်လို့ လူသိ များတဲ့၊ ဘိုင်လိရွှမ် လည်း ရှိတယ်၊ သူက ပါရမီရှင် တစ်ယောက်ပါ၊ သူ့ကို ဂရုစိုက် ပေး၊ မင်းနဲ့ သူက ငါတို့ တိမ်ယံ သုံးဆင့် ဂိုဏ်းရဲ့ မျှော်လင့်ချက်ပဲ။ ”

ဂိုဏ်းချုပ်က ပြုံးကာ မိတ်ဆက် ပေးလိုက်သည်။

“ ကောင်းပြီ ... ၊ အတိတ် မှာတော့ ငါက အထက် တန်းစားတွေ ထဲက တစ်ယောက်ပဲ၊ ဒါပေမယ့် ဒီတစ်ကြိမ် ထူးဆန်းတာ အချို့ ရှိနေတယ်၊ ဒါကြောင့် ထိပ်တန်း ဆယ်ယောက် ထဲဝင်ဖို့၊ ငါတောင် ယုံကြည်မှု မရှိ ဘူး။ ”

သူမ စကား များက၊ တိမ်ယံ သုံးဆင့် ဂိုဏ်းချုပ်ကို မျက်မှောင်ကြုတ် စေခဲ့သည်။ ရှောင်ဇီယီ တစ်ယောက် ဘိုင်လိရွှမ်အား အမှန် တကယ် ဆိုလိုခြင်း ရှိ-မရှိ၊ သူ မသိချေ။

***

နတ်မိစ္ဆာ စီရင်စုတွင်၊ ဘုံဗိမာန် များဖြင့် ပြည့်နှက် နေသော၊ တောင်တန်းကြီး တစ်ခု ရှိသည်။

ထိုဘုံဗိမာန် များမှာ၊ ထိပ်တန်း အုပ်စိုးရှင် သုံးပါး အနက် တစ်ပါး ဖြစ်သော၊ ကောင်းကင် မိစ္ဆာ ခန်းမ၏၊ အခြေခံ အုတ်မြစ် ဖြစ်သည်။

ရွှေရောင် အလင်း များက အဆောက်အဦး များထံမှ၊ ဖြာထွက်ကာ တောင်တန်းကြီး အပေါ် အုပ်မိုး ထားသည်။

နန်းတော် တစ်ခု ထဲတွင်၊ စကြ၀ဠာ လက်ရာများ ကိုပင်၊ အရည်ပျော် စေနိုင်သော ရွှေရောင် ချော်ရည် များမှ၊ အငွေ့များ ထောင်းထောင်း ထွက်နေ သည်။

တစ်စုံ တစ်ယောက်က၊ ထိုချော်ရည်များ အတွင်း ခန္ဓာကိုယ် ဗလာကျင်းလျက် ငြိမ်သက်စွာ ထိုင်နေ၏။

ရုတ်တရက် အဘိုးအို တစ်ယောက် ဝင်ရောက် လာပြီး၊ မီးလောင် နေသော ချော်ရည် များကို ငြိမ်းသက် လိုက်သည်။

တောင်းခိုးများ အဖြစ် ဝေနေသော အနီရောင် အခိုးအငွေ့ များမှာ၊ တဖြည်းဖြည်း ပါးလျ ပေျာက်ကွယ် လာ၏။

မီးငြိမ်း သွားသော ချော်ရည်များ ထဲမှ ရွှေရောင် ချပ်ဝတ် တစ်ထည်ဖြင့်၊ လူငယ် တစ်ယောက် လှမ်းထွက် လာသည်။

“ ရန်လောင်ဇီ၊ မင်းက နဂါး မိသားစုရဲ့၊ အဆက် အနွယ် တစ်ယောက်ပဲ၊ ဒါပေမယ့် ... လွန်ခဲ့တဲ့ လေးနှစ်က ကျရှုံးတယ်၊ ဒီတစ်ကြိမ် မင်းကို ထပ်ပြီး၊ ကျရှုံးခွင့် မပေး တော့ဘူး။ ”

အဘိုးအိုက အေးစက်စွာ ဆိုသည်။ ရန်လောင်ဇီမှာ ဒုတိယမြောက် ဘုရင် ဖြစ် သော်လည်း၊ အဘိုးအို အမြင်၌ ရှုံးနိမ့်သူ တစ်ဦးသာ ဖြစ်လေသည်။

“ မစိုးရိမ် ပါနဲ့ ... ၊ တပည့် ထပ်ပြီး မရှုံးတော့ ပါဘူး။ ”

ရန်လောင်းဇီက လေးနက်သော အမူအရာဖြင့် တုန့်ပြန် လိုက်သည်။

“ ကောင်းပြီ ... ၊ ငါ လိုချင်တာ ချန်ပီယံ နေရာပဲ၊ မလုပ် နိုင်ရင် မင်းက အမှိုက် တစ်စနဲ့ မခြားဘူး။ ”

အဘိုးအိုက ဂရုမစိုက်ဘဲ ထပ်မံ သတိပေး လိုက်သည်။

“ မင်းက ကောင်းကင် လမ်းကို ဝင်ပြီး၊ တခြား နယ်မြေက ပါရမီရှင် တွေနဲ့ ယှဉ်ပြိုင်ပါ။ ”

ရန်လောင်ဇီက ခေါင်းညိတ် လိုက်ကာ၊

“ ဆရာ ... ၊ ဂျူနီယာ ညီမလေး ဝေဝေလည်း၊ တက်ရောက်မယ် မဟုတ်လား။ ”

-ဟု မေးမြန်း လိုက်သည်။

သူ့ မေးခွန်းကြောင့် အဘိုးအို၏ မျက်လုံးများတွင် အေးစက်သော အလင်း ရောင်များ လင်းလက် လာပြီး၊

“ သူနဲ့ ဝေးဝေး နေဖို့၊ မင်းကိုငါ သတိ ပေးထား တယ်နော်၊ သူက မင်း ... ရင်းနှီးခွင့် ရှိတဲ့ လူ မဟုတ်ဘူး။ ”

“ ... နား လည် ပါ ပြီ။ ”

ရန်လောင်ဇီက ခေါင်းညိတ် လိုက်သည်။ သို့သော် အဖိုးအို ပေျာက်ကွယ် သွားသည်နှင့်၊ သူ့ နှုတ်ခမ်း၌ ကောက်ကျစ်သော အပြုံး တစ်ပွင့်၊ ထွက်ပေါ် လာ၏။

“ ငါ ... မရင်းနှီး သင့်တဲ့ လူ တစ်ယောက်လား၊ အဲဒါက ငါ့ကို ပိုပြီး စိတ်ဝင်စား စေတဲ့ အရာ ပါပဲ ... ။ ”

***

“ ဝူကျိ ... ၊ မင်းရဲ့ မိုးကြိုး တိမ်လွှာ နည်းစနစ်က အဆင့် (၁၃)ကို ရောက်နေပြီ မဟုတ်လား၊ နှစ် (၁၀၀၀) အတွင်း ... ”

“ ... ဒါကို ဘယ်သူမှ ပြီးမြောက်အောင် မလုပ် နိုင်ခဲ့ ကြဘူး၊ မင်းက ပယင်း ကမ္ဘာ ကနေ ထွက်သွားဖို့ ရည်မှန်း ထားပုံ ရတယ်။ ”

လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက၊ သူ့ရှေ့မှ လူငယ်ကို ကျေနပ်စွာ စိုက်ကြည့်လျက် ဆိုလေသည်။

ထိုလူငယ်မှာ ခရမ်းရောင် မိုးကြိုး ဂိုဏ်းမှ ကျန်းဝူကျိ ဖြစ်ပြီး၊ တတိယမြောက် ဘုရင် တစ်ပါး ဖြစ်၏။

လူလတ်ပိုင်း အရွယ် အမျိုးသားမှာ၊ ကျန်ဝူကျိ ခန္ဓာကိုယ် အတွင်း ကြောက်မက်ဖွယ် စွမ်းအား နှစ်ခုကို ခံစား နိုင်သည်။

ထို့အတွက်ကြောင့် သူ့ တပည့်၏ ရင်တွင်း ဆန္ဒများ အပေါ်၊ ခန့်မှန်း လိုက်ခြင်း ဖြစ်သည်။ ကျန်းဝူကျိက၊

“ မသွားခင် ... လုပ်သင့် တာကို လုပ်ပေး ခဲ့မှာပါ၊ ဒီနှစ် ချန်ပီယံ ဆုက တပည့် အတွက် ပါပဲ ... ။ ”

“ ချန် ပီ ယံ ... ။ ”

လူလတ်ပိုင်း အရွယ် အမျိုးသားက၊ ကျန်းဝူကျိအား ပထမ နေရာကို မျှော်လင့် ခြင်းဖြင့်၊ ဝန်ထုပ် ဝန်ပိုး မဖြစ်စေ လိုချေ။

သို့သော် ကျန်းဝူကျိ၏ အလွန် ယုံကြည်မှု ရှိနေသော အသွင်ကြောင့်၊ သက်ပြင်းချ လိုက် သည်။

“ တိမ်မိုးကြိုး နည်းစနစ်ကို၊ အပြည့် အဝ နားလည် နိုင်ရင်၊ ဒါက ဖြစ်နိုင် ပါတယ်။ ”

သက်လတ်ပိုင်း အရွယ် အမျိုးသားက၊ မတင် မကျ ဆိုလိုက်၏။

“ ဒါဆို တိမ်မိုးကြိုး နည်းစနစ်ကို အောင်မြင် သွားခဲ့ရင် ဘာဖြစ် မလဲ။ ”

လျှို့ဝှက် လွန်းသော အပြုံး တစ်ပွင့် နှင့်အတူ၊ ကျန်းဝူကျိက တုန့်ပြန် လိုက်သည်။ သူ့ ထံမှ ပျံ့လွင့် လာသော အရှိန် အဝါမှာ၊ ဂိုဏ်းတစ်ခု လုံးကို ဖုံးလွှမ်း သွားတော့၏။

***

တိမ်နဂါး အဆင့်၏ ပထမ နေရာကို အလင်းအမှောင် လမင်း ကမ္ဘာ မှပင်၊ နှစ်ပေါင်း များစွာ သိမ်းပိုက် ထားနိုင် ခဲ့သည်။

၎င်းတို့၏ မူလမှာ၊ အလွန် လျှို့ဝှက် ဆန်းကြယ် လှသဖြင့်၊ အခြားသော အုပ်စိုးရှင် များကို၊ သတိထား မိစေ ခဲ့သည်။

အုပ်စိုးရှင် အင်အား စုတိုင်း ဓားဂိုဏ်းနှင့် အနည်းငယ် ပတ်သက်မှု ရှိသော်လည်း၊ အလင်း အမှောင် ကမ္ဘာက၊ ဆက်သွယ်မှု မရှိပေ။

သူတို့ ထွက်ပေါ်စဉ် ကပင်၊ မိုးကြိုး စီရင်စုကို ချက်ချင်း သိမ်းပိုက် ပြီးနောက်၊ တည်ငြိမ်အောင် ထိန်းချုပ် ထားနိုင် ခဲ့သည်။

ယင်းကြောင့် အခြားသော စီရင်စု များရှိ၊ အုပ်စိုးရှင် များမှ၊ ၎င်းတို့အား လျှော့ မတွက်ရဲ တော့ချေ။

အလင်း အမှောင် လမင်း ကမ္ဘာ၏၊ တောင်ထွတ် တစ်နေရာ၌၊ တိမ်တိုက် များကို ထိုးဖောက် နေသော၊ နန်းတော်ကြီး တစ်ခု ရှိသည်။

ထိုနန်းတော်၏ ခေါင်မိုး ပေါ်တွင်၊ လမင်းကို ငေးကြည့် နေသော လူရွယ် တစ်ဦးနှင့်၊ မိန်းမပျို တစ်ဦး ရပ်နေသည်။

သူတို့ နှစ်ဦး ရှေ့၌ ထူးခြားသော အသွင်ဖြင့်၊ အမျိုးသား တစ်ဦး ရှိ၏။ ၎င်းမှာ ချင်ရို့ယူ၏ ဖခင် ချင်စီယောင်း ဖြစ်ပြီး၊ အင်ပါရီယန် တစ်ပါး ဖြစ်လေသည်။

မိန်းမပျိုက သူမ ဘေးရှိ လူရွယ်သည်၊ ချင်စီယောင်း၏ တစ်ဦးတည်းသော တပည့် ယုဟိုရှင်း ဖြစ်၏။

ရုပ်ရည် အရ၊ ‘ရွက်ကြမ်း ရေကျို’ မျှသာ ဖြစ်သော်လည်း၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ကြောက်စရာ အကောင်းဆုံး လူငယ် တစ်ယောက် ဖြစ်လေသည်။

သတိ မထား ပါက သူ၏ တည်ရှိမှုကို၊ လူတိုင်း လျစ်လျူရှု မိမည် ဖြစ်၏။ သို့သော် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံးအား၊ သူ့လက်၌ ဆုပ်ကိုင် ထားသည်။

တစ်ချိန်က သွေးစွန်းသော ဧည့်ခံပွဲကို တက်ရောက် ခဲ့သည့် ပြိုင်ဘက်တိုင်း၊ ဆယ်ကြိမ် ထက် ပို၍၊ သူ့အား ရင်မဆိုင် နိုင်ခဲ့ချေ။

“ ရို့ယူ ... ၊ ဒီတစ်ကြိမ် ထိပ်တန်း ဆယ်ယောက် ထဲကို ဝင်နိုင်မယ် မဟုတ်လား။ ”

ချင်စီယောင်းက လှည့် မကြည့်ဘဲ၊ မေးလိုက်သည်။

“ လွန်ခဲ့တဲ့ လေးနှစ် တုန်းက၊ ထိပ်ဆုံး ဆယ်ဦး စာရင်းကို ... ၊ စိတ် မဝင်စား ခဲ့လို့ပါ၊ ဒီတစ်ခါတော့ မတူ တော့ဘူး။ ”

“ ကောင်းတယ် ... ၊ ဟိုရှင်း မင်းရော ... ။ ”

“ ဆရာ၊ ဒီတပည့်ရဲ့ အမြင်က တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီးမှာ၊ မရှိတော့ ပါဘူး။ ”

ယုဟိုရှင်းက သူ့ ဆရာအား တည်ငြိမ်စွာ အဖြေပေး လိုက်တော့သည်။

***

All Chapters