← Chapters

နိမ့်ကျ ခြင်းနှင့်၊ ထင်ပေါ် ခြင်း။

Vol. 55 Ch. 768

နိမ့်ကျ ခြင်းနှင့်၊ ထင်ပေါ် ခြင်း။

Vol. 55 Ch. 768

အမျိုး မျိုးသော အင်အားစု များမှာ၊ တိမ်နဂါး မြို့တော်သို့၊ ဦးတည် ထွက်ခွာ ကုန်ကြသည်။

ဓားနန်းတော် တစ်နေရာ၌ လင်းယွန် မျက်ဝန်းများ ပွင့်လာကာ၊ လက် နှစ်ဖက်ကို ဆန့်လျက် ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။

“ သွား ဖို့ အချိန် ကျပြီ။ ”

လေထဲ၌ လှေကား ထစ်များ ရှိနေ သကဲ့သို့၊ ခြေလှမ်း (၆) လှမ်း နင်းတက် လိုက်သည်။ ခြေလှမ်း တိုင်းတွင် ရွှေရောင် လှိုင်းများ ကျန်ရစ် ခဲ့၏။

ဆဌမ ခြေလှမ်း လှမ်းယူ လိုက် သည်နှင့်၊ သူ့ပတ်ဝန်း ကျင်၌ နဂါး တစ်ကောင် ထွက်ပေါ် လာသည်။

တိမ်ပေါ် တက်လှမ်းခြင်း၊ နည်းစနစ်ကို မပြီးမြောက် သေးသော်လည်း၊ နဂါးအား ဖန်တီး နိုင်နေပြီ ဖြစ်သည်။

အထွတ် အထိပ်သို့ ရောက်ရှိရန် မဝေး တော့ချေ။ ဂိုဏ်း ထံသို့ အပြေး အလွှား ပျံသန်း ဆင်းသက် လိုက်ချိန်တွင်၊ မဟာချင် အင်ပါယာ ၏ အခြားသော ပုဂ္ဂိုလ်များ ရောက်ရှိ နေနှင့် လေပြီ။

လရောင် ရေစင်၊ စီရွယ်ယီ၊ ဖန်းယီနှင့်၊ ယွီချင်း တို့လည်း ရောက်ရှိ နေ၏။ ကျန်သော ပါရမီရှင် (၃) ပါးအနက်၊ ချင်ယု တစ်ယောက် သေဆုံး သွားပြီး၊ စစ်မှန်သော တိမ်တိုက် လေးမှာ၊ ချိနဲ့ သွားပြီ ဖြစ်သည်။

ဘိုင်လိရွှမ် အတွက်မူ တိမ်ယံ သုံးဆင့်သို့ ဝင်ရောက် ခဲ့သဖြင့်၊ ပြန်မလာ နိုင်တော့ချေ။ လင်းယွန် အပါ အဝင် (၆)ဦးသာ သွေးစွန်းသော ဧည့်ခံ ပွဲသို့၊ တက်နိုင် တော့သည်။

တိမ်နဂါး မြို့တော်တွင်၊ စမ်းသပ်မှု တစ်ခု ရှိနေသေး သောကြောင့်၊ လူတိုင်း အရည်အချင်း ပြည့်မီရန် သေချာမည် မဟုတ်ကြောင်း၊ ကာကွယ်သူ မက်မွန်က၊ သတိပေး ထားသည်။

“ မတွေ့တာ ကြာပြီနော် ... ။ ”

လရောင် ရေစင်နှင့် ကျန်သူ များမှာ ထိတ်လန့် နေကြဆဲ ဖြစ်သည်။ လင်းယွန်သည် မဟာချင် အင်ပါယာသို့ ပြန်ရောက် သည်နှင့်၊ ဝမ်ရန်းဘိုကို လက်သီး တစ်ချက် တည်းဖြင့် ထိုးသတ် ခဲ့သော သတင်းအား၊ ကြားသိ ထားသည်။

ဤသည်မှာ လုံးဝ ခြားနားသော အဆင့် ဖြစ်လေသည်။ သူတို့ အနေဖြင့် တိမ်နဂါးအဆင့် ဝင်ရန်ပင်၊ မဖြစ်နိုင် သေးချေ။

များ မကြာခင် ကာကွယ်သူ မက်မွန်နှင့်၊ သက်ဆိုင်ရာ ဂိုဏ်း ပေါင်းစုံ၏ အကြီး အကဲများ ရောက်ရှိ လာ၏။

“ အလင်းသတ် ဓား … ။ ”

ကာကွယ်သူ မက်မွန် လက်ထဲရှိ ဓားကို မြင်လိုက် သည်နှင့်၊ လင်းယွန် တစ်ယောက် အံ့ဩ သွားသည်။

ဤသည်မှာ ဘိုးဘေး ဂျင်ဝူမင် ချန်ခဲ့သော ဓား ဖြစ်၏။ အထွတ် အထိပ် စကြာဝဠာ လက်ရာ တစ်ခု ဖြစ်ကြောင်း၊ လင်းယွင် သာလျှင် သိသည်။

ယန်နန်းတော်၏ ချင်းယန်နှင့် အဖိုးအိုကို ရင်ဆိုင် ရချိန် မှာပင်၊ ထိုဓားကို ကာကွယ်သူ မက်မွန်က မသုံး ခဲ့ချေ။

“ ဒါက ... ခရီး အဝေး ကြီးမို့၊ မတော် တဆ မှုတွေ မဖြစ်အောင် ကာကွယ်ဖို့ လိုတယ်၊ သွား ရ အောင် ... ။ ”

ကာကွယ်သူ မက်မွန်မှ ဦးဆောင်ကာ၊ ဓားငှက်များ ပေါ်တက်ပြီး လေထဲ ပျံသန်းလိုက် ကြသည်။

ဖန်းယီက ပတ်ဝန်းကျင်ကို ဝေ့ကြည့် လိုက်ရာ၊ ဓားငှက်များ ပေါ်၌ လင်းယွန်အား မမြင် သဖြင့်၊ မျက်မှောင်ကြုတ် သွားမိ၏။

သို့သော် နဂါး လင်းတနှင့် အတူ မြင့်မားသော တိမ်တိုက်များ အတွင်းမှ လိုက်ပါ လာကြောင်း၊ သတိပြုမိ ချိန်မှသာ ရှင်းလင်း သွားခဲ့သည်။

နဂါး လင်းတ နှင့်အတူ ခရီးထွက် လာခြင်းဖြင့်၊ မလိုလား အပ်သော ပြဿနာ များကို၊ ဖြေရှင်းပြီး ဖြစ်ချေမည်။

လမ်း တစ်လျှောက်တွင် တိမ်နဂါး မြို့တော်သို့၊ ဦးတည် နေသော လူ များစွာကို တွေ့မြင် လာရ၏။

ကောင်းကင် တောင်ကုန်း မြို့သို့ အဖြတ်တွင်၊ နဂါးလေးအား မိုးရေ အင်ပါရီယန် ထံမှ ဝင်ယူ ခဲ့သည်။

တစ်ဖက် လူမှ ပြောင်းလဲ လာသော ဆက်ဆံရေး အပေါ် စိတ်မဝင်စား နိုင်ဘဲ၊ တိုးတက်ခြင်း မရှိသည့် နဂါးလေး ကိုသာ၊ စိုးရိမ် နေမိသည်။

လဝက် အကြာ၌ စီရင်စု များစွာကို ဖြတ်ကျော်ပြီး၊ ရှေးဟောင်း နယ်မြေ တစ်ခုသို့ ရောက်ရှိ လာ၏။

ထိုနယ်မြေ၌ တိတ်ဆိတ်မှုများ ကြီးစိုး လွန်းပြီး၊ လွှမ်းမိုး နိုင်လွန်းသော ရောင်ဝါများ လေထုထဲ ပျံ့နှံ့နေ ချေပြီ။

ဤသည်မှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ဒဿမမြောက် စီရင်စု အဖြစ် သမုတ် ကြပြီး၊ မြို့တော်မှာ တိမ်နဂါး ဖြစ်သည်။

သို့သော် ၎င်းမြို့ကို ပုံမှန် အချိန် များ၌၊ ဆန်းကြယ်သည့် အစီရင် တစ်ခုဖြင့်၊ ဖုံးကွယ် ထားသောကြောင့်၊ မည်သူမျှ ရှာဖွေ နိုင်ခြင်း မရှိ ကြချေ။

သွေးစွန်းသော ဧည့်ခံပွဲ စတင် ချိန်မှသာ ထွက်ပေါ် လာတက်သည်။ နယ်နိမိတ် အတွင်း ရောက်ရှိ သည်နှင့်၊ ဝေဟင် သားရဲများ ဆက်လက် မပျံသန်း နိုင်တော့ဘဲ၊ ခြေလျင် ဖြင့်သာ ခရီးဆက် နိုင်ပေသည်။

လင်းယွန်က နဂါး လင်းတအား နှုတ်ဆက် ပြီးနောက်၊ တစ်စုံ တစ်ရာကို ရုတ်တရက် သတိ ရလာကာ၊ ‘ခရမ်းလေး’ ဟု အော်ခေါ် လိုက်သည်။

ထို့နောက် ကြက်သွေးရောင် ပိုးအိမ်အား ထုတ်ပြကာ၊ လက်ရှိ အခြေ အနေကို မေးမြန်း လိုက်သည်။

နဂါး လင်းတ၏ ရှည်လျားသော သက်တမ်းနှင့် မှတ်ညာဏ် အရ၊ အခြား သူများ မသိ နိုင်သည့်၊ အရာ များစွာကို သိရှိနိုင် ပေမည်။

“ ဒါကို ... နဂါး ပိုးအိမ်လို့ ခေါ်တယ်၊ နိုးထဖို့ အချိန် တစ်ခု လိုသေးတယ်၊ ဒါပေမယ့် ဒီကောင်လေးက တစ်ခု ခုတော့ လွဲနေတယ်၊ ... ”

“ ... သဘာဝ အတိုင်း မဟုတ်ဘဲ၊ ဒီအခြေအနေကို ရောက်ဖို့ အတင်းအကြပ် ဖိအား ပေးခံ ခဲ့ရပုံ ရတယ်၊ ဒီလိုသာ ဆိုရင် သူ့ရဲ့ ဆင့်ကဲ ဖြစ်စဉ်က၊ ပြီးပြည့် စုံမှာ မဟုတ်ဘူး။ ”

နဂါး လင်းတက အစီစဉ် မကျသော စကား များဖြင့်၊ နဂါး လေး၏ လက်ရှိ အခြေ အနေကို ရှင်းပြ လာသည်။

“ နည်းလမ်း ရှိလား ... ။ ”

ထို့ကြောင့် စိုးရိမ် စွာဖြင့်၊ လင်းယွန်မှ မေးလိုက် ချိန်တွင်၊ နဂါး လင်းတမှာ ပြန်မဖြေ ခဲ့ဘဲ၊ အချိန် အတော်ကြာ တိတ်ဆိတ် သွားသည်။

နည်းလမ်း ရှိသည်မှာ မှန်သော်လည်း၊ ၎င်းသည် နဂါးသွေး အဆီ အနှစ်ဖြင့် အာဟာရ ဖြည့်ပေးခြင်း မည်၏။

သို့သော် မိုးပြာ နဂါး မူလ ပုံစံကြောင့်၊ သူ၏ သွေးအဆီ အနှစ် အနည်းငယ် ထုတ်ပေး ရသော် ပြဿနာ မရှိ နိုင်ချေ။ အဆင်ပြေ နိုင်မည်။

“ ငါ့ ကိုပေး ... ၊ သွေးစွန်းသော ဧည့်ခံပွဲ ပြီးသွားရင် ငါ့ကို လာရှာပါ။ ”

“ ကောင်း ပြီ ။ ”

လင်းယွန်က ဝမ်းသာ အားရဖြင့်၊ နဂါး ပိုးအိမ်ကို လက်လွှဲပေး လိုက်၏။ နဂါး လင်းတ နှင့် ဆိုပါက စိတ်ချ ရပြီ ဖြစ်သည်။ သူ့ ရင်ထဲရှိ နှောင်ကြိုး ထုံးများ ‘ပြေ’ သွား၏။

တိမ်နဂါး စီရင်စုသည် အခြားသော ခရိုင် များထက် ကြီးမား ကျယ်ပြန့် ချေပြီ။ စီရင်စုရှိ တောင်တန်း များမှာ၊ မြေပြင်တွင် လှဲနေသော နဂါး တစ်ကောင်နှင့် တူ၏။

တောင်တန်းများ အလယ်၌ ကြီးမား ကျယ်ပြန့်သော၊ လွင်ပြင်ကြီး တစ်ခု ရှိသည်။ တိမ်နဂါး မြို့ကို ထိုလွင်ပြင် အလယ်၌ တည် ထား၏။

တောင်တန်းများ ပေါ်တွင်၊ အင်အားစု အသီးသီး စုဝေး လာကြ သော်လည်း၊ လွင်ပြင် ထံသို့၊ မည်သူမျှ ခြေတစ်လှမ်း မချ ခြင်းကို ကြည့်ခြင်းဖြင့်၊ တားမြစ်ချက် တစ်ခု ရှိနေကြောင်း၊ သိသာ လေသည်။

ထို့ကြောင့် တောင်တန်းများ ပေါ်တွင်၊ တစ်ထောက်နားရန်၊ ပြင်ဆင် လိုက်ကြတော့ သည်။

ထို့ကြောင့် မဟာချင် အင်ပါယာမှ လူအုပ် သည်လည်း စခန်း ချရန် အတွက်၊ လူနည်းသော တောင်ကြီး တစ်လုံးထံ ဦးတည် လိုက်သည်။

“ လူ ... အရမ်း များတယ်။ ”

ဖန်းယီက စခန်း ပတ်ဝန်းကျင်ရှိ လူအုပ်ထံ ကြည့်ပြီး၊ ထိတ်လန့် သွားသည်။

“ ဒီ တစ်ကြိမ် သွေးစွန်းသော ပြိုင်ပွဲက ပြိုင်ဆိုင်မှု အရမ်းပြင်းထန် လိမ့်မယ်။ ”

ကာကွယ်သူ မက်မွန်က ခေါင်းညိတ်ကာ ဆိုသဖြင့်၊ စီရွယ်ယီ တစ်ယောက် အံ့အားသင့် သွားပြီး၊

“ ခရမ်းရောင် နန်းတော် နယ်မြေက ကျွမ်းကျင် သူတွေ ချည်းပဲ၊ တစ်သိန်း နီးပါး လောက် ရှိမယ်၊ ဒါက တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့၊ ကျွမ်းကျင်သူတွေ အကုန်လို့ ထင်မိတယ်။ ”

“ နောက်ဆုံး အနေနဲ့၊ သူတို့ မပါ ဝင်နိုင် ရင်တောင်၊ သွေးစွန်းသော ဧည့်ခံပွဲကို ကြည့်ဖို့ လက်လွတ်ခံ ကြမှာ မဟုတ်ဘူး။”

ဤသည်မှာ အမှန် ပေပင်။ လူတိုင်းက သည်မျှ ကြီးကျယ်သော ပွဲကြီးကို လက်မလွတ် လိုကြချေ။

“ အရင်ထက် အနည်းဆုံး ဆယ်ဆ ‘ပို’ များတယ်။ ”

ကာကွယ်သူ မက်မွန်က သက်ပြင်း ချပြီး၊

“ မင်းတို့ စမ်းသပ်မှု ဖြတ်ကျော် နိုင်ပြီး၊ သွေးစွန်းသော ဧည့်ခံပွဲကို တက်ရောက်နိုင် ရုံနဲ့၊ အများကြီး အကျိုး ရှိမှာ သေချာတယ်။ ”

“ ဒါက ... စမ်းသပ်မှုလေး တစ်ခုပဲ၊ အရမ်းကြီး မခက် နိုင်ဖူး မဟုတ်လား။ ”

ယွီချင်းက စိတ်မသက် မသာဖြင့်၊ ပြန်မေး လိုက်သည်။ ငါးယောက် ထဲတွင် သူ့ ခွန်အားမှာ၊ အနိမ့်ကျ ဆုံးဖြစ်ပြီး၊ အလယ် အလတ် ယန် အဆင့် ၌သာ ရှိချေ၏။ ထို့ကြောင့် ယုံကြည်မှု သိပ်မရှိ ခဲ့ခေျ။

ကာကွယ်သူ မက်မွန်နှင့် ကျန်သူများက၊ ပြန်လည် ဖြေကြားခြင်း မပြုကြ သော်လည်း၊ မည်မျှ လေးနက်လာ သည်ကို မြင်နိုင်သည်။

နေ့ရက်များ ကုန်ဆုံးလာ သည်နှင့်၊ ဂိုဏ်းများ ပို၍ ပို၍ များပြား လာကာ၊ အစွန် အဖျား ကျသော ဓားနန်းတော် ဝန်းကျင် ၌ပင်၊ လူစည်ကား လာလေသည်။

“ တိမ်နဂါး အဆင့်က ပါရမီရှင်တွေ ရောက်လာပြီ။ ”

တိမ်နဂါး ထိပ်ဆုံး သုံးဆယ် အတွင်း ဝင်ရောက်ထား နိုင်သော ပါရမီရှင်များ ရောက်ရှိ လာသဖြင့်၊ လူအုပ်ကြီးမှာ ရုတ်ရုတ် သည်းသည်း ဖြစ်လာ ကုန်၏။

“ အဲ့ဒါ ... တိမ်နဂါး အဆင့် (၃၀)က ကျန်းဖိန်ပဲ၊ သားရဲ ဒီရေ တက်ချိန်မှာ သူ့ရဲ့ စွမ်းဆောင်ရည် မကောင်း ခဲ့ဖူးလို့၊ ငါ ကြား မိတယ်။”

“ သူ့ ... နောက်က တိမ်နဂါး အဆင့် (၃၀) အတွင်းမှာ ရှိတဲ့၊ သစ်ပြာတောရဲ့ ရွှီယု။ ”

“ ဟိုမှာ ... ဝူရှောင်ရှင်းနဲ့ ဂျီဝူယီ ။ ”

“ ဒီကောင် တွေက၊ အရမ်း ရက်စက် ကြမ်းကြုတ်တဲ့ ကောင်တွေပဲ၊ ဝူရှောင်ရှင်း ခွန်အားက ထိပ်ဆုံး ဆယ်ဦး အဆင့်တောင် ဝင်လု နီးပါးပဲ၊ ... ”

“ ... သားရဲ ဒီရေမှာ၊ ဘုရင် အဆင့် သားရဲ အမြုတေ နှစ်လုံး၊ သူ ရိတ်သိမ်း နိုင်ခဲ့တာ ငါ မြင်တယ်။ ”

“ ..... ။ ”

ထို့နောက် သားရဲ ဒီရေ တက်ချိန်တွင်၊ တောက်ပ ခဲ့သော ပါရမီရှင် များ၏ စွမ်းဆောင် ရည်များ အပေါ်၊ အချင်းချင်း ဆွေးနွေး လာတော့သည်။

လေးနှစ် ဟူသော ကာလ အတွင်း၊ မျိုးဆက်သစ် ပါရမီရှင်များ၊ ထပ်မံ ပေါ်ထွန်းရန် လုံလောက် ပေသည်။

ကျင့်ကြံမှု လမ်းမှာ၊ သန်မာ သူများ ကိုသာ လေးစားကြ သဖြင့်၊ သူတို့ ရောက်ရှိ လာသည့် အခိုက်တွင်၊ ချက်ခြင်း ဆူညံ လာသည်။

ယွီချင်း၊ ဖန်းယီနှင့် ကျန်သူ များက ထိုပါရမီရှင် များ၏ အသွင် အပြင်ကို မြင်လိုက် ရသော အခါ၊ စိတ်လှုပ်ရှား သွားသည်။

နောက်ဆုံးတွင် ဤမျှ အာရုံ စိုက်မှုကို ရရှိခြင်း အပေါ် မနာလို ဖြစ်မိ ပေ၏။ သူတို့က လင်းယွန် ကိုပင် ချောင်းကြည့်ကာ၊ ထိုပါရမီရှင် များနှင့်၊ နှိုင်းယှဉ် လာမိသည်။

သို့သော် လင်းယွန်မှာ အနည်းငယ် အားနည်း နေသည်။ မဟာချင် အင်ပါယာတွင် ကျော်ကြားလှ သော်လည်း၊ သွေးစွန်းသော ဧည့်ခံပွဲ ၌မူ၊ သာမာန် မျှသာ ရှိချေသည်။

လူများ စွာက သူ့ကို မသိ ကြချေ။ ပထမ တန်းစား ပါရမီများ အချင်းချင်းသာ ခိုင်းနှိုင်းပြီး၊ သူတို့ စကား ဝိုင်းတွင် နစ်မြုပ် နေကြ၏။

ဤအခိုက် အတန့်တွင် ရုတ်တရက် ကြီးမား လှသော နတ်ဆိုး သားရဲများ ပျံသန်း လာသဖြင့် တောင်တန်းများ တုန်ခါ သွားသည်။

ထိုသားရဲများ အားလုံးမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိနေ ကြ၏။

“ တိမ်ယံ သုံးဆင့် ဂိုဏ်းပဲ၊ ဟိုမှာ ရှောင်းစီယီနဲ့ ဘိုင်လိရွှမ် ... ။ ”

“ ခရမ်းရောင် မိုးကြိုး ဂိုဏ်းပဲ၊ ကျန်းဝူကျိ တစ်ယောက် ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်နေပြီ ထင်တယ်။”

“ မြောက်ပိုင်း နှင်းအိမ်၊ ကောင်းကင် မိစ္ဆာ ခန်းမနဲ့၊ အလင်း အမှောင် လမင်း ကမ္ဘာလည်း ရောက်လာပြီ၊။”

အုပ်စိုးရှင် တပ်ဖွဲ့ များမှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်ရောက်၊ ဝေဟင် သားရဲများ စီးနင်းလျက် ရောက်ရှိ လာသဖြင့်၊ လူတိုင်း တုန်လှုပ် သွားလေသည်။

ဒဏ္ဍာရီ တစ်ပုဒ် ကဲ့သို့၊ ကျော်ကြား လှသည့် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါး တို့အား၊ မည်သူ မဆို မေ့နိုင် ကြမည် မဟုတ်ချေ။

ရှောင်းစီယီ၊ နန်းဂွန်း ဝမ်းယူ၊ ကျန်းဝူကျိနှင့် ရန်လောင်ဇီ တို့ လေးဦးမှာ တောင်ထိပ် တစ်နေ ရာတွင် ရပ်နားလျက်၊ တစ်ဦးကို တစ်ဦး ပြန်လည် အကဲခတ် နေကြသည်။

သူတို့၏ မျက်လုံး များမှ၊ လွင့်ပျံ လာသော မီးတောက် များကို လူတိုင်း ခံစား နိုင်၏။ ဘုရင် သုံးပါးနှင့် ပါရမီရှင် ခုနစ်ပါး တို့အား မည်သူ မဆို မကြည့်ဘဲ၊ မနေနိုင် ကြချေ။

သို့သော် တပြိုင်နက်တည်း ရောက်ရှိ လာခြင်းကြောင့်၊ လူအုပ် ကြီးက မည်သူ့ အပေါ်၊ အာရုံ စိုက်ရ မည်မှန်း၊ မသိ တော့ချေ။ မည်သူ နစ်မြုပ်ပြီး၊ မည်သူ တောက်ပ လာမည်ကို၊ သိချင်စိတ် ပြင်းပြ လာကုန်၏။

“ ယုဟိုရှင်းနဲ့ ... ၊ ချင်ရို့ယူ လာပြီ။ ”

လူတိုင်းက အလင်း အမှောင် လမင်း ကမ္ဘာထံ ကြည့်ကာ၊ တိတ်ဆိတ် သွားသည်။ တရားထိုင် နေသော လင်းယွန် သည်ပင်၊ မျက်လုံးများ ပွင့်လာ တော့၏။

***

All Chapters