← Chapters

နဂါး ခေါင်းသို့ ခုန်ခြင်း။

Vol. 55 Ch. 769

နဂါး ခေါင်းသို့ ခုန်ခြင်း။

Vol. 55 Ch. 769

ယုဟိုရှင်းမှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ အသန်မာဆုံး ပါရမီရှင် ဖြစ်ပြီး၊ အလင်း အမှောင် လမင်း ကမ္ဘာ၏ တပည့်ကြီး ဖြစ်သည်။

၎င်း အရည် အချင်းမှာ၊ လူငယ် တိုင်းထက် သာလွန် သောကြောင့်၊ နာမည်ကို မကြားဖူး သူ မရှိ ချေ။

လွန်ခဲ့သော ပြိုင်ပွဲ၌ သူ့ အသက်မှာ၊ (၁၇) မျှသာ ရှိပြီး၊ ပြိုင်ဘက်တိုင်း အပေါ်၊ (၁၀)ကြိမ် ထက် ပို၌ လှုပ်ရှား ခဲ့ခြင်း မရှိချေ။

ထို့ကြောင့် သူ့ ခွန်အား အစစ် အမှန်ကို၊ မည်သူမျှ မသိ ခဲ့ဘဲ၊ လေးနှစ်ကြာ ပြီးနောက် များစွာ အစွမ်းထက် လာမည် ဟုသာ၊ ကောက်ချက်ချ နိုင်သည်။

ရုပ်ရည် အရ၊ ထူးခြားသော အသွင် မရှိ သော်လည်း၊ အရှိန်အဝါ များက အခြားသော ဘုရင် နှစ်ပါးနှင့်၊ အထက် တန်းစား ခုနစ်ပါး တို့အပေါ် လွှမ်းမိုးထား နိုင်၏။

ကျန်းဝူကျိနှင့် ရန်လောင်ဇီတို့ နှစ်ဦးက၊ ယုဟိုရှင်းကို မြင်သည်နှင့် ပြုံးလိုက် ကြပြီး၊ ၎င်းတို့၏ အစွယ်များအား ပြန်လည် ရုတ်သိမ်း ထားကြသည်။

ယုဟိုရှင်း ဘေးရှိ ချင်ရို့ယူ သည်လည်း၊ ညို့အား ပြင်းပြင်းဖြင့် လူအုပ်ကြီး အာရုံကို စွဲဆောင် ထားပေသည်။

အဆုံးတွင် သူမ အဖေမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ အသန်မာ ဆုံးသော စာရင်းဝင်၊ အင်ပါရီယန် တစ်ပါး ဖြစ်လေသည်။

သူမတွင် အလှ တရား အပြင်၊ မယုံနိုင် လောက်အောင် သန်မာသော ခွန်အား ရှိသည်ကို လူတိုင်း သိကြ ပေ၏။

“ သူတို့က အစွမ်းထက် လွန်းတယ် … ။ ”

ယွီချင်းက သက်ပြင်း ချကာ ဆိုသည်။ ယုဟိုရှင်း မဆိုနှင့် ကျန်းဝူကျီနှင့် ကျန်သူများ သည်ပင်၊ များစွာ သန်မာကြောင်း သူ ပြောနိုင် ၏။

ရိုးရိုး သားသား ဝန်ခံ ရပါလျှင်၊ သူ့ ခွန်အားမှာ ၎င်းတို့နှင့် တူညီသော အဆင့် ၌ပင် မရှိချေ။ ကာကွယ်သူ မက်မွန်က၊

“ ဘုရင် သုံးပါးနဲ့ အထက် တန်းစား ခုနစ်ပါး တို့က၊ တကယ် သန်မာ တာပဲ။ ”

- ဟု ညည်းတွား လိုက်သည်။

လင်းယွန်ကို ၎င်းတို့နှင့်၊ ယှဉ် ကြည့်ရန် ဖျတ်ခနဲ လှည့်ကြည့် လိုက်မိ၏။ ထိပ်ဆုံး (၁၀) ဦးမှာ၊ သူ့ ထက်ပင် သန်မာ နေပေ၏။

ကောင်းကင် ဝိညာဉ် နယ်မြေ၊ တစ်ဦး အနေဖြင့်၊ ထိုလူငယ်များ အပေါ် မည်သည့် အကျိုး သက်ရောက်မှုမျှ မပေး နိုင်ချေ။

ဆန့်ကျင်ဘက် အရ၊ ကြောက်ရွံ့သော စိတ်များပင် ဝင်ရောက် လာသည်။ ယင်းက သူ့ကို ရင်ပူ စေ၏။

လင်းယွန် တစ်ယောက်၊ ထိုဓားကို အမှန်တကယ် ဆုပ်ကိုင်ထား နိုင်လျှင်ပင်၊ အနိုင် ယူရန် မသေချာ တော့ပေ။

နောက်ဆုံးတွင် ဤသည်မှာ ထောင်စု နှစ်များ အတွင်း၊ အခမ်းနား ဆုံးသော ပြိုင်ပွဲ တစ်ပွဲ ဖြစ်သည်။

ထို့ကြောင့် မည်သူမျှ ယုံကြည်ချက် မခိုင်မာ ကြချေ။ လင်းယွန်၏ အရည်အချင်း အရ၊ ထိပ်ဆုံး (၃၀) အတွင်းသာ ဝင်ရောက်ရန်၊ ပြောင်းလဲ မျှော်လင့် မိသည်။

တစ်ဖက်တွင် လင်းယွန်က၊ ယုဟိုရှင်းကို ဦးစွာ စစ်ဆေး မိ၏။ ထို့နောက် ကျန်ဝူကျိနှင့် ရန်လောင်ဇီ တို့ကို တစ်ချက် ကြည့်ကာ၊ ရန်လောင်ဇီထံ ရပ်တန့် လိုက်သည်။

ရန်လောင်ဇီကို အဝေးမှ သတိပြု မိပြီး၊ ကောင်းကင် ဝိညာဉ် နယ်မြေ နတ်ဆိုး သားရဲကို အနိုင်ယူ နိုင်လု နီးနီး၊ ရက်စက် ကြမ်းကြုတ်သူ တစ်ဦး ဖြစ်ကြောင်း၊ ခရမ်းလေးမှ ပြောပြ ထားသည်။

ဝိညာဉ်ရေး ဓားကို မဆုပ်ကိုင် နိုင်ပါက၊ ထိုခွန်အား မျိုးမှာ မယုံနိုင် စရာ ပေပင်။ ယခုမူ မိုးပြာ နဂါး မူလ ပုံစံ၏၊ အဠမ ပုံစံ နှင့်အတူ၊ သူ၏ ရုပ်ခန္ဓာမှာ နဂါး လင်းတထက် မနိမ့်ကျ တော့ချေ။

ထို့ကြောင့် ရန်လောင်ဇီကို အနည်းငယ် အသာစီးရ နိုင်မည်။ တစ်ဖန် ရန်လောင်ဇီမှာ မိုးပြာ နဂါး မူလ ပုံစံကို၊ မကျင့်ကြံ ရသေးသော နဂါး လင်းတနှင့် တိုက်ခိုက်ခြင်း၊ ဖြစ်သည်။

သည့်နောက် အကြည့်ကို ကျန်းဝူကျိထံ ရွေ့လိုက်၏။ သူ့အား မမြင်နိုင် သော်လည်း ကြောက်မက်ဖွယ် စီးဆင်း နေသော လျှပ်စီး စွမ်းအင် များ၏၊ အဟုန်ကို ခံစား နိုင်သည်။

ယင်းမှာ မရဏ မိုးကြိုး နဂါး လင်းတ၏ လျှပ်စီး စွမ်းအင်များ ထက်ပင်၊ ပို၍ များပြားနေ ချေ၏။

သူ့ အမြင်အရ၊ ဘုရင် သုံးပါး အကြား ကွာဟချက်၊ များစွာ မကြီးလှချေ။ ကျန်းဝူကျိနှင့် ရန်လောင်ဇီတို့ နှစ်ဦး စလုံးမှာ၊ ယုဟိုရှင်းအား ယှဉ်ပြိုင်ရန် ခွန်အား ရှိလေ သည်။

ဘုရင် သုံးပါးကို သုံးသပ် ပြီးနောက်၊ အထက်တန်းစား ခုနစ်ပါးထံ အကြည့်ကို ရွေ့ လိုက်သည်။

ရှောင်းစီယီကို မြင်သော အခါ၊ အလေး အနက် ကြည့်မိပြီး၊ သူမ ဘေးတွင် ရပ်နေသည့်၊ ဘိုင်လိရွှမ် ဆီသို့ အရောက်တွင် ရပ်တန့် သွားသည်။

ဘိုင်လိရွှမ် တစ်ယောက် မိုးပြာ နဂါး ဓားသုတ္တန်ကို၊ မည်မျှ ဆုပ်ကိုင် နိုင်ခဲ့ သည်အား သိချင် မိပေသည်။ ၎င်းမှာ မိုးပြာ နဂါး မူလ ပုံစံနှင့် အဆင့် တူသော၊ ရှေးဟောင်း နည်းစနစ် တစ်ရပ် ဖြစ်၏။

ဘိုင်လိရွှမ် အရည် အချင်း အရ၊ ယင်းနည်းစနစ်အား ကန့်သတ်ချက် အထိ တွန်းပို့ နိုင်မည်ဟု၊ ယုံကြည်သည်။

“ နန်းဂွန်း ဝမ်း ယူလား။ ”

လူအုပ် ကြားတွင် လူငယ် တစ်ဦးအား မြင်လိုက် ချိန်၌၊ လင်းယွန် တစ်ယောက် အံ့ဩ သွားသည်။ စီရွယ်ယီ ထက်ပင် ပို၌ ချောမော လှသော ယောက်ျား တစ်ယောက် ဖြစ်၏။

ချင်ရို့ယူဖြင့် ယှဉ်ရပ် နေခဲ့ သော်မှ၊ နန်းဂွန်းဝမ်းယူ ကိုသာ ကြည့်မိကြ ပေမည်။ အသွင်အပြင် အရ၊ ရိုးရှင်းစွာ ဆင်ယင်ထား သော်လည်း၊ လင်းယွန်ပင် နောက်တစ်ကြိမ် ပြန်ကြည့် မိသည် အထိ၊ ဆွဲဆောင် နိုင်ချေပြီ။

နန်းဂွန်း ဝမ်းယူ အဖြစ် မသိ ထားသော်၊ မိန်းကလေး တစ်ဦးဟု ထင်မှား မိမည်မှာ သေချာ ၏။

ထိုသူသည် ဝိညာဉ်ရေး ဓားကို လက်လေျာ့ပြီး၊ အခြားသော လမ်းစဉ်အား ရွေးချယ် ခဲ့ကြောင်း၊ ဝူရှောင်ရှင်းက ဆိုခဲ့ ဖူးသည်။

ယင်းကြောင့် မည်သည့် လမ်းကို ရွေးခဲ့ကြောင်း၊ သိချင် လာ၏။ လူ အများက၊ နန်းဂွန်း ဝမ်းယူနှင့် သူ့အား ခိုင်းနှိုင်း တက်ကြ သောကြောင့်၊ စူးစမ်းချင် စိတ်ကို မတားနိုင် ချေ။

ရုတ်တရက် အကြည့် စူးစူး တစ်ချက်ကို ခံစားမိ သောကြောင့်၊ လင်းယွန်က လူအုပ်ထဲ ဝေ့ရှာ လိုက်သည်။

အနီရောင် ဝတ်ရုံကို ဆင်မြန်း ထားသော မိန်းမပျို တစ်ဦးမှ၊ ပြုံးလျက် သူ့အား စိုက်ကြည့် နေချေသည်။

လူစု လူဝေး ကြားတွင် ဖုံးကွယ်ထား သော်လည်း၊ သူမ၏ အလှတရားမှာ ပေါ်လွင် လှ၏။

ထိုအလှသည် ချင်ရို့ယူ ထက်သာ လွန်ကာ၊ လင်းယွန်ကို ငေးခနဲ ဖြစ်လာ စေ၏။

စိတ်နှင့် လူ ပြန်ကပ်သွား ချိန်၌၊ ထိုမိန်းကလေးမှာ လူအုပ် အတွင်း ပျောက်ကွယ် သွားပြီ ဖြစ်သည်။

အပြာရောင် နေမင်း နိုင်ငံတွင် လမ်းခွဲ ပြီးနောက်၊ ယခု ကဲ့သို့ ပြန်လည် ဆုံတွေ့ ရလိမ့် မည်ဟု၊ မမျှော်လင့် ထား မိချေ။

သူမကို ပထမဆုံး မြင်ဖူး ချိန်၌၊ မျက်နှာဖုံး တစ်ခု တပ်ဆင်ထား ခဲ့ကြောင်း၊ မှတ်မိ နေသေး သည်။

ရုတ်တရက် ပေါက်ကွဲသံ တစ်သံ နှင့်အတူ၊ လူအုပ်ကြီး အခြေချ နေထိုင်သော တောင်တန်း များ တစ်လျှောက်၊ ပြင်းစွာ တုန်ခါ သွားသည်။

တိမ်နဂါး မြို့ကို ဖုံးလွှမ်း နေသော အတားအဆီးမှာ၊ ဖြည်းညှင်းစွာ ပျောက်ကွယ် လာနေ ချေ၏။

ခမ်းနားသော မြို့ တစ်မြို့၏၊ ရှေးဟောင်း အငွေ့အသက်များ ပေါက်ကြား လာပြီး၊ တောင်တန်းများ အပေါ် ဖုံးအုပ် သွားတော့သည်။

လူတိုင်း ရှေ့တွင် ကြီးမားသော မြို့ရိုး တံခါးကြီး တစ်ချပ် တောက်ပစွာ ထွက်ပေါ် လာ၏။ လုံးဝ သစ်လွင်သော ကမ္ဘာသစ် တစ်ခု၊ ထွက်ပေါ် လာသလို ပေပင်။

“ စည်းပွင့် သွားပြီ ... ။ ”

“ တိမ်နဂါး မြို့ရဲ့ စမ်းသပ်မှု မတင် တော့မယ်၊ ဒီ တစ်ကြိမ် လူဘယ် နှစ်ယောက် လောက်၊ အောင်နိုင်မယ် ထင်လဲ။ ”

လူအုပ်ကြီး၏ အချင်းချင်း ဆွေးနွေး သံများ၊ ပွက်ပွက်ဆူ လာတော့သည်။

တစ်ချိန်တည်း မှာပင်၊ မြို့ရိုး ပေါ်ရှိ အလင်းရောင်များ ပျောက်ကွယ် သွားပြီး၊ နဂါး တစ်ကောင် ထွက်ပေါ် ဟိန်းဟောက် လာသည်။

မိုင်ထောင် ဂဏန်း အကွာ မှပင်၊ သူ့ အရှိန်အဝါက လူအုပ်အား ကောင်းစွာ ဖိအား ပေးနိုင် ချေ၏။

နဂါးကြီးက ပတ်ဝန်းကျင်ကို၊ လှည့်ပတ် သွားလာ နေစဉ်၊ မြေပြင် တစ်လျှောက် အက်ကွဲ လာပြီး၊ မြစ်ကြီး တစ်စင်း ဖြစ်ပေါ် လာသည်။

မြစ်ရေ စီးသံ များမှာ၊ နဂါး တစ်ကောင် ဟောက်သံနေ သကဲ့သို့၊ ပဲ့တင်ထပ် လာ၏။ ၎င်းမြစ်၏ ရေစီးနှုန်းမှာ သာမာန် ပါရမီရှင် တစ်ဦးကို၊ အလွယ်တကူ သတ်ပစ် နိုင်ပေမည်။

မြစ်ဖြစ်ပေါ် လာသည်နှင့်၊ အပြာရောင် အတားအဆီး တစ်ခု ထွက်ပေါ် လာပြီး၊ လွင်ပြင် ကြီးအား ဖုံးလှမ်း ပစ်တော့၏။

ယုဟိုရှင်းမှ ဦးဆောင်ကာ ပြိုင်ပွဲ ဝင်ရောက်မည့် သူများက၊ ထိုအတား အဆီး ထံသို့၊ ချီတက် ကုန်ကြသည်။

“ မင်း တို့လည်း သွားသင့်ပြီ ... ။ ”

ကာကွယ်သူ မက်မွန်က လူတိုင်းကို ကြည့်ကာ၊

“ ပထမ စမ်းသပ်မှုက အပြာရောင် အတားအဆီး အလွှာကို ဖြတ်ကျော် ဖို့ပဲ၊ ဒုတိယ စမ်းသပ်မှု ကတော့ မြစ်ကို ဖြတ်ပြီး၊ မြို့ရိုးပေါ် တက်နိုင် ရမယ်။ ”

“ မင်းတို့ မြို့ရိုးပေါ် ရောက်တဲ့ အခါ၊ နဂါးတံခါး ပြိုင်ပွဲ တုန်းက ရရှိခဲ့တဲ့ ကျောက်စိမ်း ပြားမှာ၊ အဝါရောင် စွမ်းအင်တွေ ရလိမ့်မယ်၊ ဒါက ရှေးဟောင်းမြို့ရဲ့ အမှတ် အသား တစ်ခုပဲ။ ”

ကာကွယ်သူ မက်မွန် ရှင်းပြပြီး သည်နှင့်၊ လူတိုင်းက ခေါင်းညိတ်ကာ ခရီးကို စတင်လိုက် တော့သည်။

လင်းယွန်က ပတ်ဝန်းကျင်၌ ဇိုယန်အား လှည့်ပတ် ရှာဖွေ သော်လည်း၊ မတွေ့ရ တော့ပေ။

မဟာချင် အင်ပါယာမှာ၊ သူ့အိမ် မဟုတ်တော့ သဖြင့်၊ ထွက်ခွာရန် ရွေးချယ် ခဲ့ပုံ ရလေသည်။

ပထမ စမ်းသပ်မှု မှာပင်၊ ယွီချင် တစ်ယောက် ကံမကောင်း လှပေ။ လင်းယွန်နှင့် ကျန်သူ များက၊ အပြာရောင် အတား အဆီးကို စက္ကန့်ပိုင်း အတွင်း ချိုးဖျက်ကာ၊ လွင်ပြင်ထံ ခြေချ နိုင်ခဲ့သည်။

ယွီချင်း အတွက်မူ ထိုအပြာရောင် အတား အဆီးကြောင့်၊ သွေးအန်လျက် နောက်ပြန် လွင့်စင် သွားရကာ၊ မြေပြင်ပေါ် ရောက်သည် နှင့်၊ ကေျာက်စိမ်းပြား ကွဲအက်သွား တော့၏။

“ ယွီ ချင်း ... ။ ”

စီရွယ်ယီနှင့် ကျန်လူများက စိုးရိမ် စွာဖြင့် ပြန်လှည့် ကြည့်မိသည်။ အချိန် အနည်းငယ် ကြာ တိတ်ဆိတ် နေပြီးနောက်၊ ယွီချင်း တစ်ယောက် ပြန်လည် ပြုံးရယ် လာနိုင်ကာ၊

“ ငါ ... အဆင်ပြေ ပါတယ်၊ မင်းတို့ ဆက်သွား သင့်ပြီ။ ”

-ဟု တုန့်ပြန် လိုက်သည်။

သွေးစွန်းသော ဧည့်ခံပွဲသည် ကျွမ်းကျင် သူများ အတွက် ရည်ရွယ် ကျင်းပသော ပြိုင်ပွဲ တစ်ပွဲ ဖြစ်ပြီး၊ အားနည်း သူများ ပါဝင်ခွင့် မရှိ သည်မှာ၊ သဘာဝ ပေပင်။

မြစ်ပြင်တွင် နဂါး တစ်ကောင် လှည့်ပတ်နေ သကဲ့သို့ လှိုင်းလုံး ကြီးများ တဝုန်းဝုန်း ရိုက်ခတ် နေ၏။

သူတို့ ရပ်နေရာ နေရာသည် နဂါး အမြီး ဖြစ်ပြီး၊ ယင်းမှ စတင်ကာ မြို့ရိုး တံခါး ပေါ်သို့ တက်ရောက် ရမည် ဖြစ်သည်။

ဆိုလို သည်မှာ မြစ် တစ်စင်းကို မြိုချ ထားသော ရေနဂါး တစ်ကောင်၏ ခန္ဓာကိုယ် အတွင်းမှ၊ ဖြတ်သန်းရန် ဖြစ်၏။

လူ အချို့မှာ နဂါး အမြီးရှိ ရေလှိုင်း များ၌ပင်၊ မြဲမြံစွာ မရပ်နိုင် ကြဘဲ၊ လှိုင်း တစ်ချက် ပုတ်ရုံ ဖြင့်၊ လွင့်စင် ကုန်ကြသည်။

ကမ်းစပ်ကို ပြန်ရောက် ချိန်၌ ကွဲအက် သွားသော၊ ကျောက်စိမ်းပြား အပိုင်းအစ များကို ကြည့်ကာ၊ စိတ်ပျက်ကုန် ကြသည်။ လေးနှစ် တိတိ ပြင်ဆင်ထား သော်လည်း၊ သူတို့မှာ အရည်အချင်း ပြည့်မီ ပုံ မရ သေးချေ။

စီရွယ်ယီ၊ ဖန်းယီနှင့် လရောင် ရေစင် တို့မှာ၊ မျက်နှာများ ပျက်ယွင်း နေ၏။ စမ်းသပ်မှု သည် သူတို့ စိတ်ကူး များထက်၊ ကျော်လွန် နေချေပြီ။

သူတို့ အားလုံးက ဤစမ်းသပ်မှုကို ကျော်ဖြတ် နိုင်မည်ဟု မယုံကြည် မိတော့ချေ။ မည်သို့ပင် ဆိုစေ ကာမူ၊ နောက်ဆုံး၌ အံကြိတ်လျက် မြစ်ထဲ ဆင်းရန်၊ ပြင်လိုက် ကြသည်။

“ သတိထား ... ၊ ငါတို့က မြစ်ရေကို ဆန်တက် ရမှာမို့၊ ပထမ လှိုင်းက အားကောင်း နေမှာ သေချာတယ်၊ သတိ လက်လွတ် မနေနဲ့။ ”

လင်းယွန်က မြစ်ရေကို အကဲခတ်ပြီး၊ အန္တရာယ်အား သတိပေး လိုက်သည်။ သို့သော် နောက်ဆုံးတွင်၊ ကိုယ်ပိုင် ခွန်အား ကိုသာ အားကိုး ရမည် ဖြစ်သဖြင့်၊ သူ ကူညီနိုင် သည်မှာ၊ ဤမျှသာ ဖြစ်သည်။

ထိတ်လန့် တုန်လှုပ် နေသော အကြည့်များ အောက်တွင်၊ မြေပြင်ပေါ် ပုတ်ကာ နဂါးအမြီးသို့ ဆင်းသက် လိုက်သည်။

ဆင်းသက် ခါနီးတွင်၊ ပြင်းထန်သော လှိုင်းလုံးကြီး တစ်ခု ပြေးဝင် ဟန့်တား လာသည်။

သို့သော် အံ့ဩစရာ ကောင်းသည်မှာ၊ လင်းယွန်ထံ ရောက်သည်နှင့်၊ ယဉ်ပါးသော သားရဲလေး တစ်ကောင် ကဲ့သို့၊ ဖြတ်ကျော် သွားတော့၏။

“ အဲ့ဒီလောက် လွယ်လား ... ။ ”

“ ငါ အမြင်မှား တာလား၊ မြစ်ရေက အရမ်း ကြောက်စရာ ကောင်းတယ်လေ။ ”

ဖန်းယီနှင့် ကျန်သူများ ကဲ့သို့ပင်၊ သတိ ထားမိ ကုန်သော လူ အချို့မှာ၊ ကမ်းစပ်တွင် ရပ်လျက် မှင်တက် ကုန်ကြသည်။

ဤမျှ သန်မာသော တစ်စုံ တစ်ယောက် သူတို့ နှင့်အတူ၊ ရှိနေ လိမ့်မည်ဟု တွေးမထား မိခဲ့ချေ။

လင်းယွန်က မြစ်ပေါ် ဆင်းသက် နိုင်သည်နှင့်၊ ရေစီး ကြောင်းက မျှော်လင့်ထား သည့် အတိုင်း၊ ကမ်းစပ်ထံ ပြန်လည် ရွေ့လျား သွားသည်။

လက်ရှိ အခြေ အနေ အရ၊ စိတ်ဝင် စားစရာ ကောင်းနေ ပေသည်။ ထို့ကြောင့် မြစ်ရေ စီးကြောင်းကို ဆန်တက်ကာ၊ ဆက်လျှောက် လာမိသည်။

***

All Chapters