ခွေးဆိုး။
Vol. 55 Ch. 770
လင်းယွန်၏ ခြေလှမ်းတိုင်းကို ရေစီးကြောင်းက ပြန်လည် တွန်းထုတ် နေသည်။
အခြား သူများက ရက်စက် ကြမ်းကြုတ်သော နဂါး တစ်ကောင် ရှိနေ သကဲ့သို့ ဂရုတစိုက် သွားလာ ကြ၏။
လှိုင်းလုံးများ ပို၍ ပြင်းထန် လာပြီး၊ အော်မြည် သံများ ထွက်ပေါ် လာသည်။ တိုးဝင် လာနိုင် သည်နှင့် အမျှ၊ ပေ တစ်ရာကျော် အထိ မြင့်သော လှိုင်းများ ရိုက်ပုတ် လာ၏။
လှိုင်း တစ်ချက် ပုတ်ချိန်တိုင်း၊ လူပေါင်း များစွာကို ထိုလှိုင်းများက ထုတ်ပယ် နေခဲ့ သည်။
တတိယ မြစ်ကျဉ်းထံ ရောက်ရှိ ချိန်တွင်၊ လင်းယွန် ပတ်ဝန်းကျင်၌ လူထောင် ဂဏန်း မျှသာ ရှိတော့ လေသည်။
ဆဋ္ဌမ မြစ်ကျဉ်းတွင် လှိုင်း များက၊ ကြောက်စရာ ကောင်းသော လေဆင် နှာမောင်း များကို ဖြစ်ပေါ် စေပြီး၊ ပို၍ပင် အန္တရာယ်များ လာ၏။
လူတိုင်းက အရှိန် နှေးချ လိုက်ကာ၊ သတိထား ကုန်ကြသည်။ လင်းယွန် သာလျှင် တုန့်ဆိုင်းခြင်း မရှိဘဲ၊ ခရီးဆက် နေမိ၏။
ထို့နောက် ရည်ရွယ်ချက် ရှိရှိဖြင့်၊ လေဆင် နှာမောင်းထံ တည့်တည့် တိုးဝင် လိုက်သည်။
“ ဘယ်လိုတောင် ... သတ္တိရှိ လိုက်တဲ့ လူလဲ၊ တကယ်ပဲ လေဆင် နှာမောင်းကို ‘မှု’ ပုံ မရဘူး။ ”
“ ဒါက ... ရူး နေတာပါ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေက တစ်စုံ တစ်ယောက် တောင်မှ၊ လေဆင် နှာမောင်းရဲ့ တိုက်စား နိုင်စွမ်းကို ကြာကြာ မခံ နိုင်ဘူး။ ”
“ ရေလှိုင်းနဲ့ မုန်တိုင်းကို တစ်ချိန်တည်း၊ ရင်ဆိုင် ရအောင် ဒီကောင် ရူးနေတာပဲ ဖြစ်မယ်၊ လေဆင် နှာမောင်းကြောင့် အပိုင်းပိုင်း ‘ကွဲ’မှာ မြင်မိသား။ ”
ဒါဇင်ပေါင်း များစွာသော လေဆင် နှာမောင်း ထဲသို့၊ တိုးဝင် နေသည့် လင်းယွန်ကို မြင်လိုက်ရ သဖြင့်၊ လူတိုင်း ထိတ်လန့်သွား ကြသည်။
မြစ်ပြင် တစ်လျှောက်၊ လေဆင် နှာမောင်း များဖြင့် ပြည့်ကျပ် နေ၏။ သို့သော် လင်းယွန်က မျက်စိ တစ်မှိတ် အတွင်း၊ အလွယ်တကူ ကျော်လွှား နိုင်ခဲ့သည်။
လေဆင် နှာမောင်းများ အတွင်း၊ ပိတ်မိခါ နီးချိန်တိုင်း၊ တိမ်ပေါ် တက်လှမ်း ခြင်းကို အသုံး ပြုကာ၊ ၎င်းမှ အလွယ် တကူ ရုန်းထွက် လိုက်သည်။
မြစ်ပြင်ပေါ် ခြေဖြင့် ပုတ်လိုက်တိုင်း၊ လေဆင် နှာမောင်းပေါင်း များစွာကို ဖြတ်ကျော် သွားသည်။
ခြေလှမ်း ခုနစ်လှမ်း လှမ်းပြီးနောက်၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခု၊ မြစ်ပြင်ပေါ် ပျံ့နှံ့ လာ၏။
အခြား သူများ မမြင်နိုင် သော်လည်း အချို့သော လေဆင် နှာမောင်း များ၏ အရွယ် အစားမှာ၊ နှစ်ဆ တိုးလာ သည်ကို တွေ့နိုင် သည်။
မကြာခင် လင်းယွန် ပုံရိပ်မှာ တစ်ဖက်၌၊ တဖြည်းဖြည်း ထွက်ပေါ် လာ၏။
“ သူ ... ဖြတ်သွား နိုင်ပြီလား။ ”
“ အဲဒါက ဘယ်လို ရွေ့လျားမှု နည်းစနစ်လဲ၊ ကြောက်စရာ ကောင်းလိုက်တာ။”
“ သူ ... ဘယ်သူလဲ၊ ဒီလောက် သန်မာ နေတာတောင်၊ သူ့ကို ဘယ်သူမှ မသိကြ ဖူးလား။ ”
ထောင်နှင့် ချီသော ကျင့်ကြံသူ များက အံသြသွား ကြသည်။ သို့သော် လေဆင် နှာမောင်းများ သူတို့ထံ တိုးဝင် လာသည့် အတွက်၊ ဆက်လက် ဝေဖန် နိုင်ခြင်း မရှိ တော့ချေ။
လင်းယွန်မှာ အလျင် မလို ခဲ့ဘဲ၊ ဓား ရောင်ဝါဖြင့် သူ့ကိုယ်သူ ဖုံးအုပ်ထား သဖြင့်၊ အခြားသူများ လိုက်မှီရန် ခက်ခဲ နေဆဲ ဖြစ်သည်။
များ မကြာမီ မြစ်ကျဉ်း ရှစ်ခုအား၊ ဖြတ်ကျော် လာနိုင်၏။ ထိုအချိန်တွင် လင်းယွန် အရှိန်မှာ၊ တဖြည်းဖြည်း နှေးကွေး လာပြီး၊ ခန္ဓာ ကိုယ်ထဲ၌ မူလ စွမ်းအင် များကို စုဆောင်း နေမိ သည်။
‘နဂါး ခေါင်း’သို့ ရောက်ရှိ တော့မည် ဖြစ်သဖြင့်၊ နောက်ဆုံး စမ်းသပ်မှု အတွက် ပြင်ဆင် နေခြင်း ဖြစ် လေသည်။
လူတိုင်းက နောက်ဆုံး အဆင့်ကို ဖြတ်ကျော်ရန်၊ မူလ စွမ်းအင် များအား စုဆောင်း နေကြသည်။
အထက် တန်းစားများ သာလျှင် ဤမျှ မြန်မြန် ရောက်အောင် လာနိုင်မည် ဖြစ်၏။
လင်းယွန် ရောက်ရှိ လာချိန်မှာ၊ ထိုသူ များထက် နောက်ကျ နေသော်လည်း၊ အထက် တန်းစားများ ကဲ့သို့၊ ‘မြန်’ နေဆဲ ပေပင်။
လူသစ် တစ်ဦး ရောက်ရှိ လာသောကြောင့်၊ ဦးစွာ ရောက်ရှိ နေသူ တိုင်းက ပြန်လှည့် ကြည့် လာသည်။
လင်းယွန်မှာ တစ်ယောက်တည်း ဖြစ်သဖြင့် အံ့သြသွား ကုန်၏။ အများအားဖြင့် လူတိုင်းက ရာနှင့်ချီ စုဝေးကာ၊ မုန်တိုင်း များကို အတူ တကွ ဖြတ်ကျော် ကြခြင်း ဖြစ်သည်။
တစ်ဦးတည်း ရောက်ရှိလာ ခြင်းမှာ၊ အရည်အချင်း ရှိကြောင်း၊ ထူးထူး ခြားခြား သတိပြုမိ လာစေ၏။
“ လင်း ယွန် ... ငါတို့ ဒီမှာ ။ ”
ရုတ်တရက် လူ နှစ်ယောက်က သူ့ကို လှမ်းခေါ်၏။ ၎င်းတို့ နှစ်ဦးမှာ ယန်းဖန်နှင့် ဂိုရှု ဖြစ်သည်။
“ မင်း ဘာလို့ နောက်ကျ နေတာလဲ။ ”
ဂိုရှုက မေးသည်။ တစ်ဖက်လူ ခွန်အားကို သူသိ သောကြောင့်၊ နောက်ကျနေ သည်မှာ အဓိပ္ပါယ် မရှိချေ။
“ အေးဆေးပေါ့ ... ၊ ဒါက စမ်းသပ်မှုလေး တစ်ခု ပဲကို ။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါး ပြန်လည် အဖြေပေး ခဲ့သော်လည်း၊ ယန်းဖန်မှာ အံသြ နေဆဲ ဖြစ်သည်။ တစ်ဖက် လူ၏ ကျင့်ကြံမှုကို သူ မမြင်နိုင် တော့ချေ။
“ အခု ... မင်းရဲ့ ကျင့်ကြံမှုက၊ ဘယ် အဆင့် မှာလဲ။ ”
“ အလယ် အလတ် ယင်-ယန် အဆင့်၊ အထွတ် အထိပ် အဆင့်ကို အချိန် မရွေးတက် လှမ်းနိုင်တယ်။ ”
သူတို့ အပေါ် ဖုံးကွယ် ထားရန် ဆန္ဒ မရှိချေ။ နှစ်သုံးထောင် သက်တမ်း ရှိသော၊ နဂါး မီးလျှံ သစ်သီးကို သန့်စင် ခြင်းဖြင့်၊ မိုးပြာ နဂါး မူလ ပုံစံတွင်၊ လျင်မြန်စွာ တိုးတက် လာခဲ့သည်။
ရည်ရွယ်ချက် ရှိရှိ၊ ဖိနှိမ် ထားခြင်း မပြုသော်၊ အထွတ် အထိပ် ယင်-ယန် အဆင့်သို့ ရောက်ရှိ နေ နှင့်ပြီ ဖြစ်သည်။
ယန်းဖန်နှင့် ဂိုရှုက အသက် ပြင်းပြင်း ရှူရှိုက်ကာ၊ ဘီလူး တစ်ကောင်ကို မြင်နေရ သကဲ့သို့၊ လင်းယွန်ထံ ပြန်ကြည့် လာသည်။
တိုးတက်မှုမှာ စိတ်ကူး မယဉ် နိုင်ပေ။ ကောင်းကင် တောင်ကုန်း မြို့၌ ကနဦး ယင်-ယန် အဆင့် တွင်သာ ရှိပြီး၊ လ အနည်းငယ်ဖြင့်၊ အထွတ် အထိပ် အဆင့်သို့၊ လျင်မြန်စွာ ရောက်ရှိ နေလေသည်။
အချိန် အလုံ အလောက်သာ ရှိပါက၊ အထက်တန်းစား ခုနစ် ပါးပင်၊ သူ့အား နှိမ်နှင်း နိုင်မည် မဟုတ် တော့ချေ။
သုံးယောက်သား ရည်ရွယ်ချက် ရှိရှိ အရှိန်အား လျှော့ချ လိုက်ပြီး၊ နဂါး ခေါင်းထံ ကြည့်လိုက် ကြသည်။
ဤသည်မှာ နောက်ဆုံးသော စမ်းသပ်မှု ဖြစ်သဖြင့်၊ သွေးစွန်းသော ဧည့်ခံပွဲတွင် ပါဝင်ရန် အရည် အချင်း ရှိ-မရှိ၊ ဆုံးဖြတ်မည် ဖြစ်သည်။
သို့သော် မြို့ရိုး ပေါ် တက်ရောက်ရန် ကြိုးစား သူတိုင်းကို၊ စစ်ဗုံသံ များက အသံလှိုင်း များဖြင့်၊ ဟန့်တား လာပေမည်။
မြို့ရိုး ပေါ်၌ လူပေါင်း များစွာ ရောက်ရှိ နေကြပြီး၊ ရပ်လျက် သူတို့ထံ လှမ်းကြည့်နေ လေသည်။
ထိုလူအုပ် ထဲတွင် ယုဟိုရှင်း၊ ကျန်းဝူကျိနှင့် အခြားသော ထိပ်တန်း ပုဂ္ဂိုလ်များ ပါဝင်သည်။
လူများစွာ ဖယ်ရှားခံ နေရ သည်ကို လင်းယွန်တို့ သုံးဦးက၊ အချိန် အတော်ကြာ စောင့်ကြည့် နေမိသည်။
အချို့က မြို့ရိုးနှင့်၊ မီတာ တစ်ရာ အကွာ အထိသာ၊ ရောက်နိုင်ခဲ့ ကြသည်။
“ ဒါက သွေးစွန်းသော ဧည့်ခံပွဲကို တက်ရောက်မဲ့ လူတွေလား၊ ဘာလို့ အမှိုက်တွေ ဖြစ်နေ ရတာလဲ။ ”
တစ်စုံ တစ်ယောက်က မြို့ရိုး ပေါ်မှ နေ၍၊ ကျရှုံး သူများ အပေါ် အထင် အမြင် သေးစွာဖြင့်၊ နှာခေါင်းရှုံ့ ချလိုက်သည်။
ရုတ်တရက် ကြက်သွေးရောင် ပုံရိပ် တစ်ရိပ်၊ မြို့ရိုးပေါ် ခုန်ဆင်း လာ၏။ ထိုပုံရိပ် ရှင်မှာ ဂျီဝူယီ ဖြစ်သည်။
“ ဗုံ ... ဗုံ ... ဗုံ ... ။ ”
မြို့ရိုးပေါ် ဆင်းသက် ခါနီးတွင်၊ စစ်ဗုံ ကိုးလုံးက၊ ရှေးဟောင်း စစ်သီချင်း သံစဉ် တစ်ပုဒ် ကဲ့သို့၊ ပဲ့တင်ထပ် လာသည်။
ဗုံသံကြောင့် ရွှေရောင် လှိုင်းလုံးများ၊ ဂျီဝူယီထံ တိုးဝင် ဟန့်တား လာသော်လည်း၊ နောက်ဆုံး၌ မြို့ရိုးပေါ် ဆင်းသက် နိုင်ခဲ့သည်။
လင်းယွန်တို့ သုံးဦးမှာ၊ မူလ စွမ်းအင်ကို အချိန် အတော်ကြာ စုဆောင်း ထားခဲ့ သဖြင့်၊ လှုပ်ရှားရန် အချိန်တန်ပြီ ဖြစ်သည်။
လူအများ စုမှာ စိတ်မရှည် တော့ဘဲ၊ ကောင်းကင်ပေါ် ပျံတက် သွားကြ သော်လည်း၊ ကျောက်စိမ်း ပြားများ ကွဲအက်ပြီး၊ ပြန်လည် ပြုတ်ကျ လာသည်။
“ အဲ့ဒီလောက် ခက်လို့လား၊ ငါ့ကို အရင် သွားခွင့် ပြုပါ …။ ”
ဂိုရှုက ယုံကြည်မှု အပြည့်နှင့် ပြုံးရယ် လိုက်သည်။ နောက်ဆုံး အနေဖြင့် ပြင်ပ အဆင့် တိမ်နဂါး ဖြစ်နေဆဲ ဖြစ်ရာ၊ စမ်းသပ်မှုအား ကျရှုံး နိုင်စရာ၊ နည်းလမ်း မရှိချေ။
“ ဟိတ် ..... ။ ”
အသက် ပြင်းပြင်းရှူ လိုက် ပြီးနောက်၊ လျှပ်စီး အသွင် ပြောင်းလဲကာ၊ ကောင်းကင်ပေါ် ခုန်တက် လိုက်၏။
“ ဗုံ ... ဗုံ ... ဗုံ ..... ။ ”
မြို့ရိုး အနား ရောက်ရှိ သည်နှင့်၊ စစ်ဗုံ သံများ ချက်ချင်း ထွက်ပေါ် လာကာ၊ မျက်နှာ တစ်ပြင်လုံး နီရဲ သွားသည်။
“ မ ကောင်း တော့ ဘူး … ။ ”
ဂိုရှု တစ်ယောက် ပေါ့ဆ နေကြောင်း၊ လှမ်းမြင် နိုင်သဖြင့် ယန်းဖန် မျက်နှာမှာ ပြောင်းလဲ သွားသည်။ စမ်းသပ်မှုမှာ လွန်ခဲ့သော လေးနှစ် ကထက်၊ ပို၍ အားကောင်း နေချေ၏။
“ ဗုံ ... ဗုံ ... ဗုံ ..... ။ ”
စစ်ဗုံ သံများ ပိုမို ကျယ်လောင် လာသဖြင့်၊ လေထု အတွင်း ရှိနေဆဲ ဖြစ်သော ဂိုရှု တစ်ယောက် ထိတ်လန့်စ ပြုလာသည်။
ထို့နောက်တွင် အသံလှိုင်း များက၊ သူ၏ မူလ စွမ်းအင် လည်ပတ် မှုကို နှောက်ယှက်လာ တော့၏။
မူလ စွမ်းအင် ဖြန့်ကျက် မှုမှာ၊ ချက်ချင်း ရပ်တန့် သွားပြီး၊ ခန္ဓာကိုယ် အပေါ် ထိန်းချုပ် နိုင်စွမ်းများ ဆုံးရှုံး လာလေသည်။
“ မဟုတ်ဘူး... ၊ မဟုတ်ဘူး... ၊ မဟုတ်ဘူး။ ”
ဂိုရှု တစ်ယောက် ထိတ်လန့်စွာ အော်ဟစ် လိုက်သော်လည်း၊ ကျောက်စိမ်းပြားမှာ အက်ကွဲ သွားပြီ ဖြစ်၏။
ထို့ကြောင့် သွေးစွန်းသော ဧည့်ခံပွဲ တက်ရောက်ရန် အခွင့် အရေးကို၊ ဆုံးရှုံး သွားရ တော့သည်။
“ ဒါ ... ။ ”
ဂိုရှု ကျရှုံး လိမ့်မည်ဟု မမျှော်လင့် ထား သောကြောင့်၊ အာမေဋိတ် သံများ ဆက်တိုက် ထွက်ပေါ် လာ၏။
ပြင်ပ အဆင့် တွင်သာ ရှိသည်ဟု ဆိုနိုင် သော်လည်း၊ ဂိုရှု ဟူသည် တိမ်နဂါး အဆင့်သို့၊ ဝင်ရောက် ထားနိုင်သော ပါရမီရှင် တစ်ဦး၊ ဖြစ် နေဆဲ ပေပင်။
***