အသိ မိတ်ဆွေများ။
Vol. 56 Ch. 771
“ ဘယ်လို အမှိုက် မျိုးလဲ၊ မြို့ရိုး ပေါ်တောင် မတက်နိုင် ဖူးလား။ ”
မြို့ရိုး ပေါ်ရှိ လူငယ် တစ်ဦးက၊ ဂိုရှုအား အထင်အမြင် သေးစွာ ငုံ့ကြည့်ပြီး၊ ပျက်ရယ်ပြု လေသည်။
လင်းယွန်က လှမ်းကြည့် လိုက်ရာ၊ ယန်နန်းတော်မှ ကျန်းဖိန် ဖြစ်ကြောင်း၊ သိလိုက် ရ၏။
“ ဂိုရှုတောင် မအောင်မြင် ဖူးလား၊ ဒါက တကယ့်ကို ခက်ခဲ တာပဲ။ ”
“ လူအုပ်ရဲ့ (၇၀%) ကို၊ ဒီ စမ်းသပ်မှုက ဖယ်ထုတ် ပြီးသား ဖြစ်လိမ့်မယ်။ ”
ဂိုရှုကို ဖယ်ထုတ် ခံရ ခြင်းကြောင့်၊ အကြီးအကျယ် ရုန်းရင်း ဆန်ခတ် ဖြစ်လာ တော့သည်။
လင်းယွန်နှင့် ယန်းဖန်တို့ နှစ်ဦးမှာ၊ မြို့ရိုးပေါ် တက်ရောက်ရန် ဂိုရှု၌ ခွန်အား ရှိမှန်း၊ သိထား ချေ၏။
သို့သော် ပေါ့လျော့လွန်း သဖြင့်၊ စစ်ပွဲ ဗုံသံများ ထွက်လာသော အချိန်တွင်၊ အငိုက်မိ သွားခြင်း ဖြစ်သည်။
ထို့နောက် ယန်းဖန်က ရိပ်ခနဲ လှုပ်ရှား သွားပြီး၊ မြို့ရိုး ဆီသို့ ခုန်တက် သွားတော့သည်။
စစ်ပွဲ ဗုံသံများ ထွက်ပေါ် လာချိန်၌၊ လက်ဖဝါး ရိုက်ချက်များ ထုတ်ဖော်ကာ၊ အသံ လှိုင်းများကို ဖြိုခွင်း ပစ်လိုက်သည်။
ဖြစ်စဉ်မှာ အနည်းငယ် အန္တရာယ် များသော်လည်း၊ နောက်ဆုံးတွင် မြို့ရိုးပေါ် ဆင်းသက် လာနိုင် ၏။
သူ အမော မပြေခင် မှာပင်၊ လင်းယွန် တစ်ယောက် မြို့ရိုးပေါ် ဆင်းသက် လာသည်ကို တွေ့မြင် လိုက်ရသည်။
လျင်မြန် လွန်းသော အရှိန်ကြောင့်၊ မည်သို့မည်ပုံ ရွေ့လျား လာသည်ကို၊ လူတိုင်း မမြင် လိုက် ကြချေ။
“ ဗုံ ... ဗုံ ... ဗုံ ... ။ ”
မြို့ရိုးပေါ် ရောက်မှသာ စစ်ဗုံ သံများ ညံထွက် လာသည်။ ဓား ရည်ရွယ်ချက်မှာ ထိုအသံ လှိုင်းကို ဖြိုခွဲရန်၊ လုံလောက် ခဲ့သည်။
“ ကျွမ်း ကျင် သူ ... ။ ”
“ မြန်လိုက်တာ ... ၊ အသံလှိုင်း ကတောင် သူ့ကို အချိန်မီ မဟန့်တား နိုင်ဘူး၊ သူ့ ဓားက အားကောင်း ပုံရတယ်၊ ဒီလို လှုပ်ရှားဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး။ ”
“ ဒီဓားသမားက ဘယ်သူလဲ၊ အစွမ်းထက် လိုက်တာ။ ”
“ ဘယ်သူ သိနိုင် မလဲ၊ သွေးစွန်းသော ဧည့်ခံပွဲမှာ သူ့လို ပုန်းကွယ် နေတဲ့ နဂါးတွေ၊ နောက်ထပ် ရှိလာ နိုင်တယ်။ ”
လင်းယွန် ခြေချလိုက် သည်နှင့်၊ မြို့ရိုး ဆီမှ ပယင်း ရောင်ဝါများ ကျောက်စိမ်း သင်္ကေတထံ တိုးဝင် လာသဖြင့်၊ ပို၍ တောက်ပ သွားသည်။
“ မတွေ့တာ ကြာပြီနော် ... သခင်လေး လင်း။ ”
ရုတ်တရက် နှုတ်ဆက်သံ နှင့်အတူ၊ အမျိုးသမီး နှစ်ဦး၊ သူ့ထံ ဦးတည် လျှောက်လှမ်း လာ၏။
အဝေးမှ နှုတ်ဆက် လိုက်သော အမျိုးသမီးမှာ၊ ချင်ရို့ယူထက် မနိမ့်ကျသော အလှ တရားကို ပိုင်ဆိုင် ထားချေပြီ။
သူတို့ နှစ်ဦးက မြို့ရိုးပေါ် ဆင်းသက် လာသော လင်းယွန်၏ စွမ်းရည်အား လှမ်းမြင် ပြီး ဖြစ်သည်။
“ နေသာ စီရင်စုရဲ့ ... ၊ မိုလင်း ... မဟုတ်လား။ ”
“ ကြည့်ရတာ ဒီဓားသမားကို သိနေပုံပဲ။ ”
သူမ နှင့်အတူ၊ လျူယွမ်ယန်ပါ လိုက်ပါ လာသဖြင့်၊ လူအုပ်ထဲ ကြယ်နှစ်ပွင့် လင်းလက် နေသလို ထင်ရှား နေချေ၏။
ထို့ကြောင့် လင်းယွန် အပေါ်၊ အာရုံ မစိုက်မိသော လူငယ် များပင်၊ သဘာဝ အတိုင်း စူးစမ်း လာတော့၏။
“ တကယ်ပဲ ... အချိန် တော်တော်ကြာ ခဲ့ပါပြီ။ ”
လင်းယွန်က ပြုံးရွှင် စွာဖြင့်၊ မိုလင်းတို့ နှစ်ဦးကို ခေါင်းညိတ်ပြ လိုက်သည်။ အချိန်ကြာ ပြီဖြစ် သော်လည်း၊ သူ့ ရင်ထဲရှိ အမှတ်တရ များမှာ၊ လျော့ပါးခြင်း မရှိချေ။
လျူယွမ်ယန်နှင့် စတွေ့သည့် ချိန်၌၊ သူ့ ကျင့်ကြံမှုသည် ခရမ်းရောင် နယ်ပယ် တွင်ပင် မရှိ သေးကြောင်း၊ မှတ်မိနေ သေးသည်။
ဘဝနှင့် သေခြင်း ဆိုင်ရာ အတွေ့ အကြုံ များကြောင့်၊ မမေ့ နိုင်သော သံယောဇဉ်များ ရှိခဲ့ ကြ၏။
ထို့ကြောင့် သူတို့ စကားဝိုင်းမှာ၊ နွေးထွေးမှုများ ရှိချေပြီ။ လင်းယွန် တစ်ယောက် အချိန်တို အတွင်း၊ ဤမျှ လျင်မြန်စွာ သန်မာ လာ လိမ့်မည်ဟု၊ မထင်ထား သောကြောင့်၊ မိုလင်းတို့ နှစ်ဦးမှာ၊ အံ့သြ နေမိသည်။
မြောက်ပင်လယ်တွင် တောက်ပခဲ့ သကဲ့သို့၊ ဤနေရာ၌ တောက်ပ ဦးမည် ဟုလည်း၊ ခံစားမိ ပြန်၏။
မိုလင်းက ဂုဏ်ယူ စွာဖြင့် ပြုံးရယ် လိုက်သည်။ လင်းယွန် အပေါ် သူမပင် မမြင်နိုင် တော့ကြောင်း၊ ပြောနိုင်သည်။
ထက်ရှသော ဓားတစ်လက် အုပ်မိုးထား သကဲ့သို့၊ ခံစားရ စေ၏။ သူတို့ စကား စမြည် ပြောနေ ကြစဉ်၊ ချင်းယန်က လင်းယွန်ကို ရှာတွေ့ သွားသည်။
ယန် နန်းတော်မှာ နေသာ စီရင်စု၏ အုပ်စိုးရှင် ဖြစ်ပြီး၊ သူ သည်သာ ဤစီရင်စု၌ ဘုရင် ဖြစ်ချေသည်။
မိုလင်းနှင့် သိကျွမ်းခဲ့ သည်မှာ ကြာပြီ ဖြစ်သော်လည်း၊ သူမအား စိတ်မဝင်စား ခဲ့ချေ။ သူသာ အာရုံစိုက် ခဲ့ပါက၊ ဇနီး တစ်ယောက် ဖြစ်နေ နှင့်ပြီး ဖြစ်မည်။
သို့သော် ယခု မြင်ကွင်းသည် သူ့အား ဒေါသထွက် စေ၏။ သူ ပိုင်ဆိုင်သော အရုပ် တစ်ရုပ်အား၊ လုယူ ခံလိုက်ရ သကဲ့သို့ ခံစား မိသည်။
ထို့ကြောင့် လျှောက်လှမ်း လာသော သူ့မျက်နှာမှာ၊ ကြောက်ခမန်း လိလိ မည်းမှောင် နေခဲ့သည်။
“ လင်းယွန်၊ ငါတို့ မတွေ့တာ အတော် ကြာပြီနော်၊ မင်းက မိုလင်းနဲ့ သိကျွမ်း နေတဲ့ အတွက်၊ အံ့သြမိ ပါတယ်။ ”
“ ငါ့ ... မိတ်ဆွေ တိုင်းကို၊ မင်း သိစရာ လိုလို့လား။ ”
မိုလင်း၏ မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားပြီး၊ အေးစက်စွာ ပြန်ပြော လိုက်သည်။
ချင်းယန် စကား များသည် အနှောက် အသွား မလွတ် သဖြင့်၊ နားလည်မှု လွဲသွား မည်ကို၊ စိုးရိမ် မိသည်။
လင်းယွန် မျက်နှာမှာ တင်းမာ သွား၏။ သူသွား လေရာကို လိုက်နေမည့်၊ သရဲ တစ္ဆေ တစ်ကောင် ကဲ့သို့၊ ချင်းယန်က ပြုမူ နေသည်။
သားရဲ ဒီရေ၊ ဓားနန်းတော်နှင့် ယခု တိမ်နဂါး မြို့တော် ပေပင်။ သည်အခြေ အနေကို သည်းခံ နိုင်စွမ်းများ ကုန်လွန် လာ၏။
၎င်းအား သင်ခန်းစာ တစ်ခု ပေးရန် စိတ်မဝင်စား မိသဖြင့်၊ လျစ်လျူရှု ထားခြင်းကို တစ်ဖက် လူမှ၊ နားလည်ပုံ မရချေ။
“ ဒီလောက်လည်း မကြာသေး ပါဘူး၊ လွန်ခဲ့တဲ့ လဝက် လောက်က၊ ဓားနန်းတော် ကနေ ခွေး တစ်ကောင်လို ပြန်သွား ခဲ့တာ၊ ငါ မေ့မယ်များ ထင်နေလား။ ”
“ မင်း သေချင် နေတာလား။ ”
လင်းယွန် အနေဖြင့် သူ့အား သတ္တိ ရှိရှိ တူန့်ပြန် ရဲ လိမ့်မည်ဟု မမျှော်လင့် ထားသဖြင့်၊ ဒေါသ ထွက်သွားသည်။
“ မင်း ... စမ်းကြည့် နိုင်ပါတယ်။ ”
လင်းယွန်က စိတ်ပျက် လာဟန်ဖြင့် ဆိုလိုက်သည်။ သူ့စကားက မြို့ရိုး ပေါ်ရှိ စူးစမ်း နေသော လူအုပ်ကို ထိတ်လန့် သွားစေ၏။
ချင်းယန်မှာ နေသာ စီရင်စု၏၊ ဘုရင် တစ်ပါး ဖြစ်ပြီး၊ တိမ်နဂါး အဆင့်၌ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်သည်။ သို့သော် ယင်းကို မထီမဲ့မြင် ပြုမူ နေချေ၏။
“ ကောင်လေး ချင်းယန်၊ မြို့ရိုး ပေါ်မှာ တိုက်ခိုက် ခြင်းကို တားမြစ်ထား ပါတယ်၊ မင်းက ဖယ်ရှားတာ ခံချင် လို့လား။ ”
အနည်းငယ် တင်းမာ နေချိန်တွင်၊ လူငယ် တစ်ဦးနှင့် မိန်းမငယ် တစ်ဦး၊ လျှောက်လှမ်းလာ ခဲ့သည်။
“ နန်းဂွန်း ဝမ်းယူ။ ”
ကောင်လေး ချင်းယန်ဟု ခေါ်ဆို လိုက်သူအား မြင်သည်နှင့်၊ လူအုပ်ကြီးမှာ ပို၍ စူးစမ်း လာကြ၏။
အဖြူရောင် ဝတ်ရုံကို ဆင်မြန်း ထားသော အဆိုပါ လူငယ်သည်၊ အထက်တန်းစား ခုနှစ်ပါး အနက် တစ်ပါး ဖြစ်၏။
သူ့ ဘေးရှိ ကောင်မလေးမှာ၊ အနီရောင် ဝတ်ရုံကို ဆင်မြန်း ထားသော (၁၆)နှစ် အရွယ် ချစ်စဖွယ် ကောင်းမလေး တစ်ဦး ဖြစ်သည်။
သူမ အသွင် အရ၊ တင့်တယ် လှပ လွန်းသောကြောင့်၊ မည်သူ မဆို မျက်နှာလွဲ နိုင်မည် မဟုတ်ပေ။
“ ဟီး ဟီး၊ အစ်ကိုကြီး ယွန်၊ ငါတို့ ပြန်တွေ့ ကြပြီနော်။ ”
ယွဲ့ဝေဝေက လျှာ တစ်လစ် ထုတ်ပြီး၊ မျက်စိမှိတ်ပြ လိုက်သည်။ သူမ၏ တောက်ပ လွန်းသော အပြုံးကြောင့်၊ ပတ်ဝန်းကျင်ရှိ လူအုပ်မှာ ငေးငိုင် သွားကုန်၏။
ယွဲ့ဝေဝေနှင့် စကား ပြောချိန် တိုင်းတွင်၊ ထိုမျှ ကျက်သရေ ရှိသော အပြုံးကို တောင့်ခံရန် ခက်ခဲ နေဆဲ ပေပင်။
သူမ အပြုံးကြောင့် လူတိုင်းက မနာလို စိတ်ဖြင့်၊ လင်းယွန် အပေါ် သတိထား လာကြ လေသည်။
“ ဒီကောင်က ဘယ်သူလဲ၊ နန်းဂွန်း ဝမ်းယူ နဲ့တောင် သိနေပုံ ရတယ်။ ”
“ နေဦး ... ၊ နန်းဂွန်း ဝမ်းယူ ဘေးက အဲ့ဒီ ကောင်မလေး ... ၊ ဒါ ... ဒါက ကောင်းကင် မိစ္ဆာ ခန်းမရဲ့၊ မှော်ဆရာ မလေး မဟုတ်လား။ ”
ယွဲ့ဝေဝေ၏ အလှကြောင့်၊ မြင်တွေ့ ဖူးသူ အချို့က သူမအား မှော်ဆရာ အဖြစ်၊ တင်စား ခေါ်ဝေါ် ကြသည်။
“ ဒီ ဓားသမားကို ငါ သိတယ်၊ သူက ကောင်းကင် တောင်ကုန်း မြို့ကို နင်းချေပြီး၊ သားရဲ ဒီရေမှာ အံသြဖွယ် စွမ်းဆောင်ရည်မျိုး ပြသခဲ့ ဖူးတယ်။ ”
လင်းယွန်ကို မှတ်မိသူ အချို့ရှိ သော်လည်း၊ များပြားခြင်း မရှိချေ။ ထို့ကြောင့် လင်းယွန်မှာ စိတ်ဝင် စားစရာ လူ တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။
“ ညီအစ်ကို လင်း၊ မင်း တစ်ခုခု ပြဿနာ တက်နေ တာလား၊ နေပါဦး ... သူက တောင်တုန် မိစ္ဆာ မျောက်ဝံကြောင့်၊ တစ်ဝက် သေသွားတဲ့ ချင်းယန် မဟုတ်လား၊ ... ”
“ ... ငါ မှတ်မိပြီ၊ မင်း ထွက်သွားတော့ ... သူပိုင်တဲ့ သားရဲ အမြုတေကို၊ မင်း ခိုးယူသွား တယ်လို့၊ ပြောနေတာ ငါ ကြားမိတယ်။ ”
လင်းယွန်က ယွဲ့ဝေဝေအား ပြန်လည် နှုတ်ဆက်ရန် ပါးစပ် ‘ဟ’ လိုက်စဉ်၊ ကြီးစိုးသော လေသံဖြင့်၊ နောက်ထပ် လူနှစ်ယောက် ထပ်မံ ရောက်ရှိ လာသည်။
၎င်းတို့မှာ ဝူရှောင်ရှင်းနှင့် ဂျီဝူယီ ဖြစ်ပြီး၊ သဘာဝ အတိုင်း၊ အထိန်း အကွပ် မဲ့သော သူတို့ ညီအစ်ကို၏ အသံက၊ ပတ်ဝန်းကျင် အပေါ်၊ လွှမ်းခြုံ သွားတော့သည်။
ဝူရှောင်ရှင်း မျက်ဝန်း များတွင်၊ လှောင်ပြောင် ရိပ်များ စွန်းနေပြီး၊ ချင်းယန်ကို ‘ပြုံးစစ’ ဖြင့် ကြည့်လိုက်၏။
သူ့ စကားမှာ လင်းယွန်ထက် ပို၍ ပြတ်သားလှ သဖြင့်၊ ချင်းယန် မျက်နှာကို မည်းတက် လာစေသည်။ ထို့အပြင် သူ့ လေသံ အရ၊ ချင်းယန် အပေါ် အထင်သေး နေကြောင်း၊ သိသာ ပေ၏။
“ ဂုဏ်သိက္ခာ ဆိုတာ ဘာလဲ၊ အုပ်စိုးရှင် တစ်ပါးက ငါ့ရဲ့ ဓားနန်းတော်ကို အနိုင်ကျင့်ချင် နေတာလား၊ ငါတို့က အလွယ် တကူ ဖိနှိမ်လို့ ရမယ်၊ ထင်နေလား ဟမ့် ။ ”
ထို့စဉ် အေးစက်စက် အငွေ့ အသက် များနှင့်အတူ၊ ထည်ဝါ လွန်းသော ကိုယ်ဟန်ဖြင့်၊ လူငယ် တစ်ဦး လျှောက်လှမ်း လာ၏။
ဤသည်မှာ သားရဲ ဒီရေ နောက်ဆုံး လှိုင်းတွင်၊ ကောင်းမွန်စွာ စွမ်းဆောင် နိုင်ခဲ့သော မျိုးဆက်သစ် ပါရမီရှင် ဘိုင်လိရွှမ် ဖြစ်သည်။
သူ့ နောက်တွင်၊ လိုက်ပါ လာသည့် အမျိုး သမီးအား မြင်ချိန်၌၊ ချင်းယန် တစ်ယောက် ပို၍ စိတ်ပျက် သွားသည်။
ယင်းမှာ အထက် တန်းစား ခုနစ်ပါး အနက်မှ၊ တစ်ဦး တည်းသော အမျိုးသမီး ရှောင်းစီယီ ဖြစ်၏။
ဤအခင်း အကျင်း အရ၊ ချင်းယန်၏ ဖိအား ပေးမှုကို လင်းယွန် ခံရတော့ မည်ဟု၊ ယူဆထား မိသော လူအုပ်ကို၊ ‘ဆွံ့အ’ သွားစေသည်။
နန်းဂွန်း ဝမ်းယူ၊ ဝူရှောင်ရှင်းနှင့်၊ ရှောင်းစီယီ။ ဤသုံးဦး အနက်မှ မည်သူ မဆို၊ သူ့အား အလွယ် တကူ ချေမှုန်းနိုင် သဖြင့်၊ ချင်းယန်မှာ ဘေးကျပ် နံကျပ် ဖြစ်လာ တော့သည်။
“ မင်း သေချင် လို့လား။ ” ဟူသော စကားလေး တစ်ခွန်းသည်၊ ဤမျှ ကြောက်စရာ ကောင်းသော ပုဂ္ဂိုလ် များကို၊ ဖိတ်ခေါ် မိလိမ့် မည်ဟု၊ မထင် မိသည်မှာ အမှန်ပင်။
အဆုံးတွင် မည်သူက သေချင်နေ သည်ကို၊ လက်ရှိ အခြေ အနေမှ ထင်ထင် ရှားရှား ပြောပြ နေပေ၏။
***