အာရုံ စူးစိုက်မှု ဗဟိုချက်။
Vol. 56 Ch. 772
ဤသူများမှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ အထွတ်အထိပ် ထူးချွန်သူများ ဖြစ်သည်။
ထို့ကြောင့် လင်းယွန် အတွက်၊ ရောက်ရှိ လာခြင်းမှာ၊ တုန်လှုပ် ဖွယ်ရာ ပေပင်။
လင်းယွန်က စကား တစ်ခွန်းမျှ မဆို တော့ဘဲ၊ ချင်းယန် တစ်ယောက် မည်သည့် လမ်းကို ရွေးမည်အား၊ စောင့်ကြည့် နေလိုက် သည်။
တစ်ဖက် လူတွင် အင်အား ကြီးမားသော မိတ်ဆွေများ ရှိနေ လိမ့် မည်ဟု မထင်ထား သဖြင့်၊ ချင်းယန်မှာ တိတ်ဆိတ် သွား၏။
အချိန် အတော်ကြာ မှသာ၊
“ ပြိုင်ပွဲမှာ မင်းငါနဲ့ မတွေ့ဖို့ ဆုတောင်း နေပါ၊ မဟုတ်ရင် မင်း တန်ဖိုး တစ်ခု ပေးဆပ် ရလိမ့်မယ်။ ”
-ဟု ဆိုလျက် ထွက်ခွာရန် ရွေးချယ်လိုက် တော့သည်။
လူရွှင်တော် တစ်ဦးကို မြင်လိုက် ရ သကဲ့သို့၊ ချင်းယန် နောက်ကျောအား ကြည့်ပြီး၊ လင်းယွန် တစ်ယောက် ပြုံးလိုက် မိသည်။
“ လင်းယွန် ... ၊ မင်းက အသိ မိတ်ဆွေ များပုံပဲ၊ တိမ်ယံ သုံးဆင့်ရဲ့ နတ်သမီး ကတောင်၊ မင်း အတွက် ထွက်လာ ပေးတယ်။ ”
ဝူရှောင်ရှင်းက ခံစားချက် များကို မထိန်းနိုင်တော့ ဟန်ဖြင့်၊ ရှောင်းစီယီ ထံမှ သူ့ အကြည့်ကို မခွာဘဲ၊ ထုတ်ပြော လာခဲ့သည်။
ဤသည်မှာ လွန်ခဲ့သော လေးနှစ်က ရေှာင်းစီယီ ဘွဲ့ အမည် ဖြစ်၏။ သို့သော် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီးမှ၊ အချိန် အတော်ကြာ ပျောက်ကွယ် ခဲ့သဖြင့်၊ သူမ၏ ထို အမည်ကို သိရှိသူ နည်းသွား ခဲ့သည်။
တိမ်ယံ သုံးဆင့် နတ်သမီးမှာ သူ့အား၊ ဆယ်ကြိမ် အတွင်း အနိုင်ယူ ခဲ့သည်ကို လူ အများက၊ သိရှိ ထားကြသည်။
သည်ရှုံးနိမ့်မှုမှာ ဝူရှောင်ရှင်းကို အကြီးအကျယ် အကျိုး သက်ရောက် စေခဲ့ပြီး ရူးသွပ်လု နီးပါး ပေပင်။
ထို့ကြောင့် သူ၏ အမုန်း တရားမှာ၊ သင်ပုန်းချေ နိုင်စရာ အကြောင်း မရှိချေ။ ရှောင်းစီယီ မှာမူ၊ ဝူရှောင်ရှင်းအား တစ်ချက်ပင် လှည့် မကြည့်ဘဲ၊ လစ်လျူရှုကာ ဘိုင်လိရွှမ်ကို၊
“ သွား ရ အောင်။ ”
-ဟု ဆိုလိုက် လေသည်။
ဘိုင်လိရွှမ်က လင်းယွန်အား ခေါင်းညိတ်ပြကာ၊ လိုက်ပါ သွား၏။
“ အစ်ကိုကြီး သွားရအောင် ... ။ ”
လွန်ခဲ့သည့် လေးနှစ်က ခံစားခဲ့ ရသော နာကျင်မှုမှာ၊ သူ၏ စီနီယာ အစ်ကိုတွင် အမြစ် ပြတ်ခြင်း မရှိ သေးကြောင်း၊ ဂျီဝူယီ ခံစား မိသည်။
ရှောင်းစီယီကို ရင်ဆိုင် ရာ၌၊ သူ့ကိုယ်သူ တည်ငြိမ်မှု မရှိသေး သည်အား၊ သတိထား မိ သွားသော ဝူရှောင်ရှင်းက၊ သက်ပြင်း တစ်ချက် ချလိုက်သည်။
တစ်ဖက်လူ ထံမှ၊ လုံးဝ လျစ်လျူရှု ထားသော အသွင်ကြောင့်၊ သူ့ နှလုံးသား တစ်ခုလုံး ပူလောင် လာသည်။
သူတို့ ထွက်ခွာသွား ပြီးနောက်၊ ဖြစ်ပေါ် လာသော မငြိမ် မသက်မှုများ ပြီးဆုံးသွား ခဲ့၏။
“ အစ်ကိုကြီး ယွန်၊ မတွေ့ ရတာ အတော်ကြာ နေပြီနော် ... ။ ”
ယွဲ့ဝေဝေက ပြုံးကာ ဆိုသည်။ ထို အပြုံးတွင် နစ်မျော သွားခြင်း မရှိ စေရန်၊ မည်သူမျှ ကြိုးစား နိုင်မည် မဟုတ်ချေ။
“ ဟုတ်တယ် ... ၊ သွေးစွန်းသော ဧည့်ခံပွဲမှာ မင်းကို တွေ့ရဖို့ ငါ မျှော်လင့် မထားဘူး၊ မင်းက ငါ ထင်ထား တာထက် အများကြီး ပိုသန်မာ နေပုံပဲ။ ”
“ ဟီး ဟီး ... ၊ အစ်ကိုကြီး ယွန်လည်း အတူတူ ပါပဲ၊ အများကြီး သန်မာ လာတယ်၊ အခုရော စေ့စပ်ကြောင်း လမ်းဖို့ အတွက်၊ လက်ဆောင်တွေ ပြင်ဆင် နေပြီလား။ ”
သူမ စကားကြောင့်၊ လင်းယွန် မျက်လုံးပြူး သွားသည်။ လွန်ခဲ့သော နှစ်နှစ် ခန့်က သူ့အား ဟာသ လုပ်ခဲ့သည့် စကား ဖြစ်ကာ၊ ယခုထိ မှတ်မိနေ လိမ့်ဦး မည်ဟု၊ မထင် မိချေ။
“ သခင်လေး လင်း၊ ငါတို့ စံအိမ်ရဲ့ စီနီယာတွေက၊ ဓားတာအိုမှာ မင်းက ငါ့ထက် နည်းနည်း လေးသာ၊ ... ”
“ ... နိမ့်ပါး တယ်လို့ ပြောနေသံ ကြားဖူးတယ်၊ ကြည့်ရတာ သူတို့ မင်းကို လျှော့တွက် နေကြပုံ ပေါ်တယ်။ ”
ယွဲ့ဝေဝေကြောင့် အနည်းငယ် အဆင်မပြေ ဖြစ်နေ သည်ကို၊ နန်းဂွန်း ဝမ်းယူက ဝင်ရောက် ကယ်တင် လိုက်သည်။
လင်းယွန် ပတ်ပတ် လည်တွင် ပိုးစုန်းကြူးများ ကခုန် နေသည်ကို၊ မြင်လိုက် ရချိန်၌ သူ အံ့သြသွား ခဲ့သည်။
တစ်ဖက် လူ၏ ဓား ရည်ရွယ်ချက်ကို သူ မမြင်နိုင် ခဲ့ပေ။
“ မင်းက ... အရမ်း ယဉ်ကျေးလွန်း နေပါပြီ။ ”
လင်းယွန်က လက်ဝေ့ ယမ်းကာ တုန့်ပြန် လိုက်သည်။ တစ်ဖက် လူတွင် ဝိညာဉ်ရေး ဓား မရှိ သော်လည်း၊ လမ်းစဉ် ပြောင်းသွားသော ဓားမှာ၊ နဂါး ကဲ့သို့ ကြောက်စရာ ကောင်းနေ သည်ကို၊ သူ ခံစား နိုင်၏။
ထို့ကြောင့် နန်းဂွန်း ဝမ်းယူ တစ်ယောက် မည်သည့် လမ်းကို ရွေးခဲ့ သည်အား သိချင်လာ မိသည်။
ရှောင်းစီယီနှင့် ဝူရှောင်ရှင်းတို့ ထွက်ခွာ သွားသော်လည်း၊ နန်းဂွန်း ဝမ်းယူ ကျန်ရှိနေ သဖြင့်၊ လူ အများ၏ အာရုံကို စွဲဆောင် နိုင်ဆဲ ဖြစ်သည်။
နန်းဂွန်း ဝမ်းယူ ကဲ့သို့သော ပုဂ္ဂိုလ် မျိုးမှာ၊ လင်းယွန် အပေါ် ဤမျှ အာရုံစိုက် နေစရာ အကြောင်း မရှိ ချေ။
သို့သော် ဆန့်ကျင်ဘက် အနေဖြင့်၊ နန်းဂွန်းဝမ်းယူက၊ အမည်မဲ့ ထိုဓားသမားကို ရိုသေ လေးစား နေပုံ ရ၏။
သည့်အပြင် သူ့ ဘေးရှိ မိန်းကလေးမှာ၊ ချင်ရို့ယူထက် များစွာ လှပပြီး၊ ထို ဓားသမားနှင့် သိကျွမ်း နေလေသည်။
ဦးစွာ နေသာ စီရင်စု မြို့တော်၏ အလှ နတ်ဘုရား မိုလင်းက၊ ကိုယ်တိုင် ကိုယ်ကျ စကား ပြောရန် ထွက်လာ ခဲ့၏။
ထို့နောက် ပို၍ပင် ချစ်စရာ ကောင်းသော မိန်းကလေး တစ်ယောက် ရောက်ရှိ လာသည်။ ဤလင်းယွန်မှာ ဆန့်ကျင်ဘက် လိင်နှင့် ပတ်သတ်ပြီး၊ ကံကောင်း ခြင်းများ ရှိပုံ ရသည်။
လင်းယွန်နှင့် အတော် အတန် ရင်းနှီးသော ယန်းဖန် ပင်လျှင် မှင်တက် နေမိ၏။ သူနှင့် သိသည်မှာ ဓားတာအို၌ ထူးချွန်သော ပါရမီရှင် တစ်ဦးသာ မျှသာ ဖြစ်သည်။ ‘မြာစွံ’သော လင်းယွန် မဟုတ်ချေ။
“ ဘယ်လိုတောင် ... စိတ်ဝင်စားစရာ ကောင်းလိုက်တဲ့ ကောင်လဲ။ ”
ရန်လောင်ဇီက လင်းယွန်ကို အပြုံးဖြင့် ကြည့်နေ ခဲ့သော်လည်း၊ မျက်ဝန်းများ အတွင်၌ ကြောက်မက်ဖွယ် အေးစက်မှုများ ဖြစ်ပေါ် နေပေသည်။
( စေ့စပ်ကြောင်း လမ်းခြင်း၊ လက်ဆောင် တဲ့လား။ )
ချင်းယန်နှင့် ကိစ္စ အပေါ်၊ စိတ် မဝင်စား သော်လည်း၊ ယွဲ့ဝေဝေ နှုတ်ဆက်ရန် ထွက်သွား ခြင်းသည်၊ လင်းယွန်အား သေလူ တစ်ယောက် ဖြစ်သွား စေ၏။
သို့သော် ချင်းယန် ကဲ့သို့၊ အမှိုက် တစ်စ မဟုတ် သဖြင့်၊ လင်းယွန် အပေါ် ထို့ထက် ပို၍ စိတ်မဝင်စား မိချေ။ မသတ်ခင် တစ်ချက် ကြည့်ရုံ မျှသာ ရှိသည်။
မြို့ရိုး တံခါး ပေါ်သို့ ဆင်းသက် နိုင်သော လူအရေ အတွက် တိုးပွား လာပြီး မကြာခင်၊ စမ်းသပ်မှု ပြီးဆုံး သွား၏။
စစ်မှန်သော ကျွမ်းကျင်သူ များသာ၊ နဂါးမြစ်ကို အန်တုလျက် မြို့ရိုးပေါ် ဆင်းသက် လာနိုင် ပေသည်။
စမ်းသပ်မှု ပြီးဆုံး သွားသော အခါတွင်၊ နေမင်းက မြစ်ပေါ် မေးတင်လျက် ပြန်လည် ထွက်ပေါ် လာ၏။
ထို့နောက် ရှေးဟောင်း မြို့တော် တစ်ခုလုံး၊ တုန်ခါ လာပြီး မြစ်ပြင်မှာ နဂါးကြီး အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ် သွားသည်။
တစ်ချိန်တည်း မှာပင် မြေပြင်ရှိ အက်ကွဲ ကြောင်းများ၊ လုံးဝ ပြန်ပိတ် သွားတော့၏။ မြို့ တံခါး ပွင့်လာပြီး၊ အပြာရောင် အကာ အရံများ ကွယ်ပျောက် သွားသည်။
ထို့နောက် ဂိုဏ်း ပေါင်းစုံမှ လူအုပ်ကြီးက၊ မူလ အတိုင်း ပြန်ဖြစ် သွားသော လွင်ပြင်ကို ဖြတ်ကာ၊ မြို့ရိုး ထံသို့ လျှောက်လှမ်း လာကြသည်။
မြို့ရိုး ပေါ်တွင် ရပ်နေသော၊ ပါရမီရှင် လူငယ် များကို ကြည့်ပြီး၊ သူတို့ သွေးများ ပွက်ပွက်ဆူ လာတော့သည်။
လင်းယွန်က မြို့ရိုးကို လှည့်ပတ် ကြည့်ရှုကာ၊ အရေ အတွက်အား အကြမ်းဖျင်း ခန့်မှန်း ရေရွက် နေမိသည်။ ပါဝင်သူ တစ်သိန်း ခန့် ရှိသော်လည်း၊ တစ်သောင်းသာ အောင်မြင် ပေ၏။
တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီးတွင်၊ သန်းနှင့် ချီသော ကျင့်ကြံသူများ ရှိသဖြင့်၊ ဤအရေ အတွက်မှာ အမှန်ပင် နည်းပါး လှချေသည်။
စမ်းသပ်မှုကို အောင်မြင်ရုံ ဖြင့်ပင်၊ ထိုတစ်စုံ တစ်ယောက်မှာ ဂုဏ်ယူစရာ ကောင်းနေ ပေ၏။
ထို့နောက် မြို့ရိုး ပေါ်ရှိ လူငယ် များကို သက်ဆိုင်ရာ ဂိုဏ်း အသီးသီးမှ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ကြတော့သည်။
ကောင်းကင် မိစ္ဆာ ခန်းမ၏ အကြီးအကဲ များက၊ ယွဲ့ဝေဝေကို ခေါ်ဆောင်ရန် ရောက်ရှိ လာကြ ချိန်တွင်၊
“ စေ့စပ် ကြောင်းလမ်းခြင်း လက်ဆောင်တွေ ပြင်ပြီးရင်၊ ငါ့ကို ဆက်သွယ် လိုက်ပါ အစ်ကိုကြီး ယွန်။ ”
-ဟု ဆိုလျက် ပြုံးကာ လိုက်ပါ သွားတော့သည်။
သူမ စကားကြောင့် ကောင်းကင် မိစ္ဆာ ခန်းမ၏၊ အကြီးအကဲများ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ လင်းယွန်ထံ ခြိမ်းခြောက် လိုသည့် မျက်ဝန်း များဖြင့် စိုက်ကြည့် လာခဲ့သည်။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”
လင်းယွန်က နှာခေါင်းကို ပွတ်ကာ၊ ရေရွတ် လိုက်သည်။ ယင်လေ စီးကြောင်း အတွင်း ကြုံခဲ့ ရသော ဒုက္ခ များက၊ သူမကို ပြောင်းလဲပေး နိုင်ပုံ မပေါ်ချေ။
“ သခင်လေး လင်းက၊ အသိ မိတ်ဆွေ အတော် များတာပဲ၊ သူ့မှာ ကောင်းကင် မိစ္ဆာ ခန်းမက၊ အဖိုးကြီးတွေ ဂရုစိုက် ရအောင်၊ ... ”
“ ... မြင့်မားတဲ့ အဆင့် အတန်း တစ်ခု ရှိတယ်လို့ ငါ ကြား မိတယ်၊ ကိုယ်ကိုယ်ကို သတိ ထားဖို့ အကြံပေး ပါရစေ။ ”
မိုးလင်းက လျူယွမ်ယန်ကို ခေါ်ကာ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ကာကွယ်သူ မက်မွန်နှင့် မဟာချင် အင်ပါယာ အဖွဲ့ သားများ ရောက်ရှိ လာချိန်၌၊ လင်းယွန် အနား ဘယ်သူမှ မရှိ တော့ချေ။
မဟာချင် အင်ပါယာ၏ ရလာဒ်မှာ၊ ဤတစ်ကြိမ်လည်း ကံမကောင်း ခဲ့ချေ။ လူရိုင်း မျိုးဆက် သွေးကို ပိုင်ဆိုင် ထားသော၊ ဖန်းယီ တစ်ယောက် သည်သာ၊ စမ်းသပ်မှုအား အောင်မြင် လေသည်။
လရောင် ရေစင်၊ စီရွယ်ယီနှင့် ယွီချင်း တို့မှာ၊ အရည်အချင်း မပြည့်မီ သဖြင့်၊ နွမ်းလျသော အပြုံး ဖြင့်သာ နှုတ်ဆက် လာကြသည်။
“ မြို့ထဲ အရင် ဝင်ရအောင် ... ၊ သုံးရက် အတွင်း သွေးစွန်းသော ဧည့်ခံပွဲကို တရားဝင် ကျင်းပ လိမ့်မယ်။ ”
ကာကွယ်သူ မက်မွန်က လင်းယွန်အား ခေါ်ယူ လိုက်သည်။ သူတို့ အဖွဲ့ စကား စမြည် ပြောဆိုလျက်၊ လျှောက်လှမ်း လာခဲ့သည်။
“ သုံးရက် အတွင်းလား၊ ဘယ်သူက လက်ခံ ကျင်းပ မှာလဲ ... ။ ”
လင်းယွန်က စိတ်ဝင်တစား မေးသည်။ ဤသို့ ကြီးကျယ် ခမ်းနားသော ပွဲတော် တစ်ခု အတွက်၊ အုပ်စိုးသူ ကိုးဦး ကိုသာ ဦးဆောင်ခွင့် ပြုပါက၊ မကျေ မနပ် ဖြစ်ကြ မည်မှာ သဘာဝ ပေပင်။
ကာကွယ်သူ မက်မွန်က ... ၊
“ နဂါး တံခါး ပြိုင်ပွဲ တုန်းက၊ မဟာချင် အင်ပါယာကို ရောက်လာတဲ့ သံ တမန်ကို မှတ်မိ သေးလား၊ သူက တိမ်နဂါး မြို့ကို အုပ်ချုပ်တဲ့ လျှို့ဝှက် မဟာမိတ် အဖွဲ့ ကဘဲ၊ ... ”
“ ... သူတို့ အားလုံးက ကြားနေ အဖွဲ့ အစည်း တစ်ခု ဖြစ်တာကြောင့်၊ သွေးစွန်းသော ဧည့်ခံပွဲ ကလွဲရင်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့၊ ... ”
“ ... ဘာကိစ္စ ကိုမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး၊ ဒါကြောင့် လူတိုင်းက သူတို့ကို အိမ်ရှင် အဖြစ် လက်ခံ ထားတယ်။ ”
တိမ်နဂါး မြို့ အတွင်း၊ သန်းပေါင်း များစွာသော ကျင့်ကြံသူများ ဝင်ရောက်လာ သဖြင့်၊ ဆိတ်ညံ နေသည့် မြို့မှာ၊ ချက်ချင်း ဆူညံလာ တော့သည်။
ဦးစွာ ရောက်ရှိ နေသူ များက၊ နီးစပ်ရာ စားသောက်ဆိုင် များသို့၊ ဝင်ရောက် အနား ယူပြီး၊ ခွေးဆိုး မည်သူ ဖြစ်လာ နိုင်မည်ကို ခန့်မှန်း နေကြသည်။
ထိပ်ဆုံး (၁၀)ဦး အတွက်မူ၊ သူတို့ အားလုံး၏ အမြင်မှာ၊ အနည်းနှင့် အများ ဆိုသလို တူညီကြ ချေ၏။
ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါး တို့ကို စိန်ခေါ် နိုင်သော မျိုးဆက်သစ် ဘီလူးမျိုး မတွေ့ရှိ သေးချေ။
၎င်းတို့ ဆယ်ဦးမှာ၊ မယုံ နိုင်စရာ ကောင်းလောက်အောင် အစွမ်းထက် လှပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှ၊ အချိန် အတော်ကြာ ပျောက်ကွယ် နေခဲ့ ကြသည်။
လေးနှစ် ကုန်လွန် ပြီးနောက်၊ သူတို့ မည်မျှ သန်မာ လာမည်ကို မသိ နိုင်ကြချေ။ ယုဟိုရှင်း ၏ ရာထူးနှင့် ပတ်သက်၍၊ မထိတွေ့ နိုင်သော အရာ အဖြစ် သတ်မှတ် ကြသည်။
ထို့ကြောင့် ဝူရှောင်ရှင်းနှင့် ချင်ရို့ယူမှာ၊ ယခုနှစ်၌ ထိပ်ဆုံး ဆယ်ဦး စာရင်းသို့၊ ဝင်နိုင် မည်ဟုသာ၊ လက်လှမ်း မီရာ သုံးသပ်လာ ခဲ့ကြသည်။
သားရဲ ဒီရေတွင် ဝူရှောင်ရှင်းမှာ၊ အံသြဖွယ်ရာ စွမ်းဆောင် ပြနိုင်ပြီး၊ ချင်ရို့ယူ သည်လည်း အလင်း အမှောင် လမင်း ကမ္ဘာမှ ဖြစ်လေသည်။
ထို့ကြောင့် တစ်ယောက် ယောက်မှ၊ ထိပ်တန်း ဆယ်ဦး စာရင်းကို ပြောင်းလဲနိုင် မည်ဟု ဆိုခဲ့ ပါက၊ ၎င်းတို့ နှစ်ဦး အနက် တစ်ဦးသာ ဖြစ်နိုင် ပေ၏။
အခန်းငှား ပြီးနောက်၊ မြို့ထဲ လမ်းလျှောက်ရန်၊ ဖန်းယီမှ ခေါ်ငင် သော်လည်း၊ လင်းယွန်က ငြင်းပယ် လိုက်သည်။
ဤသို့ဖြင့် မျက်စိ တစ်မှိတ် အတွင်း သုံးရက်တာ ကုန်ဆုံး သွား၏။ သုံးရက်မြောက် နေ့၌၊ သွေးစွန်းသော ဧည့်ခံပွဲအား ကျင်းပ လာတော့သည်။
***