← Chapters

ပြိုင်ပွဲ နေ့။

Vol. 56 Ch. 773

ပြိုင်ပွဲ နေ့။

Vol. 56 Ch. 773

ပြတင်းပေါက်မှ အလင်းရောင်များ ကျရောက် လာသဖြင့်၊ ကုတင်ပေါ် ထိုင်နေသော လင်းယွန်၏ မျက်လုံးများ ပွင့်လာ ခဲ့သည်။

ထိုစက္ကန့်ပိုင်း အတွင်း မှာပင်၊ သူ့ ဓားက အခန်းထဲ တိုးဝင် လာသော နေရောင်ခြည်ကို ဖြိုခွင်းပစ် လိုက်၏။

ထိုဓား ရည်ရွယ်ချက်ကို မမြင် နိုင်ဘဲ တိုက်ခိုက် လာသည့် ရန်သူမှာ၊ သူ့ သေမင်းအား သူကိုယ်တိုင် ဖိတ်ခေါ် မိခြင်း သာမည် ပေမည်။

ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်နှင့် ပတ်သက်၍၊ ၎င်းအား အလွတ်လက်မဲ့ အသုံး မပြု ဝံ့ချေ။ ယင်းမှာ လူ များစွာ၏ စိတ်ကူးကို ကျော်လွန် နေပေသည်။

“ ... စတော့ မှာလား ...။ ”

အခန်း ထဲမှ နေ၍ လမ်းမ ပေါ်ရှိ ဆူညံ သံများကို ကြားနေ ရသည်။ ဤနေ့ မတိုင်မီ သွေးစွန်းသော ဧည့်ခံပွဲ အကြောင်းကို တွေးမိတိုင်း၊ သူ့ သွေးများ ပွက်ပွက်ဆူ လာတက်၏။

သို့သော် နဖူးတွေ့ ဒူးတွေ့ ရောက်ရှိ လာချိန်၌၊ မယုံနိုင် လောက်အောင် ငြိမ်သက် နေခဲ့သည်။

ရေချိုး ကိုယ်လက် သန့်စင် ပြီးနောက်၊ အခန်းပြင် ထွက်လိုက် ချိန်တွင် စီရွယ်ယီ တို့နှင့် အတူ၊ ဇိုယန်အား တွေ့မြင် လိုက်ရသည်။

ဇိုယန်မှာ မဟာချင် အင်ပါယာရှိ၊ နဂါး တံခါး ပြိုင်ပွဲ၌၊ ပါရမီရှင် ရှစ်ပါး စာရင်းသို့ မဝင်ရောက် နိုင် ခဲ့ချေ။

မဟာချင် အင်ပါယာမှ စွန့်ခွာ ပြီးနောက် တွင်ပင်၊ အခြားသော ဂိုဏ်းများနှင့် မပူးပေါင်း ခဲ့သဖြင့်၊ စမ်းသပ်မှုအား ဖြေဆိုခွင့် မရ သည်မှာ၊ စိတ်မကောင်း စရာ ဖြစ်သည်။

သူ့ခွန်အားမှာ ဖန်းယီထက် များစွာ သန်မာလှပြီး၊ အုပ်စိုးရှင် အင်အားစု၏ အမာခံ တပည့် များထက် ပို၍ သာလွန် ချေ၏။

သို့သော် ကြည့်ရှု ရခြင်း သည်လည်း၊ ဆိုးရွားသည့် အရာ မဟုတ်ကြောင်း၊ တည်တည် ငြိမ်ငြိမ်ဖြင့် ပြန်ပြော လာခဲ့သည်။

ထိုသို့ နေနိုင်ရန် ဇိုယန်၌ အခြားသော လျှို့ဝှက်ချက်များ ရှိကောင်း ရှိနိုင်၏။ ယင်းကြောင့် လင်းယွန်က ထပ်မဆို တော့ချေ။

“ သွေးစွန်းသော ဧည့်ခံပွဲကို သုံးကြိမ် သတ်မှတ် ကျင်းပ လိမ့်မယ်၊ ပထမ အကျော့က အမှတ်ပေး ပွဲစဉ်၊ ဒုတိယ အကျော့က ထုတ်ပယ်ရေး ပွဲစဉ်နဲ့၊ တတိယ အကျော့ ကတော့ အဆင့် သတ်မှတ်ပွဲ တွေပဲ။ ”

ကာကွယ်သူ မက်မွန်က လင်းယွန်နှင့် ဖန်းယီကို ဦးတည်ကာ ရှင်းပြ လိုက်သည်။

“ ပထမ အကျော့ကို ဒီနေ့ စမယ်၊ စမ်းသပ်မှု အောင်မြင်တဲ့ ပါရမီ ရှင်တွေ အကုန်လုံးကို အုပ်စု (၁၀)ခု ခွဲခြား ထားတယ်၊ ... ”

“ ... အုပ်စု တစ်ခုမှာ၊ ပြိုင်ပွဲဝင် (၇၀၀) ကနေ (၁၀၀၀) အထိ ရှိတယ်၊ မင်းတို့ရဲ့ အောင်ပွဲ တိုင်းက၊ ပယင်း ရောင်ဝါကို ရရှိ လိမ့်မယ်၊ ... ”

“ ... အဲ့ဒီ ရောင်ဝါကို အခြေခံပြီး ဒုတိယ အကျော့ တက်နိုင် ခွင့်ကို ဆုံးဖြတ် လိမ့်မယ်၊ ပယင်း ရောင်ဝါ ကုန်ဆုံး သွားရင် ... ”

“ ... မင်းတို့ရဲ့ ခရီးစဉ်က ပြီးဆုံး သွားပြီလို့ သတ်မှတ်တယ်၊ ဒါကြောင့် နှစ်ယောက် စလုံး ပြင်ဆင် ထားပါ။ ”

အုပ်စုတွင်း အမှတ်ပေး ပွဲစဉ် များမှာ၊ ရှုံးထွက် ပွဲစဉ် များနှင့်၊ မတူချေ။ အုပ်စုတွင်း ပွဲစဉ် များ၌ သန်မာသော ပြိုင်ဘက် များကို အရှုံးပေး နိုင်သည်။

“ ပယင်း ရောင်ဝါ ဆိုတာ ဘာလဲ။ ''

ဖန်းယီက မေးလာ သဖြင့်၊ ကာကွယ်သူ မက်မွန် တစ်ယောက် ပြုံးရယ် လိုက်ပြီး၊

“ ဒါက ဘာလဲ ဆိုတာ ... ဘယ်သူမှ အတိအကျ မသိ ပါဘူး၊ နဂါး ကံကြမ္မာ ဖြစ်တယ် ဆိုတာပဲ၊ အကြမ်းဖျင်း သိကြတယ်၊ ... ”

“ ... အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ ပြီးရင်၊ ဒါကို ပြန်လည် သန့်စင် နိုင်တယ် ဆိုတာတော့ ငါ သိတယ်၊ မင်းမှာ ပယင်း ရောင်ဝါတွေ လုံလုံ လောက်လောက် ရှိနေရင် ... ”

“ ... မင်း အတွက် အရမ်း အကျိုး ရှိမယ် ဆိုတာတော့ သေချာတယ်၊ ဒါပေမယ့် ထိပ်ဆုံး ဆယ်ယောက် ကလွဲလို့ ဒါကို ဘယ်သူမှ သေချာ မသိဘူး။ ”

တိမ်နဂါး အဆင့်မှာ တစ်ရာသာ ရှိ၏။ ကျန်သူများမှာ အိမ်ဖြည့် များသာ ဖြစ်ပေသည်။

သို့သော် လူတိုင်းက သူတို့ မည်မျှသွား နိုင်မည်ကို သိချင် ကြသည်မှာ၊ သဘာဝ ပေပင်။ တိမ်နဂါး မြို့တော်၏ မြို့လယ် ခေါင်တွင် နတ်နဂါး ရုပ်တု ကိုးခု ရှိသည်။

ရုပ်တု တစ်ခုစီ တိုင်း၏ ပါးစပ်မှ နေ၍၊ ဝိညာဉ် စွမ်းအင်များ မှုတ်ထုတ် ထားသော ရေကန် ကြီးများ ဖြစ်တည် နေသည်။

ထိုရေကန် များကို နဂါး ကိုးကန်ဟု လူ သိများပြီး၊ မည်သည့် အချိန် ကပင် ဖြစ်တည်နေ သည်အား၊ မည်သူမျှ မသိ ကြချေ။

ယင်းတွင် သွေးစွန်းသော ဧည့်ခံပွဲကို ကျင်းပ ပေမည်။ ထို့ကြောင့် ဝိညာဉ် စွမ်းအင်များ၊ ပို၍ သိပ်သည်း လှသော ရေကန် အစပ်တွင် ထိုင်ခုံ လုပွဲများ ဖြစ်လာကြ သော်လည်း၊ မဟာမိတ် အဖွဲ့မှ စနစ် တကျ ထိန်းသိမ်း နိုင်ခဲ့သည်။

ထိုင်ခုံများ ဆီသို့ လျှောက်လှမ်း နေလျက်မှ၊ လင်းယွန်နှင့် အဖွဲ့မှာ နဂါး ကိုးကန်ကို စူးစူး ရဲရဲ စိုက်ကြည့် လာမိ ကြသည်။

ဝိညာဉ် စွမ်းအင် များက၊ ရေကန် မျက်နှာ ပြင်ပေါ်၌၊ မြူများ အသွင် ဖြစ်တည် ဖုံးလွှမ်းနေ သဖြင့်၊ မြင်ကွင်း တစ်ရပ်လုံးမှာ၊ ရင်သပ် ရှုမောဖွယ် ကောင်းနေ ချေ၏။

ထို့ပြင် နတ်နဂါး ရုပ်တု ကိုးခု ထံမှ၊ ကြမ်းကြုတ်သော နဂါး အငွေ့ အသက်ကို ခံစား မိမည် ဖြစ်သည်။ ယင်းက ရုပ်တု များတွင်၊ ဝိညာဉ် ရှိနေ သည်ဟု ခံစား မိစေ၏။

“ ရုပ်တုတွေ နေရာ ချထား တာနဲ့ ပတ်သက်ပြီး၊ ထူးခြားတာ တစ်ခု ခုတော့ ရှိရမယ်။ ”

ရုပ်တု များကို တစ်ချက်ကြည့် ရုံဖြင့်၊ ၎င်းအနေ အထားမှာ ကောင်းကင်ဘုံ ကိုးခုနှင့် ဆက်စပ် နေကြောင်း၊ လင်းယွန်က သတိထား မိသည်။

ကောင်းကင်ဘုံနှင့် ထိုရုပ်တု များကြား ဆန်းကြယ်သော ရှေးဟောင်း နယ်မြေကြီး များကို၊ ဖုံးကွယ်ထား ပုံရ၏။

“ စင်မြင့် မရှိဘူး၊ ငါတို့ ရေကန် ပေါ်မှာ တိုက်ရမယ် ထင်တယ်။ ”

ဖန်းယီက ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြုံးကာ၊

“ ဒါက တော်တော် ကောင်းတယ်၊ ရေကန်တွေက ရိုးရှင်းပုံ မပေါ် သလို၊ ဒီလို တိုက်ခိုက် ရတာလည်း ကျေနပ် စရာပါ။ ”

-ဟု ဆိုလိုက်၏။

သူ့စကားကြောင့် ဇိုယန်က ပြုံးပြီး၊

“ ရေကန်က မြို့ပြင်မှာ၊ ကြုံခဲ့ ရတဲ့ မြစ်ပြင်နဲ့ အတူတူ ဆိုရင်၊ မင်း ကျေနပ် နိုင်ဦး မှာလား။ ”

-ဟု ပြန်မေး လိုက်သည်။

ဖန်းယီ မျက်နှာမှာ ချက်ချင်း ပြောင်းလဲ သွားပြီး၊ သူ့ လက်ကို ဝှေ့ယမ်းလျက်၊

“ အဲ့ဒါဆို ရင်တော့ မဟုတ်ဘူး။ ”

-ဟု ဆိုလိုက် တော့သည်။

သူတို့ အချင်းချင်း စကားစမြည် ပြောဆို နေကြစဉ်၊ ကျယ်လောင်သော နဂါး ဟောက်သံ တစ်သံ ထွက်ပေါ် လာသည်။

တပြိုင်နက် တည်းမှာပင်၊ ကောင်းကင်၌ တိမ်များ ပြောင်းလဲ လာပြီး၊ မိုးကုပ် စက်ဝိုင်း တစ်လျှောက် ပဲ့တင်ထပ် သွား၏။

ရုတ်တရက် ရှေးဟောင်း စင်မြင့်ကြီး (၁၀)ခု ရေကန် အတွင်းမှ တဖြည်းဖြည်း ထွက်ပေါ် လာလေ သည်။

ယင်းမှာ သွေးစွန်းသော ဧည့်ခံပွဲ ကျင်းပရာ၊ ‘ပျံသန်း နေသော နဂါး’ စင်မြင့်များ ဖြစ်၏။

တစ်ချိန်တည်း မှာပင် အဘိုးအို ဆယ်ယောက် ကောင်းကင်မှ ဆင်းသက် လာလေသည်။

၎င်းအဖိုးအို များမှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူများ ဖြစ်ကြပြီး၊ အနိမ့်ဆုံး သူပင် တတိယ ကောင်းကင်၌ ရှိနေ ကြ ပေ၏။

ဒိုင် အဖိုးအို (၁၀)ဦးက၊ စည်းကမ်းချက် များကို၊ တပြိုင်နက်တည်း ကြေငြာချက် ထုတ် ပြန်ခဲ့သည်။

စည်းမျဉ်း များမှာ တားမြစ် ရတနာ များနှင့်၊ တားမြစ် ဆေးများကို ပိတ်ပင် ထားပြီး၊ စကြ၀ဠာ လက်ရာ များနှင့် ချပ်ဝတ် များကို ခွင့်ပြု ထား၏။

သို့သော် သူတို့ မှတ်သား ထားရမည့် စည်းမျဉ်း တစ်ခုမှာ၊ တစ်ဖက်က ရှုံးနိမ့်ကြောင်း ဝန်ခံပြီး သည်နှင့်၊ ဆက်လက် တိုက်ခိုက်ခြင်း မပြု တော့ရန် ဖြစ်သည်။

အုပ်စု ပွဲစဉ်တွင် ပါဝင် သူတိုင်းကို၊ အနားယူရန် အချိန် များစွာ မပေးထား ခဲ့ချေ။ ထို့ကြောင့် အချိန်ကြာ လာသည် နှင့်အမျှ၊ ဒဏ်ရာများ ရရှိ လာနိုင် ပေမည်။

“ မင်းတို့ရဲ့ တိမ်နဂါး ကျောက်စိမ်းပြား တွေကို ကြည့်လိုက်ပါ၊ အုပ်စု ခွဲဝေမှုကို ဖော်ပြ ပေးလိမ့်မယ်။ ”

တရား သူကြီး ဆယ်ဦးက၊ ကျယ်လောင်သော အသံ များဖြင့်၊ ထပ်မံ ရှင်းပြ လာသည်။

လင်းယွန်က သူ့ခါး ပေါ်ရှိ ကျောက်စိမ်း ပြားထံ ငုံ့ကြည့် လိုက်ရာ၊ နံပါတ် (၇) ထွက်ပေါ် နေသည်ကို တွေ့လိုက် ရ၏။

ဖန်းယီကို ကြည့်လိုက် ချိန်၌၊ နံပါတ်(၉) ဂဏန်းမှာ တရွေ့ရွေ့ ဖြစ်ပေါ် လာတော့ သည်။

နန်းဂွန်း ဝမ်းယူသည် အဋ္ဌမမြောက် အုပ်စုတွင် ကျရောက် နေပြီး၊ ကျန်းဝူကျိမှာ ပထမ အုပ်စု ဖြစ်၏။

ကြည့်ရ သည်မှာ ဘုရင် သုံးပါးနှင့်၊ အထက်တန်းစား ခုနစ်ပါးကို မဟာမိတ် အဖွဲ့၏ အကြီးအကဲ များက၊ အစီစဉ် တကျ ခွဲထား ပေးပုံ ရချေပြီ။

“ ဒီကောင်က ... ၊ ငါနဲ့ အုပ်စု အတူတူ ပါလား။ ”

လင်းယွန်၏ ကျောက်စိမ်းပြား ပေါ်ရှိ၊ နံပါတ်အား မြင်လိုက် ရသော ချင်းယန်မှာ မျက်လုံးများ တောက်ပ လာသည်။

သူ့လက် ထဲရှိ ကျောက်စိမ်း ပြားကို တင်းတင်း ဆုပ်ကိုင် လိုက်ပြီး၊ ‘တိုက်ဆိုင် လိုက်တာ၊’ -ဟု ပြုံးလျက် ဆိုလိုက် တော့၏။

လင်းယွန် ကျရောက်ရာ၊ သတ္တမ အုပ်စု၏ စင်မြင့် ပေါ်သို့၊ အထွတ် အထိပ် ယန် အဆင့်မှ လူငယ် နှစ်ဦး၊ ခုန်တက်သွား ကြသည်။

တစ်ယောက်က ဓားသမား ဖြစ်ပြီး၊ နောက်တစ်ဦးမှာ လှံ သမား ဖြစ်၏။

နှစ်ဦးလုံးမှာ ခွန်အား တူညီ နေကြ သဖြင့်၊ သိုင်းကွက် တစ်ရာခန့် ဖလှယ်ပြီး မှသာ၊ အောင်နိုင်သူ ထွက်ပေါ် လာသည်။

ဓားသမားက တိုက်ပွဲကို အနိုင် ရပြီး၊ သူ့ပြိုင်ဘက် ထံမှ ပယင်း ရောင်ဝါ တစ်ဝက်ကို ရရှိ ခဲ့သည်။

ပယင်း ရောင်ဝါ တစ်ဝက် တိတိ၊ ဆုံးရှုံး သွားသော လှံသမား လူငယ် မျက်လုံးတွင်၊ အလင်း ရောင်များ မှိန်ဖျော့ သွား၏။

“ ဒီမြို့ကို လှမ်းဝင်လိုက် ကတည်းက၊ မင်းတို့ အားလုံးရဲ့ ကံကြမ္မာကို ပယင်း အငွေ့ အသက်နဲ့ ရောနှော လိုက်ပြီ၊ ဒါကြောင့် ပြိုင်ပွဲကို ရှုံးနိမ့် ခြင်းက၊ မင်းတို့ရဲ့ ကံကြမ္မာကို ဆုံးရှုံးခြင်း ... ပဲ ။ ”

ဒိုင် အဖိုးအိုက လှံ သမားကို ကြည့်ကာ၊ ရှင်းပြ လိုက်သည်။ တစ်ချိန်တည်း မှာပင် ပွဲစဉ် တိုင်းကို အောင်နိုင် ခဲ့သော်၊ အကျိုးကြီး မည်ဟု အဓိပ္ပါယ် ရပေ၏။

“ သတ္တမ အုပ်စု ... ၊ အဋ္ဌမ အကြိမ်မြောက် တိုက်ပွဲ၊ ချင်းယန်နဲ့ ယွမ်လိန်။ ”

ပြိုင်ပွဲ ဝင်များကို အဖိုးအို ကြေညာ လိုက်သည့် အခိုက်တွင်၊ လူအုပ်ကြား ရုန်းရင်း ဆန်ခတ် ဖြစ်ကုန် ကြသည်။

သူတို့ အားလုံး ထင်သည့် အတိုင်းပင်၊ ချင်းယန် ပြိုင်ဘက်မှာ ထိတ်လန့် စွာဖြင့်၊ ရှုံးနိမ့် ကြောင်း ဝန်ခံရန် ပြင်လိုက်၏။

“ ငါ … ။ ”

သို့သော် ချင်းယန်က ထိုအခွင့် အရေးအား၊ မပေး ခဲ့ဘဲ၊ စင်မြင့် ပေါ်မှ ကန်ချ ပစ်လိုက် သည်။ ရက်စက် လွန်းသော ကန်ချက်ကြောင့်၊ ယွမ်လိန် တစ်ယောက် သွေး တစ်လုတ် အန်လျက် လွင့်စင် သွား၏။

နာကျင်လွန်း သဖြင့် မျက်နှာ ဖြူဖျော့ သွားပြီး၊ စကား တစ်ခွန်းမှ မဆို နိုင်တော့ချေ။ သူးခရီးစဉ်မှာ ဤမျှနှင့် ပြီးဆုံး သွားခဲ့ ပြီးကို၊ သိရှိ လိုက်သည်။

“ ဒီလောက် အကြာကြီး စင်ပေါ်မှာ၊ ရပ်နေ ပြီးတာ တောင်မှ ရှုံးနိမ့် မှုကို ဝန် မခံချင် တာက၊ မင်းငါ့ကို အရေး မစိုက်တာနဲ့ အတူတူပဲ။ ”

ချင်းယန် မျက်လုံး များတွင် သနားခြင်း မရှိဘဲ ဟစ်အော် လိုက်သည်။ ကြမ်းကြုတ်သော သဘော ထားကို ပြသ ခြင်းဖြင့်၊ သတ္တမ အုပ်စုရှိ သူ့ ပြိုင်ဘက် များကို၊ ခြောက်လှန့် နေခဲ့၏။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး၊ လင်းယွန်မှာ အလှည့် မကျသေး သောကြောင့် အခြား စင်မြင့် များထံ၊ လှည့်ကြည့် မိသည်။

ဆဌမ စင်မြင့်၌ ယန်းဖန်က မျိုးဆက်သစ် လူငယ် တစ်ဦးဖြင့် တိုက်ခိုက် နေ၏။ ပြိုင်ဘက် လူငယ်မှာ၊ ကနဦး ယင်-ယန် အဆင့်၌ ရှိသော ပါရမီရှင် တစ်ဦး ဖြစ်သည်။

ပြင်ပ အဆင့်၌၊ ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း၊ ယန်းဖန် တစ်ယောက် ပြိုင်ဘက်အား၊ ခက်ခက် ခဲခဲ ရင်ဆိုင် နေရသည်။

သို့သော် ကံကောင်း စွာဖြင့်၊ အနိုင် ရလာဒ် ထွက်ပေါ် လာခဲ့သည်။ ပြိုင်ဘက်မှာ သူ့ထက် အားနည်းခြင်း မရှိဘဲ၊ အတွေ့ အကြုံ နည်းပါးခြင်း သည်သာ အားနည်းချက် ဖြစ်လာ ချေ၏။

ထို့ကြောင့် ယန်းဖန်အား ရှုံးနိမ့်သွား သော်လည်း၊ စိတ်ဓာတ် မကျဘဲ ပြုံးရယ်လျက် စင်မြင့် ပေါ်မှ ထွက်ခွာ သွားခဲ့သည်။

ယန်းဖန်သာ နောက်တစ်ကြိမ်၊ ဤလူငယ်နှင့် တိုက်ခိုက် ရပါ၊ ရှုံးနိမ့် ပေလိမ့်မည်။ ထို့ကြောင့် ထိုလူငယ်၏ အမည်ကို လင်းယွန်က မှတ်သား ထားလိုက်သည်။

ဖန်းဟန် လုဟွာ။ ထို့နောက် သူ့ အကြည့်အား အဋ္ဌမ စင်မြင့်သို့၊ ရွေ့ကြည့် လိုက်ရာ ဂျီဝူယီကို တွေ့လိုက် ရသည်။

ဂျီဝူယီက သူ့ ပြိုင်ဘက်ကို လုံးလုံး လျားလျား ဖိနှိပ်ထား နိုင်ခဲ့သည်။ သူတို့ တိုက်ပွဲမှာ၊ အတော် လေးပင် ရိုးစင်း လှပေ၏။

အခြား စင်မြင့်များ ပေါ်တွင်၊ အားကောင်းသည့် မျိုးဆက်သစ် ပါရမီရှင် များစွာကို၊ သတိထား မိလိုက်သည်။

ထိုပါရမီရှင် အများသည်၊ အထွတ် အထိပ် ယန် အဆင့် ၌သာ ရှိပေ၏။ ယင်ယန် အဆင့်သို့ ရောက်ရှိ ရန်မှာ၊ လွယ်လှသည် မဟုတ်ချေ။

ယင်-ယန် အဆင့် ရောက်ရှိ ခဲ့လျှင်ပင်၊ ကနဦးနှင့် အလယ်အလတ် အဆင့် သည်သာ ပို၍ များချေ၏။

အထွတ် အထိပ် ယင်-ယန် အဆင့် ကျွမ်းကျင်သူ များမှာ၊ အလွန် ရှားပါး လှပြီး၊ ကောင်းကင် ဝိညာဉ် နယ်မြေများ ကိုမူ မတွေ့ ရှိရ သေးချေ။

ယခင် ပြိုင်ပွဲတွင် ပါဝင် ခဲ့သည့် ထိပ်တန်း ပါရမီရှင် များမှ လွဲ၍၊ မျိုးဆက်သစ် များတွင် လုံးဝ မရှိ သည်မှာ သေချာသည်။

ပြိုင်ပွဲ အတွင်း ပါဝင်သည့် ထူးချွန်သူ အားလုံးကို အမျိုး အစား ခွဲခြား ထားသည်။ ပြိုင်ဘက် များမှာ တစ်ချက် တည်းဖြင့် ရှုံးနိမ့် သွားပါက၊ ထိပ်တန်း အဆင့် ပါရမီရှင်များ အဖြစ် သတ်မှတ် ချေ၏။

ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့ကို ရင်ဆိုင်ရ သူများမှာ၊ စင်မြင့်ပေါ် မတက်မီ ကပင်၊ ရှုံးနိမ့်ကြောင်း ဝန်ခံ ကြပေသည်။

“ သတ္တမ အုပ်စု၊ ပွဲစဉ် (၂၁) လင်းယွန်နှင့် မိုကွီ။ ”

ကျယ်လောင်သော အသံ တစ်သံ ထွက်ပေါ်လာပြီး၊ လင်းယွန်၏ အတွေး များကို ပြတ်တောက် သွားစေ ခဲ့သည်။

နောက်ဆုံး၌ ပြိုင်ပွဲ ဝင်ရန် အလှည့်ကျ လာပြီ ဖြစ်သည်။ သူ၏ ပြိုင်ဘက် သည်လည်း မျိုးဆက်သစ် ဓားသမား တစ်ဦး ပေပင်၊

ကျင့်ကြံမှုမှာ အလယ် အလတ် ယင်-ယန် အဆင့်တွင် ရှိပြီး၊ သူ့ မျက်လုံး များ၌ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် နေ၏။

“ ဓားသမား တိုင်းက ကျင့်ကြံမှု မြင့်မားတဲ့ သူတွေကို မတိုက်ခိုက် နိုင်ရင် အဓိပ္ပါယ် မရှိဘူး၊ မင်း အရမ်း မပျော့ညံ့ဖို့ ဆုတောင်း မိပါတယ်။ ”

မိုကွီက လက်နှစ် ဖက်ကို တင်းတင်း ပိုက်ကာ ပြုံးရယ် လိုက်သည်။ အသွင် အပြင် အရ၊ သူကိုယ့်သူ ယုံကြည်မှု ပြင်းထန်သူ တစ်ဦး ဖြစ်ကြောင်း သိသာ နေပေသည်။

“ မင်းကို ဓားဆွဲ နိုင်ဖို့ အချိန် ရှိခဲ့ရင်၊ ငါ ရှုံးတယ်လို့ သတ်မှတ် နိုင်တယ်။ ”

လင်းယွန်က တည်ငြိမ် စွာဖြင့် တုန့်ပြန် လိုက်တော့သည်။

***

All Chapters