← Chapters

ရင်သပ် ရှုမော ဖွယ်ရာ တိုက်ပွဲ။

Vol. 56 Ch. 774

ရင်သပ် ရှုမော ဖွယ်ရာ တိုက်ပွဲ။

Vol. 56 Ch. 774

လင်းယွန်၏ စကားကြောင့် လူ အနည်းငယ်မှာ မျက်မှောင်ကြုတ် ကုန်ကြ သည်။

လွန်ခဲ့သော သုံးရက်က မြို့ရိုး ပေါ်မှ၊ ဖြစ်စဉ်သည် လူ အချို့ကို၊ သတိထားမိ စေပြီမို့ သူ့ တိုက်ပွဲအား အာရုံစိုက် လာကြသည်။

နန်းဂွန်း ဝမ်းယူပင် လေးစား ရသော ဓားသမားမှာ မည်သို့ အစွမ်းထက် နိုင်ကြောင်း၊ မှန်းဆ လာကြ၏။

“ ငါ့ ဓားကို ဆွဲနိုင် ရုံနဲ့၊ မင်း အရှုံး ပေးမှာလား၊ ဘယ်လောက်တောင် မောက်မာ လိုက်လဲ ... ဟမ့် ။ ”

“ ဟား ဟား ဟား ... ၊ သူ့ ဓားက မိုကွီထက် ပိုမြန် တယ်လို့ ပြောနေ တာပဲ။ ”

“ ဝါကြွား နေတာပါ၊ မိုကွီနဲ့ သူက တူညီတဲ့ နယ်ပယ်မှာ ရှိတယ်၊ ခွန်အား အရာ မှာလည်း နိမ့်ကျပုံ မရဘူး။ ”

ဆွေးနွေး သံများ ညံလာ ကြသည်။ ကာကွယ်သူ မက်မွန်နှင့် မဟာချင် အင်ပါယာမှ အဖွဲ့သား များမှာ၊ လင်းယွန်၏ ပထမဆုံး တိုက်ပွဲ ဖြစ်သောကြောင့်၊ အလွန် စိတ်လှုပ်ရှား လာသည်။

မည်မျှပင် အကောင်း မြင်စိတ် ရှိနေ သော်လည်း၊ လင်းယွန် ခွန်အားကို ကိုယ်တိုင် ကိုယ်ကျ၊ မမြင်ထား ဖူးချေ။

ထို့ကြောင့် သွေးစွန်းသော ဧည့်ခံ ပွဲတွင်၊ မည်မျှ အထိ သွားနိုင် မည်ကို သူတို့ သိချင် သည်မှာ သဘာဝ ပေပင်။

“ ကောင်လေး၊ မင်း ... ငါ့ ဆီကနေ ဆယ်ကြိမ် တိတိ လက်ခံယူ နိုင်ဖို့သာ၊ စိတ်ပူ နေသင့်တယ်၊ ဟား ဟား ဟား ။ ”

မိုကွီက လင်းယွန် စကား အပေါ်၊ အလေးအနက် မထားဘဲ၊ ဟက်ဟက် ပက်ပက် ရယ်မော လိုက်သည်။

သည့်နောက် သူ့ ဓားရောင်ဝါကို ထုတ်လွှတ်ပြီး၊ နွားသိုးကြီး တစ်ကောင် ကဲ့သို့ လင်းယွန်ထံ ပြေးဝင် လာ၏။

ဆယ်မီတာ အကွာသို့ အရောက်တွင်၊ ညာလက်က သူ့ ဓားရိုးထံ ရွေ့သွားသည်။ ထိုအချိန်ထိ ပြိုင်ဘက်မှာ လုံးဝ မလှုပ်ရှား သေးသည်ကို မြင်နေ ရသဖြင့်၊ ဒေါသများ ချက်ချင်း တောက်လောင် လာ၏။

ဓားရောင်ဝါကို သူ့ဓား ထဲသို့ သိပ်သည်း စေလိုက် ပြီးနောက်၊ လင်းယွန် ရင်ဘတ်ကို ထိုးသွင်း ပစ်သည်။

လူတိုင်း အမြင်၌ လင်းယွန်မှာ၊ မလှုပ်ရှား သေးဘဲ၊ ငြိမ်သက် နေ၏။ သို့သော် လင်းယွန်က ဝိညာဉ်ရေး ဓားအား၊ မျက်ဝန်း များ၌ စုဆောင်း နေသည်ကို သူတို့ မမြင် နိုင်ချေ။

ထို့ကြောင့် လင်းယွန် မျက်ဝန်း တစ်စုံမှာ၊ ကြယ် နှစ်စင်း ကဲ့သို့ လျင်မြန်စွာ တောက်ပလာ တော့၏။

မိုကွီ၏ လှုပ်ရှားမှု များမှာ၊ ခရု တစ်ကောင် အလား နှေးကွေး လာပြီး၊ ခေါင်းအစ ခြေအဆုံး ဟာကွက်များ ထွက်ပေါ် လာသည်။

“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”

ရုတ်တရက် ရင်ဘတ်ထံ ဓားတစ်လက် ဝင်ရောက်လာ သကဲ့သို့ ခံစား လိုက်ရ လေရာ၊ ဓားအား ဆွဲမထုတ် တော့ဘဲ၊ အမြန် ပြန်ဆုတ် မိသည်။

စင်မြင့် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်သော အခါတွင်၊ မျက်နှာ တစ်ခုလုံး ဖြူဖျော့ သွား၏။

ငရဲဘုံမှ လွတ်မြောက် လာ သကဲ့သို့၊ သူ့ ခြေထောက်များ ပျော့ခွေ အားနည်း လာပြီး၊ ဖြစ်စဉ်ကို နားမလည် လိုက်ချေ။

လင်းယွန်ထံ ပြန် မော့ကြည့် လိုက်မိ ချိန်တွင်၊ သူ၏ အားနည်းချက် များကို တစ်ဖက် လူမှ မြင်နေ ရကြောင်း၊ ခံစားမိ လာသည်။

စူးရှသော အကြည့်သည်၊ သူ့အား မသက်မသာ ဖြစ်လာ စေပြီး၊ လင်းယွန်က ရှေ့ တစ်လှမ်း တိုးလိုက် ချိန်၌၊ သွေးအန်လျက် ဒူးထောက်ကျ သွားရ၏။

“ စင်ပေါ် ကနေ ဆင်း သွား ... ။ ”

ရှေ့သို့ ခြေ တစ်လှမ်း လှမ်းခြင်းသာ ဖြစ်သော်လည်း၊ မိုကွီ အနား ရိပ်ခနဲ ရောက်ရှိ လာကာ၊ လက်ဝါးဖြင့် ရိုက်ချ လိုက်သည်။

ထို့ကြောင့် ရင်ဘတ်ကို ကာကွယ် ထားသော၊ မိုကွီ၏ မူလ စွမ်းအင် အလွှာများ ပြိုကွဲ လာပြီး၊ နဂါး ကိုးကောင် ရေကန် ထဲသို့ ပြုတ်ကျ သွား၏။

“ မင်း အနိုင် ရတယ်။ ”

စကားဆုံး သည်နှင့်၊ လင်းယွန်အား မကြည့်ရဲ တော့ဘဲ၊ ထိတ်လန့် တုန်လှုပ် စွာဖြင့် ထွက်ခွာ သွားတော့သည်။

ရှုံးနိမ့်ကြောင်း ဝန်ခံလိုက် သဖြင့်၊ ပယင်း ရောင်ဝါ အချို့မှာ၊ လင်းယွန် ကေျာက်စိမ်းပြား ထံသို့ စိမ့်ဝင် လာသည်။

“ ကျေးဇူး တင်ပါတယ်။ ”

တိုက်ပွဲ အတွင်း လုပ်ရပ်များ အပေါ်၊ တွေးတော ပြီးနောက်၊ ဝိညာဉ်ရေး ဓား အသုံးပြု ခြင်းမှာ၊ အလွန် ရက်စက်ရာ ရောက်ကြောင်း နားလည် လိုက်သည်။

စိတ်ခွန်အား နည်းသူများ အတွက်၊ မသိလိုက်ဘဲ၊ ချက်ချင်း သေစေ နိုင်၏။

ဝိညာဉ်ရေး ဓားမှာ စိတ်နှလုံးကို တိုက်ရိုက် ဖြိုခွဲ နိုင်ပြီး၊ မူလ စွမ်းအင် ဖြန့်ကျက်မှု အပေါ်၊ နှောက်ယှက် နိုင်ချေသည်။

ထို့ကြောင့် ပေါ့ပေါ့ တန်တန် အသုံး မပြုတော့ရန် ဆုံးဖြတ် လိုက်သည်။ ပြိုင်ဘက် များသာ၊ ၎င်းအတွက် ပြင်ဆင်ထား ခြင်း မရှိ ပါက၊ သက်သာ လှမည် မဟုတ်ချေ။

ရှန်ရှင်းဓား ဖြင့်ပင်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးအား၊ သိမ်းပိုက်ရန် လုံလောက်နိုင် ပေသည်။

“ သူ နိုင်သွား တာလား ... ။ ”

လင်းယွန် တစ်ယောက် ပြိုင်ဘက်အား မည်သို့ အနိုင်ယူ ခဲ့သည်ကို၊ မသိလိုက် သဖြင့်၊ လူတိုင်း မျက်မှောင်ကြုတ် ကုန်သည်။

လင်းယွန်၏ ဓားရည်ရွယ် ချက်ကို သတိထား ကြည့်နေသော သူများသာ မြင်နိုင် သောကြောင့်၊ ၎င်းတို့ နားမလည် လိုက်သည်မှာ၊ သဘာဝ ပေပင်။

“ ကောင်လေး ... ၊ မင်းက ကောင်းကင် ဓားဂိုဏ်း ကလား၊ ဒီဓားက ကြောက်စရာ ကောင်း လိုက်တာ၊ ဟား ဟား ဟား ... ။ ”

သတ္တမ အုပ်စု၏ ဒိုင် အဖိုးအိုက ရယ်မော လိုက်သည်။ လင်းယွန် ဓားမှာ ဝိညာဉ်ရေး ဓား အဆင့်သို့၊ ရောက်ရှိ သွားကြောင်းကို သူ မသိနိုင် သော်လည်း၊ များစွာ ထက်ရှ သည်အား၊ သူ မြင်နိုင်သည်။

“ မဟုတ် ပါဘူး၊ ဒီဂျူနီယာက ဓားနန်းတော် ကပါ။ ”

လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေပြီး၊ လှည့်ထွက် လာခဲ့သည်။

“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ မျိုးဆက်သစ် ပါရမီရှင် တွေက လူဟောင်း တွေထက်၊ အများကြီး ပိုသန်မာ ကြတာပဲ။ ”

အုပ်စု (၇) အတွင်း၊ ခွေးဆိုး တစ်ကောင် ရှိလာပြီ ဖြစ်ကြောင်း၊ ဒိုင် အဖိုးအိုက နားလည် လိုက်သည်။ ထို့ကြောင့် သူ့မျက်ဝန်း များ၌၊ မျှော်လင့်ချက် အချို့၊ ထွက်ပေါ် လာတော့၏။

“ ပွဲစဉ် (၁၉)၊ ယန်တောင်းနဲ့ ဖန်းဝူရှောင်။ ”

ရုတ်တရက် ပွဲစဉ် ကြေငြာ သံက၊ လူတိုင်း၏ အားရုံကို လင်းယွန် ထံမှ ပြန်ယူ သွားခဲ့သည်။

“ ယန်တောင်း ... သူက ကောင်းကင် ဓားဂိုဏ်းက မဟုတ်လား၊ ယခင် ပြိုင်ပွဲမှာ တိမ်နဂါး အဆင့် (၂၀)ပဲ၊ သူ့ အဆင့်က ချင်းယန်း ထက်တောင် ပိုမြင့်တယ်။ ”

“ အုပ်စု (၇)မှာ ထိပ်တန်း အဆင့်၊ ထူးချွန် သူတွေ အများကြီး ပါနေတယ်။ ”

“ ဖန်းဝူရှောင် ဆိုတဲ့ လူက ဘယ်ဂိုဏ်း ဝင်လဲ။ ”

“ ကြည့်ရတာ ငါးကြိမ် အတွင်း ရှုံးနိမ့်မှာ သေချာတယ်။ ”

ပရိသတ် များက ထိပ်တန်း အဆင့် ပါရမီရှင်များ ပွဲစဉ်ကို၊ စိတ်အား ထက်သန်စွာ စောင့်မျှော် နေခဲ့ ကြသည်။

ယခု အချိန် အထိ၊ ထိပ်တန်း အဆင့် ထိုပါရမီရှင် များကို၊ လှုပ်ရှားမှု ငါးကြိမ်ထက် ပို၍၊ ရင်ဆိုင် နိုင်သော သူ မရှိ ခဲ့ချေ။

ဖန်းဝူရှောင် ဆိုသူက တည်ငြိမ် စွာဖြင့်၊ စင်မြင့်ပေါ် ဆင်းသက် လာသည်ကို မြင်သော အခါ၊ ယန်တောင်းက ပြုံးပြီး၊

“ ရှုံးနိမ့် တာကို ဝန်ခံ လိမ့်မယ်လို့၊ ငါ ထင်ခဲ့တာ၊ ဘုရင် သုံးပါးနဲ့ အထက် တန်းစား ခုနစ်ပါး တို့လို၊ ငါ့ ဂုဏ်သိက္ခာက မရှိသေး ဖူး ထင်ပါတယ်။ ”

ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါးတွင်၊ မည်သူမျှ စင်ပေါ်သို့ တက်ရောက် ကြခြင်း မရှိချေ။

ပြိုင်ဖက် များက ရှုံးနိမ့်ကြောင်း ချက်ချင်း ဝန်ခံကြ ပေသည်။ ယင်းမှာ ထိုသူ များကို ရိုသေ လေးစားသော အပြုအမူ တစ်ရပ် ဖြစ်ပြီး၊ ဂုဏ် ကျက်သရေအား ပို၍ တက်စေ၏။

“ အမှန်ပဲ ... ၊ မင်းက သူတို့နဲ့ ယှဉ်ရင် ဘာမှ မဟုတ် သေးပါဘူး။ ”

ဖန်းဝူရေှာင်က မျက်နှာ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ ပြန်ဖြေ လိုက်သည်။ သူ့ တုန့်ပြန် မှုကြောင့်၊ ယန်တောင်း တစ်ယောက် မျက်နှာ မည်မှောင် သွား၏။

ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့ဖြင့်၊ မယှဉ် နိုင်ဟု ပြောသော အခါတွင်၊ အနည်းငယ် နိမ့်ချမှု ရှိခဲ့သည်။

သို့သော် တစ်ဖက် လူမှ ယင်းသို့၊ ထုတ်ဖော် ပြောဆို လာခြင်းသည်၊ သူ့အား အရှက် ခွဲခြင်း မည်ပေ၏။

ထို့ကြောင့် ဖန်းဝူရှောင်မှ ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ လျှင်ပင်၊ သနား ညှာတာရန် စိတ်ကူး မရှိ တော့ချေ။

“ မင်း ပြောတာ မှန်တယ်၊ ဒါပေမယ့် မင်းလည်း ငါ့ မျက်လုံး ထဲမှာ၊ ဘာမှ မဟုတ် ပါဘူး။ ”

ယန်တောင်းက နှာခေါင်းရှုံ့လျက်၊ လေရဟတ် တစ်စင်း ကဲ့သို့ လည်ပတ် နေသော ဓားရောင်ခြည် (၁၈) စင်းကို၊ ထုတ်လွှတ် လိုက်သည်။

“ ချွမ် ... ။ ”

ထို့နောက် ကြက်သွေးရောင် ဓားကို ဆွဲထုတ် လိုက်သည်။ စက္ကန့်ပိုင်း အတွင်း ဓား အရှိန်အဝါ များ ပေါက်ကွဲပြီး၊ ကောင်းကင်အား ဖုံးလွှမ်း သွား၏။

“ ဒါ ... မဟာ စီးဆင်းခြင်း ဓားသုတ္တန်ပဲ။ ”

“ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တခွင်မှာ၊ အလွန်အစွမ်း ထက်တဲ့ ဓားသုတ္တန် မဆိုနဲ့၊ သာမာန် ဓားသုတ္တန် တစ်ခု ကိုတောင် ရှာတွေ့ဖို့ ဆိုတာ မလွယ်ဘူး။ ”

ပတ်ဝန်းကျင်မှ ပြောဆို နေသော စကား များကို၊ လင်းယွန် တစ်ယောက် တိတ်တဆိတ် နားထောင် နေခဲ့သည်။

မဟာ စီးဆင်းခြင်း ဓားသုတ္တန်မှာ၊ အမှန် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းပေ၏။ ဤသည်မှာ ဓားဂိုဏ်းမှ အမွေ ဆက်ခံ ခဲ့သော ပညာရပ် ဖြစ်သည်ကို၊ သူ သိထားသည်။

အမြင့်ဆုံး အဆင့်သို့ ရောက်ချိန်၌၊ ကောင်းကင်၌ ဓား အလင်းပေါင်း (၉၉၉) လက်ကို ထုတ်ဖော် စုစည်း နိုင်မည် ဖြစ်သည်။

ထက်ရှသော ဓားမြည်သံ နှင့်အတူ၊ ရာနှင့်ချီသော ဓားရိပ်များ ဖြစ်ပေါ် လာစေရန်၊ တန်ယောင်းက ထပ်ကာ ထပ်ကာ တွန်းထုတ် လိုက်၏။

ဤအကွာ အဝေးမှ နေ၍၊ ယန်တောင်း၏ ၎င်းဓားချက် များကို ရှောင်ရှားရန်၊ ဖန်းဝူရှောင် အတွက်၊ လွယ်ကူ နိုင်မည် မဟုတ်ချေ။

သို့သော် ဖန်းဝူရှောင်က ယန်တောင်း၏ တိုက်ခိုက်မှုကို မရှောင် ခဲ့ဘဲ၊ လက်သီး ဆုပ်ပြီး လျှပ်စီး စွမ်းအင် များဖြင့်၊ ပြန်လည် ထိုးနှက် လိုက်သည်။

“ ဟိတ် ... ။ ”

ဓားအလင်း များက လျှပ်စီး ကြောင်းနှင့် ရင်ဆိုင် ရသော အခါတွင်၊ လည်ပတ် နေသော အရှိန်မှာ၊ ရပ်တန့် သွား၏။

ထို့နောက် တောက်ပသော ကြယ်တာရာ တစ်စင်း ကဲ့သို့၊ ဖန်းဝူယောင်က ဖြည်းညှင်းစွာ ဖြတ်လျှောက် လာသည်။

“ လျှပ်စီး ရည်ရွယ်ချက် ... ။ ”

ပြိုင်ဘက်မှာ သိုင်းရည်ရွယ်ချက် တစ်ခုကို နားလည် နေသူ တစ်ဦး ဖြစ်ကြောင်း သိလိုက်ရ သဖြင့်၊ ယန်တောင်း တစ်ယောက် ထိတ်လန့် သွားသည်။

ဖန်းဝူရှောင်က လျှပ်စီးအား ထိန်းချုပ်ပြီး၊ ကောင်းကင်မှ ပြိုကျ လာသော ဓားရိပ် များကို ဖျက်ဆီး ပစ်လိုက်သည်။

၎င်း ရလာဒ်မှာ သိုင်း ရည်ရွယ်ချက် အမျိုး အစား များနှင့်၊ မသက် ဆိုင်ခေျ။ ကျွမ်းကျင်မှု ဖြင့်သာ သက်ဆိုင် ချေသည်။

ဉပမာ ရှန်ရှင်း ဓားချင်း တူပါက၊ ပို၍ ကျွမ်းကျင် နေသော လင်းယွန်မှ ပြိုင်ဘက် အပေါ်၊ ကောင်းစွာ ထိန်းချုပ် နိုင်မည်။

အလား တူပင် ဖန်းဝူယောင်၏ လျှပ်စီး ရည်ရွယ်ချက်မှာ၊ အလယ် အလတ် အဆင့်သို့ ရောက်ရှိ နေသောကြောင့်၊ လူများစွာ အသိကို ကျော်လွန် သွားခဲ့သည်။

လူတိုင်း အံ့အားသင့် နေချိန်တွင်၊ စင်မြင့်ပေါ်၌ လှုပ်ရှား မှုပေါင်း၊ ဆယ်ကြိမ်မျှ ဖလှယ် လိုက်ကြပြီး ဖြစ်သည်။

နှစ်ယောက်သား လက်ရည် ညီလှ သဖြင့်၊ ပတ်ဝန်းကျင်၌ မူလ စွမ်းအင်များ ပျံ့ကျဲ နေပေ ၏။

ဤအခိုက်တွင် ဖန်းဝူရှောင်မှာ၊ ထိပ်တန်း အဆင့် ထူးချွန်သူ များနှင့် ယှဉ်ပြိုင်ရန်၊ အမှန် တကယ် အရည်အချင်း ရှိကြောင်း၊ နားလည် ကုန်ကြသည်။

“ ကောင်းကင် ဖျက်ဆီးခြင်း ဓား ... ။ ”

ယန်တောင်းက စိတ်တို လာပြီး၊ သူ၏ အပြင်းထန် ဆုံးသော ဓားချက်ကို ထုတ်ဖော် လိုက်ရာ၊ ကောင်းကင် တစ်ခုလုံး မီးလျှံများ ပြည့်နှက် သွား၏။

“ မ ဆိုး ဘူး ... ။ ”

ပြိုင်ဘက် ဓားမှာ၊ အစွမ်းထက် သည်ကို မြင်နိုင် သဖြင့်၊ ဖန်းဝူရှောင် တစ်ယောက် မျက်ဝန်းများ မှေးစင်း သွားသည်။

ဓား ရည်ရွယ်ချက်နှင့် ဓား သုတ္တန်ကို အပြည့်အဝ ပေါင်းစပ်ထား သောကြောင့်၊ မီးလျှံ များက ချက်ချင်း လောင်ကျွမ်းစေ နိုင်သည်။

“ ဒါပေမယ့် မင်းမှာ ရှိတာ၊ ဒါ အကုန် ဆိုရင်တော့ ရှုံးနိမ့် တာကို ဝန်ခံ သင့်တယ်၊ မိုးကြိုး ဖျက်ဆီးခြင်း ... ။ ”

လျှပ်စီး စွမ်းအင်များ၊ ဖန်းဝူရှောင် ခန္ဓာကိုယ် ပေါ်၌ တဖျပ်ဖျပ် တောက်ပ လာပြီး၊ အရှိန်ဖြင့် တဟုန်ထိုး ပြေးထွက် လာသည်။

ရှေ့ တစ်လှမ်း တိုးလိုက် ချိန်၌၊ ကျယ်လောင်သော ပေါက်ကွဲ သံကြီး နှင့်အတူ၊ ရေကန် အတွင်း လှိုင်းလုံးများ ဖြစ်ပေါ် လာ၏။

ထို့နောက် ဖန်းဝူရှောင်က ကောင်းကင်ပေါ်၊ ခုန်တက် သွားပြီး မီးလျှံ များကို လက်သီးဖြင့် ထိုခွဲ ငြိမ်းသတ် ပစ်လိုက်သည်။

ယန်တောင်းမှာ သွေးအန်လျက် ကောင်းကင်မှ ကြမ်းပြင်ပေါ် ပြုတ်ကျလာ တော့၏။

တစ်ဖက်တွင် ဖန်းဝူရှောင် ခန္ဓာမှ၊ လျှပ်စီးများ ဖြာထွက် နေပြီး၊ စင်မြင့် ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက် လာခဲ့သည်။

သတ္တမ အုပ်စု အတွင်း၊ ပွဲစဉ် များကို အာရုံစိုက် နေမိ သူများက၊ ဤမြင်ကွင်းကြောင့် တိတ်ဆိတ် သွားကြ တော့သည်။

အုပ်စု ပွဲစဉ် ၌ပင် တိမ်နဂါး အဆင့်၊ ပါရမီရှင် တစ်ဦးအား အနိုင်ယူ နိုင်သော၊ မျိုးဆက်သစ် ပါရမီ ရှင်များ၊ ထွက်ပေါ် လာပြီ ဖြစ်လေသည်။

***

All Chapters