← Chapters

ဓားဆွဲခြင်း။

Vol. 56 Ch. 775

ဓားဆွဲခြင်း။

Vol. 56 Ch. 775

လင်းယွန်မှ လွဲ၍ လူတိုင်းက ဖန်းဝူရှောင် တစ်ယောက် အနိုင်ရ မည်ဟု မမျှော်လင့် ထားမိ ခဲ့ပေ။

သူ့ ပြိုင်ဘက်မှာ ထိပ်တန်း အဆင့် ပါရမီရှင် ယန်တောင်း ဖြစ်လေသည်။ သို့သော် ပြိုင်ဘက် အပေါ်၊ လျှော့တွက် ထားမိသော ယန်တောင်း အနေဖြင့်၊ သူ့ အမှားကို သိလိုက် ရချိန်၌၊ နောက်ကျ သွားပြီ ဖြစ်၏။

ဖန်းဝူရှောင်မှာ သူ့ထက် အားနည်းခြင်း မရှိ သောကြောင့်၊ အနည်းငယ် ချို့ယွင်း ချက်လေး တစ်ခု ကပင်၊ ရလာဒ်ကို ဆုံးဖြတ် ပေးခဲ့သည်။

ထိပ်တန်း ပါရမီရှင် တစ်ဦး၏ ရှုံးပွဲကြောင့် လူအုပ် ကြားတွင်၊ ရုန်းရင်း ဆန်ခတ် ခြင်းများ ဖြစ်လာ တော့၏။

ဤသည်မှာ သွေးစွန်းသော ဧည့်ခံပွဲ၏ ရင်သပ် ရှုမော ဖွယ်ရာ အလှည့် အပြောင်းများ ဖြစ်ပေသည်။

အခြား အုပ်စု များတွင် တိမ်နဂါး အဆင့် ကျွမ်းကျင် သူများ ပါရှိ သော်လည်း၊ ၎င်းတို့၏ ပြိုင်ဘက် များမှာ၊ အလွန် အားနည်း လှပေ၏။

ထိုကြောင့် တိုက်ပွဲ များမှာ၊ လှုပ်ရှားမှု ငါးကြိမ် အတွင်း ရလာဒ် ထွက်ပေါ် လာမည် ဖြစ်သည်။

လင်းယွန်နှင့် ယှဉ်ပါက၊ ဖန်းဝူရှောင်၏ အောင်ပွဲမှာ ပို၍ စိတ်ဝင်စားဖွယ် ကောင်းချေပြီ။

“ ဒီ ဖန်းဝူရှောင်က တကယ် သန်မာတယ်၊ သူ ဘယ်က လာတာလဲ။ ”

“ ဘယ်လိုလုပ် သိမှာလဲ၊ သူ့လို ပါရမီရှင် မျိုးတွေ သွေးစွန်းသော ဧည့်ခံပွဲ တိုင်းမှာ ထွက်ပေါ် နေကြပါ။ ”

“ အရင် ပြိုင်ပွဲ တုန်းက ယုဟိုရှင်း ပေါ်လာတယ်၊ သူ့ဂိုဏ်းက လူတိုင်းတောင် သူ့ကို မသိခဲ့ဘူး၊ လူတိုင်းကို အနိုင်ယူ ပြမှသာ သိကုန် ရတာ မဟုတ်လား။ ”

“ အမှန်ပဲ အခုလည်း၊ ဒီဖန်းဝူရှောင်က ခွန်အားကို ဖုံးကွယ်ထား တယ်လို့ ငါခံစား မိတယ်၊ ရှုံးထွက် အဆင့်မှာ သူ့ရဲ့ စွမ်းဆောင် ရည်ကို ပိုမြင် ရလိမ့်မယ်။ ”

“ သတ္တမ အုပ်စုနဲ့ ယှဉ်ရင်၊ တခြား အုပ်စု တွေက သိပ် စိတ်ဝင် စားစရာ မကောင်း ပါဘူး။ ”

ဖန်းဝူရှောင် တိုက်ပွဲကို အခြေခံကာ လူတိုင်းက ဆွေးနွေး လာကုန် ကြသည်။ အခြား အုပ်စု များမှ ထူးချွန်သူများ သည်လည်း၊ သူ့ကို အာရုံစိုက် တေးမှတ် သွား၏။

ထို့နောက် ပြိုင်ပွဲမှာ၊ ပုံမှန် အတိုင်း ဆက်လက် ကျင်းပ နေခဲ့ပြီး၊ အများ စုက သန်မာသော ပြိုင်ဘက်မှန်း သိသည်နှင့်၊ ရှုံးနိမ့် မှုကို ဝန်ခံ ကြသည်။

အုပ်စုတွင်း ပွဲစဉ် များ၌၊ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိ မိပါက၊ ဉာဏ်နည်း လွန်းရာ ကျပေမည်။

အများ စုမှာ၊ သိုင်းကွက် (၁၀)ကွက် အတွင်း ရလာဒ် ထွက်ပေါ် တက်ကြပြီး၊ သိုင်းကွက် (၅၀) ကျော် အထိ၊ ယှဉ်ပြိုင် ရခြင်းမျိုး မရှိပေ။

နောက်ထပ် တိုက်ပွဲ များတွင်၊ ဝိညာဉ်ရေး ဓားကို မသုံး သောကြောင့်၊ လင်းယွန်အား လူ အများက သတိ မထား မိတော့ချေ။

ထို့ကြောင့် အခြားသော အုပ်စု များမှ၊ ပြိုင်ဘက် များ၏ အာရုံစိုက် မှုကို ရှောင်ရှားနိုင် ခဲ့သည်။

ဖန်းယီမှာ ကံမကောင်း စွာဖြင့်၊ သုံးပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ သောကြောင့်၊ သူ၏ ပယင်း ရောင်ဝါ ကုန်ဆုံး လုနီးပါး ဖြစ်လာ လေသည်။ နောက်ထပ် တစ်ပွဲသာ ရှုံးနိမ့် ပါက၊ ထွက်ခွာ ရမည် ဖြစ်၏။

ဘိုင်လိရွှမ် မှာမူ မျိုးဆက်သစ် ပါရမီရှင် တစ်ဦး အဖြစ် တောက်ပ နေခဲ့၏။ နဂါး ဓားသုတ္တန်ကို ထုတ်ဖော်ရန် မဆိုနှင့်၊ လှုပ်ရှားမှု ဆယ်ကြိမ် ထက် ပို၍၊ တောင့်မခံ နိုင်သော၊ ပြိုင်ဘက် မျိုးပင် မရှိချေ။

ဓားတာအို၌ များစွာ တိုးတက် ခဲ့ပြီး၊ ဓားအလင်း များတွင် လျှပ်စီးများ ရောယှက် လင်းလက် နေပေ၏။

ဘိုင်လိရွှမ် တစ်ယောက် လျှပ်စီး ရည်ရွယ်ချက်ကို ရိပ်စား မိနေ ကြောင်းကို၊ လင်းယွန်မှ မှန်းဆနိုင် ပေ၏။

များမကြာခင် သန်မာသော ပြိုင်ဘက် တစ်ဦးနှင့်၊ ဘိုင်လိရွှမ် ရင်ဆိုင် လိုက်ရသည်။

နှစ်ယောက်သား အချိန် အတော်ကြာ အပြန်ပြန် အလှန်လှန် တိုက်ခိုက် နေခဲ့ ကြပြီး၊ နောက်ဆုံးတွင် ဘိုင်လိရွှမ်မှ သူတော်စင် ခန္ဓာ၏ အရှိန်အဝါအား၊ စတင် ထုတ်လွှတ် လာသည်။

အကြိမ် တစ်ရာ လှုပ်ရှား ပြီးနောက် ပြိုင်ဘက်က ရှုံးနိမ့်ကြောင်း ဝန်ခံ လာ၏။ သို့သော် ဝန်ခံပြီး သည့်တိုင်၊ ပြိုင်ဘက် လူငယ် မျက်လုံးများ ထဲတွင်၊ တွန့်ဆုတ်မှု များဖြင့် ပြည့်နှက် နေသေး၏။

“ ... သူတော်စင် ခန္ဓာ ကိုယ်သာ မရှိရင်၊ ငါ့ကိုမင်း လွယ်လွယ်နဲ့ အနိုင်ယူ နိုင်မှာ မဟုတ် ဘူး၊ ရှုံးထွက် အဆင့်မှာ ငါ့တို့ ပြန်တွေ့ ကြမယ်။ ”

“ သူတော်စင် ခန္ဓာလား ... ၊ ငါ့ မှာ သူတော်စင် ခန္ဓာ ရှိတာ နဲ့ပဲ၊ ဘုရင် သုံးပါးနဲ့ ပါရမီရှင် ခုနစ် ပါးကို၊ အနိုင်ယူ နိုင်လိမ့် မယ်လို့၊ မင်း ပြောနိုင်လား။ ”

ပြိုင်ဘက် စကားကြောင့်၊ ဘိုင်လိရွှမ်မှာ ပြောင်းလဲ သွားခြင်း မရှိဘဲ၊ တည်ငြိမ်စွာ တုန့်ပြန် လိုက်သည်။

လွန်ခဲ့သည့် တစ်နှစ်က လင်းယွန်ထံ ရှုံးနိမ့် ပြီးနောက်၊ သူတော်စင် ခန္ဓာ အပေါ်၊ ဂုဏ်ယူမှု မရှိ တော့ပေ။

လင်းယွန်မှာ စတွေ့ ချိန်က၊ ပုရွက်ဆိတ် တစ်ကောင်ထက် မပိုခဲ့ သော်လည်း၊ တက်လှမ်း လာနိုင်သည်။

ထို့ပြင် မဟာချင် အင်ပါယာ အပြင်၌၊ ပါရမီရှင် များစွာနှင့် တွေ့ဆုံ ရပြီးနောက်၊ သူတော်စင် ခန္ဓာ ကိုယ်မှာ အထင်ကြီး စရာ မဟုတ်ကြောင်း၊ နားလည် လာခဲ့သည်။

လုံလောက်သော သန်မာမှု မရှိပါက၊ သူတော်စင် ခန္ဓာ ပိုင်ရှင်ပင်၊ ရိုက်နှက် ခံရနိုင် ပေမည်။

ထို့ကြောင့် ပြိုင်ဘက်ထံ တစ်ချက်သာ ကြည့်ပြီး ကျောခိုင်း လျက်ဖြင့်၊

“ မင်းရဲ့ အမြင်က အရမ်း နိမ့်ကျလွန်း နေတယ်၊ ဒီထက် ဝေးဝေးကို မင်း သွားနိုင်မှာ မဟုတ် တော့ဘူး။ ”

-ဟု ဆိုကာ၊ ထွက်ခွာ သွားတော့သည်။

ဘိုင်လိရွှမ်မှာ နဂါးဓား သုတ္တန် ကိုပင် မသုံး ခဲ့ချေ။ မြောက်ပင်လယ်မှ ပြန်ပြီးနောက် များစွာ တိုးတက် သွားပုံ ရသည်။ ထို့ကြောင့် လင်းယွန်ကို ပြုံးမိ စေ၏ ။

“ ဒီ နှစ်ပြိုင်ပွဲက တကယ့်ကို၊ ပုန်းကွယ် နေတဲ့ နဂါး တွေနဲ့၊ ပြည့်နှက် နေတာ ပါလား၊ ဘုရင် သုံးပါးနဲ့ အထက် တန်းစား ခုနစ်ပါး မဆိုနဲ့၊ မျိုးဆက်သစ် ပါရမီရှင် တွေရဲ့ ဖိအား ကတင်၊ ကြောက်စရာ ကောင်းလိုက်တာ ... ။ ”

ဂျီဝူယီက တီးတိုး ရေရွတ် လိုက်သည်။ သူ့ အနေဖြင့် အုပ်စုတွင်း ပွဲစဉ် များကို၊ ကောင်းမွန်စွာ စွမ်းဆောင် နိုင်ပြီး၊ တစ်ကြိမ်သာ ရှုံးနိမ့် ထားချေသည်။

သို့သော် ဖိအားများ သက်ရောက် နေဆဲ ဖြစ်သဖြင့်၊ သက်ပြင်း တစ်ချက် ခိုးချ လိုက်မိ တော့သည်။

ယန်းဖန် မှာမူ၊ ရှုံးပွဲ များစွာ ကြုံခဲ့ရ သော်လည်း၊ ရှုံးထွက် အဆင့်သို့ တက်ရောက် နိုင်ရန်၊ မျှော်လင့်ချက် ရှိနေသည်။

“ ဟား ဟား ဟား ... ။ ”

အခြား တစ်ဖက်တွင်၊ ဝူရှောင်ရှင်းက ထိုင်ရာမှ မထဘဲ၊ အထိန်း အကွပ် မဲ့စွာဖြင့်၊ အော်ဟစ် ရယ်မော နေခဲ့ ပေ၏။ သူ့ ပြိုင်ဘက် တိုင်းက စင်ပေါ် တက်ရန်၊ သတ္တိ မရှိ ကြချေ။

နောက်ဆုံးတွင်၊ ယခင် ပြိုင်ပွဲမှ သူ၏ ဂုဏ်သတင်းမှာ၊ လိုက်ပါ နိုင်ဆဲ ဖြစ်လေသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သည် နှင့်အမျှ၊ မျိုးဆက်သစ် ပါရမီရှင်များ ထွက်ပေါ် လာခဲ့သည်။

ထောင်စုနှစ် အတွင်း စိတ်လှုပ်ရှား စရာ အကောင်း ဆုံးသော ပြိုင်ပွဲကြီး အဖြစ်၊ တညီ တညွှတ်တည်း သဘောတူ လာကြ၏။

“ တိမ်နဂါး အဆင့် ပါရမီရှင် တွေတောင်၊ ရှုံးပွဲတွေ ရှိလာပြီ၊ ဘိုင်လိရွှမ်နဲ့ ဖန်းဝူရှောင်လို မျိုးဆက်သစ် တွေက၊ သူတို့ နေရာကို အစားထိုး လာ လိမ့်မယ်။ ”

“ ဘုရင် သုံးပါးနဲ့ ... အထက် တန်းစား ခုနစ်ပါး ကတော့၊ သူတို့ ဘယ်လောက် အစွမ်း ထက်တယ် ဆိုတာ သက်သေ ပြဖို့၊ အခွင့်အရေး မရှိ သေးဘူး။ ”

“ ရှုံးထွက်ပွဲ ပြီးရင်တော့ တကယ့်ကို စိတ်လှုပ်ရှား စရာ ကောင်းတဲ့၊ အဆင့် သတ်မှတ် ပွဲတွေ လာလိမ့်မယ်။ ”

“ ဒါမှသာ လေးနှစ် အတွင်း၊ သူတို့ ဘယ်လောက် သန်မာလာ မလဲ ဆိုတာ၊ သိရမှာ ... ။ ”

မျိုးဆက်သစ် လူငယ် ထူးချွန် သူများ ပေါ်လာ သည်နှင့် အမျှ၊ ပတ်ဝန်းကျင် လေထုမှာ ပို၍ လတ်ဆတ် လာသည်။

စိတ်လှုပ်ရှားဖွယ် ကောင်းသော ပြိုင်ပွဲများ ‘များပြားလာ’ သဖြင့်၊ မည်သည့် ပွဲအား ကြည့်ရ မည်ကို၊ ဝေခွဲ မရ ဖြစ်လာ တော့၏။

ဆယ့်ငါး မိနစ်ခန့် အကြာတွင်၊ သူ့နာမည် ထပ်ခေါ် နေကြောင်း၊ လင်းယွန် တစ်ယောက် ကြားသိ လိုက်ရသည်။

ယခု တစ်ကြိမ်တွင် သူ့ ပြိုင်ဘက်မှာ၊ အလင်း အမှောင် လမင်း ကမ္ဘာ၏ အမာခံ တပည့် ‘ရန်လွာယူ’ ဖြစ်သည်။

အုပ်စိုးရှင် ကိုးဦး အနက်၊ အလင်း အမှောင် လမင်း ကမ္ဘာတွင်၊ အမာခံ တပည့် များစွာ ရှိပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ အသန်မာ ဆုံးသော အုပ်စိုးရှင် အဖြစ် သက်သေ ပြနိုင် ချေ၏။

သွေးစွန်းသော ဧည့်ခံပွဲ တိုင်း၌၊ သူတို့၏ အောင်မြင်မှု မှတ်တမ်းမှာ၊ ရလာဒ် ကောင်းများ သာ၊ ဖြစ်လေသည်။

ထို့ကြောင့် ရန်လွာယုသည် သတ္တမ အုပ်စု၌၊ ရက်စက် ကြမ်းကြုတ်သော သူ၏ ပုံရိပ်ကို ပြသ ထားလေသည်။

ပွဲစဉ်တိုင်း နီးပါး အနိုင်ရ ထားသော်လည်း၊ သန်မာသော ပြိုင်ဘက်ကို မတွေ့ရ သေးဖြင့်၊ လူအများက သတိ မထား မိခြင်း ဖြစ်သည်။

အလင်း အမှောင် လမင်း ကမ္ဘာ၏၊ အမာခံ တပည့်ပေါင်း များစွာ အနက်မှ၊ ထိပ်ဆုံး အဆင့် (၇)တွင်၊ ရပ်တည် ထားနိုင်သည်။

နောက်ဆုံးတွင် လင်းယွန် ကဲ့သို့သော သန်မာသည့် ပြိုင်ဘက် တစ်ဦးအား ရင်ဆိုင် ရတော့မည် ဖြစ်သည်။

အုပ်စု (၇)ကို တာဝန်ယူ ရသော ဒိုင် အဖိုးအိုက၊ ကောင်းကင် ပေါ်မှ နေ၍၊ ပြိုင်ပွဲ စင်မြင့်အား ပြုံးကာ စိုက်ကြည့် လိုက်သည်။

ဤ တစ်ကြိမ်၌ ဓားသမား လူငယ်၏ ခွန်အားကို ပို၍ မြင်ရ တော့မည်ဟု ယုံကြည် မိလေသည်။

“ လင်းယွန်၊ မင်းရဲ့ ခေါင်းက ငါတို့ မရဏ ကမ္ဘာမှာ၊ ကြေး အမြင့်ဆုံး ပဲ။ ”

( မရဏ ကမ္ဘာ ဆိုသည်မှာ၊ အလင်း အမှောင် လမင်း ကမ္ဘာကို ရည်ညွှန်းခြင်း ဖြစ် ချေသည်။

အလင်း အမှောင် လမင်း ကမ္ဘာ၏ ဂိုဏ်းဝင် တိုင်းက၊ သူတို့ကိုယ် သူတို့ ‘မရဏကမ္ဘာ’ အဖြစ် နာမ်စား သုံးကြ လေသည်။ )

သတ်ဖြတ် လိုသည့် ရည်ရွယ်ချက်များ၊ ထုတ်ဖော်လျက် ရန်လွာယူက အေးစက်သော မျက်ဝန်း များဖြင့်၊ လင်းယွန်အား ကြည့်ကာ ဆိုသည်။

မရဏ ကမ္ဘာမှာ၊ ကောင်းကင် တောင်ကုန်းမြို့၌၊ ချင်ရို့ယူ ပါးရိုက် ခံရခြင်း ဖြစ်ရပ်ကို၊ မပြန့် ပွားအောင် တားဆီးထား သော်လည်း၊ တပည့် များစွာက သိရှိ နေကြဆဲ ဖြစ်သည်။

ထို့ကြောင့် လင်းယွန် အမည်ကို လေးလေးနက်နက် စွဲထင် နေကြပြီး၊ ကြုံကြိုက် ပါက သတ်ပစ်ရန်၊ အမိန့် ထုတ်ထား ခဲ့သည်။

“ လူ တော်တော် များများက၊ ငါ့ ... အသက်ကို လိုချင် ကြတယ်၊ ဒါပေမယ့် အဲ့ဒီ လူတွေထဲ မှာမှ၊ မင်းက အသုံး မကျ ဆုံးပဲ။ ”

လင်းယွန်က ဂရုမစိုက် ဟန်ဖြင့်၊ တုန့်ပြန် လိုက်သည်။

“ ဟုတ်လား၊ ငါတို့ မတိုက် ရသေးဘဲ၊ မင်း ဘယ်လို သိလဲ။ ”

တစ်ဖက် လူမှ နှာခေါင်း ရှုံ့ကာ လှောင်ပြောင်လာ သဖြင့်၊ ရန်လွာယူ၏ မျက်ဝန်းများ တောက်ပ လာတော့သည်။

အဆုံးတွင် ‘သူ’ ဆို သည်မှာ၊ အလင်း အမှောင် လမင်း ကမ္ဘာ၏ အမာခံ တပည့် တစ်ဦး ဖြစ်သဖြင့်၊ တိမ်နဂါး အဆင့် ပါရမီရှင် တစ်ဦးပင်၊ သူ့အား ပေါ့ပေါ့ တန်တန် ဆက်ဆံ ဝံ့ခြင်း မရှိချေ။

“ မီးလျှံ လမင်း ၊ သတ် ... ။ ”

ရန်လွာယူက မရဏ သုတ္တန်ကို ကန့်သတ်ချက်သို့ တွန်းတင်ပြီး၊ အော်ဟစ် ကြုံးဝါး လိုက်သည်။

ခရမ်းရောင် အခိုး အငွေ့များ တဖြည်းဖြည်း ထွက်ပေါ် လာကာ၊ မြူများ အသွင်ဖြင့် သူ့ ခန္ဓာ ကိုယ်အား၊ ဖုံးအုပ် သွားသည်။

ထို့နောက် ကောင်းကင်၌၊ ခရမ်းရောင် လရောင်ကို ဖြစ်ပေါ် လာစေပြီး၊ ပြိုင်ဘက်အား ကန့်သတ်ရန် ကြိုးစား တော့၏။

“ ရွှပ် ... ။ ”

သို့သော် လင်းယွန်က နတ်ဘုရား ပုံရိပ်ယောင် ဓားဖြင့်၊ ခရမ်းရောင် လမင်းထံ ပစ်ခတ် ဖက်ဆီး လိုက်သည်။

“ မင်း ... သေချင် နေတာပဲ။ ”

ပြိုင်ဘက်က ဤမျှ အစွမ်းထက် လိမ့်မည်ဟု မထင်ထား သောကြောင့်၊ ရန်လွာယုမှာ ဒေါသ ထွက်သွားသည်။

ခရမ်းရောင် လမင်းကို၊ လက်ညှိုး တစ်ချက် တည်းဖြင့် ဖျက်ဆီးနိုင် ခဲ့သည့် အပေါ်၊ သူ့အား အမှန်ပင် အံ့အားသင့် စေသည်။

“ ..... ။ ”

ရှေ့တစ်လှမ်း တိုးပြီး၊ လက် နှစ်ဘက်ဖြင့် တံဆိပ်များ ဖန်တီး လိုက်သည်။

ကွဲအက် သွားသော ခရမ်းရောင် လမင်းက၊ ချက်ချင်း အပိုင်း အစများ အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ ပိုက်ကွန်ကြီး သဖွယ် ဖြစ်တည် လာသည်။

“ အဆိပ် လမင်း မုန်တိုင်း ... ။ ”

လရောင်ခြည်က ပိုက်ကွန် ကြီးနှင့် ရောယှက်သွား ပြီးနောက်၊ မရေ မတွက် နိုင်သော ခရမ်းရောင် မီးတောက်များ အဖြစ်၊ ပြောင်းလဲ ပြုတ်ကျ လာ၏။

မီးတောက် တစ်ခုစီသည်၊ အထွတ် အထိပ် ယင်-ယန် အဆင့် ကျွမ်းကျင်သူ၏၊ အပြင်းထန် ဆုံးသော တိုက်ခိုက်မှုနှင့်၊ ယှဉ်နိုင်၏။

မီးတောက်များ ဖြတ်သန်းရာ၊ လေထု တစ်လျှောက်တွင် မီးလောင်ကျွမ်း ခံ လိုက်ရ သကဲ့သို့၊ လေဟာနယ် ပုံပျက် သွားသည်။

ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် လေးနက်သော ခြေလှမ်း ခုနှစ်လှမ်းကို၊ ထုတ်ဖော် လိုက်ရ သဖြင့်၊ စင်မြင့် ပေါ်၌ လင်းယွန် ပုံရိပ်များ ဖြစ်ပေါ် လာ၏။

“ ဘာလို စွမ်းအား မျိုးလဲ ... ။ ”

“ ဒါက မရဏ အင်ပါရီယန်ရဲ့ ... ၊ နောက်ထပ် တပည့် တယောက်လား။ ”

“ ကြောက်စရာ ကောင်းလိုက်တာ ... ၊ အလင်း အမှောင် လမင်း ကမ္ဘာက တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို အုပ်စိုး တော့မယ်။ ”

“ သတ္တမ အုပ်စုက ပုန်းကွယ် နေတဲ့ နဂါးတွေ ချည်ပါပဲ၊ ဖန်းဝူရှောင်၊ ချင်းယန်နဲ့ အခု ရန်လွာယု ... ။ ”

ခရမ်းရောင် ပိုက်ကွန် ကြီးက၊ စင်မြင့် တစ်ခုလုံးကို၊ ကောင်းကင်မှ ဖုံးအုပ် ထားလျက်၊ မီးမိုးများ အဆက်မပြတ် ရွာကျ နေ၏။

“ ဟား ဟား ဟား ... ၊ မင်း ... ဘယ် အချိန်ထိ ရှောင်နိုင် မလဲ ငါကြည့်မယ်။ ”

တံဆိပ်များ ထပ်မံ ဖွဲ့စည်းကာ၊ ပိုက်ကွန် ကြီးကို ပို၍ ကျုံ့လာ စေပြီး၊ အော်ဟစ် ရယ်မော လိုက်သည်။

သို့သော် သူ့ ရယ်သံ မဆုံးခင် မှာပင်၊ ကောင်းကင် ပေါ်သို့ ဓားရောင်ခြည် တစ်စင်း၊ ပေါက်ကွဲ တိုးထွက် လာကာ၊ ခရမ်းရောင် ပိုက်ကွန်ကို ဖျက်ဆီး ပစ်တော့သည်။

စင်မြင့် တစ်ခုလုံး မှောင်ကျ သွားပြီး၊ ဓားရောင်ခြည် မှတပါး၊ အခြား အလင်းများ မရှိ တော့ချေ။

ဓားရောင်ခြည်မှာ တစ်စ တစ်စ၊ ပို၍ ကြီးထွား လာသဖြင့်၊ ရန်လွာယု တစ်ယောက် မျက်လုံးများ မှိတ်ချ လိုက်ရသည်။

ဤသည်ပင် အနိုင် အရှုံး ရလာဒ် ဖြစ်လာချေ၏။ ဓားရောင်ခြည် ပျောက်ကွယ် သွားချိန်၌၊ သွေးများ ပန်းထွက် နေသော ခန္ဓာကိုယ် တစ်ခု၊ ရေကန်ထဲ ပြုတ်ကျ သွားလေသည်။

“ ဗွမ်း ..... ။ ”

“ စိတ် ပျက်စရာပဲ၊ ငါ့ ဓားကို အစ တည်းက ဆွဲသင့်တယ်။ ”

ပန်းသင်္ချိုင်း ဓားမှ သွေး များကို လွှဲထုတ် ခါချ လိုက်ပြီး၊ လင်းယွန်က ခေါင်းယမ်းလျက် ညည်းတွား လိုက်တော့သည်။

***

All Chapters