← Chapters

ပလွေ သံစဉ်။

Vol. 56 Ch. 776

ပလွေ သံစဉ်။

Vol. 56 Ch. 776

အလင်း အမှောင် လမင်း ကမ္ဘာမှ၊ တပည့် များက လင်းယွန် အနိုင်ရ သွားသော အခါတွင်၊ ရန်လိုစွာ စိုက်ကြည့် လာကြသည်။

ချင်ရို့ယူမှ အစ ပြုသော ရန်ငြိုး ဖြစ်ပြီး၊ ထိုစဉ်က မိုးရေ အင်ပါရီယန်သာ အနားတွင် မရှိ ပါက၊ လင်းယွန်ကို သတ်ရန် ကျွမ်းကျင်သူများ စေလွှတ် မိမည်မှာ၊ အမှန် ပေပင်။

ရန်ဟွာယု တစ်ယောက် လင်းယွန်ကို အနိုင်ယူ နိုင်မည်ဟု မမျှော်လင့် ထားသော် လည်း၊ ဓား တစ်ချက် တည်းဖြင့် ရှုံးနိမ့်သည် အထိ၊ တွေးမထား မိချေ။

လင်းယွန်မှာ ကောင်းကင် တောင်ကုန်း မြို့တွင် ရှိစဉ် ကထက်၊ များစွာ သန်မာ ခဲ့၏။ သူပြသ ခဲ့သော တိုးတက်မှု နှုန်းမှာ သူတို့ ကျောရိုးကို ချမ်းတုန် လာစေသည်။

ထိုနောက် ရန်လွာယု၏ ပယင်း ရောင်ဝါ တစ်ဝက်သည်၊ လင်းယွန် ဆီသို့ ပျံသန်းသွား လေသည်။

၎င်းသည် လင်းယွန်တွင် ရှိသော ပယင်း ရောင်ဝါထက် များပြား နေသဖြင့်၊ တိမ်နဂါး ကျောက်စိမ်း ပြားမှာ၊ ပို၍ တောက်ပ လာ၏။

“ ဒီကောင် မလွယ်ဘူး … ။ ”

ဒိုင် အဖိုးအိုက မုတ်ဆိတ်မွေးကို ရိုက်လျက်ဖြင့်၊ မျက်ဝန်းများ မှေးစင်း သွား သည်။

ရန်လွာယုမှ လင်းယွန်အား ဖိအား ပေးနိုင်လိမ့် မည်ဟု ထင်မိ သော်လည်း၊ ဓား တစ်ချက်ပင် ခံယူ နိုင်ခြင်း၊ မရှိ ခဲ့ချေ။

ဤမြင်ကွင်းကြောင့် ပရိသတ် များက၊ အံ့အားသင့် သွားသည်။ ထိပ်တန်း အဆင့် ပါရမီရှင် တစ်ဦးကို တိုက်ခိုက် နိုင်သည် ဟူသော ရန်လွာယုမှာ၊ လင်းယွန် ဓားကို ဆွဲလိုက် ချိန်၌ အရာ အားလုံးက ပြီးဆုံး သွားရ၏။

“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ဓားလဲ၊ ဒီလင်းယွန်က ဖန်းဝူရှောင်နဲ့ အဆင့် တူမှာ ရှိတယ်။ ”

“ ကြည့်ရတာ အုပ်စု (၇)မှာ၊ ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်နိုင် ပုံပဲ။ ”

“ စိတ်ဝင် စားစရာပဲ … ၊ ဒီလင်းယွန်က သူ့ရဲ့ အင်အား (၅၀%) လောက်ကိုပဲ အသုံးပြု ခဲ့တာ ဖြစ်ရမယ်။ ”

“ (၅၀%) လား၊ မဖြစ် နိုင်ဘူး၊ အနည်းဆုံး (၇၀%)ပဲ။ ”

လင်းယွန် မည်မျှ သန်မာ ကြောင်းကို လူတိုင်း ဆွေးနွေး လာကုန် ကြသည်။

“ ဟဲဟဲ စိတ်ဝင် စားစရာပဲ။ ”

ဖန်းဝူရှောင်က လင်းယွန်ကို ကြည့်ပြီး၊ တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း လာခဲ့သည်။

“ ရှုံးနိမ့် တာကို ဝန်ခံ ပါတယ်။ ”

နာမည် ခေါ်သံကြောင့်၊ လင်းယွန်က စင်မြင့်ပေါ် ပြန်တက်ရန် ပြင်လိုက် ချိန်တွင်၊ သူ့ ပြိုင်ဘက်က ချက်ချင်း လက်ငင်း အညံ့ခံ လာခဲ့သည်။

ယင်းကြောင့် လင်းယွန်က နှာခေါင်းကို ပွတ်သပ်ကာ ပြုံးရယ် လိုက်သည်။ ၎င်းမှာ တစ်စုံ တစ်ဦး၏၊ ဂုဏ် ကျက်သရေကို အသိ အမှတ် ပြုရာ ရောက်ပေ၏။

ဤဘုန်း အသရေသည် မူလက ဘုရင်သုံးပါးနှင့် ပါရမီရှင် ခုနစ်ပါးတို့ တွင်သာ ရှိသော်လည်း၊ အချိန်များ ကုန်လွန် လာပြီး နောက်၊ မျိုးဆက်သစ် ပါရမီရှင် အချို့ သည်လည်း၊ တူညီသော အသိအမှတ် ပြုမှုကို တဖြည်းဖြည်း ရရှိလာ ခဲ့ကြသည်။

ထို့ကြောင့် ချင်းယန်က လင်းယွန်ကို မုန်တီးသော အကြည့်ဖြင့် ကြည့်လိုက်၏။

လူတိုင်းက နာမည် ဂုဏ်သတင်း တည်ဆောက်ရန် အတွက်၊ သူ့အား အသုံးပြုချင် ကြလေရာ၊ ပြိုင်ပွဲတိုင်း လက်ခံ နေခဲ့ရသည်။

ထိုအချိန်တွင် လင်းယွန်မှာ ရန်လွာယုကို အနိုင်ယူ ပြပြီး၊ ပြိုင်ဘက်တိုင်း ရှုံးနိမ့်ကြောင်း၊ ဝန်ခံလာ သည်အထိ၊ ခြိမ်းခြောက် လာနိုင် လေသည်။

ညိုမည်း နေသော မျက်နှာဖြင့် အံကြိတ် လိုက်ပြီး၊ ‘ အယုတ် တမာကောင် ... ၊ မင်း ငါ့နဲ့ မတွေ့ ရတာ ကံကောင်းတယ် မှတ်၊’ -ဟု ရေရွတ် လိုက်မိ တော့၏။

“ စိတ်ဓာတ် မကျနဲ့၊ ဒါက မင်း အတွက် အခွင့် အရေးပဲ၊ အုပ်စုတွင်း ပွဲစဉ် တွေမှာ မင်းရဲ့ ခွန်အားကို ထုတ် မပြတာ အကောင်းဆုံး ပါပဲ။ ”

ကာကွယ်သူ မက်မွန်က ပြုံးရယ် လိုက်ပြီး၊

“ လင်းယွန်၊ ဒီတိုက်ခိုက်မှုမှာ မင်း အင်အား ဘယ်လောက် သုံးခဲ့လဲ။ ”

သူ့ အမြင် အရ လင်းယွန်မှာ၊ ခွန်အား (၄၀%)ခန့် အနည်းဆုံး အသုံးပြု ရပေမည်။ သို့မဟုတ် ပါက အဓိပ္ပါယ် မဲ့သွား နိုင်၏။

ထိုမေးခွန်းကို ဖန်းယီနှင့် ကျန်သူများ ကပင် စိတ်ဝင် တစား ဖြစ်လာ၏။ လင်းယွန်က လက်ညိုး တစ်ချောင်းကို အနည်းငယ် ကွေးပြီး၊ မြှောက်လိုက်သည်။

“ (၁၀%) ... ။ ”

အားလုံးက မယုံနိုင် လောက်အောင် ထိတ်လန့် သွားကြသည်။ လင်းယွန်က သူတို့ကို လိမ်မည် မဟုတ် သည်ကို၊ သိရှိ ထားပေ၏။

သို့သော် သူတို့ မသိ သည်မှာ၊ မဟာချင် အင်ပါယာ၊ ဓားနန်းတော်မှ လာသော လင်းယွန် ဟုတ်-မဟုတ်ကို ပင်။

လင်းယွန်က ကူကယ်ရာ မဲ့စွာ ပြုံးလိုက်သည်။ သူ ဆိုလို သည်မှာ သူ့ခွန်အား (၁၀%) နှုန်းပင်၊ မသုံးခဲ့ဟု ပြောလိုခြင်း ဖြစ်သည်။

ရန်လွာယု အပေါ် အာရုံစိုက် ရသည့် အကြောင်း အရင်းမှာ၊ အလင်း အမှောင် လမင်း ကမ္ဘာ၏ အမာခံ တပည့် တစ်ယောက် ဖြစ်နေ သောကြောင့် ပေပင်။

ဓားကို အသုံး မပြု ပါက၊ မိုးပြာ နဂါး မူလ ပုံစံကို ထုတ်ဖော် ရပေမည်။ ထို့ကြောင့် ဓားဆွဲ ရခြင်း ဖြစ်၏။

“ ဒီတစ်ကြိမ်တော့ ဘိုင်လိရွှမ် ပြိုင်ဘက်က တကယ် သန်မာ တာပဲ။ ”

ဖန်းယီ စကားကြောင့်၊ လူတိုင်း အာရုံမှာ စင်မြင့်များ ထက်သို့ ပြန်လည် ရောက်ရှိ သွားသည်။

ကာကွယ်သူ မက်မွန်ပင်၊ အနည်းငယ် စိုးရိမ်သွား၏။ ဘိုင်လိရွှမ် ပြိုင်ဘက်မှာ၊ ယခင် တိမ်နဂါး အဆင့် (၁၉) တွင် ရှိသော ထိပ်တန်း ပါရမီရှင်၊ ယန်ဂျူး ဖြစ်သည်။

ယန်ဂျူးမှာ ဆေဘာဓားကို အသုံးပြုသူ ဖြစ်ပြီး၊ ဓားရေးသည် များစွာ ထူးခြား ပေ၏။ ဘိုင်လိရွှမ် မည်မျှပင် ကြိုးစား နေကာမူ၊ ခံစစ်ကို ချိုးဖြတ် နိုင်ခြင်း မရှိချေ။

“ မကောင်း တော့ဘူး ...၊ ဘိုင်လိရွှမ် ရှုံးသွား လိမ့်မယ်။ ”

မဟာချင် အင်ပါယာ အဖွဲ့မှာ၊ တုန်လှုပ် ကုန်၏။ သူတို့သည် အင်ပါယာ တစ်ခု တည်းမှ လာခဲ့ သောကြောင့်၊ ဘိုင်လိရွှမ်အား အဝေးသို့ သွားနိုင်ရန်၊ မျှော်လင့် ကြသည်။

“ သူ မရှုံး ပါဘူး ... ။ ”

လင်ယွန်က ပြန်ပြောသည်။ သာမာန် ပါရမီရှင် တစ်ဦးသည် ဘိုင်လိရွှမ်အား မရပ်တန့် နိုင်မှန်း သူ သိသည်။

“ မင်းရဲ့ သူတော်စင် ခန္ဓာက၊ တကယ် ကြောက်စရာ ကောင်းတယ်၊ နောက်ထပ် ခြောက်လ လောက်သာ အချိန် ရှိရင်၊ ... ”

“ ... ငါ မင်းကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အခု အချိန် မှာတော့ ငါ လုပ်နိုင်တယ်၊ ဒါကြောင့် မင်း ရှုံးနိမ့် တာကို ဝန်ခံ သင့်ပြီ။ ”

ဘိုင်လိရွှမ်၏ ခွန်အားကို အသိ အမှတ် ပြုသည့် အနေဖြင့်၊ ယန်ဂျူးက ဆိုသည်။ တစ်ဖက် လူအား ဒဏ်ရာပေးလို ပါက၊ သူလည်း သက်သာမည် မဟုတ်ချေ။

“ မင်းရဲ့ ဓားရေးကို ဘယ်လို ခေါ်လဲ။ ”

ဘိုင်လိရွှမ်မှ တည်ငြိမ်စွာ မေးသည်။

“ အထီးကျန် ဆေဘာဓား ။ ”

ယန်ဂျူးက မာန ကြီးသော မျက်ဝန်း များဖြင့်၊ ယုံကြည်ချက် ရှိရှိ ပြန်ဖြေ၏။

ပြိုင်ဘက်မှာ သူ့ ဓား နောက်ကွယ်က ရည်ရွယ်ချက် အမှန်ကို ရှာတွေ့ နိုင်သော်လည်း၊ ထိုအချိန်၌ နောက်ကျ သွားမည်ဟု၊ ယန်ဂျူးက ယုံကြည် သဖြင့်၊ ပြုံး လိုက်သည်။

သို့သော်၊

“ အထီးကျန် ဆေဘာဓား လား၊ နာမည် ကောင်းပဲ။ ”

-ဟု ဘိုင်လိရွှမ်မှ ရေရွတ် လိုက်သည်။ သည့်နောက်၊

“ မင်းရဲ့ ဓားရေးက ကောင်းပါတယ်၊ ဒါပေမယ့် မင်း အဲဒါကို အပြည့်အဝ မကျွမ်းကျင် သေးဘူး၊ ငါ့မှာ ဓားတစ်လက် ရှိတယ်၊ မင်းစိတ် ဝင်စားလား။ ”

ဘိုင်လိရွှမ်က အလေးအနက် ဆိုလိုက် သဖြင့်၊ သူ့အပေါ် အာရုံစိုက် နေသော လူအုပ်မှာ ချွေးများ သီး လာတော့သည်။

အထီးကျန် ဆေဘာ ဓားရေးနှင့် ပတ်သတ်ပြီး၊ ယန်ဂျူးက များစွာ ကျွမ်းကျင် နေကြောင်း၊ သူတို့ သိသည်။ သို့သော် ဘိုင်လိရွှမ်မှ ၎င်းမှာ ကျွမ်းကျင်မှု မရှိဟု၊ ရဲဝံ့စွာ ဆိုနေ ပေ၏။

“ ဒါဆို ငါ ... မြည်းစမ်း ပါရစေ။ ”

ယန်ဂျူးက သူ့ အပြုံးကို ပြန်ရုတ် သိမ်း လိုက်ပြီး၊ အံကြိတ်ကာ တုန့်ပြန် လိုက်သည်။

“ မင်း ဆန္ဒ အတိုင်း ... ၊ ကောင်းကင်ဘုံ ကိုးလွှာက နဂါး။ ”

ဘိုင်လိရွှမ် ဓားရောင်ဝါက ထက်ရှသော အသွင်ဖြင့်၊ ဆေဘာဓား အရှိန် အဝါကို၊ ဖြိုခွင်း လိုက်ပြီး၊ နဂါး တစ်ကောင် ကဲ့သို့ ဓား ရည်ရွယ်ချက် တိုးထွက် လာသည်။

နဂါးကြီးက ဟိန်းဟောက် လိုက်သော အခါတွင်၊ ကောင်းကင် တစ်ခွင် မိုးခြိမ်းသံများ ကဲ့သို့ မြည်ဟည်း တုန်ခါ သွား၏။

ကြောက်မက်ဖွယ် ကောင်းသော ဓား ရည်ရွယ် ချက်ကြောင့်၊ ဆေဘာဓား အရှိန် အဝါမှာ၊ ပြိုကွဲ တော့မည့် အရိပ် အယောင်များ ပြသ လာသည်။

ယန်ဂျူးက လေ စွမ်းအင်ကို ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်သောကြောင့်၊ မျက်နှာ တစ်ခုလုံး ဖောင်းကား လာသည်။

လေ ရည်ရွယ်ချက်မှာ အထီးကျန် ဆေဘာဓား နည်းစနစ်ဖြင့်၊ ပေါင်းစပ် သွားပြီး၊ ကောင်းကင်ရှိ ဘိုင်လိရွှမ်၏ မိုးကြိုး တိမ်တိုက် များကို တွန်းဖယ်ရန်၊ ကြိုးစား တော့သည်။

သို့သော် များမကြာမီ လျှပ်စီး နဂါး ကြီးကြောင့်၊ ယန်ဂျူး၏ လေဆင် နှာမောင်းမှာ ပြိုကျ လာပြီး၊ စင်မြင့် အစွန်းသို့ တွန်းထုတ် ခံလိုက် ရ၏။

“ အထီးကျန် ဆေဘာဓားက၊ တကယ့်ကို ကြောက်စရာ ပါပဲ၊ အထွတ်အထိပ် ကျွမ်းကျင်မှု ကိုသာ ရောက်ရင်၊ ငါ့ဓား တစ်ချက် တည်းနဲ့ ... ”

“ ... ဖြိုခွင်းလို့ မရ လောက်ဘူး၊ ဒါပေမယ့် အခုတော့ လုံလောက် သွားပါပြီ၊ မင်း အရှုံးကို ဝန်ခံ သင့်တယ်။ ”

ဘိုင်လိရွှမ်က ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ ပြောလိုက်သည်။

ထိုစကား များကို မကြာသေးမီ ကပင်၊ တစ်ဖက်လူ အပေါ်၊ ပြောခဲ့ ဖူးသော ယန်ဂျူး တစ်ယောက်၊ ရှက်စိတ်ဖြင့် သွေး တစ်လုတ် အန်ချ လိုက် ရသည်။

သို့သော် ဆက်လက် တိုက်ပွဲ ဝင်ရန်၊ အနည်းငယ် တုံ့ဆိုင်း သွားပြီး၊ ရှုံးနိမ့်ကြောင်း ဝန်ခံ လိုက်တော့သည်။

“ ကျေးဇူး တင်ပါတယ် ... ။ ”

ဘိုင်လိရွှမ်က သူ့ ဓားကို ပြန်သိမ်းပြီး ဆိုသည်။ ထိပ်တန်း အဆင့် ပါရမီရှင် တစ်ဦးမှ၊ အမှန်တကယ် ရှုံးနိမ့်ကြောင်း ဝန်ခံလိုက် သံမှာ၊ လူအုပ် ကြီးကို လှုပ်ခါ သွား စေ၏။

“ နန်းဂွန်း ...၊ ငါ့ ဂျူနီယာ မောင်လေးရဲ့ ဓားရေး အပေါ်၊ ဘယ်လို မြင်လဲ။ ”

ရှောင်စီယီက အပြုံးဖြင့် မေးလိုက်သည်။ နန်းဂွန်း ဝမ်းယူက သူမထက် မလျော့ ကျသော အပြုံးကို ထုတ်ဖော်ကာ၊ နှစ်လိုဖွယ် အသွင်နှင့်၊

“ မဆိုး ပါဘူး၊ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကသာ ဆိုရင်၊ ငါ မြင်နိုင်မှာ မဟုတ်ဘူး။ ”

“ အခုကော ... မြင်နိုင် လား။ ”

ရှောင်စီယီက မျက်ခုံး ပင့်ကာ၊ ထပ်မေး လိုက်သည်။ သို့သော် နန်းဂွန်း ဝမ်းယူမှ ပြုံးရုံသာ ပြုံးပြီး၊ ပြန်မဖြေ တော့ချေ။

“ ယွဲ့ဝေဝေ ... နဲ့ စီတူ ဖေးဟူ။ ”

ယွဲ့ဝေဝေ အမည်ကြောင့်၊ လင်းယွန် မျက်ဝန်းများ တောက်ပ လာသည်။ အစောပိုင်း ပွဲစဉ် များတွင်၊ သူနှင့် သည်ကလေးမမှာ၊ တစ်ချိန်တည်း တိုက်ခိုက် နေခဲ့ ရသည်။

ထို့ကြောင့် သူမက စွဲမက်ဖွယ် ကောင်းသော စွမ်းဆောင်ရည်ကို ပြသ နေမှန်း သိသော်လည်း၊ မကြည့် ဖြစ်ခဲ့ချေ။

ယွဲ့ဝေဝေ အသွင်မှာ၊ မှော်ဆန် လှပြီး၊ လှုပ်ရှားမှု တိုင်းသည်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ အမျိုး သမီးများ အားလုံးကို၊ နောက်ကောက်ချ နိုင် ခဲ့သည်။

‘ချစ်စဖွယ် ကောင်းစွာ တင့်တယ်ခြင်း’ ဟူသော ဝေါဟာရမှာ၊ သူမကို ရည်ညွှန်း ချေ၏။ ယင်းအား ချင်ရို့ယူပင် ယှဉ်နိုင်ခြင်း မရှိချေ။

စီတူ ဖေးဟူမှာ တိမ်နဂါး အဆင့် (၁၈) ဖြစ်ပြီး၊ ယန်ဂျူးထက် တစ်ဆင့် မြင့်သည်။

“ ငါ မြင်ဖူး သမျှ မိန်းကလေးတွေ ထဲမှာ မင်းက အလှဆုံးပဲ၊ ဒါပေမယ့် သွေးစွန်းသော ဧည့်ခံပွဲမှာ၊ မင်းရဲ့ အလှက မင်းကို ကူညီပေး နိုင်မှာ မဟုတ်ဘူး။ ”

စီတူ ဖေးဟူ၏ အပြုံးသည် နူးညံ့ သိမ်မွေ့ သော်လည်း၊ သူ့ လေသံမှာ ရိုင်းစိုင်း ကြမ်းတမ်း ချေသည်။

“ ပုံမှန် ဆိုရင်တော့ အရေပြား ပေါ်က၊ အလှဟာ အသုံး မဝင် ပါဘူး၊ ဒါပေမယ့် ငါ့ရဲ့ အပြုံး ကတော့ ကွာခြား ပါတယ်။ ”

သူမ အပြုံးမှာ၊ ရိုင်းစိုင်း လွန်းသော စီတူဖေးဟူ၏ နှလုံးသား ကိုပင်၊ နူးညံ့အောင် ဖြားယောင်း နိုင်ပေ သည်။

ထို့ကြောင့် ငေးမော နေမိ သည်ကို၊ သတိရ သွားသော စီတူ ဖေးဝမ်က၊ သူ့ကိုယ်သူ သတိ ပြန်ကပ် လိုက်ပြီး၊ ယွဲ့ဝေဝေ အပြုံး ထံမှ ရုန်းထွက် လိုက်လေသည်။

“ သတိ ထားပါ၊ ငါ အရင် စလိုက်မယ်။ ”

ယွဲ့ဝေဝေက ခါးတွင် ချိတ်ဆွဲ ထားသော မြစိမ်းရောင် ပလွေ တစ်လက်ကို ဖြုတ်ယူပြီး၊ ကြော့ရှင်းသော ကိုယ်ဟန်ဖြင့်၊ နှုတ်ခမ်းတွင် တေ့လိုက် တော့သည်။

***

All Chapters