← Chapters

ငါ့ အလှက မင်းအတွက် မဟုတ်ဘူး။

Vol. 56 Ch. 777

ငါ့ အလှက မင်းအတွက် မဟုတ်ဘူး။

Vol. 56 Ch. 777

ထို ပလွေ သံစဉ်ဖြင့် အတိတ်က သူ၏ နားလည် နိုင်စွမ်းကို ကူညီပေး ခဲ့ဖူး သည်အား၊ လင်းယွန် သတိရ သွားသည်။

“ ပလွေ နဲ့လား... ။ ”

စီတူ ဖေးဟူက အံ့အားသင့် သွား ပြီးနောက်၊ ချက်ချင်း ပြုံးရယ် လာပြီး၊

“ တောင်ပိုင်း ရေှးဟောင်း နယ်မြေ ကြီးမှာ၊ ဂီတ ပညာရှင် တွေကို ရှာတွေ ရဖို့ ရှားပါးတယ်၊ ဒါပေမယ့် ငါ့ မိသားစုမှာ ... ”

“ ... ဒီလို ဂီတ ကျွမ်းကျင်တဲ့ စီနီယာ တစ်ယောက် ရှိတဲ့ အတွက်၊ စိတ် မကောင်း စရာ ပါပဲ၊ မင်းရဲ့ ပလွေသံက ငါ့ကို ဒုက္ခ ပေးနိုင်မှာ မဟုတ်ဘူး။ ”

“ ကျေးဇူး ပြုပြီး နားထောင်ပါ၊ ဒါက မင်းတို့ရဲ့ စီနီယာတောင် ကြားဖူးမှာ၊ မဟုတ်တဲ့ သံစဉ်ပဲ။ ”

အနီရောင် ဝတ်ရုံ အောက်ရှိ သေးသွယ် လှပသော လက် တစ်စုံက၊ ပလွေ အပေါက်များ အပေါ်၊ စတင် ပြေးလွှား လာတော့သည်။

“ တောင်းပန်ပါတယ် ... ၊ ဒါပေမယ့် ငါ မင်းကို အခွင့်အရေး မပေးဘူး။ ”

ယွဲ့ဝေဝေနှင့် ပတ်သက်၍၊ ထူးခြားသော တစ်စုံတစ်ရာကို သတိပြုမိ လာသောကြောင့်၊ လိမ္မာ ပါးနပ်စွာ ပြုံးလိုက်သည်။

ယွဲ့ဝေဝေ၏ ရင်သပ် ရှုမောဖွယ် အသွင် သည်သာ၊ ဂီတဖြင့် ပေါင်းစပ် နိုင်ခဲ့ ပါက၊ ဒုက္ခ ဖြစ်ရ ပေလိမ့်မည်။

ဂီတကို အသုံး ပြုသော၊ တိုက်ခိုက်ရေး သမားနှင့် ရင်ဆိုင် ရာတွင်၊ မြန်နိုင် သမျှ မြန်မြန် ၎င်းတို့၏ သံစဉ်အား၊ ရပ်တန့်ရ ပေမည်။

ရေခဲမြူများ ဖုံးလွှမ်း နေသော ငွေလှံ တစ်စင်းကို ထုတ်ယူ လိုက်ပြီး၊ ခါးလယ်မှ ကိုင်ကာ၊ ဝှေ့ယမ်း လိုက်၏။

“ ဝှစ် ... ။ ”

ချက်ချင်းပင် အသံ လှိုင်းကို ဟန့်တား နိုင်သော လှံအရိပ်ဒိုင်း တစ်ခု ဖြစ်ပေါ် လာတော့ သည်။

ဂီတ သံစဉ် စတင် ထွက်ပေါ် လာချိန်တွင်၊ စီတူ ဖေးဟူမှာ ထိုလှံနှင့် အတူ ပျောက်ကွယ် သွားပြီ ဖြစ်၏။

သူ ပြန်ပေါ် လာသော အခါ၌၊ လှံဖြင့် ယွဲ့ဝေဝေထံ ထိုးသွင်းလျက် ဖြစ်နေ လေပြီ။ လှံက အရေပြားအား မဖောက်မီ ပလွေသံ ထွက်ပေါ် လာသည်။

သူမက အပြုံး မပျက်ဘဲ၊ မျက်ဝန်းများ မှိတ်လျက်ဖြင့်၊ စီတူ ဖေးဟူ၏ လှံကို လျစ်လျူရှု ထားလေသည်။

ပလွေ သံများ ဆူညံ လာသည် နှင့်အမျှ၊ နဂါးကိုးကောင် ရေကန်တွင် လျှပ်စီးများ တဖျပ်ဖျပ် လက် လာတော့သည်။

လျှပ်စီး အလင်း များက၊ ယွဲ့ဝေဝေ မျက်နှာပေါ် ရောင်ပြန်ဟပ် လာပြီး၊ အပြစ်ကင်း စင်သော အလှကို ထင်ရှား သွားစေ၏။

ဤအခိုက် အတန့်သည်၊ ကြောက်စရာ ကောင်းသော အခြေအနေ ပေပင်။ သူမ ဆံနွယ် များမှာ လှံ၏ အဟုန်ကြောင့်၊ ရေတံခွန် ကဲ့သို့ တဖျပ်ဖျပ် လွင့်မျော လာသည်။

“ သူ ... ရှုံးပြီ။ ”

စီတူ ဖေးဟူ ရှုံးမည်ကို လင်းယွန် သိသည်။ ဂီတက သံစဉ်တွင် ပျော်ရွှင်ခြင်း၊ နာကြည်းခြင်း နှင့် ဝမ်းနည်းခြင်း စသည့်၊ ခံစားချက်များ ပါဝင် နေခေျ၏။

သံစဉ် နိမ့်ကျ သွားသည့် အချိန်၌၊ မြိုသိပ် ထားသော ခံစားချက်များ ပွင့်ထွက်လာ သကဲ့ သို့၊ ရူးသွပ် ကုန်ကြသည်။

ပြန်လည် မြင့်တက် လာချိန်တွင်၊ ခံစားချက်များ ထပ်မံ ပြင်းထန် လာပြီး၊ သွေးများ ဆူပွက် လာတော့၏။

များမကြာခင် ပေါက်ကွဲသံ များနှင့် အတူ၊ နဂါး ကိုးကောင် ရေကန်မှ ရေဝဲကြီး (၁၈)စင်း တိုးထွက် လာသည်။

တစ်ချိန် တည်းမှာပင် ယွဲ့ဝေဝေ မျက်လုံးများ ပြန်ပွင့် လာ၏။ ရုတ်တရက် သံစဉ် ရပ်သွား သောကြောင့်၊ လေထု အလယ်၌ စီတူ ဖေးဟူက ယွဲ့ဝေဝေကို မော့ကြည့် သည်။

ချစ်စရာ ကောင်းလွန်းသော အပြုံး တစ်ပွင့်နှင့်၊ သူ့အား စိုက်ကြည့် နေသဖြင့်၊ မျက်မှောင်ကြုတ် လိုက်စဉ်၊ လည်မျိုမှ ပျို့တက် လာပြီး၊ သွေးများ အန်ချ လိုက် ရ၏။

ထို့နောက် လွင့်စင် သွားကာ၊ ဒူး တစ်ဖက် ထောက်လျက်၊ စင်မြင့်ပေါ် ပြန်လည် ပြုတ်ကျ လာတော့၏။

ယွဲ့ဝေဝေက တောက်ပစွာ ပြုံးလိုက်ပြီး၊ ကောင်းကင်မှ စင်မြင့်ပေါ် ကျလာသော ရေစက် များကို၊ လက်ဖြင့် ခံယူ လိုက်သည်။

“ ငါ့ အလှက ... တစ်စုံ တစ်ယောက် အတွက် အသုံးဝင် ပါသေးတယ်၊ ဟုတ်တယ် မဟုတ်လား သခင်လေး စီတူ ... ။ ”

-ဟု ဆိုလျက် ပုခုံး ပေါ်ရှိ မြစိမ်းရောင် ပလွေကို ရုတ်သိမ်း လိုက်ချိန်တွင်၊

“ မင်း ... မိစ္ဆာမ ။ ”

စီတူ ဖေးဟူက ကောင်းကင်ပေါ်၊ ခုန်တက်သွားပြီး၊ ယွဲ့ဝေဝေကို တိုက်ခိုက်ရန် ဦးတည် လိုက်တော့သည်။

“ ဝှစ် ... ။ ”

သို့သော် ယွဲ့ဝေဝေက အပြုံး တစ်ပွင့်အား ထုတ်ဖော်လျက်၊

“ ဒါပေမယ့် ... ငါ့ အလှက၊ မင်း အတွက် မဟုတ်ဘူး။ ”

-ဟု ဆိုကာ လက်ဖဝါး တစ်ချက်ဖြင့်၊ လွယ်လွယ် ကူကူ မောင်းထုတ် ပစ်လိုက်သည်။

ထိုနောက် စီတူ ဖေးဟူမှာ၊ ကန်စပ်သို့ လွင့်စင် သွားပြီး၊ လဲကျ သတိလစ် မေ့မျောသွား တော့၏။

“ သူ ... တကယ် ရှုံးသွားပြီ။ ”

လူတိုင်းက ထိတ်လန့် တကြားဖြင့်၊ ဂီတနယ်မြေမှ ပြန်လည် နိုးထ လာပြီး၊ မေ့မျော နေသည့် စီတူ ဖေးဟူထံ ကြည့်လိုက် ကြသည်။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ ထိပ်တန်း အဆင့် ပါရမီရှင် တစ်ယောက်ကို အလွယ် တကူ အနိုင်ယူ သွားတယ်။ ”

“ ဒီမိန်းကလေးက ဘယ်သူလဲ ... ။ ”

“ ငါ လည်း မသိဘူး၊ သူ့ အကြောင်းကို တစ်ခါမှ မကြားဖူး သေးဘူး၊ ကောင်းကင် မိစ္ဆာ ခန်းမက၊ သူတို့ကိုယ် သူတို့ နက်နက် ရှိုင်းရှိုင်း ဖုံးကွယ် ထားတာပဲ။ ”

ထိပ်တန်း ပါရမီရှင် တစ်ဦး အပေါ်၊ ဂီတဖြင့် အနိုင်ယူ သွားသော ပုံရိပ်မှာ၊ လူတိုင်းကို ရူးသွပ် စေ၏။

ကောင်းကင် မိစ္ဆာ ခန်းမ အဖွဲ့ ရှိရာ၊ အရပ် ဆီမှ နေ၍၊ ရန်လောင်ဇီ တစ်ယောက် ရမ္မက်ခိုး ဝေနေသော မျက်ဝန်း များနှင့်၊ ပြုံးရယ် လိုက်တော့သည်။

ဤအခိုက် အတန့်တွင် အနာဂတ်၌၊ သည်မိန်းကလေးကို အရ ယူရန်၊ ဆုံးဖြတ်ချက် ချလိုက် မိ၏။

“ ယွဲ့ဝေဝေ အနိုင် ရတယ် ... ။ ”

ဒိုင် အဖိုးအို၏ ရလာဒ် ကြေညာ သံကို၊ ယွဲ့ဝေဝေက စိတ်မဝင်စား တော့ချေ။ လင်းယွန် ထံ တစ်ချက် လှည့်ကြည့်ကာ၊ မျက်စိ မှိတ်ပြပြီး၊ ကောင်းကင်ပေါ် ခုန်တက် သွားတော့သည်။

“ အို ... ဘုရား သခင်၊ သူက ငါ့ကို ပြုံးပြ နေတယ်။ ”

“ ဘာ ... ပြောလိုက်တယ်၊ အဲ့ဒါ ငါ့ကို ပြုံးပြနေ တာကွ၊ ငါ့ နှလုံးသားတွေ အရည်ပျော် သွားပြီ။ ”

“ တိတ်စမ်း ... ၊ သူ ငါ့ကို ပြုံးပြတာ၊ မင်းကိုယ်မင်း မှန်ထဲမှာ ပြန်ကြည့်စမ်း၊ မင်းလို လူကို ဘယ်သူက ပြုံးပြ မှာလဲ။ ”

ယွဲ့ဝေဝေ အပြုံးက လူအုပ်ကို ပွက်ပွက်ဆူ လာစေ၏။ သူမ အပြုံး၏ ဦးတည်ရာ အရပ်တွင်၊ လင်းယွန်အား မြင်လိုက် ရသောကြောင့်၊ ချင်းယန် မျက်နှာမှာ၊ ကြောက်စရာ ကောင်း လောက်အောင် မည်းမှောင် သွားသည်။

ကာကွယ်သူ မက်မွန်ပင် သတိထားမိ သွားပြီး၊ လင်းယွန်ဘက် လှည့်ကြည့်ကာ၊

“ လင်းယွန် ... ၊ မင်း သူနဲ့ ရင်းနှီးလား။ ”

- ဟု မေးမိ လေသည်။

ထိုမေးခွန်းအား ချက်ချင်း ပြန်မဖြေ အားသေးဘဲ၊ အနည်းငယ် ငြိမ်သက် သွားကာ၊ ဘဝနှင့် သေခြင်းကို အတူတူ ခံစားခဲ့ ရသော အချိန်များ အပေါ်၊ သတိရ လာသည်။

သူတို့ ကြားရှိ ဆက်နွယ်မှုမှာ၊ မရေ ရာသော ဆက်ဆံရေးမျိုး ဖြစ်သဖြင့်၊ သူမကို မိတ်ဆွေ အဖြစ် ယူဆ နိုင်ပေမည်။

သို့သော် သူမကို မမြင်နိုင် လေရာ၊ ယင်းအပေါ် အလေး အနက် ထားမိ ပါက၊ အရူးသာ ဖြစ်လာ နိုင်ပေသည်။

“ ထင် ရ တာ ပါပဲ ... ။ ”

လင်းယွန် အဖြေကြောင့်၊ ကာကွယ်သူ မက်မွန်က ပြုံးလိုက်၏။

“ ထား ပါ ... ၊ အခု အုပ်စုပွဲစဉ် တွေက ပြီးဆုံးတော့မယ်၊ ပယင်း ရောင်ဝါကို တတ်နိုင် သမျှ၊ ရအောင် ကြိုးစား စုထားပါ။ ”

ပြသ ထားသော စွမ်းဆောင်ရည် အရ၊ ရှုံးထွက် အဆင့်သို့ သေချာပေါက် တက်ရောက် နိုင်ပေမည်။

သို့သော် ရှုံးပွဲ မရှိ စံချိန်ကို၊ ဆက်လက် ထိန်းထားရန်၊ ကာကွယ်သူ မက်မွန်မှ မရေမရာ မျှော်လင့် နေမိခြင်း ဖြစ်၏။

သွေးစွန်းသော ဧည့်ခံပွဲ မတိုင်ခင်တွင်၊ ထိုသို့သော အတွေး များကို သဘာဝ အတိုင်း မစဉ်းစား ရဲချေ။

သို့သော် လင်းယွန်၏ စွမ်းဆောင် ရည်ကို မြင်တွေ့ ပြီးနောက်၊ ထို မျှော်လင့်ချက်မှာ ရုတ်တရက် ထွက်ပေါ် လာခြင်း ဖြစ်သည်။

ရန်လွာယုကို ဓားတစ်ချက် တည်းဖြင့် အနိုင်ယူ ပြခြင်းသည် ထိရောက် လွန်းကာ၊ ပြိုင်ဘက် တိုင်းက ရှုံးနိမ့်ကြောင်း ချက်ချင်း ဝန်ခံ လာ၏။

မည်သူ ကမှ လင်းယွန်ကို ရန်ဆိုင်ပြီး၊ အန္တရာယ် မယူချင် ကြချေ။ သို့သော် လင်းယွန် မိတ်ဆွေများ အတွက်မူ၊ ကွဲပြား လေသည်။

ဂျီဝူယီမှာ နိုင်ပွဲများ ဆက်ခဲ့ပြီး၊ တိမ်နဂါး အဆင့် (၁၅) တွင်ရှိသော ပါရမီရှင်နှင့် တွေ့ဆုံ ချိန်တွင်၊ နိုင်ပွဲ ရပ်တန့် သွားရ၏။

ယန်းဖန် အနေဖြင့် ရှုံးပွဲများ ရှိနေ သော်လည်း၊ အုပ်စု ပွဲစဉ်မှ လွတ်မြောက်ရန် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်၏။

လင်းယွန် သတိထား နေသော ဖန်းဟန် လုဟွာပင်၊ ယန်းဖန်ကို ရှုံး ပြီးနောက်၊ အလယ် အလတ် ယင်-ယန် အဆင့်သို့၊ တက်ရောက် နိုင်ကာ အောင်ပွဲများ ရရှိ ခဲ့သည်။

သူ့ အရည် အချင်းမှာ၊ တောက်ပြောင် လွန်းသဖြင့်၊ လူ အများ၏ အာရုံစိုက် ခြင်းကို ခံလာ ရ၏။

ထိုအုပ်စု အတွင်း၌၊ ရှုံးပွဲ မရှိသော ပါရမီရှင်များ ရှိသော်လည်း၊ ဖန်းဟန် လုဟွာ သာလျှင်၊ လင်းယွန် မျက်လုံးထဲ ဝင်ပေသည်။

တစ်ဖက် လူမှာ ပြိုင်ပွဲများ အတွင်း၊ ရိုက်နှက်ခံ ရပြီးနောက်၊ ‘တစ်စ တစ်စ’ ပို၍ သန်မာ လာခဲ့သည်။

သူ၏ တိုးတက်မှု နှုန်းမှာ၊ ထိတ်လန့်စရာ ကောင်းလွန်း လေပြီ။ ယန်းဖန်သာ နောက်တစ်ကြိမ် ရင်ဆိုင် ရပါက၊ အနိုင် ရရှိရန် မသေချာ တော့ပေ။

အောင်မြင်မှု တစ်ခုကို ရယူ နိုင်ပြီ ဖြစ်သော်လည်း၊ သူ့ကိုယ်သူ တူးဖော်ရန် ရည်ရွယ်ချက် ရှိရှိ၊ ထပ်မံ ဖိနှိမ်ထား နေပြန်သည်။

ထို့ကြောင့် လင်းယွန်က ဖန်းဟန် လုဟွာ အပေါ်၊ သတိထား နေခြင်း ဖြစ်သည်။ ယင်းသာ အမှန် ဖြစ်ပါက၊ သည်လူမှာ ကြောက်စရာ ကောင်းပေ၏။

ဆိုလို သည်မှာ ဖန်းဟန် လုဟွာ အနေဖြင့်၊ အစ ကတည်း ကပင်၊ သွေးစွန်းသော ဧည့်ခံပွဲကို အသုံး ချရန်၊ စီစဉ်နေ ခဲ့ပုံ ရလေသည်။

သို့သော် ထိပ်တန်း အဆင့် ပါရမီရှင် တစ်ဦးနှင့် ရင်ဆိုင်ရ ပါက၊ ထိုအလား အလာကို မထုတ်ဖော် နိုင်မီ၊ ဒဏ်ရာ အပြင်း အထန် ရပြီး၊ ချိနဲ့ သွားနိုင်သည်။

“ နေ ဦး … ။ ”

ရုတ်တရက် ယင်းကို ဖန်းဟန် လုဟွာက မျှော်လင့် နေကြောင်း၊ သံသယ ဝင်လာ သဖြင့်၊ လင်းယွန် တစ်ယောက် ထိတ်လန့် သွားသည်။

ဤလူသည် သန်မာသော ပြိုင်ဘက်အား အသုံး ချကာ၊ တိုက်ပွဲဝင် စွမ်းအားကို ထပ်မံ မြှင်တင်ချင် နေပုံ ရ၏။

ထို့ကြောင့် ဆယ်ကြိမ် မတိုင်မီ၊ သူ့ ပြိုင်ဘက်မှ၊ အရှုံးပေး လာသဖြင့်၊ စိတ်ပျက်သော အရိပ် အယောင်များ၊ ထင်ဟပ် လာတော့သည်။

စင်မြင့် ပေါ်မှ နေ၍ ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါး တို့၏ ဦးတည်ရာ အရပ်ထံ လှည့် ကြည့်ကာ၊ ခုန်ဆင်း သွား၏။

ယင်းက သန်မာသော ပြိုင်ဘက် များကို တွေ့ဆုံရန် စိုးရွံ့ခြင်း မရှိ၊ ဟူသော လင်းယွန်၏ သံသယအား အတည်ပြု နိုင်ခဲ့သည်။

ထို့ကြောင့် သွေးစွန်းသော ဧည့်ခံပွဲမှာ၊ သူထင်ထား သည်ထက် ပို၍ စိတ်ဝင်စား စရာ ကောင်းလာ လေပြီ။

“ တိုက်ပွဲ ... လင်းယွန်နဲ့ ချင်းယန်။ ”

ရုတ်တရက် ဒိုင် အကြီးအကဲ ထံမှ၊ အမည် စာရင်း ကြေငြာသံ ထွက်ပေါ် လာသောကြောင့်၊ လူတိုင်းက မြို့ရိုး ပေါ်ရှိ ရန်ပွဲကို ပြန်လည် သတိရ လာကြ တော့သည်။

***

All Chapters