ပန်းသင်္ချိုင်း ဓားက၊ သွေးပူဖို့ လိုတယ်။
Vol. 56 Ch. 778
လင်းယွန်နှင့် ချင်းယန် တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး စင်မြင့်ပေါ် ဆင်းသက် လာသည်။
မျက်လုံး များရှိ အမုန်း တရားကို အခြေခံကာ၊ သည်ပွဲမှာ စိတ်ဝင် စားစရာ ကောင်းသော ပွဲတစ်ပွဲ ဖြစ်ကြောင်း၊ ပြောနိုင် ပေသည်။
သူတို့ နှစ်ယောက်ကြား၊ အာဃာတကို ထည့်မတွက် လျှင်ပင်၊ နှစ်ဦး လုံးမှာ ရှုံးပွဲ မရှိ သော၊ စံချိန် ပိုင်ရှင်များ ဖြစ်နေသည်။
ထို့ကြောင့် ရှုံးနိမ့်သော သူမှာ၊ ပယင်း ရောင်ဝါ များစွာ ဆုံးရှုံး ရပေ လိမ့်မည်။ ခွန်အား နှင့် ပတ်သက် ၍မူ၊ ချင်ယန် ဟူသည် တိမ်နဂါး အဆင့်၊ ပါရမီရှင် တစ်ဦး ဖြစ်ပေ၏။
အုပ်စု တွင်း၌ ပြိုင်ဘက် တိုင်းမှာ၊ လှုပ်ရှားမှု ဆယ်ကြိမ်ထက် ပိုပြီး မခုခံ နိုင်ခဲ့ချေ။ အဆုံးတွင် ဒဏ်ရာ အပြင်းအထန် ရရှိ ကုန်ကာ၊ နောက်ထပ် ပြိုင်ပွဲ ဝင်ခွင့်အား ဆုံးရှုံး ကုန်ကြ လေသည်။
လင်းယွန် မှာမူ ထက်မြက်သော မျိုးဆက်သစ် တစ်ဦး ဖြစ်ပြီး၊ ခွန်အားကို အကုန် အစင် မပြသ ရသေးပေ။ ပြိုင်ဘက် များကို အလွယ် တကူ အနိုင်ယူ နိုင်ခဲ့သည်။
ချင်းယန်က အေးစက်စက် အသံဖြင့်၊
“ လင်းယွန်၊ ရှုံးထွက် ပွဲစဉ် မတိုင် ခင်မှာ၊ မင်းငါနဲ့ တွေ့တာ ကံဆိုး တာပဲ၊ ငါတို့ ကြားက အမုန်း တွေကို၊ အဆုံးသတ် လိုက်ရအောင်။ ”
စကားဆုံး သည်နှင့် သူ့ တစ်ကိုယ်လုံး မီးတောက်များ လျှံတက် လာပြီး၊ လင်းယွန် အပေါ် အကန့် အသတ်မဲ့ ဖိအားများ ပေးပို့ လိုက်သည်။
“ မီး ရည်ရွယ်ချက်။ ”
“ ဓားသမား တစ်ယောက်ရဲ့၊ အစွမ်း အထက်ဆုံး ဝှက်ဖဲက သူ့ဓား ရည်ရွယ်ချက်ပဲ၊ ဒါပေမယ့် ချင်းယန်က မီး ရည်ရွယ်ချက်ကို၊ ‘မြင့်မြတ်သော ယန် နည်းစနစ်နဲ့ ပေါင်းစပ် ထားလို့၊ ပိုကြောက်စရာ ကောင်းလိမ့်မယ်။ ”
ချင်းယန်၏ မီး ရည်ရွယ်ချက်က၊ လူတိုင်းကို ထိတ်လန့် တုန်လှုပ်သွား စေသည်။
“ လင်းယွန် ... ၊ မင်းက ငါ့ အပေါ် အကြိမ်ကြိမ် စော်ကား ခဲ့တယ်၊ ငါ့ရဲ့ သည်းခံ နိုင်စွမ်းက အကန့် အသတ် ရှိတယ်၊ အရှုံးကို ဝန်ခံပါ၊ မဟုတ်ရင် ငါ မင်းကို ဒူထောက်ပြီး၊ တောင်းပန် ခိုင်းရ လိမ့်မယ်။ ”
ထိုအချိန်တွင် ချင်းယန် မျက်လုံး များ၌ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်များ တောက်ပ လာသည်။
“ ဘယ်လောက်တောင် ပြင်းထန် လိုက်တဲ့၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်လဲ။ ”
“ ကြည့်ရတာ ချင်းယန် တကယ် ဒေါသ ထွက်နေပြီ၊ ဒီလို သွေးဆာ နေတဲ့ အငွေ့အသက် မျိုး ရဖို့၊ သူ ဘယ်လောက် များများ လူသတ်ဖူး မလဲ။ ”
“ ဒီတစ်ခါတော့ လင်းယွန်က သံပြားကို ကန်မိပြီ၊ ချင်းယန် ဆိုတာ ရန်လွာယု ထက်တောင် သန်မာ နေသေးတယ်။ ”
ချင်းယန်မှ ပြသ လာသော ခွန်အား အရ၊ လင်းယွန် အပေါ် လူတိုင်း အကောင်း မြင်ခြင်း မရှိ တော့ချေ။
ထိုအချိန်တွင် လင်းယွန် တစ်ယောက် ဒေါသထွက် လာခဲ့၏။ သူ့ အနားတွင် ရွံရှာ စရာ ကောင်းသော၊ ယင်ကောင် တစ်ကောင် ကဲ့သို့၊ ရစ်သီ ရစ်သီ လုပ်နေ ပေသည်။
“ အမှန်ပဲ ...၊ စကား တွေက ဘာ အထောက် အကူမှ မဖြစ်ဘူး၊ ... လာ ငါတို့ ဒီတိုက်ပွဲကို အမြန် အဆုံးသတ် ကြရအောင်၊ မင်းလို လူတွေက အိပ်မက်ထဲ ကနေ၊ စောစောနိုး သင့်နေပြီ။ "
ချင်းယန် စကား များကို၊ လင်းယွန်က စိတ်မဝင်စား တော့ချေ။ သူ့အား အနည်းငယ် မျှပင် မထိခိုက် စေခဲ့ဘဲ၊ ဆန့်ကျင်ဘက် အနေနှင့်၊ ပို၍ ငြိမ်သက် နေခဲ့သည်။
အကယ် ၍သာ လွန်ခဲ့သော တစ်နှစ်က၊ ဆိုပါလျှင် ဒေါသကြောင့် ပြေးပြီး၊ ချင်းယန်ကို သတ်ပစ် မိ ပေမည်။
ယခုမူ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး အပေါ် စိတ်မဝင်စား တော့ဘဲ၊ ဆုစီယာ နေထိုင်ရာ မြတ်မြတ်သော ကမ္ဘာကြီး ကိုသာ၊ မျက်လုံးထဲ ရှိပေ တော့သည်။
“ မင်း ... ။ ”
တစ်ဖက်လူ ထံမှ လျစ်လျူရှုသော အမူအရာက၊ ချင်းယန်အား ဒေါသထွက် လာစေ သည်။ သူ ဆိုသည်မှာ တိမ်နဂါး အဆင့် ပါရမီရှင် တစ်ဦးလည်း ဖြစ်၏။
“ ကောင်းပြီ ... မြန်မြန် သေချင် နေတဲ့၊ မင်း ဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။ ”
ရှေ့သို့ ခြေ တစ်လှမ်း တိုးပြီး၊ မီး ရည်ရွယ် ချက်အား ထုတ်လွှတ် လိုက်သည်။ သူ့ အမြင်၌ လင်းယွန် ဟူသည်၊ မီးလျှံ ကြားမှ ပုရွက်ဆိတ် တစ်ကောင် မျှသာ ဖြစ်၏။
“ မင်းက ငါ့ကို လျော့တွက် နေတာလား၊ အဲဒီ အတွက် တန်ဖိုး တစ်ခု ပေးချေ ရလိမ့်မယ်၊ ဟား ဟား ဟား ။ ”
ရယ်မော လျက်ဖြင့်၊ လင်းယွန်ထံ တိုးဝင် သွားသည်။ မီးတောက်များ ပွက်ပွက်ဆူ လာချိန် ၌၊ ချင်းယန် တစ်ယောက် ပေျာက်ကွယ် သွားတော့၏။
လင်းယွန်နှင့် ဆယ်မီတာ အကွာ၌၊ ပြန်လည် ထွက်ပေါ် လာပြီး သူ့ လက်ဖဝါးကို မြောက်တင် လိုက်သည်။
“ နေမင်း ရောင်ခြည် ... ။ ”
တစ်ချိန်တည်း မှာပင် အဆုံး မရှိသော မီးတောက်များ၊ လက်ဖဝါး၌ တောက်လောင် လာပြီး၊ လင်းယွန်ထံ ရိုက်ချ လိုက်တော့၏။
လင်းယွန်က ဓားသုတ္တန် နောက်ပြန် လှည့်လိုက် သဖြင့်၊ ပန်း သဏ္ဍာန် ပုံရိပ်ယောင် ကောက်ကြောင်းကြီး တစ်ခု၊ ထွက်ပေါ် လာသည်။
ထိုပန်းပွင့် ကြီးက နာရီ လက်တံနှင့် ဆန့်ကျင်ရာ အရပ်သို့ ဖြည်းညှင်းစွာ လှည့်ပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန် အဝါများ၊ ထုတ်လွှတ် လာလေသည်။
“ နှလုံးသား ချိတ်ဆက်မှု၊ ဝိညာဉ်ရေး ဓား။ ”
လက်ချောင်း များက၊ ခရမ်းရောင် ကေျာက်မြက်များ ကဲ့သို့ တောက်ပ လာ ချိန်တွင်၊ လက်ညှိုးကို တောက်ထုတ်ပစ် လိုက်သည်။
“ ဝှစ် ... ။ ”
ခရမ်းရောင် ဓားရောင်ခြည် တစ်စင်း ပြေးထွက် သွားပြီး၊ ချင်းယန်၏ တိုက်ခိုက်မှုကို ဖြိုခွဲပစ် လိုက်သည်။
ပေါက်ကွဲသံ များနှင့် အတူ၊ ကြောက်မက်ဖွယ် ကောင်းသော တုန်လှုပ် ချောက်ချားဖွယ် လှိုင်းများက ချင်းယန်ကို ရိုက်ထုတ် လိုက်တော့၏။
“ သေ စမ်း ... ။ ”
ချင်းယန်၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ လင်းယွန်ကို ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရအောင် မလုပ် နိုင်မှန်း၊ သိထား သော်လည်း၊ ဤမျှ လွယ်လွယ်ဖြင့် ဖြေရှင်း နိုင်လိမ့် မည်ဟု မထင်ထား မိချေ။
နှလုံးသားများ တဒိန်းဒိန်း ခုန်လာပြီး၊ စိုးရိမ်စိတ်များ ဝင်ရောက် လာ၏။ ယုံကြည် ချက်များ တဖြည်းဖြည်း ပြိုကျ လာကာ၊ အလေး အနက်ထား လုပ်ဆောင် ရမည်ဟု သတိ ပေးနေ မိသည်။
သို့မဟုတ်ပါက သည်လူကို၊ တကယ် ရှုံးရ ပေလိမ့်မည်။
“ ချင်းယန် ၊ မင်း ... အိပ်မက် ကနေ နိုးထဖို့ အချိန် တန်ပြီ။ ”
တစ်စုံ တစ်ယောက်မှ နားရွက် အနား တိုးကပ်ကာ၊ ပြောလိုက် သကဲ့သို့၊ ထိုအသံအား ကြားလိုက် ရသဖြင့်၊ ကျောရိုး တစ်လျှောက် ချမ်းတုန် သွားလေသည်။
မျက်ဝန်းများ ကျဉ်းမြောင်း သွားပြီး၊ သူ့ရှေ့တွင် ရပ်လျက် ရှိနေ သေးသည့် လင်းယွန် ရှိ-မရှိ၊ သံသယဖြင့် ပြန်ကြည့် လိုက်မိသည်။
တစ်ချိန်တည်း မှာပင်၊ သေစေ နိုင်သော ခြိမ်းခြောက်မှု တစ်ခု နီးကပ် လာကြောင်း၊ ရုတ်တရက် ခံစား လိုက်ရ သဖြင့်၊ ချင်းယန် မျက်နှာ ပြောင်းလဲ သွားရ၏။
“ မြင့်မြတ်သော ယန် တံဆိပ်။ ”
ချင်းယန် ခန္ဓာကိုယ် အနှံ့၊ ရွှေရောင် စွမ်းအင်များ ပျံ့နှံ့ သွားပြီး၊ တံဆိပ် များကို စတင် ဖွဲ့စည်း လိုက်သည်။
ယင်းမှာ ရှုံးထွက် အဆင့် အတွက်၊ ပြင်ဆင် ထားသော ဝှက်ဖဲ ဖြစ်သောကြောင့်၊ သူ့ မျက်နှာ တစ်ခုလုံး၊ မည်းမှောင် နေလေပြီ။
“ မင်း ... ဘယ်သူနဲ့၊ လာ ကစားမိ နေတာလဲ ဆိုတာ ကြည့်ရအောင် …။ ”
-ဟု ဆိုလျက် လက်ဝါး ရိုက်ချက် များကို တရစပ် ရိုက်ထုတ် လိုက်သည်။
သို့သော် သူ့ရှေ့တွင် ရှိသော လင်းယွန်မှာ၊ ရုတ်တရက် ပျောက်ကွယ် သွားပြီး၊ မျက်လုံးများ ထဲ၌ ဓားအလင်း တစ်စ တောက်ပ လာကာ၊ အဆုံးတွင် ကောင်းကင်ကြီး တရွေ့ရွေ့ နီးကပ် လာသည်ကို၊ မြင်တွေ့ လိုက်ရ၏။
“ ပလောက် ... ၊ ... ။ ”
လေထဲ မြောက်တက် သွားသော ခေါင်းပြတ်ကြီး နှင့်အတူ၊ ကြမ်းပြင်ပေါ် သွေး စီးကျ သံများ၊ တဖျောက်ဖျောက် ထွက်ပေါ် လာတော့သည်။
( လူတွေက ငါ့ကို ဒူးထောက် ခိုင်းပြီး၊ အရှက်ခွဲချင် နေတာလား၊ ကောင်းပြီ ငါ့ ဓားကို အရင်မေး လိုက်ပါ။ )
***