ဘယ်သူ နိုင်မယ် ထင်လဲ။
Vol. 56 Ch. 779
လူတိုင်းက ပန်းသင်္ချိုင်း ဓားမှ သွေးများ စီးကျ နေသံကို ရှင်းရှင်း လင်းလင်း ကြားနေ ရသည်။
ပတ်ဝန်းကျင် တစ်ခုလုံး နှုတ်ဆိတ် ကုန်ကြပြီး၊ ကျန်သော စင်မြင့် များရှိ အခြား တိုက်ပွဲ များကို၊ မေ့လျော့သွား ကုန်၏။
ဤသို့ဖြင့်၊ ယန် နန်းတော်၏ ထိပ်တန်း ပါရမီရှင် တစ်ဦးနှင့် အမာခံ တပည့် တစ်ဦးတို့ သေဆုံး သွားခဲ့သည်။
ဒူးထောက် ခိုင်းမည် ဟူသော သူကို လင်းယွန်မှ ချက်ချင်း သတ်ပစ် လိုက်သည်။ ဤအရာက လူတိုင်း အပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့ပြီး၊ အာခေါင်များ ခြောက်ကပ် လာစေ၏။
ပွဲစဉ် အတွင်း၌ လူ အများ အပြား သေဆုံး ခဲ့သော်လည်း၊ ထိုသေဆုံးသူ အများစုမှာ အမည် မရှိ သူများ ဖြစ်သည်။
ထို့ကြောင့် သူတို့၏ သေဆုံးမှု အပေါ်၊ မည်သူမျှ မခံစား မိချေ။ ချင်ယန် သေဆုံးခြင်း သည်သာ အကျိုး သက်ရောက်မှု ရှိလေသည်။
ချင်းယန်ထက် အားနည်းသော ပါရမီရှင် လူငယ် များပင် မသေပေ။ ထို့ကြောင့် တော်ဝင် ယန် နန်းတော်မှ၊ လူတိုင်း၏ မျက်နှာကို မည်းမှောင် သွားစေသည်။
အကြီးအကဲ များ၏ မျက်ဝန်း များတွင်၊ အမုန်း တရားများ တောက်လောင် နေရုံမှ လွဲ၍ သူတို့ တက်နိုင်တာ မရှိချေ။
ချင်းယန်တွင် မြင့်မားသော အရည် အချင်း ရှိသဖြင့်၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲသို့တိုင်၊ မျှော်လင့် ထားမိ ချေသည်။ သို့သော် လင်းယွန်က သတ်ပစ် လိုက်၏။
“ ချင်းယန် တစ်ယောက် ... ၊ ဒီလိုပဲ သေသွား တာလား။ ”
လင်းယွန်မှာ ချင်းယန်ထက် များစွာ အရည် အချင်း ရှိကြောင်း သိသာ နေသည်။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ ခွေး တစ်ကောင်ကို သတ်ပစ် လိုက် သလို၊ အရမ်း လွယ်ကူ လိုက်တာ။ ”
“ ကြည့်ရတာ အုပ်စု (၇)မှာ၊ ဖန်းဝူရှောင် အပြင်၊ နောက်ထပ် စောင့်ကြည့် ရမယ့်၊ လူ ရှိနေပြီ။ ”
“ ဒါ အမှန်ပဲ၊ ဖန်းဝူရှောင် ထက်တောင် ပိုသန်မာ လိမ့်မယ်၊ သူတို့ နှစ်ယောက် ဆုံရင် ဘာဖြစ်မယ် ထင်လဲ။ ”
အားလုံးက လင်းယွန်ကို ထိတ်လန့်စွာ ကြည့်ပြီး၊ အချင်းချင်း ဆွေးနွေး လာကြသည်။
“ လင်းယွန်က သူ့ ခွန်အားကို ဘယ်လောက် အထိ သုံးတယ်လို့ ထင်လဲ။ ”
“ အနည်းဆုံး (၈၀%)၊ ဒါပေမယ့် သူ့မှာ ဝှက်ဖဲတွေ ကျန်ဦးမယ်၊ သူက ထိပ်ဆုံး သုံးဆယ် ဒါမှမဟုတ် ဆယ့်ငါးယောက် အထိတောင် ဝင်နိုင် လိမ့်မယ်။ ”
“ သည်နှစ် ပွဲက တကယ့်ကို ရင်ခုန်စရာ ပါပဲ၊ တိမ်နဂါး အဆင့် ပါရမီရှင်တွေ တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့် နေတယ်၊ ... ”
“ ... မျိုးဆက်သစ် ပါရမီရှင် တွေက အရမ်းသန်မာ တာကိုး၊ ရှုံးထွက် ပွဲစဉ်နဲ့၊ အဆင့် သတ်မှတ်ချက် တိုက်ပွဲ တွေကို၊ မစောင့်နိုင် တော့ဘူး။ ”
“ ဒီလင်းယွန် ဘယ်လောက် အထိ သွားနိုင် မလဲ၊ ငါ သိချင်တယ်။ ”
လင်းယွန်၏ အစွမ်းအစမှာ၊ လူတိုင်းကို ထိတ်လန့် သွားစေသည်။ ထို့ကြောင့် မျိုးဆက်သစ် ပါရမီရှင်များ စာရင်း၌၊ အသန် မာဆုံး အဖြစ် သတ်မှတ် လိုကြ သော်လည်း၊ ယွဲ့ဝေဝေကို ထောက်ခံ များက၊ ချက်ချင်း ကန့်ကွက် လာကြသည်။
ဘိုင်လိရွှမ်၏ ပရိတ်သတ်များ ကလည်း၊ သူတော်စင် ခန္ဓာ ကိုယ်ကြောင့်၊ လင်းယွန်ထက် မနိမ့် ကျကြောင်း ဆို လာကြသည်။
တစ်ဖက်တွင် ဖန်းဝူရှောင်နှင့်၊ ဖန်းဟန် လုဟွာ တို့၏ ပွဲစဉ်များ သည်လည်း၊ ရင်သပ် ရှုမောဖွယ် ကောင်းလှ လေသည်။
ထို့ကြောင့် လူတိုင်းက အဆုံးအဖြတ် မပေးနိုင် တော့ချေ။ ယင်းက လာမည့် တိုက်ပွဲ များအတွက်၊ ပို၍ စိတ်လှုပ်ရှား လာစေသည်။
မျိုးဆက်သစ် ပါရမီရှင် များအား၊ ဘုရင် သုံးပါးနှင့် အထက် တန်းစာ ခုနစ်ပါး တို့ဖြင့်၊ ထိပ်တိုက် တွေ့စေချင် ကြသည်။
အချိန်များ လျင်မြန်စွာ ကုန်လွန် လာပြီးနောက်၊ ပထမ အကျော့ အုပ်စုတွင်း ပွဲစဉ်များ၊ အဆုံးသတ် တော့မည် ဖြစ်သည်။
လင်းယွန်နှင့် ဖန်းဝူရှောင်မှာ၊ အုပ်စု (၇) အတွင်း၌ နိုင်ပွဲဆက် နေခဲ့သည်။ အခြားသော အုပ်စုများ တွင်လည်း၊ သူတို့ ကဲ့သို့ နိုင်ပွဲဆက် နေသည့်၊ လူငယ် များလည်း ရှိသည်။
၎င်းတို့ အားလုံးတွင် ကြည်လင် တောက်ပ နေသော ပယင်း ရောင်ဝါ များကို ပိုင်ဆိုင်ထား ခေျပြီ။
ထို့နောက် ဒိုင်အဖိုးအို များက၊ ကျောက်စိမ်းပြား များကို စစ်ဆေးကာ၊ နောက်တစ်ဆင့် တက်ရောက် နိုင်သူ များကို ကြေငြာ ပေးခဲ့သည်။
ပွဲစချိန်၌ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ကျင့်ကြံ သူပေါင်း တစ်သိန်းခန့် ပါဝင်ခဲ့ ကြသည်။
ထိုအရေအတွက် မှသည် ထောင်ဂဏန်း အထိ ကျဆင်း သွား၏။ ၎င်း ထောင်ဂဏန်းမှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ အထက် တန်းစားများ ဖြစ်လေသည်။
ခွေးဆိုး များနှင့် မြင်နက် များက ယင်းလူအုပ် ထဲမှ ထွက်ပေါ် လာမည် ဖြစ်၏။ မည်သည့် အရာမဆို ချက်ချင်း ဖြစ်ပွားလာ နိုင်သော ဤကမ္ဘာ ကြီးတွင်၊ ကစားပွဲ များကို အချိန် မရွေး ပြန်လှည့် နိုင်ချေ ရှိသည်။
တစ်ရက် အနား ယူပြီးနောက်၊ နဂါး ကိုးကောင် ရေကန်တွင်၊ နေရောင်ခြည်များ ထွန်းလင်း လာသည်နှင့်၊ ထုတ်ပယ်ရေး ပွွဲစဉ် များကို စတင် ခဲ့သည်။
ရှုံးထွက် ပွဲစဉ် ဇယား ထုတ်ပြန် တော့မည် ဖြစ်သဖြင့်၊ တက်ရောက် လာသူတိုင်း စိတ်လှုပ်ရှား လာ တော့၏။
ထုတ်ပယ်ရေး အဆင့်တွင်၊ အုပ်စု (၁) အတွင်းရှိ ပြိုင်ပွဲဝင် (၅၀) ဦးနှင့်၊ အုပ်စု (၁၀)မှ၊ (၅၀)ကို ရောနှောကာ တစ်ဦးလျှင် (၁၀)ပွဲ၊ တိုက်ခိုက် ရမည် ဖြစ်သည်။
ဤနည်းဖြင့်၊ အုပ်စု(၂) အုပ်စု (၉)၊ အုပ်စု (၃)နှင့် အုပ်စု (၈) စသည်ဖြင့်၊ ရောနှော အုပ်စု (၄)ခု ထပ်မံ ထွက်ပေါ် လာသည်။
ရောနှော အုပ်စု (၁)စု အတွင်းရှိ၊ ပြိုင်ပွဲ ဝင်ပေါင်း (၁၀၀)မှ၊ လူပေါင်း (၂၀)အား အဆင့် သတ်မှတ်ချက် ပြိုင်ပွဲသို့ တက်ရောက်ရန် ရွေးချယ်မည် ဖြစ်သည်။
သုံးပွဲ ရှုံးနိမ့် သူများကို ဖယ်ထုတ်မည် ဖြစ်ပြီး၊ မည်သူမျှ နှစ်ကြိမ်ထက် ပို၍ ရှုံးခွင့် မရှိ တော့ချေ။
ဆယ်ဦးလျှင် တစ်ဦးသာ အခွင့် အရေး ရှိပေ၏။ ထုတ်ပယ်မှု နှုန်းမှာ (၉၀%)ဟု ဆို ရပေမည်။
ထုတ်ပယ်ရေး အဆင့်သို့ တက်ရောက် လာသူတိုင်းမှာ၊ ထူးချွန် ထက်မြက် သူများသာ မကဘဲ၊ ရှားပါသော ပါရမီရှင်များ ဖြစ်လေ သည်။
သို့သော် သူတို့တွင်၊ အခွင့်အရေး နှစ်ကြိမ်သာ ရှိပြီး၊ သုံးကြိမ်မြောက် ရှုံးနိမ့်ပါက၊ ခရီးစဉ်မှ လှည့်ပြန် ရတော့မည် ဖြစ်၏။
ထို့ကြောင့် မည်သူမျှ အလွယ် တကူ အရှုံးပေး ကြမည် မဟုတ်ချေ။ သေခြင်း တရား ဖြင့် ရင်ဆိုင် ရသည့်တိုင်၊ တိုက်ပွဲဝင် ကြမည်မှာ သေချာသည်။
စည်းမျဉ်းများ အရ၊ သတ္တမ အုပ်စုနှင့်၊ စတုတ္ထ အုပ်စုကို ပေါင်းစပ်မည် ဖြစ်သည်။ သတ္တမ အုပ်စု အတွင်း၌ လင်းယွန် အပြင်၊ နိုင်ပွဲ ဆက်ထားသော အခြားသူ နှစ်ဦး ရှိသည်။
ပထမ တစ်ဦးမှာ ဖန်းဝူရှောင် ဖြစ်ပြီး၊ ရှန်ရှင်းဓား ရည်ရွယ်ချက်နှင့် ယှဉ်နိုင်သော လျှပ်စီး ရည်ရွယ်ချက် ရှိသည်။
နောက်တစ်ဦးမှာ တိမ်နဂါး အဆင့် (၁၄)တွင်၊ ရပ်တည်ထား နိုင်သော၊ ရန်စီချင်း ဖြစ်သည်။
ပြိုင်ဘက် အများ စုမှာ မတိုက်မီ ကပင်၊ ရှုံးနိမ့်ကြောင်း ဝန်ခံကြ သဖြင့်၊ သူ မည်မျှ သန်မာ သည်ကို မဆုံးဖြတ် နိုင်ကြပေ။
အခြားသူ များထဲတွင်၊ ယန်တောင်း ကိုလည်း သတိထား ရပေမည်။ ဖန်းဝူရှောင် တစ်ဦးတည်း ကိုသာ ရှုံးနိမ့် ထားပြီး၊ တိမ်နဂါး အဆင့်၊ (၂၀)တွင် ရပ်တည် ထားနိုင်သော ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်သည်။
စတုတ္ထ အုပ်စုတွင် ယန်းဖန်ကို ရှုံးနိမ့်ထားသော ဖန်းဟန် လုဟွာ အပြင်၊ သစ်ပြာတော၏ မျိုးဆက်သစ် ပါရမီရှင် ဘိုင်လင်း၊ အလင်း အမှောင် လမင်း ကမ္ဘာမှ၊ အမာခံ တပည့် ယီချင်းဖိန် တို့ ရှိသည်။
သူတို့ အားလုံး၏ တိုက်ပွဲဝင် စွမ်းအားမှာ၊ လင်ယွန် ကဲ့သို့ ကြောက်စရာ ကောင်းပေ၏။ သို့သော် ၎င်းတို့ထက် ပို၍ သတိထား ရမည်မှာ၊ ဂျူးချန် ဖြစ်သည်။
ဂျူးချန်သည် ယခင် ပြိုင်ပွဲ၌၊ အထက် တန်းစား ခုနစ်ပါး အနက်၊ နံပါတ် (၈) နေရာကို ရယူ ထားနိုင် ခဲ့သည်။
သစ်ပြာတော၏ တပည့်ကြီး ဖြစ်ပြီး၊ သူနှင့် တေွ့ဆုံ ရပါက၊ အနိုင် ရရန် အခွင့် အလမ်း မရှိပေ။
လျှို့ဝှက် မဟာမိတ် အဖွဲ့သည် ဤအခြေ အနေကို မျှော်လင့်ထား သောကြောင့်၊ ရှုံးပွဲ (၂) ပွဲ အထိ၊ ခွင့်ပြု လာခြင်း ဖြစ်သည်။
ဆိုလို သည်မှာ ဂျူးချန်ကို သေချာပေါက် ရှုံးမည်ဟု တွက်ဆ ထားပြီး၊ နောက်တစ်ကြိမ် သာ အခွင့် အရေး ရှိသည်ဟု ပြောနိုင်သည်။
နောက်တဖန် စတုတ္ထ အုပ်စု အပြင်၊ သတ္တမ အုပ်စုရှိ ကျွမ်းကျင်သူ များထံ၊ တိုးဝင် နိုင်ချေ လည်း ရှိလေသည်။
“ ပထမ ပွဲစဉ်၊ ယန်တောင်းနဲ့ ယီချင်းဖိန်။ ”
ယန်တောင်းမှာ အုပ်စုတွင်း ပွဲစဉ်၌ တစ်ပွဲသာ ရှုံးနိမ့် ခဲ့ပြီး၊ ယီချင်းဖိန်၌ ရှုံးပွဲ မရှိ သေးချေ။ ထို့အပြင် ယီချင်းဖိန်သည် အလင်း အမှောင် လမင်း ကမ္ဘာ၏ တပည့် ဖြစ်သည်။
နာမည် စာရင်း ကြေငြာ သံကြောင့်၊ ယန်တောင်း မျက်နှာ လေးနက် သွားသည်။ သတိ လက်လွတ် မနေဝံ့ ခဲ့ချေ။
သူ့ ပြိုင်ဘက်သည်၊ မျိုးဆက်သစ် တစ်ဦး မျှသာ ဖြစ်သော်လည်း၊ ရှုံးပွဲ မရှိထား သည်မှာ၊ အထင်ကြီး စရာ ကောင်းလေသည်။
“ အလင်း အမှောင် လမင်း ကမ္ဘာက၊ ယီချင်းဖိန် ပါ။ ”
မိတ်ဆက် စကားဆုံး သည်နှင့်၊ စင်မြင့် တစ်ခုလုံး ခရမ်းရောင် လရောင်ခြည် များဖြင့်၊ ဖုံးအုပ်လျက် ဦးစွာ တိုက်ခိုက် လာသည်။
“ ဟိတ် ... ။ ”
တည်နေရာ အပြောင်းခံ လိုက်ရ သကဲ့သို့ ယန်တောင်း ရှေ့တွင်၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ လက်မ လက်ညိုးနှင့်၊ လက်ခလယ်အား ကွေးယူကာ ကုပ်ချ လိုက်သည်။
ယင်းမှာ အလင်းအမှောင် လမင်း ကမ္ဘာမှ၊ အကြွင်းမဲ့ လက်သုံးချောင်း ဖြစ်၏။
ထို အဟုန်ကြောင့် ယန်တောင်း တစ်ယောက် အံ့ဩ မိသော်လည်း ဓားသုတ္တန်ကို ဖြန့်ကျက်ပြီး၊ ချက်ချင်း ဓားဆွဲ လိုက်ရသည်။
“ ကလန် ... ၊ ကလန် ... ၊ ချွမ် ... ။ ”
ဓား အလင်း များက၊ ယီချင်းဖိန် လက်သည်း ကုတ်ချက်နှင့် ထိမှန်ခဲ့ သော်လည်း၊ သံမဏိဖြင့် ထိမှန် သကဲ့သို့ ခံစား လိုက်ရသည်။
နောက်ဆုံးတွင် ထုတ်ပယ်ရေး အကျော့ ဖြစ်ပြီး၊ အခွင့် အရေး တစ်ကြိမ်သာ ရှိလေရာ၊ နောက်ဆုတ် ပေးရန် ဆန္ဒ မရှိကြ သည်မှာ အမှန်ပင်။
ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး ဖြစ်နေခဲ့ လျှင်ပင်၊ အလွယ် တကူ အရှုံး ပေးမည် မဟုတ်ကြောင်း၊ သိသာ လေသည်။
တစ်ကြိမ်ရှုံး နိမ့်ခြင်းဖြင့်၊ အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် စင်မြင့် ပေါ်ရှိ တိုက်ပွဲ တိုင်းမှာ၊ ပြင်းထန် လာတော့၏။
“ အကြွင်းမဲ့ လက်သုံးချောင် ... ။ ”
ယီချင်းဖိန်က အော်ဟစ် လိုက်ပြီး၊ ခရမ်းရောင် လမင်းကို နောက်ခံ ပြုလျက်၊ ကြောင် တစ်ကောင် ကဲ့သို့၊ လေထဲ၌ ခန္ဓာကိုယ် ကွေးညွတ် သွားသည်။
သို့သော် ထိုလက်သည်း ကုတ်ချက်၊ ထွက်ပေါ် လာသည့် အချိန်၌၊ ကျား တစ်ကောင် ကုတ်လာသည့် အလား၊ ယန်တောင်း ဓားပေါ် ကျရောက် သွားသည်။
“ ချွမ် ... ချွမ် ကလန် ... ။ ”
တိုက်ခိုက်မှု များက၊ ရက်စက် ကြမ်းကြုတ် လှပြီး၊ သတိ တစ်ချက် လစ်ရုံဖြင့်၊ နှလုံးထုတ်ယူ ခံရမည် ဖြစ်သည်။
တစ်ဖက် တွင်မူ မဟာ စီးဆင်းခြင်း ဓားသုတ္တန်ကြောင့်၊ ယန်တောင်း နောက်ထံပါး ဆီ၌ ဖြစ်ပေါ် နေသော ဓားရိပ် ကြီးက၊ ဖြည်းညှင်းစွာ ပျောက်ကွယ် နေပြီး၊ တစ်ချိန်လုံး ဆုတ်ခွာ ပေး နေရသည်။
စင်မြင့် ပေါ်၌ ခရမ်းရောင် လက်သည်းနှင့်၊ ဓား မီးတောက်များ၊ အဆက် မပြတ် ပေါက်ကွဲ နေပြီး၊ အိပ်မက်ဘုံ တစ်ခုလို မီးပွင့်များ ပြန့်ကျဲ နေ၏။
သို့သော် ယန်တောင်း အတွက်၊ အိမ်မက် တစ်ခု မဟုတ် ခဲ့ချေ။ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာ များစွာ ရရှိ လာပြီး၊ နိမ့်ကျသော အခြေ အနေသို့ ကျဆင်း လာသည်။
“ လင်းယွန်၊ ဘယ်သူ အနိုင်ရမယ် ထင်လဲ။ ”
သစ်ပြာတောမှ ဘိုင်လင်းက ရုတ်တရက် မေးလိုက်သည်။ အုပ်စု နှစ်စုမှာ တစ်စုတည်း ဖြစ်ပြီးနောက်၊ ပြိုင်ဖက်များ အချင်းချင်း သတိထား လာမိ ကြသည်။
ထို့ကြောင့် ဘိုင်လင်း မေးခွန်းက လူများစွာ၏ အကြည့်ကို ချက်ချင်း ဆွဲဆောင် နိုင်ခဲ့၏။
အထူး သဖြင့် ဖန်းဝူရှောင်၊ ရန်စီချင်း၊ ဖန်းဟန် လုဟွာနှင့်၊ ဂျူးချန်တို့ ကဲ့သို့သော ပါရမီရှင်များ ဟုဆိုက၊ ပိုမှန် ပေမည်။
နောက်ဆုံးတွင် ပါရမီများ ကြား၌၊ နည်းလမ်း အမျိုးမျိုးဖြင့် အချင်းချင်း ပြိုင်ဆိုင် နေတက်ကြ ပေရာ၊ ဤသည်လည်း အပါအဝင် ဖြစ်၏။
ထို့ကြောင့် လင်းယွန်မှ မည်ကဲ့သို့ တုံ့ပြန် မည်ကို အများက၊ သိလို လာကြခြင်း ဖြစ်လေ သည်။
လင်းယွန်က ဘိုင်လင်းကို တည်ကြည်စွာ ပြန်လှည့် ကြည့်လိုက်ပြီး၊
“မင်း အရင်ပြော ... ။ ” -ဟု ဆိုလေသည်။
“ နောက်ထပ် သုံးကြိမ် ဖလှယ် ပြီးရင် ... ၊ ယီချင်းဖိန် ရှုံးသွား လိမ့်မယ် ။ ”
ပြုံးကာ ဖြေလိုက်သည်။ ထို့နောက် ဦးစွာ မပြော ဝံ့သော လင်းယွန် အပေါ်၊ နိမ့်ချကာ ကြည့် လိုက်လေ၏။
ဘိုင်လင်း စကားကို လူတိုင်းက သဘောတူ ပေသည်။ လက်ရှိတွင် ယန်တောင်းမှာ အခြေ အနေ ဆိုးရွား သော်လည်း၊ အရှိန်အဝါ များကို စုစည်းထား နိုင်ဆဲဖြစ် သဖြင့်၊ နောက်ထပ် သုံးကြိမ်မျှ ခုခံ နိုင်ဦး မည်မှာ သေချာ၏။
“ ယန်တောင်း နှစ်ကြိမ် အတွင်း၊ ရှုံး လိမ့်မယ် ။ ”
ရုတ်တရက် လင်းယွန်က သူ့ အမြင်ကို ထုတ်ပြော လိုက်သည်။
“ ပန်းသင်္ချိုင်း၊ မင်းက ဒီလောက်လည်း အထင်ကြီးစရာ မရှိ ပါလား၊ မင်းရဲ့ အမြင် အာရုံ တွေက ချို့တဲ့ နေသေးတယ်၊ ဟား ဟား ဟား ။ ”
ဘိုင်လင်းက အထင် သေးစွာ၊ အော်ဟစ် လှောင်ပြောင် လိုက်သည်။ သူ နှင့်အတူ အများ စုက၊ နှာခေါင်းရှုံ့လျက် လှည့်ကြည့် လာ၏။ မည်သူမျှ ထိုအမြင်ကို သဘော မတူ ကြချေ။
***