သိစိတ် အလျင် လှုပ်ရှားမှု။
Vol. 56 Ch. 780
ယန်တောင်း၏ ဓားရောင်ဝါမှာ၊ အက်ရာမျှပင် မရှိ သဖြင့်၊ နှစ်ကြိမ်အတွင်း ရှုံးနိမ့်ရန် မဖြစ် နိုင်ချေ။
နောက်ထပ် လှုပ်ရှားမှု နှစ်ခုကို ခံနိုင်ရည် ရှိပါက၊ ဓားရောင်ဝါမှာ အမြင့် ဆုံးသို့ ရောက်ရှိ သွားပြီး၊ ကစားပွဲ ကိုပင် ပြောင်းနိုင် မည်ဟု ထင်ကြသည်။
ယီချင်းဖိန် မှာမူ၊ လက်ရှိ အရှိန် အတိုင်း ဆက်သွားသော်၊ မူလ စွမ်းအင်များ မကြာမီ ကုန်ဆုံး သွားမည် ဖြစ်သည်။
ဘိုင်လင်း ယူဆ ထားသလိုပင်။ တစ်ကြိမ် ပြီးနောက် ယန်တောင်း ဓား ရောင်ဝါမှာ၊ အက်ကြောင်း မျှ မရှိဘဲ၊ ဆက်လက် တောင့်ခံ နိုင်ခဲ့သည်။
ယင်း အစား သူ စုဆောင်း နေသော၊ အရှိန် အဝါမှာ စင်မြင့် တစ်ခု လုံးကို၊ အကန့် အသတ် မရှိ၊ ဖုံးအုပ် လာ၏။
တန်ပြန် တိုက်စစ်ကို စတင် လိုက်သည့် အခိုက်တွင်၊ မဟာ စီးဆင်းခြင်း ဓားသုတ္တန်မှာ အလုပ် လုပ်လာပြီ ဖြစ်သည်။
“ မင်းပြောတဲ့ အတိုင်း၊ တစ်ကြိမ်ကျန် သေးတယ်၊ ယီချင်းဖိန် ဘယ်လို အနိုင်ယူ မလဲ ဆိုတာကို မစောင့်နိုင် တော့ဘူး။ ”
လှောင်ပြောင် လိုသော သူ့ စကားသံ မဆုံးခင် မှာပင်၊ ယီချင်းဖိန်မှ ကျယ်လောင်သော ကြုံးဝါးသံ၊ ထွက်ပေါ် လာသည်။
“ ဟိတ် ... ။ ”
စင်မြင့် တစ်ခုလုံး ပြင်းစွာ တုန်လှုပ်စ ပြုလာပြီး၊ အနီး ပတ်ဝန်းကျင်ရှိ ကန်ရေသည် စင်မြင့်ပေါ် ခုန်တက် လာကာ၊ ဖုံးလွှမ်း နေသော ဓားရောင်ဝါ များကို၊ ဖြိုခွဲလိုက် တော့သည်။
ဓားရောင်ဝါမှာ ကစား ပွဲကို ပြန်လှည့်ရန် အတွက်၊ ဝှက်ဖဲ ဖြစ်သောကြောင့်၊ ယန်တောင်း မျက်နှာကို ပြောင်းလဲ လာစေ၏။
ဤဓားရောင်ဝါသာ ကွဲအက် သွားပါက၊ ပြိုင်ဘက်အား အနိုင်ယူ နိုင်စရာ နည်းလမ်း မရှိ တော့ချေ။
ထို့ကြောင့် သူ လှုပ်ရှားခါ နီးတွင်၊ ခရမ်းရောင် လမင်းမှာ တောက်ပ လာပြီး၊ အက်ရာထင် နေသော ဓားရောင်ဝါကို အရူး အမူး ဝါးမြိုပစ် လိုက်သည်။
စကြာဝဠာမှ တွင်းနက်ကြီး ကဲ့သို့၊ ထင်မှား လာစေ၏။ ခရမ်းရောင် လမင်း တောက်ပ လာ သည်နှင့် အမျှ၊ ယန်တောင်းမှာ တုန်လှုပ် သွားသည်။
“ ဆင်း စမ်း ... ။ ”
ယီချင်းဖိန်က ရှေ့ တစ်လှမ်း လှမ်းတက်ပြီး၊ အရှိန် အဝါများ ပြိုကျ နေသည့် ယန်တောင်း ရင်ဘတ်ထံ၊ ရိုက်ချ လိုက်တော့ ၏။
သွေးတစ်လုတ် အန်လျက် စင်မြင့် ပေါ်မှ ပြုတ်ကျ သွားကာ၊ ပယင်း ရောင်ဝါ တစ်ဝက်ကို ပေးအပ် လိုက်ရသည်။
“ မရဏ သုတ္တန် ... ။ ”
ဘိုင်လင်းက ထိတ်လန့်စွာ ထအော် လိုက်၏။ တစ်စုံ တစ်ယောက်၏ အရှိန် အဝါကို ဝါးမြို နိုင်သော၊ ၎င်း နည်းစနစ်အား မေ့လျော့ နေခဲ့သည်။
ဂျူးချန်က လင်းယွန်ကို တည်ငြိမ်စွာ လှည့်ကြည့် လိုက်သည်။ ရလဒ် အပေါ် အံ့သြခြင်း မရှိ သော်လည်း၊ တစ်ဖက်လူ မည်သို့ တွက်ဆ နိုင်သည်ကို၊ သိချင် လာမိသည်။
တခြားသူ များမှာ ထိုရလဒ်ကြောင့်၊ လင်းယွန်ထံ မကြည့်ဝံ့ တော့ချေ။ ဘိုင်တင်း မျက်နှာသည် သပြေသီး မှည့် တစ်လုံး ကဲ့သို့၊ နီရဲ မည်းပုတ် လာ၏။
ပြိုင်ပွဲများ ဆက်သွား နေခဲ့ပြီး၊ ဖန်းဝူရှောင်၊ ဖန်းဟန် လုဟွာနှင့် ဂျူးချန် တို့က နိုင်ပွဲများ ရရှိ ကုန်၏။
သူတို့ အားလုံး ထဲတွင်၊ ဂျူးချန် အပေါ်၊ ပြိုင်ဘက် တိုင်းက နင်းဖြတ်လို ကြသဖြင့်၊ မည်သူမျှ ရှုံးနိမ့်မှုကို ဝန်ခံခြင်း မရှိ ခဲ့ပေ။
စင်မြင့်ပေါ် ၌သာ တိုက်ပြီး၊ အရှုံးပေး ကြ လေသည်။ ပထမ ပွဲစဉ်တွင် ရလာဒ် ကောင်းချင် သည်မှာ၊ လူတိုင်း၏ သဘာဝသာ ဖြစ်သည်။
ဂျူးချန် သန်မာကြောင်း၊ သိရှိထား သော်လည်း၊ တိုက်ခိုက်မှုကို မမြင် နိုင်သည် အထိ၊ အစွမ်းထက် လိမ့်မည်ဟု၊ သူတို့ မထင်ထား ကြချေ။
ထို့ကြောင့် သူ၏ ပြိုင်ဘက် များမှာ၊ ပါးစပ်မှ သွေးများ အန်လျက် လွင့်စင် သွားရ၏။
ဖန်းဝူရှောင် သည်လည်း၊ ရှုံးပွဲ မရှိ စံချိန်ကို၊ ဆက်ထိန်းထား နိုင်ခဲ့ သည်သာ မက၊ ဝှက်ဖဲများ ထုတ်ဖော် ခြင်းပင် မရှိ ခဲ့ချေ။
ဖန်းဟန် လုဟွာ မှာမူ၊ ရိုက်နှက် ခံရသည် နှင့်အမျှ၊ ပို၍ သန်မာ လာ၏။ ဆယ်ကြိမ် အတွင်း သူ့အား အနိုင် မယူ နိုင်ပါက၊ မည်သည့် ပြိုင်ဘက် မဆို၊ ရှုံးနိမ့်သွား ရပေမည်။
သို့သော် သိုင်းကွက်ပေါင်း ရာဂဏန်း ကျော်ကို ရင်ဆိုင် ပြီးနောက် မှသာ၊ အောင်နိုင် ပေသည်။
သူ၏ နည်းလမ်းမှာ များစွာ ရက်စက် ကြမ်းကြုတ် လှပြီး၊ ဒဏ်ရာ များဖြင့် သွေးများ ပန်းထွက် နေခဲ့ သောကြောင့်၊ လူတိုင်းကို ပဟေဠိ ဖြစ်လာ စေသည်။
“ နောက်တစ်ပွဲ ၊ ဘိုင်လင်းနဲ့ လင်းယွန်။ ”
ဒိုင် အဖိုးအိုက ပြုံးကာ ကြေငြာ လိုက်၏။
“ ယီချင်းဖိန်၊ ဘယ်သူ နိုင်မယ် ထင်လဲ ... ။ ”
တစ်ယောက် ယောက်က လှမ်းမေး လိုက်သည်။ ထိုသူက လင်းယွန် အနိုင်ရ မည်ဟု ခန့်မှန်း ထားပြီး၊ ယီချင်းဖိန် အမြင်ကို စမ်းသပ် လိုက်ခြင်း ဖြစ်သည်။
ယီချင်းဖိန်က ဂျူးချန်ကို တစ်ချက်ကြည့် လိုက်ကာ၊
“ ငါ ... သူ့ကို မကြိုက် ပေမယ့်၊ သစ်ပြာတော ဆိုတာ အုပ်စိုးရှင် ကိုးပါးမှာ၊ အောက်ဆုံး အဆင့်ပဲ ရှိပါတယ်၊ ဘိုင်လင်းက အနိုင် ရခြေ (၅၀%) အခွင့် အလမ်းတောင် မရှိဘူး။ ”
ဂျူးချန် ရှေ့၌ သစ်ပြာတော၏ အခြေခံ အုတ်မြစ်ကို ဝေဖန်ရဲ သည်မှာ၊ အလင်း အမှောင် လမင်း ကမ္ဘာမှ၊ တပည့် များသာ ရှိပေမည်။
“ ဖြစ်နိုင် ပါတယ်၊ ဒါပေမယ့် လွယ်မှာတော့ မဟုတ် ပါဘူး။ ”
ဘိုင်လင်း အပေါ် နားလည် ထားသော၊ ဂျူးချန်က လျှို့ဝှက်စွာ ပြုံးလိုက်သည်။ စင်ပေါ် ရောက်ရှိ သွားသော ဘိုင်လင်းက၊
“ မင်းရဲ့ အမြင်က အရမ်း ကောင်းတယ်၊ ဒါပေမယ့် ကျွမ်းကျင် သူတွေ ကြားက ရန်ပွဲမှာ၊ အမြင် အာရုံ တစ်ခုတည်း အသုံး မဝင်ဘူး။ ”
ဘိုင်လင်း လေသံတွင် သူ့ကိုယ်သူ ယုံကြည် စိတ်ချ နေဟန်များ ရောစွက် နေသည်။ သို့သော် အမြင် အာရုံသည်၊ ခွန်အား၏ တစ်စိတ် တစ်ပိုင်း ဖြစ်ကြောင်း၊ သူ သိသည်။
ထို့ကြောင့် လင်းယွန်နှင့် ရင်ဆိုင် ရာတွင်၊ ဖိအား အချို့ ရှိနေ ခဲ့သည်။ ယင်းကို ထုတ်မပြ လိုခြင်း ဖြစ်၏။
“ ဒါက ... ငါ ထင်ထား တာထက် ပိုလွယ် ပါလိမ့်မယ်။ ”
လင်းယွန်က တုန့်ပြန် လိုက်သည်။
တစ်ဖက် လူမှ လျစ်လျူရှု ဟန်ကြောင့်၊ ဘိုင်လင်း တစ်ယောက်၊ မျက်မှောင်ကြုတ်လျက် အနည်းငယ် စိုးရိမ် သွား၏။
လင်းယွန်မှ သူ့အား ပြိုင်ဘက် အဖြစ် မည်သည့် အခါမျှ၊ ရှုမြင်ထား ပုံ မရချေ။
( ဒီကောင့်မှာ နိုင်ဖဲ ရှိနေတာလား။ )
နှစ်ဦး စလုံးမှာ နိုင်ပွဲဆက် ထားသော ကြောင့်၊ လူအုပ်ကို စိတ်လှုပ်ရှား လာစေသည်။
“ မင်းရဲ့ ဓားကို ငါ မြင်တယ်၊ ထုတ်ပြီး တိုက်ပါ၊ မဟုတ်ရင် ဓားကိုတောင် ဆွဲထုတ်ဖို့၊ မင်းမှာ အခွင့် အရေး ရှိတော့မှာ မဟုတ်ဘူး။ ”
ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင်လျက်၊ ဘိုင်လင်းအား စိုက်ကြည့်ကာ သတိပေး လိုက်သည်။
ယခင် တိုက်ပွဲ များတွင်၊ ဘိုင်လင်းမှ ဓားကို အသုံးပြု ထားခြင်း မရှိ သဖြင့်၊ လူအုပ် ကြီးအား အံဩလာ စေသည်။
“ ဘယ်လိုတောင် မောက်မာ လိုက်လဲ၊ ဘယ်သူ အနိုင် ရမယ် ဆိုတာ မသေချာ သေးပါဘူး။ ”
လင်းယွန် ပြောသည့် အတိုင်း၊ ဓား ရည်ရွယ်ချက်ကို ထုတ်လွှတ်ပြီး၊ ဘိုင်လင်းက တုန့်ပြန် သည်။
ထက်ရှသော ဓား တစ်လက်၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ ရေကန်ကို ပွက်ပွက်ဆူ လာစေ တော့၏။
တစ်ချိန်တည်း မှာပင်၊ ဘိုင်လင်း ထံမှ တောက်ပသော ဓား အလင်းများ ထွက်ပေါ် လာပြီး၊
“ လေ ... ။ ”
-ဟု ဆိုကာ ဓားကို လွှဲပြီး၊ လေဆင် နှာမောင်း ကြီးကို ဆင့်ခေါ် လိုက်သည်။
ဤဓားသည် လင်းယွန်၏ ‘ကောင်းကင်က တိမ်တိုက် များကို၊ ဖြိုခွင်းမယ်၊’ နှင့် အနည်းငယ် ဆင်တူ၏။
သို့သော် ကွဲပြား လေသည်။ ဘိုင်လင်းမှာ လေကို အဓိက ထားပြီး၊ ရေအား ဒုတိယ နေရာ မှ၊ ပေါင်းစပ် ထား၏။
ဆိုလို သည်မှာ လေဆင် နှာမောင်း အတွင်း၌ ရေ ဓားများ ပါဝင် ချေသည်။
ထို့ကြောင့် လင်းယွန်က ဓားအရှိန် အဝါအား ထုတ်လွှတ်ကာ၊ လေဆင် နှာမောင်း၏ ရှေ့ပြေး လေပြင်း များကို၊ ဖျက်ဆီးပစ် လိုက်သည်။
ပန်းသင်္ချိုင်း ဓားကို (၁)လက်မ မျှသာ ဆွဲထုတ် ရသေး သော်လည်း၊ ကြောက်စရာ လေဆင် နှာမောင်း ကြီးမှာ ရပ်တန့် သွားပြီး၊ အပြည့်ထွက် ပေါ်ချိန်၌ ဘိုင်လင်းအား ဆုတ်ခွာရန်၊ ဖိအားပေး နိုင်ခဲ့သည်။
“ ဘာ စွမ်း အား လဲ ... ။ ”
ဘိုင်လင်း တစ်ယောက် အံ့သြ သွား၏။ မျိုးဆက်တူ အတွင်း၊ ဤမျှ အစွမ်း ထက်သော ဓားရေးမျိုး တစ်ကြိမ်မျှ မမြင် ဖူးချေ။
သူ့ တိုက်ခိုက်မှုအား ဖြေရှင်းရန်၊ ဓား အရှိန်အဝါ ကိုသာ အသုံးပြု ခဲ့သည်။ လက်ရှိ အချိန်၌ ထိုအရှိန် အဝါကို မထိန်း နိုင်တော့ သဖြင့်၊ ဓားနှင့် ခုတ်ပိုင်း လိုက် ရ၏။
“ ဟိတ် ... ။ ”
ဓား ရည်ရွယ်ချက်နှင့်၊ မူလ စွမ်းအင်များ ပေါင်းစပ် လိုက်ချိန်၌၊ တောင်ခိုးများ ‘ဝေ’ လာ သကဲ့သို့၊ မြူများ စုပုံ သွားသည်။
“ ချွမ် ... ကလန် ... ကလန်။ ”
သို့သော် လင်းယွန်မှာ ငြိမ်သက် နေ၏။ ဓားရည်ရွယ် ချက်အား မသုံးဘဲ၊ ဓားသုတ္တန်ကို ဖြန့်ကျက်လျက်၊ ခုခံလိုက် လေရာ၊ စင်မြင့် ပေါ်၌ မီးပွားများ ပွင့်ထွက် လာစေသည်။
စိတ်ဝင်စားစရာ ကောင်းသော တိုက်ပွဲကြောင့်၊ လူတိုင်း အာရုံ မလွှဲနိုင် ခဲ့ကြချေ။
လင်းယွန်နှင့် ဘိုင်လင်း၏ ဓားရေးမှာ၊ အစွမ်းထက် ကြပြီး၊ သူတို့ နှစ်ဦးတွင် မြင့်မားသော နားလည် နိုင်စွမ်းများ ရှိကြ ချေသည်။
တစ်ခါ တစ်ရံတွင်၊ မျက်စိများ ကျိန်းစပ် လာသည် အထိ၊ စူးရှသော ဓား အလင်းများ ပေါက်ကွဲ လာတတ်၏။
သို့သော် လင်းယွန်၏ ဓားတွင်၊ ဓား ရည်ရွယ်ချက် မပါရှိ သောကြောင့်၊ လူအုပ်က တဖြည်းဖြည်း သံသယ ဝင်လာ ကြသည်။
လင်းယွန်နှင့် ပတ်သတ်ပြီး၊ ဓားတာအို အပေါ်၊ တူ- မတူအောင် အောင်မြင်မှု များစွာ ရရှိ ထားသည် ဟူသော၊ သတင်းများ ရှိချေ သည်။
ထိုသို့သော ဒဏ္ဍာရီမျိုး တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ အများ အပြား မရှိချေ။
ထို့ကြောင့် ဘိုင်လင်းကို ရင်ဆိုင် ရာ၌၊ ဓားရည်ရွယ်ချက်ကို၊ အသုံး မပြု ခဲ့သည့် အပေါ်၊ နား မလည်နိုင် ဖြစ်လာ ကြသည်။
လင်းယွန် အတွက်မူ ဝှက်ဖဲများ၊ ထုတ်မပြ လိုသောကြောင့်၊ ထိုအမြင် များကို စိတ်မဝင် စားခဲ့ချေ။
ခရမ်းရောင် ပန်းကို တစ်ဝက် မျှသာ ပွင့်စေပြီး၊ သူ့ခန္ဓာ ကိုယ်အား ဓား စွမ်းအင် များဖြင့်၊ ပြည့်စေ လိုက်၏။ ယင်းဖြင့်ပင် အချိန် အတော်ကြာ သည်အထိ၊ ဘိုင်လင်းအား ထိန်းထား နိုင်ခဲ့သည်။
ထို့ကြောင့် ပြင်းပြင်း ထန်ထန် တိုက်လေ၊ လင်းယွန်မှ မာကြော လာလေ၊ ဖြစ်နေ သဖြင့်၊ ဘိုင်လင်း တစ်ယောက် ထိတ်လန့် သွားတော့ သည်။ ဤသည်ကို သူ၊ မယုံချင် ချေ။
“ ဆောင်းဦး ရွက်ကြွေ၊ အကြွင်းမဲ့ သိမ်းယူခြင်း။ ”
ရှန်ရှင်း ဓား၏ ကနဦး ကျွမ်းကျင်မှုကို ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်ကာ၊ စင်ပေါ် ဖုံးအုပ် ပစ်လိုက်သည်။
ဝမ်းနည်း ပူဆွေးသော ခံစားချက် တစ်ခု ပျံ့နှံ့လာပြီး၊ အေးစက်စက် လေထုက လူတိုင်း ၏၊ ကျောရိုး များကို စိမ့်တက် သွားစေ ခဲ့သည်။
ဘိုင်းလင်းက ရှန်ရှင်း ဓားကို သူ၏ ဓား နည်းစနစ် အတွင်း၌ ပေါင်းစပ်လျက်၊ အရည် အချင်း ရှိကြောင်း၊ ပြသ လာ၏။
သို့သော် ပြိုင်ဘက်မှာ လင်းယွန် ဖြစ်နေ သဖြင့်၊ သနားစရာ ကောင်းသွား လေသည်။
လင်းယွန်က လက်ကောက် ဝတ်ကို လှုပ်ခါပြီး၊ ရေဝဲကြီး (၁၀) စင်းအား စင်မြင့် ပေါ်သို့၊ ဆင့်ခေါ် လိုက်တော့သည်။
“ ကောင်းကင်က တိမ်တိုက် တွေကို ဖြိုခွင်းမယ်။ ”
ရေဝဲနှင့် လေဝဲ ထိပ်တိုက် တွေ့သွားသော အခါ၊ ဘိုင်လင်း တစ်ယောက် သွေး အန်လျက် နောက်ဆုတ် ပေးလိုက် ရ၏။
တစ်ဖက် လူ၏ ဓားရေးကြောင့်၊ ဘိုင်လင်း မျက်မှောင်ကြုတ် သွားသည်။ ထပ်မံ ကွယ်ဝှက် နေဦးမည် ဆိုပါက၊ အခြေအနေ ကောင်းနိုင်မည် မဟုတ်ကြောင်း သူ သိသည်။
“ ကောင်းကင်နဲ့ မြေပြင်ကို လှုပ်ခါမယ်။ ”
နောက်ဆုံးတွင် ဘိုင်လင်းက၊ သူ၏ အစွမ်းထက် ဆုံးသော ဝှက်ဖဲကို ထုတ်ဖော် လိုက်လေ သည်။
ဤလှုပ်ရှားမှုသည် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ ကိုပင်၊ ဒဏ်ရာ ရစေ နိုင်၏။
လှုပ်ရှားမှု အတွင်း၊ လုံး၀ ဆုတ်ခွာရန် လမ်းကြောင်းအား မထားခဲ့ သောကြောင့်၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးကြည့် နိုင်သည်။
ဝတ်ရုံစ များက လေထဲ တဖျပ်ဖျပ် ခတ်နေပြီး၊ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက် လာတော့၏။ စင်မြင့် တစ်ခုလုံး ထက်ခြမ်းကွဲ တော့မည် ဟူသော ခံစား ချက်များ ပေးစွမ်း နေသည်။
ထိုမြင်ကွင်းက လင်းယွန် နှလုံးသားအား တုန်လှုပ်စေ ခဲ့သည်။ ပထမဆုံး အကြိမ် အဖြစ်၊ အန္တရာယ် အငွေ့ အသက်ကို ရရှိ လိုက်၏။
ထို့ကြောင့် ‘သိစိတ် အလျင်’ လှုပ်ရှားမှု အဖြစ်၊ အလယ် အလတ် ရှန်ရှင်း ဓားအား ချက်ချင်း ထုတ်လိုက် ရသည်။
( သိစိတ် အလျင်= တွေးတော ဆုံးဖြတ် နိုင်စွမ်းထက် ပို၍ မြန်သော အလျင်။ )
သူတို့ နှစ်ဦး၏ ဓား ရည်ရွယ်ချက် များက၊ ရှန်ရှင်း အဆင့် ၌သာ ဖြစ်သော်လည်း၊ ကွာခြား ချက်မှာ ကြီးမား လှပေ၏။
အထူး သဖြင့် လင်းယွန် ဓားမှာ၊ ဘိုင်လင်း သိမြင်နိုင် သည်ထက်၊ ကျော်လွန် နေပေသည်။ ယင်းသည်သာ ရှန်ရှင်း ဓားဟု ခေါ်ဆိုကြောင်း၊ ထုတ်ဖော် ပြောဆို နေသလို ပေပင်။
“ ဝေါ့ ... ။ ”
ထို့နောက်တွင် ဓားကို လွှတ်လျက်၊ ဘိုင်းလင်း တစ်ယောက် သွေး တစ်လုတ် အန်ပြီး၊ လွင့်စင် သွားရ၏။
“ ဝှစ် ... ။ ”
ကောင်းကင်မှ သူ့ဓား ပြုတ်ကျ လာနေစဉ် မှာပင်၊ ရင်ဘတ်၌ သွေးများ ပန်း ထွက်လျက်၊ လဲကျ သတိလစ် သွားတော့သည်။
“ ချွမ် ... ။ ”
စင်မြင့် ပေါ်သို့ ပြန်လည် စိုက်ဝင် လာသည့်၊ ဓားသံ ကိုပင်၊ သူ မကြား လိုက်တော့ချေ။ လူအုပ်မှာ လည်းချောင်းများ ခြောက်ကပ် လာသဖြင့်၊ တံတွေးများ မျိုချ လိုက်ရသည်။
( ဂလု ... ၊ ဒါ ... ဒါက ဘယ်လို ဓားရေး မျိုးလဲ။ )
***