← Chapters

ဤသည်မှာ အစသာ ဖြစ်၏။

Vol. 56 Ch. 781

ဤသည်မှာ အစသာ ဖြစ်၏။

Vol. 56 Ch. 781

လင်းယွန် ဓားမှာ လူ အများ တုံ့ပြန် နိုင်သည်ထက် ပိုမြန်သည်။ အဖြစ် အပျက် များကို သူတို့ သိသွား ချိန်၌၊ ဘိုင်လင်းအား စင်ပေါ်၌ မတွေ့ ရတော့ချေ။

ထို့အပြင် မေ့လဲ သွားသော ဘိုင်လင်း အဖြစ်ကို၊ သနား သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားဖြင့်၊ တိုက်ခိုက်ရန် ပြင်ဆင် နေစဉ်၊ လင်းယွန်မှာ သူ့ထက် ပိုမြန် နေခဲ့သည်။

ပုံရိပ် တစ်ရိပ် စင်မြင့်ပေါ် တက်ရောက် လာသောကြောင့်၊ လင်းယွန်က နောက်ပြန် ဆုတ်ပေး လိုက်သည်။

ပုံရိပ် ရှင်မှာ ဂျူးချန် ဖြစ်ပြီး၊ ဘိုင်လင်း ဒဏ်ရာများကို စစ်ဆေး ပြီးနောက်၊ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ကြမ်းပြင်ပေါ် ပြုတ်ကျ နေသော၊ ဘိုင်လင်း ဓားကို ပြန်လည် ခေါ်ယူ လိုက်သည်။

ဓားက လက်ထဲပြေး ဝင်လာ ချိန်၌၊ အပိုင်းပိုင်း ကွဲအက် ကြွေကျ သွား၏။ ဂျူးချန် မျက်နှာ ပြောင်းလဲ သွားပြီး၊ လင်းယွန်ထံ ပြန်လှည့် ကြည့်ကာ၊

“ မင်းဓားရဲ့ ...၊ နာမည်ကို ဘယ်လို ခေါ်လဲ ... ။ ”

-ဟု မေးလိုက်သည်။

“ ပန်းသင်္ချိုင်း ... ။ ”

ပန်းသင်္ချိုင်း ဟူသည် ပန်းနှင့် လူကို မြှုပ်နှံ ပေးခြင်း ဖြစ်သည်။

“ နာမည် ကောင်းပဲ။ ”

ဂျူးချန်က ချီးကျူး လိုက်ပြီး၊

“ ကျေးဇူး တင်ပါတယ် ... ။ ”

-ဟု ဆိုလိုက် လေသည်။

ဂျူးချန်၏ ကျေးဇူး တင်ရသော အကြောင်း ရင်းကို လူတိုင်း နားလည်သည်။ ဘိုင်လင်းအား အသက် ရှင်ခွင့် ပေးခဲ့ သဖြင့်၊ ဂိုဏ်းအတွက် ဆုံးရှုံးမှု နည်းသွား ပေသည်။

ချင်းယန် အသတ် ခံရ ပြီးနောက်၊ လင်းယွန်မှာ သူ သတ်ချင်သည့်၊ မည်သူ့ကို မဆို သတ်ပစ် နိုင်သည်ဟု ယုံကြည် လာသည်။

ထို့ပြင် အုပ်စိုးရှင် တစ်ပါးဖြစ် သော်မှ၊ ဂရုစိုက် နေမည် မဟုတ်ကြောင်း အကြိမ်ကြိမ် သက်သေ ပြခဲ့သည်။

သို့သော် ဘိုင်လင်းကို အသက် ရှင်ခွင့် ပေးခြင်းဖြင့်၊ သွေးဆာ နေသူ တစ်ဦး ဟူသော အမြင်ကို၊ ချေဖြတ် ပြခဲ့သည်။

ဂျူးချန် သည်လည်း၊ အထက် တန်းစား ခုနစ်ပါး ဟူသော မင်းသား စရိုက်ကို ပြသကာ၊ ကျေးဇူးတင် စကားပြောပြီး၊ ဘိုင်တင်းအား ပွေ့လျက်၊ ပြန်လည် ထွက်ခွာ သွားခဲ့သည်။

လင်းယွန် ဓားသည် ဘိုင်လင်း၏ စွမ်းဆောင်ရည်ကို ထိခိုက် စေသဖြင့်၊ အမြန် ကုသရန် လိုအပ် နေပေသည်။

မဟုတ်ပါက ရှန်ရှင်းဓားကို ဆုပ်ကိုင်ထား နိုင်သော ပါရမီရှင် ဓားသမား တစ်ဦး၏ ခရီးမှာ၊ အဆုံးသတ် သွားနိုင်သည်။

“ အော် ... ပန်းသင်္ချိုင်း ဆိုတာ သူ့ဓား နာမည်ကိုး၊ သူ့ကို ပန်းသင်္ချိုင်း ဓားသမားလို့ ခေါ်တာ အံ့သြစရာ မရှိတော့ ပါဘူး။ ”

“ ... သူတို့နှစ်ဦး လုံးက၊ ရှုံးပွဲ မရှိဖူး ဆိုပေမယ့်၊ ကွာခြားချက် ကတော့ ကြောက်စရာ ကောင်းလွန်း ပါတယ်။ ”

ကြည့်ရှုသူ တစ်ဦးက သူ့ အမြင်ကို ထုတ်ဖော် ပြောဆို လိုက်သည်။

“ ဒီဓားက အရမ်း မြန်တယ်၊ ပြီးတော့ ဓားရည်ရွယ်ချက် ကလည်း ထက်ရှ လွန်းတယ်၊ ဒီနှစ်ခု ပေါင်းစပ် လိုက်မှတော့၊ ကြောက်စရာ ကောင်းလာတာ မစမ်း ပါဘူး။ ”

“ သူ့မှာ ရှန်ရှင်းဓား ရှိတယ်လို့ ခန့်မှန်း နိုင်ပေမယ့်၊ အဲဒါက ဒီလောက် အထိ ကျွမ်းကျင် နေလိမ့် မယ်လို့၊ ဘယ်သူက ထင်မှာလဲ။”

“ ငါ့ အမြင် အရတော့ လင်းယွန်၊ ယွဲ့ဝေဝေနဲ့ ဘိုင်လိရွှမ် တို့က အထက်တန်းစား ခုနစ်ပါးကို စိန်ခေါ် နိုင်မဲ့၊ မျိုးဆက်သစ် ပါရမီရှင် တွေပဲ။ ”

“ သူတို့ ထဲမှာ လင်းယွန်က နံပါတ်ပဲ၊ ဘုရင်သုံးပါး ကိုတောင် စိန်ခေါ် နိုင်လိမ့် မယ်လို့ ငါ မြင်တယ်။ ”

ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့မှာ၊ ကျောက်ဆောင် ကျောက်သားများ ကဲ့သို့ သူတို့ နေရာ၌ မြဲမြံစွာ ရပ်တည် ထားနိုင် သည်။

မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန် ပြသထားသော စွမ်းဆောင်ရည် အရ၊ မျှော်လင့် နိုင်ခွင့် ရှိသည်ဟု မြင်ကြသည်။

လူ အချို့က ရိုသေ လေးစားစွာ လှမ်းကြည့် ကြသည်။ ဓားသမား တစ်ယောက်၏ ဂုဏ်သရေ ကို၊ လင်းယွန်၌ မြင်သည်။

အထူး သဖြင့် နားမလည် နိုင်သော အစွမ်းသတ္တိ၊ လွှမ်းမိုးမှုနှင့် မာန တို့ကို ပေါင်းစပ် လိုက်သော အခါ၊ အန္တရာယ် အရှိဆုံး ဓား တစ်လက် ဖြစ်လာ ခဲ့သည်။

ထို့ကြောင့် လင်းယွန် မည်မျှ သွားနိုင် မည်ကို ပို၍ သိချင် ကုန်၏။ သူ့ ပြိုင်ဘက်များ အနက်၊ ရီချင်းဖိန် တစ်ယောက် တုန်လှုပ် ချောက်ချား နေသော အသွင်ကို၊ အမြန် ဖုံးကွယ် လိုက်သည်။

လင်းယွန် အနိုင်ရ မည်ကို၊ သိရှိထား သော်လည်း၊ ဤမျှ အထင် ကြီးစရာ ကောင်း လွန်းသော နည်းလမ်းဖြင့်၊ ဖြစ်နေ လိမ့်မည်ဟု မထင် ခဲ့ပေ။

ထို့ကြောင့် တစ်ဖက် လူမှာ၊ သူ့နှလုံးသား ထဲ၌၊ ကြောက်စရာ ကောင်းသော ပြိုင်ဘက် တစ်ဦး၊ ဖြစ်လာခဲ့ လေသည်။

အခြားသော အဖွဲ့ (၄) ဖွဲ့မှ ကျွမ်းကျင် ပညာရှင် များပင်၊ လင်းယွန်ထံ လှည့်ကြည့် လာကြသည်။

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ နန်းဂွန်း ဝမ်းယူ သည်သာ တစ်ဦး တည်းသော ပါရမီရှင် ဓားသမား မဟုတ်ပေ။ ကောင်းကင် ဓားဂိုဏ်းမှ လီမူဘိုင်း ဟူသော ဓားသမား တစ်ဦးလည်း ရှိသည်။

လီမူဘိုင်းက တောက်ပသော မျက်ဝန်းများဖြင့်၊ လင်းယွန်ထံ လှမ်းကြည့် သည်။ သည် မတိုင်မီ တစ်ဖက် လူအား ဂရု မစိုက် ခဲ့ပေ။

ရှန်ရှင်းဓားကို မြင်မှသာ စိတ်ဝင် စားကြောင်း ပြသလာ ခဲ့သည်။ သို့သော် အနည်းငယ် မျှသာ ဖြစ်ပေ၏။

လီမူဘိုင်းက တစ်ကိုယ်တည်း ပြောဟန်ဖြင့်၊ ပြုံးလိုက်ပြီး၊

“ ငါ့ကို ... နောက်ထပ် အံ့သြစရာ နည်းနည်းလောက်၊ ထပ်ပေး သင့်တယ်။ ”

-ဟု ဆိုလိုက် လေသည်။

အခြား တစ်ဖက်တွင်၊ အလင်း အမှောင် လမင်း ကမ္ဘာ၏ အဖွဲ့ဝင် များက၊ မကျေနပ် ဖြစ်လာ ကြသည်။

ရည်ရွယ်ချက် ရှိရှိ လျစ်လျူရှု ထားသော ချင်ရို့ယူ သည်ပင်၊ မျက်နှာ တစ်ပြင်လုံး လ ငပုပ်ဖမ်း သကဲ့သို့ မည်းမှောင် လာ၏။

စိတ်တည်ငြိမ် မှုများ ပျောက်ကွယ် လုနီး ဖြစ်နေပြီ ဖြစ်သည်။ ကောင်းကင် တောင်ကုန်း၌ ဖြစ်ပွား ခဲ့သော ဖြစ်ရပ်မှာ၊ များစွာ သက်ရောက်မှု ရှိပေ၏။။

မမက် ချင်သော အိမ်မက်ဆိုး ဖြစ်ချေပြီ။ သို့သော် ပြိုင်ပွဲ အတွင်း ဤ ဓားကျွန်မှာ ဒေါသ ထွက်စရာ ကောင်းလောက်အောင်၊ တောက်ပ လာသည်။

“ စိတ်ပျက်စရာပဲ ... ၊ သူ့ကို ဖယ်ထုတ် နိုင်တဲ့လူ မရှိတော့ ဖူးလား။ ”

“ စိတ်မပူ ပါနဲ့ ... ၊ သူ ငါ့ဆီ လာခဲ့ရင်၊ ဒီကမ္ဘာကြီး ကနေ အပြီး အပိုင် ဖယ်ရှားပေး ပါမယ်။ ”

ယုဟိုရှင်းက ကတိ ပေးလိုက်သည်။

“ မဟုတ်ဘူး သူ့ကို ငါကိုယ်တိုင် အနိုင် ယူချင်တယ်၊ ဒီဓားကျွန်ဟာ ငါ့ မျက်လုံး ထဲမှာ၊ ဘာမှ မဟုတ်ဖူး ဆိုတာကို၊ အဲဒီ ခွေးမ သိစေချင် တာ ... ။ ”

ပြန်တွေး လိုက်တိုင်း၊ ပါးပေါ် ကျရောက် လာသော အထိ အတွေ့ကို ထင်ထင် ရှားရှား ခံစားရ မိသဖြင့်၊ အံကြိတ်လျက် မျက်ရည်များ ဝဲလာ တော့သည်။

လင်းယွန်ကို မုန်းသည်ထက်၊ ထိုခွေးမကို ပိုချေပြီ။ ယွဲ့ဝေဝေ သည်ပင် သူမ မျက်လုံးများ၌ အနှောက် အယှက် ဖြစ်လာ၏။

ချင်ရို့ယူ၏ တုန့်ပြန်မှုကြောင့်၊ ယုဟိုရှင်းက တရား ထိုင်ရန် မျက်လုံးများ မှိတ်ချ လိုက်တော့ သည်။

“ ငါ့ဆီ ကနေ သုံးကြိမ်လောက်၊ သူက ခံယူနိုင် လိမ့်မယ်၊ ဒါပေမယ့် ဒါက အမှိုက်တစ်စ ဖြစ်နေတုန်း ပါပဲ။ ”

သူ့ အဆင့် အတန်းမှာ၊ မြင့်မား လွန်းသောကြောင့်၊ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့သည်ပင်၊ အာရုံ စိုက်ရန် မထိုက်တန် တော့ချေ။

လင်းယွန်အား စိတ်လှုပ်ရှားစွာ ကြည့်နေသော ယွဲ့ဝေဝေကို ခိုးကြည့် လိုက်ပြီး၊ ရန်လောင်ဇီက စကား စလိုက်သည်။

“ ညီမလေး ... ၊ နင် လင်းယွန်နဲ့ တော်တော် ရင်းနှီးပုံ ရတယ်နော် ... ။ ”

ရန်လောင်ဇီက ဖော်ရွေစွာ ပြုံးလျက်၊ ထုတ်မေး လိုက်သော်လည်း၊ ယွဲ့ဝေဝေက သူ့ကို လုံးဝ လျစ်လျူရှု ထားလေသည်။

ယင်းက သူ့အား အဆင်မပြေ စေသဖြင့်၊ ခံစားချက် များကို ဖုံးကွယ် လိုက်ပြီး၊

“ ညီမလေး၊ လင်းယွန်နဲ့ ရင်းနှီးလား ... ။ ”

-ဟု ထပ်မေး လိုက်ပြန်၏။

“ ဘာလို့ ဒီလို မေးရ တာလဲ၊ အစ်ကိုကြီး ယွန်နဲ့ ရင်းနှီး နေရင်တောင်၊ ဒါက ညီမလေး ကိစ္စပါ။ ”

ယွဲ့ဝေဝေက ပြုံးတုံ့တုံ့ အမူ အရာနှင့်၊ ပြန်ဖြေ လိုက်သော်လည်း၊ ရန်လောင်ဇီကို တစ်ချက်ပင် လှည့်မကြည့် ခဲ့ချေ။

“ ငါက မေးကြည့် တာပါ။ ”

ယွဲ့ဝေဝေက အစ်ကိုကြီး ယွန်ဟု၊ သုံးနှုန်း လိုက်သော ဝေါဟာရကြောင့်၊ အနည်းငယ် အံ့အားသင့် သွားသည်။

ရင်တွင်း၌ မလို မုန်းတီး စိတ်ဖြင့်၊ နှလုံးသား တစ်ခုလုံး မီးတောက်လောင် လာ၏။ ထို့ကြောင့် သူ မည်မျှ သန်မာကြောင်း၊ သူမအား ပြသရန် စိတ်ပိုင်းဖြတ် လိုက်သည်။

ထိုနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေခဲ့သည်။ ယွဲ့ဝေဝေနှင့် ဘိုင်လိရွှမ်တို့မှာ ရှုံးပွဲ မရှိ စံချိန်ကို၊ ဆက်ထိန်းထား နိုင်၏။

၎င်းတို့ အပြင် အချို့သော မျိုးဆက်သစ် လူငယ်များ သည်လည်း၊ ရှိပေ သေးသည်။

မည်သူမျှ လက်သည်း ဝှက်ရန် စိတ်ကူး မရှိတော့ သဖြင့်၊ ၎င်းတို့၏ အစွယ် များကို ထုတ်ပြ လာကြသည်။

ဘုရင် သုံးပါးနှင့် အထက်တန်းစား ခုနစ်ပါး တို့အား အရှုံး မပေးသည့်် မျိုးဆက်သစ် လူငယ် အချို့ပင် ထွက်ပေါ် လာသည်။

ဤအချိန်သည် သွေးစွန်းသော ဧည့်ခံပွဲ၏၊ စိတ်လှုပ်ရှားဖွယ် အကောင်း ဆုံးသော အခါ သမယ ဖြစ်လာ ခဲ့သည်။

၎င်းတို့က ယခင် တိမ်နဂါး အဆင့်၊ ပါရမီရှင် အယောက် သုံးဆယ်ကျော်ကို ဖယ်ရှားပစ် နိုင်ခဲ့ လေသည်။

ထို့ကြောင့် ဖယ်ထုတ် ခံလိုက် ရသော၊ တိမ်နဂါး များမှာ တွန့်ဆုတ် စွာဖြင့် စင်မြင့် ပေါ်မှ၊ ထွက်ခွာ သွားကြ၏။

အသစ် သစ်သော ဖြစ်တည်မှု များက ဟောင်းနွမ်း လာသည့် ဖြစ်တည်မှုများ အတွင်း၊ တဖြည်းဖြည်း အစားထိုး လာ ကြသည်။

နောက်ပွဲ အတွက် စောင့်ဆိုင်း နေသော လင်းယွန်က၊ သူ့မိတ်ဆွေ အချို့၏ တိုက်ပွဲ များထံ၊ လှည့်ပတ် ကြည့်ရှု နေမိသည်။

ယန်းဖန်က နှစ်ပွဲရှုံး ပြီးနောက်၊ အဆင့် သတ်မှတ် ချက်သို့ တက်လှမ်းရန် အလားအလာ မမြင့်မား တော့ချေ။

တစ်ဖက်တွင် ဂျီဝူယီမှာ တစ်ကြိမ်သာ ရှုံးနိမ့်ထား သဖြင့်၊ အခွင့် အရေး အချို့ ရှိနေ လေသည်။

ဘိုင်လိရွှမ်နှင့် ဝူရှောင်ရှင်းမှာ၊ နိုင်ပွဲ များကို ဆက်ထိန်းထား နိုင်ခဲ့သည်။ ယွဲ့ဝေဝေ အတွက်မူ စင်ပေါ်တက် လိုက်သည့် အချိန်တိုင်း၊ ပရိသတ် များက တခဲနက် အားပေး လာ၏။

တချိန်တည်းမှာပင် ပန်းသင်္ချိုင်း ဟူသော ဘွဲ့နာမည်ကို လူတိုင်း သိရှိ လာကြ၏။ သို့သော် လင်းယွန်က စိတ်မဝင် စားချေ။

ဤသည်မှာ သူ့ခရီး အစသာ ဖြစ်ပြီး၊ ပန်းတိုင်သည် ထို့ထက် ပိုပေ၏။ ဆုစီယာကို ကတိ ပေးပြီးနောက်၊ ထိပ်ဆုံး ဆယ်ဦး စာရင်း ဝင်ရန်၊ ဆုံးဖြတ်ချက် ချထား ခဲ့သည်။

ကောင်းကင်လမ်း ပွင့်ချိန်၌၊ နေရာ တစ်နေရာအား ရယူ နိုင်မည်ဟု သူ ယုံကြည်၏။

***

All Chapters