အထက် တန်းစား ခုနစ်ယောက်။
Vol. 56 Ch. 782
“ ဂျူးချန် VS ဂျီဖန်း ... ။ ”
လင်းယွန် တစ်ယောက်၊ လာမည့် တိုက်ပွဲ အတွက်၊ စောင့်မျှော် နေစဉ်၊ ဒိုင် အဖိုးအိုက အမည် စာရင်းကို ကြေငြာ လိုက်သည်။
( ဂျီဖန်းက ဘယ်သူလဲ။ )
ထိုအမည်ကို မရင်းနှီး သဖြင့်၊ မည်သူ ဖြစ်နိုင်မည်အား လင်းယွန် တွေးမရချေ။ အုပ်စု တိုင်းတွင် ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါးတို့ ပါဝင်သည်။
ဂျီဖန်းမှာ သတ္တမမြောက် အုပ်စုမှ တစ်ဦး ဖြစ်ပြီး၊ သူ့နာမည် ကြားရုံဖြင့် ပြိုင်ဘက် များမှ၊ အရှုံးပေး လိုက်ကြသည်။
ထို့ကြောင့် စင်ပေါ်သို့ တစ်ကြိမ် မျှပင်၊ တက်ရောက်ခြင်း မရှိ ခဲ့ဘဲ၊ လူတိုင်းက သူ့ကို မေ့နေ ကုန်သည်။
လင်းယွန်မှာ ယခု မှပင် သူနှင့် အုပ်စု တစ်စုအတွင်း ဖြစ်ကြောင်း သိရှိ လိုက်ရ၏။ ဂျူးချန်နှင့် ဂျီဖန်း တို့သည်၊ အထက် တန်းစား ခုနစ်ပါး အချင်းချင်း၊ ပထမဆုံး ထိပ်တိုက် တွေ့ဆုံမှု ပေပင်။
ဂျူးချန်က အဆင့် (၈) ဖြစ်ပြီး၊ ဂျီဖန်းမှာ အဆင့် (၁၀) ဖြစ်၏။ အုပ်စိုးရှင် အဖွဲ့ များမှ မဟုတ်သော၊ ဂိုဏ်း တစ်ဂိုဏ်းမှ ဖြစ်လေသည်။
အုပ်စိုးရှင် ဂိုဏ်း များကို ကျော်လွန်ကာ၊ ထိပ်တန်း ဆယ်ဦး စာရင်း ဝင်နိုင် ခဲ့သည်မှာ၊ အထင်ကြီး စရာ ပေပင်။ ထို့ကြောင့် မည်သူမျှ လျော့မတွက် ရဲ ကြပေ။
ထို့ပြင် လေးနှစ် အတွင်း၊ သူ မည်မျှ သန်မာ လာမည်ကို မသိနိုင် ကြချေ။ သည် တစ်ကြိမ်၌ အထက် တန်းစား များ၏ ခွန်အားကို မြင်ရ တော့မည်မှာ သေချာ ပေသည်။
လင်ယွန် သည်လည်း ထိုပွဲကို စိတ်ဝင်စား လေသည်။ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့ကို စိန်ခေါ်ရန် စိတ်ကူး ရှိသဖြင့်၊ ကြည့်ချင်းမှ အကျိုး မယုတ် နိုင်။
သို့သော် ဤသည်မှာ အဆင့် သတ်မှတ်ချက် တိုက်ပွဲ မဟုတ် သောကြောင့်၊ အပေါ် ယံသာ ပြသ ကြ မည်ကို ခန့်မှန်း နိုင်သည်။
ဂျီဖန်းက၊
“ တစ်ချက် တည်းနဲ့ ... ၊ အနိုင် အရှုံး ဆုံးဖြတ် လိုက်ရအောင်။ ”
-ဟု အဆိုပြု လိုက်သည်။
“ ငါလည်း ဒီလိုပဲ ဆန္ဒ ရှိတယ်။ ”
ဂျူးချန်မှ ပြုံးကာ တုန့်ပြန် လိုက်၏။ သူတို့၏ ပြိုင်ဘက် အစစ်အမှန်မှာ၊ ဘုရင် သုံးပါး ဖြစ်သောကြောင့်၊ အစွယ်ကို သိမ်းထား ရပေ ဦးမည်။
ဂျီဖန်းက ရင်ဘတ် ရှေ့တွင် လက်များ ယှက်လိုက်သည်။ ထို့နောက် လူတိုင်း၏ နားထဲ ကျယ်လောင်သော အသံ တစ်သံ ထွက်ပေါ် လာသည်။
ဂျီဖန်းကို မျက်နှာမူ ထားသော ဂျူးချန်မှာ၊ သတိ မမူဘဲ မနေ ဝံ့ချေ။ လက်နှစ်ဖက်ကို ယှက် လိုက်ရာ၊ အစိမ်းရောင် အခိုး အငွေ့ များက၊ သူ့ ချွေးပေါက်များ ထဲမှ တိုးထွက် လာ၏။
“ ဘယ်လို သိုင်း ရည်ရွယ်ချက်လဲ။ ”
လင်းယွန် ပတ်ဝန်းကျင်ရှိ ဓား ရည်ရွယ်ချက်မှာ၊ ပြိုကွဲ သွားသဖြင့် အံ့သြ သွားသည်။ သို့သော် ချက်ချင်းပင် သူ့ အလိုလို ပြန်လည် စုဖွဲ့လာ နိုင်၏။
“ … ။ ”
ဂျီဖန်း နောက်ကျောမှ မီးတောက် နေသော အတောင်ပံ တစ်စုံ၊ ရုတ်ချည်း ထွက်ပေါ် လာပြီး၊ တစ်စက္ကန့် အတွင်း ပျောက်ကွယ် သွားသည်။
နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် မျက်နှာ မူကာ၊ ပြေးဝင် တိုက်ခိုက် လိုက်ကြ ၏။
ကျယ်လောင်သော နဂါး ဟောက်သံ တစ်သံ ကဲ့သို့ ကန်ရေမှာ ပေါက်ကွဲ လာပြီး၊ စင်မြင့်ထက် ဖုံးလွှမ်း သွားသည်။
ခဏ အကြာတွင် ရေများ ငြိမ်သက်လျက်၊ ပျောက်ကွယ် သွားသော ပြိုင်ပွဲဝင် နှစ်ဦးကို ပြန် မြင်လာရ တော့၏။
“ ငါ ရှုံးပြီ ... အဟွတ် ဟွတ် ဟွတ် ... ။ ”
ဂျူးချန် တစ်ယောက် ရင်ဘတ်ကို ဆုပ်ကိုင်လျက် ချောင်းဆိုး လာသည်။
“ ဒါက ဘာမှ မဟုတ် ပါဘူး၊ စစ်မှန်တဲ့ ခွန်အားကို အဆင့် တိုက်ပွဲမှာ ကြည့်မယ်။ ”
-ဟု ဂျီဖန်းက တုန့်ပြန် လိုက်၏။ သူက ဤရလာဒ် အပေါ်၊ စိတ်ဝင် စားပုံ မရချေ။
“ ဘာဖြစ် ကုန်တာလဲ ... ။ ”
“ ဘယ် သိမလဲ၊ မင်း မမြင် ဖူးလား။ ”
“ မမြင်လို့ မေးတာပေါ့၊ မင်းရော မြင်လား။ ”
“ မမြင် လိုက်ဘူး၊ တစ်ချက်တည်း ဆိုတာတောင်၊ ဒါက ကြောက်စရာ ကောင်း နေတုန်းပဲ။ ”
“ ဘုရင် သုံးပါး မပြောနဲ့ ... ၊ အထက် တန်းစား ခုနစ်ပါး ကတောင် ထိတ်လန့်စရာ ကောင်း နေပြီ။ ”
တိုက်ပွဲကို မည်သူမျှ သဲသဲ ကွဲကွဲ မမြင် နိုင်သဖြင့်၊ တုန်လှုပ် ကုန်သည်။ အများ စုက ဂျူးချန် မည်သို့၊ ရှုံးခဲ့ သည်ကို မသိ လိုက်ချေ။
လင်းယွန် သည်သာ ရှင်းရှင်း လင်းလင်း မြင်လိုက် ရသည်။ ဂျီဖန်း၏ မီးရည်ရွယ် ချက်မှာ ဂျူးချန် နောက်တွင် ရှိသော၊ သစ်ပင် ကြီးကို မီးလောင်တိုက် သွင်းလိုက်သည်။
သို့သော် သစ်ပင်က၊ ပြာ မကျခင်၊ နဂါး တစ်ကောင် ကဲ့သို့ တွန့်လိန် သွားပြီး၊ မီးလျှံ များကို ငြိမ်းသတ် ပစ်သည်။
ဆက်လက် တိုက်ခိုက်မည် ဆိုပါက၊ ရလဒ်မှာ အတူတူ ဖြစ်နိုင် သော်လည်း၊ ပထမ ဦးစွာ နိမ့်ကျ သူသည်၊ အရှုံး ဖြစ်ချေပြီ။
သူတို့ ကဲ့သို့ ကျွမ်းကျင်သူ များ အတွက်၊ ကျင့်ကြံမှုမှာ အရေးမကြီး တော့ချေ။ နည်းစနစ် နှင့်၊ သိုင်း ရည်ရွယ်ချက် တို့ကို ပေါင်းစပ် နိုင်မှု သည်သာ အရေးကြီးဆုံး ဖြစ်ပေသည်။
အချိန်တို အတွင်း ဤမျှသာ မြင်နိုင် သော်လည်း၊ လင်းယွန် အတွက် များစွာ အကျိုး ရှိနေဆဲ ဖြစ်သည်။
ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင်နိုင် ခဲ့သည့် အတွက်၊ သူ့ကိုယ်သူ မည်မျှ ကံကောင်းကြောင်း၊ နားလည် လိုက်မိ သည်။
အကယ်၍ သူ့တွင် ရှန်ရှင်း ဓားသာ ရှိပါက၊ နည်းစနစ်များ ရှားပါး အားနည်း သောကြောင့်၊ သုံးကြိမ်ထက် ပို၍ ခုခံ နိုင်မည် မဟုတ်ပေ။
ဆိုလို သည်မှာ နည်းစနစ် များနှင့် ပတ်သတ်ပြီး၊ အုပ်စိုးရှင် များ၏ အခြေခံ အုတ်မြစ်ကို မယှဉ် နိုင်ချေ။
သိုင်းရည်ရွယ်ချက် များမှာ၊ ရှန်ရှင်း ဓားထက် နိမ့်ကျခြင်း မရှိ သဖြင့်၊ အနည်းငယ် မျှပင် ခြိမ်းခြောက် နိုင်မည် မဟုတ်ကြောင်း၊ သူ သိသည်။
ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါး တို့မှာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန် လှပေ၏။
“ လေးနှစ် ကုန်လွန်ပြီး မှတော့ သူတို့ အရမ်းသန်မာ လာတာ မစမ်း ပါဘူး၊ တစ်ခုပဲ သူတို့ တိုက်ပွဲက၊ ဘာဖြစ်သွား မှန်းတောင် မသိ လိုက်ဘူး။ ”
“ မျိုးဆက်သစ် ပါရမီရှင် တွေနဲ့၊ သူတို့ ဆယ်ယောက်ကြား၊ ကွာခြားချက် ရှိနေ ပါသေး တယ်။ ”
“ ဘယ်သူမှ ထိပ်တန်း ဆယ်ယောက်ကို၊ အစားထိုး နိုင်မှာ မဟုတ်ဘူး။ ”
လူတိုင်းက မျိုးဆက်သစ်များ အပေါ်၊ အကောင်း မြင်စိတ် မရှိကြ တော့ချေ။ အခြား အဖွဲ့များ ထဲတွင်၊ နောက်ထပ် ပါရမီရှင် လူငယ် တစ်ဦးကို၊ လင်းယွန်မှ သတိထား မိလာသည်။
ထိုလူငယ်မှာ အနက်ရောင် ၀တ်ရုံဖြင့်၊ ဦးခေါင်းကို ဖုံးကွယ် ထားသော လူငယ် တစ်ဦး ဖြစ်ပြီး၊ သူ့ လက်နက်မှာ ဆေဘာဓား ဖြစ်၏။
အုပ်စုတွင်း ပွဲစဉ် များတွင်၊ သူ၏ စွမ်းဆောင်ရည်မှာ၊ စိတ်ဝင်စား စရာ မဟုတ် သော်လည်း၊ အဆင့် (၂၁)ရှိ ထိပ်တန်း ပါရမီရှင် တစ်ဦးကို သတ်ပစ် နိုင်ခဲ့သည်။
၎င်းကို ဆယ်ကြိမ် အတွင်း လုပ်ဆောင် နိုင်ခဲ့ပြီး၊ ရက်စက် ကြမ်းကြုတ် လွန်းသည့်၊ သူ့ ဆေဘာ ဓားရေးကို ပြသ ခဲ့သည်။
သူ့ကိုယ်သူ ဆက်လက် ပုန်းကွယ်ရန် ဆန္ဒ မရှိတော့ သဖြင့်၊ ဇိုချင်းရှန် ဟူသော နာမည်မှာ၊ ကျော်ကြား လာတော့၏။
“ လင်းယွန် ... ၊ (VS) ဖိန်းဝူရှောင် ... ။ ”
အားလုံးက သွေးဆာ နေသော ဇိုချင်းရှန် အကြောင်း ပြောနေကြ ချိန်တွင်၊ လင်းယွန် အမည် ခေါ်သံ ထွက်ပေါ် လာသည်။
ချက်ချင်းပင် လူအုပ် ကြီးက၊ စိတ်လှုပ်ရှား လာပြီး၊ လင်းယွန် ရှိရာ စင်မြင့် ထံသို့ လှည့်သွား ကြသည်။
ဘိုင်လင်းကို အနိုင်ယူ ပြီးနောက်၊ လင်းယွန် ကျော်ကြား မှုမှာ၊ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး နီးနီး၊ မြင့်တက် လာခဲ့သည်။
နောက်ဆုံးတွင် ဓားသမား တစ်ဦး၏ ကျက်သရေကို၊ ဤလူငယ် ထံမှ အပြည့် အဝ ခံစား ရလေသည်။
ဖန်းဝူရှောင် သည်လည်း၊ ရှုံးပွဲ မရှိသော လူငယ်တစ်ဦး ပေပင်။ သူ၏ ပယင်း ရောင်ဝါမှာ ထင်ရှားစွာ တောက်ပ နေ၏။
“ စိတ်ဝင် စားစရာပဲ၊ ဘယ်သူက ရှုံးပွဲ မရှိ စံချိန်ကို၊ စွန့်လွှတ် ရမယ် ထင်လဲ။ ”
“ ငါ ကတော့ ... လင်းယွန် နိုင်မယ်။ ”
“ ဖန်းဝူရှောင်လည်း အားမနည်း ပါဘူး၊ သူက တိမ်နဂါး ပါရမီ ရှင်ကို အနိုင်ယူ နိုင်ခဲ့တဲ့၊ မျိုးဆက်သစ် တစ်ယောက်ပါ။ ”
နှစ်ဦး စလုံးတွင် ပရိတ်သတ်များ ရှိသော်လည်း၊ အများစုမှာ လင်းယွင် အပေါ်၊ အလေးသာ ချေပြီ။
ဖန်းဝူရှောင်မှ မည်မျှ အထိ၊ တောင့်ခံ နိုင်မည် ကိုသာ သိချင် ကြ၏။ လင်းယွန်မှာ အစွယ် သိမ်းထားသော နဂါး တစ်ကောင် ဖြစ်ပြီး၊ ဝှက်ဖဲ မည်မျှ ကျန်ရှိ နေဦး မည်ကို၊ သူတို့ မသိပေ။
“ ငါကို ... ၊ ဘယ်သူမှ အကောင်းမြင်ပုံ မပေါ်ဘူး။ ”
ပတ်ဝန်းကျင်မှ စကား ပြောသံ များကို ရှင်းရှင်း လင်းလင်း ကြားနေရ သောကြောင့်၊ ဖိန်းဝူရှောင်က ပြုံးလိုက်သည်။ သို့သော် အနှောက် အယှက် ဖြစ်ပုံ မရချေ။
“ မင်းက သန်မာတာ မှန်ပါတယ်၊ ဒါပေမယ့် ငါ့ကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး။ ”
လင်းယွန်က ပြန်လည် သတိပေး လိုက်သည်။ ဖိန်းဝူရှောင် ကဲ့သို့ ပါရမီရှင် တစ်ဦး အပေါ်၊ လေးစားမိ သော်လည်း၊ အမှန် အတိုင်း ပြောခြင်း ဖြစ်သည်။
တစ်ဖက် လူတွင် ဝှက်ဖဲများ၊ ရှိကောင်း ရှိနိုင်ပြီး၊ ယင်းမှာ သူ့ကိုမီ နိုင်စရာ အကြောင်း မရှိချေ။ အမှန်တရား သည်၊ ဖန်းဝူရှောင် နား၌ ခါးနိုင် ပေ၏။
“ မင်းလို အမှိုက် တစ်စက၊ ဘုရင် သုံးပါးနဲ့ အထက် တန်းစား ခုနစ်ပါး ပြီးရင်၊ အသန်မာ ဆုံးလို့ ထင်နေ တာလား၊ ... ဟမ်။ ”
အော်ဟစ် လိုက်သော ဖိန်းဝူရှောင် အသွင်မှာ၊ ချက်ချင်း လေးနက် လာပြီး၊
“ မင်းရဲ့ ရှန်ရှင်း ဓားက၊ အလယ် အလတ် အဆင့် ကျွမ်းကျင်မှု လေးပါ၊ ဒါကြောင့် ဒီပွဲမှာ မင်း ငါ့ကို ရှုံးလိမ့်မယ်။ ”
စကားဆုံး သည်နှင့်၊ ကောင်းကင်ကြီး ပြိုကျလာ သကဲ့သို့၊ လျှပ်စီးများ လက်သွားပြီး၊ ဖိန်းဝူရှောင် အရေပြား အနှံ့ အက်ကွဲ ကြောင်းများ၊ ဖြစ်ပေါ် လာသည်။
“ အထွတ် အထိပ် လျှပ်စီး ရည်ရွယ်ချက်။ ”
ဖိန်းဝူရှောင်၏ လျှပ်စီး ရည်ရွယ်ချက်ကို ကြည့်ပြီး၊ လူအုပ်ကြီးမှာ တုန်လှုပ် သွားသည်။ များပြား လှသော မိုးကြိုး တိမ်တိုက်များ စုရုံး လာကာ၊ စင်မြင့်ပေါ် ဖုံးလွှမ်း ကုန်၏။
သို့သော် ဖိန်းဝူရှောင်က ကောင်းစွာ ထိန်းချုပ် နိုင်ခဲ့သည်။ ရှန်ရှင်းဓား နှင့် ယှဉ်ပါက၊ လျှပ်စီးမှာ ပို၍ ပြင်းထန် နေ၏။
ပြိုင်ဘက်မှာ ကြမ်းတမ်းသော အသွင် ရှိသောကြောင့်၊ လင်းယွန်က မျက်လုံးများ မှေးစင်း သွားသည်။
သွေးစွန်းသော ဧည့်ခံပွဲမှာ သူ ထင်ထား သည်ထက်၊ ပို၍ စိတ်ဝင် စားစရာ ကောင်းလာ တော့သည်။
***