လျှပ်စီးနှင့် ဓား။
Vol. 56 Ch. 783
ဖန်းဝူရှောင်၏ အရှိန် အဝါမှာ၊ မိုးကြိုး တိမ်များ အောက်တွင် ပို၍ အားကောင်း လာပြီး၊ အေးစက်သော ခံစား ချက်များ ပေးစွမ်း လေသည်။
“ တခြား သူတွေက မင်းရဲ့ ဓား ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ကြောက်ပေမယ့်၊ ငါ့ အမြင် အရ မင်းက၊ အထင် ကြီးစရာ ဘာမှ မရှိ ပါဘူး။ ”
အထူး သဖြင့် ဘိုင်လင်းနှင့် ပွဲ အပေါ်၊ အခြေခံကာ သုံသပ် လိုက်ခြင်း ဖြစ်သည်။ တစ်ဖက် လူ ဓားမှာ သူ့ကို သတိ ပေးနေ၏။
ထိုတိုက်ပွဲ အပြီး၊ သာလွန်သော ကျော်ကြားမှု ကိုလည်း၊ မကြိုက် ခဲ့ချေ။ လူတိုင်းက လင်းယွန်နှင့် တူညီသော အဆင့် ၌ပင် မရှိဟု၊ သူ့အား ယူဆ ပြောဆိုလာ ကုန်သည်။
ထို့ကြောင့် ယင်းအား မှားကြောင်း သိစေချင်သဖြင့်၊ လျှပ်စီး ရည်ရွယ်ချက်ကို ထုတ်ပြ လိုက်ခြင်း ဖြစ်သည်။
“ စကား မများနဲ့၊ ငါ့ကို လာ တိုက်။ ”
လင်းယွန်က ခေါင်းညိတ်ကာ ဆိုသည်။ ရှန်ရှင်းဓားက အထင်ကြီး လောက်စရာ မရှိ သည်မှာ၊ မှန်ပေသည်။
သို့သော် တစ်ယောက်နှင့် တစ်ယောက် မတူညီချေ။ ဥပမာ အားဖြင့် ဘိုင်လင်း ဓားမှာ၊ သူ့ရှေ့တွင် ဘာမျှ မဟုတ်ချေ။
သူတို့ နှစ်ဦး စလုံး၊ ရှန်ရှင်းဓား ရည်ရွယ်ချက်ကို အသုံးပြု ခဲ့ကြ သော်လည်း၊ လင်းယွန် ဓားမှာ၊ ပို၍ ထက်ရှ ချေသည်။
နောက်ဆုံးတွင် နားလည် နိုင်စွမ်းနှင့်၊ အရည်အချင်း တို့အား ယှဉ်လိုက်သည့် အခါ၊ တူညီသော အဆင့်၌ မရှိခြင်း ဖြစ်သည်။
“ ဖျက်ဆီးခြင်း လျှပ်စီး ကပ်ဘေး။ ”
ဤအထိ ရောက်ရှိ လာပြီ ဖြစ်သဖြင့်၊ ဖန်းဝူရှောင်မှာ မည်သည့် နည်းဖြင့်မျှ အားနည်း နိုင်မည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။
မူလ စွမ်းအင်နှင့် ဖန်တီး ထားသော ဖန်းဝူရှောင်၏ လက်ဝါးကြီးမှာ စင်မြင့်ပေါ် ကန်လန့်ဖြတ် ဝင်လာသည်။
လင်းယွန် ဝတ်ရုံ စများ တဖျပ်ဖျပ် ခတ်လာပြီး၊ စင်မြင့် တစ်ခုလုံး လှုပ်ခါ သွား၏။ လက်ဖဝါးက အလွန် အစွမ်းထက် လှသဖြင့်၊ ပြိုကျတော့ မည်ဟု ထင်လိုက် ကြသည်။
သို့သော် ထက်ရှသော ဓားအလင်း များက၊ ထိုလက်ဖဝါး ကြီးကို တိခနဲ ခွဲပစ် လိုက်သည်။
“ ဝုန်း ... ။ ”
လက်ဖဝါးက နှစ်ခြမ်း ကွဲလျက်၊ လင်းယွန်ပေါ် ပြုတ်ကျ သွားသည်။ နှစ်ခြမ်းကွဲ နေသော လက်ဖဝါး အလယ်တွင်၊ ဒဏ်ရာ ကင်းစွာဖြင့်၊ ရပ်နေ ခဲ့လေသည်။
ဖန်းဝူရှောင်က အနည်းငယ် အံ့အားသင့် သွားသော်လည်း၊ ယင်းကို သူ မျှော်လင့် ထားပြီး ဖြစ်လေသည်။
လျှပ်စီးများ ဖျစ်ဖျစ်မြည် လာပြီး၊ ထပ်မံ အသင့်ပြင် ထားသော တိုက်ခိုက်မှု များကို၊ တရစပ် ထုတ်လွှတ် လိုက်တော့သည်။
“ ဝှစ် ... ။ ”
သို့သော် ထိုတိုက်ခိုက်မှု များကို တစ်ဖက်လူမှ လွယ်ကူစွာ ဖြတ်ကျော် နိုင်ခဲ့ပြီး၊ သူ့ကိုပင် ဓားဖြင့် နောက်ဆုတ် စေသည်။
“ သေ စမ်း ... ။ ”
မျက်နှာ ပြောင်းလဲ သွားပြီး၊ နောက်တစ်ကြိမ် ပြေးဝင် လိုက်၏။ လျှပ်စီး ရည်ရွယ်ချက်မှာ၊ ဓား ရည်ရွယ်ချက်ထက် သာလွန် နေသော်လည်း၊ လွယ်ကူစွာ ဖြေရှင်း ခံနေ ရဆဲ ဖြစ်သည်။
သည်အတိုင်း ဆက်သွား နေသော်၊ သူ၏ မူလ စွမ်းအင်များ ကုန်ဆုံးသွား ပေလိမ့်မည်။ ထိုအချိန်၌ လင်းယွန် ဓား ရောင်ဝါမှာ၊ သူ့အား ဝါးမျို သွားမည် ဖြစ်သည်။
ထို့ကြောင့် တတ်နိုင် သမျှ မြန်မြန် အဆုံးသတ် ရမည် ဖြစ်၏။ ဘိုင်လင်းအား သင်ခန်းစာ ယူကာ၊ ဝှက်ဖဲ ထုတ်ရန်၊ ချက်ချင်း ဆုံးဖြတ် လိုက်သည်။
“ မိုးကြိုး မုန်တိုင်း ... ။ ”
မီတာ သုံးရာခန့် ရှိသော လျှပ်စီးကြောင်း များက၊ ဝါဂွမ်းများ ကဲ့သို့ ကောင်းကင်မှ လွင့်ကျ လာသည်။ ထို့နောက် မုန်တိုင်း အသွင် လင်းယွန်ထံ၊ ပြေးဝင် သွား၏။
ဤတိုက်ခိုက်မှုတွင် ဟာကွက် မရှိ သဖြင့်၊ တစ်ဖက်လူ အပေါ် အပြတ် ချေမှုန်း နိုင်မည်ဟု၊ ဖန်းဝူရှောင်က ယုံကြည် သည်။
ပုံမှန် အားဖြင့် ဓားရည်ရွယ်ချက် ပြိုကျ သွားပါက၊ ဓားသမား များ၏ ခန္ဓာကိုယ်မှာ၊ စက္ကူ ကဲ့သို့ အသုံး မဝင်ချေ။
“ သခင့်ဓား — မိုးကြိုး။ ”
သို့သော် လင်းယွန်က ရှေ့ တစ်လှမ်း တိုးကာ၊ မိုးကြိုး (၁၈)စင်းကို ထုတ်လွှတ် လိုက်သည်နှင့်၊ မိုးကြိုးတိမ် တိုက်များ အတွင်း၊ အပေါက်ကြီး (၁၈) ပေါက် ဖြစ်ကျန် ရစ်ခဲ့၏။
ထို့နောက်တွင် ဓားရောင်ခြည် (၁၈)စင်းက၊ မိုးကြိုး တိမ်တိုက် များကို အဝတ် တစ်စ ကဲ့သို့ ထပ်ကာ ထပ်ကာ စုပ်ဖြဲ ပစ်တော့သည်။
ဤသည်မှာ ဖန်းဝူရှောင်၏၊ လျှပ်စီး ရည်ရွယ်ချက် ဖျက်ဆီးခံ လိုက်ရခြင်း ဖြစ်လေ သည်။
နောက်ဆုံး ဓားရောင်ခြည်ကို ထုတ်လွှတ် လိုက်ပြီးနောက်၊ ပန်းသင်္ချိုင်းဓားအား ရုတ်ကာ၊ တစ်ဖက် လူကို ကြည့်လိုက်သည်။
နောက်ဆုံး ဓားမှာ ဓားရောင်ခြည် အားလုံးကို ပေါင်းစပ် လိုက်ခြင်း ဖြစ်သည်။ ဖန်းဝူရှောင်က သန်မာ လှချေသည်။
လျှပ်စီး ရည်ရွယ်ချက် ပျက်စီးသွား သည့်တိုင်၊ တိုက်ခိုက်မှု အများစုကို ရှောင်ရှား နိုင်ခဲ့သည်။ သို့သော် ငြားလည်း ဓားသုံးချက် ထိမှန် ခံလိုက် ရသေးသည်။
ဓားရောင်ခြည် နှစ်စင်းက ပခုံးကို ထိုးဖောက်ပြီး၊ နောက်ဆုံး ဓားရောင်ခြည်က ရင်ဘတ်ပေါ်၊ ကျရောက် သွားသည်။
သူ့ကိုယ်သူ ကာကွယ် ထားသော မူလ စွမ်းအင် အလွှာမှာ၊ ပျက်စီးလျက် လေလျော့ ခံလိုက် ရသည့်၊ ဖွဲအိတ်ကြီး တစ်လုံး ကဲ့သို့၊ လွင့်စဉ် သွားလေသည်။
ထိုဖြစ်စဉ်မှာ မျက်စိ တစ်မှိတ် အတွင်း ဖြစ်ပျက် သွားခြင်း ဖြစ်၏။ လူတိုင်း အမြင်၌ လင်းယွန် ဓားလွှဲ လိုက်စဉ်၊ ဖန်းဝူရှောင် ပျံသန်း သွားခြင်း ပေပင်။
ဖန်းဝူရှောင် ဒူးထောက်ကျ လာသည့် အချိန်၌၊ လင်းယွန်မှာ ဓားမဆွဲ ခဲ့ သကဲ့သို့ လုံးဝ ငြိမ်သက် နေပေ၏။
“ သရုပ်ဖော် အဆင့်။ ”
အုပ်စိုးရှင် ဂိုဏ်း များ၏ အကြီးအကဲ များမှာ၊ ထိတ်လန့် ကုန်လေသည်။ လက်ရှိ အခြေအနေ အရ၊ လင်းယွန်နှင့် ဖန်းဝူရှောင် တို့မှာ၊ တူညီသော အဆင့်၌ မရှိကြောင်း ပြောနိုင်သည်။
“ သူက တကယ့်ကို ထက်မြက်တဲ့၊ ဓားသမား တစ်ယောက်ပဲ။ ”
ကောင်းကင် ဓားဂိုဏ်းနှင့်၊ မြောက်ပိုင်း နှင်းစံအိမ်၏ အကြီးအကဲ များက၊ လင်းယွန်ကို လေးစားစွာ ကြည့်လိုက် ကြသည်။
သူတို့ အမြင်တွင်၊ လင်းယွန်၏ ဓားစွမ်းရည်မှာ နန်းဂွန်း ဝမ်းယူနှင့် ယှဉ်လာနိုင် ပေသည်။
ဒိုင် အဖိုးအိုက လင်းယွန်ကို ကြည့်သည်။ အနိုင်ရ မည်ကို သူ သိသော်လည်း၊ ဤမျှ ကြီးစိုး နေလိမ့် မည်ဟု မထင် မိချေ။
သည်ထက် ပို၍ လှပပြီး၊ အန္တရာယ် အပေးနိုင် ဆုံးသော ဓားရေးမျိုး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ သူ မမြင်ဖူး သေးသည်မှာ၊ အမှန် ပေပင်။
“ အနိုင်ရ ပြန်ပြီ။ ”
ရှုံးပွဲ မရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းထား နိုင်သဖြင့်၊ လင်းယွန် အပေါ် လူတိုင်း ထိတ်လန့် လာသည်။
“ သူ့ရဲ့ ဓား ရည်ရွယ်ချက်က၊ ရှန်ရှင်း အဆင့်မှာ ရှိနေ တုန်းပဲ၊ ဒါပေမယ့် သူ တစ်ခါမှ မသုံးဖူး သေးတဲ့ ဓားရေးကို ထုတ်ပြ ခဲ့တယ်။ ”
“ ဒီလင်းယွန်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်၊ သူ့မှာ ဝှက်ဖဲ ဘယ်လောက် ရှိလဲ သိချင် လာပြီ။ ”
အံ့သြဖွယ်ရာ များစွာကို ပေးစွမ်းနိုင် သောကြောင့်၊ လူတိုင်းက သွေးများ ဆူပွက် လာလေသည်။
အချို့က လင်းယွန် နိုင်ပွဲ များကို၊ ကြည့်ရ ခြင်းဖြင့်၊ ကိုယ်တိုင် အနိုင်ရ လိုက် သကဲ့သို့ ကျေနပ်ဖွယ် ခံစား လာရ၏။
“ ဒီကောင်က အရမ်း နာမည်ကြီး လာပြီ။ ”
ယီချင်းဖိန်က အနာလို မရှုစိမ့် စွာဖြင့် သူ့ နှုတ်ခမ်းအား၊ လျှာနှင့် သပ်လိုက်၏။
“ ... သူ့ ခွန်အားကို ကြည့်ပြီး၊ မင်းကိုယ်မင်း မယုံ တော့ဖူး မဟုတ်လား။ ”
ဖန်းဟန် လုဟွာက ရွှတ်နောက် နောက်ဖြင့် လှမ်းမေးသည်။
“ မင်းရော ... မင်းကိုယ်မင်း ယုံကြည်နိုင် သေးရဲ့လား။ ”
ယီချင်းဖိန်က ချက်ချင်း တုန့်ပြန် လိုက်ပြီး၊ လင်းယွန်ကို ကြည့်ကာ၊
“ ငါတို့က သူနဲ့ ဆုံဖို့ များတယ်၊ ငါက တစ်ယောက် တစ်ယောက်ရဲ့ ခြေ နင်းတုံး မဖြစ် ချင်သလို၊ တတိယ အကျော့ မတိုင်ခင် အထိ၊ ငါ့ နိုင်ပွဲ တွေကို ဘယ်သူမှ ရပ်နိုင်မှာ မဟုတ်ဘူး။ ”
-ဟု ဆိုလိုက်သည်။
သူ့မျက်ဝန်း များက လင်းယွန်ကို ကြည့်ပြီး၊ တိုက်ပွဲဝင် ဆန္ဒများ အဆုံးမရှိ တောက်လောင် လာလေသည်။
“ သူ့ကို အနိုင်ယူ နိုင်ခဲ့ရင်၊ ငါ့ရဲ့ အလား အလာ အားလုံးကို ထုတ်ဖော် နိုင်မယ် ဆိုတဲ့၊ ခံစားချက် တစ်ခု ငါ့မှာ ရှိတယ်၊ ကံကောင်းရင် ထိပ်တန်း ဆယ်ယောက်ထဲ ကိုတောင် ဝင်နိုင်တယ်။ ”
“ မင်း တကယ် ... ၊ အိပ်မက် မက်တက် တာပဲ။ ”
ယီချင်းဖိန်က ဖန်းဟန် လုဟွာ စကားများကို ခေါင်းထဲ မထားခဲ့ချေ။ အရူး တစ်ယောက် အပေါ်၊ မည်သူမျှ အရေး မစိုက် သည်မှာ၊ သဘာဝ ပေပင်။
အနည်းငယ်သော အမှား မှပင်၊ ဖန်းဟန်လုဟွာ တစ်ယောက် ကြောက်မက်ဖွယ် သေခြင်းဖြင့်၊ အဆုံးသတ် နိုင်ပေသည်။
ထိပ်တန်း ဆယ်ဦး စာရင်း မဝင်ခင်၊ အသက်ရှင် ကျန်ရစ်အောင် ဦးစွာ ဆုတောင်း နေရ ချေေမည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာသည်နှင့် အမျှ၊ ထိပ်ဆုံး ဆယ်ဦးက၊ သူတို့ အင်အားကို တဖြည်းဖြည်း ထုတ်ဖော် လာရ၏။
တစ်ချိန်တည်း မှာပင် မျိုးဆက်သစ် ပါရမီရှင်များ အချင်းချင်း တွေ့ဆုံလျက်၊ နိုင်ပွဲ များ ရပ်တန့် ကုန်သည်။
ဆိုလို သည်မှာ၊ ရှုံးပွဲ မရှိ စံချိန်ကို၊ ဆက်လက် ထိန်းထား နိုင်သူ၊ နည်းပါး သွားပြီ ဖြစ်၏။ ဘိုင်လိရွှမ်၊ ယွဲ့ဝေဝေနှင့် ဇိုချင်းရှန် တို့ သည်သာ၊ ရှိပေတော့သည်။
လင်းယွန် သည်လည်း၊ သန်မာသော ပြိုင်ဘက် များနှင့် မတွေ့ ရဘဲ၊ အနိုင် ရလာဒ် များအား၊ ဆက်ထိန်းထား နိုင်ခဲ့သည်။
“ ဆဌမ ပွဲစဉ် ... ၊ လင်းယွန် … ”
ဒိုင် အဖိုးအိုက လင်းယွန် အမည်ကို ထုတ်ဖော်ပြီး၊ ခဏ ရပ်ကာ လူအုပ်ထံ ဝေ့ကြည့် လိုက်သည်။
အားလုံးက စောင့်မျှော် နေကြမှန်း၊ မြင်လိုက်ရ သဖြင့်၊ ကျေနပ် သွားကာ ပြိုင်ဘက် အမည်ကို၊ ကြေငြာ ပေးလိုက်သည်။
“ ... ယီ ချင်း ဖိန်။ ”
ယီချင်းဖိန်မှာ မျိုးဆက်သစ် ပါရမီရှင် တစ်ဦး ဖြစ်ပြီး၊ ယခု အချိန် အထိ၊ ရှုံးပွဲ မရှိ သေးချေ။
“ နောက်ဆုံးတော့ သူတို့ အချင်းချင်း တွေ့ကြပြီ။ ”
“ ဂျူးချန်၊ ဂျီဖန်း၊ ယီချင်းဖိန်နဲ့ ဖန်းဟန် လုဟွာ ကသာ၊ လင်းယွန် အတွက် ပြိုင်ဘက် ဖြစ်နိုင်တယ်။ ”
“ ဒီတစ်ကြိမ် အလင်း အမှောင် လမင်း ကမ္ဘာရဲ့၊ နာမည်ကို ယီချင်းဖိန်က ထိန်းနိုင် မလား ကြည့်ရအောင်။ ”
ပတ်ဝန်းကျင်ရှိ ဆွေးနွေး သံ များကို ကြားလိုက် ရချိန်၌၊ ယီချင်းဖိန် တစ်ယောက် လှောင်ပြုံး ပြုံးလိုက် မိသည်။
သူ့ မျက်ဝန်း များက လင်းယွန်ကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး၊
“ ဒီတိုက်ပွဲကို ငါ စောင့်မျှော် နေခဲ့တာ ... ။ ”
-ဟု ဆိုလိုက် တော့၏။
“ ငါ ကတော့ ... မမျှော်လင့်ဘူး။ ”
လင်းယွန်၏ ပေါ့ပေါ့ ပါးပါး၊ တုန့်ပြန် လာသော စကားကြောင့်၊ ယီချင်းဖိန် မျက်နှာမှာ မည်းမှောင် သွားခဲ့ လေပြီ။
***