← Chapters

ဓားသမား။

Vol. 56 Ch. 784

ဓားသမား။

Vol. 56 Ch. 784

လင်းယွန် စကား များမှာ၊ မောက်မာ လွန်းသဖြင့်၊ ပရိသတ် များကို ရုတ်ရုတ် သဲသဲ ဖြစ်သွား စေသည်။

ယီချင်းဖိန် ထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော၊ အငွေ့ အသက်များ ပေါက်ကွဲ ထွက်လာပြီး၊ နဂါး ကိုးကောင် ရေကန်ကို ပွက်ပွက်ဆူ သွားစေ၏။

“ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ။ ”

ပြောင်းလဲ သွားသော အရှိန် အဝါကြောင့်၊ လူတိုင်း အော်ဟစ် လိုက်ကြသည်။ ယင်းသည် သူနှင့် လင်းယွန် တို့ကြား၊ ကျင့်ကြံမှု ကွာဟ ချက်ကို၊ ပို၍ ကြီးမား သွားစေ၏။

“ အလင်း အမှောင် လမင်း ကမ္ဘာက၊ သူတို့ ခွန်အားကို တကယ် နက်နက် နဲနဲ ဖုံးကွယ်ထား ခဲ့တာပဲ၊ လင်းယွန် မလွယ် တော့ဘူး။ ”

“ ဓားရည်ရွယ်ချက်က အားကောင်း နေရင်တောင်၊ သူတို့ နှစ်ယောက်ကြား ကွာဟ ချက်က၊ အရမ်း ကြီးတယ်။ ”

အလင်း အမှောင် လမင်း ကမ္ဘာ၏ အခြေခံအုတ် မြစ်ဖြင့်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေရှိ၊ တစ်စုံ တစ်ဦးသည်၊ မဟာချင် အင်ပါယာမှ လာသော၊ ဓားသမား တစ်ဦးကို၊ အနိုင် မယူ နိုင်စရာ အကြောင်း မရှိချေ။

ပထမ တန်းစား ပါရမီရှင် များမှာ၊ ကျင့်ကြံမှု အဆင့် သာလွန်သူ များကို ရင်ဆိုင်နိုင် သော်လည်း၊ စွမ်းရည်နှင့် နည်းစနစ် များ အပေါ်၊ မူတည် လေသည်။

စတုတ္ထနှင့် သတ္တမ အုပ်စုကို ရောနှော ထားသော ပြိုင်ပွဲဝင် များမှာ၊ အတွေးနက် ကုန် ကြသည်။

အဆင့် သတ်မှတ်ချက် တိုက်ပွဲ မတိုင်ခင်၊ သူ့ရှုံးပွဲ ရှိလာ လိမ့်မည် မဟုတ်ဟု ဆိုခဲ့ ခြင်းမှာ၊ အံ့သြစရာ မရှိချေ။

ယီချင်းဖိန်၏ အခြေခံ အုတ်မြစ်နှင့် ကျင့်ကြံမှု အဆင့် အရ၊ ထိပ်ဆုံး ဆယ်ဦးသာ မဟုတ်သော်၊ အနိုင် ယူရန် သေချာ ချေသည်။

“ လွယ်မှာ မဟုတ်ဘူး။ ”

ကောင်းကင် ဓားဂိုဏ်း၏ လီမူဘိုင်းက ခေါင်းကို ခါယမ်း လိုက်သည်။ လင်းယွန်တွင် အနိုင် ရရန်၊ အလား အလာ မမြင့် မားကြောင်း သူ သိသည်။

ဤမြင်းနက်၏ ဒဏ္ဍာရီမှာ၊ ဆုံးခန်းတိုင် တော့မည် ဖြစ်သည်။ ဓားသမား တစ်ယောက် ဟူသော အသိနှင့်၊ လင်းယွန် အပေါ် သနားစိတ် ဝင်လာ ခဲ့၏။

“ ဟမ့် ... ၊ ငါတို့ အလင်း အမှောင် လမင်း ကမ္ဘာရဲ့၊ အမာခံ တပည့်က သူ့ထက် အားနည်း နေတယ်လို့၊ တကယ် ထင်နေ တာလား။ ”

မည်သို့ပင် ဆိုစေ ကာမူ ဤတိုက်ပွဲ ပြီးနောက်၊ သူတို့ မုန်းသော လင်းယွန်ကို လက်စားခြေ နိုင်တော့မည် ဖြစ်သည်။

“ အရှုံး မပေး သေးဖူးလား၊ ဒီကောင်က တကယ် ခေါင်းမာတယ်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေမှာ ရှိတဲ့၊ ယီချင်းဖိန်ကို နိုင်မယ် ထင်နေ တုန်းလား။ ”

ယွဲ့ဝေဝေထံ မသိ မသာ ချောင်းကြည့်ပြီး၊ ရန်လောင်ဇီက နှာခေါင်း ရှုံ့ကာ ဆိုလိုက်သည်။

“ အလကား ဝါကြွား တက်တာ အစ်ကိုကြီး ယွန်ရဲ့ ပုံစံ မဟုတ်ဘူး၊ လုပ်မယ်လို့ ပြောရင် သူ ရအောင် လုပ်မှာပါ။ ”

ယွဲ့ဝေဝေက ညင်သာစွာ ပြုံးလိုက် သော်လည်း၊ ရန်လောင်ဇီကို တစ်ချက် မျှပင်၊ လှည့် မကြည့် ခဲ့ချေ။ သူမ အာရုံမှာ လင်းယွန် အပေါ်၊ လုံးလုံး လျားလျား ကျရောက် နေသည်။

ယင်းကြောင့် ရန်လောင်ဇီမှာ၊ ဒေါသထွက် လာရပြီး၊ စိတ်ထဲမှ လင်းယွန်ကို ပျစ်ပျစ် နှစ်နှစ် ကျိန်ဆဲ လိုက်သည်။

ထိပ်ဆုံး ဆယ်ယောက်သို့ ဝင်ရန်ပင်၊ ခက်ခက် ခဲခဲ လုပ်ဆောင် နေရသည့် အမှိုက် တစ်စမှာ၊ သူအား ယှဉ်နိုင်စရာ မရှိချေ။

ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါးက၊ လင်းယွန်ကို မျက်လုံးဖွင့် ကြည့် လာကြ သောကြောင့်၊ လူအုပ် ကြီးကို သွေးများ ဆူပွက် လာစေသည်။

ဤအချိန်တွင် လင်းယွန်အား မည်သူမျှ၊ လျစ်လျူ မရှု နိုင်သော ဂုဏ်သတင်း တစ်ရပ်ကို၊ ပိုင်ဆိုင် ထားပြီ ဖြစ်ကြောင်း သိလိုက် ကြသည်။

“ လင်းယွန် ...၊ ဒီတိုက်ပွဲကို ငါ ဘာလို့ စောင့် နေရ တာလဲ မင်း သိလား၊ ... ”

ယီချင်းဖိန်က လှောင်ပြုံး ပြုံးလိုက်ပြီး၊

“ မင်းရဲ့ နိုင်ပွဲကို ရပ်ချင် လို့ပဲ၊ အခု အရှုံး ဝန်ခံဖို့ မင်းမှာ အချိန် ရှိသေးတယ်၊ မဟုတ်ရင် အရှက် တကွဲနဲ့ အဆုံးသတ် ရလိမ့်မယ်။ ”

“ ကျင့်ကြံမှု မြင့်မား တာက၊ အရာရာ စွမ်းဆောင်နိုင် တယ်လို့ အဓိပ္ပါယ် မရ ပါဘူး၊ မင်းမှာ တိုက်ပွဲဝင် စွမ်းအား၊ ဘယ်လောက် ရှိတယ် ဆိုတာ ကသာ၊ အရေးကြီး တာပါ။ ”

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ဖိအားကို၊ စိတ် မ၀င်စား သကဲ့သို့ လင်းယွန်မှ တုန့်ပြန် လိုက်သည်။

ယီချင်းဖိန် တစ်ယောက် အဆင့် ချိုးဖြတ်ထား သည်မှာ၊ မကြာ သေးမှန်း သိသာ နေသဖြင့်၊ တိုက်ပွဲဝင် စွမ်းအား (၈၀%) ထုတ်လွှတ် နိုင်လျှင်ပင်၊ အောင်မြင်မှု တစ်ခုဟု သတ်မှတ် ရပေမည်။

အခြား တစ်ဖက်တွင်၊ စစ်မှန်သော ဘီလူးများ သည်သာ၊ တိုက်ပွဲဝင် စွမ်းအားကို (၁၂၀%) အထက်၊ ထုတ်ဖော်နိုင် ကြသည်။

ထို့အပြင် သူ့၌ ဝှက်ဖဲ များစွာ ရှိနေ သေးသည်။ ယီချင်းဖိန်အား ကြောက် နေစရာ အကြောင်း မရှိချေ။

“ ကျင့်ကြံမှု မြင့်မား တာက၊ အထင်ကြီး စရာ မဟုတ် ပေမယ့်၊ ငါ မင်းကို အနိုင်ယူ နိုင် သရွေ့ ... လုံလောက် နေပါပြီ။ ”

ယီချင်းဖိန်က ပြုံးကာ ဆိုသည်။ သူ့ အမြင်အရ၊ လင်းယွန် တစ်ယောက် သူ့ကိုယ်သူ နှစ်သိမ့်ရန်၊ စကားလုံး လှလှများ သုံးနေ သည်ဟု ထင်သည်။

လက် နှစ်ဘက်အား စွန်ကုတ် သဏ္ဍာန် ပြောင်းလဲကာ၊ လင်းယွန်ကို ကုပ်ချ လိုက်သည်။ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၏၊ အစွမ်း ထက်သော ရောင်ဝါမှာ ချက်ချင်း ထွက်ပေါ် လာ၏။

“ သခင့်ဓား - မိုးကြိုး ... ။ ”

လင်းယွန်က ဓား ဆွဲပြီး၊ ဓားချက် (၁၈) ချက်အား ထုတ်လွှတ် လိုက်သည်။ ၎င်းသည် ပထမဆုံး ပုံစံသာ ဖြစ်သော်လည်း၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

အိုင်းရစ် ဓားသုတ္တန် အစွမ်းထက် လာသောကြောင့်၊ ယင်းကို မျက်စိတမှိတ် အတွင်း ထုတ်ဖော် နိုင်ချေပြီ။

ထို့ကြောင့် ပေါက်ကွဲ စွမ်းအားမှာ၊ တူ-မတူအောင် ပြင်းထန် လာပြီး၊ ယီချင်းဖိန်ကို နောက်ပြန် ဆုတ်သွား စေခဲ့၏။

“ မရဏ ကမ္ဘာ ကြီးရဲ့ ကောင်းကင်။ ”

ယီချင်းဖိန် မျက်လုံးများ မှေးစင်း သွားပြီး၊ လက်နှစ်ဖက်ကို ဆန့်ထုတ် လိုက်၏။ ပြိုင်ဘက် ဓားကို ထိတ်လန့် သွားသည်မှာ မှန်သော်လည်း၊ ဆက်လက် တိုက်ခိုက်ရန် လိုအပ် နေသေး သည်။

ခရမ်းရောင် လမင်းမှာ၊ ကောင်းကင်ပေါ် မြင့်တက် လာပြီး၊ သူ့ အရှိန် အဝါအား ထပ်မံ တိုးမြင့် ပေးလေသည်။

ထို့နောက် ကောင်းကင်မှ ဆင်းသက်ကာ၊ လင်းယွန်ကို လက်သည်းဖြင့် ကုပ်ချ လိုက်ပြန် သည်။

“ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း — ရွှေကျီးကန်း တောင်ပံများ။ ”

လင်းယွန် ပုံရိပ်များ စင်မြင့် ပေါ်၌ ပျံ့ကျဲ လာပြီး၊ တဖျစ်ဖျစ် အက်ကွဲ ကုန်သည်။ အများ အမြင်၌၊ ယီချင်းဖိန်က လင်းယွန်ပေါင်း များစွာ အား၊ အကြိမ်ကြိမ် ကုပ်ဖြဲ နေသည်ဟု၊ ထင်မှား လာစေသည်။

ယီချင်းဖိန် တစ်ယောက် မျက်မှောင် ကြုတ်ကာ၊ ရွေ့လျားမှုကို ကန့်သတ် ချက်သို့ တွန်းတင် လိုက်သည်။ သူ့ အရှိန်မှာ ချက်ချင်းပင် မယုံနိုင် လောက်အောင် မြန်ဆန် လာတော့၏။

“ သတ် ... ။ ”

နောက်ထပ် လင်းယွန် နှစ်ယောက်ကို၊ လက်သည်းဖြင့် အပိုင်းပိုင်း ကုပ်ခွဲ ပစ်လိုက် ပြန်သည်။

သို့သော် လင်းယွန် ခန္ဓာကိုယ် အစစ် အမှန်က၊ ဘေးသို့ စောင်းငဲ့ ကြည့်ရုံ မျှဖြင့် ထိုလက်သည်း များကို ရှောင်နိုင် ခဲ့သည်။

ထို့နောက် ပန်းသင်္ချိုင်း ဓားက၊ လျင်မြန်သော အဟုန်ဖြင့်၊ ယီချင်းဖိန် လက်မောင်းပေါ် တိုးဝင် လာသည်။

ယီချင်းဖိန်က ချက်ချင်းပင် နောက်ဆုတ် ရှောင်တိမ်း လိုက်ရ သည်။ နှစ်ယောက် စလုံး၏ လှုပ်ရှားမှု များမှာ၊ မြန်ဆန် လွန်းသဖြင့်၊ ကြည့်နေသူ များကို မှင်တက် သွားစေသည်။

“ အခု ... ၊ ငါ့ အလှည့်ပဲ။ ”

လင်းယွန်က ဆိုသည်။

တစ်ဖက်လူ ထံမှ အကြည့်ကြောင့်၊ ယီချင်းဖိန် တစ်ယောက် အန္တရာယ်ကို ခံစား လာမိပြီး၊ ထိတ်လန့် သွားသည်။

“ အလင်း ခွဲဖြတ်ခြင်း။ ”

ပြိုင်ဘက်အား တွေးတောရန်၊ အချိန် မပေးတော့ဘဲ၊ ဓားအား ပင့်မြှောက် လိုက်သည်။ အတောင်ပံ တစ်စုံ ကဲ့သို့၊ အလင်းများ ဖြာကျ လာ၏။

ထို့ကြောင့် ယီချင်းဖိန်မှာ တုံ့ပြန်ရန် အချိန်နှောင်း သွားပြီ ဖြစ်သည်။ သေကွင်း သေကွက် များကိုသာ၊ ကာကွယ်ရန် ရှိပေ တော့၏။

မူလ စွမ်းအင် အလွှာ ကွဲအက် သွားပြီး၊ သူ့ရင်ဘတ်၌ ဓား ဒဏ်ရာ တစ်ခု ထွက်ပေါ် လာသည်။

“ ချေး ပဲ ... ။ ”

နာကျင် မှုကြောင့်၊ မျက်နှာ တစ်ပြင်လုံး ရှုံ့မဲ့သွားပြီး၊ ဒေါသ ထွက်လာ၏။ မြေပြင်ပေါ် ခြေချမိ သည်နှင့်၊

“ မင်းက ငါ့ကို အနိုင်ယူချင် နေတာလား၊ ဒီလောက် လွယ်မှာ မဟုတ်ဘူး။ ”

ကောင်းကင်ရှိ ခရမ်းရောင် လမင်း ထံမှ၊ လရောင် များက သူ့ထံ လာရောက် ပေါင်းစပ် သွားပြီး၊ နောက်ထပ် လက်သည်း ကုပ်ချက်ကို ပြင်ဆင် လိုက်သည်။

ထို့နောက် ရှေ့ တစ်လှမ်း တိုးကာ၊

“ နှလုံးခြွေ လက် သုံးချောင်း ... ။ ” -ဟု အော်ဟစ် လိုက်၏။

ထိုအချိန်တွင် မူလ စွမ်းအင်များ ဆူပွက်လာ သောကြောင့်၊ ပျက်စီး တော့မည့် လ ကမ္ဘာကြီး တစ်ခု အလား၊ သဏ္ဍာန် တူလာ တော့၏။

“ မဟာ ပေါက်ကွဲမှု ... ။ ”

စကြာဝဠာ မဟာ ပေါက်ကွဲမှုကြီး၊ မစတင် ချိန်တွင် ‘လ’ ဟူသည် မရှိချေ။

ရုတ်တရက် ကောင်းကင်၌ သောက်ရှူး ကြယ်တစ်ပွင့် ကဲ့သို့၊ ဓား ရည်ရွယ်ချက်နှင့်၊ လျှပ်စီးများ ပေါင်းစပ် ထားသော၊ စက်လုံးကြီး တစ်လုံး ဖြစ်တည် လာသည်။

“ မ ဟုတ် ဘူး ... ၊ မဟုတ်ဘူး ... ။ ”

ထိုအလင်း စက်လုံး ကြီးကို ကြည့်ကာ၊ ယီချင်းဖိန် မျက်ဝန်း များတွင်၊ ကြောက်ရွံ့မှု များနှင့် ပြည့်နှက် လာတော့သည်။

သည်ဓားကို ရှောင်ချင် သော်လည်း၊ လွတ်မြောက်ရန် နည်းလမ်း မရှိချေ။ လင်းယွန် ဓားက သူ့ အပေါ်သို့ ကျရောက် လာသော အခါ၊ လျှပ်စီးများ ဖုံးလွှမ်း သွားသည်။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲ သံကြီး နှင့်အတူ၊ အဝတ် အစားများ ဖွာလန် ကျဲလျက်၊ လွင့်စဉ် သွားရ တော့၏။

“ ဓားသုံးချက် တည်းလား … ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။

လူအုပ်ကြီးက ယင်းကို သတိထား မိ လိုက်သဖြင့်၊ လင်းယွန်ထံ ထိတ်လန့် ကြီးစွာ ပြန်ကြည့် လိုက်ကြသည်။

( ဓားသုံးချက် တဲ့လား ။ )

လင်းယွန်က ခေါင်းကို ခါယမ်း လိုက်သည်။ အမှန်ဆိုသော် ဓားသုံးချက် မလိုချေ။ ခွန်အားကို ထုတ် မပြချင် သောကြောင့်သာ ဖြစ်သည်။

ယီချင်းဖိန်မှာ ဖန်းဝူရှောင်ထက် သန်မာကောင်း သန်မာနိုင် သော်လည်း၊ ၎င်းက သူ့အား အနိုင်ယူ နိုင်မည်ဟု မဆို လိုချေ။

ယုဟိုရှင်း မှလွဲ၍ အလင်း အမှောင် လမင်း ကမ္ဘာရှိ၊ တပည့် တိုင်း၏ မျက်နှာမှာ ပျက်ယွင်း ကုန်သည်။

ယင်းက သူတို့ မလို ချင်သော ရလာဒ် ပေပင်။ ရန်သူမှာ ရှုံးပွဲ မရှိ မှတ်တမ်းကို ရေးထိုး နေသောကြောင့်၊ သူတို့ နှလုံးသားအား အရိပ် မည်းကြီး အုပ်မိုး လာချေပြီ။

***

All Chapters