← Chapters

ဖိအား။

Vol. 57 Ch. 785

ဖိအား။

Vol. 57 Ch. 785

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၌၊ ရှိသော ယီချင်းဖိန်ကို အနိုင်ယူ ပြီးနောက်တွင်၊ လင်းယွန်မှ ဝှက်ဖဲများ ကျန်ရှိဦး မည်ဟု ခံစားမိ ကြသည်။

သို့သော် ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါး တို့မှာ၊ ကြောက်မက်ဖွယ် ကောင်းလွန်း သောကြောင့်၊ ထိပ်ဆုံး ဆယ်ဦး ဝင်ရန် မဖြစ်နိုင် သေးချေ။

အဆင့် သုံးဆယ်နှင့် ဆယ့်ငါး အတွင်းသာ၊ ဝင်နိုင် ပေမည်။ ဤသည်ပင် ဒဏ္ဍာရီ ဆန်ဆန် အောင်မြင်မှု တစ်ခု ဖြစ်နေဆဲ ဖြစ်၏။

အရေး အကြီး ဆုံးမှာ၊ လင်းယွန် အသက်သည် (၁၈) နှစ်သာ ရှိပေ သေးသည်။ ယင်းကို လျှော့တွက် မိခြင်း၏ အကျိုး ဆက်အား၊ ယီချင်းဖိန် ခံစား ရခြင်း ဖြစ်သည်။

ဒိုင် အဖိုးအိုက သူမြင် လိုက်ရသော အရာကို၊ စိတ်ထဲ ထားရန် မချုပ်ထိန်း နိုင်တော့ချေ။

အကယ်၍ မြောက်ပိုင်း နှင်းစံအိမ်မှ နန်းဂွန်းဝမ်းယူနှင့်၊ ကောင်းကင် ဓားဂိုဏ်း၏ လီမူဘိုင် သာ ဆိုပါက လက်ခံနိုင် ပေသည်။

မဟာချင် အင်ပါယာ ကဲ့သို့သော ကန်ငယ်လေးမှာ၊ အုပ်စိုးရှင် ကိုးပါး ဖြစ်သည့်၊ သမုဒ္ဒရာ ကိုးစင်းကို ယှဉ်နိုင်စရာ အကြောင်း မရှိဟု သူ ထင်သည်။

သို့သော် ကောင်ငယ် လေးမှ၊ မျက်နှာ တစ်ချက် မပျက်ဘဲ၊ လွယ်လွယ် ကူကူနှင့် အရာ အားလုံးကို၊ လုပ်ဆောင် ပြနေသည်။

“ မယုံ နိုင်စရာ ပါပဲ။ ”

အဖိုးအို တီးတိုး ရေရွတ် လိုက်တော့သည်။

“ ထိပ်ဆုံး ဆယ်ဦးမှ မဟုတ်ရင်၊ ဘယ်သူကမှ သူ့ကို အနိုင်ယူ နိုင်မယ်လို့၊ မထင်ဘူး။ ”

ဖန်းဝူရှောင်က ကူကယ်ရာ မဲ့စွာ၊ သက်ပြင်းချ လိုက်သည်။ စတုတ္ထနှင့် သတ္တမ အုပ်စု ရောနှော ပြီးနောက်၊ လူသုံး ဦးသာ ဤမြင်းနက်ကို အနိုင်ယူ နိုင်ပေမည်။

ဂျူးချန်နှင့် ဂျီဖန်းတို့ နှစ်ဦး အပြင်၊ တိမ်နဂါး အဆင့် (၁၄)၌ ရှိသော ယန်စီချင်း ဖြစ်သည်။ သူ့ ခွန်အားမှာ ဝူရှောင်ရှင်းနှင့် အကြမ်းဖျင်း တူညီ သော်လည်း၊ လင်းယွန်လောက် ထင်ပေါ်ခြင်း မရှိချေ။

အစောပိုင်း အချိန် များ၌၊ ၎င်းတို့ နှစ်ဦး တွေ့ဆုံ ရပါက၊ လင်းယွန် ရှုံးလိမ့် မည်ဟု ခံစား လူတိုင်း ပြောကြ ပေမည်။

သို့သော် ယခု အချိန်၌ အနိုင် ရရန်၊ လင်းယွန်တွင် (၄၀%) အခွင့် အရေး ရှိသည်ဟု ထင်လာ၏။ ဖန်းဟန် လုဟွာဖြင့် ဆိုသော်၊ မည်သူ နိုင်မည် မသေချာ တော့ချေ။

ရန်လောင်ဇီ မှာမူ ဆိုးရွားသော အသွင်ဖြင့် ကြည့်နေ ခဲ့သည်။ သူ့စကားကို သူ ပြန်သိမ်းရ တော့မည် ဖြစ်သည်။

“ ဒီကောင်က အရည် အချင်း ရှိတော့ ရှိပါတယ်၊ ဒါပေမယ့် ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်ဖို့တော့ ... ၊ မဖြစ် နိုင်သေး ပါဘူး။ ”

ယွဲ့ဝေဝေက သူ့ စကားကို ဂရုမစိုက် တော့ဘဲ၊ လင်းယွန်ထံ နူးညံ့ ညင်သာစွာ ကြည့် လိုက်သည်။ အစ်ကိုကြီး ယွန် တစ်ယောက်၊ ပို၍ သန်မာ လာသည်ကို၊ မြင်နိုင်၏။

အန္တရာယ် ကြားတွင် ဘိုင်လိရွှမ် လက်မှ သူမအား ကယ်တင်ခဲ့ ပုံနှင့်၊ စီရွှယ်ယီ ဟန့်တား မှုကြောင့်၊ ယင် လေစီးကြောင်း အတွင်း ခုန်ဆင်း ခဲ့ပုံများ၊ မြင်ယောင် လာသည်။

နှစ်နှစ် အတွင်း၊ သည်မျှ မြန်မြန် နိုးထ လာနိုင်လိမ့် မည်ဟု၊ မမျှော်လင့်ထား မိသည်မှာ အမှန် ပေပင်။ ယင် လေ စီးကြောင်း အတွင်း၊ ဖြစ်ပျက်ခဲ့ သမျှကို ပြန်တွေးမိ လာပြီး၊ ပြုံးရယ် လိုက်သည်။

လင်းယွန်က သူ့ ထိုင်ခုံသို့ ပြန်လည် ထိုင်ချလိုက်ပြီး၊ ကြယ်တစ်ပွင့် ကဲ့သို့ တောက်ပ နေသည့် ကျောက်စိမ်းပြားကို ငုံ့ကြည့် လိုက်သည်။

နန်းဂွန်း ဝမ်းယူနှင့် လီမူဘိုင်း တို့ နှစ်ဦးမှာ၊ အကြည့်ချင်း ဖလှယ် လိုက်ကြ၏။ ဤပွဲ၌ အာရုံ စိုက်ရမည့် ဓားသမား အရေ အတွက်မှာ၊ တစ်စ ထက် တစ်စ တိုးလာ နေလေပြီ။

အချိန်များ ကုန်လွန် သွားပြီး၊ အဆုံးတွင် လင်းယွန် အလှည့် ပြန်ရောက် လာ၏။ သို့သော် ပြိုင်ဘက်က ရှုံးနိမ့်ကြောင်း ဝန်ခံ လာသည်။

ထို့ကြောင့် လူ တစ်ဦးစီ အတွက်၊ လက်ကျန် ပွဲစဉ်မှာ သုံးပွဲ သာ ကျန်ရှိ ပေတော့သည်။ ဤမျှ အရေး ကြီးသော အခိုက် အတန့်တွင်၊ မည်သူ မဆို အတင်း အကြပ် စွန့်စား ကြမည် မဟုတ်ချေ။

သိပ်မကြာခင် ယီချင်းဖိန်နှင့် ဖန်းဝူရှောင် တွေ့ဆုံ သွားသည်။ သူတို့ နှစ်ယောက် လုံးမှာ၊ လင်းယွန်အား ရှုံးနိမ့်ဖူး သူများ ဖြစ်၏။

၎င်းတို့ အနက် ယီချင်းဖိန်မှာ၊ အနည်းငယ် ပို၍ သန်မာ သော်လည်း၊ လင်းယွန်ကြောင့် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ ခဲ့သည်။

ထို့ကြောင့် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ဟူသော အားသာ ချက်မှာ၊ ထင်သာ မြင်သာ မရှိ တော့ချေ။

တိုက်ပွဲ စတင် သည်နှင့် အမြန် အဆုံးသတ်ရန်၊ ထိုအားသာချက်အား အသုံးချ မိသည်။

သို့သော် ဖန်းဝူရှောင်က၊ အပြုံး တစ်ပွင့် နှင့်အတူ၊ သူ၏ တိုက်ခိုက်မှု များကို ရှောင်တိမ်း ရန်သာ ရွေးချယ် ခဲ့သည်။

“ တောင်ဖြို လက်သည်း။ ”

တောင်ကြီး တစ်လုံးကို အလွယ်တကူ ဖြိုခွဲနိုင်မည့်၊ ဧရာမ သားရဲ လက်ကြီး တစ်ဖက် အဖြစ်၊ ထင်ရှား လာသော အခါတွင် ယီချင်းဖိန် ထံမှ၊ သတ်ဖြတ်ခြင်း အငွေ့ အသက်များ ပေါက်ကွဲ သွားသည်။

ယင်းက ဖန်းဝူရှောင်ကို အငိုက်မိ စေကာ၊ ရင်ဘတ် ပေါ်၌ ဆိုးရွားသော ဒဏ်ရာ တစ်ခု ပေးနိုင် ခဲ့သည်။

“ မင်း ဘယ်လောက် ကြာကြာ ... ၊ တက်နိုင် မလဲ ငါ ကြည့်မယ်။ ”

တစ်ဖက် လူ၏ တိုက်ခိုက်မှု များကို ရှောင်တိမ်း လျက်ဖြင့်၊ ဖန်းဝူရှောင်က ရင်ဘတ် ပေါ်ရှိ ဒဏ်ရာအား၊ ငုံ့ကြည့်ကာ ဆိုသည်။

သူ ဆုတ်ခွာ နေခဲ့ သော်လည်း၊ တန်ပြန် တိုက်ခိုက် နိုင်မည့် အခွင့်အရေးကို တစ်ချိန်လုံး စောင့်မျှော် နေမိသည်။

“ နှလုံးချွေ လက်သုံးချောင်း။ ”

အဆုံးတွင် ယီချင်းဖိန်၏ စိတ်ရှည် သည်းခံနိုင် မှုများ ဆုံးရှုံး သွားပြီး၊ လင်းယွန် အပေါ် သူ အသုံးပြု ခဲ့ဖူးသော၊ တိုက်ခိုက်မှုကို ထုတ်ဖော် လိုက်သည်။

သည်တစ်ကြိမ်၌ ရရှိ ထားသော ဒဏ်ရာကြောင့်၊ တိုက်ခိုက်မှုမှာ ပြင်းထန်ခြင်း မရှိ တော့ချေ။

“ ဒါကို ငါ စောင့်နေတာ။ ”

ဖန်းဝူရှောင်က ရယ်မော လိုက်ပြီး၊ မိုးကြိုး တိမ်တိုက် များကို ဆင့်ခေါ်ကာ၊ လျှပ်စီး ရည်ရွယ်ချက်အား ချက်ချင်း ထုတ်လွှတ် လိုက်သည်။

တစ်ချက် တည်းဖြင့် သူ့ တိုက်ခိုက်မှု ဖြိုခွဲခံလိုက် ရပြီး၊ ယီချင်းဖိန်မှာ သွေးအန်လျက် စင်မြင့် ပေါ်မှ၊ ပြုတ်ကျလု နီးပါး လွင့်စဉ် သွားသည်။

“ ကျေးဇူး တင်ပါတယ် ... ။ ”

ဖန်းဝူရှောင်က ပြုံးကာ ဆိုလိုက်သည်။

“ တတိယ အချီမှာ ပြန်ဆုံ ကြမယ် ... ။ ”

ယီချင်းဖိန်၏ မျက်လုံး များတွင်၊ တုန့်ဆိုင်းမှုများ ရှိနေသေး သော်လည်း၊ ခေါင်းငုံ့ကာ စင်မြင့် ပေါ်မှ ခုန်ဆင်း သွားတော့ ၏။ ရလဒ်ကို ဆုံးဖြတ် ပြီးပေမို့၊ ဆင်ခြေ ပေးစရာ အကြောင်း မရှိ တော့ချေ။

“ ဟား ဟား ဟား ... ကောင်းပြီ၊ ငါ မင်းကို ... စောင့်နေမယ်။ ”

ဖန်းဝူရှောင်က ရယ်မော လိုက်သည်။ သူ့အား ရှုံးနိမ့် ခဲ့သော လူ အပေါ်၊ ကြောက် နေစရာ အကြောင်း မရှိချေ။

အဆင့် သတ်မှတ်ချက် ပြိုင်ပွဲသို့ တက်ရောက်လို သူတိုင်းမှာ၊ နောက်ပြန် မဆုတ် ကျတော့ဘဲ၊ ပို၍ပင် ရက်စက် လာကြသည်။

အခြား အုပ်စု များတွင်၊ ဝူရှောင်ရှင်း တစ်ယောက် နောက်တစ်ဆင့် တက်နိုင် ခဲ့ သော်လည်း၊ ဂျီဝူယီမှာ နှစ်ပွဲရှုံး သဖြင့်၊ မျှော်လင့်ချက် နည်းပါး သွားသည်။

ဘိုင်လိရွှမ် မှာမူ ကံဆိုး စွာဖြင့်၊ နန်းဂွမ်း ဝမ်းယူထံ တိုးဝင်မိပြီး၊ ရှုံးနိမ့်ကြောင်း ပြတ်ပြတ် သားသား ဝန်ခံ လိုက်သည်။

နိုင်ပွဲ ရပ်သွား ခဲ့သော်လည်း၊ တတိယ အကျော့သို့ တက်ရောက်ရန်၊ ဘိုင်လိရွှမ်၌ အခွင့် အရေး ရှိနေ ပေသည်။ ထို့အပြင် မိုးပြာ နဂါး ဓားသုတ္တန်ကို၊ လုံးဝ ထုတ်ဖော်ခြင်း မရှိ သေးချေ။

သူ့ ရည်မှန်း ချက်မှာ မြင့်မားပြီး၊ ဝှက်ဖဲ များကို ကိုင်ဆောင် ထားဆဲ ဖြစ်ကြောင်း၊ လင်းယွန်မှ ခံစား မိသည်။

လင်းယွန် အကြည့်ကို ခံစားမိ သဖြင့်၊ ပြန်လှည့် ကြည့်ကာ ခေါင်းညိတ် နှုတ်ဆက် လိုက်သည်။

“ လင်းယွန်နဲ့ ဘိုင်လိရွှမ်မှာ ဝှက်ဖဲတွေ ရှိသေးတယ်၊ အထူး သဖြင့် လင်းယွန် အတွက် ပြဿနာ မရှိ သင့်ဘူး၊ ... ”

“ ... သူက အစွယ်ကို ဝှက်ထား တုန်းပဲ၊ ဒီအတိုင်း ဆက်သွားရင် အဆင့် (၁၅) အတွင်း ဝင်နိုင်တယ်။ ”

မဟာချင် အင်ပါယာ အဖွဲ့မှ အကြီးအကဲ များက၊ ကာကွယ်သူ မက်မွန်ဘက် လှည့်ကာ ဆိုသည်။

ထိုသုံးသပ် ချက်ကြောင့်၊ ကာကွယ်သူ မက်မွန်က ပြုံး လိုက်သည်။ သူတို့ နှစ်ဦးလုံးမှာ၊ ဓားနန်းတော်မှ ဖြစ်ပြီး၊ ကောင်းစွာ တောက်ပ နေပြီ ဖြစ်၏။

မဟာချင် အင်ပါယာ ဓားနန်းတော်မှ ဆင်းသက် လာသော တပည့် နှစ်ယောက်သည်၊ သွေးစွန်းသော ဧည့်ခံ ပွဲ၌ ပျံသန်း နေလိမ့် မည်ဟု၊ မည်သူမျှ တွေးကြည့် ဖူးမည် မဟုတ်ချေ။

ဤပွဲ အပြီးတွင် မဟာချင် အင်ပါယာကို၊ ကျော်လွန်၍ ဓားနန်းတော်အား ချဲ့ထွင် နိုင်ခြေ မြင့်မား လေသည်။ ကံကောင်း ပါက အုပ်စိုးရှင် တစ်ပါးပင်၊ ဖြစ်လာ နိုင်ချေ၏။

လျင်မြန်စွာဖြင့် ကိုးကြိမ်မြောက် ပွဲစဉ်များ ပြီးဆုံး သွားခဲ့သည်။ လူတစ်ဦး စီ၌ ပွဲစဉ် တစ်ပွဲ သည်သာ ကျန်ရှိ တော့၏။

သို့သော် လူတိုင်း မပေါ့လျော့ ရဲချေ။ တတိယ အကျော့ တက်ရောက် နိုင်မည်မှာ သေချာ သော်လည်း၊ အရှုံးပေး ခြင်းဖြင့် ပယင်း ရောင်ဝါကို မဆုံးရှုံးချင် ကြပေ။

ယခုအချိန် အထိ ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါးမှ လွဲ၍၊ လူအနည်းငယ် မျှသာ ရှုံးပွဲ မရှိ၊ စံချိန် တင်ထား နိုင်ခဲ့သည်။

ထိုသူများမှာ လင်းယွန်၊ ဝူရှောင်ရှင်း၊ ယန်စီချင်းနှင့် ဇိုချင်းရှန်တို့ ဖြစ်သည်။ ယွဲ့ဝေဝေ မှာမူ ကံဆိုး စွာဖြင့်၊ တိမ်ယံ သုံးဆင့် ဂိုဏ်း၏ ရှောင်စီယီထံ၊ တိုးဝင် မိသည်။

ဤတိုက်ပွဲ အတွက် လူတိုင်း စိတ်လှုပ်ရှား နေကြ သော်လည်း ယွဲ့ဝေဝေမှာ၊ အပြုံး တစ်ပွင့် နှင့်အတူ၊ ရှုံးနိမ့်ကြောင်း ဝန်ခံ ခဲ့သည်။

၎င်းတို့ လေးယောက် အနက်မှ ဝူရှောင်ရှင်းနှင့် ယန်စီချင်း တို့မှာ၊ မျိုးဆက် ဟောင်းများ ဖြစ်သဖြင့်၊ ထိပ်ဆုံး (၁၀) ဦးထံ ပြေးမဝင် မိပါက၊ နိုင်ပွဲများ ဆက်ထိန်း ထားနိုင် ပေမည်။

လင်းယွန်နှင့် ဇိုချင်းရှန် အတွက်မူ၊ ယခု နှစ်၏ ခွေးဆိုးများ အဖြစ်၊ သတ်မှတ် ကြချေ သည်။

သို့သော် လင်းယွန်ဖြင့် ယှဉ်ပါက၊ ဇိုချင်းရှန်မှာ ရက်စက် ကြမ်းကြုတ် လှပြီး၊ ပြိုင်ဘက် အများစုကို သတ်ပစ် ခဲ့သည်။

လူများစွာက မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံ နေသော၊ လမ်းလွဲ ကျင့်ကြံသူ တစ်ဦး အဖြစ်ပင်၊ ယူဆ လာကြသည်။

ထို့ကြောင့် မျက်နှာကို အနက်ရောင် ဝတ်ရုံစဖြင့်၊ ခေါင်းမြီးခြုံ ထားခြင်း ဖြစ်သည်။

“ နောက်ဆုံးပွဲ၊ လင်းယွန် ... ”

ဒိုင် အဖိုးအို စကား မဆုံးခင်၊ လူအုပ် ကြီးက ပွက်ပွက်ဆူ လာတော့၏။

“ ... ဂျီ ဖန်း ။ ”

လင်းယွန် တစ်ယောက် ကံဆိုး စွာဖြင့် အထက် တန်းစား ခုနစ်ပါးထံ၊ တိုးဝင် သွားမိ လေသည်။

“ လင်းယွန်ရဲ့ နိုင်ပွဲ ရပ်တန့် သွားပြီ။ ”

“ မြင်းနက် တိုင်းက ဘုရင် သုံးပါးနဲ့ အထက်တန်းစား ခုနစ်ပါးကို တွေရင်၊ အမြဲ အညံ့ခံ ကြတယ်၊ လင်းယွန်ရော ဘာလုပ်မယ် ထင်လဲ ... ။ ”

“ တကယ်တော့ ဒါက ... ထုတ်ပယ်ရေး ပွဲစဉ် မဟုတ် တော့ဘဲ၊ အဆင့် သတ်မှတ်ချက် တိုက်ပွဲ ဖြစ်နေ ပါပြီ။ ”

“ မှန်တယ် ... ၊ လင်းယွန်သာ အရှုံး ပေးလိုက်ရင်၊ အထက် တန်းစား ခုနှစ်ပါး အဆင့် မမှီတာ သိသာမယ်၊ နိုင်ခဲ့ ရင်တော့ ... ။ ”

“ ဂျီဖန်းက ဂျူးချန်နဲ့ တုန်းကလို၊ လင်းယွန် အပေါ် တစ်ကြိမ် တည်းနဲ့ အဆုံး အဖြတ် ပေးမှာ မဟုတ်ဘူး။ ”

လင်းယွန်၏ ကံဆိုးမှုကို လူ အများက သက်ပြင်းချ ကြသည်။ ဂျီဖန်းမှာ အောက်ဆုံး အဆင့် ဆိုသော်လည်း၊ အထက် တန်းစား ခုနစ်ပါး စာရင်းဝင် နေသေး၏။

ထို့ကြောင့် လူအုပ်ကြီး နှင့်အတူ၊ ဘိုင်လိရွှမ်၊ ဂျီဝူယီ၊ ဝူရှောင်ရှင်း၊ နန်းဂွန်း ဝမ်းယူတို့ သည်လည်း၊ လင်းယွန်ထံ စိုက်ကြည့် လာကြ သည်။

လူတိုင်း၏ အကြည့် အောက်တွင် ပန်း သင်္ချိုင်း ဓားမှာ၊ ဓားအိမ် အတွင်းမှ ဟစ်အော် လာ၏။ နှလုံးသားက သူ့အား လက်နက် ချရန် ခွင့်မပြု ချေ။

ထို့ကြောင့် တုံ့ဆိုင်း မနေ တော့ဘဲ၊ စင်မြင့်ပေါ် ခုန်တက် လိုက်တော့သည်။

***

All Chapters