← Chapters

မင်းရဲ့ ဂျူနီယာ ညီမလေးကို တောင်းပန်ပါ။

Vol. 57 Ch. 786

မင်းရဲ့ ဂျူနီယာ ညီမလေးကို တောင်းပန်ပါ။

Vol. 57 Ch. 786

မဆိုင်းမတွ စင်မြင့်ပေါ်၊ ခုန်တက် လာသော လင်းယွန်၏ အပြု အမူကြောင့်၊ လူအုပ်ကြီးမှာ စိတ်လှုပ်ရှား ကုန်သည်။

သူ့တွင် နောက်တစ်ဆင့် တက်ရန် အခွင့်အလမ်း ရှိသောကြောင့်၊ ဤတိုက်ပွဲကို ရှောင်ရှား၍ ရလေသည်။

နိုင်ခြေ နည်းသော ပြိုင်ဘက်ကို ရင်ဆိုင် ခြင်းသည်၊ ဉာဏ်နည်းရာ ကျပေ၏။ ပို၍ ဆိုး သည်မှာ ဝှက်ဖဲ အများကြီး ထုတ်ပြရ ပေမည်။

ယင်းက အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ၌၊ ထိခိုက်စေ နိုင်သည်။ လူတိုင်းက လင်းယွန်၏ လုပ်ရပ် အပေါ်၊ နားမလည် ကြချေ။

သူ့အား ပြိုင်ဘက် အဖြစ် ရှုမြင် ထားသော ကျွမ်းကျင်သူ များမှာ၊ ပြုံးလိုက် ကြသည်။ ဤပွဲ ပြီးနောက် လင်းယွန်မှာ အဆိပ် ရှိတော့မည် မဟုတ်ချေ။

“ ဟား ဟား ဟား၊ အမှိုက် တစ်စက အထက်တန်းစား ခုနစ်ပါးကို စိန်ခေါ်နိုင် မယ်လို့၊ တကယ် ထင်နေ တာလား။ ”

ရန်လောင်ဇီက လင်းယွန်အား တစ်ချက်ကြည့် လိုက်ပြီး၊ သူ့ ဘေးနားရှိ လူငယ် များထံ လှည့်၍၊

“ မင်းတို့ သေချာကြည့် ထား၊ ဒီကောင် ဆွံ့အ သွားလိမ့်မယ်၊ ဂျီဖန်းက ဂျူးချန် နဲ့လို ယဉ်ကျေး နေမှာ မဟုတ်ဘူး၊ ... ”

“ ... သူတို့ နှစ်ဦး စလုံးက ထိပ်တန်း ဆယ်ယောက်ထဲ ပါလို့သာ တစ်ကြိမ်ထဲ ရွေ့ ကြတာ၊ အမှိုက်တွေ အတွက်တော့ ညှာ နေမှာ မဟုတ်ဘူး။ ”

ယွဲ့ဝေဝေ ကြားနိုင် စေရန်၊ ကျယ်လောင်သော အသံဖြင့်၊ တမင် ပြောလိုက် ၏။

ယင်းက ရန်လောင်ဇီကို ပြန်လှည့် ကြည့်လာသည့်၊ ယွဲ့ဝေဝေ၏ မျက်နှာကို အေးစက် သွားစေသည်။

ထိုစက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ ရန်လောင်ဇီကို ဗဟို ပြုသော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ၊ ကောင်းကင် မိစ္ဆာ ခန်းမ၏ တပည့်များ ပေါ်သို့၊ ဖုံးလွှမ်း သွားသည်။

“ ရန် လောင် ဇီ ... ၊ ကျက်သရေ မရှိတဲ့ ပါးစပ်ကို ပိတ်ထားပါ၊ နင်က ငါ့ မျက်လုံး ထဲမှာ၊ လူပြက် တစ်ယောက်ထက် မပိုဘူး၊ ငါ့ကို မနှောင့်ယှက်နဲ့၊ နင် နောင်တ ရလိမ့်မယ်။ ”

ရုတ်တရက် ကြမ်းတမ်းသော စကား များကြောင့်၊ လူတိုင်း အံ့ဩ သွားသည်။ ကလေး တစ်ယောက်လို အမြဲ ပြုံး နေသော ယွဲ့ဝေဝေ၏၊ ဒေါသက ကောင်းကင် မိစ္ဆာ ခန်းမကို တိတ်ဆိတ် သွားစေ၏။

ရန်လောင်ဇီ သည် ဘုရင် သုံးပါး အနက်၊ တစ်ပါး ဖြစ်သော်လည်း၊ အမှန် တကယ်ပင် လူသိ ရှင်ကြား စော်ကား ခံလိုက် ရသည်။

ကောင်းကင် မိစ္ဆာ ခန်းမ၏၊ အဖွဲ့သားများ အံသြသွား ကြသည်။ လေသံ အရ၊ ပြောသည့် အတိုင်း၊ တကယ် လုပ်နိုင် သည်ဟု ခံစား လာမိ၏။

ဤမျှလောက် အရှက် ရခြင်းမျိုး မရှိခဲ့ ဖူးသဖြင့်၊ ရန်လောင်ဇီ မျက်နှာမှာ အနီနှင့် အဖြူ ကြား၊ တလှည့်စီ ပြောင်းလဲ သွားသည်။

ယဉ်ကျေး ပြူငှာသော ဟန်ဆောင် အပြုံး ကိုပင်၊ ဆက်လက် မပြုံးထား နိုင်တော့ဘဲ၊

“ ငါ မှားလို့လား ... ၊ အဲဒီ ကောင်က အမှိုက်ပဲ၊ ဂျီဖန်း ရိုက်တာကို သူ ခံရ တော့မယ်။ ”

“ ရန် လောင် ဇီ၊ နင် တကယ်ကို သေချင် နေတာလား။ ”

ယွဲ့ဝေဝေ၏ ဆံနွယ်များ ‘ဟုတ်ခနဲ’ ပျံတက်သွားပြီး၊ သတ်ဖြတ် လိုသော မျက်ဝန်း များဖြင့်၊ ပြန်လှည့် ကြည့်လာသည်။

ရုတ်တရက် အမည်မဲ့ စွမ်းအား အချို့၊ သက်ဆင်း လာသည်ဟု ခံစားလိုက် ရသဖြင့်၊ ရန်လောင်ဇီ နှလုံးသားမှာ တိုး၍ ခုန်လာ တော့၏။

“ မင်းရဲ့ ... ဂျူနီယာ ညီမလေးကို တောင်းပန် လိုက်ပါ ရန်လောင်ဇီ။ ”

ဒေါသ ပေါက်ကွဲ တော့မည့် အချိန်၌၊ ကောင်းကင် မိစ္ဆာ ခန်းမ သခင်၏ တင်းမာသော လေသံက ထွက်ပေါ် လာသည်။

ထိုအချိန်တွင် ရန်လောင်ဇီ တစ်ယောက် သေခြင်း တရားကို မြင်လိုက်ရ သကဲ့သို့၊ ခံစား လာမိ၏။

တောင်းပန်ရန် ငြင်းဆို မိပါက၊ ခန်းမ သခင်က အမှန် တကယ် သတ်ပစ် မည်ကို၊ သံသယ ရှိစရာ မလိုချေ။

ထို့ကြောင့် ယွဲ့ဝေဝေ၏ မူလ အပေါ်၊ အံ့ဩတကြီး ဖြစ်လာ မိတော့သည်။ ‘သူ’ ဆိုသည်မှာ၊ ကောင်းကင် မိစ္ဆာ ခန်းမ၏ အရေး ကြီးသော၊ ပြိုင်ပွဲဝင် တစ်ဦး ဖြစ်လေသည်။

သို့သော် ယွဲ့ဝေဝေ အတွက်၊ သူ့အား တကယ် သတ်ပစ်မည့် အပေါ်၊ နားမလည် နိုင်တော့ချေ။

“ ပြောခဲ့ တာတွေ အတွက်၊ တောင်းပန် ပါတယ်။ ”

မည်မျှပင် ဒေါသ ထွက်နေ သော်လည်း တောင်းပန် မိသည်။ သည်အချိန်၌ ဆိုးကျိုးကို မလိုချင် ပါက၊ မာနအား ခဝါချ ထားရ ပေမည်။

“ အမှန်ပဲ ဒီအချိန်မှာ၊ ဘာ တစ်ခုမှ မပြောတာ ... ၊ နင့် အတွက် အကောင်းဆုံးပဲ။ ”

စကားဆုံး သည်နှင့် ယွဲ့ဝေဝေက၊ လျစ်လျူရှုကာ၊ ပြန်လှည့် သွား၏။ ရန်လောင်ဇီ မျက်ဝန်း များတွင်၊ မုန်းတီးမှုများ တောက်လောင် လာသော်လည်း၊ ချက်ချင်း ဖုံးကွယ် လိုက်သည်။

အဆုံးတွင် ကောင်းကင် မိစ္ဆာ ခန်းမနှင့် ခန်းမ သခင်ကို၊ မဆန့်ကျင် နိုင်သေးပေ။ အဆိုပါ ဖြစ်ရပ်က လူတိုင်းကို ရှုပ်ထွေး စေခဲ့သည်။

သို့သော် များမကြာခင် လူတိုင်းက လင်းယွန်ထံ၊ အာရုံ ပြန်ရောက် လာကြသည်။ အားပေး နေသူ များပင်၊ အကောင်း မြင်စိတ် မရှိ တော့ချေ။

ဂျီဖန်းက အထင် အမြင် သေးသော အကြည့်ဖြင့် အေးစက်စွာ စိုက်ကြည့်ပြီး၊

“ မင်းရဲ့ နိုင်ပွဲ တွေကြောင့်၊ ငါ့စိတ် ပြောင်းသွားပြီး၊ တစ်ကြိမ်သာ ဖလှယ်ဖို့ အဆိုပြု မယ်လို့၊ မင်း ထင်နေလား။ ”

မျိုးဆက်သစ် လူငယ် များက၊ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့ကို၊ ရှုံးနိမ့်ကြောင်း ဝန်ခံကြ ချေသည်။

သို့သော် လင်းယွန်က ချွင်းချက် ဖြစ်လာသဖြင့်၊ သဘာဝ အတိုင်း မပျော်ရွှင် မိတော့ပေ။

ကျော်ကြားမှု များကြောင့်၊ မောက်မာ နေပုံ ရလေသည်။ စင်မြင့်ပေါ် တက်လာ ပြီးနောက်၊ အကျိုးဆက် အတွက်လည်း၊ အသင့်ရှိ နေရ ပေမည်။

“ ငါ ကရော ... ၊ အဲ့ဒီလို တောင်းဆိုလိမ့် မယ်လို့ ထင်နေ တာလား၊ စိတ်ကူး မရှိဘူး၊ မင်းကို ပြတ်ပြတ် သားသား အနိုင်ယူ ချင်တာ။ ”

လင်းယွန်က တုန့်ပြန် လိုက်သည်။ ဘုရင်သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါးမှာ၊ အနိုင် မယူ နိုင်သော နတ်ဘုရားများ မဟုတ်ချေ။

သို့သော် ထိုစကားက လူအုပ် ကြီးကို၊ တုန်လှုပ် သွားစေသည်။ မောက်မာ လွန်းသူ အဖြစ်၊ လူတိုင်း ခံစားလာ မိ၏။

ဤသို့သော လေသံဖြင့်၊ ထိပ်ဆုံး (၁၀) ယောက်ကို စကားပြော ဝံ့သော၊ မျိုးဆက်သစ် ပါရမီရှင် တစ်ယောက်မှ၊ မရှိ သေးချေ။

ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး အချင်းချင်း ပင်လျှင်၊ ထို ဝေါဟာရ မျိုးဖြင့် မသုံး ဝံ့ ကြချေ။

ယင်းကြောင့် ဘုရင် သုံးပါးက၊ လှည့်ကြည့် လာသည်။ ယုဟိုရှင်းမှာ လူပြက် တစ်ဦးကို မြင်လိုက် ရသကဲ့သို့ ပြုံးသွား၏။

“ ငါ ... စိတ်ပြောင်း သွားပြီ၊ မင်းနဲ့ နည်းနည်းလောက် ကစားခွင့် ပြုပါ။ ”

ဂျီဖန်း၏ အပြုံး များက၊ ကြောက်မက်ဖွယ် အေးစက် နေပြီး၊ လူများ စွာကို ရင်ခုန် လာမိ စေသည်။ သူ မည်မျှ ဒေါသထွက် နေသည်ကို လူတိုင်း သိနိုင်၏။

ရုတ်တရက် ရေဝဲများ ကောင်းကင်ပေါ် ပျံတက် လာပြီး၊ ဂျီဖန်းက စတင် လှုပ်ရှားလာ တော့သည်။

အခြားသူ များနှင့် မတူဘဲ၊ သူက ပြိုင်ဘက်ကို မည်သည့် အခါမှ၊ လျှော့တွက်မည် မဟုတ်ချေ။

ထို့ကြောင့် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ အရှိန်အဝါကို ချက်ချင်း ထုတ်လွှတ်ပြီး၊ လင်းယွန် ရှိရာ ဝန်းကျင်အား ကန့်သတ် ပစ်သည်။

“ ကြယ် တာရာ လက်သီး ... ။ ”

စွမ်းအား များဖြင့် ပြည့်နှက် နေသော လက်သီးအား ပစ်ချ လိုက်သည်။ ထိုလက်သီးကို ရင်ဆိုင် လိုက်ရသည့်၊ ပန်းသင်္ချိုင်း ဓားမှာ တုန်ခါ သွားသည်။

ရှန်ရှင်း ဓားကို အကန့် အသတ် အထိ၊ ထုတ်လွှတ် လိုက်သဖြင့်၊ ထက်ရှသော ဓားမြည် သံမှာ၊ လူတိုင်း၏ နားထဲ၌ ပဲ့တင်ထပ် သွား၏။

တိမ်များ ကြားသို့ ဓား အလင်းများ ထိုးဖောက် ဝင်ရောက် သွားပြီး၊ အလင်း ပေါက်ကြီး ထွက်ပေါ် လာသည်။

“ ဒီ ဓားရည်ရွယ်ချက်က အရမ်း ကြောက်စရာ ကောင်းလိုက်တာ။ ”

လူတိုင်း တုန်လှုပ် သွားသည်။ သူ့ဓား အစစ်အမှန်ကို ဖုံးကွယ်ထား သည်ဟု သိထား ကြသော်လည်း၊ ဤမျှ အစွမ်းထက် လိမ့်မည်ဟု မထင်ခဲ့ ကြပေ။

“ မိုး ကြိုး ... ။ ”

အရပ် (၃) မျက်နှာမှ၊ လင်းယွန် (၃)ဦး၊ ဘယ်ညာ ယိမ်းနွဲ့ကာ၊ ဝင်ရောက် လာသည်။ ထို့နောက် ဓားနှင့် လက်သီးတို့ ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ နှစ်ဦးသား ပြန်လည် ဆုတ်ခွာ လိုက်ကြ၏။

ရှန်ရှင်ဓားဖြင့် အပြည့်အဝ အားဖြည့် ထားသောကြောင့်၊ မိုးကြိုးမှာ ယခင် ကထက် ပိုမို အားကောင်း လာသည်။

“ အလင်း ခွဲဖြတ်ခြင်း။ ”

လေထု အလယ် တစ်ပါတ် လှည့်ပြီး၊ ဓားအား ထပ်မံ လွှဲခုတ် လိုက်ရာ၊ ဘေး နှစ်ဖက်တွင် အလင်းများ ဖြာကျ လာ၏။

ပြိုင်ဘက်ထံ ခုန်ဆင်း လိုက်သည်နှင့်၊ ထိုအလင်းများ ကပါ အတူ ရွေ့လျား လာပြီး၊ လေဟာနယ်ကို ပုံပျက် သွားစေသည်။

“ သနား စရာ ကစားကွက် လေးပဲ။ ”

ဂျီဖန်းက အရာ အားလုံးကို မြင်နေရ သကဲ့သို့၊ မျက်လုံးများ တောက်ပ လာ၏။ ချက်ချင်းပင် လင်းယွန်ကို တားဆီးရန် ပြေးဝင် လိုက်သည်။

ထိုနောက်တွင် မြန်ဆန် လွန်းသော အဟုန်ဖြင့် တိုက်မိ သွားသည်။ တိုက်ပွဲ ထံမှ ပျံ့လွင့် လာသော၊ အတက် အကျ လှိုင်း များမှာ၊ ထိတ်လန့်စရာ ကောင်းပေ၏။

လှိုင်းချက် တိုင်းက၊ သူတို့၏ နှလုံးသားကို ရိုက်နှက် နေသော ပေါင်တူကြီး တစ်လက်နှင့် တူသည်။

ယွဲ့ဝေဝေ မှာမူ လက်သီးများ တင်းတင်း ဆုပ်လျက်၊ တိုက်ပွဲ စင်မြင့်ကို မျက်တောင် မခတ်တမ်း၊ စိုက်ကြည့် နေသည်။

သည်တိုက်ပွဲမှာ၊ လွယ်ကူမည် မဟုတ်ကြောင်း သူမ သိသဖြင့်၊ စိုးရိမ် ပူပန်မှု များ၊ မျက်နှာ အနှံ့ ဖုံးလွှမ်း လာချေပြီ။။

***

All Chapters