← Chapters

ငါ့မှာ ဓားရှိတယ်။

Vol. 57 Ch. 787

ငါ့မှာ ဓားရှိတယ်။

Vol. 57 Ch. 787

ဤတစ်ကြိမ် လက်ရည် ညီညီဖြင့်၊ တစ်ယောက်ကို တစ်ယောက် ဖိအားပေး နိုင်ခဲ့ လေသည်။

ရှန်ရှင်းဓား အပြည့်အဝ ကျွမ်းကျင်မှုကို၊ ထုတ်ပြ လိုက်ရာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ဟူသော အားသာချက်၊ ပျောက်ကွယ် သွားခဲ့သည်။

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ ထိုမျှ အထိ ခရီးရောက် နိုင်သော ဓားသမား အများ အပြား မရှိချေ။

နန်းဂွန်း ဝမ်းယူနှင့် လီမူဘိုင်း သည်သာ ၎င်းအဆင့်ထိ အောင်မြင် ထားသည်။ ထို့ကြောင့်ပင် ဂျီဖန်းထက် ပို၍ မြင့်သော အဆင့်၌၊ ရှိနေခြင်း ဖြစ်သည်။

မအောင် မြင်သော သူ၏ တိုက်ခိုက်မှု အပြီးတွင်၊ တစ်ဖက်လူ အပေါ် လျှော့တွက်၍ ရမည် မဟုတ် ကြောင်း၊ ဂျီဖန်း တစ်ယောက် နားလည် လိုက်မိသည်။

ရုတ်တရက် မီး ရည်ရွယ်ချက်ကို ထပ်မံ မြှင့်တင် လိုက်ရာ၊ ပတ်ဝန်းကျင်၌ အပူလှိုင်းများ ပျံ့နှံ့ လာပြီး၊ ကောင်းကင်ကြီး တစ်ခုလုံး အနီရောင်သို့ ပြောင်းလဲ သွားသည်။

“ လောင်ကျွမ်း နေသော ကြယ် ... ။ ”

အရှိန် အဝါမှာ အထွတ် အထိပ်၊ ရောက်ရှိသွား သည်နှင့်၊ နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို၊ စတင် လိုက်သည်။

လက်သီး များက ဉက္ကာပျံများ သဖွယ် ကောင်းကင်မှ၊ လင်းယွန်ပေါ် ကြွေကျသွား သည်။

ယင်းကို မြင်ချိန်၌၊ လင်းယွန်က ရှေ့တစ်လှမ်း တိုးပြီး၊ မဟာ ပေါက်ကွဲမှုအား၊ ချက်ချင်း ထုတ်ဖော် လိုက်၏။

“ ဝုန်း ... ။ ”

လောင်ကျွမ်း နေသော ဉက္ကာပျံ နှစ်စင်း တိုက်မိ သွားပြီး၊ စင်မြင့်ပေါ် မီးပွားများ ဖြာကျ လာကာ၊ ပြင်းစွာ တုန်လှုပ် သွားသည်။

ရလာဒ် အနေဖြင့်၊ ဂျီဖန်း တစ်ယောက်၊ လွင့်စင် သွားရသည်။ ယင်းကို မြင်သည်နှင့်၊ လင်းယွန်က ရှေ့သို့ ထပ်မံ လှမ်းတက် လိုက်၏။

“ ဟိတ် ... ။ ”

ဂျီဖန်း တစ်ယောက် ရပ်ခြေ မမြဲခင်၊ လင်းယွန် ခုနစ်ယောက် ပြေးတက် လာပြီး၊ တစ်ယောက် ချင်းစီက၊ ဓား အလင်း (၁၈) စင်းဖြင့်၊ ခုတ်ပိုင်း ချလိုက် လေသည်။

ဓား အလင်းများ ရောယှက် သွားပြီး၊ ပိုက်ကွန် သဖွယ် ပတ်ဝန်းကျင် အပေါ်၊ ဖုံးလွှမ်း လာသည်။

“ မင်း ... ”

ဓား အလင်း များကြောင့်၊ ဝေဝါး ပျောက်ကွယ်လု နီးပါး ဖြစ်နေသော လင်းယွန် ထံ လှမ်းတက်ပြီး၊ ဂျီဖန်းက လက်သီးဖြင့် ထိုးချ လိုက်သည်။ သို့သော် ထိုးမိခါ နီးတွင်၊ နောက်ထပ် ပုံများ ကွဲထွက် သွား၏။

ပုံရိပ် (၇)ခု မှသည် (၄၉) ရိပ် အထိ၊ တိုးပွားလာကာ၊ ၎င်းတို့၏ တန်ပြန် တိုက်ခိုက်မှု အသီးသီးအား၊ ထုတ်ဖော် တော့သည်။

“ ဝှစ် ... ။ ”

သူတို့ (၄၉) ယောက်၏၊ လှုပ်ရှားမှု အသွင်အပြင် များက ထပ်တူ ကျနေ သဖြင့်၊ ဂျီဖန်း တစ်ယောက် အနည်းငယ် ထိတ်လန့် သွားရ၏။

တစ်ချိန်တည်း မှာပင်၊ ဓား တစ်လက် သူ့ထံသို့ တိုးဝင်လာ သည်ကို ခံစား လိုက်ရပြီး၊ ကျောရိုး တစ်လျှောက် စိမ့်တက် လာသည်။

“ ဟိတ် ... ။ ”

မည်သူက အစစ်အမှန် ဖြစ်သည်ကို ရှာဖွေရန် အချိန် မရှိတော့ သဖြင့်၊ မြင်သမျှ လင်းယွန် တိုင်းအား၊ လက်သီးနှင့် လိုက်လံ ထိုးချ တော့သည်။

အဝေးမှ ကြည့်ပါက၊ ဂျီဖန်း၏ လက်သီး များကြောင့် အပူလှိုင်းများ ဖြစ်ပေါ် လာကာ၊ ပုံရိပ် တိုင်းကို ဖျက်ဆီး နေပေသည်။

သို့သော် ထိုလက်သီး များက၊ ပျံ့ကျဲ နေသဖြင့် ထင်သလောက် ပြင်းထန်မှု မရှိ တော့ချေ။

လင်းယွန် အတွက်မူ၊ ပြိုင်ဘက်မှာ လိပ် တစ်ကောင် ကဲ့သို့ အလား သဏ္ဍာန် တူနေပြီး၊ ဟာကွက် များကို မြင်နေရ လေသည်။

“ သတ် ... ။ ”

ပန်းသင်္ချိုင်း ဓားကို ဓားလွယ်ခုတ် ခုတ်ပိုင်းချ လိုက်သည်။ ဤဓားတွင် ရှန်ရှင်းဓားနှင့် ဓားသုတ္တန်အား ပေါင်းစပ် ထားသည်။

သည်အချိန်၌ ကျွံဝင် နေပြီ ဖြစ်သော ဂျီဖန်းမှာ၊ နောက်ဆုတ်ရန် အချိန် မရှိ တော့ချေ။ လက်သီး များမှာ မြန်ဆန် သော်လည်း၊ ဓားက သူ့ထက် ပိုမြန် လေသည်။

လခြမ်း အသွင် ဓား အလင်းများ တိုးဝင် လာပြီး၊ ညာဘက် လက်မောင်းရှိ အကာကွယ် အလွှာကို လှီးဖြတ် သွားသဖြင့်၊ သွေးများ ဖြာခနဲ ပန်းထွက် လာ၏။

“ သေ စမ်း ... ။ ”

အမြင် အရ၊ သွေးထွက် နှုန်းမှာ ကြောက်စရာ ကောင်းနေ သော်လည်း၊ အပေါ်ယံ ပြတ်ရှရုံ မျှသာ ဖြစ်လေသည်။

သို့သော် လင်းယွန် ကဲ့သို့၊ ဓားသမား တစ်ယောက် အနေဖြင့်၊ ယင်းကိုပင် အခွင့်ရေး ယူပြီး တိုက်ပွဲ အပေါ်၊ အရှိန်မြှင့် နိုင်သည်။

ထို့ကြောင့် လေထဲတွင် (၇)ကြိမ် တိုင်အောင်၊ နေရာ ပြောင်းလဲ လိုက်ပြီး၊ ဝင်လာ နိုင်မည့် လမ်းကြောင်း တိုင်းကို မှန်းဆကာ၊ ပေါက်ကွဲ စွမ်းအား များဖြင့် ပြည့်နှက် နေသော၊ လက်သီး ချက်များ ပစ်ထုတ် လိုက်သည်။

လျင်မြန် လွန်းသော အဟုန်ကြောင့်၊ လင်းယွန် တစ်ယောက် အံ့သြ သွား၏။ သို့သော် သူ လိုချင်သော တုန့်ပြန်မှု ဖြစ်နေ သဖြင့်၊ သွေးများ ဆူပွက် လာသည်။

လက်သီးများ ပစ်လွှတ်ပြီး၊ စိတ်ချ ရသည့် အကွာ အဝေးသို့၊ ပြန်လည် ဆုတ်ခွာ လိုက်ချိန်တွင်၊ လင်းယွန်မှာ မြင်ကွင်းမှ ထပ်မံ ပျောက်ကွယ် သွားသည်။

“ သေ လိုက် တော့ ... ။ ”

ဂျီဖန်းက တုန်ခါ လာသော လေထုကို အာရုံခံကာ၊ ခန့်မှန်း လက်သီး တစ်ချက်အား ပစ်ထုတ် လိုက်၏။

စင်မြင့် တစ်ခုလုံး မီးတောက်များ ဖုံးလွှမ်း လာပြီး၊ နဂါး ကိုးကောင် ရေကန်မှ ရေ များပင် အငွေ့ပျံ ကုန်တော့သည်။

သို့သော် ထိုလမ်းကြောင်း၌ လင်းယွန်က ပေါ်မလာ သဖြင့်၊ ဂျီဖန်း တစ်ယောက် မျက်နှာ ပျက်ယွင်း သွားသည်။

“ ငါ ဘယ်က လာတာလဲ။ ”

ရုတ်တရက် မီးလျှံ များကို ဖြတ်လျက် ဓားတစ်လက် ပခုံးပေါ် ကျရောက် လာသည်။ မူလ စွမ်းအင် အလွှာကို ချက်ချင်း ဖြတ်ကျော် လာပြီး၊ လှီးဖြတ် သွား၏။

သို့သော် နောက်ထပ် ဓားချက်များ ထပ်မံ မရောက် နိုင်ခင်၊ လင်းယွန်အား အံကြိတ်ကာ ပြန်လည် တွန်းထုတ် လိုက်သည်။

“ ဝှစ် ... ။ ”

လက်နှစ်ဖက်ကို ဖြန့်လျက် လင်းယွန် တစ်ယောက်၊ လေထဲ နောက်ပြန် ပျံတက် သွားသည်။

ပြိုင်ပွဲ အတွင်း အထက် တန်းစား တစ်ယောက်၏၊ နိမ့်ကျသော အသွင် အနေ အထားကြောင့်၊ လူတိုင်း အံ့ဩ ကုန်၏။

“ အိုး ... ချေးပဲ၊ ဘာတွေ ဖြစ်နေ တာလဲ၊ ဂျီဖန်းက လင်းယွန် ဖိအားပေး တာကို ခံနေရ တာလား၊ မယုံနိုင် စရာပဲ ။ ”

“ တကယ် မယုံ နိုင်စရာ၊ ဂျီဖန်းလို အထက် တန်းစား တစ်ဦးကို ဓားရေး သက်သက်နဲ့၊ ဖိနှိပ် ထားနိုင် လိမ့်မယ်လို့၊ ဘယ်သူက ထင်ထား မှာလဲ။ ”

“ အဲ့ဒီလို ပြောလို့ ရအောင် စောနေ ပါသေးတယ်၊ ဂျီဖန်းက အကုန် မဟုတ် သေးဘူး။ ”

တိုက်ပွဲက စိတ်လှုပ်ရှားစရာ ကောင်းလွန်း သောကြောင့်၊ ပရိသတ်ကြား ရုန်းရင်း ဆန်ခတ် ဖြစ်လာ ခဲ့သည်။

ဤအတိုင်းသာ ဆက်သွား ပါက၊ အားနည်းချက်ကို တွေ့ရှိကာ၊ လင်းယွန် အတွက် အခွင့်ရေး ရသွား လိမ့်မည်ဟု၊ အကြီးအကဲများ နားလည် လိုက်သည်။

“ ကောင်းကင်ကို ဖျက်ဆီမယ့် ကြယ် ... ။ ”

ကြုံးဝါး သံနှင့် အတူ၊ ဂျီဖန်းက လက်သီး များ ပစ်ထုတ်လာ သဖြင့်၊ ကျယ်လောင်သော လေခွင်း သံများ ထွက်ပေါ် လာသည်။

ထိုစက္ကန့်ပိုင်း အတွင်းတွင် သူ၏ ညာ လက်သီးမှာ၊ လောင်ကျွမ်း နေသော မီးလုံးကြီး တစ်လုံး အဖြစ်သို့၊ ပြောင်းလဲ သွားသည်။

တစ်ဆက်တည်း မှာပင် နောက်ကျော ဆီ၌ မီးတောက်လောင် နေသော အတောင်ပံ တစ်စုံ၊ ထွက်ပေါ် လာသည်။

သည်အချိန်၌ ဆက်လက် ဖုံးကွယ် နေစရာ၊ အကြောင်း မရှိ တော့ချေ။ သို့မဟုတ် ပါက ဤခွေးဆိုးကို အရာ အားလုံး ပေးလိုက် ရပေမည်။

ယင်းမှာ ထိပ်ဆုံး ဆယ်ယောက် အတွက် ရည်ရွယ် ထားသော၊ ဝှက်ဖဲ ဖြစ်၏။ ထို့ကြောင့် သည်ပွဲ ပြီးနောက်၊ ထိပ်ဆုံး (၁၀) ဦး၌ အဆိပ် မရှိသော မြွေ တစ်ကောင်၊ ဖြစ်လာ ပေတော့မည်။

မည်သို့ပင် ဖြစ်စေ ကာမူ၊ ဤမြင်းနက်ကို အနိုင်ယူ ရလျှင် ပေးဆပ် ရကျိုး နပ်ပေမည်။

တစ်ဖက် လူ၏ သန်မာသော ဝှက်ဖဲ ဖြစ်သဖြင့်၊ ရှောင်တိမ်းရန် မဖြစ် နိုင်ကြောင်း၊ လင်းယွန် သိသည်။

“ ဟိတ် ... ။ ”

ထို့ကြောင့် ထိပ်တိုက် ဖြေရှင်း ရန်သာ ရွေးချယ် လိုက်ရသည်။ ရှေ့တစ်လှမ်း တိုးပြီး၊ မီးလက်သီးကို ဓားဖြင့် ခုတ်ချ လိုက်၏။

“ သခင့်ဓား — အရုဏ်ဦး။ ”

ဓားမှ အလင်းများ အရုဏ်တက်ချိန် မြင့်တက် လာသော နေမင်းကြီး ကဲ့သို့၊ စူးရှစွာ ထွက်ပေါ် လာသည်။

ထို့နောက် မီးလက်သီးနှင့် တိုက်မိပြီး၊ ပတ်ဝန်းကျင် တစ်ခု လုံးအား ရုတ်ချည်း မှောင်ကျ သွားစေ၏။

“ ဝုန်း ... ။ ”

ပေါက်ကွဲသံ များနှင့် အတူ၊ ပေါက်ကွဲမှု အလယ်ဗဟို၌ ဂျီဖန်း ရင်ဘတ်ကို ဓားဖျားဖြင့်၊ ထောက်ထားသော လင်းယွန်အား၊ ရပ်လျက် တွေ့လိုက် ရသည်။

ဓားမှ လာသော အဖျက် စွမ်းအားသည်၊ ဂျီဖန်းကို သိုင်းခြုံ ထားသော မူလ စွမ်းအင်အား၊ ဖြိုခွဲပစ် လိုက်သည်။

“ ဖျစ် ... ။ ”

ထို့ကြောင့် ဓားအား လက်နှစ် ဘက်ဖြင့် ဆုပ်ကိုင်ထား သော်လည်း၊ ဓားမှာ ရင်ဘတ်ထဲ ဖောက်ဝင်လာ နေဆဲ ဖြစ်သည်။

“ ဆင်း သွား ... ။ ”

လင်းယွန်က ညာလက် ထဲသို့၊ မူလ စွမ်းအင်ကို ထပ်မံလောင်း ထည့်ကာ၊ အားစိုက် တွန်းထုတ် လိုက်၏။

နာကျင်မှုကြောင့် ဓားအား လွှတ်ကာ နောက်သို့ လွင့်စဉ် သွားသည်။ ကြမ်းပြင်၌ အကြိမ်ကြိမ် လှိမ့်ဆင်း သွားပြီးနောက်၊ ဒူး တစ်ဖက် ထောက်လျက်၊ အနေ အထားဖြင့် ညည်းတွား နေမိ၏။

“ ပ လောက် ...၊ ပလောက် ...၊ ပလောက် ... ။ ”

ထိုအချိန်တွင် လင်းယွန်၏ ဆံပင်များ တဖျပ်ဖျပ် ခတ်ကာ၊ ဓားဖျားမှ သွေးများ စီးကျ လာခဲ့ လေသည်။

သူ့ မျက်ဝန်း များ၌ ကြီးစိုးသော အရိပ်အယောင်များ ထွက်ပေါ် လာပြီး၊

“ အထက် တန်းစား ခုနစ် ပါးလား၊ စိတ်မဝင် စားဘူး၊ ငါ့မှာ ဓားတစ်လက် ရှိတယ်။ ”

-ဟု လူတိုင်းကို ခြိမ်းခြောက် ပြောဆို နေသကဲ့သို့ ပေပင်။

***

All Chapters