နတ် နဂါး ပုံရိပ်။
Vol. 57 Ch. 789
ဤတစ်ကြိမ် သွေးစွန်းသော ဧည့်ခံပွဲ သည်၊ ပရိသတ်များ အတွက် စိတ်လှုပ်ရှားဖွယ် ရာများ၊ ပြည့်နှက် နေပေသည်။
၎င်းတို့ အနက် ဂျီဖန်းကို အနိုင်ယူ နိုင်ခဲ့သော လင်းယွန်မှာ၊ ပို၍ပင် ကျော်ကြား လာခဲ့သည်။
နေဝင်ချိန် ရောက်ရှိ လာ သဖြင့်၊ ဒိုင် အဖိုးအို ဆယ်ဦးက နောက်တဆင့် အတွက်၊ လူ စာရင်းအား ထုတ်ပြန်ရန် ပြင်ဆင် ကြသည်။
ထိုအချိန် အတော အတွင်း၊ အနက်ရောင် ဝတ်ရုံကို ဆင်မြန်း ထားသော အဖိုးအို တစ်ဦး၊ ရေကန် အလယ် ဆင်းသက် လာ၏။
သူ့အငွေ့ အသက်မှာ နားမလည် နိုင်အောင် ဖြစ်ပြီး၊ ဤနေရာရှိ လူတိုင်း အပေါ် ကြီးမားသော ဖိအားကို ပေးစွမ်း လေသည်။
ထို့အပြင် ကြီးမား လှသော နဂါး တစ်ကောင်အား၊ သူ့ နောက်တွင် ဝိုးတဝါး မြင်နိုင်သည်။ အဘိုးအိုက လူအုပ်ကို ဝေ့ကြည့်ကာ၊
“ ထုတ်ပယ်ရေး အကျော့ တရားဝင် ပြီးဆုံး သွားပြီး၊ တတိယ အကျော့ အတွက် နာမည် စာရင်း ထွက် မလာခင်၊ အားလုံး ငါနဲ့ အတူ နတ်နဂါးကို ကြိုဆိုပါ ။ ”
“ နတ် နဂါးကို ကြိုဆို ရမယ်။ ”
လင်းယွန်မှာ အံ့ဩ သွားသည်။ သွေးစွန်းသော ဧည့်ခံပွဲ သမိုင်း တစ်လျှောက် အကြိမ်ကြိမ် ကြည့်ရှု ခဲ့ဖူးသော အကြီး အကဲ အချို့ပင်၊ စိတ်ရှုပ်ထွေး ကုန်၏။
ထိုအချင်း အရာကို တစ်ကြိမ် မျှပင် မကြားဖူးချေ။ ဤကမ္ဘာ ပေါ်၌ နဂါး တစ်ကောင် တကယ် ရှိနေခဲ့ သည်လော။
“ ဝုန်း ... ။ ”
လူအုပ်ကြီးက အတွေး များဖြင့် ရှုပ်ယှက်ခတ် နေချိန်တွင်၊ ကျယ်လောင်သော အော်မြည်သံ တစ်သံ နှင့်အတူ၊ တစ်မြို့လုံး တုန်လှုပ် လာတော့၏။
နှလုံးသား များ၌၊ ရှေးဟောင်း ဗုံကြီး တစ်လုံးကို၊ တစ်စုံ တစ်ယောက်မှ တီးခတ်နေ သကဲ့သို့၊ လှိုက်ခါ လာသည်။
တိမ်နဂါး အဆင့် ပါရမီရှင် မျိုးဆက်ဟောင်း များပင်၊ ဤအခင်း အကျင်း မျိုးဖြင့်၊ မကြုံဖူး သောကြောင့်၊ အံ့သြ သွားသည်။
တစ်ချိန်တည်း မှာပင်၊ သူတို့ နှလုံးသားများ အထိန်း အကွပ်မဲ့ ခုန်ပေါက် လာ၏။ ရုတ်တရက် နဂါး ကိုးကောင် ရေကန်မှ ရေများ တလှုပ်လှုပ်ဖြင့်၊ ရွှေရောင် အလင်းများ တိုးထွက် လာသည်။
စစ်ဗုံ သံက တဖြည်းဖြည်း ကျယ်လောင် လာပြီး၊ ကောင်းကင်ရှိ တိမ်များ တဖြည်းဖြည်း ကွဲအက် လာသည်။ ကောင်းကင်ဘုံမှ စစ်ချီလာ သကဲ့သို့၊ ထင်မှား လာမိ စေ၏။
မကြာခင် မှာပင် တိမ်လွှာများ ဖယ်ခွာ သွားပြီး၊ ကြယ်စုံ လင်းနေသော ကောင်းကင် တစ်စင်း ထွက်ပေါ် လာ၏။
တစ်ဆက်တည်း မှာပင် အချိန် (Time) နှင့်၊ အာကာသ (Space)၊ ဟူသော ဒိုင်မန်းရှင်း (Dimension) နှစ်ခု၊ ပြိုကျ လာသည်။
( ဤသတ္တ လောကကြီး တစ်ခု လုံးကို၊ အချိန်နှင့် အာကာသက၊ ကန့်သတ် ပေးထား သည်။
တစ်စုံ တစ်ယောက် အနေဖြင့် ထိုဒိုင်မန်းရှင်း နှစ်ခုအား ကေျာ်လွန်ကာ၊ အသက် မရှင် နိုင်ချေ။
ထို့ကြောင့် အချိန်နှင့် အာကာသ ပြိုကျ လာသည် ဟူသည်မှာ၊ ကောင်းကင်ဘုံ ပွင့်လာ သည်ဟု၊ ရည်ညွှန်း လိုခြင်း ဖြစ်ပေမည်။ )
လူတိုင်းကို အံ့အား သင့်လာ စေ၏။ တစ်ချိန် တည်းမှာပင်၊ ရွှေရောင် အလင်း များက နဂါး တစ်ကောင် အဖြစ်၊ ဖွဲ့တည် လာသည်။
ထိုနောက်တွင် ကြယ်စုံ ကောင်းကင်ကြီး ထဲမှ၊ နဂါး အငွေ့ အသက်များ ပျံသန်း လာကာ၊ ရွှေရောင် နဂါးကြီးပေါ် ဆင်းသက် သွားသည်။
ရုတ်တရက် ရွှေနဂါး ကြီးက အသက်ဝင် လာပြီး၊ လေထဲ၌ လူလွန့် လာတော့၏။
“ ဒါ က … ။ ”
“ ဒါ ... ဒါ ကမ္ဘာပေါင်း များစွာကို၊ ကူးလူး သွားလာ နေတဲ့၊ နတ်နဂါး ကြီးလား။ ”
“ နတ်နဂါး ပုံရိပ်၊ ဒါကို ဘယ်တုန်းက နောက်ဆုံး တွေ့ခဲ့ရ တာလဲ၊ မမှတ်မိ တော့ဘူး၊ ဒီနှစ် ပြိုင်ပွဲက ထောင်စုနှစ် အတွင်းမှာ၊ တကယ့် စိတ်လှုပ်ရှား စရာ အကောင်းဆုံး ပွဲပဲ။ ”
“ တွေ့ခွင့် ရတာ အရမ်း ကံကောင်း ပါတယ်၊ ခေတ်သစ် ရောက်လာ တော့မယ်။ ”
သွေးစွန်းသော ဧည့်ခံပွဲသို့ တက်ရောက် လာသည့် အကြီးအကဲ များက၊ စိတ်လှုပ်ရှားစွာ ငေးကြည့် နေကြသည်။
အုပ်စိုးရှင် ကိုးပါး၏ ဂိုဏ်း ချုပ်များ မှာမူ၊ လေးနက်သော အမူအရာ များဖြင့်၊ ငြိမ်သက်နေ တော့၏။
ခေတ်သစ် ရောက်လာ မည်ကို၊ သူတို့ သိသော်လည်း၊ နတ်နဂါး ပုံရိပ် ထွက်ပေါ်လာ ချိန်၌၊ ထိတ်လန့် နေမိ တုန်း ပေပင်။
ထိုနောက် တိမ်များက ကြယ်စုံ ကောင်းကင် ကြီးကို၊ ပြန်လည် ဖုံးလွှမ်း သွားပြီး၊ စစ်ဗုံ သံများ ရုတ်တရက် ရပ်တန့် ကုန်၏။
နဂါး အငွေ့ အသက် များကို ရရှိ ထားသည့်၊ နတ်နဂါးဟု ခေါ်သော ရွှေရောင် နဂါး ကြီးမှာ၊ အစိတ်စိတ် အမွှာမွှာ ကွဲထွက် သွားသည်။
“ ဘာဖြစ်တာလဲ ... ။ ”
လူငယ် များက နဝေ တိန်တောင် ဖြစ်နေစဉ်၊ ကျောက်စိမ်းပြား များရှိ ပယင်း ရောင်ဝါ များက တိုးထွက် လာလေသည်။
ရှုံးပွဲ မရှိသူ များမှာ၊ တောက်ပသော ပယင်း ရောင်ဝါ ရှိ၏။ ၎င်းတို့ အနက် ဘုရင် သုံးပါး နှင့်၊ အထက် တန်းစား ခုနစ်ပါး တို့မှာ၊ ပို၍ ထင်ရှား ပေသည်။
ထို့နောက် ပယင်း ရောင်ဝါ များနှင့်၊ နတ်နဂါး အပိုင်း အစများ ပေါင်းစပ် ကုန်ကာ၊ နဂါး ပုံရိပ်ပေါင်း တစ်ရာ ဖြစ်ပေါ် လာသည်။
ဤသည်မှာ နတ်နဂါး စွမ်းအင်နှင့်၊ ပယင်းရောင်ဝါ များမှ၊ ပေါင်းစပ် သွားသည့် နဂါး တစ်ရာ ဖြစ်ပေသည်။
ဂျူးချန် နှင့် ဂျီဖန်း မှ လွဲ၍ ထိပ်ဆုံး ဆယ်ဦး၏၊ နဂါး ပုံရိပ် များ၌၊ ခြေသည်း များပင်၊ ထွက်ပေါ် နေသည်။
သည့်နောက် နဂါး ပုံရိပ်ပေါင်း တစ်ရာက၊ ၎င်းတို့၏ သက်ဆိုင်ရာ ကျောက်စိမ်း ပြားများ ဆီသို့၊ ပြန်လည် ဝင်ရောက် လာတော့၏။
ကျောက်စိမ်းပြား ကိုယ်စီ ကိုင်ဆောင် ထားသော၊ တိမ် နဂါး တစ်ရာက နတ်နဂါး ထံမှ ဝင်ရောက် ပေါင်းစပ် နေသော နဂါး ရောင်ဝါကို၊ သူတို့ ခံစား နိုင်သည်။
ယင်းသည် မည်သည့် အရာမှန်း မသိ သော်လည်း၊ ထူးခြားမှု တစ်ခု ဖြစ်မည်ကို သူတို့ နားလည် ပေ၏။
“ ဟမ့် ... ၊ ငါ့ရဲ့ ခြေနင်းကျောက် ဖြစ်လာမဲ့ အမှိုက်တွေ ... ။ ”
ယုဟိုရှင်းက မည်သည့် အရာ ကိုမျှ စိတ်ဝင်စားပုံ မပေါ်ဘဲ၊ ကျောက်စိမ်း ပြားအား ကိုင်ကာ ပြုံးလိုက်သည်။ ချန်ပီယံ တစ်ယောက် သည်သာ နဂါး ရောင်ဝါကို ရရန်၊ အခွင့် အရေး ရှိကြောင်း၊ ဤအမှိုက်များ မသိ ကြချေ။
ထိပ်ဆုံး ဆယ်ဦး လုံးမှာ နဂါးအငွေ့ အသက် ရနိုင် သော်လည်း၊ ပထမ သည်သာ အစစ် အမှန် ဖြစ်သည်။
နောက်ဆုံးတွင် ကျန် ကိုးယောက်၏ ပယင်းရောင်ဝါ တစ်ဝက်ကို ချန်ပီယံထံ ပေးအပ် ရပေမည်။
ရန်လောင်ဇီနှင့် ကျန်းဝူကျိမှာ အခြား သူများ မသိသော လျှို့ဝှက်ချက် များကို သိနေ သောကြောင့်၊ ရင်ခုန် လာကြသည်။
လင်းယွန် မှာမူ ကျောက်စိမ်းပြားကို ကိုင်လျက်၊ လွင့်မျော နေသော ရေခွက် ပြောခဲ့ ဖူးသည့် စကား များအား၊ နားထဲ ပြန်ရောက် လာသည်။
နတ်နဂါး ဟူသည် စွမ်းအားကို မြှင့်တင် ပေးနိုင်သော ကြယ် စွမ်းအင်များ ဖြစ်သည်ဟု၊ အကြမ်းဖျင်း နားလည် လိုက်သည်။ ယင်းမှာ အင်ပါရီယန် သင်္ချိုင်းမှ ရရှိ ခဲ့သော၊ ကြယ်ပုလဲ များနှင့် အသွင် တူချေ၏။
ကြယ်ရောင်စုံ ကောင်းကင်မှာ၊ နဂါးငွေ့တန်း တစ်ခု ဖြစ်ပြီး၊ မြင့်မြတ်သော ကမ္ဘာနှင့် ပယင်း ကမ္ဘာ ကြီးကို၊ ဆက်သွယ်ပေး လာသည့်၊ လမ်း ဖြစ်၏။
ယင်းကို ကောင်းကင် လမ်းဟု ခေါ်ဆို ကြပေ၏။
“ ငါ့ကို စောင့်ပါ။ ”
ကျောက်စိမ်း ပြားအား တင်းကြပ်စွာ၊ ဆုပ်ကိုင် လိုက်သည်။ ပန်းသင်္ချိုင်း ဓားအတွက် ဖြစ်စေ၊ ဆုစီယာ အတွက်ပင် ဖြစ်စေ၊ ဤလမ်း လျှောက်လှမ်း ရပေမည်။
“ အဆင့် သတ်မှတ်ချက် တိုက်ပွဲကို၊ ခုနစ်ရက် နေရင် ကျင်းပမယ်။ ”
အနက်ဝတ် အဘိုးအို၏ စကားသံ အချို့ကြောင့်၊ မိန်းမော နေသော လူအုပ်မှာ ပြန်လည် အသက်ဝင် လာသည်။
နတ်နဂါး ပုံရိပ်ကို၊ လူတိုင်း မြင်တွေ့ လိုက်ရ ပြီးနောက် ခုနစ်ရက်ပင် မစောင့်လို တော့ချေ။
ကျောက်စိမ်းပြား များမှ၊ နဂါး ပုံရိပ်များ ထွက်ပေါ် လာချိန်တွင်၊ မည်သည့် အရာများ ဆက်ဖြစ် လာမည်ကို အားလုံး သိချင်လာ ကြ၏။
ဤသည်မှာ နှစ်တစ်ထောင် အတွင်း၊ ပထမ ဦးစွာ နတ်နဂါး ပုံရိပ် များကို မြင်လိုက် ရခြင်း ဖြစ်လေ သည်။
ထုတ်ပယ်ရေး ပွဲစဉ် များက၊ ရက်စက် ကြမ်းကြုတ်လှ သဖြင့်၊ လူအများ စုတွင် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိခဲ့ ကြသည်။
ထို့ကြောင့် အနားယူရန် လိုအပ် နေပြီး၊ သို့မှသာ ပြိုင်ပွဲ၌ အားအင် အကုန် ထုတ်ဖော် နိုင်ပေမည်။
“ ဒီခုနစ်ရက် အတွင်း၊ မြို့ထဲမှာ လျှောက်လည် နိုင်တယ်၊ ဒါပေမယ့် ရန်ပွဲ တွေကို ခွင့် မပြုဘူး၊ ... ”
“ ... ဂိုဏ်းချုပ် တိုင်းက ဒါကို နားလည် ထားပြီး၊ ငါတို့ မဟာမိတ် အဖွဲ့ကို စိန်ခေါ် လိုမှာ မဟုတ် ဖူးလို့ ယုံကြည် ပါတယ်။ ”
အနက်ဝတ် အဘိုးအိုက ပြုံးလျက်၊ အုပ်စိုးရှင် ကိုးပါးထံ စိုက်ကြည့် လိုက်သည်။
သွေးစွန်းသော ဧည့်ခံပွဲမှာ အလွန် အရေးကြီး သဖြင့်၊ ဤဂိုဏ်းချုပ် များမှ တစ်စုံ တစ်ရာ ကြံစည် ကြမည် မဟုတ်ကြောင်း၊ မည်သူမျှ အာမခံ နိုင်မည် မဟုတ်ပေ။
ယခင်နှစ် ပြိုင်ပွဲ များ၌၊ သတိ ပေးချက် များကို လျစ်လျူရှုကာ၊ ဂိုဏ်းချုပ် အချို့မှ ပြဿနာ အနည်းငယ်၊ လုပ်ဆောင် ခဲ့ဖူးသည်။
အနက်ဝတ် အဘိုးအိုက၊ သူ့အပြုံးကို ပြန်ရုတ် လိုက်ပြီး၊ အေးစက်စွာ စကားဆက် လိုက်၏။
“ ဒါက ငါ့ရဲ့ တစ်ခု တည်းသော သတိ ပေးချက် ပါပဲ၊ တစ်စုံ တစ်ယောက်က ကြိုးစား ရဲရင် အကျိုး ဆက်ကို တွေးထားပါ။ ”
လူတိုင်း၏ ကျောရိုးကို ချမ်းတုန် သွားစေသော အရှိန်အဝါ တစ်ခု၊ အဘိုးကြီး ထံမှ ကြောက်မက်ဖွယ် ပေါက်ကွဲ ထွက်လာသည်။
“ ခုနစ်ရက် ကြာရင် အားလုံး ပြန်တွေ့ ကြမယ် ... ။ ”
ထို့နောက် အနက်ဝတ် အဘိုးအိုက သူ့ လက်ကို ဝှေ့ယမ်းပြီး၊ နဂါး ကိုးကောင် ရေကန်မှ ပျံသန်း ထွက်ခွာ သွားတော့သည်။
***