← Chapters

ခုနစ်ရက်။

Vol. 57 Ch. 790

ခုနစ်ရက်။

Vol. 57 Ch. 790

ခုနှစ်ရက် ဟူသည် တိုတောင်း လွန်းသော အချိန် မဟုတ်ချေ။ လင်းယွန် အတွက် ခုနစ်ရက် က၊ တိုက်ပွဲများ အပေါ် ပြန်လည် သုံးသပ်ရန် လုံလောက် ပေသည်။

လူတိုင်း လူစုခွဲ ပြီးနောက် မြို့ အတွင်းရှိ သီးခြား ခြံဝင်း တစ်ခုတွင်၊ လင်းယွန်က ဒဏ်ရာ များကို ကုသ နေခဲ့သည်။

ယာယီ နေထိုင်ရာ ထိုခြံဝန်း အတွင်း၌ မြေအောက် သီးသန့်ခန်း တစ်ခန်းနှင့် ရုပ်သေး မျိုးစုံ ပါရှိသည်။

ငှားရမ်းခ အဖြစ် စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်းတုံး (၂၀၀) ပေးဆောင် ခဲ့ရသည်။ သို့သော် လာမည့် တိုက်ပွဲ အတွက်၊ ပြင်ဆင် ရမည် ဖြစ်သောကြောင့်၊ တွန့်တိုခြင်း မရှိချေ။

မြေအောက်ခန်း အပြင်၌ ပဉ္စမတန်း ဝိညာဉ် ရေကန် တစ်ကန်နှင့်၊ ရေခဲ ပလ္လင် တစ်လုံး ပါရှိ လေသည်။

ရေခဲ ပလ္လင် အတွင်းသို့၊ ဝိညာဉ် စွမ်းအင်များ ပို့ဆောင်ရန် ဝိညာဉ်ရေး အခင်းအကျင်း များဖြင့် စီရင်ထား ချေ၏။

ဤအဆင့် ဝိညာဉ် ရေကန် မျိုးကို အုပ်စိုးရှင် တပ်ဖွဲ့များ တွင်သာ တွေ့ရှိ နိုင်ပြီး၊ အမာခံ တပည့် အနည်းငယ် ကသာ၊ အသုံး ပြုရန် အရည်အချင်း ပြည့်မီ နိုင်မည် ဖြစ်သည်။

ပလ္လင် ပေါ်သို့ ခုန်တက် လိုက်ပြီး၊ သိပ်သည်းသော ဝိညာဉ် စွမ်းအင်ကို ခံစား လိုက်သည်။

“ မဆိုး ပါဘူး၊ ဒီနေရာက ကျင့်ကြံလို့ သင့်လျော်တယ်၊ ငါ့ရဲ့ ကျင့်ကြံ မှုမှာ အောင်မြင် မှုတွေ အရင် လုပ်သင့်တယ်။ ”

အလယ် အလတ် ယင်-ယန် အဆင့်၏၊ ကန့်သတ် ချက်သို့ ရောက်ရှိ နေပြီ ဖြစ်သဖြင့်၊ စွမ်းအင် များကို ထပ်မံ စုဆောင်းရန် မလိုအပ် တော့ချေ။

သည်မျှ ကြာအောင် စုဆောင်း နေရသည့်၊ တစ်ခု တည်းသော အကြောင်း ရင်းမှာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ အထိ၊ တက်လှမ်း ချင်၌ပင်။

ဂျီဖန်းနှင့် တိုက်ခိုက် ပြီးနောက်၊ အထွတ် အထိပ် ယင်ယန် အဆင့်သို့၊ ချိုးဖြတ် တော့မည့် အရိပ် အယောင်များ ပြသ လာသည်။

သို့သော် ဝိညာဉ် ရေကန် တစ်ခု တည်းနှင့် မလုံလောက်ချေ။ ထို့ကြောင့် မြောက်ပင်လယ်မှ ရရှိ ခဲ့သော၊ စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း ပေါင်း များစွာကို၊ ထုတ်ယူ လိုက်သည်။

ထိုခရီး၌ အလုံးရေ တစ်သိန်းခန့် ရရှိ ခဲ့ပြီး၊ ထိုပမာဏမှာ အမည်ခံ အုပ်စိုးရှင် အင်အား စုကို ပြိုင်ဆိုင်ရန် လုံလောက် လေသည်။

စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း ထောင်ဂဏန်း ခန့်ကို၊ စင်မြင့် ပေါ်၌ စုပုံ လိုက်သည်။

ဝိညာဉ် ကျောက်စိမ်း များမှ ထွက်သော၊ သိပ်သည်း ဆမှာ၊ မယုံ နိုင်ဖွယ် များပြား လှခေျ သည်။

ထိုင်ချ လိုက်သည်နှင့်၊ သူ့ အောက်၌ ခရမ်းရောင် ပန်းတစ်ပွင့် ထွက်ပေါ် လာ၏။ ထိုပန်းက ဝိညာဉ် စွမ်းအင် များကို စုပ်ယူကာ၊ ခန္ဓာကိုယ် ထဲသို့ သွန်းလောင်း ပေးလာသည်။

တစ်ချိန် တည်းမှာပင်၊ နဂါး ရူရ်များ လင်းလက် လာသည်။ သူ၏ ရည်ရွယ်ချက်မှာ တတ်နိုင် သမျှ၊ အလားအလာကို တွန်းထုတ်ရန် ဖြစ်ပြီး၊ အနည်းငယ် အန္တရာယ် ရှိနိုင်သည်။

မူလ စွမ်းအင် များက၊ ခန္ဓာကိုယ် အနှံ့ လည်ပတ် စီးဆင်း လာပြီး၊ အပ်စိုက်မှတ် များကို အားဖြည့် ပေး၏။

ကျင့်ကြံမှု အဆင့်မှာ၊ အထက် တန်းစား ခုနစ်ပါးနှင့် နှိုင်းယှဉ် နိုင်ခြင်း မရှိ သော်လည်း၊ ရွှေခေတ် ဓားသုတ္တန်ကြောင့်၊ ပြတ်မကျန် ခဲ့ချေ။

ကျင့်ကြံမှု နည်းစနစ် တစ်ခုသည်၊ လူတစ်ဦးကို ကြံ့ခိုင်စေသော အခြေခံ အုတ်မြစ် ဖြစ်၏။ ဓား ရည်ရွယ်ချက် မရှိ လျှင်ပင်၊ ၎င်းဖြင့် အခြားသော လမ်းကို လျှောက်နိုင်သည်။

တစ်ဖက်တွင် ဓားသုတ္တန်သာ မရှိ ပါက၊ ဓားရည်ရွယ် ချက်မှာ အလုပ် မဖြစ်ဟု၊ အဓိပ္ပါယ် ရချေပြီ။

ခန္ဓာကိုယ် ထဲသို့ ဝိညာဉ် စွမ်းအင်များ အဆုံးမဲ့ သွန်းလောင်း နေသဖြင့်၊ ပူစပ် ပူလောင် ဖြစ်လာသည်။

အထွတ် အထိပ် ယင်-ယန် အဆင့်သို့ ရောက်ရှိရန်၊ လိုအပ်သော ဝိညာဉ် စွမ်းအင် ပမာဏမှာ၊ ကြောက်စရာ ကောင်းနေ ပေ၏။

ရေခဲ ပလ္လင်မှာ အထောက် အကူ ဖြစ်မည်ဟု ထင်ခဲ့ သော်လည်း၊ ခန္ဓာကိုယ် အတွင်းရှိ ဖရို ဖရဲ စွမ်းအင် များကို၊ အလုံးစုံ မထိန်းချုပ် နိုင်ပေ။

ထို့ကြောင့် နဂါး ရူရ် များက၊ လျှပ်စီးများ နှင့်အတူ၊ နဂါး စွမ်းအင်များ ထုတ်လွှတ်လျက်၊ လျင်မြန်စွာ ဖိနှိပ် လိုက်ရသည်။

လျှပ်စီးများက ဖရိုဖရဲ ဖြစ်နေသော၊ ယင်းမူလ စွမ်းအင် များကို နဂါးများ ကဲ့သို့၊ စတင် ရစ်ပတ် ဖိနှိပ်ပစ် တော့သည်။

အချိန်ကြာ လာသည် နှင့်အမျှ၊ စီးဆင်း နေသော ဝိညာဉ် စွမ်းအင် များမှာ၊ ခရမ်းရောင် နန်းတော် ထဲသို့၊ သိမ်မွေ့စွာ ဝင်ရောက် သွား၏။

ခရမ်းရောင် နန်းတော်မှ၊ ပြန်လည် သန့်စင်ပေး လိုက်သော စွမ်းအင်မှာ၊ ပို၍ အားကောင်း လာပြီး၊ ခရမ်းရောင် ပန်းကို ပြင်းစွာ လှုပ်ခါ သွားစေသည်။

ထို့အပြင် ခန္ဓာကိုယ် အတွင်း၌၊ ဓား တစ်လက် အော်ညည်း နေသံ ကိုလည်း၊ ဝိုးတဝါး ကြား နိုင်၏။

တစ်ချိန်တည်း မှာပင်၊ ယုဟိုရှင်းက ကောင်းကင် ဝိညာဉ် နယ်မြေ အကြီး အကဲ တစ်ဦးနှင့်၊ လေ့ကျင့် နေခဲ့သည်။

ခရမ်းရောင် အဆင်းကို ထုတ်လွှတ် ထားသော သူ၏ ရုပ်ခန္ဓာမှာ၊ ကျောက်စိမ်းတုံး တစ်တုံး ကဲ့သို့၊ ကြည်လင် နေသည်။

အကန့် အသတ် မရှိသော သမုဒ္ဒရာကြီး တစ်စင်း လွင့်မေျာ လာသဖြင့်၊ လေဟာနယ် ပျက်ယွင်း သွားသည့် ဖြစ်စဉ် တစ်ခု၊ ရွေ့လျား လိုက်တိုင်း ဖြစ်ပေါ် လာသည်။

တစ်ခါ တစ်ရံတွင်၊ မယုံနိုင် လောက်အောင် ကြီးမားသော၊ ခရမ်းရောင် လမင်းကြီး တစ်စင်း မိုးကုတ် စက်ဝိုင်းပေါ်၊ ပျံတက် လာတက်သည်။

ကောင်းကင် ဝိညာဉ် နယ်မြေ အကြီး အကဲက၊ နဖူးမှ ချွေးများ စီးကျ နေသော်လည်း၊ မသုတ်အား ခဲ့ချေ။

ယုဟိုရှင်းမှာ ခွန်အားကို အပြည့်အ၀ သုံးထားခြင်း မဟုတ်ကြောင်း သူ သိသည်။ ဆယ်ကြိမ်ခန့် ထပ်မံ လှုပ်ရှား ပြီးနောက်၊ ထူးခြားသော ကျင့်ကြံမှု နည်းစနစ် အပေါ်၊ အံ့သြ သွားသည်။

ယင်းမှာ သူ၏ မူလ စွမ်းအင် များကို၊ ယုဟိုရှင်းမှ အမှန် တကယ် ဝါးမြို နေခဲ့သည်။ ထို့ကြောင့် အချိန်များ ကုန်ဆုံး လာသည်နှင့် အမျှ၊ တဖြည်းဖြည်း မောပန်း လာတော့၏။

သည့်နောက် တိုက်ပွဲ အပေါ်၊ ထိန်းချုပ် နိုင်မှုများ ဆုံးရှုံး သွားကာ၊ အဝေးသို့ လွင့်စဉ် သွားရသည်။ ဖြူဖျော့ နေသော မျက်နှာဖြင့် သက်ပြင်း တစ်ချက် ချလိုက်ပြီး၊

“ မရဏ သုတ္တန်က၊ တကယ့်ကို ကြောက်စရာ ကောင်းတာပဲ၊ ဂိုဏ်းချုပ်က မင်းနဲ့ အတူ လေ့ကျင့် ပေးဖို့၊ တောင်းဆို တုန်းက ငါ လျှော့တွက် မိခဲ့တယ်၊ ... ”

“ ... ကြည့်ရတာ၊ မင်းရဲ့ မရဏ သုတ္တန်က အဆင့် (၁၂) အထိ ရောက်နေ ပုံ ရတယ်၊ ဒီအဆင့် ရောက်ရင် ပြိုင်ဘက်ရဲ့ အသက်ဓာတ် ကိုတောင်၊ ဝါးမြို နိုင်တယ်လို့ ငါ ကြားဖူးတယ်။ ”

ယုဟိုရှင်းက ပြုံးပြီး၊

“ အသက် ဓါတ်နဲ့၊ မူလ စွမ်းအင်ကို၊ ဝါးမြို ခြင်းမှာ ပုံသဏ္ဍာန် မတူဘူး၊ မရဏ သုတ္တန်ရဲ့ စစ်မှန်တဲ့ ခွန်အားက ဒီထက် ပိုတယ်။ ”

“ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်၊ ဒါပေမယ့် ဝါးမြို တက်တဲ့ သဘာဝကြောင့်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်က၊ ... ”

“ ... ကျွမ်းကျင်သူ တွေတောင် မင်းကို မကိုင်တွယ် နိုင်တော့ဘူး၊ ကောင်းကင် ဝိညာဉ် နယ်ပယ် အောက်က ဘယ်သူ မဆို မင်း ပြိုင်ဘက် မဟုတ်တာ သေချာ နေပါပြီ။ ”

-ဟု အကြီးအကဲက သုံးသပ် ပြလိုက်သည်။

ယုဟိုရှင်းတွင် ဝှက်ဖဲ အနည်းငယ် ရှိနေ သေးကြောင်း၊ သတိထား မိချေသည်။ အသက် နှင့် သေခြင်း တိုက်ပွဲတွင်၊ ယုဟိုရှင်း လက်မှ သူပင် လွတ်မြောက် နိုင်မည် မဟုတ်ချေ။

“ အခက် အခဲ တွေတော့ ... ရှိလာ နိုင်ပါတယ်၊ ဒါပေမယ့် ငါက ဒီနှစ်လည်း ချန်ပီယံ ဖြစ်နေ တုန်း ပါပဲ။ ”

ယုဟိုရှင်းက ယုံကြည်ချက် ရှိရှိဖြင့်၊ တုန့်ပြန် လိုက်သည်။

***

ခရမ်းရောင် မိုးကြိုး ဂိုဏ်း၏ ခြံဝင်း တစ်နေရာတွင်၊ ကျန်းဝူကျိမှာ ဂိုဏ်းချုပ် ကြီးနှင့် လေ့ကျင့် နေ၏။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ယောက်သား လှုပ်ရှားမှုပေါင်း တစ်ရာကျော် အပြန် အလှန် ဖလှယ် ခဲ့ကြသည်။

ထိုအတွင်း ကျန်းဝူကျိ တစ်ယောက် ခြေတစ်လှမ်း မျှပင်၊ နောက်ပြန် မဆုတ်ဘဲ၊ ဂိုဏ်းချုပ်ကို လက်ရည်တူ ရင်ဆိုင် နိုင်သည်။

ဂိုဏ်းချုပ် ကြီး၏ ကျင့်ကြံမှုသည် သတ္တမမြောက် ကောင်းကင် ဝိညာဉ် နယ်မြေ၌ ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံမှုကို၊ ကျန်ဝူကျိ အဆင့်သို့တိုင်၊ ဖိနှိမ်ထား ခဲ့သော်လည်း၊ မယုံ နိုင်စရာ စွမ်းရည်များ ရှိနေဆဲ ဖြစ်သည်။

ကျန်းဝူကျိ အနေ အထားတွင် အခြားသူ တစ်ဦးသာ ဆိုပါက၊ သုံးကြိမ် လှုပ်ရှားပြီးနောက် အလွယ် တကူ ချေမှုန်း ခံရမည် ဖြစ်သည်။

နှစ်ယောက်သား ခြေလှမ်း အနည်းငယ် နောက်ဆုတ်လျက် ရပ်လိုက် ကြပြီး၊

“ မဆိုး ပါဘူး ... ၊ ပြီးခဲ့တဲ့ နှစ်တွေမှာ၊ မင်းရဲ့ အချိန် တွေကို မဖြုန်းခဲ့ ဖူးပဲ၊ မင်းမှာ ဝှက်ဖဲတွေ ရှိနေ သေးတယ် လို့ ငါ ခံစား ရတယ်၊ အဲ့ဒီ ဝှက်ဖဲက ဘာလဲ ဆိုတာ၊ ငါ သိလို့ ရမလား။ ”

ထိုစကားကို ကြားသော အခါ၊ ဘေးမှ ရပ်ကြည့် နေသော အကြီး အကဲ များက၊ အံသြ သွားသည်။ ကျန်းဝူကျိ ခွန်အားကို သတ္တမ ကောင်းကင်မှ ဂိုဏ်း ချုပ်ပင်၊ မမြင်နိုင် ခဲ့ချေ။

“ နောက်ဆုံး တိုက်ပွဲမှာ၊ အားလုံး မြင်ရ ပါလိမ့်မယ်၊ ဒါပေမယ့် ... ယုဟိုရှင်းက လွဲရင် ဒီဝှက်ဖဲကို ဘယ်သူမှ ရင်ဆိုင် နိုင်မှာ မဟုတ်ဘူး။ ”

ကျန်းဝူကျိက ပြုံးကာ ဆိုလိုက်သည်။ သူ့ထံမှ ထွက်သော ရောင်ဝါမှာ၊ ပို၍ သန့်စင် နေပေ၏။

တစ်ချိန်တည်း မှာပင်၊ ရန်လောင်ဇီ သည်လည်း၊ မနား ခဲ့ချေ။ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ (၁၀) ဦးနှင့်၊ လေ့ကျင့် နေသည်။

သူ့ အသွင်မှာ ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာကျင်းလျက်၊ ကြွက်သားများ အပြိုင်းပြိုင်း ထကာ၊ သားရဲ တစ်ကောင် ကဲ့သို့၊ ကြောက်စရာ ကောင်းနေ ပေသည်။

အရေပြား သည်လည်း၊ ကြေးနီရောင် သမ်းနေပြီး၊ မီးလျှံ များဖြင့် သွန်းလောင်းသော သားရဲကြီး အလား၊ ထင်မှား လာစေ၏။

အသွင် အပြင် အရ၊ သူ၏ ရုပ်ခန္ဓာသည် အဆင့်မြင့် စကြာဝဠာ လက်နက်များ ကိုပင်၊ ယှဉ်နိုင် ပေသည်။

ထို့ကြောင့် ပြိုင်ဘက် (၁၀)ဦး၏ လက်နက်များ တပြိုင် နက်တည်း ကျရောက် လာသော အခါတွင်၊ မီးပွား များသာ ထွက်ပေါ် လာတော့၏။

“ အရမ်း အားနည်း သေးတယ်။ ”

ရန်လောင်ဇီက ဟောက်ပြီး၊ လက်နက် ဆယ်လက် စလုံးကို ဆွဲယူကာ၊ နှစ်ပိုင်း ချိုးပစ် လိုက်သည်။

“ ဟား ... ၊ ဟား ... ၊ ဟား ... ။ ”

လက်သီး များကို ဆုပ်ကာ၊ ထိုးထုတ် ပစ်လိုက် တော့၏။ မီးတောင် ပေါက်ကွဲ သွား သကဲ့သို့၊ အပူ လှိုင်းများ ပျံ့နှံ့ ကုန်ပြီး၊ အကြီး အကဲ (၁၀) ဦးကို၊ မေ့လဲ သွားစေသည်။

ထို့ကြောင့် အနားမှ ရပ်ကြည့် နေသော အကြီးအကဲ များက ထို(၁၀) ဦးကို၊ အမြန် ဆွဲထုတ် လိုက်ရ သည်။ အနည်းငယ် နောက်ကျ မိပါက၊ သေဆုံး သွားနိုင်၏။

“ လင်းယွန် ... ၊ ငါ မင်းကို သတ်ပစ် ရလိမ့်မယ်။ ”

လူရှေ့ သူရှေ့တွင် သူ့အား အရှက် ရစေ သူမှာ၊ ယွဲ့ဝေဝေ ဖြစ်သော်လည်း၊ လင်းယွန် အပေါ်သာ၊ ဒေါသ ပေါက်ကွဲ မိသည်။

မီးတောက် လောင်နေသော ညာဘက် လက်သီးကို၊ ကျစ်ကျစ် ပါအောင် ဆုပ်လျက်၊ လေထဲ ထိုးချ လိုက်တော့၏။

“ ဝုန်း ... ။ ”

အခြားသော ခြံဝင်းများ တွင်လည်း၊ အထက်တန်းစား ခုနစ်ပါး တို့မှာ၊ အပြင်းအထန် လေ့ကျင့် နေကြ၏။

ထိပ်ဆုံး နေရာ၌ သူတို့ ရပ်တည်ထား နိုင်ရသည့်၊ အကြောင်း ရင်းမှာ ထက်မြက်သော အရည် အချင်း များကြောင့်သာ မဟုတ်ဘဲ၊ ကြိုးစား လွန်း ၍လည်း ဖြစ်လေသည်။

ဂုဏ်သိက္ခာ နောက်တွင်၊ နာကျင်မှု၊ ချွေး၊ သွေးနှင့် အပေျာ် အပါးကို လျစ်လျူရှု နိုင်ခြင်း ကြောင့်လည်း၊ ဖြစ်လေသည်။

ထို့ကြောင့် ၎င်းတို့ ဆယ်ဦးမှ လွဲ၍၊ မည်သူမျှ ထိုဂုဏ်သိက္ခာ မျိုးကို ထူထောင် နိုင်မည် မဟုတ် ကြောင်း၊ ယုံကြည်ခဲ့ ကြသည်။

“ ဝုန်း ... ။ ”

သုံးရက်ကြာ ပြီးနောက်၊ လင်းယွန် တက်ထိုင် ထားသော စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း (၇,၀၀၀) မှာ၊ အမှုန် အဖြစ်သို့ ပြောင်းလဲ သွားသည်။

အောင်မြင်မှုမှာ ချောမွေ့ ခဲ့သော်လည်း၊ ခံစား ရသည့် နာကျင်မှု အပေါ်၊ မည်သူ မဆို စိတ်ကူးယဉ် နိုင်မိမည် မဟုတ်ချေ။

***

All Chapters