ပြင်းထန်သော ပြိုင်ဆိုင်မှု။
Vol. 57 Ch. 791
ပလ္လင် ထက်တွင် ထိုင်နေသော လင်းယွန် ထံမှ၊ ကြောက်မက်ဖွယ် ရောင်ဝါများ ပေါက်ကွဲ လာသည်။
ထိုရောင်ဝါမှာ အထွတ် အထိပ် ယင်-ယန် အဆင့်သို့ ရောက်သည့် တိုင်အောင် မြင့်တက် လာ၏။
ခဏ အကြာတွင် မျက်လုံး များရှိ အလင်းရောင်များ ပျောက်ကွယ် သွားကာ၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ၊ ငြိမ်သက် သွားသည်။
သို့သော် သူ့ အသွင်မှာ နောက်တစ်ကြိမ် ထပ်၍ လောင်ကျွမ်းရန်၊ စောင့်ဆိုင်း နေသော မီးလျှံ တစ်ခုနှင့် တူနေ၏။ သက်ပြင်း တစ်ချက် နှင့်အတူ၊ အခိုး အငွေ့များ ထွက်လာသည်။
စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း (၇,၀၀၀)ကို သုံးရက် အတွင်း သန့်စင် ခဲ့သည်။ ၎င်းပမာဏမှာ မယုံ နိုင်ဖွယ် ပေပင်။
ဓားသုတ္တန်မှ သန့်စင် နေခဲ့စဉ်၊ နဂါး စွမ်းအင်က ကြမ်းကြုတ်စွာ ဖိနှိမ် ထားသော ကြောင့်သာ အောင်မြင်ခြင်း ဖြစ်သည်။ အန္တရာယ်များ သော်လည်း ရလဒ်မှာ၊ ထိုက်တန် ချေ၏။
ခရမ်းရောင် နန်းတော်ရှိ၊ မူလ စွမ်းအင် အရည် များက၊ စက်ဝိုင်းကြီး နှစ်ခု အသွင် အစိုင် အခဲများ အဖြစ် ဖွဲတည် လာပြီး၊ ခရမ်းရောင် မြူ များဖြင့် ဖုံးလွှမ်း လာသည်။
အထွတ် အထိပ် အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ယင်နှင့် ယန်မှာ ကြိတ်ဆုံကြီး တစ်ခု သဏ္ဍာန်၊ (ထိုစက်ဝိုင်းကြီး နှစ်ခု) ခန္ဓာကိုယ် အတွင်း၊ ပေါင်းစပ် သွားသည်။
နက်ရှိုင်းသော အခြေခံ အုတ်မြစ်နှင့် အစွမ်း ထက်သော နည်းစနစ်များ သည်သာ ထိတ်လန့် ဖွယ်၊ မူလ စွမ်းအင်ကို ပိုင်ဆိုင် နိုင်မည် ဖြစ်သည်။
သူ၏ မူလ စွမ်းအင်ကြောင့်၊ ဖြစ်ပေါ် လာသော ၎င်းကြိတ်ဆုံမှာ၊ တောင်ကြီး နှစ်လုံး ကဲ့သို့ ကြီးမား လှပြီး၊ ‘တအီအီ’ စတင် ရွေ့လျား သွားသည်။
ယန်သည် ‘အပေါ်’ ကျောက် စက်ဝိုင်းပြား ဖြစ်ပြီး၊ ယင်မှာ ‘အခံ’ ကျောက် စက်ဝိုင်းပြား ဖြစ်ချေ သည်။
ဓားသုတ္တန်က စုပ်ယူ လိုက်သော ဝိညာဉ် စွမ်းအင် များမှာ ထိုစက်ဝိုင်း နှစ်ခု အတွင်းသို့၊ ယင်နှင့် ယန် အဖြစ် ခွဲကာ ဝင်ရောက် သွားသည်။
၎င်းစက်ဝိုင်း နှစ်ခု အချင်းချင်း ပွတ်ကြိတ် ပြီးနောက်၊ အသွင်ပြောင်း သန့်စင် ထားသော စွမ်းအင်များ ထွက်လာ ပေမည်။
ကောင်းကင်ကို အံတု နိုင်သော ပါရမီရှင်များ ပင်လျှင်၊ ထိုကဲ့သို့ ယင်-ယန် ကြိတ်ဆုံမျိုး ဖွဲ့တည် နိုင်မည် မဟုတ်ချေ။
( ယင်နှင့် ယန် ကြိတ်ဆုံဟု သုံးဆွဲ သွားပါမည်။)
သို့သော် လင်းယွန်မှာ ချွင်းချက် ဖြစ်၏။ ဓားသုတ္တန်ကို အဆင့် (၁၁) သို့တိုင် အောင်နိုင် ခဲ့သဖြင့်၊ ပွင့် ချပ်ပေါင်း (၉၉) ချပ် ဖြစ်တည် လာကာ၊ များပြား လှသော ဓား အလင်းများ ပေါင်းစပ် နေလေသည်။
ထိုခရမ်းရောင် ပန်းက၊ ယင်-ယန် ကြိတ်ဆုံ၏ အလယ် ဗဟို၌ တည်ရှိကာ၊ အစီရင် တစ်ခုဖြင့် ဖုံးအုပ်ထား သကဲ့သို့၊ ခရမ်းရောင် မြူများ ရစ်သိုင်း နေချေသည်။
ထို့ကြောင့် အရေးပေါ် အခြေ အနေ များ၌ မိုးပြာ နဂါး မူလ ပုံစံ မထုတ်ဖော် လျှင်ပင်၊ ယင်-ယန် ကြိတ်ဆုံ၏ အားဖြည့်ပေး မှုကြောင့်၊ သူ့ခန္ဓာ ကိုယ်အား ထိခိုက် ပျက်စီးရန်၊ လွယ်ကူ စေမည် မဟုတ်ပေ။
စင်မြင့် ပေါ်မှ ခြေထောက်ကို ပုတ်လိုက် သဖြင့်၊ ရိပ်ခနဲ ပျောက်ကွယ် သွားကာ၊ ယန္တရား ရုပ်သေးများ ကြားတွင်၊ ပြန်ပေါ် လာသည်။
ထိုရုပ်သေး ရုပ်များကို၊ လျှို့ဝှက် မဟာမိတ် အဖွဲ့၏ အစွမ်း ထက်သော ဝိညာဉ်ရေး ဆရာ သခင် များမှ၊ ဖန်တီးပေး ထားခြင်း ဖြစ်သည်။
ယင်းမှာ ပဉ္စမတန်း ရုပ်သေး ရုပ်များ ဖြစ်သောကြောင့်၊ သာမန် ရုပ်သေး များထက် များစွာ အားကောင်း ကြပေသည်။
အထွတ် အထိပ် ယင်-ယန် အဆင့်၊ ရုပ်သေး တစ်ရုပ်ထံ လှမ်းကြည့် လိုက်သည်။ ရုပ်သေးမှာ အမြင့် (၆) မီတာခန့် ရှိ၏။
အနက်ရောင် သတ္ထုဖြင့် ပြုလုပ်ထား သောကြောင့်၊ ကိုယ်ထည် တစ်ခုလုံး ပြောင်လက် နေ ပေသည်။
“ ငါ့ကို ကစားခွင့် ပြုပါ။ ”
ရုပ်သေး ဆီသို့ စတုတ္ထတန်း ဝိညာဉ် ကျောက်စိမ်း များစွာကို ပစ်ထည့် ပြီးနောက်၊ ပြုံး လိုက်သည်။
“ ဂ လောက် ... ။ ”
ဝိညာဉ် ကျောက်စိမ်းများ ဝင်ရောက် သွားသည်နှင့်၊ ရုပ်သေး၏ အရှိန် အဝါမှာ ရုတ်တရက် ပေါက်ကွဲ လာသည်။
ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်ပြီး၊ ခရမ်းရောင် နန်းတော်ရှိ ယင်-ယန် ကြိတ်ဆုံ ကြီးအား၊ စတင် လှည့် လိုက်သည်။
ယင်-ယန် ကြိတ်ဆုံမှာ၊ ဖြည်းညှင်းစွာ လှည့်ပတ် လာပြီး၊ ကြမ်းကြုတ်သော သားရဲကြီး တစ်ကောင်လို၊ ‘တဟည်း ဟည်း’ မြည်သံ ပြုလျက်၊ ပြင်းထန်စွာ တုန်ခါ လာ၏။။
စက္ကန့်ပိုင်း အတွင်း နက်နဲ သွေးပြန်ကြော များ၌၊ ငွေရောင် စွမ်းအင်များ ပြည့်လျှံလာ တော့သည်။
ချွေး ပေါက်များ ပွင့်ကာ၊ ငွေရောင် အလင်း ဖျော့ဖျော့များ ဖြာထွက် လာချိန်တွင်၊ ပေါက်ကွဲ စွမ်းအား တစ်ခု၊ ထွက်ပေါ် လာသည်။
ထိုစွမ်းအားသည် တစ်ဒင်္ဂ မျှသာ လက်ခနဲ၊ တောက်ပလာ သော်လည်း၊ ရုပ်သေး ရုပ်အား မီးပွားများ ပွင့်ထွက် သွားစေ၏။
ဤနည်းဖြင့် ရုပ်သေး ကိုယ်ထည် မျက်နှာပြင်တွင်၊ မိုးစက်များ ထိမှန်နေ သကဲ့သို့၊ ခြစ်ရာများ ပြည့်နှက် လာသည်။
သို့သော် သည်မျှသာ ဆိုပါက၊ သူ သုံးစွဲ ခဲ့သော အရင်း အမြစ်များ အလဟသ ဖြစ်သွား ရပေ လိမ့်မည်။
ထို့ကြောင့် အတွေး တစ်ချက် နှင့်အတူ၊ ယင်-ယန် ကြိတ်ဆုံအား ပို၍ မြန်မြန် လှည့်ပစ် လိုက်ရာ၊ မျက်လုံး များ၌ ငွေရောင် အလင်းများ တောက်ပ လာခဲ့၏။
များမကြာမီ ထက်ရှသော ဓား တစ်လက် ကဲ့သို့၊ အမှောင် ထုကို ဖြတ်ကျော် သွားစေသော ငွေရောင် ဓားအလင်းများ ပေါက်ကွဲ ထွက်လာသည်။
ချက်ချင်းပင် ရုပ်သေး ပေါ်၌၊ အပေါက်များ ဖြစ်ပေါ် လာပြီး၊ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားတော့၏။
နဖူးမှ ချွေးများ သုတ်လိုက်ကာ၊ မကြုံ စဖူးသော ပျော်ရွှင်မှု များဖြင့်၊ လေကို အားပါး တရ ရှိုက်သွင်း လိုက်သည်။
မူလ စွမ်းအင် သက်သက်ဖြင့်၊ အထွတ် အထိပ် ယင်-ယန် ရုပ်သေး ရုပ်ကို အလွယ် တကူ ဖျက်ဆီး နိုင်ခဲ့သည်။
အထက် တန်းစား ခုနစ်ပါး သည်ပင်၊ သူ၏ မူလ စွမ်းအင်ကို ယှဉ်နိုင် တော့မည် မဟုတ်ချေ။
“ ဒါက အထက် တန်းစား ခုနစ်ပါး အတွက် လုံလောက် နေပြီ၊ ဘုရင် သုံးပါးနဲ့ ပတ်သက်လို့ ...၊ ငါ ဘာဆက် လုပ်ရ မလဲ။ ”
ဘုရင် သုံးပါးသည် မပြိုလဲ နိုင်သော တောင်ကြီး များနှင့်တူ သဖြင့်၊ မျက်နှာ ညှိုးနွမ်း သွားသည်။
သူ့တွင် ဝိညာဉ်ရေး ဓားမှာ၊ အသန်မာ ဆုံးသော ဝှက်ဖဲ ဖြစ်ပြီး၊ ဆည်းဆာ အလင်းဓား၊ မိုးပြာ နဂါး မူလ ပုံစံနှင့်၊ သခင့်ဓား တို့လည်း ရှိပေ သည်။
ထို့ပြင် ပေါက်ကွဲ စွမ်းအား အပြင်းဆုံး ဖြစ်သည့်၊ မဟာ ကြီးစိုးမှုနှင့် မြေကမ္ဘာ ပျက်စီး ခြင်း တို့လည်း ရှိပေ၏။ ယင်းဖြင့် မလုံလောက် ပါက၊ ဓား အစီရင် ရှိသည်။
“ ပထမ နေရာ အတွက်၊ နည်းနည်းတော့ အခွင့်အရေး ရှိ သလိုပဲ။ ”
အချိန် အတော်ကြာ သည်အထိ၊ နိုင်ခြေ များကို ခွဲခြမ်း စိတ်ဖြာ နေခဲ့သည်။ မည်သို့ပင် ဆိုစေ ကာမူ ဘုရင် သုံးပါးမှာ၊ ဘုရင် သုံးပါးပင် ဖြစ်နေ ပေသေးသည်။
အစစ် အမှန် တိုက်ပွဲ မဖြစ် မချင်း၊ မည်သည့် အရာ ကိုမျှ တွက်ဆ မရ သေးချေ။ ဆယ့်ငါး မိနစ် ကြာပြီးနောက်၊ မြေအောက် ခန်းမှ ထွက်ကာ၊ ခြံဝင်း ထဲ၌ ဆည်းဆာ အလင်း ဓားကို၊ ဆက်လက် လေ့ကျင့် တော့သည်။
ပန်းချီ ကားမှ ရရှိသော၊ ဤဓား ပညာရပ် အပေါ်၊ သရုပ်ဖော် အဆင့် သို့တိုင် ဆုပ်ကိုင်ထား နိုင်သည်။ ၎င်းကို လေ့ကျင့် လိုက်တိုင်း၊ နားလည်မှု အသစ် တစ်ခု၊ ရရှိ နိုင်ပေ၏။
ဓားကို ရပ်နား လိုက်ချိန်တွင်၊ ရှုပ်ထွေး နေသော နှလုံးသားမှာ ပြန်လည် ငြိမ်သက်သွား သည်။ ကြယ် များကို မော့ကြည့် လိုက်သော မျက်ဝန်း များတွင်၊ အပြုံးများ ပြည့်လျှံ လာ၏။
သည်ရက် အတွင်၊ ကြီးထွား လာသော ခွန်အား အရ၊ ချန်ပီယံ အတွက် တိုက်ပွဲ ဝင်နိုင် ပေမည်။ သို့သော် ၎င်းအပေါ်၊ အရူး အမူး တောင့်တ စွဲလမ်း နေမည် မဟုတ်ချေ။
ပန်းသင်္ချိုင်း ဓားကို ဆွဲကာ၊ အစွမ်းကုန် ကြိုးစားနေ သရွေ့၊ မည်သို့သော ရလာဒ်မျိုး မဆို၊ လက်ခံ နိုင်ပေသည်။ အနိုင်နှင့် အရှုံး နှစ်ခုသာ ရှိပြီး၊ အရေးကြီး သည်မှာ အဆုံးထိ တိုက်ပွဲဝင် နေဖို့သာ ဖြစ်၏။
ရုတ်တရက် ထွက်ပေါ် လာသည့် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခုကြောင့်၊ ကြက်သီးထ သွားသည်။
မည်သည့် သတိ ပေးချက်မှ မရှိဘဲ၊ ဓားအလင်း တစ်စက သူ့ထံ တည့်တည့် ဦးတည် လာ၏။
ထို့ကြောင့် တစ်စောင်း လှည့်၍၊ ဓားအား တစ်ဝက် ဆွဲထုတ်လျက်၊ ရှောင်တိမ်း လိုက်မိ သည်။
“ ခစ် ခစ် ... ၊ အဲဒါက အရမ်း ကောင်းတဲ့ ဓားရေး တစ်ရပ်ပဲ။ ”
အမှောင်ရိပ် ထဲမှ၊ ရယ်သံ တစ်သံ ထွက်ပေါ် လာသဖြင့်၊ ခေါင်းမော့ ကြည့်လိုက်ရာ သစ်ကိုင်း တစ်ကိုင်း ပေါ်တွင်၊ ထိုင်နေသည့် ယွဲ့ဝေဝေအား တွေ့လိုက် ရသည်။
ဓားကို ပြန်သိမ်း လိုက်ပြီး၊
“ လာ ထိုင် ... ၊ ” - ဟု၊ ဆိုလျက် ကျောက်စားပွဲတွင် ဝင်ထိုင် လိုက်၏။
“ ကောင်းပြီ ... ဆင်း လာ မယ်။ ”
ယွဲ့ဝေဝေက ပြုံးကာ ခေါင်းညိတ်လျက် ခုန်ဆင်းလာ ခဲ့သည်။ အနား ရောက်သည်နှင့် သူမ နောက်ကျောမှ၊ သစ်သီး တစ်လုံးကို လှစ်ပြ လိုက်ပြီး၊ လင်းယွန် ပါးစပ်ထဲ ထည့်ရန် ကြိုးစား လာသည်။
“ ပါးစပ်ဟ ... ဒါ အစ်ကိုကြီး ယွန် အတွက်ပဲ။ ”
“ မ လို ပါ ဘူး။ ”
အနားရောက် လာသော လက်ကို အမြန်ရှောင် လိုက်သော်လည်း၊ သူမက ကြိုရောက် နေခဲ့ပြီး၊ သူ့ ရင်ဘတ်ထံ လက်လှမ်း လာပြန်၏။
ဗီဇ အရ ပန်းသင်္ချိုင်း ဓားကို၊ အလိုလို ဆွဲမိခဲ့ သော်လည်း၊ ယွဲ့ဝေဝေ အပြုံးကြောင့်၊ ချက်ချင်း တုံ့ဆိုင်း သွားသည်။
“ ဝှစ် ... ။ ”
ထိုအချိန်လေး သည်ပင် သူမ လက်က သူ့ရင်ဘတ်ကို လာရိုက် သဖြင့်၊ ပါးစပ် ပွင့်သွား စဉ်၊ သစ်သီး တစ်လုံး ဝင်ရောက် သွားသည်။
“ ဂလု ... ။ ”
“ အစ်ကိုကြီး မင်းရဲ့ ခန္ဓာ ကိုယ်က၊ မင်းလို မဟုတ်ဘူး၊ တော်တော် လိမ္မာတယ်။ ”
ယွဲ့ဝေဝေက ပြုံးကာ၊ ဆိုလိုက်သည်။
သစ်သီး ဝင်ရောက် လာသည်နှင့်၊ သူ့ ခန္ဓာကိုယ် အပူချိန်မှာ၊ အနည်းငယ် လျော့ကျ သွားသည်ကို၊ ခံစား လိုက်ရသည်။
အအေး ဓာတ်များ ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်း လာပြီး၊ မြုံနေသော ဒဏ်ရာ များကို အမြစ်ပြတ် ပျောက်ကင်း သွားစေ၏။
“ အဲဒါ ဘာလဲ။ ”
လင်းယွန်က စိတ်ဝင် တစား မေးသည်။
“ ဒါက ကောင်းကင် မိစ္ဆာ ခန်းမရဲ့ ရေခဲတိမ်လွှာ သစ်သီးပဲ၊ မိစ္ဆာ မျိုးနွယ် တွေက ခန္ဓာ ကိုယ်ကို ထိန်းချုပ်ဖို့၊ ဒါကို စားသောက် ကြတယ်၊ ... ”
“ ... ခန်းမ သခင်က ငါ့ အလှကို မြင်ပြီး၊ အနည်းနည်း ပေးလိုက် တာပဲ၊ ဟီး ဟီး ဟီး ... ၊ ရန်လောင်ဇီ တောင်မှ တစ်လုံးမှ မရ ခဲ့ဘူး။ ”
ယွဲ့ဝေဝေက ပြုံးလိုက်ပြီး၊ လင်းယွန် အကြည့်ကို လျစ်လျူရှုကာ၊ ကျန် သစ်သီး များကို၊ ပါးစပ်ထဲ ပစ်ထည့်ကာ၊ ‘ပါးလုတ် ပလောင်း’ ဝါးချ လိုက်သည်။
အချိန် အတော်ကြာ ဆန်းစစ်ကြည့် ပြီးနောက်၊ သဘာဝ ရှားပါး ရတနာ တစ်ခု ဖြစ်ကြောင်း၊ လင်းယွန် သိလိုက် ရ၏။
“ ဘာလို့ ပြိုင်ပွဲဝင် ရတာလဲ။ ”
အချိန် အတော်ကြာ စိတ် အနှောင့် အယှက်ဖြစ် စေသော မေးခွန်းကို၊ လင်းယွန်းက နောက်ဆုံးတွင် ထုတ်မေး လိုက်သည်။
ယွဲ့ဝေဝေသည် လွင့်မျော နေသော ရေခွက်နှင့်၊ ဆုစီယာတို့ နေထိုင်ရာ ကမ္ဘာ မျိုးမှ ဖြစ်ပေ၏။ ထို့ကြောင့် ဤပွဲသို့ သူမ ဝင်ပြိုင် ခြင်းသည် အဓိပ္ပါယ် မရှိပေ။
ဆိုလို သည်မှာ သူမ ဤကမ္ဘာသို့ ‘လာ’နိုင် ပြီးနောက်၊ ‘ပြန်’ နိုင်ရ ပေမည်။
“ ငါ ... ။ ”
ယွဲ့ဝေဝေ၏ အပြုံးများ ရုတ်တရက် ပျောက်ကွယ် သွားပြီး၊ ဒေါသ ထွက်လာသော အမူ အရာဖြင့်၊ ပြောလာသည်။
“ ဘာလို့လဲ ဆိုတော့ ... ၊ ငါ အရမ်းလှ နေလို့ပေါ့၊ တကယ်တော့ ကောင်းကင် မြေခွေး မိသားစု ဝင်တိုင်းက၊ လှကြ ပါတယ်၊ ... ”
“ ... ခြောက်နှစ် သမီး အရွယ် ထဲက၊ လူပေါင်း များစွာက ငါ့ကို အဖေ့ဆီ လာတောင်း ကြတယ်၊ နောက်ဆုံးတော့ အဖေ မငြင်း နိုင်တဲ့ ... ”
“ ... ဧည့်သည် တစ်ယောက်ကြောင့်၊ ငါ့ မင်္ဂလာ ပွဲကို လက်ခံလိုက် ရတယ်၊ ဒါကြောင့် အိမ်ကနေ ထွက်ပြေး လာတာပဲ။ ”
ယွဲ့ဝေဝေ မျက်ဝန်း များမှာ၊ အရည်လည် လာခဲ့သည်။
“ ဒါက မင်း ပြိုင်ပွဲဝင် တာနဲ့၊ ဘယ်လို သက်ဆိုင် နေလို့လဲ။ ”
ယွဲ့ဝေဝေက ဝေ့ဝိုက် နေသဖြင့်၊ လင်းယွန်မှ ဖြတ်မေး လိုက်သည်။
“ ဘာလို့ မဆိုင် ရမှာလဲ။ ”
ယွဲ့ဝေဝေက အခိုး အငွေ့ များဖြင့်၊ ဖွဲ့တည် နေသော နတ်မိစ္ဆာ မလေး တစ်ပါး ကဲ့သို့၊ ပြုံးပြ လာသည်။
ထိုအပြုံးမှာ ကောင်းကင် လမ်းနှင့် ပတ်သတ်နိုင် မည်ဟု မှန်းဆမိ သော်လည်း၊ ထိုထက် ပို၍ ခန့်မှန်း မရချေ။
အဆုံးတွင် ယွဲ့ဝေဝေနှင့် သူ့ကြား ပတ်သတ်မှု များမှာ၊ ခရီးသွား ဟန်လွဲ မျှသာ ဖြစ် လေသည်။
တနေ့ ကုန်လွန် သွား ပြီးနောက်၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲများ၊ စတင် တော့မည် ဖြစ်ရာ၊ တိမ် နဂါးမြို့ တစ်မြို့လုံး ပွက်ပွက်ဆူ လာတော့သည်။
***