ပဏာမ ချန်ပီယံ။
Vol. 57 Ch. 792
နဂါး ကိုးကောင် ရေကန် ပတ်လည်ရှိ ထိုင်ခုံ များတွင် လူများဖြင့် ပြည့်နှက် နေသည်။
ပြိုင်ပွဲ စင်မြင့် (၁၀) ခုကို (၄)ခု အဖြစ် ပြန်လည်၊ ဆန်းသစ် ထားပြီး၊ ယခင် ကထက် ပိုမို ကြီးမားစွာ ဖွဲ့တည် ပေးထား၏။
ထို့အပြင် ပို၍ အားကောင်းသော ဝိညာဉ် ရေးရာ အစီရင် များဖြင့်၊ ကာကွယ် ဖုံးအုပ် ထား လေသည်။
ယခင် ပွဲစဉ် များတွင် အတား အဆီးကို ဖြတ်ကျော်ကာ၊ တုန်လှုပ် ချောက်ချား စေသော လှိုင်းများ ပေးနိုင်သည့်၊ ပြိုင်ပွဲ ဝင်များ ရှိခဲ့ ချေ၏။
ထို့ကြောင့် ခုနစ်ရက်ကြာ ဂရု တစိုက် ပြင်ဆင် မှုများ ပြုလုပ် ထားခဲ့ ကြသည်။ ပြိုင်ပွဲ ဝင်များ အတွက်၊ ထိုင်ခုံများ သတ်မှတ် ပေး လာခဲ့ပြီး၊ ပရိသတ်များ အတွက် ခင်းထားသော ထိုင်ခုံ များထက်၊ ပို၍ ခမ်းနား လေသည်။
ထို့ပြင် ပြိုင်ပွဲဝင် တိုင်းက၊ ၎င်းထိုင်ခုံ များသို့ သွားရောက် ရာတွင်၊ သီးသန့် လမ်းများ ဖော်ဆောင် ပေးထား လေသည်။
ယင်းမှာ ကြမ်းကြုတ်သော နဂါးကြီး တစ်ကောင်နှင့် တူအောင် ဒီဇိုင်း ထုတ်ထား သည့်၊ လျှောက်လမ်း ဆယ်ခု ဖြစ်၏။
ပြိုင်ပွဲဝင် တိုင်းက၊ ဥမင် များမှ ထွက်ခွာက၊ ထိုလမ်း အတိုင်း သက်ဆိုင်ရာ ထိုင်ခုံ များထံ၊ သွားရမည် ဖြစ်သည်။
“ ကျန်း ဝူ ကျီ လာပြီ။ ”
နဂါး လမ်းပေါ် တက်လာသော ပုံရိပ် တစ်ရိပ်ကြောင့်၊ အော်ဟစ် အားပေး သံများ ထွက်ပေါ် လာသည်။
ဘုရင် သုံးပါး ဟူသည် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် များ၊ ဖြစ်၏။
ကျန်းဝူကျိ လျှောက်လှမ်း လာစဉ်၊ ကောင်းကင် ယံမှ နဂါး အော်သံကို၊ ဝိုးတဝါး ကြားလိုက် ရသည်။
“ အဲဒါ နဂါး ဟောက်သံ လား။ ”
“ ဘယ်လိုတောင် ထူးဆန်း လိုက်လဲ၊ ကျန်တဲ့ ပါရမီ ရှင်တွေ တုန်းက ဒီလိုဖြစ်စဉ်မျိုး မရှိ ပါဘူး၊ ကျန်းဝူကျိနဲ့ နတ်နဂါးက ဘာ ပတ်သတ်လဲ ငါ သိချင်တယ်။ ”
“ ဒီမြို့ကြီးက နှစ်ထောင်ပေါင်း မရေ မတွက် နိုင်အောင် တည်ရှိ နေတာ မဟုတ်လား၊ ဒါကြောင့် လျှို့ဝှက်ချက်တွေ အများကြီး ရှိနေမှာ သေချာတယ်။ ”
နဂါး ဟောက်သံက ကျန်းဝူကျိ ကိုပင် အံ့သြသွား စေသည်။
မကြာခင် မှာပင် ရန်လောင်ဇီနှင့် ယုဟိုရှင်းတို့ ထပ်မံ ရောက်ရှိ လာသဖြင့်၊ နဂါး ဟောက်သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာ ပြန်သည်။
“ တကယ် ပဲ ကိုး ။ ”
ယုဟိုရှင်း မျက်ဝန်းများ မှေးကျဉ်း သွားသည်။ ဤပွဲ၌ တိမ်နဂါး ရတနာသိုက် ပေါ်လာနိုင် သည်ဟု၊ သူ့ ဆရာက ခန့်မှန်း ထားခဲ့သည်။
၎င်းနဂါး အော်သံမှာ ထို ရတနာသိုက် ထွက်ပေါ် လာမည့်၊ အရိပ် အယောင် ဖြစ်ပြီး၊ လက်မလွှတ် သင့်သော အခွင့် ရေး တစ်ရပ် ဖြစ် ချေသည်။
နောက်ဆုံးတွင် လင်းယွန် နှင့်အတူ၊ ကာကွယ်သူ မက်မွန် ဦးဆောင်သော မဟာချင် အင်ပါယာ၊ အဖွဲ့ သားများ ရောက်ရှိ လာသဖြင့်၊ လူအုပ် ကြီးက လှုပ်ရှားကုန် တော့သည်။
“ ဟိုမှာ ... ၊ လင်းယွန် လာပြီ။ ”
“ လွှမ်းမိုး နိုင်စွမ်းရှိ လိုက်တာ၊ ရတနာ ဓား တစ်လက်ကို မြင်နေရ သလိုပဲ။ ”
“ အဟေး ဟေး ... ၊ မဟာချင် အင်ပါယာ ကြီးမှာ၊ သူ့လို ခွေးဆိုး တစ်ကောင် ရှိနေ လိမ့်မယ်လို့၊ ဘယ်သူက ထင်ထား မှာလဲ၊ သူက ငါတို့နဲ့ မတူတဲ့၊ ဒဏ္ဍာရီလာ ဓားသမား တစ်ယောက်ပါ။ ”
“ သွေးစွန်းသော ဧည့်ခံပွဲမှာ၊ ပေါ်ထွန်း လာတဲ့ ပါရမီရှင် အများစုက၊ အုပ်စိုးရှင် ကိုးပါး ကနေ လာကြတယ်၊ လင်းယွန် လိုမျိုး တစ်ယောက် ယောက် ပေါ်လာဖို့ ဆိုတာ၊ တကယ် မလွယ် ပါဘူး။ ”
“ ငါတို့ မတက်နိုင် ပေမယ့်၊ လင်းယွန်က ငါတို့ အစား ဒီကောင် တွေကို ရိုက်နှက် ပေး လိမ့်မယ်။ ”
လင်းယွန်အား မြင်သည်နှင့်၊ လူအုပ်ကြီးမှာ ရင်ခုန် သွားပြီး၊ တချို့က မျက်ရည်များ ဝဲလျက်၊ သူ့ထံ လှမ်းကြည့် လာ ကြ၏။
အုပ်စိုးရှင် ကိုးပါး၏ မောက်မာ ရမ်းကား လွန်းသော၊ အပြုအမူ များကို၊ မုန်းတီး စက်ဆုပ် နေပြီ ဖြစ်သည်။
ထိုမုန်းတီးမှု၊ ခါးသီးမှုနှင့် စိတ်ပျက် အားငယ်မှု တို့ကို၊ လင်းယွန်က သူ့ဓားဖြင့် ဖယ်ရှား ပေးနေ သည်ဟု၊ ယူဆ လာမိ ကြသည်။
“ ပန်း သင်္ချိုင်း ... ။ ”
ရုတ်တရက် လူ တစ်ယောက်မှ စတင်ကာ၊ လူပေါင်း များစွာ၏ အော်ဟစ် သံများ၊ ထွက်ပေါ် လာတော့၏။
“ ပန်း သင်္ချိုင်း ... ။ ”
“ ပန်း သင်္ချိုင်း ... ။ ”
“ ပန်း သင်္ချိုင်း ... ။ ”
များမကြာခင် လူတစ်သိန်းခန့် ပါဝင် လာကြ တော့၏။ ယင်းမှာ ကာကွယ်သူ မက်မွန် နှင့်တကွ၊ မဟာချင် အင်ပါယာ အဖွဲ့သား များကို၊ အံ့သြလာ စေသည်။
“ လင်းယွန် ... ၊ ငါတို့ မင်းကို အားပေး နေမယ်။ ”
လျှောက်လှမ်းပေါ် လှမ်းတက် တော့မည့်၊ လင်းယွန်ထံ ခံစားချက် အပြည့်နှင့်၊ ဖန်းယီက ပြုံးပြီး ဆိုလိုက်သည်။
“ ပန်း သင်္ချိုင်း ... ။ ”
“ ပန်း သင်္ချိုင်း ... ။ ”
“ ပန်း သင်္ချိုင်း ... ။ ”
စီရွှယ်ယီ၊ လရောင် ရေစင်နှင့်၊ မဟာချင် အင်ပါယာမှ ကျန်သူများ သည်လည်း၊ စိတ်အား တက်ကြွစွာ လာကြ၏။
လင်းယွန် ဟူသည် မဟာချင် အင်ပါယာ ကြီးကို ကိုယ်စား ပြုသော ဓားသမား တစ်ဦး ဖြစ် ပေသည်။
“ ပန်း သင်္ချိုင်း၊ မင်း ကြားလား ... ။ ”
လင်းယွန်က ဓား သေတ္တာကို ငဲ့ကြည့်ပြီး၊ အသက် ပြင်းပြင်း ရှူလိုက်သည်။ သူ့ဓားမှာ ပန်း နှင့်၊ လူများကို သင်္ဂြိုဟ်မည့် ထိုအရာ ဖြစ်သည်။
ဟိုးစဉ် အချိန်က ပန်းသင်္ချိုင်း ဟူသော အမည်ကို လူတိုင်း သိကြပြီး၊ ၎င်း အဆင့်သို့ ပြန်လည် ရယူရန်၊ သွေးစွန်းသော ဧည့်ခံ ပွဲဖြင့် စတင် မည်ဟု၊ ကတိ ပေးခဲ့သည်။
“ ဟမ့် ... ၊ လူပြက် တစ်ယောက်က ဘာများ လုပ်နိုင်မယ် ထင်နေ ကြတာလဲ ... ။ ”
ရန်လောင်ဇီ၏ မျက်ဝန်း များတွင်၊ အထင်အမြင် သေးသော အရိပ် အယောင်များ ဖြစ်ပေါ် လာသည်။
သို့သော် ထိုအားပေးမှု များသည်၊ သူ့ မျှော်လင့် ချက်ထက် ကျော်လွန် နေခဲ့ သည်ကို၊ ရန်လောင်ဇီ တစ်ယောက် ဝန်ခံ ရပေမည်။
ထိပ်တန်း တစ်ရာသို့ တက်ရောက် နိုင်ခဲ့သည့် ပါရမီရှင်တိုင်း ပင်လျှင်၊ လင်းယွန်ကို ရှုပ်ထွေးသော အကြည့်ဖြင့်၊ လှည့်ကြည့် လာကြသည်။
လင်းယွန် ထိုင်ချ လိုက်ချိန်၌၊ နဂါး ဟောက်သံ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ် လာ၏။
ယခု အကြိမ်၌ သာမန်ထက် ပို၍ ကျယ်လောင် လာသော ဖြစ်စဉ်ကြောင့်၊ လူ များစွာကို အံ့သြသွား စေသည်။
သို့သော် မည်သည့် အရာကို ဆိုလိုကြောင်း၊ မည်သူမျှ မသိခဲ့ ကြပေ။ ပတ်ဝန်းကျင် လေထု ပြောင်းလဲသွား သည်ကိုသာ၊ ခံစား လိုက်ရသည်။
ခဏ အကြာတွင် နတ် နဂါးကို ကြိုဆိုခိုင်းသည့် အနက်ဝတ် အဖိုးအိုက၊ ရေကန် အထက်တွင် ထွက်ပေါ် လာသည်။
“ အဆင့် သတ်မှတ်ချက် ပွဲစဉ် တွေက၊ ကွဲပြားသွား လိမ့်မယ်၊ လူတိုင်းကို အုပ်စု လေးစု ခွဲပြီး၊ အုပ်စု တစ်ခု စီကနေ ငါးဦး ရွေးထုတ်မယ်၊ အရေးကြီး ဆုံးက အဲ့ဒီ ငါးဦး ကနေ၊ အုပ်စု ချန်ပီယံ တစ်ဦး ထပ်ရွေးမယ်။ ”
အုပ်စု ချန်ပီယံ ဟူသော ဝေါဟာရ အသစ်ကြောင့်၊ ကြီးမားသော ရှုပ်ထွေး မှုကို ဖြစ်လာ စေသည်။ နောက်ဆုံးတွင်၊ ယခင် ပြိုင်ပွဲ များ၌၊ ထိုခွဲတမ်းမျိုး မရှိ ခဲ့ချေ။
လူတိုင်း ငြိမ်သက် စေရန် အချက်ပြ ပြီးနောက်၊ အနက်ဝတ် အဖိုးအိုက စည်းကမ်း များကို၊ ဆက်လက် ရှင်းပြ လိုက်သည်။
အုပ်စု တစ်ခု စီတွင် ပြိုင်ပွဲဝင် (၂၅) ဦး၊ ရှိပြီး၊ ၎င်းတို့ အချင်းချင်း ပတ်လည် တိုက်ခိုက် ရမည် ဖြစ်၏။ ထို့ကြောင့် တစ်ဦး စီသည် ပွဲစဉ် (၂၄) ပွဲကို၊ ရင်ဆိုင်ဖို့ လိုလေသည်။
ဤပွဲစဉ် များ၌ အရှုံး ပေးရန်၊ ရွေးချယ် နိုင်သည်။ ပွဲစဉ်များ ပြီးဆုံး ပါက၊ ပယင်းရောင် အပေါ် အခြေ ခံကာ၊ အဆင့် သတ်မှတ် ပေးမည် ဖြစ်သည်။
ထိပ်တန်း ငါးဦးသို့ တက်ရောက် နိုင်သူ များသာ၊ နောက်တစ်ဆင့် တက်ရောက် နိုင်ပေ သည်။
ထို့ကြောင့် အုပ်စု (၄) ခုမှ၊ နောက် တစ်ဆင့် တက်ရောက် နိုင်သော ပြိုင်ပွဲဝင် (၂၀) ကို၊ ရရှိမည် ဖြစ်သည်။
ထို(၂၀) ထဲမှ အုပ်စု ချန်ပီယံ (၄)ဦး ထွက်ပေါ် လာကာ၊ ထိပ်ဆုံး (၁၀)ဦး အဆင့်သို့၊ တိုက်ရိုက် တက်လှမ်းခွင့် ရပေမည်။
ကျန် (၁၆) ဦးမှာ၊ (၆) နေရာ အတွက်၊ ဆက်လက် တိုက်ပွဲ ဝင်ရမည် ဖြစ်၏။ ထိုအချိန်တွင် အုပ်စု ချန်ပီယံ များက၊ စောင့်ကြည့် နေနိုင်သည်။
ဆိုလို သည်မှာ ပြိုင်ပွဲဝင် တစ်ဦး စီတွင်၊ အကျော့ သုံးကြိမ် တိုက်ခိုက် ရပေမည်။ ပထမ အကျော့တွင် ထိပ်ဆုံး (၂၀) ဝင်ရန်၊ အုပ်စုတွင်း အဆင့် (၅) ဝင်ရမည် ဖြစ်၏။
ဒုတိယ အကျော့၌ ထိပ်ဆုံး (၁၀) ဦး အတွက်၊ တိုက်ပွဲ ဝင်ရန် ဖြစ်ပြီး၊ နောက်ဆုံး တတိယ အကေျာ့မှာ၊ အဆင့် (၁)မှ (၁၀) အထိ၊ တရားဝင် အဆုံး အဖြတ် ဖြစ်သည်။
ထိုအုပ်စု ချန်ပီယံ များမှာ၊ ဒုတိယ အကျော့၏၊ ပွဲစဉ် (၁၅) ပွဲကို ကျော်လွှား သွား နိုင်သည်။
ယင်းက ၎င်းတို့၏ ဝှက်ဖဲ များကို ဆက်လက် ဖုံးကွယ်ထား နိုင်သော၊ အားသာ ချက်မျိုး၊ ရရှိမည် ဖြစ်သည်။
အုပ်စု ချန်ပီယံ တစ်ယောက်၏၊ အားသာချက်ကို သိမြင်ကြ ပြီးနောက်၊ စိတ် တည်ငြိမ်မှု ဆုံးရှုံးသွား ကုန်သည်။
အထက် တန်းစား ခုနစ်ပါးပင်၊ မထိန်းနိုင် ခဲ့ချေ။ ရည်ရွယ် ရာသို့ မရောက်ခင်၊ မည်သူ မဆို ပြိုင်ဘက်များ ရှေ့၌၊ ဝှက်ဖဲများ ထုတ်ဖော်ချင် ကြမည် မဟုတ်ချေ။
အဘိုးအိုက သူ့ စကားကို ဆက်လိုက်သည်။
“ လူတိုင်းက အုပ်စု ပတ်လည် ပြိုင်ပွဲ ပြီးတာနဲ့၊ သက်ဆိုင်ရာ အုပ်စုရဲ့ ချန်ပီယံကို စိန်ခေါ်ဖို့ အခွင့် အရေး ရှိပါတယ်၊ ... ”
“ ... မင်းတို့ အနိုင် ရရင်၊ အုပ်စု ချန်ပီယံရဲ့ ပယင်း ရောင်ဝါ တစ်ဝက်ကို သိမ်းပိုက် နိုင်မှာပါ၊ ရှုံးရင်တော့ မင်းတို့ရဲ့ ရောင်ဝါ အားလုံးကို ပေးရ လိမ့်မယ်။ ”
အနက်ဝတ် အဘိုးအို၏ စကားကြောင့် လူတိုင်း တုန်လှုပ် သွားခဲ့သည်။ အုပ်စု ချန်ပီယံ ဟူသည်၊ ပဏာမ ချန်ပီယံ ပင် ဖြစ်၏။
“ အို့ ... ၊ ဒါက စိတ်လှုပ်ရှား စရာပဲ။ ”
“ အုပ်စု ချန်ပီယံ တစ်ဦးရဲ့၊ အားသာချက် တွေက အရမ်း များတယ်၊ ဘယ်သူ ကမှ ပဏာမ ချန်ပီယံကို၊ စိန်ခေါ် ရလောက်အောင် မိုက်မဲ ကြမယ် မထင် ပါဘူး။ ”
“ အမှန်ပဲ ... ၊ လူတိုင်းက ပြိုင်ပွဲ (၁၄) ပွဲကို တိုက်ရမှာ ဖြစ်တာကြောင့်၊ မသေချာ မရေရာတဲ့ ဖြစ်နိုင်ချေ တွေက၊ အရမ်း များတယ်။ ”
“ ဒီပွဲက ရက်စက် လွန်းတယ်၊ စည်းမျဉ်းတွေ ရုတ်တရက် ပြောင်းလဲ လိုက် တာက၊ လူ အများ စုရဲ့ စိတ်ကူး တွေကို၊ အနှောင့် အယှက် ဖြစ်စေ လိမ့်မယ်လို့ ငါ ထင်တယ်။ ”
“ စကား မများနဲ့ ကြည့်ရအောင် ... ။ ”
လူအုပ်ကြီး ထံမှ စိတ်လှုပ်ရှား မှုများ မြင့်တက် လာသောကြောင့်၊ လေထု အတွင်း အပူငွေ့များ ပြည့်နှက် လာတော့သည်။
ထိုအချိန်တွင် လင်းယွန်က စည်းမျဉ်း များကို ခွဲခြမ်း စိတ်ဖြာကာ၊ စဉ်းစား နေခဲ့၏။
မည်သို့ပင် ဆိုစေ ကာမူ၊ အုပ်စုတွင်း ချန်ပီယံသည် စိန်ခေါ်သူ ဆယ်ဦးကို တိုက်ခိုက် ပြီး၊ တစ်ပွဲ ပြန်နိုင် ရုံဖြင့်၊ အဆင်ပြေ နေသည်။
ထို့ကြောင့် အုပ်စုတွင်း ချန်ပီယံ ဘွဲ့ကို ရယူကာ၊ ပဏာမ ချန်ပီယံ ဖြစ်ရန် ရည်ရွယ် လိုက်မိ တော့သည်။
တစ်ချိန်တည်း မှာပင်၊ သူနှင့် အလားတူ၊ အထက် တန်းစား ခုနစ်ပါး၌၊ တူညီသော အကြံ အစည်များ ရှိနေ ချေပြီ။
စည်းမျဉ်းများ ရုတ်ချည်း ပြောင်းလဲ သွားခြင်းသည်၊ လူအချို့ အတွက် အခွင့်အရေး ဖြစ်လာနိုင် သကဲ့သို့၊ အချို့ အတွက်လည်း၊ အခက် အခဲ ပို၍ ဖြစ်လာ နိုင်ပေမည်။
***