← Chapters

မရဏ အုပ်စု။

Vol. 57 Ch. 793

မရဏ အုပ်စု။

Vol. 57 Ch. 793

ခဏ အကြာတွင် ပါဝင်သူ အားလုံးမှာ၊ ပျက်ယွင်းသော အသွင်ဖြင့် ရှိနေ ကြသည်။ ပဏာမ ချန်ပီယံ များကို၊ ထိပ်ဆုံး ဆယ်ဦး အတွင်း၊ ထည့်ပစ် သဖြင့် ခွဲတမ်းမှာ၊ ပို၍ နည်းလာပြီ ဖြစ်၏။

“ သေချာတာ ကတော့ ဘုရင် သုံးပါး အပြင်၊ နောက်ထပ် တစ်ဦးသာ ခွဲတမ်း ရှိတယ်၊ အထက် တန်းစား ခုနစ်ပါးတောင် တိုက်ပွဲဝင် ရလိမ့်မယ်။ ”

“ ဟုတ်တယ် ... သူတို့ တွေက တစ်ပွဲတောင် ရှုံးဖို့ အခွင့် အရေး မရှိဘူး၊ ဒါက ငါတို့ အတွက် ဖိအား ပိုဖြစ် စေလိမ့်မယ်။ ”

“ ထိပ်ဆုံး နှစ်ဆယ်တော့ ... ၊ ဝင်အောင် လုပ်နိုင် မယ်လို့ မျှော်လင့် ပါတယ်။ ”

ပြိုင်ပွဲ ဝင်များ အချင်းချင်း ဆွေးနွေးခဲ့ ကြသော်လည်း၊ ကောင်းမွန်သော ခံစားချက် မရှိ ချေ။

စည်းမျဉ်း စည်းကမ်းများ မည်သို့ပင် ပြောင်းလဲ စေကာမူ၊ ခွန်အား သည်သာ အရာရာ ဖြစ်သည်။

ငြီးတွား ခြင်းသည် မည်သည့် အပြောင်းအလဲ ကိုမျှ ရရှိ စေမည် မဟုတ်နိုင်။ ဘုရင် သုံးပါး ကဲ့သို့ သန်မာ နေပါလျှင် စည်းမျဉ်း အသစ်မှ၊ အကျိုး ကျေးဇူးများ ရရှိ နိုင်မည်။

သို့သော် သူတို့ ခွန်အားမှာ၊ ဘုရင် သုံးပါး၏ အဆင့်နှင့် မနီးစပ် သဖြင့်၊ မည်သို့ပင် ပြောင်းလဲ စေကာမူ၊ ထူးခြားမည် မဟုတ်ချေ။

“ အခု စည်းကမ်းတွေ အားလုံးကို နားလည် ပြီလို့ ယုံကြည် ပါတယ်၊ အုပ်စု စာရင်းကို ကြေငြာမယ်။ ”

ထိုနောက် အနက်ဝတ် အဖိုးအိုက လက်ဝှေ့ ယမ်းပြီး၊ မီးတောက် များကို အက္ခရာ များအဖြစ် ပေါင်းစပ်ကာ၊ လေထု အတွင်း ပျံတက် သွားစေ လိုက်၏။

ကောင်းကင်၌ အုပ်စု လေးစု ခွဲခြား ထားသော ပြိုင်ပွဲဝင် များ၏ အမည် စာရင်းများ ထွက်ပေါ် လာသည်။

“ လင်းယွန် ... ၊ မင်းက စတုတ္ထ အုပ်စုမှာ ပဲ။ ”

စီရွှယ်ယီနှင့် အခြား သူများက အမည် စာရင်းကို မော့ကြည့်ကာ ဆိုသည်။ လင်းယွန် အမည်နှင့် အတူ၊ အထက် တန်းစား ခုနစ်ဦးအား တွေ့လိုက် ရသည်။

ကံကောင်း သည်မှာ၊ ကျန်းဝူကျိ၊ ယုဟိုရှင်းနှင့် ရန်လောင်ဇီ တို့က၊ ထိုအုပ်စုတွင် မရှိချေ။

သို့သော် နန်းဂွန်း ဝမ်းယူ၊ လီမူဘိုင်းနှင့် လင်းတာအို တို့ ပါရှိသည်။ လင်းတာအိုသည် ယန် နန်းတော်မှ စစ်မှန်သော ပါရမီရှင် ဖြစ်၏။

ချင်းယန်ထက် ပို၍ သန်မာကာ၊ အထက်တန်းစား ခုနှစ်ဦး ၌ပင် ရပ်တည်ထား နိုင်သည်။

“ တိုက် ဆိုင် တယ်။ ”

အသန်မာ ဆုံးသော ဓားသမား များကို အုပ်စု တစ်စု တည်းတွင် ထည့်ပေးထား သဖြင့်၊ လင်းယွန်မှာ အတွေးနက် သွားသည်။

ဤသည်မှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ပထမ ဓားသမား မည်သူ ဖြစ် မည်ကို၊ သိမြင် နိုင်စေမည်။

အတွေးနက် နေစဉ် မှာပင်၊ နန်းဂွန်း ဝမ်းယူနှင့် လီမူဘိုင်း ထံမှ စူးရှသော အကြည့် နှစ်စုံက၊ သူ့ အပေါ် ကျရောက် လာသည်။

လွန်ခဲ့သော အချိန် များ၌ ဆိုပါက၊ လင်းယွန်ကို သူတို့ ဂရုစိုက် ကြမည် မဟုတ်ချေ။ ယခု မူကား၊ အလေး အနက်ထား ရပေ တော့မည်။

ထို့ပြင် လင်းတာအို သည်လည်း လင်းယွန်ကို၊ လှည့်ကြည့် လာခဲ့သည်။ ချင်းယန် ကဲ့သို့ လူပြက် တစ်ယောက် အပေါ်၊ စိတ်ဝင်စား ခြင်း မရှိ သော်လည်း၊ သူဆို သည်မှာ ယန် နန်းတော်၏ စစ်မှန်သော ပါရမီရှင် တစ်ပါး ဖြစ်နေ သေးသည်။

အချိန် များစွာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှ ထွက်ခွာခဲ့ သဖြင့်၊ လူတိုင်းက သူ၏ တည်ရှိမှုကို၊ မေ့လျော့ နေခဲ့ ကြသည်။

ယန်နန်းတော် ဆိုပါက၊ ချင်းယန် ကိုသာ မြင်ကြ ပေ၏။

“ ကြည့်စမ်း စတုတ္ထ အုပ်စု မှာ၊ အထက်တန်းစား သုံးဦးနဲ့ ပန်းသင်္ချိုင်း ဓားသမား လင်းယွန် ရှိတယ်။ ”

“ အိုး ... တကယ် ခက်ခဲမယ့် ပွဲစဉ် တွေဘဲ၊ ဒါက ဒီနှစ်ရဲ့ မရဏ အုပ်စုလို့ ပြောလို့ ရမယ်။ ”

“ အဲဒါက အမှန်ပဲ ... ၊ ကျန်အုပ်စု သုံးခုမှာ ဘုရင် သုံးပါးရှိ တာကြောင့်၊ ပြိုင်ဆိုင်မှုက ဒီလောက် ပြင်းထန်မှာ မဟုတ်ဘူး။ ”

“ စတုတ္ထ အုပ်စု ကတော့ မတူဘူး၊ နန်းဂွန်း ဝမ်းယူ၊ လီမူဘိုင်း၊ လင်းတာအိုနဲ့ မြင်းနက် လင်းယွန် တို့ ရှိတယ်။ ”

စတုတ္ထ အုပ်စု၏ ထူးခြားသော အခြေအနေကို သတိပြု မိသော လူအုပ်ကြီးမှာ၊ ရုန်းရင်း ဆန်ခတ် ဖြစ်လာ ခဲ့သည်။

“ ကြည့်ပါဦး ... ၊ မင်းတို့ မြင်ကြလား အသန်မာဆုံး ဓားသမား သုံးယောက်ကို စုပေး ထားတယ်။ ”

“ တကယ်ပဲ ... ၊ ပဏာမ ချန်ပီယံက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့ အသန် မာဆုံး ဓားသမား ဖြစ်လာ လိမ့်မယ်။ ”

“ အရင်က လီမူဘိုင်းကို အနိုင် ယူပြီး၊ နန်းဂွန်း ဝမ်းယူ ပထမ ဓားသမား ဘွဲ့ကို ရယူ ခဲ့တယ်၊ အခု လင်းယွန်က စိန်ခေါ်နိုင် မလား ကြည့်ရမယ်။ ”

စတုတ္ထ အုပ်စု အကြောင်း၊ အလားတူ ဆွေးနွေးမှုများ ပျံ့နှံ့ နေပြီး၊ စိတ်ဝင်စား မှုမှာ မြင့်တက် လာသည်။

“ တရားဝင် ပြိုင်ပွဲ စတင်မယ်။ ”

အသံ လှိုင်းကြောင့်၊ ရာနှင့် ချီသော ရေဝဲများ ကောင်းကင်ပေါ် ပျံတက် လာ၏။

အနက်ဝတ် အဘိုးအို ထွက်သွား ပြီးနောက်၊ မဟာမိတ် အဖွဲ့မှ ဒိုင် အဖိုးအို ရှစ်ဦး၊ စင်မြင့် များပေါ် ဆင်းသက် လာသည်။

များ မကြာချင် တိုက်ပွဲများ စတင် လာသဖြင့်၊ ဆယ့်ငါး မိနစ် အတွင်း ရှုံးနိမ့်သူ တစ်ဦး ထွက်ပေါ် လာခဲ့သည်။

ပယင်း ရောင်ဝါကို စုပ်ယူ လိုက်တိုင်း၊ အောင်နိုင်သူ ကျောက်စိမ်းပြားရှိ နဂါး ရုပ်မှာ၊ လွတ်မြောက်ရန် ကြိုးစားလာ သကဲ့သို့ ရုန်းကြွ လာ၏။

လင်းယွန်က အခြေ အနေ အပေါ်၊ စူးရှသော မျက်ဝန်း များဖြင့် ခွဲခြမ်း စိပ်ဖြာ နေခဲ့သည်။

နဂါး ပုံရိပ်တွင် နဂါး ရောင်ဝါနှင့် နဂါး ကံကြမ္မာတို့ ပါဝင် ပေသည်။ အဆုံးတွင် သန့်စင် နိုင်ပါက၊ အကျိုး ကျေးဇူး အများကြီး ရနိုင်၏။

လူတိုင်းက နဂါး ပုံရိပ်နှင့် ပတ်သက်၍ ထူးခြားမှု တစ်စုံ တစ်ရာ ရှိနေကြောင်း၊ ပြောပြ နိုင်သည်။

ပထမ အချီ ပွဲစဉ် များတွင်၊ စိတ်လှုပ်ရှား ဖွယ်ရာ တိုက်ပွဲ အချို့ ရှိခဲ့သော်လည်း၊ ဇိုချင်းရှန် စင်ပေါ် မတက် မချင်း၊ ရုန်းရင်း ဆန်ခတ် မဖြစ် ခဲ့ချေ။

မိစ္ဆာဓား ဇိုချင်းရှန်မှာ၊ ဤပွဲ၏ မြင်းနက် တစ်ကောင် ဖြစ်၏။ ထိပ်ဆုံး ဆယ်ယောက် ထံသို့၊ မတိုးဝင် သ၍၊ သူ့ နိုင်ပွဲကို ရပ်တန့် နိုင်မည့် သူ မရှိချေ။

သို့သော် ယုဟိုရှင်းနှင့်၊ တစ်အုပ်စုတည်း ကျရောက် နေသည့် အတွက်၊ အဆုံးတွင် ပြီးဆုံး သွားရမည် ဖြစ်သည်။

သို့သော် ယုဟိုရှင်း အပြင်၊ အခြားသော အင်အားကြီး ပြိုင်ဘက်များ မရှိ သည်မှာ ကံကောင်း ပေသည်။

ကြမ်းကြုတ်သော ဆေဘာဓား သုံးချက်ဖြင့်၊ ပြိုင်ဘက်ကို နှစ်ခြမ်းဖြတ် လုနီးပါး ဖြစ်စေ ခဲ့သည်။

ယင်းကြောင့် ပြိုင်ဘက်က လက်နက် ချလာ၏။ အရှုံးပေး သူ၏ ပယင်း ရောင်ဝါမှာ၊ ကျောက်စိမ်းပြား ထဲသို့ တိုးဝင် ပြီးနောက်၊ နဂါး ပုံရိပ် တစ်ရိပ် ပျံထွက် လာသည်။

ထိုနဂါး ပုံရိပ်မှာ လေးမီတာ နီးပါး ရှည်ပြီး၊ ဇိုချင်းရှန် ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်ကာ၊ နဂါး အငွေ့ အသက် ဖျော့ဖျော့ကို၊ ထုတ်လွှတ် ပေးလာသည်။

“ ဘာဖြစ် တာလဲ ... ။ ”

သည်မြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့် သွား ကြ၏။ မျက်လုံးများ အမြန် မှိတ်လျက်၊ ခန္ဓာ ကိုယ်အား ဇိုချင်းရှန်က၊ ချက်ချင်း ပြန်ကြည့် လိုက်သည်။

မျက်ဝန်းများ ပြန်ဖွင့် လာချိန်၌၊ သူ့ မျက်ဆန်များ အတွင်း၊ နဂါး တစ်ကောင် ကူးလူး ပျံသန်းနေ လေသည်။

ထို့ကြောင့် ရွှင်မြူးခြင်းကို မထိမ်းနိုင် တော့ဘဲ၊ ‘တဟီးဟီး’ ရယ်မောလျက် စင်မြင့်မှ ဆင်းသွား တော့သည်။

“ အောင်နိုင် သူတွေ ရှိပေမယ်၊ နဂါး ပုံရိပ် တကယ် ထွက်လာတဲ့ ဖြစ်စဉ်မျိုး မရှိ သေးဘူး၊ ဒီမိစ္ဆာ ဓားက ပထမ ဆုံးပဲ။ ”

“ သူက ရှုံးပွဲ မရှိသေး မှတော့၊ သူ့ရဲ့ ပယင်းရောင် ရောင်ဝါက၊ တခြား သူတွေထက် သိပ်သည်း တာကိုး ... ၊ ဖြစ်နိုင် ပါတယ်။ ”

“ အားနည်းတဲ့ သူတွေ ကတော့၊ နဂါး ပုံရိပ်ကို ခေါ်နိုင် ကြမှာ မဟုတ်ဘူး၊ ခြေနင်းတုံး ဖြစ်ဖို့ပဲ ကံပါ လာတယ်။ ”

ကျောက်စိမ်းပြားမှ ထွက်လာသော နဂါးပုံရိပ် ကြီး၏ ဆွဲဆောင် နိုင်မှုမှာ၊ ကြီးမား သဖြင့်၊ လူတိုင်း စိတ်လှုပ်ရှား လာတော့သည်။

“ ဒါက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ။ ”

လင်းယွန်က မျှော်လင့် ပြီးသားမို့၊ မအံ့သြ မိချေ။ သို့သော် နတ်နဂါး၌ ပြသခဲ့ ဖူးသော နဂါး ပုံရိပ်မှာ၊ ပုံရိပ်ယောင် မျှသာ ဖြစ်သည်။

ကျောက်စိမ်းပြားမှ လွတ်မြောက် သွားသော နဂါး မှာမူ၊ နဂါး အငွေ့ အသက် အနည်းငယ် ပါနေ၏။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာ သည်နှင့် အမျှ၊ နဂါး ပုံရိပ်များ ဟိုမှ သည်မှ ထွက်ရှိ လာကာ၊ ပိုင်ရှင် များကို စိတ်လှုပ်ရှား စေခဲ့သည်။

၎င်းတို့က နဂါး ပုံရိပ် ထံမှ အကျိုး ကျေးဇူးများ ရရှိခဲ့ သည်မှာ ထင်ရှား ချေ၏။

“ စတုတ္ထ အုပ်စု၊ လင်းယွန် (VS) ဂျီဝူယီ။ ”

၎င်းတို့ နှစ်ဦးမှာ မြောက်ပင်လယ်၌၊ ရင်ဆိုင် ခဲ့ဖူးသည်။ ထိုအချိန်က ရှုံးနိမ့်မှုသည် အရှက်ရ စေသည့် အတွက်၊ သားရဲ ဒီရေတွင် လင်းယွန်အား ထပ်မံ ယှဉ်ပြိုင်ရန် စိန်ခေါ် မိသည်။

သို့သော် သူပင် ဆိုးဆိုး ရွားရွား ရှုံးနိမ့် ခဲ့ရ၏။ တတိယ အကြိမ်မြောက် ဆုံတွေ့ ချိန်တွင်၊ လင်းယွန်မှာ ကြယ် တစ်စင်း ကဲ့သို့၊ တောက်ပ နေပြီ ဖြစ်သည်။

ထို့အတွက်ကြောင့် အနိုင်ယူရန် ယုံကြည်ချက် မရှိ တော့ပေ။ သို့သော် အလွယ် တကူ ဝန်မခံ လိုသဖြင့်၊ အသက် ပြင်းပြင်း ရှူရှိုက် လိုက်ပြီး၊

“ လင်းယွန် ... ၊ ဒါကို တစ်ချက် တည်းနဲ့ ဖြေလိုက် ရအောင်။ ” -ဟု ဆိုလိုက်သည်။

တစ်စုံ တစ်ယောက်သည် သူ၏ ပြိုင်ဘက်နှင့်၊ တူညီသော အနေ အထားတွင် ရှိနေ ပါက၊ ယင်းကို တောင်းဆို နိုင်သည်။

ယခု အချိန်၌ တစ်ဖက် လူ၏ ဂုဏ်သတင်းမှာ၊ အထက် တန်းစား ခုနစ်ပါး ကိုပင် ယှဉ်နိုင် နေပြီ ဖြစ်သည်။

ထို့ကြောင့် ဂျီဝူယီက ယင်းကို တောင်းဆိုရန်၊ အရည်အချင်း မရှိချေ။ သူ့ လုပ်ရပ်သည် လင်းယွန် အပေါ်၊ ဂျီဖန်း၏ ကနဦး အမြင်နှင့် တူနေ ပေသည်။

“ ကောင်း ပြီ ... ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ သူ့အနေဖြင့် တခြားသူ ဆိုပါက၊ လက်ခံမည် မဟုတ် သော်လည်း၊ ဂျီဝူယီ ကိုမူ သေချာပေါက် အခွင့်အရေး ပေးရ ပေမည်။

“ သွေးဆာ နေသော ဓား ... ။ ”

လင်းယွန်မှ သဘောတူ လိုက်သည်နှင့်၊ ဂျီဝူယီက ဆေဘာဓားဖြင့် ခုတ်ချ လိုက်သည်။ ကြက်သွေးရောင် အလင်းတန်း တစ်ခု ပေါက်ကွဲ သွားပြီး၊ သံကြိုး (၁၈)ချောင်း ပါရှိသော ကွပ်မျက်ခြင်း စင်မြင့် တစ်ခု ဖြစ်ပေါ် လာ၏။

သံကြိုး တစ်ချောင်း စီတွင် ရာနှင့် ချီသော အရိုးများ တွဲလောင်းပါ ရှိသည်။ ယင်းက စင်မြင့် ကြီးကို ပို၍ ထည်ဝါ လာစေ၏။

ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ်သည်၊ လူ အများ၏ ဦးရေပြား များကို ယားယံ လာစေ၏။ ဤသည်မှာ ဂျီဝူယီ၏ အသန်မာ ဆုံးသော တိုက်ခိုက်မှု ဖြစ်သည်။

မရေ မတွက် နိုင်သော နေ့ရက် များစွာ ပေးစပ်ပြီး၊ ချွေး၊ သွေးနှင့် ဝိရိယကို စိုက်ထုတ် ထားခဲ့သည်။

ထို့ကြောင့် ထက်မြက်သော ဆေဘာဓား တစ်လက် ဖြစ်လာ သော်လည်း၊ သူ့ပြိုင်ဘက်မှာ လင်းယွန် ဖြစ်နေ ပေသည်။

လင်းယွန် လက်တွင်၊ မူလ စွမ်းအင်များ စုစည်း လာပြီး၊ မြစိမ်းရောင် အဖြစ် ပြောင်းလဲ သွားကာ၊ ပန်း တစ်ပွင့် ကောက်ကြောင်း ထွက်ပေါ် လာ၏။

“ နှလုံးသား ချိတ်ဆက်မှု၊ ဝိညာဉ် ရေး ဓား။ ”

ကွပ်မျက်ရေး စင်မြင့်ကြီး ကျဆင်း လာသည်နှင့်၊ လင်းယွန်က လက်ကို ညင်သာစွာ တောက်ထုတ် လိုက်သည်။

သူ့လက် နောက်ရှိ ပန်းပွင့် ပုံ ကြီးမှာ၊ ပေါက်ကွဲ သွားပြီး၊ ထောင်ပေါင်း များစွာသော ပွင့် ချပ်များ၊ ဖြစ်ပေါ် လာကာ၊ ဓားရောင်ခြည်ထဲ တိုးဝင် သွားသည်။

ထိုဓား ရောင်ခြည်က၊ ဂျီဝူယီ၏ ကွပ်မျက်ရေး စင်မြင့် ကြီးကို ဖြတ်ကာ၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။

ဂျီဝူယီ တစ်ယောက် ပုံပျက် ပန်းပျက် လွင့်စင် သွားပြီး၊ ကြမ်းပြင်ပေါ် ဆင်းလိုက်သော အခါတွင်၊ သွေး အန်လျက် ခြေသုံးလှမ်း နောက်ပြန် ဆုတ်လိုက် ရ၏။

ကွပ်မျက်ခြင်း စင်မြင့်မှာ၊ ပျောက်ကွယ် သွားသဖြင့်၊ တိုက်ခိုက်မှု မအောင်မြင် ခဲ့ကြောင်း မြင်နိုင်သည်။

ငြိမ်သက် နေသော ကန်ရေ များမှာ၊ အေးစက်လှ သော်လည်း၊ သူ့ နှလုံးသားနှင့် ယှဉ်ပါက၊ ပူနွေး နေသေးသည်။ တစ်ဖက် လူမှာ လက်ညှိုး တစ်ချက် ထိုးရုံဖြင့်၊ သူ့အား အနိုင်ယူ သွားခဲ့ပြီ ဖြစ်သည်။

***

All Chapters