ဒေါသ စိတ်။
Vol. 57 Ch. 794
ဂျီဝူယီ ရှုံးနိမ့်သွား သဖြင့်၊ ပယင်း ရောင်ဝါများက၊ လင်းယွန်၏ ကျောက်စိမ်း ပြားထဲ ဝင်ရောက် လာသည်။
“ ခရစ် ... ။ ”
ရုတ်တရက် ကွဲအက်သွား သံနှင့် အတူ၊ ကိုး မီတာခန့် ရှည်လျားသော နဂါးကြီး တစ်ကောင် ထွက်ပေါ် ပျံဝဲလာ ပြီးနောက်၊ လင်းယွန် ခန္ဓာကိုယ် ထဲသို့ ဝင်သွားသည်။
“ မင်း ... နိုင် တယ်။ ”
တစ်ဖက်လူ အပေါ် ကူကယ်ရာ မဲ့စွာ ကြည့်နေ မိသော်လည်း၊ သူ့ စိတ်ထဲရှိ မတင်ကျ မှုများ လွင့်ပါး သွားသည်။
နောင်တ ရစရာ မရှိ တော့ဘဲ လက်ဝှေ့ ယမ်းကာ ပြုံးလျက်ဖြင့်၊
“ ကျေးဇူး တင်ပါတယ်၊ ဒီပုံစံ အတိုင်း ဆက်သွားနိုင် လိမ့်မယ်လို့၊ ငါ မျှော်လင့် ပါတယ်။ ”
-ဟု ဆိုလိုက်၏။
လင်းယွန်က ခေါင်း ငြိမ့်ပြပြီး၊ ခန္ဓာကိုယ် အတွင်း ဝင်လာသော နဂါး ရောင်ဝါကို ခံစား လိုက်သည်။
နဂါး ပုံရိပ်သည် အမှန် တကယ်ပင် သူ့ နှလုံးအား လှည့်ပတ်လျက်၊ ခန္ဓာကိုယ် အနှံ့ ပူနွေးသော လျှပ်စီး ကြောင်းကို ထုတ်လွှတ် ပေးနေ၏။
ဆန္ဒ ရှိပါက ချက်ချင်း သန့်စင် နိုင်ပြီး၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ သို့ပင် ပို့ဆောင် ပေးနိုင် မည်ဟု ယုံကြည်သည်။
သို့သော် ဤသို့ ပြုမူ လိုက်ခြင်းသည် အဆင့် သတ်မှတ်ချက် ပြိုင်ပွဲအား စွန့်လွှတ်ခြင်း မည်ပေ၏။
လင်းယွန်က စင်ပေါ်မှ ဆင်းနေစဉ်၊ ယုဟိုရှင်း တစ်ယောက် တတိယ အုပ်စု၏ စင်မြင့် လှေကား ထစ်ကို၊ လှမ်းတက် လာသည်။
သူ၏ ပြိုင်ဘက်မှာ ဖန်းဝူရှောင် ဖြစ်သည်။ လင်းယွန်ကို ရှုံးနိမ့် ပြီးနောက် သူ့ နာမည်မှာ၊ အလွန်ကျ ဆင်းသွား ခဲ့သည်။
သို့သော် ထုတ်ပယ်ရေး အကျော့တွင် ပြန်လည် ထိန်းထား နိုင်ခဲ့ပြီး၊ ၎င်း၏ ကြံ့ခိုင်မှု အပြည့် အဝကို ထုတ်မပြ ခဲ့ပေ။
အရှုံး မပေးဘဲ၊ စင်မြင့် ပေါ်သို့ ခုန်တက် လိုက်၏။ သို့သော်လည်း ကံမကောင်း စွာဖြင့် ယုဟိုရှင်းက တစ်ကြိမ်သာ လှုပ်ရှားပြီး၊ အနိုင်ယူ သွားသည်။
ထို့နောက် ယုဟိုရှင်း၏ (၂၁) မီတာ အထိ ရှည်လျား လှသော၊ ရွှေရောင် နဂါး ပုံရိပ်ကြီး ထွက်ပေါ် လာသည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး၊ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့၏၊ သန်မာသော ခွန်အားကို ပို၍ မြင်လာ ရသည်။
ပြိုင်ဘက် တိုင်းကို ဘုရင် သုံးပါးက၊ တစ်ကြိမ် အတွင်း အနိုင်ယူ ခဲ့ပြီး၊ အထက် တန်းစား ခုနစ်ပါးမှာ၊ သုံးကြိမ်မှ ဆယ်ကြိမ် အထိ၊ အသုံးပြု ရလေသည်။
လင်းယွန်၏ အကြည့် များက၊ အနိုင်ရ သွားသော ယွဲ့ဝေဝေ ထံမှ ဖယ်ခွာကာ၊ ဘိုင်လိရွှမ်အား လှမ်းကြည့် လိုက်သည်။
“ ဒုတိယ အုပ်စု၊ ဘိုင်လိရွှမ် - ဇောင်ယွန် ။ ”
ဇောင်ယွန်သည် ယခင် ပွဲ၌ အဆင့် (၁၆) တွင် ရပ်တည် နိုင်ခဲ့ပြီး၊ ယခု တစ်ကြိမ်၌ ပို၍ တောက်ပ လာခဲ့သည်။ ပွဲစဉ် တစ်လျှောက် တစ်ပွဲသာ ရှုံးနိမ့် ထား၏။
ဘိုင်လိရွှမ် သည်လည်း၊ တစ်ပွဲသာ ရှုံးနိမ့်ထား သဖြင့်၊ သူနှင့် ဆင်တူ လေသည်။ ထို့ကြောင့် ပြိုင်ဆိုင်မှုမှာ ပြင်းထန် လှပြီး၊ လှုပ်ရှားမှုပေါင်း တစ်ရာကျော် သည်အထိ၊ လက်ရည် ညီနေ ကြသည်။
ဘိုင်လိရွှမ်က မိုးပြာ နဂါး ဓားသုတ္တန်ကို ထုတ်ဖော်ကာ၊ ပြိုင်ဘက် အပေါ်၊ အုပ်စိုးထား ချေသည်။
ခဏ အကြာတွင် သူ့ ပတ်ဝန်း ကျင်၌၊ ခရမ်းရောင် လျှပ်စီးများ နဂါး အသွင်၊ ဖြစ်ပေါ် လာ၏။
နောက်ဆုံး၌ ဇောင်ယွန်မှာ ထိုနဂါး ကြီးကြောင့်၊ ဒဏ်ရာ အပြင်း အထန် ရရှိ သွားပြီး၊ ရှုံးနိမ့်ကြောင်း ဝန်ခံ ခဲ့သည်။
“ တိုက်ပွဲ အတွက် ကျေးဇူး တင်ပါတယ် ... ။ ”
ဘိုင်လိရွှမ်က ဆိုသည်။ သည့်နောက် ပြိုင်ဘက်၏ ပယင်း ရောင်ဝါကို ဝါးမြို လိုက်ပြီး၊ နဂါး ပုံရိပ်အား ထွက်ပေါ် လာစေသည်။
“ စိတ်ဝင်စား စရာပဲ၊ ကြည့်ရတာ ဘိုင်လိရွှမ်မှာ ဝှက်ဖဲတွေ ကျန်ဦးမယ်။ ”
“ သူက ... ဒုတိယ အုပ်စုရဲ့ မြင်းနက် တစ်ကောင်ပါ။ ”
ဘိုင်လိရွှမ်၏ စွမ်းဆောင်ရည်မှာ၊ လူတိုင်းကို သဘောကျ နှစ်ခြိုက် သွားစေသည်။ အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး၊ လင်းယွန်မှ ခုနစ်ပွဲ ဆက်တိုက် အနိုင်ရ ရှိခဲ့သည်။
ပြိုင်ဘက် အများ စုမှာ၊ သူ့ နာမည် ကြားသည်နှင့်၊ လက်နက်ချ ကုန်၏။ ထို့ကြောင့် သူ၏ နဂါး ပုံရိပ်မှာ၊ (၁၂) မီတာ အထိ ကြီးထွား လာတော့သည်။
သို့သော် စတုတ္ထ အုပ်စုတွင်၊ လူ စိတ်ဝင်စား အခံရ ဆုံးမှာ၊ နန်းဂွန်း ဝမ်းယူ၊ လီမူဘိုင်းနှင့် လင်းတာအို တို့သာ ဖြစ်လေသည်။
နန်းဂွန်း ဝမ်းယူ၏ ဓားရေးမှာ အလွန် အေးစက် လှသဖြင့်၊ ရန်သူကို တိုက်ပွဲ အလယ် တွင်ပင် အေးခဲ ပစ်ခဲ့သည်။
လီမူဘိုင်း မှာမူ ကြီးစိုး လွန်သော ဓားရေးဖြင့် ပြိုင်ဘက်အား ချုပ်နှောင် တိုက်ခိုက် တက် လေသည်။
သူတို့ နှစ်ဦး လုံး၏ ဓားရေး များမှာ၊ လင်းယွန် ဓားရေးထက်၊ များစွာ အားကောင်း လှချေ၏။
ထိုအချိန်တွင် ဂျီဖန်း တစ်ယောက် ဘုရင် သုံးပါးနှင့်၊ အထက် တန်းစား ခုနစ်ပါးတို့ ကြား၌ အဘယ်ကြောင့် နိမ့်ကျ ရ သည်ကို၊ လူတိုင်း နားလည် ကုန်သည်။
လင်းတာအို၏ လက်သီး ချက်များ သည်လည်း၊ မီးတောင်ကြီး ပေါက်ကွဲလာ သကဲ့သို့၊ ပြင်းထန် လှလေသည်။
လက်သီးချက် တိုင်းက၊ ရေကန်၌ လှိုင်းများ ဖြစ်ပေါ် လာစေ၏။ ထို့ကြောင့် မြင့်မြတ်သော ယန် နည်းစနစ်တွင်၊ အောင်မြင်မှု မည်မျှ မြင့်မား နေသည်ကို မှန်းဆလာ ကြသည်။
သူတို့ သုံးယောက်က မတူညီသော စွမ်းဆောင်ရည် များကို ပြသလာ ကြကာ၊ လင်းယွန်အား ဝင်ရောက် မစွက်ဖက် ဖို့ရန်၊ ခြိမ်းခြောက် သတိပေး နေချေပြီ။
“ သူတို့ အားလုံးက၊ တစ်ပိုင် ကောင်းကင် ဝိညာဉ် နယ်ပယ်မှာ ရှိတယ်၊ အခြေခံအုတ်မြစ် နဲ့၊ နားလည် နိုင်စွမ်း အရ၊ ဘုရင် သုံးပါးက လွဲပြီး၊ ဘယ်သူမှ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ”
“ ဒါပေမယ့် ... သူတို့ ပြိုင်ဘက် တွေက ဒီလောက်လည်း မဟုတ်သေး ပါဘူး၊ ဒီလိုမျိုး စွမ်းဆောင်ရည် ပြသဖို့ လိုလို့လား။ ”
“ မင်း ဘာ သိလို့လဲ၊ သူတို့က အုပ်စုတွင်း ချန်ပီယံ ဖြစ်ဖို့ မမျှော်လင့် နဲ့လို့၊ လင်းယွန်ကို ပြောချင် နေတာ။ ”
“ မှန်တယ် ... ၊ လင်းယွန်ရဲ့ အခြေခံ အုတ်မြစ်က သူတို့ သုံးယောက်ထက် အားနည်း နေပေမယ့်၊ တကယ် တိုက်ကြ မယ်ဟေ့ ဆိုရင် ... ”
“ ... လင်းယွန်က သူတို့ ဝှက်ဖဲ တွေကို အတင်းအကြပ် ထုတ်ဖော် ခိုင်းမှာ သေချာတယ်၊ ဒါဆို နိုင်ရ ခဲ့ ရင်တောင် ... ၊ အဲ့ဒီ လူက အဆိပ် မရှိတဲ့ မြွေ တစ်ကောင် ဖြစ်သွား လိမ့်မယ်။ ”
“ မင်း ပြောချင် တာက ... ၊ သူတို့ ခွန်အားကို ပြပြီး၊ လင်းယွန်ကို နောက်ပြန် ဆုတ်စေချင် နေတာ မဟုတ်လား။ ”
လူတိုင်းက ၎င်းကို မှန်းဆ လာနိုင် ကြသည်။
“ အစ်ကိုလင်း၊ သူတို့ သုံးယောက်က မင်းကို ပစ်မှတ်ထား နေပုံ ရတယ်။ ”
ဖန်းယီက လေးနက်သော အသံဖြင့် သတိပေး လိုက်သည်။ လူအုပ်ကြီး ပြောသကဲ့သို့ သူပင် ခံစား နိုင်၏။
“ အင်း ... ။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါးပင်၊ ခေါင်းညိတ် လိုက်သည်။
“ ဟုတ်တယ် မဟုတ်လား၊ သူတို့က ပြိုင်ဘက် တွေကို တစ်ချက် တည်းနဲ့ ဖြေရှင်း ပြနေတယ်၊ မဟုတ်ရင် ဘာလို့ ဒီလောက် ဝံ့ကြွား နေစရာ လိုဦး မှာလဲ။ ”
ဖန်းယီက မကျေ မနပ်ဖြင့် ဆိုသည်။ ၎င်းတို့ သုံးဦး၏ လုပ်ရပ်မှာ၊ ပုရွက်ဆိတ် တစ်ကောင်ကို လက်သီးဖြင့်၊ ထိုးခြင်း မည်ပေ၏။
“ အင်း ... ဖြစ်နိုင် ပါတယ် ။ ”
လင်းယွန်က တည်တည် ငြိမ်ငြိမ်ပင် ခေါင်းညိတ် လိုက်၏။ တစ်ဖက်လူ သုံးဦးမှ၊ သူ့အား လျှော့တွက် နေပုံ ရသည်။
သည့်အတွက် ‘နောင်တ’ ဟူသော သတ်ပုံ အမှန်ကို သင်ပေးရ ပေဦးမည်။ များ မကြာခင် သူ၏ ပွဲစဉ် ပြန်ရောက်လာ ခဲ့သည်။
ယခု တစ်ကြိမ် ပြိုင်ဘက်မှာ၊ ပါရမီရှင် တစ်ဦး မဟုတ်ဘဲ၊ ကျော်ကြားမှု မရှိသော သာမန် ပြိုင်ပွဲဝင် တစ်ဦး ဖြစ်သည်။
ကျန်းဟီမှ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ အရှိန် အဝါကို ထုတ်ဖော်ကာ၊ အတင်း အကြပ် ဖိအား ပေးရန် ကြိုးစားလာ ခဲ့သည်။
လင်းယွန်က ဝှက်ဖဲ များကို ထုတ်မပြ လိုသောကြောင့်၊ နောက်သို့ ခြေလှမ်း များစွာ ဆုတ်ခွာ ပေးလိုက် ရသည်။
ဓားဆွဲချိန် မရဘဲ၊ ကျန်းဟီ လက်မှ ရှောင်တိမ်း နေသော လင်းယွန်ကို ကြည့်ကာ၊ လူအုပ် ကြီးက အံ့သြ သွားသည်။
ပွဲစဉ် တစ်လျှောက်၊ လင်းယွန်ကို နောက်ဆုတ်ရန် တွန်းပို့ နိုင်သူမှာ၊ ကျန်းဟီ တစ်ယောက်သာ ရှိသည်။
အဆင် မပြေသော အခြေ အနေကြောင့်၊ ဓားဆွဲရန် ဆုံးဖြတ် လိုက်ပြီး၊ ချက်ချင်း လှုပ်ရှား လိုက်တော့သည်။
သူ့လှုပ်ရှား လိုက်သည်နှင့်၊ ပန်းသင်္ချိုင်း ဓားက ကျန်းဟီ ညာဘက် ပခုံးကို ထိုးဖောက် သွားသည်။
သွေးများ ပန်းထွက်ပြီး၊ ညာလက်မှာ တွဲလျောင်းကျ သွားသဖြင့်၊ ဓားအား လွှတ်ချ လိုက်ရ တော့၏။
“ ကျန်းဟီက တကယ့်ကို ဖုံးကွယ် ထားခဲ့ တာပဲ၊ ဒါပေမယ့် လင်းယွန်နဲ့ တွေ့သွားတာ သူ ကံဆိုးတယ်။ ”
“ တခြားသူ နဲ့သာ ဆိုရင်၊ သူရဲ့ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ခွန်အား အရ၊ အနိုင်ယူ နိုင်မှာ သေချာတယ်။ ”
တစ်ဖက်တွင် တည်ငြိမ်ပြီး ပြတ်သား လွန်းသော လင်းယွန်၏ စိတ်ဓာတ်ကို ပို၍ သဘောကျ လာကုန် ကြသည်။
စိတ်တည်ငြိမ် ခြင်းသည် ဓားသမား တစ်ဦး၏ အရည် အချင်းပင် ဖြစ်၏။
“ ငါ မင်းကို အငိုက် မဖမ်း နိုင်ခဲ့ဘူး၊ ရှုံးနိမ့်ကြောင်း ဝန်ခံ ပါတယ်။ ”
ကျန်းဟီက သက်ပြင်း ချကာ ဆိုလိုက်သည်။
“ ငါ ... တကယ် အံ့သြ သွားတယ်၊ ထင်သလောက် မလွယ် ပေမယ့်၊ ဓားသမား ဆိုတာက စိတ်ပျက် အားငယ်စရာ တိုင်းကို ဖြတ်ကျော် နိုင်ရမယ် မဟုတ်လား။ ”
ဓားကို ရုတ်သိမ်းလျက် လင်းယွန်မှ ပြောသည်။ ထိုစကား များသည် မှားသည်ဟု မဆို နိုင်ချေ။ ဝှက်ဖဲ အများ ကြီးကို ထုတ် မပြချင် သောကြောင့်သာ၊ ခက်ခဲ ခဲ့ခြင်း ဖြစ်သည်။
အတိတ်တွင် စိတ်ပျက် အားငယ်စရာ အကျပ်အတည်း များစွာကို တွေ့ကြုံ ခဲ့ရဖူး သဖြင့်၊ ထိုအခြေ၌ တည်ငြိမ်စွာ အဖြေရှာ နိုင်ခဲ့သည်။
သူ့ စကားကြောင့် ကျန်းဟီမှာ အချိန် အတော်ကြာ တိတ်ဆိတ် သွား၏။ ပြီးနောက် လေးလံသော လေသံဖြင့်၊
“ ဒါက ငါတို့ ကြားက ... ၊ ကွာဟချက်ပဲ ဖြစ်ပါ လိမ့်မယ်။ ”
-ဟု ဆိုလျက် စင်မြင့်ပေါ်မှ ဆင်းသက် သွား တော့သည်။
ပြီးနောက် လင်းတာအို တက်လာ၏။ သူ့အသွင်ကြောင့် ချက်ချင်း ဆိုသလို ရုတ်ရုတ် သဲသဲ ဖြစ်သွား ကုန်သည်။
ယခင် တိုက်ပွဲ များတွင်၊ သူ၏ စစ်မှန်သော ခွန်အားကို အနည်းနှင့် အများ ဆိုသလို ဖုံးကွယ် ထားခဲ့သည်။
ယခု လင်းတာအို ခွန်အားကို မြင်ရ နိုင်သည်ဟု ယူဆ နေမိ ချိန်တွင်၊ ပြိုင်ဘက်မှ လက်နက်ချ သွား၏။
“ ဝါး ... ပျင်းစရာ ကောင်းလိုက်တာ ... ။ ”
စင်မြင့် ပေါ်မှ နေ၍ လင်းယွန်ထံ လှည့်ကြည့်ကာ၊ မျက်လုံးများ တောက်ပ လာခဲ့ သည်။
တစ်ချိန်တည်း မှာပင်၊ နဂါး ကိုးကောင် ရေကန် မျက်နှာပြင်က၊ ရုတ်တရက် ပွက်ပွက်ဆူ လာတော့သည်။
ပြင်းထန်လွန်း သဖြင့် လှိုင်းလုံး များက၊ တောင်ကုန်းငယ် တစ်ခု အသွင် ထကြွ လာပြီး၊ စင်မြင့်ကို ယိမ်းထိုး သွားစေသည်။
“ ဒါ … ။ ”
လှိုင်းလုံး များက မီတာ သုံးဆယ် အထိ၊ မြင့်တက် လာသောကြောင့်၊ လူ အများ စုကို ထိတ်လန့်သွား စေသည်။
လင်းတာအိုက လက်မထောင် လိုက် ပြီးနောက်၊ လက်ကောက် ဝတ်ကို လှည့်ကာ၊ ကြမ်းပြင်ပေါ် စိုက်ချ ပြလာသည်။
နှုတ်ခမ်းများ လှုပ်ယမ်း လာ သော်လည်း၊ အသံ မထွက်ချေ။ ယင်းက ‘လင်းယွန် ... ၊ မင်းတော့ သွားပြီ၊ ’ -ဟု ဆိုနေ သလို ပေပင်။
တစ်ချိန်တည်း မှာပင်၊ လင်းတာအို၏ အငွေ့အသက်များ အထွတ် အထိပ်သို့ ရောက်ရှိ သွားပြီး၊ လှိုင်းလုံး များ၌ မီးလျှံများ ရုတ်တရက် တောက်လောင် လာတော့သည်။
***