မောက်မာသော လူ။
Vol. 57 Ch. 795
စင်မြင့် ပေါ်မှ ရပ်နေသော လင်းတာအိုကို၊ မီးလျှံများ ဝိုင်းရံ နေစဉ် လူအုပ်မှာ တိတ်ဆိတ် သွား၏။
ထိုသို့သော ဖြစ်စဉ် တစ်ခုကို ဖန်တီး နိုင်သောကြောင့်၊ လင်းတာအို ခွန်အား အပေါ်၊ ကြောက်ရွံ့ ကုန်ကြသည်။
သည်ဖြစ်စဉ်၏ သက်ရောက် မှုမှာ၊ လင်းတာအို လုပ်ရပ်နှင့် ယှဉ်ပါက၊ အသေး အမွှားသာ ဖြစ်ပေသည်။
လက်မ အောက်စိုက် ပြခြင်းသည်၊ အထင်အမြင် သေးစွာဖြင့်၊ အရှက်ခွဲ ပစ်ရန် ရည်ရွယ်သည်။
မီးတောက်များ ငြိမ်းသွားချိန် အထိ၊ လင်းယွန်အား စူးရှစွာ စိုက်ကြည့် နေခဲ့သည်။
“ ဘယ်လောက်ထိ ကြောက်စရာ ကောင်းလိုက်တဲ့ ဖြစ်စဉ်လဲ၊ သူ့ရဲ့ ခွန်အားကို အသိ အမှတ် ပြုလို့ ရပါတယ်။ ”
“ ကောင်းကင် ဝိညာဉ် နယ်မြေက၊ ကျွမ်းကျင်သူ တွေတောင်၊ ဒီလို မစွမ်းဆောင် နိုင်ဘူး၊ ဒါက ယန် နန်းတော်ရဲ့ မြင့်မြတ်သော ယန် နည်းစနစ်နဲ့ ပတ်သတ် လိမ့်မယ်။ ”
“ ဟုတ်မယ် ကြည့်ရတာ ... ၊ ယန် နည်းစနစ်ကို၊ အဆင့် (၁၂) အထိ ရောက်သွား ပုံ ရတယ်။ ”
“ မူလ စွမ်းအင် အပေါ်၊ သူ့ရဲ့ ထိန်းချုပ် နိုင်စွမ်းက ကြောက်စရာ ကောင်းတယ်၊ သာမန် ကောင်းကင် ဝိညာဉ် နယ်မြေ အကြီးအကဲ တွေတောင်၊ ဒါမျိုး မလုပ် နိုင်ဘူး။ ”
စင်မြင့်ပေါ်မှ လင်းတာအို ထွက်သွား ပြီးသည့်တိုင်၊ ရုတ်ရုတ် သဲသဲ ဖြစ်နေ ဆဲပင်။ ယခု အချိန်၌ မျိုးဆက် ဟောင်းများ အပေါ်၊ လူတိုင်းက အကောင်းမြင် လာကြ ပေသည်။
လေးနှစ် ကြာပြီးနောက်၊ အခြေခံ အုတ်မြစ် များမှာ၊ မျိုးဆက်သစ် ပါရမီရှင် များထက် ပို၍ ခိုင်မာ မည်မှာ သေချာ၏။
ဂျီဖန်းမှာ အုပ်စိုးရှင် များမှ မဟုတ် သဖြင့်၊ ချွင်းချက် ဖြစ်သွားခြင်း ပေပင်။ နန်းဂွန်း ဝမ်းယူ လီမူဘိုင်းနှင့် လင်းတာအို တို့၏ ပြိုင်ပွဲဝင် ပုံစံ များကို ကြည့်ကာ၊ ၎င်းကို နားလည် နိုင်သည်။
သူတို့က ရက်စက်စွာ ပြုမူ ပြပြီး၊ လင်းယွန်အား ပဏာမ ချန်ပီယံ ရာထူး အတွက် ယှဉ်ပြိုင်ရန် အရည် အချင်း မပြည့် မီကြောင်း၊ ဆိုနေ ပေသည်။
ရန်လောင်ဇီ တစ်ယောက် ကျေနပ်စွာ ပြုံးလိုက်၏။
“ အစ်ကိုကြီး ... ၊ ဒီလင်းတာအိုက ဘာပြောချင် နေတာလဲ။ ”
သူ့ ဘေးရှိ ဂျူနီယာ တစ်ယောက်မှ နားမလည် ဟန်ဖြင့် ရန်လောင်ဇီထံ လှည့်ကာ မေးလာ သည်။
“ ဒါက ... ရှင်းပါတယ်၊ လီမူဘိုင်းနဲ့ နန်းဂွန်းဝမ်းယူက ဓားသမား တွေမို့၊ အနိုင် မယူနိုင် တာကို လင်းယွန်က ရှင်းရှင်း လင်းလင်း သိနေ လိမ့်မယ်၊ ... ”
“ ... ဒါကြောင့် နှစ်ပွဲ အရှုံးဖြင့်၊ ပဏာမ ချန်ပီယံ ရာထူးကို စွန့်လွှတ်ရ ပေမယ့်လည်း အလွယ် တကူ နောက်တဆင့် တက်နိုင် နေတုန်းပဲ၊ ... ”
“ ... ဒါက သုံးကြိမ် ရှုံးခဲ့ ရင်တော့ မတူ တော့ဘူး၊ အဲ့ဒီ အတွက် လင်းယွန်ကို အနိုင်ယူမဲ့၊ နောက် တစ်ယောက်က၊ သူလို့ ဆိုချင် နေတာပဲ။ ”
ရန်လောင်ဇီက ပြုံးကာ ရှင်းပြ လိုက်သည်။
“ နားလည် ပါပြီ။ ”
လင်းတာအို ဆိုလို ချင်သည့် အရာကို လူတိုင်း ချက်ခြင်း သဘောပေါက်၊ နားလည် သွားသည်။
နောက်ဆုံးတွင် သုံးကြိမ် ရှုံးနိမ့် ပြီးနောက်၊ ပယင်း ရောင်ဝါ အများ ကုန်ဆုံးကာ၊ ထိပ်ဆုံး (၂၀) သို့ပင် ဝင်ရောက်ရန်၊ အခွင့် အရေး ရှိတော့မည် မဟုတ်ချေ။
“ ဒါဆို လင်းယွန် အတွက်၊ မလွယ်နိုင် တော့ဖူးပေါ့၊ ဒီလင်းတာအိုက လီမူဘိုင်းထက် အားနည်း လှတာ မဟုတ်ဘူး။ ”
“ အမှန်ပဲ၊ တစ်ခုတော့ ရှိတယ်၊ အရှုံး ပေးလိုက်ပါ၊ မဟုတ်ရင် ရိုက်နှက် ခံရပြီး၊ ချိနဲ့ သွားလိမ့်မယ်၊ အဲ့ဒီလို သာဆို ... ”
“ ... ထိပ်ဆုံး (၁၀)ဦး မပြောနဲ့၊ (၂၀) အတွင်းတောင် ရောက်လိုက်မှာ မဟုတ်ဘူး၊ ဒါကြောင့် သူကို လူပြက်လို့ ပြောရ တာ ... ။ ”
ရန်လောင်ဇီ အေးစက်စွာ ပြောသည်။ သူ့မျက်ဝန်း များတွင် အထင် အမြင် သေးခြင်း များဖြင့် ပြည့်နှက် နေပြီး၊ ကျေနပ်သည် ဖြစ်စေ မကျေနပ် သည်ဖြစ်စေ၊ လင်းယွန်မှာ သုံးကြိမ် ရှုံးနိမ့်ရ လိမ့်မည်ဟု၊ ယူဆ လိုက်သည်။
“ အဲဒီလိုရော ... ၊ ဖြစ်နိုင် ပါ့ မလား။ ”
အခြားသော တပည့်ငယ် တစ်ဦးက ပြန်မေး လာသည်။ ထို့ကြောင့် အေးစက်သော မျက်ဝန်း များဖြင့်၊ ရန်လောင်ဇီက စိုက်ကြည့် လိုက်ပြီး၊
“ ဒီအထိ ရောက်လာ ပြီးမှတော့ သူ့မှာ၊ နောက်ထပ် ဝှက်ဖဲ ဘယ်နှစ်ချပ် ကျန်သေးမယ် ထင်နေလဲ၊ ... ”
“ ... ဒီလို အမှိုက် တစ်စက၊ ငါ့ အမြင် မှားကြောင်း သက်သေပြ နိုင်မယ်လို့၊ မင်းထင် နေတာလား ဟမ့် ... ။ ”
ရန်လောင်ဇီ အသံ ကျယ်လောင်ကာ၊ အနှောက် အယှက် ဖြစ်သော်လည်း၊ အားလုံးမှ လျစ်လျူရှု ရုံသာ တက်နိုင် လေသည်။
မဟာချင် အင်ပါယာ အဖွဲ့ သားများ အတွက်မူ၊ မျက်နှာများ ပြာဝေ သွားသည်။ ရန်လောင်ဇီ စကား များကို သူတို့လည်း ကြားလိုက် ပေ၏။
“ ချေးပဲ ... ၊ ဒီကောင်က နည်းနည်း လွန်သွားပြီ၊ လင်းတာအိုက၊ အထက် တန်းစား ခုနစ်ယောက် ထဲက၊ တစ်ယောက် လေးပါ၊ ဘာများ ကြီးမြတ် နေလို့လဲ။ ”
ဖန်းယီက ဒေါသ တကြီး ရေရွတ် လိုက်သော်လည်း၊ လင်းယွန်သည် လင်းတာအို အပေါ်၊ အနိုင်ယူနိုင် လိမ့်မည်ဟု၊ သူလည်း အယုံ အကြည် မရှိပေ။
“ ထားလိုက်ပါ၊ သူတို့ မသန်မာရင် လင်းယွန်ကို ရန်စမိ တဲ့ အတွက်၊ တန်ဖိုး တစ်ခု ပေးချေ ရလိမ့်မယ်၊ နောက်ဆုံးတော့ ဒီလို စော်ကားမှုမျိုး ဘယ်သူက ခံမှာလဲ။ ”
-ဟု လူတိုင်းကို နှစ်သိမ့်ပေး လိုသော အမူအရာဖြင့်၊ စီရွှယ်ယီက ဆိုသည်။ သို့သော် လူတိုင်း စိတ်သက်သာရာ မရ ခဲ့ချေ။
“ လင်းယွန် ... ၊ မင်းက ဘာလို့ ဘာမှ မပြော ရတာလဲ။ ”
ဖန်းယီက စိုးရိမ်တကြီး လှမ်းပြောသည်။
“ သူတို့ရဲ့ အမြင် တွေက အမှန်ပဲလို့၊ မင်းထင် နေတာလား။ ”
ကဲ့ရဲ့ ရှုံ့ချ ခြင်းသည် အချည်း အနှီးသာ ဖြစ်ကြောင်း၊ မကြာခင် သိလာကြ ပေလိမ့်မည်။ တစ်ယောက် ယောက်က သူ့အား၊ စော်ကားလို ပါလျှင်၊ ထိုသူအား သတ်လိုက် ရုံသာ ရှိ၏။
ထို့နောက်တွင် လင်းယွန်၏ ပွဲစဉ်များ မလာမချင်း၊ မဟာချင် အင်ပါယာ အဖွဲ့သားများ နေထိုင်ရာ ပတ်ဝန်းကျင်၌၊ ငြိမ်သက်သွား တော့သည်။
“ ပထမ အုပ်စု၊ ဝူရှောင်ရှင်းနဲ့ ဂျီဖန်း။ ”
ဂျီဖန်းမှာ လင်းယွန်ကို ရှုံးနိမ့်ထား သော်လည်း၊ ယခင် ပြိုင်ပွဲ၌ အဆင့် (၁၀)တွင် ရပ်တည် ထားနိုင်သည်။
ထို့ပြင် အဆင့် (၈)၌ ရှိသော ဂျူးချန်ကို အနိုင်ယူ ထားပြီး၊ ဝှက်ဖဲ အချို့ကို ဆက်လက် ထိန်းသိမ်း ထားနိုင်သည်။
တစ်ဖက် တွင်မူ ဝူရှောင်ရှင်းမှာ၊ အဆင့် (၁၇) တွင်သာ ရပ်တည် ထားနိုင် သော်လည်း၊ ရှုံးပွဲ မရှိ သေးချေ။
စင်မြင့်ပေါ် လှမ်းကြည့် လိုက်သော၊ ဝူရှောင်ရှင်း၏ မျက်ဝန်း များတွင်၊ တိုက်ပွဲဝင် ဆန္ဒများ၊ တဖွားဖွား ဖြစ်ပေါ် လာသည်။
“ အိုး ... ၊ မင်းက ငါနဲ့ တိုက်ခိုက်ဖို့၊ အရည်အချင်း ရှိတယ်လို့ ထင်နေ တာလား၊ ဝူရှောင်ရှင်း ... မင်း ထိပ်ဆုံး ဆယ်ယောက်ထဲ မဝင် နိုင်ရတဲ့ အကြောင်း ရင်းက၊ ရှောင်စီယီ ကြောင့် မဟုတ်ဘူး၊ မင်းကိုယ်တိုင် အရည် အချင်း မပြည့်မီ လို့ပဲ။ ”
“ ဒီတိုက်ပွဲ ပြီးရင် ... ၊ ငါ့မှာ အရည်အချင်း ရှိ-မရှိ မင်းပါ သိလိမ့်မယ်။ ”
ဝူရှောင်ရှင်းက ပြုံးကာ တုန့်ပြန် လိုက်သည်။
“ ဟား ဟား ဟား၊ မင်း တကယ် စိတ်ပျက်သွား လိမ့်မယ်၊ သေချာပေါက် မင်း ငါ့ကို၊ ကျော်ဖြတ် နိုင်မှာ မဟုတ်ဘူး။ ”
လင်းယွန်ကို ရှုံးပြီးနောက် သူ့ကိုယ်သူ ပြန်အဖက် ဆယ်ရန်၊ သန်မာသော ပြိုင်ဘက် များအား၊ မျှော်လင့် နေခဲ့သည်။
ထို့ကြောင့် ဝူရှောင်ရှင်းနှင့်၊ စတင်ရန် ကြံရွယ်လိုက် တော့သည်။ ရှေ့ လှမ်း တက်ပြီး၊ လက်ဖဝါး တစ်ချက် ပို့လွှတ် လိုက်၏။
ဤသည်မှာ ‘ကောင်းကင်ဘုံ မီးလက်ဝါး နည်းစနစ်’ ဖြစ်သည်။
“ ချိုး ဖြတ် စမ်း ... ။ ”
သို့သော် ဝူရှောင်ရှင်းက မထီမဲ့မြင် ပြုကာ၊ ပြုံးလျက် ရှေ့တစ်လှမ်း တိုး လိုက်သည်။
“ မိုး နှင်း မြူ ... ။ ”
စင်ပေါ်သို့ နှင်းမိုးများ ရွာကျ နေစဉ်၊ ဂျီဖန်းက ထပ်မံ တိုက်ခိုက် လိုက်သည်။ နှင်းမိုး များ ထဲတွင်၊ ကျောက်တုံး ကျောက်ခဲ များကို အလွယ်တကူ၊ လောင်ကျွမ်း စေနိုင်သော၊ သန့်စင်သည့် မီးတောက်များ ပါ၀င်သည်။
ထိုမီးတောက် ထဲတွင်၊ မီး ရည်ရွယ်ချက် တွဲလျက် ပါရှိ နေသဖြင့်၊ ကြောက်စရာ ကောင်းလှ ပေ၏။
ချက်ချင်းပင် ဝူရှောင်ရှင်း၏၊ အဝတ် အစားများ မီးစွဲလောင် ကုန်ကာ၊ ခန္ဓာ ကိုယ်ကို ဖုံးအုပ် ထားသော၊ မူလ စွမ်းအင်တွင် အပေါက်များ ဖြစ်ပေါ် လာစေသည်။
“ ဝိညာဉ် သုတ်သင်ခြင်း စင်မြင့်။ ”
သို့သော် ဝူရှောင်ရှင်းက ထိတ်လန့်ခြင်း မရှိဘဲ၊ ကြက်သွေးရောင် ကွပ်မျက်ရေး စင်မြင့် အဖြစ်သို့၊ ဖွဲ့တည် လိုက်သည်။
“ ဟိတ် ... ။ ”
ထို့နောက် ကြမ်းကြုတ်သော အပြုံး တစ်ပွင့်ဖြင့် ကြုံးဝါးသံ ပြုကာ၊ ဂျီဖန်းကို တုန့်ပြန် လိုက်သည်။
ထိုးနှက်ချက် တိုင်းတွင်၊ ဝူရှောင်ရှင်း၏ ကြက်သွေးရောင် ကွပ်မျက်ရေး စင်မြင့်မှာ၊ ပို၍ သန့်စင် လာ ခဲ့သည်။
များ မကြာမီ၊ စကြာဝဠာ လက်ရာ နီးပါး၊ ကြောက်မက်ဖွယ် ကောင်းသော ကွပ်မျက်ရေး စင်မြင့်ကြီး၊ ဖြစ်တည် လာသည်။
သူ၏ တိုက်ခိုက်မှု များက၊ ဂျီဖန်းကို နောက်သို့ တွန်းပို့ နိုင်ခဲ့ပြီး၊ အသက်ရှု မဝသည် အထိ၊ ဖိနှိပ် ပစ်လိုက်သည်။
“ လုံလောက်ပြီ။ ”
ဂျီဖန်း က အော်ငေါက် လိုက်ပြီး၊ ကောင်းကင် ပေါ်ရှိ တိမ်မီးတောက် များကို ရှေးဟောင်း စစ်သင်္ဘောကြီး တစ်စင်း အသွင်၊ ဖွဲ့စည်း လိုက်သည်။
မီးသင်္ဘော ကြီးက၊ ကြက်သွေးရောင် ကွပ်မျက်ရေး စင်မြင့် ကြီးနှင့် ထိပ်တိုက်တွေ့ သွားပြီး၊ ပေါက်ကွဲမှုများ ဖြစ်ပေါ် လာတော့ သည်။
ကြောက်မက်ဖွယ် ကောင်းသော တွေ့ဆုံမှု အပြီးတွင်၊ ဂျီဖန်းက တည်ငြိမ်အောင် သူ့ကိုယ် သူ၊ ပြန်လည် ထိန်းနိုင် ခဲ့သည်။
“ ကောင်းကင်ရဲ့ ဒေါသ ... ။ ”
လက်ဦးမှုကို ရယူကာ၊ ဝူရှောင်ရှင်းအား နောက်ထပ် တစ်ကြိမ် ချိုးနှိမ်ရန် ကြိုးစား လိုက်သည်။
မီးတောက်လောင် နေသော အတောင်ပံ တစ်စုံ ထွက်ပေါ် လာပြီး၊ သူ့အား ရုတ်တရက် လေထဲ ပင့်တင် ပေးလာ၏။
“ ဝှစ် ... ။ ”
အတောင်ပံများ ခတ်ချ လိုက်သည်နှင့်၊ စင်မြင့် တစ်ခုလုံး မီးလျှံများ ဖုံးလွှမ်း သွားကာ၊ ကောင်းကင် အနှံ့ မီးပင်လယ်ကြီး ဖြစ်ပေါ် လာသည်။
ဂျီဖန်းမှ သူ့ ပြိုင်ဘက်အား အဆုံးသတ် နိုင်ပြီဟု၊ တစ်ယောက် ထင်လိုက် ချိန်တွင်၊ ကြက်သွေးရောင် အလင်းများ ကောင်းကင်ပေါ် ပျံတက် လာသည်။
ယင်းက မီတာ (၃၀၀) ခန့် ရှည်လျားသော စပါးအုံး မြွေကြီး ကိုးကောင် အဖြစ်သို့ ပေါင်းစပ် သွား၏။
ထိုမြွေများကို ရှောင်တိမ်းရန် ပြင်နေချိန် မှာပင်၊ ပြိုင်ဘက်၏ လက်သီး များက သူ့အား ထိမှန် လာသဖြင့်၊ သွေးတစ်လုတ် အန်လျက် ကောင်းကင်မှ ပြုတ်ကျ သွားတော့သည်။
“ အနိုင် ရသူ ... ဝူရှောင်ရှင်း။ ”
ဒိုင် အဖိုးအိုက ရလဒ်ကို ကြေညာ ပြီး သည်နှင့်၊ ဂျီဖန်း၏ ပယင်း ရောင်ဝါ တစ်ဝက်ကို ပေးလိုက်ရ တော့သည်။
“ ဟား ဟား ဟား ... ။ ”
ကျောက်စိမ်းပြားထဲ စီးဝင် လာသော၊ ပယင်းရောင်ဝါ များကို ကြည့်ကာ၊ ဝူရှောင်ရှင်း တစ်ယောက် အော်ဟစ် ရယ်မော လာလေ သည်။
“ ဟား ဟား ဟား ၊ ထိပ်ဆုံး ဆယ်ဦး စာရင်း ဝင်ဖို့၊ ဘယ်သူက အရည်အချင်း မပြည့်မီ သေးတာလဲ ဆိုတာ၊ မင်း မြင်ပြီ မဟုတ်လား အမှိုက်ကောင် ... ။ ”
ကြမ်းပြင် ပေါ်တွင် လဲလျောင်း နေသော ဂျီဖန်းကို အထင် အမြင် သေးစွာဖြင့် ကြည့်ကာ၊ ဆိုလိုက်သည်။
သတ်ဖြတ်ခြင်း လမ်းစဉ်ကို လိုက်ပြီးနောက်၊ ရန်ငြိုးဖွဲ့ လက်စားချေ တက်လာ သည်မှာ သူ၏ ဗီဇ ပေပင်။
မောက်မာ တက်သော ဂျီဖန်း အတွက်၊ မောက်မာခြင်း ဟူသော ဝေါဟာရအား၊ အပြည့် အဝ နားလည်ရန်၊ သင်ပေး ရပေမည်။
***