သေချာ ပါတယ်။
Vol. 57 Ch. 796
ဤပွဲတွင် ဂျီဖန်း တစ်ယောက် ကံဆိုးနေ သည်ကို ဝန်ခံရ ပေမည်။ လင်းယွန်ကို ရှုံးနိမ့်ခဲ့ သော်လည်း၊ သူ့အား အရှက်မခွဲ ခဲ့ချေ။
အထက် တန်းစား တစ်ဦး အနေဖြင့်၊ သူ့အောက်ရှိ လူတိုင်းကို အမြဲ အထင် အမြင် သေးစွာ၊ ရှုမြင် ဖူး၏။
ထို့ကြောင့် ဝူရှောင်ရှင်း၏ အရှက်ခွဲ ခြင်းကို၊ ပြန်ခံရ သည်မှာ သဘာဝ ပေပင်။ ရှုံးနိမ့် ပြီးနောက် လုပ်နိုင်စရာ မရှိ တော့ချေ။
“ ဝူရှောင်ရှင်းက မရိုးရှင်းဘူး၊ ထင်ထား တာထက် အများကြီး ပိုသန်မာတယ်၊ တိုက်ပွဲက အန္တရာယ် ရှိပုံ ရပေမယ့်၊ သူ့ ဝှက်ဖဲ ကိုတောင် ထုတ်မသုံး ခဲ့ဘူး။ ”
“ ငါ့ အမြင် အရတော့ ... ၊ ဂျီဖန်းရဲ့ ခွန်အားက သူ့အဆင့် အတန်းနဲ့၊ မကိုက်ညီ ဖူးလို့ ခံစား ရတယ်၊ သူက လင်းယွန်တင် မဟုတ်ဖူး၊ ဝူရှောင်ရှင်း ကိုပါ ရှုံးခဲ့တယ်။ ”
“ အိုး ... ဒါတော့ အမှန်ပဲ၊ သူက အထက်တန်းစား ခုနစ်ပါးကို အရှက် ရစေတဲ့၊ လူ တစ်ယောက် ဖြစ်နေပြီ။ ”
“ အိမ်ဖြည့် တစ်ယောက်လို ပေါ့ ... ။ ”
ထိုစကား များက၊ စင်မြင့် ပေါ်မှ ဆင်းလာသော ဂျီဖန်း မျက်နှာကို မည်းမှောင် သွားစေ ခဲ့သည်။
အထက် တန်းစား ခုနစ်ပါး အနက်၊ တစ်ပါးဖြစ် သဖြင့်၊ ဤသို့ ခေါ်ဆို ကြခြင်းမှာ၊ အလွန်များ သွား ပေပြီ။
နောက်ဆုံးတွင် ဂျူးချန်ကို အနိုင်ယူ ထားသည်။ သူ့ အနေဖြင့် အားနည်း လှသည် မဟုတ်ဘဲ၊ ပြိုင်ဘက်များ ကသာ သန်မာ နေခြင်း ဖြစ်၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာ ပြီးနောက်၊ မွန်းတည့် နေက လူတိုင်း အပေါ် ထိုးကျ လာသည်။
ရုတ်တရက် အော်ဟစ် အားပေး သံများ ကျယ်လောင် လာသဖြင့်၊ လင်းယွန်က ခေါင်း မော့ကာ၊ ဒုတိယ အုပ်စု စင်မြင့်ထံ လှမ်းကြည့် လိုက်သည်။
“ ချင်ရို့ယူ လား။ ”
၎င်းနှင့် ပတ်သတ်၍၊ စိတ်ဝင် စားခြင်း မရှိ သောကြောင့်၊ ပွဲစဉ် တိုင်းကို လျစ်လျူရှု ခဲ့သည်။ လူ အများက သူမ၏ ရင်သပ် ရှုမောဖွယ် အလှ တရားကို၊ သဘောကျ သဖြင့် အားပေး ခဲ့သော်လည်း၊ ယွဲ့ဝေဝေကို မမှီချေ။
ထို့ကြောင့် ပွဲစဉ်တိုင်း ယွဲ့ဝေဝေ သည်သာ၊ ဘုရင်မ ဖြစ်လာ ခဲ့သည်။ လင်းယွန်က အကြည့် ပြန်ရုတ် တော့မည့် အချိန်တွင်၊ ယွဲ့ဝေဝေနှင့် တစ်အုပ် စုတည်း ဖြစ်နေ သည်ကို၊ သတိရ သွားသည်။
“ နည်းနည်းတော့ ကြည့်သင့်တယ် ထင်တယ်။ ”
အတွေးပေါက် သွားပြီး၊ ဆက်ကြည့်နေ လိုက်သည်။ သူမ ပြိုင်ဘက်မှာ အဆင့် (၂၀) ရှိ၊ မြောက်ပိုင်း နှင်းစံအိမ်မှ ရှုဝမ်းဘင် ဖြစ်၏။
ရှန်ရှင်းဓား ရည်ရွယ်ချက်ကို အလယ် အလတ် ကျွမ်းကျင်မှု အထိ၊ နားလည်ထား သောကြောင့်၊ မြောက်ပိုင်း နှင်းစံအိမ်က သူ့ အပေါ်၊ ကြီးကြီး မားမား မျှော်လင့် လေသည်။
ချင်ရို့ယူ အဆင့်မှာ သူ့ထက် နိမ့်ပေ၏။
“ မင်းရဲ့ ခွန်အားကို ... ငါ ကောင်းကောင်း သိတယ်။ ”
ရှုဝမ်းဘင်က ပြုံးကာ ဆိုလိုက်သည်။
“ ငါ လည်း ... ၊ မင်းရဲ့ ခွန်အားကို သိတယ်၊ မင်းက သူတို့ထင် သလောက် မသန်မာ ပါဘူး။ ”
ချင်ရို့ယူမှ ချက်ချင်း တုန့်ပြန် လိုက်သည်။
“ ဖြစ်နိုင် ပါတယ်။ ”
ရှုဝမ်းဘင်က ဒေါသ မထွက် သော်လည်း၊ အကြည့်များ စူးရှ သွားသည်။ ဓားကို ဆွဲကာ ချက်ချင်း တိုက်ခိုက် လိုက်၏။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ချင်ရို့ယူ ရှေ့ရောက်ရှိ သွားပြီး၊ ပြင်းထန်စွာ ခုတ်ပိုင်းပစ် လိုက်သည်။
“ မရဏ လမင်း၏၊ စွမ်းအင်။ ”
ဓားမရောက် လာခင်၊ ချင်ရို့ယူက တံဆိပ်များ ထုတ်ဖော်ကာ၊ ခရမ်းရောင် လမင်း တစ်စင်းကို၊ ဆင့်ခေါ် လိုက်၏။
“ ဗုန်း ... ။ ”
တိုက်ခိုက်မှု နှစ်ခု ထိပ်တိုက်တွေ့ သွားသည်နှင့်၊ ဓား ရောင်ခြည်များ ပေါက်ကွဲ လာသည်။
“ ထပ် လာ ဦး မယ် ... ။ ”
ရှုဝမ်းဘင်က တောင်နှင့် မြစ် များကို ချေမှုန်းနိုင်သော နဂါးကြီး တစ်ကောင် ကဲ့သို့ ပျံသန်း လာပြီး၊ ဓားဖြင့် နောက်တစ်ကြိမ် ခုတ်ချ လိုက်သည်။
သူ၏ ဓားရေးသည် လီမူဘိုင်းနှင့် အနည်းငယ် ဆင်တူ၏။ ထို့ကြောင့် လူများ စွာက၊ စိတ်လှုပ်ရှား လာကြသည်။
ချင်ရို့ယူ ခန္ဓာကိုယ် တစ်ခုလုံး မြူ များဖြင့် မှိန်ဖျော့ လာပြီး၊ ခရမ်းရောင် လ ရောင်ခြည်များ ရိုက်ခတ် နေစဉ်၊ ၀တ်ရုံစမှာ လေထဲ လွင့်ပျံ လာသည်။
သူမ၏ တိုက်ခိုက်မှု များက၊ ပျော့ပြောင်း သော်လည်း၊ ရှုဝမ်းဘင်၏ ပြင်းထန် လွန်းသည့်၊ တိုက်ခိုက်မှု များကို၊ ပယ်ထုတ် နိုင်ခဲ့သည်။
ဆယ်ကြိမ်ခန့် ဖလှယ်လိုက် ကြ ပြီးနောက်၊ ရှုဝမ်းဘင် တစ်ယောက်၊ လုံးလုံး လျားလျား ဖိနှိပ် ခံလိုက် ရပြီး၊ ကောင်းကင်ရှိ ခရမ်းရောင် လမင်းမှာ၊ အနည်းငယ် လှုပ်ရှား လာ၏။
အချက် အလက်များ အရ၊ ရှုဝမ်းဘင် ရှုံးသွားပြီ ဖြစ်ကြောင်း၊ လင်းယွန်က ချက်ချင်း သိလိုက်သည်။
“ ငါ့ရဲ့ မူလ စွမ်းအင် ... ။ ”
ရုတ်တရက် မူလ စွမ်းအင် များမှာ၊ ဆုတ်ယုတ် သွားကြောင်း၊ ရှုဝမ်းဘင်မှ သတိ ထားမိ လာသည်။
ထို့ကြောင့် မျက်နှာ ပြောင်းလဲ သွားပြီး၊ ကောင်းကင်ပေါ် ခုန်တက်ကာ ခရမ်းရောင် လမင်းအား ဓားဖြင့် ပိုင်းချ လိုက်သည်။
“ လရောင် အောက်မှာ ... ၊ ဘာကိုမှ ဖုံးကွယ် ထားလို့ မရ ပါဘူး၊ နင် နောက်ကျ သွားပြီ။ ”
လမင်းကို ရှုဝမ်းဘင်ထံ၊ ညွှန်ပြ ခဲ့သော ချင်ရို့ယု၏ မျက်လုံး များ၌၊ အလင်း တန်းများ တောက်ပ လာသည်။
ဓား ရောင်ခြည်များ ပေါက်ကွဲ သွားပြီး၊ ရှုဝမ်းဘင် ပခုံးမှ သွေးများ ပန်း ထွက်ကာ၊ ကောင်းကင်မှ ပြုတ်ကျ လာ၏။
“ ချင်ရို့ယူ ခွန်အားက ထိပ်ဆုံး ဆယ်ယောက်ကို ယှဉ်နိုင် ပုံရတယ်။ ”
ဤအောင်ပွဲသည် ချင်ရို့ယူ၏ ကျော်ကြားမှုကို အဆင့် သစ်သို့ ပြန်လည် ယူဆောင် လာခဲ့သည်။
အားပေးသံ များကို လက်ခံ ယူပြီး၊ ချင်ရို့ယူက ယွဲ့ဝေဝေထံ တစ်ချက် လှမ်းကြည့် သည်။
ယင်းကို သတိထား မိလိုက်သော လင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။ ယွဲ့ဝေဝေအား နှိပ်စက် ပြကာ၊ သူ့ကို လက်စား ချေရန်၊ စဉ်စား နေပုံ ရ၏။
ချင်ရို့ယူ၏ ညစ်နွမ်းသော နှလုံးသား အရ၊ ၎င်းကို မလုပ်ဟု မပြော နိုင်ချေ။ ပြိုင်ပွဲ များက ဆက်သွား နေပြီး၊ လင်းယွန် ပါရှိသော စတုတ္ထ အုပ်စုသည်၊ လူတိုင်း၏ အာရုံစိုက် မှုကို ရရှိ ထားသည်။
ဤမြင်းနက်၏ နိုင်ပွဲကို မည်သူမှ၊ ရပ်တန့် နိုင်မည်ဟု၊ စိတ်ဝင် တစား ထင်ကြေး ပေးလာ ကြ၏။
ဆက်တိုက် အနိုင်ရ လာသဖြင့်၊ သူ၏ နဂါးပုံရိပ်မှာ နှစ်ဆယ့် တစ်မီတာ အထိ တိုးလာ ခဲ့သည်။
(၁၇) ကြိမ်မြောက် တိုက်ပွဲကို အနိုင်ရ ပြီးနောက်၊ နဂါး အလျားမှာ၊ (၂၄) မီတာသို့၊ ရောက်ရှိ လာပြီ ဖြစ်သည်။
သူ့ နဂါးမှာ ပုံရိပ်ယောင် မျှသာ မဟုတ် တော့ဘဲ၊ ဘုရင် သုံးပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့ကို လိုက်မီ လာသည်။
နဂါး အငွေ့ အသက်များ အားကောင်း လာပြီး၊ သူ့ခန္ဓာ ကိုယ်ကို အာဟာရ ဖြည့်ပေး သဖြင့်၊ ကုန်ဆုံး သွားသော မူလ စွမ်းအင်များ ပြန်လည် ရရှိရန်၊ တရားထိုင် နေစရာ မလို တော့ချေ။
“ နဂါး ပုံရိပ်က တကယ့်ကို လေးနက် လာပါလား။ ”
ချန်ပီယံ ဖြစ်ပါက၊ အကျိုး ကျေးဇူး မည်မျှ ရှိမည်ကို သိချင် သွားသည်။ စင်ပေါ်မှ ဆင်းလိုက် သည်နှင့်၊ သူ့အား စောင့်ကြည့် နေသော လူများမှာ၊ စိတ်ပျက် ကုန်၏။
သူတို့ အားလုံးက လင်းယွန်မှ လင်းတာအို အပေါ်၊ တစ်စုံ တစ်ရာ ပြန်လည် တုန့်ပြန် လိမ့် မည်ဟု၊ ယူဆ နေကြခြင်း ဖြစ်သည်။
သို့သော် လင်းယွန်က သူ့ ဒေါသကို ထုတ်ဖော်ရန် ရည်ရွယ်ချက် မရှိဘဲ၊ ပြန်ဆင်း သွားခဲ့သည်။
နောက်ဆုံးတွင် နန်းဂွန်း ဝမ်းယူနှင့်၊ လီမူဘိုင်းတို့ သည်သာ၊ သူတို့၏ ဓား ရောင်ဝါ များဖြင့်၊ ပုံရိပ်ကို မြှင့်တင် လာခဲ့ ကြသည်။
“ ဟမ့် ... ၊ စိတ်ပျက်စရာပဲ လင်းယွန်က ဘာမှ မတုန့် ပြန်ဖူးလား။ ”
“ သေစမ်း ဒီလင်းတာအိုရဲ့ ... ၊ လုပ်ရပ်ကို ငြိမ်ခံ စရာလား။ ”
“ လင်းယွန်ရဲ့ အခြေခံ အုတ်မြစ်က အားနည်း နေသေးတယ်၊ ဒါပေမယ့် သုံးကြိမ်ရှုံး ခဲ့ရင်တောင်၊ နောက်တစ်ဆင့် တက်နိုင် ပါတယ်၊ တစ်ခုပဲ ပယင်း ရောင်ဝါ ဆုံးရှုံး သွားလိမ့်မယ်။ ”
လူ အများက စိတ်မကောင်း စွာဖြင့် သက်ပြင်းချ လိုက်ကြသည်။ ထိုအချိန်တွင် ယန် နန်းတော်၏ တပည့် များမှာ၊ ပြန်လည် ပြုံးရယ် လာကုန်၏။
“ ငါတို့ အစ်ကိုကြီးက၊ လင်းယွန်ကို သတိ ပေးနိုင် ခဲ့ပုံပဲ။ ”
“ ဒါပေါ့ သူက ဘာများ လုပ်နိုင်ဦး မှာလဲ၊ ချင်းယန်လို ကောင်လေးကို အနိုင်ယူ နိုင်တာ နဲ့ပဲ၊ စီနီယာ အစ်ကိုကြီးကို ယှဉ်နိုင် မယ်လို့ ထင်နေရင်၊ မှားသွား မှာပေါ့။ ”
လင်းယွန်မှ ပြန်လည် တုန့်ပြန်ခြင်း မရှိသည်ကို မြင်သော အခါ၊ လင်းတာအိုက ကျေနပ်စွာ ပြုံးလိုက်သည်။
အကယ် ၍သာ လင်းယွန်ဖြင့် တိုက်ခိုက် ရမည် ဆိုပါက၊ နန်းကုန်း ဝမ်းယုနှင့်၊ လီမူဘိုင်း တို့ သည်သာ အကျိုးရှိ သွားမည် ဖြစ်ပြီး၊ ပဏာမ ချန်ပီယံ ရာထူးကို ဆုံးရှုံး နိုင်လေသည်။
ထို့ကြောင့် လင်းယွန်ကို သတိပေး လိုက်ခြင်းသည်၊ မှန်ကန်သော လုပ်ရပ် ဖြစ်လာ တော့၏။
လင်းယွန်က ခေါင်းယမ်း လိုက်သည်။ ထက်ရှသော သူ့ အာရုံကြောင့်၊ လူတိုင်း၏ စကားကို ကြားနိုင်သည်။
“ လင်းယွန် ... ၊ အုပ်စု ချန်ပီယံ ရာထူး အတွက်၊ စွန့်လွှတ် လိုက်လည်း အဆင်ပြေ ပါတယ်၊ သခင် (၁၃)နဲ့ နန်းတော် သခင် ရှိနေ ရင်တောင်၊ ... ”
“ ... မင်းရဲ့ လက်ရှိ အောင်မြင်မှု နဲ့တင်၊ ကေျနပ်ကြ ပါလိမ့်မယ်၊ ကိုယ့်ကိုကိုယ် အရမ်း ဖိအား မပေး ပါနဲ့။ ”
ဤသည်မှာ ဓားနန်းတော် ဖြစ်၏။ ကာကွယ်သူ မက်မွန်၏ နွေးထွေးသော အပြုံး တစ်ပွင့်က၊ လင်းယွန်အား ငိုင်တွေ သွားစေ သည်။
ပါးစပ် ဟလိုက် သော်လည်း၊ ပြောစရာ စကား လုံးများ ပျောက်ဆုံးကုန် သဖြင့်၊ ပြန်ပိတ် လိုက်သည်။
အနှေးနှင့် အမြန် ဆိုသလို၊ ယင်းကို သိကြ ပေမည်။ ပွဲစဉ်များ မကျန်တော့ သဖြင့်၊ ၎င်းတို့ သုံးဦးနှင့်၊ ရင်ဆိုင်ရန် သိပ်မလို တော့ချေ။
များမကြာခင် ဒိုင် အဖိုးအို၏ အသံက၊ ထိုအတွေးကို အတည်ပြု လာတော့၏။
“ စတုတ္ထ အုပ်စု ပွဲစဉ်၊ လင်းယွန်နဲ့ လင်းတာအို။ ”
သူ့ ကြေငြာသံ ဆုံးသည်နှင့်၊ ရုန်းရင်း ဆန်ခတ် ဖြစ်ပွား လာပြီး လူအုပ် ကြီးက၊ လင်းယွန်ထံ လှည့်ကြည့် လာကြသည်။
ယုဟိုရှင်း၊ ရန်လောင်ဇီနှင့် ကျန်သူများ သည်လည်း၊ လင်းယွန်ထံ မျှော်ကြည့် လိုက် ကြ၏။
နောက်ဆုံးတွင် ရှုံးပွဲ မရှိ ဟူသော လင်းယွန်၏ ခရီးစဉ်မှာ၊ ရပ်တန့်သွား ရ တော့မည် ဖြစ်သည်။
လင်းတာအိုက ပြုံးတုံ့တုံ့ အမူ အရာကို ထိန်းလျက်၊ ရလာဒ်ကို၊ ကြိုသိ ထား သကဲ့သို့၊ ငံ့မျှော် နေသည်။
သို့သော် လင်းယွန်က ပျံသန်း သွားပြီး၊ စင်မြင့် ပေါ်သို့ ညင်သာစွာ ဆင်းသက် လိုက် တော့သည်။
လင်းတာအို၏ ပြုံးစစ အမူ အရာမှာ၊ ပြောင်းလဲ သွားပြီး၊ ဒေါသ တကြီးဖြင့် အံကြိတ် မေးမြန်း လိုက်၏။
“ လင်းယွန် ... ၊ မင်းက ငါ့နဲ့ ယှဉ်ပြီး၊ ချန်ပီယံ နေရာ အတွက် ပြိုင်ပွဲ ဝင်ချင်တာ သေချာလား။ ”
“ သေချာ ပါတယ် ... ၊ ဒါပေမယ့် မင်းမှရယ် လို့တော့ ... ၊ မဟုတ် ပါဘူး။ ”
ဤသည်မှာ အမှန်ပင် ဖြစ်၏။ အုပ်စု ချန်ပီယံ ဖြစ်ရန်၊ ရည်မှန်း ထားပြီး ဖြစ်သဖြင့်၊ လင်းတာအိုမှ မဟုတ်၊ မည်သူ မဆို သူ့ လမ်းတွင် ရပ်ခွင့် မရှိ တော့ချေ။
***