← Chapters

ငါ့ကို သတ်ချင် လို့လား။

Vol. 57 Ch. 797

ငါ့ကို သတ်ချင် လို့လား။

Vol. 57 Ch. 797

လင်းတာအို၏ မျက်နှာရှိ၊ အပြုံးများ ပျောက်ကွယ် သွားပြီး၊ ငရဲမှ တက်လာသော အသူရာ တစ်ပါး ကဲ့သို့၊ ပြောင်းလဲ သွားသည်။

ဤအခိုက် အတန့်တွင် ပြင်းပြသော အပူလှိုင်း တစ်ခုက လူအုပ်ပေါ် လွှမ်းခြုံ လာ၏။ ထိုင်ခုံမှ ထရပ်ကာ စင်မြင့်ဆီ၊ ပျံသန်း သွားလိုက်သည်။

လင်းယွန် အပေါ်၊ လူအုပ်က စာနာ နားလည် ပေးနိုင် ကြသည်။ မည်သူ မဆို သုံးပွဲ တိတိ၊ အရှုံး မပေး ချင်ချေ။

ဓားသမား အချင်းချင်း အနိုင် မယူ နိုင်သည်မှာ သေချာ ပါက၊ လင်းတာအို အပေါ်သာ၊ ကံစမ်း ရမည် ဖြစ်၏။

လင်းယွန်မှ အရှုံးပေး မည်ဟု၊ ယုံကြည် နေမိသော လင်းတာအို အတွက်လည်း၊ ရှက်ရွံ့ သွားကြောင်း၊ နားလည် နိုင်သည်။

စင်မြင့်ပေါ် ဆင်းသက် လိုက်ပြီး၊ အပူလှိုင်းများ ပျောက်ကွယ်သွား မှသာလျှင်၊ ပရိသတ်များ သက်သာရာ ရကုန်၏။

“ မင်းက ချန်ပီယံ နေရာ အတွက် တကယ် တိုက်ပွဲ ဝင်နိုင် မယ်လို့၊ ထင်နေ တာလား။ ”

လင်းတာအိုက တစ်ဖက်လူ စကား များကို လုံးဝ မယုံ ကြည်ခေျ။ သူ့အမြင် အရ၊ ရှုံးပွဲ (၃) ပွဲအား ရှောင်ရှား ဖို့ရန်၊ ကြိုးစား နေခြင်းသာ ဖြစ်သည်။

“ ဘာလို့ မဖြစ်နိုင် ရမှာလဲ။ ”

လင်းယွန်က မျက်ခုံး ပင့်ကာ ပြန်မေးသည်။ ထို့ကြောင့် လင်းတာအို တစ်ယောက် ခဏတာ အံ့အားသင့် သွားကာ၊ အော်ဟစ် ရယ်မော လိုက်ပြီး၊

“ ဟား ဟား ဟား ... ၊ အမှိုက် တွေကို လှဲကျင်း နိုင်တာ နဲ့ပဲ၊ မင်းကိုယ်မင်း အောင်မြင် မယ်လို့ ထင်နေ တာလား၊ ငါ့ အမြင်မှာ၊ မင်းက အရည် အချင်း မပြည့်မီ သေးပါဘူး။ ”

“ ငါက အရည်အချင်း အပြည့်မီ ဖူးလား၊ ... ”

လင်းယွန်က လင်းတာအိုကို တစ်ချက် ကြည့်ပြီး၊

“ ... ဒါဆို ငါ မင်းကို အရင် ဖြုတ်ချ ရလိမ့်မယ်။ ”

-ဟု ဆိုလိုက်သည်။

ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်စဉ်၊ လင်းယွန်၏ မျက်လုံးများ ထဲမှ၊ ထက်ရှသော ဓား တစ်လက် ထွက်လာသည်။

“ ဟား ဟား ဟား ... ။ ”

လင်းတာအိုက အေးစက်စွာ ရယ်မော လိုက်ပြီး၊

“ မောက်မာ တက်တဲ့ လူတွေ အများကြီး၊ ငါတွေ့ဖူး ခဲ့တယ်၊ ဒါပေမယ့် မင်းလောက် အောက်ခြေ လွတ် နေတဲ့ လူမျိုး၊ ငါ တစ်ခါမှ မတွေ့ ဖူးဘူး၊ အိပ်မက် မက်နေတာ တွေကို ရပ်လိုက်ပါ၊ ဒီပွဲက မင်းရဲ့ အိမ်မက်ကို ပုတ်နှိုး ပေးပါ လိမ့်မယ်။ ”

လင်းတာအိုက ပြုံးပြီး၊ အရှိန် အဝါများ မီးတောင် တစ်လုံး ကဲ့သို့၊ ပေါက်ခွဲ ပစ်လိုက် သည်။

“ ဘယ်လောက်တောင် မြန်လိုက်လဲ။ ”

လင်းယွန် မျက်လုံးပြူး သွား၏။ လင်းတာအို တိုက်ခိုက် မှုမှာ လျင်မြန် ရုံသာ မကဘဲ၊ လွှမ်းမိုး နိုင်စွမ်း ရှိချေပြီ။

ထို့ကြောင့် ရွှေကျီးကန်း တံဆိပ် ထုတ်ပေါ် လိုက်ကာ တုံ့ပြန် လိုက်ရသည်။ တိမ်ပေါ် တက်လှမ်း ခြင်းသည် ဝှက်ဖဲ ဖြစ်ပြီး၊ မလိုအပ် ပါက ၎င်းကို ထုတ်မပြ ချင်ချေ။

ခန္ဓာကိုယ်ကို လက်မ ဝက်ခန့် တိမ်းပြီး၊ ပြင်းပြသော အပူလှိုင်း များကို ရှောင်ရှား ပစ် လိုက်သည်။

ထို့ကြောင့် ဝင်ရောက် လာသော မီးတောက် များက၊ သူ့အား ဖြတ်ကျော် သွားကာ၊ ပေါက်ကွဲ သွား ခဲ့သည်။

တစ်ချိန်တည်း မှာပင် လင်းတာအို၏ လက်သီးက လင်းယွန်ထံ ရောက်ရှိ လာသည်။ ရက်စက် ကြမ်းကြုတ် လွန်းသော တိုက်ခိုက် မှုကြောင့်၊ သူ့အား သတ်ချင် နေသည်ကို လင်းယွန် သိသည်။

ဤသည်မှာ သူ ဆုံးရှုံး သွားသည့် ခွဲတမ်း အတွက်၊ လင်းယွန် ထံမှ တန်ဖိုး တစ်ခု ရယူရန် ကြံရွယ် လိုက်ခြင်း ဖြစ်၏။

ထို့ပြင် သည်ရန်ပွဲမှာ၊ နန်းဂွန်း ဝမ်းယူနှင့် လီမူဘိုင်း အတွက် အကျိုးရှိ မည်ကို တွေးမိလာ သဖြင့်၊ သူ့ ရင်ဘတ်ထဲ ဒေါသများ လျှံထွက် သွားသည်။

လင်းယွန်က ဓားကို လွှဲလိုက်ပြီး၊ လက်သီးနှင့် ထိပ်တိုက် တွေ့ပေး လိုက်သည်။ ထို့ကြောင့် စင်မြင့် ပေါ်သို့၊ မီးပွားများ လွင့်ကျ လာတော့၏။

“ မင်းဓားက ... ၊ တော်တော် မြန်တယ်။ ”

ဤအခြေ အနေ ၌ပင်၊ လင်းယွန်မှာ သူ့ ဓားကို ဆွဲထုတ် နိုင်ဆဲ ဖြစ်သည်ကို မြင်လိုက်ရ သဖြင့်၊ လင်းတာအိုက ပြုံးကာ ဆိုလိုက်သည်။

“ ဒါပေမယ့် ဒါက ... ၊ ငါ့ လက်သီး တစ်ထောင်ရဲ့ အစပဲ ရှိပါ သေးတယ်။ ”

စကားဆုံး သည်နှင့် သူ့ လက်သီး တစ်ဝိုက်တွင် ကြက်သွေးရောင် အလင်းများ တောက်ပ လာသည်။

အလွန် အန္တရာယ် များသော ခံစားချက်ကို ရရှိလာ သဖြင့်၊ သခင့်ဓား မိုးကြိုးကို ထုတ်လွှတ် လိုက်သည်။ စက္ကန့်ပိုင်း အတွင်း ဓားရောင်ခြည် (၁၈) စင်း ထွက်ပေါ် လာ၏။

“ ဒါပဲလား၊ သနား စရာ ... ။ ”

မီးလျှံ များက လျှပ်စီး များကို၊ ဖျက်ဆီး ပစ်လိုက် ပြီးနောက်၊ လင်းယွန်အား တုံ့ပြန်ရန် အခွင့် အရေး မပေး တော့ဘဲ၊ လင်းတာအိုမှာ ပျောက်ကွယ် သွားသည်။ သူ ပြန်ပေါ် လာသော အခါတွင်၊ လက်သီး တစ်ချက်က အရင် ရောက်ရှိ လာ၏။

“ ဟိတ် ... ။ ”

လက်သီးက လိုက်မ မီအောင် မြန်လွန်း သဖြင့်၊ လင်းယွန်က သူ့ ညာပခုံးကို ဓားနှင့် ချက်ချင်း ကာကွယ် လိုက်ရသည်။

သို့သော် ခန္ဓာ ကိုယ်ကို ဖုံးအုပ် ထားသော မူလ စွမ်းအင် အလွှာ ဖောက်ထွင်း ခံလိုက် ရပြီး၊ အဝတ် အစားများ စုပ်ပြဲ သွားသည်။

တိုက်ခိုက်မှု အပြီးတွင်၊ လင်းယွန် ပခုံး၌ သွေးများ စိမ့်ထွက် နေသော အပေါက် ငါးပေါက် ဖြစ်ပေါ် လာခဲ့၏။

တိုက်ပွဲစ သည်နှင့် လင်းယွန်မှာ ဒဏ်ရာ ရရှိသွား သောကြောင့်၊ လူတိုင်းက အသက် ပြင်းပြင်း ရှူရှိုက်မိ ကြသည်။

ဤသည်မှာ လင်းယွန် အတွက်၊ ပွဲစဉ် တစ်လျှောက် ပထမဆုံး အကြိမ်၊ ဒဏ်ရာ ရရှိ ခြင်းလည်း ဖြစ်ချေပြီ။

“ တကယ်ပဲ လင်းတာအိုက ဂိုဏ်းချုပ် ကြီးရဲ့ သီးသန့် တပည့် ဖြစ်ထိုက် ပါပေတယ်။ ”

“ သူက လူမြင်ကွင်းထဲ မထွက်တော့ ... ၊ ယန် နန်းတော်ဆို ချင်းယန် လောက် ကိုသာ လူတွေက သိကြတယ်၊ ယန် နန်းတော်ရဲ့ တကယ့် ပါရမီရှင်က လင်းတာအိုပဲ။ ”

“ လင်းယွန်ကို သုံးကြိမ် အတွင်း၊ ဒဏ်ရာ ရအောင် စွမ်းဆောင် ထားနိုင်တယ်၊ ဒါက အထက် တန်းစား ခုနစ်ပါး အနက်၊ တစ်ပါး ဖြစ်ဖို့ အမှန် တကယ် ထိုက်တန် ပါပေတယ်။ ”

“ လင်းယွန်ရဲ့ နိုင်ပွဲတွေ ... ၊ ရပ်သွား မှာကို ငါ ကြောက်တယ်။ ”

ကာကွယ်သူ မက်မွန်နှင့် မဟာချင် အင်ပါယာ အဖွဲ့သား များမှာ စိတ်ပူ လာ၏။ သခင့်ဓားကို ကျင့်ကြံမှု အသာဖြင့် အလွယ် တကူ ချေမှုန်း သွားခဲ့သည်။ ဤအရာက သူတို့ မမျှော်လင့် ထားခဲ့သော အရာ ဖြစ်၏။

“ ဟား ဟား ဟား၊ ငါ အရင်က မပြောခဲ့ ဖူးလား၊ အဲဒီ ကောင်က လူပြက် တစ်ယောက် ပါလို့၊ သူ ဆွံ့အ သွားလိမ့်မယ် ကြည့်ထား ... ။ ”

ရန်လောင်ဇီက ဝင်ရောက် လှောင်ပြောင် လိုက်သည်။

“ အစ်ကိုကြီး၊ လင်းယွန်ရဲ့ ဒဏ်ရာက အပေါ်ယံ ဖြစ်ပုံ ပဲ ... ။ ”

“ ဟုတ်တယ် ဒဏ်ရာ ပြင်းပြင်း မရအောင် သူ ရှောင်နိုင် ခဲ့တယ်၊ ဒါက နည်းနည်းတော့ ကြောက်စရာ ကောင်းသေးတယ် မဟုတ်လား။ ”

တပည့်ငယ် များက အချင်းချင်း ဆွေးနွေး လာကြသည်။

“ ဟမ့် ... ၊ ငါ့ကို မျက်မမြင် တစ်ယောက်လို့ ထင်နေလား၊ ဒါက အစပဲ ရှိသေးတယ်၊ ဘာလဲ မင်းက ငါ့ထက် အမြင် အာရုံ ... ”

“ ... ပိုကောင်း တယ်လို့ ပြောချင် တာလား၊ အိပ်မက် မက် မနေနဲ့၊ ဒီတိုက်ပွဲ ပြီးရင် လင်းယွန် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ”

ရန်လောင်ဇီ၏ လှောင်ပြောင် သံကို ကြားနေရ သဖြင့်၊ ယွဲ့ဝေဝေ တစ်ယောက် မကျေ မနပ် ဖြစ်လာသည်။

လင်းယွန်ကို တမင် တကာ ရည်ရွယ်ချက် ရှိရှိ ပြောဆို နေခဲ့ပြီး၊ ယွဲ့ဝေဝေ အမြင် မှားယွင်း ကြောင်း၊ ရန်လောင်ဇီမှ ပြန်လည် ပြသလို ခဲ့သည်။ ထို့ပြင် ခန်းမ သခင် အနေ ဖြင့်လည်း၊ သူ့အား သတ်ဝံ မည်ဟု မယုံ ကြည်ချေ။

အဆုံးတွင်၊ ကောင်းကင် မိစ္ဆာ ခန်းမကို ထိပ်ဆုံး (၃) နေရာသို့ ပို့ဆောင်ရန်၊ သူ့အား လိုအပ် နေဆဲ ဖြစ်သည်။

သွေးကို ကြည့်ပြီး၊ လင်းတာအိုက ပြုံးလိုက်သည်။ သို့သော် တစ်ဖက် လူ၏ ဒဏ်ရာ များကို မြင်သော အခါတွင်၊ မျက်လုံးများ မှေးစင်းသွား ရ၏။

ဤလက်သီးမှာ မည်မျှ ကြောက်စရာ ကောင်း သည်ကို သူသာ သိပြီး၊ ဓားသမား တစ်ဦးအား သတ်ပစ် နိုင်ပေသည်။

သို့သော် တစ်ဖက်လူ အပေါ်၊ သက်ရောက်မှု မရှိ ခဲ့ချေ။ ဤသည်မှာ အစွမ်း ထက်သော ဝှက်ဖဲ တစ်ချပ် ဖြစ်နိုင် ပေသည်။

“ စိတ်ဝင်စား စရာပဲ၊ နန်းဂွန်း ဝမ်းယူနဲ့ လီမူဘိုင်းကို မနိုင်တာ နဲ့ပဲ၊ မင်းရဲ့ ရုပ်ခန္ဓာကို အားကိုးပြီး၊ ငါ့ကို အနိုင် ယူမို့ စိတ်ကူး နေတာလား။ ”

“ မင်းက ... ၊ ငါ့ကို ပထမဆုံး ဒဏ်ရာအောင် စွမ်းဆောင် နိုင်တဲ့ သူပဲ ... ။ ”

လင်းယွန်က တစ်ဖက်လူ စကား များကို လျစ်လျူရှူကာ၊ ဒဏ်ရာများ အပေါ် စစ်ဆေး ပြီးနောက်၊ အေးစက်စွာ ဆိုသည်။

ဖိအားပေး နိုင်သော ပြိုင်ဘက် များကို သူ နှစ်သက်၏။ အဘယ်ကြောင့် ဆိုသော် လွယ်ကူ လွန်းပါက၊ ပျင်းစရာ ကောင်းသောကြောင့် ဖြစ်သည်။

“ မင်းလည်း မဆိုး ပါဘူး၊ ငါ မင်းကို လျှော့တွက် မိခဲ့တယ်၊ ဒါပေမယ့် ကံမကောင်း တာက မင်းရဲ့ ဝှက်ဖဲကို ငါ သိနေပြီ၊ ... ”

“ ... ဘာလို့ အခု ချိန်ထိ၊ မင်းရဲ့ တိုက်ပွဲဝင် ခန္ဓာကိုယ်ကို မထုတ်ဖော် သေးတာလဲ၊ ဘယ်လောက် ကြာအောင် ဖုံးကွယ်ဖို့ စဉ်းစား နေတာလဲ။ ”

လင်းတာအိုက ပြုံးရွှင် စွာဖြင့် ဆိုသည်။ ဤလင်းယွန်၏ ဝှက်ဖဲကို သူ သည်သာ ဦးစွာ ထုတ်ဖော် နိုင်ခြင်း ဖြစ်သည်။

( တိုက်ပွဲဝင် ခန္ဓာကိုယ်။ )

ထိုစကားကြောင့် ပရိသတ်များ အံ့အားသင့် သွားသည်။ ဓားသမား တစ်ယောက် ဖြစ်သော လင်းယွန်က၊ ရုပ်ခန္ဓာအား သန့်စင်ထား လိမ့် မည်ဟု၊ သူတို့ မထင် မိချေ။

“ ကောင်းပြီ ... ၊ မင်း တောင်းဆိုတဲ့ အတိုင်းပဲ ။ ”

ချက်ချင်းပင် လင်းယွန်က သူ့ဓားကို ကြမ်းပြင်ပေါ် စိုက်ချ လိုက်၏။ ထိုအချင်းအရာ ကြောင့်၊ လင်းတာအိုမှာ ကြောက်ခမန်း လိလိ ဒေါသ ထွက်လာသည်။

ပြိုင်ဘက်မှာ သူ့အား လုံးဝ ဂရုမစိုက် သကဲ့သို့ မောက်မာ ပြလာ၏။

“ ဘယ်လောက်တောင် မောက်မာ လိုက်လဲ။ ”

လင်းတာအို ပတ်ဝန်း ကျင်တွင် ကြက်သွေးရောင် မီးလျှံများ တောက်လောင် လာပြီး၊ ခန္ဓာကိုယ်မှ မြေအောက် ချော်ရည် ကဲ့သို့၊ အပူရှိန်များ ထွက်လာသည်။

ထို့နောက်တွင် ခန္ဓာကိုယ် တစ်ခုလုံး၊ အနီရောင် ပြောင်းလဲ သွားပြီး ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထုတ်လွှတ် လာ တော့၏။

“ မြင့်မြတ်သော တိုက်ပွဲဝင် ယန် ခန္ဓာ။ ”

အဆုံးတွင် မီးသင့် မျောက်ဝံကြီး တစ်ကောင် နှင့်၊ တူလာ လေပြီ။

“ ဒါက ယန် နန်းတော်ရဲ့ တားမြစ် နည်းစနစ်ပဲ၊ ထောင်စုနှစ် တစ်ခုတွင်း ဘယ်သူမှ၊ အောင်မြင်အောင် မကျင့်ကြံ နိုင်ခဲ့ ဖူးလို့၊ ငါ ကြားတယ်။ ”

“ သူ့ ဝှက်ဖဲကို စောစော စီးစီး ထုတ်ဖော် ပုံအရဆို၊ လင်းတာအိုက အုပ်စု ချန်ပီယံ နေရာ အတွက်၊ စွန့်လွှတ် လိုက်ပုံပဲ။ ”

“ အမှန်တော့ ... ၊ လင်းယွန်က အရှုံး မပေးလို့ ဒေါသထွက် လာတာပါ။ ”

သည်မြင်ကွင်းက လူတော်တော် များများကို ထိတ်လန့် သွားစေသည်။

“ လင်းယွန် ... ၊ မင်းရဲ့ ဓားကို ဆွဲဖို့၊ ငါ အကြံပေး ပါရစေ၊ မဟုတ်ရင် မင်းကို သတ်မိ သွားမှာ၊ ငါ ကြောက်တယ်။ ”

လင်းတာအို ထံမှ၊ သတ်ဖြတ် လိုသော ရောင်ဝါများ တဟုန်းဟုန်း တောက်လောင် လာပြီး၊ အံကြိတ်ကာ ခြိမ်းခြောက် လိုက်၏။

“ ငါ ဘာလုပ် ရမယ် ဆိုတာ ... ၊ မင်း ပြောစရာ မလို ပါဘူး၊ ငါ့ကို ပေးခဲ့တဲ့ ဒဏ်ရာ အတွက်၊ ပြန်ယူ ဖို့သာ အသင့် ပြင်ထားပါ။ ”

လင်းတာအို၏ အရှိန် အဟုန် ပြင်းစွာ တောက်လောင် လာသော ရောင်ဝါကို ကြည့်ပြီး၊ လင်းယွန်က လက်သီးကို ဆုပ်ထား လိုက်သည်။

တုန့်ပြန် ပြောဆိုခြင်း ရှိခဲ့ သည်မှာ၊ ဒေါသ မရှိ၍ မဟုတ်ချေ။ ရှင်းပြရန် စိတ်မဝင် စားသော ကြောင့်သာ ဖြစ်သည်။

သို့သော် လင်းတာအိုမှ သူ့ကို ကြိမ်ဖန် များစွာ ရန်စ ခဲ့ရုံ သာမက၊ သတ်ပစ်မည် ဟုပင် အခိုင် အမာ ဆိုလာ လေသည်။

သူ့ကို အရှက်ခွဲ လိုသည့်နောက်၊ မည်သူ မဆို အကျိုးဆက်အား ပေးဆပ်ရ ပေလိမ့်မည်။

“ မိုးပြာ နဂါး မူလ ပုံစံ။ ”

စကားဆုံး သည်နှင့်၊ လင်းယွန် ခန္ဓာကိုယ် အတွင်းမှ နဂါး ဟောက်သံများ ရုတ်တရက် ထွက်ပေါ် လာတော့သည်။

***

All Chapters