ဘယ်တော့မှ နောက်ပြန် မဆုတ်ဘူး။
Vol. 57 Ch. 798
လင်းယွန် ခန္ဓာကိုယ် မျက်နှာပြင် ပေါ်၌၊ နဂါးရူရ်များ တောက်ပ လာပြီး၊ လျှပ်စီးများ လင်းလက် သွား၏။
ထို နဂါး ရူရ် များ ထဲတွင် တောင်ကြီး တစ်လုံး ကိုပင်၊ ဖြိုခွဲ ပစ်နိုင်သော ပေါက်ကွဲ စွမ်းအားများ ပါရှိ လေသည်။
“ သနားစရာပဲ ... ၊ ဒီကစားပွဲက ပြီးသွား ပါပြီ။ ”
မြေပြင်ပေါ် ခြေဖျားဖြင့် အသာ ပုတ်လိုက်သော လင်းတာအို၏ မျက်နှာမှာ၊ လေးနက် သွားသည်။
“ အို့ ... ဟုတ်လား။ ”
လင်းယွန်က အေးစက်စွာ ဟစ်အော် လိုက်ပြီး၊ လင်းတာအို လက်သီးကို ထိပ်တိုက် ရင်ဆိုင် လိုက်၏။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲ သံကြီး ဖြစ်ပေါ် လာသည်။
သိုင်းစင်မြင့် ပတ်လည်ရှိ ကန်ရေမှာ ပွက်ပွက်ဆူ လာပြီး၊ ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ စတင် ဖုံးလွှမ်း လာ၏။
ပေါက်ကွဲ မှုကြောင့် ဖြစ်ပေါ် လာသော လှိုင်းများက၊ စင်မြင့် အနီးနားရှိ လူအုပ် ကြီးကို၊ သွေး လည်ပတ်မှု အနှောင့် အယှက် ဖြစ်လာ စေသည်။
၎င်းတို့ နှစ်ဦးမှာ ခန္ဓာကိုယ် သန့်စင်သည့် နည်းစနစ်များ ထုတ်ပြ ပြီးနောက်တွင်၊ မျက်နှာ ချင်းဆိုင် အဆက်မပြတ် ထိုးနှက် လိုက်ကြ သည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲလှိုင်း များက လေထဲ ပြည့်လျှံ လာပြီး၊ လူ အချို့ကို သွေးအန်ကာ၊ လဲကျ သွားစေ၏။
နေရာ အနှံ့ လျှပ်စီးနှင့် မီးတောက်များ ပျံ့နှံ့ လာပြီး ကောင်းကင်ယံသို့၊ လှိုင်းလုံးများ ပျံ့လွင့် ကုန်သည်။ ရေကန် အတွင်း လှိုင်းများ မြင့်တက် လာ၏။
တိုက်ပွဲမှ ကြွင်းကျန် ရစ်သော လှိုင်းများ ဖြင့်ပင်၊ ကြောက်မက်ဖွယ် ကောင်းလှ လေရာ၊ အစစ် အမှန် စွမ်းအားကို တွေးကြည့်၍ မရပေ။
ရုတ်တရက် လင်းယွန်၏ လက်များ၌ အခိုးအငွေ့များ ရစ်သိုင်း လာပြီး၊ လက်သီး များကို ထုတ်လိုက်သည်။
“ ဒေါသ တရား၊ လောင်ကျွမ်း နေသော ကောင်းကင်ကြီး။ ”
သေမင်း လက်သီး ခုနစ်ချက်၏၊ ပုံစံ နှစ်မျိုးကို ပေါင်းစပ် လိုက်ရာ၊ မူလ စွမ်းအင် များက၊ ဒေါသများ ပြည့်နှက် နေသည့်၊ သမုဒ္ဒရာ တစ်စင်း ကဲ့သို့၊ ပြေးထွက် လာသည်။
ဤလက်သီး၏ စွမ်းအားမှာ၊ ထိတ်လန့် တုန်လှုပ် ဖွယ်ရာ ဖြစ်ပြီး၊ အဖျက် စွမ်းအားများ ပြည့်နှက် နေလေပြီ။
“ လက်သီး တစ်ထောင် ... ။ ”
လင်းတာအိုက ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို သတိပြုမိ လိုက်သဖြင့်၊ အလေး အနက် ထားလာ ခဲ့သည်။
“ ဟိတ် ... ။ ”
မြင့်မြတ်သော ယန် နည်းစနစ်ကို လျင်မြန်စွာ ဖြန့်ကျက်ပြီး၊ မီး ရည်ရွယ်ချက် ပါရှိသော လက်သီးပေါင်း များစွာကို ထုတ်လွှတ် လိုက်၏။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ယောက်သား လှုပ်ရှားမှုပေါင်း တစ်ရာကျော်၊ အပြန် အလှန် ဖလှယ် မိကြသည်။
အသာစီး မရ နိုင်မှန်း သိလိုက် ရသောကြောင့်၊ တိုက်ပွဲ ဝင်နေ လျက်မှ လင်းတာအိုက အံ့သြ သွားသည်။
လင်းယွန် မှာမူ လက်သီး တစ်ဝိုက် ကြက်သွေးရောင် အလင်းများ၊ တောက်ပ လာပြီး၊ ပို၍ ရဲရင့် လာ၏။
ဤတစ်ကြိမ်တွင် လင်းတာအိုက ရှောင်တိမ်းနိုင် လိုက်သဖြင့်၊ ထိုလက်သီးမှာ ကြမ်းပြင်ပေါ် ကျသွားကာ၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာတော့သည်။
ပြိုင်ပွဲ စင်မြင့်ကို ဖုံးအုပ် ထားသော အစီရင်မှာ၊ ချက်ချင်း ပြန်ပြင် နိုင်ခြင်း မရှိ သည်ကို မြင်လိုက် ရသောကြောင့်၊ လူတိုင်း အော်သံ လိုက်ကြ၏။
“ ဘယ်လိုတောင် ကြောက်စရာ ကောင်းလိုက်လဲ၊ ဒီကောင် တွေက နည်းနည်းတော့ ရူးနေပြီ။ ”
“ သာမန် ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူတွေ တောင်မှ၊ ဒီလို စွမ်းအားမျိုး ထုတ်ဖော် နိုင်မှာ မဟုတ်ဘူး။ ”
သို့သော် လင်းယွန်မှ လင်းတာအိုကို လက်ရည်တူ တိုက်ခိုက် နိုင်သည်အား၊ သတိ ထားမိ သဖြင့်၊ လူတိုင်း အံ့သြ လာကုန်သည်။
သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်အား ကန့်သတ် ချက်သို့ တွန်းပို့ လိုက်ရာ၊ လက်သီး များက ပို၍ အနီရောင် သမ်း လာ၏။
တိုက်ခိုက် ရာတွင်၊ နဂါး ရောင်ဝါကို ရောနှောထား သဖြင့်၊ ရက်စက် ကြမ်းကြုတ် လှသည်မှာ ထင်ရှားသည်။
ဒေါသ အားလုံးကို ထုတ်ဖော် လိုက်သောကြောင့်၊ သူ့ မျက်နှာမှာ တင်းမာ လာခဲ့သည်။
သည်ပြောင်းလဲမှုက လူအုပ်ကို သတိ အနေ အထား ဖြစ်လာ စေ၏။ ပွဲ အစတွင် ချင်းယန်ကို သတ်လိုက်သော လင်းယွန်မှာ၊ ရက်စက် ကြမ်းကြုတ်သူ တစ်ဦး ဖြစ်ကြောင်း၊ သတိ ပြန်ရ လာသည်။
သို့သော် ပွဲစဉ် တစ်လျှောက်၊ သူ့အစွယ် များကို ရည်ရွယ်ချက် ရှိရှိ၊ ပြန်လည် ရုတ်သိမ်း လိုက်သောကြောင့်၊ ၎င်းအား မေ့နေ ခဲ့သည်။
ယင်းကြောင့် လင်းတာအို ကဲ့သို့သော လူများက၊ သူ့ကို အလွယ် တကူ အနိုင်ယူ နိုင်သူ အဖြစ်၊ သဘောထား ကြပြီး၊ အကြိမ်ကြိမ် စော်ကား ခဲ့ခြင်း ဖြစ်သည်။
“ ဘယ်လိုတောင် စိတ်အနှောက် အယှက် ပေးလိုက်လဲ၊ အကြွင်းမဲ့ လက်သီး တစ်ထောင်—အကြွင်းမဲ့ ကောင်းကင်။ ”
နောက်ဆုံးတွင် လင်းတာအိုက ဒေါသကို မထိန်းနိုင် တော့ချေ။ မူလ စွမ်းအင်များ တောက်လောင် လာပြီး၊ ခန္ဓာကိုယ် အနှံ့ မီးလျှံများ၊ လျင်မြန်စွာ ဖုံးအုပ် သွားသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သူ့ခန္ဓာကိုယ် တစ်ခုလုံး၊ ကြီးမားစွာ ဖောင်းကား လာ၏။
ရိုင်းစိုင်း ကြမ်းကြုတ်သော အရှိန် အဝါ များက၊ လင်းယွန် ထံသို့ တောင်ကြီး တစ်လုံး အသွင် ပြိုကျ သွားသည်။
ထို့နောက် လက်သီး ရိပ်များစွာ ကောင်းကင်မှ ကျဆင်းလာ ချိန်တွင်၊ ရေကန် တစ်ကန်လုံး ပွက်ပွက်ဆူ လာ၏။
၎င်းလက်သီး များတွင် လင်းတာအို၏ စွမ်းအား အကုန် အစင်ကို ပေါင်းထည့်ထား သဖြင့်၊ ကြောက်စရာ ကောင်းလေသည်။
ပြိုင်ပွဲ စင်မြင့် ကြီးပင် သေးငယ်သွား သည်ဟု ထင်မြင် လာမိ စေ၏။
“ ခိုကိုး ရာမဲ့ စေသော လက်သီး။ ”
လင်းယွန်၏ နှလုံးသား ထဲတွင် ဒေါသများ ပိုမို လှိုင်းထ လာပြီး၊ မုန်းတီးမှုများ ဖြစ်ပေါ် လာသည်။
လက်သီး နှစ်လုံး လေထဲ ထိပ်တိုက် တွေ့ဆုံသွားပြီး၊ လက်သီး တစ်ထောင်မှာ ကွဲအက် ကုန်၏။
“ အကြွင်းမဲ့ လက်သီး တစ်ထောင်-ပျက်သုဉ်းခြင်း။ ”
တိုက်ခိုက်မှု ပြိုကျ သွားသော်လည်း၊ လင်းတာအိုက ယုံကြည်မှု အပြည့်ဖြင့်၊ နောက် တစ်ကြိမ် ထပ်မံ တိုက်ခိုက် လိုက်သည်။
လင်းယွန်ကို အရပ် (၈) မျက်နှာမှ လင်းတာအို ရှစ်ယောက် လက်သီးဖြင့် ထိုးနှက် လာ၏။
လက်သီးများ ပေါ်ရှိ မီးလျှံ များက၊ ကမ္ဘာ မြေကြီးကို လောင်ကျွမ်း တော့မည့်၊ ငရဲမီး များ ကဲ့သို့၊ တရှဲရှဲ မြည်လာသည်။
“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက် —ပဲ့တင် ထပ်ခြင်း။ ”
စက်ဆုပ် ရွံ့ရှာဖွယ် ကောင်းသော မုန်းတီးမှုများ အားလုံးကို ထုတ်ဖော်ခွင့် ရပြီ ဖြစ်သဖြင့်၊ လင်းယွန်က အော်ဟစ် ရယ်မော လိုက်သည်။
“ ဟား ... ဟား ... ဟား ... ။ ”
သာမန် ပါရမီရှင် တစ်ဦးသည်၊ ဤမျှ များပြားသော ဒေါသ တရားကို ထိန်းချုပ် နေရ ပါက၊ အဆိုးမြင် ဝါဒီ တစ်ဦး ဖြစ်လာ နိုင်ပေ မည်။
လက်သီးကြောင့် ဖြစ်လာသော ‘လေပြင်း’ များက လင်းတာအို၏ မီးပင်လယ်ကို ငြိမ်းသက် ပစ်၏။ ဤရုတ်တရက် ပြောင်းလဲမှုကြောင့်၊ လင်းတာအိုမှာ အံ့အား သင့် သွားသည်။
“ ဝှစ် ... ။ ”
အဆင်သင့် မဖြစ် သေးခင် မှာပင်၊ လင်းတာအို ရှစ်ယောက်လုံး တိုက်ခိုက် ခံလိုက် ရပြီး၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာခဲ့သည်။
သူ့ကိုယ်သူ တည်ငြိမ်အောင် နောက်သို့၊ ဆုတ်ခွာ ထိန်းချုပ် လိုက် သော်လည်း၊ ဟန်ချက် ပျက်သွားမြဲ ဖြစ်သည်။
ချက်ချင်းပင် လင်းယွန်၏ နောက်ဆက်တွဲ လက်သီး များမှ ကာကွယ်ရန် လျှပ်စီး တစ်စ ကဲ့သို့၊ လျင်မြန်စွာ နေရာရွေ့ လိုက်သည်။
“ နှလုံးသား ချိတ်ဆက်မှု၊ ဝိညာဉ်ရေး ဓား။ ”
သို့သော် လင်းယွန် ဆံပင်များ တဖျပ်ဖျပ် ခတ်လာပြီး၊ ဓား ရည်ရွယ်ချက်ကို ပေါင်းစပ်ကာ၊ လက်ချောင်း များဖြင့် တောက်ထုတ် လာ၏။
“ ရွှပ် ... ။ ”
လင်းတာအိုအား ဗဟို ပြုလျက်၊ ပြိုင်ပွဲ စင်မြင့် ထက်၌၊ ဓား ရောင်ခြည်များ ပြည့်နှက် သွားသည်။
ရုတ်တရက် ဥက္ကာခဲများ ပြိုကျ သကဲ့သို့၊ ဓားအလင်းများ ရွာကျ နေသည်ကို ကြည့်ပြီး၊ လူတိုင်းက ကြောက်စိတ်များ ပြည့်လျှံ သွားသည်။
လင်းယွန်ကို ရှုံးနိမ့်ခဲ့ သူများမှာ၊ အံ့သြ ကုန်ကြ၏။ ဓား မဆွဲဘဲ ဤမျှ သန်မာ နေလိမ့် မည်ဟု၊ သူတို့ မထင် ထားမိချေ။
ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာပြီး၊ ငြိမ်သက် သွားသည် အထိ၊ ငြိမ်သက်စွာ စောင့်ကြည့် နေမိသည်။
“ ဟား ဟား ဟား၊ မင်းလို ကောင်လေး တစ်ယောက်က၊ ငါ့ကို ဒီအထိ တွန်းပို့ နိုင်လိမ့် မယ်လို့၊ ငါ မထင်ထား မိဘူး။ ”
ဒဏ်ရာ များက ပြင်းထန် လှသဖြင့်၊ လင်းတာအို၏ မျက်နှာမှာ၊ အနည်းငယ် သနား စရာ ကောင်းလာ လေသည်။
ပဏာမ ချန်ပီယံ ခွဲတမ်းကို စွန့်လွှတ် လိုက်ရပြီးနောက်၊ သူ့ မျှော်လင့်ချက် အားလုံး ဆုံးရှုံး လိုက် ရပြီ ဖြစ်သည်။
“ ဒါက မင်း အတွက် အဆုံးပဲ၊ တိုက်ပွဲရဲ့ ရလဒ်ကို အစ ကတည်းက ဆုံးဖြတ် ပြီးသားပါ။ ”
ရဲရဲ နီနေသော အငွေ့ အသက်များ လင်းတာအို တစ်ဝိုက် ဖွဲ့တည် လာပြီး၊ မီးလူသား အဖြစ် ပြောင်းလဲ သွားသည်။
ထို့အပြင် ရှေးဟောင်း ဝိညာဉ် ရေးရာ အခင်းအကျင်း တစ်ခု ကဲ့သို့၊ အရေပြား ပေါ်၌ ကြက်သွေးရောင် လိုင်း အစင်းများ၊ ဖြစ်ပေါ် လာသည်။
သည်အချိန်တွင် ငရဲမှ ထွက်လာသော မီးမိစ္ဆာ တစ်ပါး အလား၊ ထင်မှား မိစေသည်။ ယင်းမှာ ‘မြင့်မြတ်သော တိုက်ပွဲဝင် ယန်ခန္ဓာ’ ၏၊ ကန့်သတ်ချက် ဖြစ်ပေ၏။
ထိုပြောင်းလဲ မှုကို မြင်သည်နှင့်၊ လင်းယွန် မျက်ဝန်း၌ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာခဲ့သည်။
ပြိုင်ဘက်မှာ ငရဲမှ လာသော နတ်ဆိုး တစ်ပါး ဖြစ်နေ ခဲ့လျှင်ပင်၊ အနိုင်ယူ ဖြတ်ကျော် ရပေမည်။
***