← Chapters

ယန် နန်းတော်၏ အနာဂါတ်။

Vol. 58 Ch. 799

ယန် နန်းတော်၏ အနာဂါတ်။

Vol. 58 Ch. 799

“ သေခြင်း တရားနဲ့၊ ရင်ဆိုင် နေရ တာတောင် မင်းက မသိ သေးဘဲကိုး၊ ငါရဲ့ နောက်ထပ် တိုက်ခိုက် မှုက၊ ... ”

ပြိုင်ဘက် ထံမှ တိုက်ခိုက်ရေး စိတ်ဓာတ်ကို အာရုံ ခံပြီး၊ လင်းတာအိုက လှောင်ပြောင် လိုက်သည်။

“ ... ဘုရင် သုံးပါး အတွက် လေးနှစ်ကြာ ပြင်ဆင် ထားတဲ့ လက်သီးပဲ၊ ဒါကို ယူနိုင်ရင် ငါ့ အရှုံးကို ဝန်ခံ ပေးမယ်၊ ဒီလက်သီးရဲ့ နာမည်က နေကို ဖျက်ဆီးမဲ့ လက်သီး တစ်ထောင်တဲ့ ... ။ ”

လင်းတာအိုက သူ့ လက်သီးကို တင်းတင်းဆုပ် လိုက်သည်နှင့် ပြင်းထန်သော ရောင်ဝါများ၊ တိုးထွက် လာသည်။

ယန် နည်းစနစ်ကို ကန့်သတ် ချက်သို့၊ တွန်းပို့လိုက် လေရာ၊ မိုးတိမ်များ တလှိမ့်လှိမ့် တက်လာပြီ၊ ကောင်းကင် တခွင်လုံး မီးများ လောင်ကျွမ်း သွားသည်။

လင်းတာအို လက်သီးမှ ကြယ် တစ်စင်း ကဲ့သို့၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ၊ ဖြာထွက် လာ၏။ တစ်ဆက်တည်း မှာပင် မီးလျှံ များက တိမ်များကို ဖြည်းညှင်းစွာ လောင်မြိုက် လာသည်။

ဤ ဖြစ်စဉ်ကို ကြည့်ပြီး၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူများ သည်ပင်၊ ထိတ်လန့် သွားကုန်၏။

“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ... ၊ မီး ရည်ရွယ်ချက်လဲ။ ”

မဟာချင် အင်ပါယာ အဖွဲ့ သားများ အားလုံး၊ စိုးရိမ် လာ၏။ ယွဲ့ဝေဝေ သည်ပင် အနည်းငယ် စိတ်လှုပ်ရှား သွားသည်။

“ လွန်ခဲ့တဲ့ နှစ် နှစ်လောက်က၊ ဒီ လက်သီးကို မပြီးသေးတဲ့ အတွက်၊ လင်းတာအို ငါ့လက်မှာ ရှုံးခဲ့တယ်၊ ဒါကို လင်းယွန်က တားဆီးနိုင် စရာ မရှိ ပါဘူး။ ”

ရန်လောင်ဇီက ဆင့်ခေါ်ခံ ထားရသော သဘာဝ ဖြစ်စဉ် များကို ကြည့်ပြီး၊ ဝမ်းသာ အားရ ဆိုသည်။

သူ့ အမြင်အရ လင်းယွန်၏ သတ်ဖြတ်ခြင်း လက်သီး ခုနှစ်ချက်မှာ၊ ဆက်၍ တိုက်ခိုက်ရန် အဆင့် မမှီ တော့ချေ။

ဆိုလို သည်မှာ လင်းတာအိုကို ရှုံးပြီးနောက် လူတိုင်းက လင်းယွန်အား မေ့ပျောက် သွာတော့ မည် ဖြစ်သည်။

လင်းတာအို၏ ခွန်အားများ ဆက်တိုက် တိုးလာပြီး၊ အကန့် အသတ်မဲ့ ဖိအားများ လင်းယွန်ပေါ်၊ ကျရောက် လာသည်။

သည်အချိန်၌ သူတို့၏ ကျင့်ကြံမှု ကွာခြား ချက်မှာ ထင်ရှား လာ၏။ သို့သော် လင်းယွန်က ဝိညာဉ်ရေး ဓားကို၊ ထုတ် မပြခဲ့ သလို၊ ထိတ်လန့် မှုလည်း မရှိ ခဲ့ပေ။

နဂါး ရူရ်များ လင်းလက် လာပြီး၊ ခန္ဓာကိုယ်ပေါ် လှည့်ပတ် လာ ကြသည်။ တစ်ဆက်တည်း မှာပင် မျက်လုံးများ နီရဲလျက်၊ သတ်ဖြတ် လိုသော ရောင်ဝါများ ပွင့်ထွက် လာ၏။

“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်။ ”

ထိုရောင်ဝါသည် လင်းယွန်အား ငရဲမှ တက်လာသော မိစ္ဆာ တစ်ပါး အသွင်၊ ထင်မှား လာစေ၏။

တစ်ဖက်တွင် လင်းတာအို သည်လည်း၊ သူ့တိုက်ခိုက်မှုကို ပြင်ဆင် နေခဲ့သည်။ လက်သီး များ၌၊ အရာ အားလုံး လောင်ကျွမ်းစေ နိုင်သော၊ ကြက်သွေးရောင် မီးလျှံများ ထွက်ပေါ် လာ၏။

ထိုမီးလျှံများက လင်းယွန်၏ သတ်ဖြတ် လိုသော ရောင်ဝါကို ထိုးဖောက်ကာ၊ နဂါးများ အသွင် အော်ဟစ် လိုက်ကြသည်။

“ မ ကောင်း တော့ ဘူး ။ ”

သတ်ဖြတ်ခြင်း ရောင်ဝါကို ဖိနှိပ် လိုက် သောကြောင့်၊ လင်းယွန်၏ ပရိသတ် များက ထိတ်လန့် သွားသည်။

ကောက်ကျစ် ရက်စက်သော အပြုံး တစ်ပွင့်နှင့် အတူ၊ လင်းတာအိုက ထိုးနှက် လိုက်တော့၏။

“ သေ လိုက် တော့ ... ။ ”

၎င်းမှာ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု တစ်ခု ဖြစ်၏။ မြင့်မြတ်သော တိုက်ပွဲဝင် ယန် ခန္ဓာဖြင့် ပေါင်းစပ် ထားလေရာ၊ ကြောက်စရာ အကောင်း ဆုံးသော၊ သက်ခြွေ လက်သီး တစ်လုံး ဖြစ်လာ လေသည်။

ထိုစက္ကန့်ပိုင်းလေး အတွင်း မှာပင်၊ ကောင်းကင် တစ်ခုလုံး မီးပင်လယ် အဖြစ် ပြောင်းလဲ သွား၏။

နေရောင်ခြည် သာမက၊ တိမ်တိုက်များ ကိုပင်၊ ဝါးမျို သွားသည်။ ယင်းမှာ သခင့်ဓား၏ အလင်းခွဲ ဖြတ်ခြင်းနှင့် ဆင်တူ၏။

သို့သော် လင်းတာအို လက်သီးမှာ၊ နေ ရောင်ခြည်ကို ဝါးမျို နိုင်သောကြောင့်၊ ပို၍ပင် လွှမ်းမိုး နိုင်သည်။

“ မင်းက သေမင်း လက်သီးရဲ့၊ နောက်ဆုံး ပုံစံကို အသုံး ပြုဖို့၊ အရည်အချင်း ပြည့်မီတယ်။ ”

စကား ဆုံး သည်နှင့်၊ ‘အဆုံးမဲ့ သတ်ခြင်း’ ဟူသော သတ္တမမြောက် လက်သီး ပုံစံကို ထုတ်ဖော် လိုက်သည်။

သူ့နောက်၌ အနက်ရောင် မြူ များက (သေခြင်း အငွေ့ အသက်များ)၊ ရှေးဟောင်း အက္ခရာ ( '杀' ) တစ်ခု အသွင်၊ ဖြစ်ပေါ် လာသည်။

ထိုအက္ခရာ ပေါ်လာသော အခါတွင်၊ လင်းယွန် အရှိန် အဝါမှာ ကောင်းကင် ဝိညာဉ် နယ်မြေသို့၊ ရောက်သည် အထိ၊ တစ်ဟုန်ထိုး မြင့်တက် လာ၏။

ထို့နောက် ကောင်းကင် ကပ်ဘေးနှင့် ရင်ဆိုင်လာ ရသကဲ့သို့၊ သိုင်းစင်မြင့် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ် သွားသည်။

တစ်ချိန်တည်း မှာပင် လူအုပ် ကြီး၏ နားထဲသို့၊ ‘သတ် ပစ် ... ၊’ ဟူသည့် အော်သံများ ဝင်ရောက် လာတော့၏။

“ သတ် ... ။ ”

အသံများ တရွေ့ရွေ့ ကျယ်လောင် လာသည်နှင့် အမျှ၊ (杀) သဏ္ဍာန် အက္ခရာမှာ၊ ပို၍ တောက်ပ လာသည်။

“ သတ် ... ။ ”

ခုနစ်ကြိမ်မြောက် အော်ဟစ် သံကို ကြားပြီးနောက်၊ ပျံသန်း လာသော လင်းတာအိုထံ လက်သီးဖြင့်၊ ပြန်လည် ထိုးပစ် လိုက်တော့သည်။

“ ဝုန်း ... ။ ”

ထို့နောက်တွင် ကြောက်စရာ ကောင်းလွန်းသော လက်သီး နှစ်လုံး တိုက်မိ သွားသည်။

၎င်း အရှိန်ကြောင့်၊ နဂါး ကိုးကောင် ရေကန် တစ်ခုလုံး၊ ပြင်းစွာ တုန်ခါလျက်၊ ကျန်စင်မြင့် များရှိ၊ တိုက်ပွဲ ဝင်နေသည့် ပြိုင်ပွဲဝင် များကိုပါ ဖိအား သက်ရောက် သွားသည်။

စင်မြင့်ကို ဖုံးအုပ် ထားသည့် အစီရင် ပေါ်တွင် အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ အချိန်မရွေး ပြိုကျ တော့မည့် သဏ္ဍာန် ပြသ လာသည်။

သတိ မပြတ်ထား နေခဲ့ သဖြင့်၊ ဒိုင် အဖိုးအိုက၊ ထိုအက်ကြောင်းအား မြင်ချိန်တွင်၊ ချက်ချင်း ပြုပြင် နိုင်လိုက်၏။ သို့သော် လှိုင်း အချို့၊ လွတ်မြောက် သွားဆဲ ဖြစ်သည်။

ပရိတ်သတ်များ သေဆုံးခြင်း မရှိ သော်လည်း၊ တုန်လှုပ် ချောက်ချား လာကုန်၏။ နောက်ဆုံး လှိုင်းမှာ အလွန် ပြင်းထန် သောကြောင့်၊ လူ အချို့ သွေးအန် သွားရသည်။

အဆုံးတွင် လင်းတာအိုက၊ ၎င်း၏ အားသာချက်ကို ဆုပ်ကိုင်ကာ၊ လင်းယွန် အပေါ်၊ ဖိအား ပေးနိုင် ခဲ့သည်။

မီးလောင်ပြင် တစ်စလို နေရာ အနှံ့၊ ပျက်စီးနေသော စင်မြင့် ပေါ်သို့၊ လင်းတာအိုက ညင်သာစွာ ပြန်လည် ဆင်းသက် လိုက်၏။

အပျက် အစီး ပုံအောက်၌၊ လင်းယွန် တစ်ယောက် အသက်ရှင် နေခြင်း၊ ရှိ- မရှိ သူ မသိ နိုင်ပေ။

တိတ်ဆိတ် စွာဖြင့် ထိုအပျက် အစီး ပုံကြီးကို စိုက်ကြည့် နေလိုက်သည်။

“ ဒါက အရမ်း ကြောက်စရာ ကောင်းတာပဲ၊ သူတို့ရဲ့ တိုက်ခိုက်မှု တွေက၊ သာမန် အဆင့် ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ တွေကို သေချာပေါက် သတ်ပစ် နိုင်တယ်။ ”

“ အစော ကတင် လင်းယွန် တစ်ယောက် သိသိ သာသာ အားသာချက် ရှိနေ ပါသေးတယ်၊ အခု ဘယ်လို ဖြစ်သွား တာလဲ။ ”

“ လင်းတာအိုရဲ့ အခြေခံ အုတ်မြစ်က၊ အရမ်း နက်ရှိုင်း လွန်းတယ်။ ”

လူများစွာက လင်းယွန် အပေါ် သနား လာမိပြီး၊ အချင်းချင် တီးတိုး ဆွေးနွေး သံများ ထွက်ပေါ် လာသည်။

စင်မြင့် ပေါ်၌ ငြိမ်သက်စွာ ရပ်နေသော လင်းတာအို၏ ခန္ဓာကိုယ် ပေါ်တွင်ပင်၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် နေပြီး၊ သွေးများ စီးကျ လာသည်။

တစ်ဖက် လူမှာ သေမင်း လက်သီး ခုနစ်ချက်၏ အစွမ်းကို၊ အပြည့် အဝ ဆုပ်ကိုင် မထားကြောင်း သူပြော နိုင်၏။ မဟုတ် ပါက ဤသို့ ရပ်နိုင်မည် မဟုတ်ချေ။

“ မင်းကို ငါ့က သတ်ချင် လာအောင် ... ၊ မောက်မာ ပြခဲ့တာပဲ။ ”

သွေးချင်းချင်း ရဲနေသော သူ့ အသွင်ကို ပြန်လည် ဆန်းစစ် လိုက်ပြီး၊ လင်းတာအိုက ဆိုသည်။ မျက်လုံး များ၌ သတ်ပစ် လိုသော ဆန္ဒများ တဖွားဖွား ထွက်ပေါ် လာ၏။

“ အဌမ မြောက် မိုးပြာ နဂါး မူလ ပုံစံ ။ ”

အပျက် အစီးများ ထဲမှ နဂါး ဟောက်သံ ပဲ့တင် ထပ် လာပြီး၊ ဖုန်မှုန့် အဖြစ်သို့ ချက်ချင်း ပြောင်းလဲ သွားသည်။

ရူရ် များ တောက်ပ နေသော အသွင်ဖြင့်၊ ပုံရိပ် တစ်ရိပ် ထရပ် လာသည်။ ညာလက်ကို ဆုပ်ကိုင်ကာ၊ ရူရ် များအား နဂါးခေါင်း အဖြစ်သို့၊ လက်သီးထံ စုရုန်း စေလိုက်၏။

ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော နဂါး ခေါင်းအသွင် လက်သီး ကြီးကို၊ ထုတ်လွှတ် လိုက်သည်။

“ ဘုန်း ... ။ ”

“ ဝေါ့ ... ။ ”

လင်းတာအိုကို ဖုံးအုပ် ကာကွယ် ပေးထားသော မီးလျှံ အလွှာမှာ၊ ပေါက်ကွဲ သွားပြီး ခိုကိုး ရာမဲ့ သွား၏။

မြင့်မြတ်သော တိုက်ပွဲဝင် ယန် ခန္ဓာက၊ လင်းယွန်၏ ထိုလက်သီး တစ်ချက်ဖြင့် ချိုးဖြတ် ခံလိုက် ရသည်။

“ မင်း ရှုံးပြီ။ ”

လင်းယွန် လက် နှစ်ဖက်ကို နောက်ပစ် လိုက်ပြီး၊ လင်းတာအိုကို ကြည့်ကာ ဆိုလိုက် သည်။

“ မဖြစ် နိုင်ဘူး၊ မင်းလို လူကို ဘာလို့ ရှုံးရမှာလဲ၊ ငါက ချန်ပီယံဆု အတွက် ဘုရင် သုံးပါးကို ယှဉ်ပြိုင်မဲ့ သူ ... ၊ ငါ မင်းကို ရှုံးနိုင် စရာ အကြောင်း မရှိဘူး။ ”

ရလဒ်ကို လက်မခံ နိုင်သောကြောင့်၊ လင်းတာအို တစ်ယောက် ရူးသွပ် သွားပြီး၊ မူလ စွမ်းအင် များအား ထပ်မံ ဖြန့်ကျက် လိုက်သည်။

သူ့ ခန္ဓာကိုယ် ပေါ်၌၊ မီးလျှံများ ချက်ချင်း ဖွဲ့တည် လာပြီး၊ ယန် ခန္ဓာကို ပြန်လည် ဖွဲ့တည် လိုက်သည်။

“ ဓား ... ။ ”

လင်းယွန်က မျက်ခုံးပင့် လိုက်ပြီး၊ အဝေးမှ ပန်းသင်္ချိုင်း ဓားကို လှမ်းဆွဲကာ၊ အလင်းတန်း အသွင် ပြောင်းလဲ ပြေးဝင် သွားသည်။

“ ဝှစ် ... ။ ”

ထို့နောက် ဓားအလင်း တစ်ချက်၊ လင်းတာအို ပေါ်သို့ လျှပ်စီး တစ်စလို ဖြတ်သန်း သွားသည်။

ပန်းသင်္ချိုင်း ဓားမှာ ရုတ်သိမ်း လိုက်သည့် တိုင်အောင်၊ လင်းယွန် လက်၌ အဆက် မပြတ် တုန်ခါနေ ပေသည်။

“ ..... ။ ”

လင်းတာအို ခန္ဓာကိုယ်ကြီး တအိအိ ပြိုကျ လာမှ သာလျှင်၊ လူတိုင်း ပြန်လည် သတိ ‘ဝင်’ လာကုန် တော့၏။

***

All Chapters