← Chapters

ယွဲ့ဝေဝေနှင့် ချင်ရို့ယူ။

Vol. 58 Ch. 800

ယွဲ့ဝေဝေနှင့် ချင်ရို့ယူ။

Vol. 58 Ch. 800

ဦးစွာ ချင်းယန်ကို ခေါင်းဖြတ်ပြီး၊ လင်းတာအိုအား ထက်ခြမ်း ခွဲပစ် လိုက်၏။ တိုက်ဆိုင် စွာပင် သူတို့ နှစ်ဦး စလုံးက၊ ယန် နန်းတော်မှ ဖြစ်နေ လေသည်။

ယင်းကြောင့် လင်းယွန် အနေဖြင့်၊ ယန် နန်းတော် အပေါ် ရန်ငြိုးထား နေသည်ဟု၊ သံသယ ဝင်လာ ကြသည်။

မဟာချင် အင်ပါယာတွင်၊ ရှင်းဂျူကို လုပ်ကြံခဲ့သော အိမ်ရှေ့ မင်းသား ချင်ယု၏ နောက်ကွယ်၌ ယန် နန်းတော် ရှိသည်။

ထို့ကြောင့် ယန် နန်းတော်နှင့် ပတ်သက်၍၊ လင်းယွန်၌ ကျေနပ်ဖွယ် ကောင်းသော ခံယူချက် မရှိချေ။

အုပ်စိုးရှင် ကိုးပါး အနက်၊ ၎င်းတို့အား စောင်းငဲ့ မကြည့်ချင် လောက် အောင်ပင်၊ ရွံရှာ မုန်းတီး မိ၏။

ထို့ကြောင့် သားရဲ ဒီရေတွင် ချင်းယန်က၊ သူ့ကို လှောင်ပြောင်ရန် ကြိုးစား ခဲ့သည်အား၊ အဖက် မလုပ် ခဲ့ချေ။

အခြားသူ တစ်ဦး ဖြစ်သော်၊ ရလဒ်မှာ ကွဲပြားသွား နိုင်သည်။ သို့သော် လင်းတာအိုက သူ့ သည်းခံ နိုင်စွမ်းကို၊ ကျော်လွန် လာ၏။

ထို့ကြောင့် ခွေး တစ်ကောင် ကဲ့သို့၊ သတ်ပစ် လိုက်ခြင်း ဖြစ်သည်။

“ ချေး ပဲ ... ။ ”

ယန်နန်းတော် အကြီး အကဲ များမှာ၊ မျက်နှာများ မည်းမှောင် သွားသည်။ သူတို့ အားလုံးက စင်မြင့်ပေါ် တက်ပြီး၊ ချက်ချင်း သတ်ပစ် လို၏။

သို့သော် ဤနေရာ၌ အလင်း အမှောင် လမင်း ကမ္ဘာ၏ တပည့် တစ်ဦး ဖြစ်နေ လျှင်ပင်၊ လင်းယွန်အား စကား တစ်ခွန်းမှ ပြောရဲ ကြမည် မဟုတ်ချေ။

ယန် နန်းတော် ဟူသည်၊ အုပ်စိုးရှင် ကိုးပါး အနက်၊ အောက်ဆုံး အဆင့် ၌သာ ရှိသဖြင့်၊ သည်နေ့ ပြီးနောက် များစွာ ကျဆင်း သွားမည် ဖြစ်သည်။ အုပ်စိုးရှင် တစ်ပါး အဖြစ် ဆက်လက် ရပ်တည် နိုင်ရန်ပင်၊ မသေချာ တော့ချေ။

ဤအခိုက် အတန့်တွင် အံသြဖွယ် ကောင်းသော လင်းယွန်၏ စွမ်းရည်ကြောင့်၊ ရန်လောင်ဇီ မျက်နှာမှာ ပို၍ ကြောက်စရာ ကောင်းလာသည်။

“ မဖြစ် နိုင်တာ ... ။ ”

လင်းယွန်က လင်းတာအိုကို သတ်ပြီး၊ သူ့အမြင် မှားကြောင်း သက်သေပြ လာ၏။

“ ဘယ်လို အမှိုက် မျိုးလဲ၊ ဒီလောက် ခွန်အားလေး နဲ့များ ... ၊ ဘုရင် သုံးပါးကို စိန်ခေါ် ချင် နေသေးတယ်၊ သေ တာတောင် နည်းတယ် မှတ် ... ။ ”

လင်းတာအို အလောင်းကို ကြည့်ကာ၊ ဒေါသ တကြီး ကျိန်ဆဲ လိုက်သည်။ သူ့ ထံမှ အေးစက် လွန်းသော အငွေ့ အသက် များကြောင့်၊ ကောင်းကင် မိစ္ဆာ ခန်းမ၏ တပည့်ငယ် များက၊ စကား တစ်ခွန်းမှ မဆို ဝံ့တော့ပေ။

“ အိုး ... ၊ သူ့ နဂါးက မီတာ သုံးဆယ် ရှိလာပြီ။ ”

လင်းယွန်၏ နဂါး ပုံရိပ်ကို ကြည့်ကာ၊ လူတိုင်း စိတ်လှုပ်ရှား သွားသည်။ နဂါး ကြီးက ကောင်းကင် ပေါ် တက်ပြီး၊ ခြေသည်း များကို ဖြန့်ထုတ် လိုက်၏။

ထို့နောက် ကျယ်လောင်သော ဟောက်သံ ပြုလိုက် သဖြင့်၊ နဂါး ကိုးကောင် ရေကန် တစ်ခု လုံးကို၊ ပြင်းစွာ တုန်ခါ သွားစေသည်။

“ ကြောက်စရာ ကောင်းလိုက်တာ။ ”

“ ယုဟိုရှင်း တောင်မှ သူ့ကို လစ်လျူ မရှုနိုင် တော့ဘူး။ ”

“ လင်းယွန် နဂါးက၊ ဘုရင် သုံးပါး ထက်တောင် ပိုကြီး နေတယ်၊ စတုတ္ထ အုပ်စုက အရမ်း စိတ်လှုပ်ရှား စရာပဲ၊ ... ”

“ ... နန်းဂွန်း ဝမ်းယူ၊ လီမူဘိုင်နဲ့၊ လင်းယွန်တို့ သုံးဦးမှာ၊ ဘယ်သူ အသန်မာဆုံး ဓားသမား ဖြစ်မလဲ ဆိုတာ၊ စောင့်ကြည့် ရမယ်။ ”

“ ဒါပေမယ့် အခု ချိန်ထိ ထုတ်ဖော် ပြသ ထားတဲ့ ဓားရေးတွေ အရ၊ လင်းယွန်က သူတို့ အဆင့်ကို မီဖို့ ဝေးနေ ပါသေးတယ်၊ ဒါပေမယ် သူ့မှာ ဝှက်ဖဲတွေ ရှိနေ သေးလား လို့တော့ သိချင် မိတယ်။ ”

“ ဒါက ပြောရ ခက်ပါတယ်၊ တကယ်တော့ လင်းယွန်မှာ ကြောက်စရာ ကောင်းတဲ့ ရုပ်ခန္ဓာ ပိုင်ဆိုင် ထားတယ်။ ”

လင်းယွန်၏ ဝှက်ဖဲ များနှင့် ပတ်သတ်ပြီး၊ လူအုပ် ကြီးက သူတို့၏ ထင်မြင် ယူဆချက် များကို၊ မျှဝေ နေကြသည်။

လင်းယွန်က ကျောက်စိမ်း ပြားကို ကြည့်ပြီး၊ အံ့သြ သွား၏။ လင်းတာအိုအား သတ်ခြင်းဖြင့်၊ ပယင်းရောင် အငွေ့ အသက်၊ အကုန် အစင် ရရှိလာ ခဲ့သည်။

နဂါး ပုံရိပ်က သူ့ ခန္ဓာကိုယ် အတွင်း၊ ဝင်ရောက် လာချိန်၌၊ သုံးစွဲ ထားသော မူလ စွမ်းအင်များ ပြန်လည် ရရှိ လာပြီး၊ အရှိန် အဝါ သည်လည်း ပို၍ သန့်စင် သွား၏။

“ ဒီနဂါး ပုံရိပ်ကို အခုသာ သန့်စင် လိုက်ရင် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်နိုင် လိမ့်မယ် ... ။ ”

နဂါး ပုံရိပ် အောက်တွင် သူ့ ဓား ရည်ရွယ်ချက်မှာ ပို၍ သန့်စင် လာသည်။ ထိုသို့ သန့်စင် နှုန်းမှာ မမြန်လှ သော်လည်း၊ ကောင်းစွာ ခံစား နိုင်၏။

ဤအခိုက်တွင် သူ့အား စူးစိုက်ကြည့် နေသော အကြည့် နှစ်စုံကို သတိ ထားမိ လိုက်သည်။ ယင်းမှာ လီမူဘိုင်းနှင့် နန်းဂွန်း ဝမ်းယူ တို့မှ ဖြစ်၏။

သူတို့၏ မျက်လုံး များတွင်၊ တိုက်ပွဲဝင် ဆန္ဒ များဖြင့် ပြည့်နှက် နေပြီး၊ ဓား ရည်ရွယ်ချက် ကိုပင် ထုတ်ဖော် ထားလေသည်။

လင်းယွန်အား အနိုင်ယူ နိုင်ပါက၊ သူတို့ နှစ်ဦး၏ နဂါး ပုံရိပ်မှာ များစွာ ကြီးထွားလာ နိုင်သည်။ ထို့ပြင် ဓားသမား တစ်ဦး၏ အစွယ် ကိုလည်း၊ ပို၍ ထက်ရှ လာစေမည်။

လင်းယွန်က လှည့်ကြည့်ကာ၊ ပြုံးလိုက် မိသည်။ ၎င်းတို့ နှစ်ဦး၏ အတွေး များကို သူ မှန်းဆ နိုင်၏။

ပွဲစဉ်များ သိပ်မကျန် တော့သည့် အတွက်၊ မကြာခင် မှာပင် သူတို့နှင့်၊ ရင်ဆိုင် ရတော့မည် ဖြစ်သည်။

လင်းတာအိုကို သတ်ရန်၊ ဝှက်ဖဲများ ထုတ်ပြမိ ပြီဟု၊ လူတိုင်းက ထင်မြင် ယူဆ နေကြ၏။

စင်မြင့် ပေါ်မှ လင်းယွန် ပျောက်ကွယ်သွား သည့်တိုင်၊ ထို အကြောင်းကို ပြောနေ ကြတုန်း ပေပင်။

“ လင်းယွန် ဘယ်လောက် အထိ သန်မာမယ် ထင်လဲ။ ”

“ ဓားရေး အရ ဆိုရင်၊ သူက နန်းဂွန်း ဝမ်းယူ တို့ထက် အားနည်း နိုင်တယ်၊ ဒါပေမယ့် ရုပ်ခန္ဓာ နဲ့ဆို ရင်တော့ အားသာချက် ရှိပါတယ်၊ ဒါကြောင့် ပြောဖို့ စောနေ သေးတယ်။ ”

“ အမှန်ပဲ ... ၊ လီမူဘိုင်းနဲ့ နန်းဂွန်း ဝမ်းယူ တို့က ယုံကြည်မှု လွန်ကဲ နေကြတယ်၊ သူတို့ ထင်ထား သလောက်တော့ မလွယ် သေးပါဘူး။ ”

ထို့နောက် ရန်လောင်ဇီနှင့် ယုဟိုရှင်းတို့ အလှည့် ကျလာ သဖြင့်၊ စိတ်လှုပ်ရှား မှုများ ပြင်းထန် ကုန်၏။

ပြိုင်ဘက် များက ရှုံးနိမ့် ခြင်းကို ၀န်ခံရန် ဆန္ဒ မရှိ ပါက၊ သုံးကြိမ် အတွင်း သတ်ပစ် လိုက်ကြ လေသည်။

သိပ် မကြာခင် မှာပင် ရန်လောင်ဇီ၊ ကျန်းဝူကျိနှင့် ယုဟိုရှင်း တို့၏ နဂါး အရိပ်က၊ လင်းယွန် နဂါး နီးနီး ကြီးထွား လာ၏။

နာရီဝက် အကြာတွင်၊ ဘုရင် သုံးပါး စင်မြင့်ပေါ်သို့ တက်သွားချိန် ကထက်၊ ပို၍ ကျယ်လောင် လွန်းသည့်၊ အသံများ ထွက်ပေါ် လာသဖြင့်၊ တရား ထိုင်နေသော လင်းယွန်မှာ၊ မျက်ဝန်းများ ဖွင့်ကြည့် လိုက်မိသည်။

ယွဲ့ဝေဝေနှင့် ချင်ရို့ယူ။

နှစ်ဦး စလုံးမှာ၊ အလွန် ကျော်ကြားပြီး၊ ထိတ်လန့်ဖွယ် အစွမ်း သတ္တိများ ရှိနေ သဖြင့်၊ လူအုပ်ကို ဝရုန်း သုန်းကား ဖြစ်လာ စေ၏။

သူတို့ နှစ်ဦးအား၊ ထိပ်တန်း ဆယ်ယောက်ထဲ ဝင်ရောက်နိုင် လိမ့်မည်ဟု၊ လူတိုင်းက ယူဆ ထားကြသည်။

“ မင်း မျက်နှာကို ကြည့်ရတာ အဆင် မပြေဘူး။ ”

ချင်ရို့ယူက အေးစက်စွာ ဆို၏။ တစ်ဖက်လူသည် လင်းယွန်နှင့် အတော်ပင် ရင်းနှီး သောကြောင့်၊ သူ့အား စိတ်အနှောက် အယှက် ဖြစ်လာ စေသည်။

ယင်းက ဆုစီယာကို သတိ ရစေသည်။ ထိုတိရိစ္ဆာန် ‘အမ’အား မည်သည့် အရပ်သို့၊ လိုက်ရှာ ရမှန်း မသိ ခဲ့ချေ။

ထို့ကြောင့် သူမ ရှေ့တွင် ရှိနေသော ယွဲ့ဝေဝေထံ ပုံအောရန် စဉ်းစား လာမိသည်။

“ အစ်မကြီး ... ၊ နင် ဘာပြောချင် တာလဲ။ ”

သွားစွယ် နှစ်ဘက် ပေါ်အောင် ပြုံးပြီး၊ ချစ်စရာ ကောင်းသော အမူ အရာဖြင့်၊ ယွဲ့ဝေဝေ မှ၊ ပြန်မေး လိုက်သည်။

“ ငါ့ကို မင်းရဲ့ အပေါစား အမူ အယာတွေ သုံးပြီး၊ ဆွဲဆောင်ဖို့ မစဉ်းစားနဲ့၊ အရှုံးကို ဝန်ခံပါ မဟုတ်ရင် လင်းယွန်နဲ့ နီးစပ် လွန်းတဲ့၊ မင်းကိုယ် မင်းသာ အပြစ်တင် ရလိမ့်မယ်။ ”

ချင်ရို့ယူက အေးစက်စွာ ပြောလာ သဖြင့်၊ လေထုအား မသက် မသာ ဖြစ်လာ စေခဲ့သည်။

ဤပွဲသည် သူတို့ မြင်သလောက် မရိုးရှင်း နိုင်ချေ။ လူများ စွာက လင်းယွန်ကို ပြန်ကြည့် ကာ၊ အတွေးနက် ကုန်ကြသည်။

လင်းယွန်နှင့် ပတ်သတ်သော အမျိုးသမီး တစ်ဦးမှာ၊ ချင်ရို့ယူကို ပါးရိုက်ပြီး၊ မောင်းထုတ် ခဲ့သည် ဟူသော သတင်း အချို့၊ ထွက်ပေါ် ဖူး၏။

ထို့ကြောင့် ချင်ရို့ယူ ထံမှ၊ သတ်ဖြတ် လိုသော အရိပ် အယောင် များကို မြင်သည်နှင့်၊ ဤကောလ ဟာလမှာ အမှန် ဖြစ်ကြောင်း၊ အတည်ပြု လိုက် ကြသည်။

“ ဘယ်လိုတောင် လွှမ်းမိုးချင် နေရ တာလဲ၊ နင် ဘယ်လောက် အထိ၊ ရက်စက် နိုင်မလဲ ဆိုတာ ငါ ကြည့်မယ်။ ”

ယွဲ့ဝေဝေက ပြုံးကာ တုန့်ပြန် လိုက်သော်လည်း၊ သူမ မျက်လုံး များတွင် ကောက်ကျစ်သော အရိပ် အယောင်များ ထွက်ပေါ် လာလေသည်။

***

All Chapters