← Chapters

မိန်းမောခြင်း။

Vol. 58 Ch. 801

မိန်းမောခြင်း။

Vol. 58 Ch. 801

ဤသည်မှာ မိန်းမလှ နှစ်ဦးကြား၊ တိုက်ပွဲ တစ်ပွဲ ဖြစ်၏။ အထူးသဖြင့် ချင်ရို့ယူ၏ အေးစက်သော အမူ အရာမှာ၊ လေထုကို ပို၍ တင်းမာ လာစေသည်။

“ ချင်ရို့ယူက သူ့ ခွန်အားကို ဖုံးကွယ်လို တာကြောင့်၊ ထိပ်ဆုံး ဆယ်ယောက် ထဲကို မဝင် ခဲ့ဘူး၊ သည်တစ်ကြိမ်တော့ သေချာ ပြင်ဆင် ထားပုံ ရတယ်၊ ... ”

“ ... သူ့ရဲ့ မရဏ သုတ္တန်က ထူးခြားတယ်၊ ယွဲ့ဝေဝေ ကိုလည်း မမြင်နိုင်တဲ့ အတွက်၊ ဘယ်သူက အားသာချက် ရှိတယ် ဆိုတာ မပြော နိုင်သေး ပါဘူး။ ”

“ အဲဒါကို ပြောနေ စရာ လိုလို့လား၊ ချင်ရို့ယူရဲ့ အလင်း အမှောင် လမင်း ကမ္ဘာက၊ အုပ်စိုးရှင် ကိုးပါးမှာ အသန်မာ ဆုံးပဲ၊ ... ”

“ ... မရဏ သုတ္တန်က အစွမ်းထက် သလို၊ မရဏ အင်ပါရီယန် ဆိုတာ ကလည်း၊ သူ့အဖေ မဟုတ်လား။ ”

“ ယွဲ့ဝေဝေလို ဂီတ တာအို ကျင့်ကြံတဲ့ သူရဲ့၊ တိုက်ပွဲဝင် စွမ်းအားက နားမလည် နိုင်ပေမယ့်၊ သန်မာပုံ မရ သေးဘူး၊ အုတ်မြစ် အရ နည်းနည်း နိမ့်နေ သေးတယ်။ ”

“ ဂီတ တာအိုက နက်နဲ လွန်းပြီး၊ ကျင့်ကြံဖို့ မလွယ် ကူဘူး၊ ကြာလာတာနဲ့ အမျှ ချင်ရို့ယူကို ခုခံဖို့ ခက်ခဲ လာလိမ့်မယ်။ ”

“ စောင့်ကြည့် ရအောင်။ ”

လူတိုင်း၏ ထင်မြင် ယူဆချက် များကို၊ ချင်ရို့ယူက လျစ်လျူရှုပြီး၊ တိုက်ပွဲအား စတင် လိုက်သည်။ ခရမ်းရောင် အလင်းဖြင့် ဖွဲ့တည် ထားသော လမင်း တစ်စင်းက၊ စင်မြင့်ပေါ် ဖုံးအုပ် လာ၏။

ချစ်စရာ ကောင်းသော အပြုံးကို ထုတ်ဖော်ကာ၊ ယွဲ့ဝေဝေ တစ်ယောက် ပလွေထံ လက်လှမ်း လိုက်သည်။

“ မရဏ လမင်းရဲ့ စွမ်းအား။ ”

ဦးစွာ လှုပ်ရှား လာသော ချင်ရို့ယူ၏ မျက်နှာတွင်၊ ရက်စက်မှုများ ထင်ဟပ် လာသည်။

ခရမ်းရောင် လမင်း ထံမှ၊ အေးစက်စက် အငွေ့ အသက်များ ပျံ့လွင့် လာပြီး၊ စင်မြင့်ကို ချက်ချင်း အေးခဲ ပစ်လိုက်၏။

ထို့အပြင် နှင်း မုန်တိုင်း တစ်ခု၊ သူမ ထံမှ ရုတ်တရက် ထွက်ပေါ် လာသည်။ နှင်း ရည်ရွယ် ချက်မှာ၊ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ လူတိုင်း ထိတ်လန့် သွား၏။

“ သွား ... ။ ”

လက်ညှိုးကို ညွှန်လိုက်သော အခါတွင်၊ နှင်းမုန်တိုင်း ကြီးက ယွဲ့ဝေဝေထံ ပြိုကျ သွားသည်။

“ မြရောင် ပင်လယ် ... ။ ”

ယွဲ့ဝေဝေက သူမ ပုလွေကို မြှောက်ပြီး ဓားကဲ့သို့၊ လှမ်းထိုး လိုက်သည်။ နှင်းမုန်တိုင်း ကွဲသွားကာ မြရောင်များ ပြန့်ကျဲ လာ၏။

ဓား အလင်းများ ပြေးထွက် လာပြီး၊ ခရမ်းရောင် လမင်း ရောင်ခြည် များကို ဖျက်ဆီး ပစ်လိုက်သည်။

ချင်ရို့ယူက အံ့သြ သွားပြီး၊ ဓား အလင်း များကို၊ ရွေ့လျားမှု နည်းစနစ် ထုတ်ဖော်လျက်၊ ရှောင်တိမ်း လိုက်ရသည်။

ထို့နောက် လေထဲ ၌ပင်၊ လက်သီးဖြင့် ပြန်လည် ထိုးနှက် လိုက်၏။ ရာနှင့် ချီသော ရေခဲ မြှား များက၊ ယွဲ့ဝေဝေ ဆီသို့ ပျံသန်း သွားစဉ်၊ လေထုမှာ အေးခဲ လိုက်လာသည်။

ယွဲ့ဝေဝေမှ လက်အား ဆန့်ထုတ်ပြီး၊ ဝင်လာသော ရေခဲမြှား များကို၊ ညင်သာစွာ ပုတ်ထုတ် လိုက်၏။

“ ဝှစ် ... ။ ”

ရေခဲမြှား များက လေထု အလယ် ဦးတည်ရာ ပြောင်းသွားပြီး၊ ကွဲအက် သွား တော့သည်။

ပလွေ သံစဉ်က လှိုင်း အဖြစ် ထွက်ပေါ် လာပြီး၊ ချင်ရို့ယူ၏ မူလ စွမ်းအင်နှင့် တိုက်မိ သွားသည်။

ခဏ အကြာတွင် ချင်ရို့ယူ ပတ်ဝန်း ကျင်ကို၊ သိုင်းခြုံ ထားသော ခရမ်းရောင် အလင်းများ ပြိုကျ လာ၏။

ကောင်းကင်ရှိ ခရမ်းရောင် လမင်း ကြီးသည်ပင်၊ အသံ လှိုင်းကြောင့် အနည်းငယ် မှုန်ဝါး သွားသည်။

ဂီတ တာအို၏ နက်ရှိုင်းသော အောင်မြင်မှုကို မြင်လိုက် ရသဖြင့််၊ လူတိုင်းက ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။

ယွဲ့ဝေဝေ၏ ပလွေ သံစဉ်မှာ၊ အနှောက်အယှက် ဖြစ်လာ သောကြောင့်၊ ချင်ရို့ယူ မျက်နှာမှာ မည်းတက် လာသည်။

“ နှလုံးခြွေ မရဏ လက်သည်း။ ”

မရဏ သုတ္တန်သည် အလွန် ကျယ်ပြန့် ပေ၏။ ၎င်းတွင် ကျင့်ကြံမှု နည်းစနစ်၊ မြေကြီး အဆင့် လှုပ်ရှားမှု နည်းစနစ်နှင့်၊ အခြားသော အစွမ်းထက် နည်းစနစ်များ ပါဝင်သည်။

‘နှလုံးခြွေ မရဏ လက်သည်း၊’

-မှာ၊ အလွန် ရက်စက်သော တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။ တစ်စုံ တစ်ယောက် ရင်ဘတ်ကို ထိုးခွဲကာ၊ နှလုံးကို ဆွဲထုတ်ရန်၊ ရည်ရွယ် ပေ၏။

သူမ လက်သည်း အောက်တွင်၊ ပတ်ဝန်းကျင်ရှိ အသံ လှိုင်းများ ကွဲအက် သွားပြီး၊ ယွဲ့ဝေဝေထံ တိုးဝင် လာသည်။

လျင်မြန် လွန်းသော အဟုန်ကြောင့်၊ ချင်ရို့ယူအား ခရမ်းရောင် အလင်း အဖြစ်သာ မြင်လိုက် ရသည်။

ယွဲ့ဝေဝေက မြစိမ်းရောင် ပုလွေဖြင့်၊ ဤတိုက်ခိုက်မှုကို တည်ငြိမ်စွာ ထိပ်တိုက် ရင်ဆိုင် လိုက်သည်။

သူမ၏ အနီရောင် ဝတ်စုံမှာ၊ မြင့်တက် လာသော မူလ စွမ်းအင်ကြောင့်၊ ပန်း တစ်ပွင့် ပွင့်လာ သကဲ့သို့၊ လေထဲ ပျံတက် သွား၏။

ချက်ချင်းပင် အနီရောင် ပန်းပွင့် ချပ်များ လေထုအတွင်း ဖြစ်တည် လာပြီး၊ စင်မြင့် တစ်ခု လုံးမှာ၊ ပန်း တစ်ပွင့် သဏ္ဍာန် ပြောင်းလဲ သွားသည်။

“ နင် ... သေပြီ။ ”

လရောင်များ ခြုံလျက် ဝင်လာသော ချင်ရို့ယူ၏ အရှိန်မှာ၊ လေထု အလယ်၌ ပို၍ နှေးကွေး လာသည်။ အမှန် အတိုင်း ဝန်ခံ ရမည် ဆိုပါက၊ သူမ ပိတ်မိ သွားခြင်း ဖြစ်သည်။

“ ပိတ် လှောင် လိုက် ... ။ ”

ယွဲ့ဝေဝေက ပြုံးပြီး သူ့ လက်ကို လေထဲ လမ်းဆွဲ လိုက်၏။ ပွင့်ချပ်များ ပြန်ပိတ် လာကာ၊ ချင်ရို့ယူ၏ လှုပ်ရှားမှု များကို ကန့်သတ် ပစ်သည်။

ယွဲ့ဝေဝေ၏ ပြုံးနေသော မျက်နှာကို မြင်သော အခါ၊

“ မိစ္ဆာမ ... ၊ ငါ ထွက်လာရင် နင့် ... ၊ မျက်နှာကို အရင် ဆုပ်ဖြဲ ပစ်လိုက်မယ် ... ။ ”

-ဟု ကျိန်ဆဲ လိုက်သည်။

သူမ စကားကြောင့်၊ အရွယ် အစား တဖြည်းဖြည်း ကျုံ့ဝင်လာ နေသည့် ပန်းဖူး တစ်ခုထဲ ပိတ်မိ နေသည်ကို၊ လူအုပ်က သတိထား မိလိုက်သည်။

သို့သော် မူလ စွမ်းအင်ဖြင့် ပြုလုပ် ထားသော ထိုပန်းဖူးမှာ၊ ရုတ်တရက် ပေါက်ကွဲ သွားသည်။

ရေခဲ မြှားပေါင်း များစွာက ပန်းပွင့်ချပ် များကို ဆုပ်ဖြဲကာ၊ ယွဲ့ဝေဝေ ထံသို့ ဦးတည် လာ၏။

ပန်းဖူး အတွင်း ခရမ်းရောင် လမင်းက၊ ပေါက်ကွဲ လာသောကြောင့်၊ စင်မြင့် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား ခဲ့သည်။

“ စီးဆင်း နေသောမြစ် ... ။ ”

ယွဲ့ဝေဝေက မူလ စွမ်းအင် အားလုံးကို၊ မြစိမ်းရောင် ပုလွေ ထဲသို့ ပြန်လည် ဆုတ်ခွာ စေလိုက်သည်။

ပလွေမှ ထွက်လာသော သံစဉ်မှာ၊ မြစ်အတွင်း ဒီရေတက် လာကဲ့သို့၊ မြင့်တက် လာ၏။

ထို့အတွက်ကြောင့် ရေခဲမြှား များက၊ သူမ ထံသို့ပင် မရောက်မီ၊ မီးရှူး မီးပန်းများ ကဲ့သို့ ပေါက်ကွဲ ကုန်တော့သည်။

“ ဒါပဲလား ... ၊ နင် ... ရှုံးနိမ့် တာကို ဝန်ခံ သင့်တယ်၊ တိရစ္ဆာန်မလေး။ ”

ယွဲ့ဝေဝေထံ တစ်လှမ်းချင်း လျှောက်လှမ်း လာသော ချင်ရို့ယူ အကြည့် များမှာ၊ ပြတ်သား လာ၏။

ယွဲ့ဝေဝေက ကောင်းကင်မှ ပြန်လည် ဆင်းသက် လိုက်ပြီး၊ ချင်ရို့ယူ စကား များကို မကြား သလို ပြုံးလေသည်။

“ ကောင်းပြီ ... ၊ ဒါဆို သီချင်းလေး တစ်ပုဒ်လောက် နားထောင်ပေး ပါဦး၊ ‘ရှက်ဖွယ် မိန်းမောခြင်း’၊ လို့ ခေါ်တယ်။”

“ ရှက်ဖွယ် မိန်းမောခြင်း၊ ဟုတ်လား၊ ... ”

ပလွေကို နှုတ်ခမ်းပေါ် တင်လိုက်သော ယွဲ့ဝေဝေအား၊ အထင် အမြင် သေးစွာဖြင့်၊ ချင်ရို့ယူက လှမ်းကြည့်ကာ၊

“ ရိုးစင်းတဲ့ နည်းလမ်း လေးတွေ ပါပဲ၊ ကောင်းပြီ နင့်ရဲ့ အကောင်းဆုံး လှုပ်ရှားမှုကို ထုတ်လိုက်ပါ။ ”

တခြား သူများက ယွဲ့ဝေဝေ၏ သံစဉ်ကို ကြောက်ကြ သော်လည်း၊ သူ ဂရု မစိုက်ချေ။ ခရမ်းရောင် လမင်း လေထဲ ရှိနေ သ၍၊ မည်သို့ သော တိုက်ခိုက်မှု များကို မဆို၊ ခံနိုင်ရည် ရှိလေသည်။

ထို့အပြင် ခရမ်းရောင် လမင်းမှာ၊ ပြိုင်ဘက်၏ မူလ စွမ်းအင်ကို ဝါးမြို နိုင်၏။ ယင်းကြောင့် သံစဉ် မပြီး ဆုံးခင်၊ တစ်ဖက် လူ၏ မူလ စွမ်းအင်များ အားလုံး၊ ကုန်ဆုံး သွားပေမည်။

ပြိုင်ဘက်မှ အထင် အမြင် သေးစွာဖြင့်၊ ကြည့်နေ ခဲ့လေရာ၊ ပလွေ မမှုတ်ခင် ယွဲ့ဝေဝေ တစ်ယောက် ပြုံးလိုက် မိ၏။

ထို့နောက်တွင် ငြိမ့်ညောင်းသော သံစဉ်များ ထွက်ပေါ် လာပြီး၊ စင်မြင့် တစ်ခုလုံး မှုန်ဝါးသွား တော့သည်။ သိုသော် ချင်ရို့ယူက ဂရုမစိုက်ဘဲ၊ ရပ်ကြည့်နေ ခဲ့၏။

ခဏ အကြာတွင် သံစဉ်က၊ ရုတ်တရက် ပြောင်းလဲ သွားပြီး၊ ယောက်ျား တစ်ဦးနှင့် မိန်းမ တစ်ဦး၏၊ အသံများ အဖြစ် ပြောင်းလဲ လာ၏။

တိုးညှင်း သော်လည်း ပြတ်သားသော ညည်းညူသံ များကြောင့်၊ ချင်ရို့ယူ မျက်နှာ တစ်ပြင်လုံး နီရဲ သွားလေသည်။

“ မိစ္ဆာမ ... နင် ရပ်စမ်း။ ”

လှည့်ဖျား နေသော သံစဉ် အတွင်းမှ ရုန်းထွက် နိုင်ရန်၊ လျှာကို ပြန်ကိုက် လိုက်ပြီး၊ ချင်ရို့ယူက အော်သည်။ သူမ မျက်နှာတွင် ရှက်ရွံ့ မှုများ ပြည့်နှက် လာတော့၏။

မရဏ သုတ္တန်ကို အဆုံးထိ တွန်းထုတ် လိုက်ကာ၊ ‘နှလုံးခြွေ မရဏ လက်သည်း၊ ’ အား၊ ထပ်မံ အသုံး ပြုရန် ပြင်လိုက်သည်။

“ အစ်မကြီး ... မင်းက ဘာလို့၊ ဒီလောက် ရက်စက် ရတာလဲ၊ ငါက မင်း အိမ်မက် တွေကို၊ ကူညီပေး နေတာပါ။ ”

ယွဲ့ဝေဝေက ပြုံးကာ ပြန်ဖြေသည်။ သူမ မျက်ဝန်းများ အတွင်း၌၊ ရက်စက်သော အရိပ် အချို့၊ ထင်ဟပ် လာ၏။

ချင်ရို့ယူ တစ်ယောက် လှုပ်ရှား တော့မည့် အချိန် မှာပင်၊ ငြိမ့်ညောင်းသော ပလွေ သံက ထပ်မံ ထွက်ပေါ် လာသည်။

တည်ကြည် ခန့်ညား လွန်းသော အမျိုးသား တစ်ဦးက၊ ကြွရွ နေသည့် အမျိုးသမီး တစ်ဦးကို ပြုံးပြ နေ၏။

ထို့နောက် အမျိုးသားက၊ အမျိုး သမီး၏ လက်ကို လှမ်းဆွဲကာ၊ တောင်ထိပ်ပေါ် ပွေ့ယူ သွားသည်။

သာယာ လှပ လွန်းသော ပတ်ဝန်းကျင် ရှုခင်း များကြောင့်၊ အမျိုး သမီး၏ နှလုံးခုန် နှုန်းများ မြန်လာ သည်။

တောင်ထိပ်ပေါ် ရောက်သည်နှင့်၊ အမျိုးသားက အမျိုးသမီးကို တောင်အောက်၊ ချက်ချင်း တွန်းချ လိုက်၏။

ရုတ်တရက် ဟာခနဲ ခံစားလိုက် ရပြီး၊ ချင်ရို့ယူ တစ်ယောက် တည်ငြိမ်မှု ပျောက်ဆုံး သွားကာ၊ ထူးခြားသော အပြုအမူ များကို ထုတ်ဖော် လာတော့သည်။

စင်မြင့် တစ်လုံး ပလွေ သံများ ဖုံးလွှမ်း လာနေစဉ်၊ ချင်ရို့ယူက သူ့ ခရမ်းရောင် အပေါ် ဝတ်ရုံကို၊ စတင် ဖယ်ခွာ လိုက်၏။

“ ဝိုး ... ။ ”

ရုတ်တရက် ဖြူဝင်းသော ပခုံးသား များကြောင့်၊ လူအုပ်ကြီးမှာ အော်ဟစ် လိုက်ကြ သည်။

ချင်ရို့ယူ၏ မျက်နှာမှာ ပို၍ ရဲရဲနီ လာပြီး၊ အဝတ် အစား များကို ချွတ်ကာ၊ ကခုန် နေသော သူ့ အရှိန်အား လျော့မချ ခဲ့ချေ။

“ သူ … ။ ”

“ ဘာ ဖြစ်နေ တာလဲ ... ။ ”

ဤမြင်ကွင်းက လူအုပ်ကို ရုတ်ရုတ် သဲသဲ ဖြစ်သွား စေပြီး၊ အားမလို အားမရဖြင့်၊ ရှုပ်ထွေး လာကုန် စေ၏။

ချင်ရို့ယူမှာ အလင်း အမှောင် လမင်း ကမ္ဘာ၏ မင်းသမီး တစ်ပါး ဖြစ်သည်။ သည်ပွဲ၌ ‘ကချေသည်’ တစ်ပါး ကဲ့သို့၊ ဖျော်ဖြေ နိုင်စရာ အကြောင်း မရှိချေ။

“ ဂ လု ... ။ ”

ထွားကြိုင်း တုန်ခါ နေသည့်၊ အသားဆိုင် နှစ်ခု၏ ညှို့ငင် နိုင်လွန်းသော အသွင်ကြောင့်၊ လူအုပ် ကြီးမှာ တံတွေးများ မြိုချ လာကြသည်။

ချောက်ကမ်းပါးမှာ အဆုံး မရှိ နက်ရှိုင်းလှ သဖြင့်၊ ရင်တလှပ်လှပ် ဖြစ်လာ ချိန်တွင်၊ စင်မြင့် ပေါ်၌ သူမ ‘အက’ သည် ပို၍၊ မြူးကြွ လာတော့ ၏။

ရုတ်တရက် ပလွေသံ ရပ်သွား သည့်တိုင်၊ လူအုပ် ကြီးမှာ ‘အက’ ထဲတွင် နစ်မျောလျက် မျက်ရည်များ ဝဲနေ သေးသည်။

“ အစ်မကြီး ... ၊ မင်းက မြင်ရတာ ထက်ကို ပိုလှ နေတာပဲ။ ”

ယွဲ့ဝေဝေက ပလွေကို ပခုံးမှ ဖယ်ပြီး၊ ပြုံးကာ ဆိုလိုက်သည်။ သူမ စကား များက ကြောက်စရာ ကောင်းလောက်အောင် ရက်စက် လှချေ၏။

သတိ ပြန်ဝင် လာလျှင် လာချင်း၊ ခန္ဓာကိုယ်အား စစ်ဆေး ကြည့်လိုက် ပြီးနောက်၊ ချင်ရို့ယူ တစ်ယောက် တဆက်ဆက် တုန်ယင် သွားသည်။

“ တိရစ္ဆာန်မ ... ၊ မင်းကို ငါ သတ်မယ်။ ”

ယွဲ့ဝေဝေက နောက်ထပ် သံစဉ် တစ်ပုဒ် ဖန်တီးရန် အတွက်၊ ပြုံးကာ ပလွေကို ပခုံးပေါ် မှေးတင် လိုက်သည်။

ပြုတ်ကျ နေဆဲ ဖြစ်သော အမျိုးသမီးကို အမျိုးသားက ခါးမှ ဆွဲယူကာ၊ နှင်း မုန်တိုင်းကြီး တစ်စင်းထံ လက်ညှိုး ညွှန်ပြ လိုက်သည်။

“ ဒါဆို လုံလောက်ပြီ ... ။ ”

ချင်ရို့ယူက နောက်ဆုံးသော ခရမ်းရောင် ဝတ်ရုံစကို လက်လှမ်း လိုက်ချိန် မှာပင်၊ စင်မြင့် ပေါ်သို့ ပုံရိပ် တစ်ရိပ် ဆင်းသက် လာပြီး၊ ခါးအား လှမ်းဆွဲ လိုက်သည်။

ဝင်စွက်ဖက် သူမှာ သဘာဝ အတိုင်း၊ ယုဟိုရှင်း ဖြစ်ပြီး၊ သူ့ မျက်နှာ တစ်ပြင်လုံး ကြောက်စရာ ကောင်းလောက်အောင် မည်းမှောင် နေခဲ့၏။

“ အစ် ... အစ်ကိုကြီး။ ”

ချင်ရို့ယူက နှုန်းချိ စွာဖြင့်၊ မျက်လုံးများ မှိတ်ကာ၊ ရင်ခွင်ထဲ မျက်နှာအပ် လိုက်သည်။ ယခု ချိန်ထိ ချောက်ထဲ ပြုတ်ကျသည့် အရှိန်မှာ မရပ် သေးချေ။

ဒိုင် အဖိုးအိုထံ ကြည့်ပြီး၊ “ ငါတို့ အရှုံး ပေးတယ်။ ” -ဟု ယုဟိုရှင်းက ဆိုသည်။

အဖိုအိုက အချိန် အတော်ကြာ ငြိမ်သက် သွားပြီးနောက်၊ ယွဲ့ဝေဝေအား လှည့်ကြည့်ကာ၊

“ မင်း .. ထပ် မလုပ် နဲ့တော့ ... ။ ” -ဟု ဆိုလိုက်၏။

“ အစ်မကြီး စိတ်ချ နေပါ ... ၊ ငါက မင်းရဲ့ အလှကို စိတ် မဝင်စား ပါဘူး၊ ဒါပေမယ့် ... ခစ် ခစ် ခစ် ။ ”

ငြိမ်သက် နေဆဲ ဖြစ်သော လူအုပ်ထံ ဝေ့ကြည့်ကာ၊ ယွဲ့ဝေဝေက အပြစ် ကင်းစင်စွာ ရယ်မော လိုက်လေသည်။

ထိုအမျိုးသား ညွှန်ပြသော နှင်း မုန်တိုင်း အတွင်းသို့ ဝင်ရောက်မိ ပါက၊ ချင်ရို့ယူ အစား တွေးပင် မတွေးဝံ့ တော့ချေ။

ယုဟိုရှင်းက စကား တစ်ခွန်းမှ၊ ထပ်မဆို တော့ဘဲ၊ ချင်ရို့ယူအား ပွေ့ချီကာ၊ ဆုတ်ခွာသွား ခဲ့သည်။ ရုတ်တရက် အလင်း အမှောင် လမင်း ကမ္ဘာမှာ၊ အဆင် မပြေ ဖြစ်လာ၏။

အကြီး အကဲများ မျက်နှာမှာ၊ မည်းမှောင် နေပြီး၊ ရှေးတူရှု သို့သာ ကြည့်လျက် လူတိုင်း၏ အကြည့်ကို ရှောင်နေခဲ့ ကြသည်။

လင်းယွန်က ယွဲ့ဝေဝေကို လှမ်းကြည့်၏။ တစ်ချိန်လုံး ပြုံးနေ ခဲ့သော ကလေးမ လေးတွင်၊ ဒေါသ မရှိ နိုင်ဟု လူတိုင်းက ယူဆ ထားသည်။

ဤတစ်ကြိမ်တွင် ချင်ရို့ယူမှှာ၊ ပို၍ပင် ကြောက်စရာ ကောင်းသော နတ်ဆိုး တစ်ပါးကို ရန်စမိ ခဲ့ချေသည်။

ဆုစီယာမှာ ပါး နှစ်ချက်သာ ရိုက်ခဲ့ သော်လည်း၊ ယွဲ့ဝေဝေက ဇိမ်မယ် အဖြစ် အတင်း အကြပ် စေခိုင်း ခဲ့၏။

ယုဟိုရှင်းသာ ဝင်ရောက် ဟန့်တားခြင်း မရှိပါက၊ သွေးစွန်းသော ဧည့်ခံပွဲ တစ်လျှောက် တုန်လှုပ် စရာ အကောင်း ဆုံးသော၊ ‘က’ ကွက် များကို မြင်ရ နိုင်ချေ ရှိသည်။

ပုံမှန် အားဖြင့် သူမ၏ မာန ကြီးသော အသွင်ကြောင့်၊ ဤအရာသည် သေခြင်းထက် ဆိုးရွားသော ထိုးနှက်ချက် တစ်ရပ်၊ ဖြစ်လာ မည်မှာ၊ သေချာ လေသည်။

***

All Chapters