← Chapters

ဘယ် လူငယ်က၊ မာန မကြီးတာ ရှိလဲ။

Vol. 58 Ch. 802

ဘယ် လူငယ်က၊ မာန မကြီးတာ ရှိလဲ။

Vol. 58 Ch. 802

ယွဲ့ဝေဝေနှင့် ချင်ရို့ယူ တို့၏ တိုက်ပွဲ ပြီးဆုံးသွား သော်လည်း၊ ပတ်ဝန်းကျင်တွင် ဆွေးနွေး မှုများ ဆက်လက် မြင့်တက် လာနေဆဲ ဖြစ်သည်။

ယင်းမှာ လင်းတာအိုကို လင်းယွန် သတ်ပစ် သည်ထက် ပိုပေ၏။ ချင်ရို့ယူမှာ မရဏ အင်ပါရီယန်၏ သမီး ဖြစ်ပြီး၊ မောက်မာသော စိတ်ထားမျိုး ရှိချေသည်။

မိုးကြိုး စီရင်စု အတွက်၊ ဂုဏ်ယူစရာ အမျိုးသမီး တစ်ဦး ဖြစ်သောကြောင့်၊ မည်သူမျှ ထပ်မကြည့် ရဲတော့ချေ။

ကောင်းကင် တောင်ကုန်း မြို့၏ ပထမ တန်းစား ပါရမီရှင် များမှာ၊ သူမ အတွက် လင်းယွန် နောက်သို့ လိုက်ခဲ့ ဖူးသည်။

ထို့ကြောင့် မရဏ နိုင်ငံ ထဲသို့ တွန်းပို့ ခံရပြီး၊ နဂါးလေး သည်ပင်၊ လက်ရှိ အခြေ အနေဖြင့်၊ အဆုံးသတ် နေခဲ့သည်။

သို့သော် ဆုစီယာမှ သူမအား ပါးနှစ်ချက် ရိုက်ပစ် လိုက်ပြီး ဖြစ်သဖြင့်၊ ကြေလည်သွား ရ၏။

တစ်ဖက်တွင် ယွဲ့ဝေဝေမှာ သည့်ထက်ပင်၊ ရက်စက် လှလေသည်။ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးအား၊ အုတ်သော် သောင်းရင်း နိုင်စေမည့် လုပ်ရပ်ကို ပြုမူ ခဲ့၏။

“ ယွဲ့ဝေဝေက တကယ့်ကို မိစ္ဆာ တစ်ကောင်ပဲ၊ သူ့ ဒေါသက ကြောက်စရာ ကောင်းလွန်းတယ်။ ”

“ ရုပ်လေး ကသာ ချစ်စရာ ကောင်းတာ၊ ဒေါသ ထွက်ရင် ဘယ်သူ့ မျက်နှာမှ မထောက် တက်ဘူး။ ”

“ ဟုတ်တယ်၊ သူ့ကို ကြိမ်းမောင်းတဲ့ အတွက်၊ ချင်ရို့ယူကို အရှက်ခွဲဖို့ ဆုံးဖြတ်ခဲ့ တာပဲ၊ သူ့ ပါးစပ် ကသာ အစ်မကြီးလို့ ခေါ်နေ ပေမယ့်၊ ဇိမ်မယ် တစ်ယောက်လို နှိမ့်ချ ပစ်ခဲ့တယ်။ ”

“ ယွဲ့ဝေဝေက ကောင်းကောင်း လှည့်စား နိုင်ခဲ့တယ်၊ ချင်ရို့ယူ သိတဲ့ အချိန်မှာ၊ အရမ်း နောက်ကျ သွားပြီ။ ”

“ ဘာပဲ ဖြစ်ဖြစ် ယွဲ့ဝေဝေ ကြောင့်ဘဲ၊ ချင်ရို့ယူ အလှကို၊ မင်း မြင်ခဲ့ရတာ မဟုတ်လား၊ အဲ့တုန်း ကတော့ စိတ်လှုပ်ရှား နေလိုက်တာ။ ”

“ ဟီး ဟီး ... ၊ ချင်ရို့ယူက တကယ်ကို ချစ်စရာ ကောင်းတယ်၊ ဒါကို ဘာလို့များ အရင် တုန်းက၊ သတိ မထားမိ ရတာလဲ။ ”

“ မင်းရဲ့ အသံကို လျှော့ပါ၊ မရဏ အင်ပါရီယန် မကြား စေနဲ့ ထိုင်ရာက မထဘဲ၊ မင်းကို အလွယ် တကူ သတ်နိုင်တယ်။ ”

ဂိုဏ်း တပည့် များမှာ၊ မည်သူမျှ စကား မပြောရဲ ကြသော်လည်း၊ လမ်းလွဲ ကျင့်ကြံသူ များနှင့်၊ အစွန် အဖျားရှိ ဂိုဏ်း တပည့် များက ထိုသို့ မဟုတ်ချေ။

အလင်း အမှောင် လမင်း ကမ္ဘာမှာ၊ လူတိုင်း၏ ဆွေးနွေးချက် များကို ရှင်းရှင်း လင်းလင်း ကြားနိုင် သဖြင့်၊ မျက်နှာ အမူ အရာများ၊ ပျက်ယွင်းကုန် ကြသည်။

သည်ကိစ္စနှင့် ပတ်သက်ပြီး၊ သူတို့ လုပ်နိုင်စရာ မရှိချေ။ ချင်ရို့ယူ၏ ဂုဏ်သတင်း မှာ၊ အကြီး အကျယ် ထိခိုက် သွားပြီ၊ ဖြစ်သည်။

အုပ်စိုးသူ ကိုးပါး၏ တပည့် များမှာ၊ ဤကိစ္စအား မဆွေးနွေး ဝံ့ချေ။ ယုဟိုရှင်း ထံမှ ထွက်ပေါ် လာသော၊ သတ်ဖြတ်ခြင်း အငွေ့ အသက် များကို၊ သူတို့ ခံစား နိုင်သည်။

ဘိုင်လိရွှမ် စင်မြင့် ပေါ်သို့၊ တက်လာမှ သာလျှင်၊ လွမ်းမော ဖွယ်ရာ ဆွေးနွေးမှုမှာ ပြီးဆုံး သွားခဲ့သည်။

ဘိုင်လိရွှမ်၏ နာမည် ကျော်ကြားမှုမှာ၊ ဖန်ဝူးရှောင်ထက် ပို၍ မြင့်မား လေသည်။ ယခု အချိန်၌ မြင်းနက် များစွာ မကျန် တော့ပေ။

လင်းယွန်၊ ယွဲ့ဝေဝေ၊ ဇိုချင်းရှန်နှင့် ဖန်းဟန် လုဟွာ တို့သာ ရှိပေ တော့သည်။ လူတိုင်း အမြင်၌ ဇိုချင်းရှန်မှာ၊ လင်းယွန် ထက်ပင် အားကောင်း လေသည်။

ပွဲစဉ် တစ်လျှောက် ပြိုင်ဘက် များစွာကို သတ်ပစ် ခဲ့ပြီး၊ မိစ္ဆာဓား အဖြစ်ပင် ဘွဲ့ အမည် ရရှိ ထားသည်။

ထို့ပြင် အသက်နှင့် သေခြင်း ဆိုင်ရာ လမ်းကို၊ လျှောက်လှမ်း နေသည့် ဖန်းဟန် လုဟွာ လည်း ရှိနေ သေး၏။

ပွဲစဉ် တိုင်းတွင် သူ့ အသက်ကို၊ လောင်းကြေး ထပ် ကစား နေခဲ့ သောကြောင့်၊ အလွန် အန္တရာယ်များ ချေပြီ။ သို့သော် အောင်ပွဲ များ ဆွတ်ခူး နိုင်ကာ၊ ပို၍ အားကောင်းလာ ခဲ့သည်။

ပြိုင်ပွဲ အစတွင် ယန်းဖန်၏ ပြိုင်ဘက် အဆင့် ၌ပင် မရှိခဲ့ သော်လည်း၊ ယခုမူ ထိပ်ဆုံး (၁၀) ဦး အတွက်၊ တိုက်ပွဲဝင် လာနိုင်ပြီ ဖြစ်သည်။

ဘိုင်လိရွှမ်မှာ သူတော်စင် ခန္ဓာ ကိုယ်ကြောင့်၊ ပို၍ လူကြိုက်များ လာခဲ့ လေသည်။

ရှုံးပွဲများ ရှိသော်လည်း ထိုရှုံးပွဲ တိုင်းမှာ၊ ရှုံးနိမ့် ခဲ့ကြောင်း ဝန်ခံ ခဲ့ခြင်း ဖြစ်သည်။ ဆိုလို သည်မှာ ဝှက်ဖဲ များကို ဖုံးကွယ် ထားဆဲ ဖြစ်သည်။ နောက်ဆုံးတွင် သူ့ ခွန်အားကို မည်သူမျှ မမှန်းဆ နိုင်သေးချေ။

ဓား ရည်ရွယ်ချက်တွင် လင်းယွန်နှင့်၊ မယှဉ်နိုင် သော်လည်း၊ လျှပ်စီး ရည်ရွယ်ချက်မှာ၊ ကြောက်မက်ဖွယ် ကောင်းလှ လေသည်။

လျှပ်စီးဓား ဟုပင်၊ ခေါ်ဆို လာကြသည်။ ယခု အခါတွင် သူ့ ပြိုင်ဘက်မှာ၊ ထိပ်ဆုံး (၁၀) ဦး စာရင်း ဝင်သော ယန်လဲ့ ဖြစ်သည်။

၎င်းအား အနိုင်ယူ နိုင်ပါက၊ ထိပ်ဆုံး (၂၀) အတွင်း ဝင်ရောက် နိုင်ကာ၊ ဇိုချင်းရှန်နှင့် လင်းယွန်ကို မီမည် ဖြစ်သည်။

အကယ် ၍သာ ဤပွဲ အပေါ် ရှုံးနိမ့် သွားသော်၊ သူ၏ ပယင်းရောင် ရောင်ဝါကို၊ များစွာ ဆုံးရှုံးရ ပေမည်။

“ လွန်ခဲ့တဲ့ လေးနှစ်က၊ ငါ မင်းရဲ့ စီနီယာ အစ်မ ရှောင်စီယီကို ရှုံးခဲ့တယ်၊ ဒါပေမယ့် အခု မင်းက ငါ့ ပြိုင်ဘက် မဟုတ် သေးဘူး။ ”

ယန်လဲ့က ပြုံးကာ ဆိုလိုက်သည်။ သူ့ အမြင်တွင် ဘိုင်လိရွှမ်မှာ၊ ဘာမျှ မဟုတ် သေးချေ။ ရှောင်စီယီ ကဲ့သို့သော အထက် တန်းစား ခုနစ်ပါး သည်သာ သူ့နှင့် ထိုက်တန်သည်။

“ မင်းက ငါ့စီနီယာ အစ်မနဲ့ ... ၊ ဒီလို လေးနက်တဲ့ ဆက်ဆံရေး ရှိလိမ့် မယ်လို့ ငါ မထင် ထားဘူး၊ ဒါပေမယ့် ... ”

“ ... မင်းရဲ့ ခရီးစဉ်က ပြီးဆုံး သွားပါပြီ၊ အနည်း ဆုံးတော့ မင်း ငါ့ကို တိုက်ဖို့ အခွင့် အရေး ရှိလာတယ်၊ ... ”

“ ... မင်းမှာ ထိပ်ဆုံး ဆယ်ဦး ကိုတောင် ဝင်ဖို့ အရည်အချင်း မရှိ မှတော့၊ ငါ့ရဲ့ စီနီယာ အစ်မကို ခေါင်းထဲက ထုတ်လိုက်ပါ။ ”

ဘိုင်လိရွှမ်၏ အဖြူရောင် ဝတ်ရုံမှာ၊ လေထု အလယ် တဖျပ်ဖျပ် လှုပ်ခတ်လာ ခဲ့သည်။ တစ်ဦးကို တစ်ဦး တင်းမာသော အမူ အရာဖြင့်၊ စိုက်ကြည့် လိုက်ကြသည်။

ဘိုင်လိရွှမ် စကား များက၊ ယန်လဲ့ကို ကောင်းစွာ ရန်စ နိုင်ခဲ့၏။

“ ဟား ... ဟား ... ဟား ...၊ ကောင်းပြီ ဒါဆို မင်း အရင်စပါ၊ မင်းမှာ ဒီလို မောက်မာဖို့ အရည် အချင်း ရှိလား ငါ ကြည့်မယ်။ ”

သူ စကားပြော နေစဉ် အငွေ့ အသက်များ မြင့်တက် လာပြီး၊ မီးတောက်များ ထွက်ပေါ် လာသည်။

ဘိုင်လိရွှမ်က ဓားကို ဆွဲထုတ်ပြီး၊ ခုတ်ချ လိုက်၏။ သူ့ဓား ရောင်ခြည်ကို မမြင် နိုင်ဘဲ၊ ပါးလွှာသော လျှပ်စီး စွမ်းအင် များသာ မြင်လိုက် ရသည်။

“ ထွက် သွား ... ။ ”

ယန်လဲ့က တောက်လောင် နေသော မူလစွမ်းအင် များကို ရှေ့သို့ တွန်းထုတ်ကာ၊ ဟိန်းဟောက် လိုက်သည်။

အခက် အခဲ မရှိဘဲ၊ ဘိုင်လိရွှမ်၏ ဓားကို တွန်းထုတ် နိုင်ခဲ့သည်။ ထိုစက္ကန့်ပိုင်း အတွင်း မှာပင် ကောင်းကင် တစ်ခုလုံး လျှပ်စီးများ လက်လာ၏။

ဘိုင်လိရွှမ်က ယန်လဲ့ အနား တိုးဝင် လာချိန်၌၊ နဂါး တစ်ကောင် တိမ်တွေကြား ဖြတ်ပျံ သွားသည်။

ချက်ချင်းပင် ဓားတွင် ပါဝင်သော၊ လျှပ်စီး ရည်ရွယ်ချက်မှာ၊ ထိတ်လန့် တုန်လှုပ်ဖွယ် အဆင့်သို့ ရောက်ရှိ သွား၏။

သို့သော် ယန်လဲ့က ယင်းကို မော့ကြည့်ပြီး၊ တစ်ကိုယ် လုံးအား မီးတောက် များဖြင့် ဖုံးလွှမ်း ပစ်ကာ၊ ရယ်မော လိုက်သည်။

ထို့နောက် ကောင်းကင်ပေါ် ခုန်တက်လျက်၊ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ရှောင်ရှား လိုက် တော့သည်။

ပြီးသည်နှင့် လေထဲ ၌ပင်၊ မူလ စွမ်းအင် အသုံး ပြု၍ အလွန် ကြီးမားသော မီးလျှံဓား တစ်လက်ကို ဖန်တီး လိုက်သည်။

“ ခွဲ ... ။ ”

ဘိုင်လိရွှမ်က ဓားဖြင့်၊ ထပ်မံ ခုတ်ချ လိုက်သည်။ ဓား ထံမှ ပြင်းထန်သော လျှပ်စီး စွမ်းအင်များ ပြေးထွက် လာ၏။

လျှပ်စီး ရည်ရွယ်ချက်နှင့်၊ ဓား ရည်ရွယ်ချက် တို့ကို၊ လုံးလုံး လျားလျား ပေါင်းစပ် ထားသော ရည်ရွယ်ချက် အသစ် တစ်ခု ဖြစ်သည်။

“ ငါ သိ တယ် ... ။ ”

ပြိုင်ဘက်တွင် လျှပ်စီးဓား ရည်ရွယ်ချက် တစ်ခု ရှိကြောင်း၊ ယန်လဲ့ သိသည်။ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ ထက်မြက်သော ဓားသမား အများ အပြား ရှိခဲ့ပြီး၊ ၎င်းတို့သည် ရှန်းရှင်းဓား ပြီးနောက်၊ အခြား လမ်းကို လျှောက်လှမ်း တက်ကြ၏။

ထို့ကြောင့် ပထမ တန်းစား ပါရမီရှင် ဓားသမား တစ်ဦးသည်၊ ရှန်ရှင်းဓား ပြီးနောက်၊ ဝိဉာဉ်ရေး ဓားကို စွန့်ကာ၊ ပေါင်းစပ်ဓား ရည်ရွယ်ချက်ဖြင့် ခရီးဆက် လေသည်။

သို့သော် ယင်းသည် လွယ်ကူသော လမ်းစဉ် မဟုတ်ချေ။ သိုင်း ရည်ရွယ်ချက် တစ်ခု အပေါ်၊ နားလည် သဘော ပေါက်ရန်မှာ၊ ဝိညာဉ်ရေး ဓား နီးနီး၊ ခက်ခဲ နေဆဲ ဖြစ်သည်။

၎င်းကို ဆုပ်ကိုင် ပြီးလျှင်ပင်၊ ရှန်ရှင်း ဓားဖြင့် ပေါင်းစည်း ရမည် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ် ရေးဓား ရှာဖွေ ခြင်းထက်၊ လွယ်ကူခြင်း မရှိချေ။

ဘိုင်လိရွှမ်၏ လျှပ်စီးဓား မတိုင်မီ၊ လီမူဘိုင်းနှင့် နန်းဂုန်း ဝမ်းယူတို့ နှစ်ဦး သည်သာ၊ ပေါင်းစပ် ဓားကို အောင်မြင် ထားသည်။

ဘိုင်လိရွှမ်၏ ဓား ရောင်ဝါမှာ၊ ပို၍ သိပ်သည်း လာပြီး၊ စင်မြင့် ထက်ဝက်ခန့် ဖုံးလွှမ်း သွားသောကြောင့်၊ မီးလျှံဓား ကြီးကို ချက်ခြင်း ဝါးမြို သွားသည်။

“ တကယ်ပဲ လျှပ်စီးဓား ရည်ရွယ်ချက်ပဲ။ ”

ကျန်သော ပါရမီရှင် ပြိုင်ပွဲဝင် များမှာ၊ လေးနက်ကုန် ကြသည်။ သူတော်စင် ခန္ဓာနှင့် အစွမ်း ထက်သော ပေါင်းစပ် ရည်ရွယ်ချက် ကြောင့်၊ ရှန်ရှင်း ဓားကို လုံးလုံး ကျွမ်းကျင် နေသော လင်းယွန် ထက်ပင်၊ ပို၍ ကြောက်စရာ ကောင်းနေ ပေ၏။

ယန်လဲ့မှာ လျစ်လျူရှုခြင်း မပြုဝံ့ တော့ဘဲ၊ သတိထား လာသည်။ ထို့နောက်တွင် စင်မြင့် ပေါ်၌၊ လှုပ်ရှားမှုပေါင်း တစ်ဒါဇင်ခန့် ဖလှယ်ခဲ့ ကြသည်။

သူတို့၏ အဟုန်မှာ၊ လျင်မြန်လွန်း သဖြင့်၊ မီးတောက် များနှင့် လျှပ်စီးများ တဝုန်းဝုန်း ပေါက်ကွဲ နေသည် ကိုသာ မြင်နိုင် ကြသည်။

အချိန် အနည်းငယ် ကြာပြီးနောက်၊ ယန်လဲ့၏ ပခုံးတွင် ကြောက်မက်ဖွယ် ပြတ်ရှရာ တစ်ခု ရရှိ လာသည်။

သို့သော် ဒဏ်ရာ အစစ် အမှန်မှာ၊ သူ့ တစ်ကိုယ်လုံး ကိုက်ခဲ နေသော နာကျင် မှုများ ဖြစ်လေသည်။

လျှပ်စီး စွမ်းအင် များကြောင့်၊ မလှုပ်ရှား ချင်တော့ဘဲ၊ ရှုံးနိမ့်မှုကို ဝန်ခံ ရန်ပင်၊ ပါးစပ် မဟ နိုင်တော့ချေ။

ယင်းကို သိလိုက်သော အခါတွင်၊ ကြောက်ရွံ့မှု များက၊ မျက်ဝန်းများ အတွင်း၊ ထင်ဟပ် လာ၏။ ဘိုင်လိရွှမ်က သူ့အား သတ်ချင် လျှင်ပင်၊ ဘာမျှ လုပ် မရချေ။

လျှပ်စီးများ တဖျပ်ဖျပ် လက်နေသော သူတော်စင် ခန္ဓာမှ ကြည့်လင်သည့် အဆင်းကို ထုတ်လွှတ် နေလေသည်။

သည်အချိန်၌ အကြည့်မှာ၊ စူးရှလွန်း သောကြောင့်၊ ဘိုင်လိရွှမ်နှင့် မျက်လုံးခြင်း မဆုံ ဝံ့ချေ။

နှစ်ဦးသား ငြိမ်သက် နေလွန်း သဖြင့်၊ တိုက်ပွဲ ပြီးသွား ပြီလား ဟုပင်၊ မေးစရာ ရှိလာ ကြသည်။ ဘိုင်လိရွှမ်က ဓားကို ပြန်သိမ်း လိုက်ပြီး၊ အပြုံး တစ်ပွင့် နှင့်အတူ၊

“ အစ်ကို ယန်၊ ငါ့ရဲ့ အရည် အချင်းကို၊ အခု မင်း သိပြီ မဟုတ်လား၊ ငါက မာန မကြီးတက် ပါဘူး၊ ဒါပေမယ့် မင်းကို အနိုင်ယူဖို့ အထိတော့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိပါတယ်။ ”

ဘိုင်လိရွှမ်က အေးစက်စွာ ဆိုလိုက်သည်။ သို့သော် သူ့ စကားများ ကဲ့သို့၊ ဤကမ္ဘာ ကြီး၌ မာန မကြီးသော လူငယ် ဟူ၍ မရှိချေ။

***

All Chapters